အပိုင်း (၇၆)
Vol. 6 Ch. 76
"ဆယ်နှစ်အတွင်း ငါသေချာပေါက် ကြယ်ကိုးပွင့်အထွတ်အထိပ် ဧကရာဇ်နယ်ပင်ကို ရောက်လိမ့်မယ်..အဲ့အချိန်ကြရင် ကောင်းကင်နဲမြေကြီးမကလို့ဘာကြီးဖြစ်နေပါစေ မင်းအတွက် ငါအားလုံးကို သတ်ပစ်ပေးမယ်..."
ရှစ်ဖုန့်က လေးနက်သော အမူအယာဖြင့်ပြောလိုက်သည်။
ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်၏ လေးနက်ပြီး သိမ်မွေ့သော မျက်နှာအားကြည့်လိုက်သည်။
သူမအနေဖြင့် ရှစ်ဖုန့်၏ စကားလုံးတို့အား နားထောင်ရင် ရုတ်တရက် ထိုအရာတို့က သူမထံသို့ ကူးစက်လာသကဲ့သို့ပင် ခံစားရသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင် အရပ်မြင့်မားသော ပုံရိပ်တစ်ခုက လေထဲတွင် သူ၏ ဆံပင်တို့ ကခုန်စွာဖြင့်ရပ်နေသည်ကိုသူမ၏အာရုံထဲတွင် မြင်ယောင်မိသည်။
ထိုသူမှာ ခမ်းနားကြီးကျယ်ပြီး အံ့ဖွယ်ကောင်းနေမည်ဖြစ်သည်။
ဓားနှင့်လူက ကောင်းကင်နှင့်မြေကြီးတို့နှင့်အတူ တစ်သားတည်းဖြစ်၍နေမည်။
သူက ဦးတည်ချက်ပေါင်းစုံအား ခုတ်ပိုင်းနေပြီး သူ၏ သွေးတို့ကမိုးကောင်းကင်တစ်ဝက်ခန့်ကို အနီရောင်များ စွန်းထင်စေနေမည်ဖြစ်သည်။
ယွဲ့ဝူရွှမ်းက အသိပြန်ဝင်လာသော အချိန်တွင် ငယ်ရွယ်ပြီး နူးညံ့သော မျင်နှာလေးအား ထပ်မံ၍ တွေ့လိုက်ရသည်။
သူမကအနည်းငယ်ပြုံးလိုက်ပြီး သူမ၏ ခေါင်းကိုလည်း အနည်းငယ်ခါယမ်းလိုက်သည်။
သူမကရှစ်ဖုန့်အား ပြောလိုက်သည်။
"ဒါဆိုရင် နင်အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ဖြစ်တဲ့ အထိကိုစောင့်ပြီးတော့ ငါ့အတွက်လက်စားချေပေးမှာကို စောင့်နေပါ့မယ် ဂျုနီယာမောင်လေး.."
"အဲ့အချိန်ကျရင်သာ နင်ငါ့ကို လျစ်လျူမရှုလိုက်ပါနဲ့.."
အကြောင်းပြချက်တစ်ချို့ကြောင့် ရှစ်ဖုန့်၏ ကတိအားကြားလိုက်သော အခါတွင် ယွဲ့ဝူရွှမ်းမှာ ထိုအရာကား လက်တွေ့မကျသည်ကိုသူမသိနေသည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင်း သိုင်းသမားပေါင်း ဘီလီယန်နှင့်ချီရှိသည်။
သို့သော် သသူတို့ထဲမှာ လူအနည်းငယ်သာလျှင် အထွတ်အထိပ် ဧကရာဇ်နယ်ပယ်သို့ ခြေ ချနိုင်ခြင်းဖြစ်၏။
သို့သော် ယွဲ့ဝူရွှမ်း၏ စိတ်အခြေအနေမှာ ပိုမို၍ကောင်းမွန်လာပြီဖြစ်သည်။
ယွဲ့ဝူရွှမ်းမှာ သူ၏ စကားတို့အားစိတ်ထဲတွင်မထားပဲ ဘာမှ မပြောသည်ကို ရှစ်ဖုန့်အစကတည်းကသိသည်။
သို့သော်သူ့အနေဖြင့် သူမအား ကတိပေးခဲ့ပြီးဖြစ်သောကြောင့် ထိုအရာအား ဖြည့်ဆည်းပေးရလိမ့်မည်ဖြစ်လေသည်။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့နှစ်ခုက အစိမ်းရောင်မြူတို့ ပြည့်နေသော တောအုပ်ထဲတွင် မီးနဂါးမြက်ပင်အား စတင်၍ ရှာဖွေနေပြီဖြစ်သည်။
"ဂျူနီယာမောင်လေး..မီးနဂါးမြက်ပင်ကို ရှာတွေ့တဲ့အခါကြရင် ငါနင့်ကို နောက်ထပ် လျှ်ို့ဝှက်ချက်တစ်ခုပြောပြမယ်.."
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယွဲ့ဝူရွှမ်းက ထပ်မံပြောလိုက်သည်။
"အိုး..ဘာလျှို့ဝှက်ချက်လဲ.."
ရှစ်ဖုန့်က သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ငါပြောပြီးသားလေ ရှာတွေ့မှပြောပြမယ်လို့..အဲ့အခါကြသိရပါလိမ့်မယ်.."
ယွဲ့ဝူရွှမ်းက ပဟေဠိဆန်စွာပြုံးပြသည်။
"နေအုံး..လှုပ်ရှားမှုရှိနေတယ်.."
ရုတ်တရက်ရှစ်ဖုန့်က အသံခပ်ယဲ့ယဲ့ကြားလိုက်ရသည်။
"ရှေ့မှာလူ အချို့ရှိနေတယ်..."
ခေတ္တမျှနားထောင်ပြီးနောက်တွင် ရှစ်ဖုန့်က ကောက်ချက်ချလိုက်သည်။
သူတို့နှစ်ဦးနှင့် မိစ္ဆာဝံပုလွေကြေးစား အဖွဲ့တို့မှာ ဦးတည်ချက် သုံးဘက်သို့ ခွဲ၍ ရှာဖွေနေကြခြင်းဖြစ်ပြီး ရှေ့မှလာနေသောမှ်ိန်ဖျော့သည့် အသံတို့မှာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှလာသော အသံများနှင့် မတူညီပေ။
"သွားကြည့်ကြတာပေါ့.."
ယွဲ့ဝူရွှမ်းက ခပ်တိုးတိုးပြောလိုက်သည်။
ရှစ်ဖုန့်ကခေါင်းငြိမ့်လိုက်သည်။
သူတို့နှစ်ဦးသား မိစ္ဆာဝံပုလွေပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှေ့သို့ တိတ်တိတ်လေးလျှောက်သွားလိုက်သည်။
သူတို့ပိုသွားမိလေ အသံများမှာ ပို၍ ရှင်းလင်းလာလေဖြစ်သည်။
"ဟားဟားဟား အကိုဖုန်ကတော့ တကယ့်ကို အဆင့်လေး လျှို့ဝှက်ဆန်းကြယ် သန့်စင်သူတစ်ယောက်ပီသပါပေတယ်..ဒီဝိညာဉ်တိုက်ခိုက်မှုပညာရပ်က လိုက်မမှီလောက်အောင်ကို နက်နဲလွန်းပြီး ခုခံရင်ဆိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး..."
"အကိုဖုန်ရဲ့ ကျွမ်းကျင်မှုတွေက ယွင်လိုင်အင်ပါယာရဲ့ နံပါတ်တစ် သန့်စင်သူ ဆိုတဲ့အတိုင်း ပြိုင်ဘက်ကင်းပါပဲ.."
"ဟားဟား..မင်းတို့နှစ်ယောက်က ငါ့ကို မြှောက်ပင့်နေတာပဲကွ.."
"ငါက နံပါတ်တစ် သန့်စင်သူ ဖြစ်ဖို့ဆိုတာက မထိုက်တန်ပါဘူးကွာ.."
"အင်ပါယာမြို့တော်က ချင်ဟွိုက်ချင်း က အဆင့်လေး အထွတ်အထိပ်မှာ လေ့လာသင်ယူနေတာ ဆယ်စုနှစ်တစ်ခုစာရှိပြီတဲဲ့.."
"လောလောဆယ်မှာသူက အဆင့်ငါးသန့်စင်သူနယ်ပယ်အဆင့်ကိုချိုးဖြတ်ဖို့အတွက် မမြင်ကွယ်ရာမှာကြိုးစားနေတယ်လို့ငါကြားတယ်.."
"ဟူး..အဲ့ပေကတ်ကတ်နိုင်တဲ့ လူအိုကြီး ချင်ဟွိုက်ချင်းက အကိုဖုန်နဲ့ တစ်လေတည်းကို ရှူနေတယ်လို့ ဘယ်လိုပြောလို့ရမှာလဲ..."
"အကိုဖုန်က အဆင့်လေး သန့်စင်သူအဖြစ် အသက်သုံးဆယ်နဲ့ ရောက်ရှိခဲ့တာလေ..ချင်ဟွိုက်ချင်က အဆင့်လေးအဆင့်ကို သူရောက်တဲ့ အချ်ိန်တုံးက သူက အသက်ငါးဆယ်အရွယ်ဖြစ်နေပြီ.."
"သူက အကိုဖုန်ထက် အသက်နှစ်ဆယ်ပိုကြီးပေမဲ့
အခု အသက်ခုနှစ်ဆယ်အရွယ်မှာတောင် သူအဆင့်လေး မှာပဲတစ်ဝဲလည်လည်ရှိနေသေးတယ်"
"အကိုဖုန်ရဲ့ တာအိုပါရမီ ပညာရပ်တွေနဲ့ဆိုရင် အကိုဖုန်သူ့အရွယ်ကိုရောက်တာနဲ့ အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးမှာ အကိုဖုန်ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ ရှိတော့မှာမဟုတ်ဖူး.."
ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းတို့က တိတ်တဆိတ်ချဉ်းကပ်လာပြီး နောက်ရှိချုံပုတ်တွင် ပုံးအောင်းနေကြသည်။
ရှစ်ဖုန့်၏ ဖုံးကွယ်လှုပ်ရှား မှုပညာရပ်ဖြင့်ဆိုပါက ဤလူများ၏ ရှာဖွေတွေ့ရှိနိုင်မှုမှ ရှောင်ရှားရန်မှာ တော်တော်လေး ကို လွယ်လိမ့်မည်ဖြစ်သည်။
သို့သော် ယွဲ့ဝူရွှမ်းမှာလည်း လူတစ်ယောက်၏ ရောင်ဝါကိုဖုံးကွယ်ပေးထားနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပညာရပ်တစ်ခုအား သင်ယူထားသည်ကို ရှစ်ဖုန့်တွေ့ရှိခဲ့သည်။
မျက်လုံးများကို အသုံးမပြုသ၍ လက်ရှိရှစ်ဖုန့်ပင် သူမ၏ တည်ရှိမှုအား အာရုံခံမိနိုင်လိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်က သူမအား ကြည့်နေသည်ကို တွေ့လိုက်သော အခါတွင် ယွဲ့ဝူရွှမ်းက သူမ၏ လျှို့ဝှက်ပညာရပ်အား ကြွားသည့်အနေဖြင့် ပြုံးပြလိုက်သည်။
ထို့ကြောင့်သူမအတွက် ရှစ်ဖုန့်၏ ပူပန်မှုတို့မှာ ပြေပျောက်သွားရသည်။
သူတို့နှစ်ဦးသား နားလည်မှု ရှိစွာဖြင့် ဆင်ကြံကြံရန် ရှေ့သို့ ကြည့်လိုက်ကြသည်။
မြက်များကိုကျော်ဖြတ်၍ ကြည့်လိုက်သော အခါတွင် ဆယ်မီတာ အကွာ၌ သက်လတ်ပိုင်းအရွယ် လူသုံးဦးအား သူတို့တွေ့လိုက်ကြသည်။
သူတို့သုံးဦးစလုံးမှာ သက်တူရွယ်တူများဖြစ်ကြပြီး သုံးဆယ့်ခုနှစ်နှစ် ဝန်းကျင်ခန့်ရှိကြသည်။
သူတို့ထဲကတစ်ဦးမှာ အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ယောက်ျားပီသသောပုံစံနှင့် သက်ရပ်ကြော့ရှင်းမှုရှိသည်။
သူ၏ လက်တို့အား ရင်ဘက်နားတွင်ပိုက်ထားပြီး ဓားအိမ်ထဲတွင် ထည့်ထားသော ဓားရှည်တစ်ချောင်းကိုကိုင်ထားသည်။
တစ်ခြားတစ်ယောက်က နဂါးပန်းထိုးထိုးထားသော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
မျက်ခုံးနှစ်ခုကြားတွင် ခံ့ညားသော ရောင်ဝါရှိပြီး သူကသာမန်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်သည်မှာ သိသာသည်။
အခြားတစ်ယောက်မှာ အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး မာနကြီးသော အမူအယာကို မျက်နှာထက်တွင် ဆင်မြန်းထားသည်။
သူ၏ ညာဘက်ပုခုံးပေါ်ရှိ ဘယက်နှင့် သူ့ကိုယ်ပေါ်ရှိဝတ်ရုံအရ ၎င်း၏ သရုပ်မှန်ကို ရှစ်ဖုန့်ပြောနိုင်သည်။
ထိုသူမှာ ကောင်းကင်ဘုံလေဂိုဏ်းမှ သန့်စင်သူ ဖြစ်သည်။
ထိုသူ၏ အဝတ်အစားနှင့် တံဆိပ်တို့မှာ ရှစ်ဖုန့်သတ်ခဲ့သော ကောင်းကင်ဘုံလေဂိုဏ်းမှ သန့်စင်သူ မင်အန်းနှင့် ဆင်တူမှုရှိသည်။
အနည်းငယ်ကွာခြားမှုရှိသော်လည်း အများကြီးတော့ မဟုတ်ပေ။
ထိုသူသုံးယောက်မှာ လောလောဆယ်တွင် မီးကဲ့သို့ ဆေးပင်တစ်ခုအား ဝိုင်းရံထားသည်။
၎င်းမှာ မှာခြေထောက်အရွယ်မြင့်မားပြီး လုံးဝမီးနီရောင်ဖြစ်သည်။
၎င်းမှာ ယွဲ့ဝူရွှမ်း နတ်ဆိုးသားရဲတောင်အတွင်း ရှာဖွေနေသော မီးနဂါးမြက်ပင်ပင်ဖြစ်သည်။
"ရန်သူတွေက လမ်းကျဉ်းလေးပေါ်မှာ အမြဲလာလာဆုံနေရတော့တာပဲ.."
ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားကိုသုံးကာ ယွဲ့ဝူရွှမ်းအားဆက်သွယ်လိုက်သည်။
"ဘာကြီး..နင်သူတို့ကိုသိတာလား.."
ယွဲ့ဝူရွှမ်းက မေးလိုက်သည်။
"ငါသူတို့ဂိုဏ်းကသူတစ်ယောက်နဲ့ ရန်လိုမှုအချို့ရှိခဲ့တယ်.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"ငါတို့အခုဘာလုပ်သင့်လဲ.."
"မီးနဂါးမြက်က သူတို့တွေရှာတွေ့သွားခဲ့တာလား.."
မသိလိုက်ပါဘဲ ယွဲ့ဝူရွှမ်းမှာ သူမက ဆေးပင်အားရှာဖွေရန်စတင်ခဲ့သူဆိုသည်အား မေ့ပြီး ရှစ်ဖုန့်အား အဖွဲ့ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ဆက်ဆံလိုက်မိသည်။
"စောင့်အုံး..အလျှင်လိုစရာမလိုဘူး.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ငါတို့ဒီတစ်ကြိမ်တောင်ထဲဝင်လာတုံး အဆင့်ငါးအင်ပါယာ အဆင့် ဆေးပင်မီးနဂါးမြက်ပင်ကို ငါတို့ရှာတွေ့လိမ့်မယ်လို့ ငါတကယ်ကို မမျှော်လင့်ထားခဲ့မိဘူး."
ကောင်းကင်ဘုံလေဂိုဏ်းရှိသန့်စင်သူက သူ့ဘေးရှိ မီးနဂါးမြက်ပင်ကိုကြည့်ကာ ပျှော်ရွှင်စွာဖြင့်ပြောလိုက်သည်။
"အကိုဖန်ရဲ့ ပြိုင်ဘက်ကင်းတာအိုပညာရပ်ကိုပြသနိုင်ဖို့အတွက်နဲ့ကောင်းကင်ဘုံက ကျုပ်တို့ခရီးကိုပျင်းနေမှာစိုးလို့ လုပ်ပေးထားတယ်လို့ကျုပ်က တကယ်ကိုယုံကြည်လက်ခံထားတယ်.."
ရွှေရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူက ပြုံး၍ပြောလိုက်သည်။
"ဒီမီးနဂါးမြက်ပင်ကနေဝင်ရီတရောမှ စွမ်းအားအကြီးဆုံး ဆေးဂုဏ်သတ္တိတွေကို ပိုင်ဆိုင်တာ.."
"အခုကငါတို့အနေနဲ့ နာရီနည်းနည်းလောက်စောင့်နေဖို့လိုသေးတယ်"
"ဒီဆေးပင်က အဆင့်ငါးဖြစ်ပြီး ပြင်းထန်ပေမဲ့ သူ့ရဲ့ဆေးဂုဏ်သတ္တိတွေကတော့ ပျော့ပျောင်းသိမ်မွေ့တယ်.."
"သူ့နဲ့ကိုက်ညီတဲ့ စိတ်ဝိညာဉ်ဆေးအနည်းငယ်ငါလုပ်လိုက်မယ် ဒါမှ ငါအဲ့တာကိုသန့်စင်နိုင်မှာ.."
"အချိန်ကျလာရင် မီးနဂါးမြက်ပင်ကို ငါဒီနေရာမှာပဲသန့်စင်မယ်.."
"ဘာမှာ မမျှော်လင့်ထားတာတွေဖြစ်မလာဘူးဆိုရင် ..အဆင့်ငါး စဦးအဆင့်မီးနဂါးဆေးလုံး သုံးလုံးကို သန့်စင်နိုင်လိမ့်မယ်.."
"အဲ့တာက ညီကိုတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို တိုးတက်စေဖို့ ကူညီနိုင်လိမ့်မယ်.."
"အိုး..အကိုဖန်က အဆင့်လေးနဲ့ အဆင့်ငါးဆေးလုံးကို တကယ်ကြီး သန့်စင်နိုင်တာပဲ.."
"ထင်ထားတဲ့အတိုင်း ကျုပ်တို့ ယွင်လိုင်အင်ပါယာရဲ့ နံပါတ်တစ်ပါရမီရှင်ပါပဲ.."
"အကိုဖုန်နောက်လိုက်ရတာက ကျုပ်တို့တွေတကယ့်ကို ကောင်းချီးပေးခံရတာပဲ.."
ယောက်ျားပီသပြီးရည်မွန်သော သက်လတ်ပိုင်းအရွယ်လူက ပြောလိုက်သည်။
မန္တရားသန့်စင်သူတွေဆိုတာ ထိုကဲ့သို့ပင်ဖြစ်သည်။
ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူများပင် အဆင့်လေး သန့်စင်သူ တစ်ယောက်အား တွေ့ရသောအခါ၌ သူတို့၏ အဆင့်အတန်း စွမ်းအားကြီးမှုတို့မှ အရေးမပါတော့ဘဲ မြှောက်ပင့်ကြရမည်ဖြစ်သည်။
သူတို့အနေဖြင့် မန္တရားသန့်စင်သူ၏ အကူအညီအားရရှိရန် အကောင်းဆုံးကြိုးစားကြရမည်ဖြစ်သည်။
ထိုထက်ပိုသည်ကား အဆင့်လေးသန့်စင်သူမှာ ယွင်လိုင်အင်ပါယာ၍ နှစ်ယောက်သာရှိသည်။
သူတို့ထဲကတစ်ယောက်မှာ ကောင်းကင်ဘုံလေဂိုဏ်းမှလာသော သူတစ်ယောက်ဖြစ်သည်။
သူ့အားတွေ့လျှင် ဘုရင်နယ်ပယ်တစ်ဦးပင် ဤကဲ့သို့ တူညီစွာဆက်ဆံမည်ဖြစ်၏။
"သူတို့သုံးဦးမှာ တစ်ယောက်က ကြယ်သုံးပွင့် ဘုရင်နယ်ပယ် တစ်ယောက်က ကြယ်လေးပွင့်ဘုရင်နယ်ပယ်နဲ့ တစ်ယောက်က အဆင့်လေး အဂ္ဂရိတ်ဆရာသခင်ပဲ"
(စာရေးသူမှတ်ချက်-သန့်စင်သူစစ်စစ်အား အဂ္ဂရိတ်ဆရာဟုလည်းခေါ်သည် အလျင်းသင့်သလို ရေးသားအသုံးပြုသွားမည်ဖြစ်သည်။)
"ဒီလိုဆိုရင်ရော ဖုန်းဆိုတဲ့ငတိ စပြီးသန့်စင်လို့ လမ်းတစ်ဝက်လောက် ရောက်နေတဲ့ အချိန်ကြရင် မင်းကသူ့အပေါ်မှာ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆိပ်ကို သုံးပြီး သူဝိညာဉ်ကိုတုန်လှုပ်စေပြီး ချီဖောက်ပြန်တဲ့ ပြဿနာဖြစ်အောင်လုပ်.."
"ကျန်နှစယောက်ကိုက ငါနဲ့လွှဲထားလိုက်..."
ရှစ်ဖုန့်က နောက်ထပ် စကားအားယွဲ့ဝူရွှမ်းထံပေးပို့လိုက်သည်။
"ကောင်းပြီ နင်ပြောတာ ငါနားထောင်မယ်.."
ယွဲ့ဝူရွှမ်းက တုံ့ပြန်လိုက်သည်။
မန္တရားသန့်စင်သူတစ်ယောက် သန့်စင်နေချိန်တွင်ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆိပ်မဆိုထားဘိ ၎င်းအားအနှောက်အယှက်ပြုမည်ကိုပင် အကြောက်ဆုံးဖြစ်သည်။
၎င်းက သမန်ကာလျှံကာဆိုလျှင် ဝိညာဉ်အားထိခိုက်စေပြီး ပြင်းထန်ပါက ဒေါသအိုးပေါက်ကွဲကာရူးသွပ်စေလိမ့်မည်ဖြစ်ကာ အဆိုးဆုံးအနေဖြင့်ကား သူ၏ ဝိညာဉ်ပင် ပျောက်ကွယ်ရလိမ့်မည်ဖြစ်သည်။
အချိန်မှာတစ်ရွေ့ရွေ့ကုန်နေပြီး တစ်ခြားဘက်မှသုံးယောက်ကလည်းစောင့်နေသလို ရှစ်ဖုန့်တို့ကလည်းစောင့်နေကြသည်။
အချိန်တို့ထပ်မံကုန်ဆုံးလာပြီး ကောင်းကင်ကဖြည်းဖြည်းချင်းမှောင်မိုက်လာသည်။
မီးနဂါးမြက်ပင်မှာမူ ပိုမို၍ တောက်ပလာသည်။
"အချိန်ကျပြီ.."
ကောင်းကင်ဘုံလေဂိုဏ်းမှ အဂ္ဂရိတ်ပညာရှင်က ရုတ်တရက်ပြောလိုက်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise