← Chapters

ဝိညာဉ်ကြိုဆိုခြင်းအရောင်အဝါ

Vol. 102 Ch. 1416

ဝိညာဉ်ကြိုဆိုခြင်းအရောင်အဝါ

Vol. 102 Ch. 1416

မန်ဟို၏လက်ရှိပုံပန်းသွင်ပြင်အား စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲပေသည်။

သူသည် ဒယ်အိုးကြီး၏အပေါ်၌ ကျောက်သံပတ္တမြားအားလုံးထက် တောက်ပသော အရောင်အဝါများကို ထုတ်လွှတ်လျက် ပျံဝဲနေ၏။

သူ့ထံမှ အရပ်လေးမျက်နှာသို့ ဖြာထွက်နေသည့် အံ့မခန်းလိလိအငွေ့အသက်များက အာကာပြင်ကျယ်စကြဝဠာထဲတွင် ဝဲဂယက်များ ပို၍ပင်များပြားလာစေသည်။

ဤအခိုက်အတန့်တွင် ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုအပါအဝင် ပါရာဂွန်ခြောက်ဦးမှာ ပင့်သက်ရှိုက်နေရတော့သည်။ တစ်နှစ်နီးပါး သူတို့၏အဖိုးတန်ရတနာများအပြင် ဂိုဏ်း၏နှစ်ချို့အရင်းအမြစ်များသာမက သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုပါ စုပ်ယူခဲ့သော အရာကြီးအား သူတို့အကုန်လုံး စိုက်မကြည့်မိဘဲ မနေကြပေ။ ထိုအရင်းအမြစ်များမှ အသစ်ပြန်တည်ဆောက်ပေးလိုက်သည်ကား ... မိုးနှင့်မြေကို တုန်ဟည်းသွားစေသည့် အပြင်အားကိုယ်တစ်ကိုယ်ပင်။

ဤအချိန်မှာပဲ မြေကြီးအောက်က လိပ်ခွံကြီးပေါ်၌ ထိုင်နေသော အဘိုးအို၏မျက်လုံးများ ပွင့်လာသည်။ နောက်ဆုံးတော့ မီးတောက်မီးလျှံများ ငြိမ်းသေသွားလေပြီ။ မီးပင်လယ်အတွင်းရှိ ဘိုးဘေးရုပ်ကြွင်းကို လှုံ့ဆော်နေခဲ့သည့်အရာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

အဘိုးအိုမှာ ပင်ပန်းနွမ်းနယ်နေပုံပေါ်သော်လည်း နတ်ဘုရားအာရုံဖြန့်ကျက်၍ မန်ဟို့ကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။

“အာကာပြင်ကျယ်... တာအိုခန္ဓာ” သူက မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

သူတစ်ယောက်တည်းသာ အံ့အားသင့်နေခြင်းမဟုတ်။ ကျန်ပါရာဂွန်ခုနစ်ဦးလည်း မန်ဟို၏ ရတနာလိုခန္ဓာကို ခံစားလိုက်ရသဖြင့် အလားတူအံ့အားသင့်နေကြသည်။ သူ့ထံမှ အငွေ့အသက်များကို လေ့လာကြည့်လိုက်ရာတွင် မည်သည့်အရာမှန်း လျင်မြန်စွာ သဘောပေါက်သွားကြ၏။

“အာကာပြင်ကျယ်တာအိုခန္ဓာ”

ပင့်သက်ရှိုက်သံများက ရှုပ်ထွေးနေသောခံစားချက်များနှင့်အတူ ထွက်လာသည်။ တချို့ဆိုလျှင် လောဘပင် တက်လာကြလေသည်။

အနှစ်သာရ ၉ ခု ပါရာဂွန်များပင် လောဘတက်နေလျှင် .... အာကာပြင်ကျယ်တာအိုခန္ဓာတစ်ခုသည် မည်မျှရှားပါးကြောင်း အလွယ်တကူ မြင်ရနိုင်၏။

မှန်သည် ၊ ဤတာအိုခန္ဓာက တာအိုခန္ဓာအမျိုးအစားတစ်မျိုး မဟုတ်ဘဲ နာမည်သတ်မှတ်ချက်တစ်မျိုးသာ ဖြစ်ပေသည်။

သင့်တော်သောအရည်အသွေးများနှင့် အလားအလာဖြင့် မည်သည့်အပြင်အားကိုယ်မဆိုသည် အမှတ်တစ်ခုသို့ ရောက်ပြီးနောက် အာကာပြင်ကျယ်စကြဝဠာကိုယ်တိုင် ဖိနှိပ်ပေးရသော အပြောင်းအလဲများ အာကာပြင်ကျယ်အတွင်း၌ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးလိမ့်မည်။ ထိုအခါ ထိုအပြင်အားကိုယ်ကို ... အာကာပြင်ကျယ်တာအိုခန္ဓာဟု ခေါ်နိုင်သည်။

ပါရာဂွန်ခုနစ်ဦး၏မျက်လုံးများ လင်းလက်တောက်နေပြီး သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်အားလုံး တသိမ့်သိမ့်တုန်ခါနေသည်။ လိပ်ခွံပေါ်ရှိ အဘိုးအိုက သူ၏နတ်ဘုရားအာရုံကို ကိုယ်ပွားအဖြစ်‌ ဖန်ဆင်းလိုက်ပြီး ထိုကိုယ်ပွားပေါ်လာလျှင်ချင်း ပါရာဂွန်ခုနစ်ဦးမှာ သူတို့၏ခံစားချက်များကို မြိုသိပ်လိုက်ရ၏။

နတ်ဘုရားအာရုံကိုယ်ပွားသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လိပ်ခွံပေါ်က အဘိုးအိုနှင့် ချွတ်စွပ်တူလေသည်။ သူက မန်ဟို့အလောင်းကို အကဲခတ်ကြည့်ရှုရင်း ညာလက်ကို မြှောက်၍ အလောင်းနဖူးအား လှမ်းထိလိုက်သည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့နတ်ဘုရားအာရုံက မန်ဟို့ကိုယ်ထဲ စီးဆင်းလာသည်။

ဤတစ်ကြိမ်တွင် အဘိုးအိုသည် ယခင်တစ်ခေါက်ထက်ပင် ပို၍အချိန်ယူစစ်ဆေးနေ၏။ တစ်နာရီကြာသော် သူက လက်ပြန်ချလိုက်သည်။ မန်ဟို့အလောင်းထဲ၌ မည်သည့်ဝိညာဉ်မှမရှိကြောင်း‌ သေချာ‌စေဖို့ အတွင်းအပြင်နှံ့စပ်အောင် စစ်ဆေးကြည့်ပြီးနောက်မှ သူသည် စိတ်ချသွားပြီး ပါရာဂွန်ခုနစ်ဦးကို လှည့်ကြည့်လိုက်၏။

“မင်းတို့တွေ အဆင့်မတက်ချင်ဘူးတော့လား” သူက ခက်ထန်သောမျက်ဝန်းများဖြင့် ပြောသည်။ သူ့အသံက မကျယ်သော်လည်း ဖိအားပါရှိသည့်အတွက် ပါရာဂွန်များအား တိတ်ဆိတ်သွားစေသည်။

“ငါတောင်မှ ဒီအာကာပြင်ကျယ်တာအိုခန္ဓာကို မလိုချင်မိဘဲ မနေဘူး။ ဒါကို မပူးကပ်ကောင်းမပူးကပ်နိုင်ပေမယ့် အနည်းဆုံးတော့ အင်မတန်အကူအညီရမယ့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲနိုင်တယ်

“ဒါပေမဲ့ တန်ခိုးရှင်အဆင့်ကို စွန့်လွှတ်ဖို့ ထိုက်တန်လား”

“ငါတို့အာကာပြင်ကျယ်ကျောင်းတော်က အာကာပြင်ကျယ်အဖွဲ့အစည်းရဲ့အခွဲတစ်ခွဲပဲ။ ပြီးတော့ ဒီကြယ်တာရာကောင်းကင်မှာ ငါတို့တည်ရှိနေတဲ့ ရည်ရွယ်ချက်က ဘာလဲ မင်းတို့ မေ့သွားကြပြီလား

“ပထမဆုံးမျိုးဆက် အာကာပြင်ကျယ်ဂိုဏ်းချုပ်ကြီးရဲ့  ဂူဗိမာန်ထဲမှာ အဆင့်တက်နည်းရှိတယ်။ အဲ့ဒါက အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ဦးတည်ချက်ပဲ

“နှစ်ပေါင်းများစွာ ရှာဖွေပြီးတဲ့နောက်ဆုံးမှာတော့ ငါတို့ မျှော်လင့်ချက်ကို တွေ့ရပြီ။ အခု ငါတို့လုပ်ဖို့ လိုတာလေးက အပြင်မှာရှိတဲ့ ပင်မဂိုဏ်းကနေ ပါရာဂွန်နတ်မျက်လုံးကို ငါတို့ဆီ လွှတ်ခိုင်းဖို့ပဲ။ ပါရာဂွန်နတ်မျက်လုံးက မကြာသေးမီကမှ အနှစ်သာရ ၉ ခုအဆင့်တက်ထားပုံရပေမယ့် သူ့မှာ တာအိုမျက်လုံးတစ်လုံး ရှိတယ်။ ဒီအာကာပြင်ကျယ်တာအိုခန္ဓာဟာ သူ့အတွက် ဖြစ်တဲ့အပြင် အစီအစဉ်တစ်ခုလုံးမှာ အဓိကပဲ

“ငါတို့ ဂိုဏ်းချုပ်ရဲ့ဂူဗိမာန်ထဲမှာ တန်ခိုးရှင်လျှို့ဝှက်ကျမ်းကို ရှာတွေ့ရင် ငါတို့အားလုံး အဆင့်တက်နိုင်လိမ့်မယ်။ အပြင်မှာရှိတဲ့ ပင်မဂိုဏ်း အာကာပြင်ကျယ်အဖွဲ့အစည်းထဲ အလွယ်တကူမဝင်နိုင်ပေမယ့် ငါတို့သာ တန်ခိုးရှင်အဆင့်တက်ရင် ... အာကာပြင်ကျယ်စကြဝဠာကနေ အချိန်မရွေး ထွက်သွားနိုင်ပြီ။ အဲဒီအခါ အာကာပြင်ကျယ်အဖွဲ့အစည်းမှာလည်း ငါတို့ ရာထူးကြီးကြီးသေချာပေါက် ရလိမ့်မယ်

“မဖြစ်စလောက် အာကာပြင်ကျယ်တာအိုခန္ဓာကို တန်ခိုးရှင်ဘဝနှင့် ယှဉ်နေရင်တော့ ငါ့အနေနဲ့ မင်းတို့ကို ပြောစရာစကားထပ်မရှိတော့ဘူး” သူက အင်္ကျီလက်စကို ခါကာ မန်ဟို့ခန္ဓာကိုယ်အား တစ်ဝက်ဂြိုဟ်၏ဗဟိုဒေသ ... ရှေးပလ္လင်ကိုးခုးပျံဝဲနေသည့်နေရာသို့ စေလွှတ်လိုက်သည်။

မန်ဟို့အလောင်းက ထိုပလ္လင်များအနက်မှ တစ်ခုအပေါ် ကျသွားပြီး မလှုပ်မယှက်လှဲနေ၏။

“ပြင်ဆင်ကြတော့။ အပြင်က အာကာပြင်ကျယ်အဖွဲ့အစည်းကိုလည်း ဆက်သွယ်လိုက်။ သုံးရက်နေရင် ကိုးယောက်မြောက်ပါရာဂွန်ကို ငါတို့ ကြိုဆိုကြရလိမ့်မယ်” ထို့နောက် အဘိုးအို၏ကိုယ်ပွားသည် ပျောက်ကွယ်သွား၏။ အရာအားလုံး လွန်စွာတိတ်ဆိတ်သွားပြီး ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

“ဂိုဏ်းချုပ်ပြောတာ မှန်တယ်။ ဒီလောက်အထိ ပြင်ဆင်ပြီး ဒီလောက်အထိ စောင့်လာခဲ့ပြီးနောက်မှာတော့ တန်ခိုးရှင်အဆင့်အတွက် မျှော်လင့်ချက်က ငါတို့ရှေ့တည့်တည့်ရောက်လာခဲ့ပြီ... အာကာပြင်ကျယ်တာအိုခန္ဓာက စဉ်းစားနေဖို့‌တောင် မတန်ဘူး” သူက သက်ပြင်းချရင်း ကျန်ရှိသူများကို လက်ယှက်အရိုအသေပေး၍ လမ်းလျှောက်ထွက်သွားလေသည်။

ကျန်ရှိသူများက တခဏတိတ်ဆိတ်နေကြသော်လည်း သူတို့၏မျက်နှာများထက်တွင် ခပ်ယဲ့ယဲ့အပြုံးများ ပေါ်လာကြသည်။ သူတို့က ခေါင်းခါရမ်းလျက် အာကာပြင်ကျယ်တာအိုခန္ဓာအပေါ် တပ်မက်နေသော လောဘစိတ်ကို ချုပ်တည်းပြီးနောက် ကျင့်ကြံခြင်းအခြေခံများကို အားပြန်ဖြည့်ရန် သူတို့၏သက်ဆိုင်ရာဂူများသို့ ပြန်သွားကြ၏။

သုံးရက်က လျှပ်တပြက် ကုန်ဆုံးသွားခဲ့သည်။ အာကာပြင်ကျယ်ဂြိုဟ်အပြင်ရှိ ကြယ်တာရာကောင်းကင်မှာ ပုံမှန်ပြန်ဖြစ်သွားပြီး ဝဲဂယက်များလည်း ပျောက်ကွယ်သွားခဲ့ကာ ဧည့်သည်ကျင့်ကြံသူများလည်း ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေကြ၏။ သို့သော် ဖြစ်ပျက်သွားခဲ့သည့် ထူးဆန်းသောလက္ခဏာများက သူတို့စိတ်ထဲတွင် စွဲထင်ကျန်ခဲ့လေသည်။ ထိုလူများမှာ မည်မျှစုံစမ်းစေကာမူ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ သဲလွန်စတစ်စုံတရာမတွေ့ခဲ့ရပေ။

သုံးရက်ကြာပြီးနောက် အလင်းတန်းရှစ်တန်းသည် တစ်ဝက်ဂြိုဟ်၏လေထုကို ခွင်းလျက် ပလ္လင်ကိုးခုထံ ဦးတည်လာ၏။ ရှေ့ဆုံးမှ ဦးဆောင်နေသူက အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် မီးပင်လယ်‌အောက်ရှိအရာကြီးကို ဖိနှိပ်နေခဲ့ရ၍ အပြင်ထွက်လာခဲ၏။ သို့သော် ယခုတွင် ကိုယ်အစစ်ဖြင့် ရောက်လာခဲ့ကာ ပထမပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုအပါအဝင် ကျန်ခေါင်းဆောင်ကြီးခုနစ်ဦးလည်း သက်ဆိုင်ရာပလ္လင်များအပေါ် ဆင်းလိုက်ကြပြီးနောက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လျက် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်ကြသည်။

တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်‌ကျောင်းတော်သားများစွာလည်း ထွက်လာကြသည်။ သူတို့သည် ဧရာမမန္တန်ဝင်္ကပါတစ်ခုအဖြစ် စုရုံးနေရာယူကာ တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ ထိုမျှသာမက ဂြိုဟ်အပြင်ရှိ မရေမတွက်နိုင်သော ဥက္ကာခဲများလည်း စီတန်းနေရာယူလျက် အရောင်အဝါတို့ကို ဖြန့်ကျက်လိုက်ကြသည်။ လင်းလက်တောက်ပနေသော ကြယ်အရောင်အဝါတို့သည် မိုးနှင့်မြေ၏စွမ်းအင်တို့ဖြင့် သိပ်သည်းပြည့်နှက်လာ၏။

အာကာပြင်ကျယ်ဂြိုဟ်အပေါ်တွင် ဂိုဏ်း၏အမိန့်အရ တရားထိုင်နေသော အာကာပြင်ကျယ်ကျောင်းသားများကို ပိုပို၍မြင်လာရလေပြီ။ တဖြည်းဖြည်း ဂိုဏ်းသားအားလုံး၏အရှိန်အဝါများသည် တစ်ခုတည်းပေါင်းစည်းလာ၏။

ယနေ့တွင် အာကာပြင်ကျယ်ကျောင်းသားမဟုတ်သော အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး ပျံသန်းခွင့်ပိတ်ပင်ခံထားရသည်။ ချိုးဖောက်သူမည်သူမဆို အမေးအမြန်းမရှိ ကွပ်မျက်ခံရလိမ့်မည်။

ယနေ့တွင် အာကာပြင်ကျယ်တစ်ဂြိုဟ်လုံး အဝင်အထွက်ပိတ်ခံထားရသည်။

ယနေ့တွင် အာကာပြင်ကျယ်တစ်ဂြိုဟ်လုံးသည် စွမ်းအင်တို့ဖြင့် ပြည့်သျှံနေပြီး ၎င်းထံမှ ထုတ်လွှတ်နေသော ထစ်ချုန်းသံများက ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေ၏။

ထိုမျှသာမက အလင်းတန်းတစ်တန်းက အာကာပြင်ကျယ်ဂြိုဟ်အတွင်းပိုင်းထဲက တစ်ဝက်ဂြိုဟ်၏မီးပင်လယ်ထက်တွင် ရှိသော လိပ်ခွံကြီးထံမှ ထွက်လာသည်။

ကောလဟလများအရ အာကာပြင်ကျယ်ကျောင်းတော်တွင် အာကာပြင်ကျယ်စကြဝဠာ၏အပြင်နှင့် ဆက်သွယ်ထားသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု ရှိသည်ဟု ဆိုကြသည်။ ယင်းက မှန်လည်းမှန်သလို၊ မှားလည်း မှားလေသည်။ ထိုနေရာတွင် နေရာရွှေ့ပြောင်းခြင်းမန္တန်ဝင်္ကပါ တစ်ခုရှိသည်က မှန်၏။ မှားသည်ကတော့ ... လူတိုင်းသုံးနိုင်ခြင်းမဟုတ်၊ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်သာလျှင် ထွက်သွားဖို့ ထိုမုခ်ဝကို အသုံးပြုနိုင်ခြင်းပင်။

သို့သော် ထိုသို့အပြင်ထွက်ဖို့ တန်ခိုးရှင်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် မန္တန်ဝင်္ကပါ၏အကူအညီကို မလိုအပ်ပေ။

နေရာရွှေ့ပြောင်းခြင်းမုခ်ဝ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ အပြင်ရှိလူများကို လက်ခံပေးဖို့၊ ဝိညာဉ်များ ပေးပို့ဖို့ ဖြစ်သည်။

အာကာပြင်ကျယ်စကြဝဠာ၏အတွင်းနှင့်အပြင်အကြားရှိ ဤဆက်သွယ်မှုသည်... အပြင်မှအစွမ်းထက်ပညာရှင်များအား အတွင်းထဲသို့ ဝိညာဉ်ကိုယ်တစ်ကိုယ်ကို ပို့လွှတ်စေနိုင်၏။ အပြင်အားကိုယ်အတွက်ဆိုလျှင် ထိုသို့သွားလာဖို့က ခက်ခဲလွန်းလေသည်။ အာကာပြင်စကြဝဠာထဲ ဝင်ရောက်နေစဉ် အပြင်အားကိုယ်မှာ ဝိညာဉ်ကိုယ်ကို လုံခြုံအောင်ထိန်းသိမ်းရင်း ပျက်စီးသွားရလိမ့််မည်။

နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို အသက်သွင်းဖို့ အဖိုးအခမှာ ဧရာမကြီးမားပေသည်။ သို့ဖြစ်၍ အာကာပြင်ကျယ်ကျောင်းတော်သည် တည်ရှိခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက်လုံး အကြိမ်အနည်းငယ်သာ အသုံးပြုခဲ့ဖူး၏။

ထစ်ချုန်းသံများ ဆူညံနေစဉ် မီးပင်လယ်ထဲရှိ လိပ်ခွံကြီးထံမှ အရောင်အဝါများ ဖြာထွက်လာနေသည်။ အရောင်အဝါက မြေလွှာများကို ထိုးဖောက်လျက် တစ်ဝက်ဂြိုဟ်အပြင်၊ ပလ္လင်ကိုးဆူ၏အလယ်တွင် ပေါ်လာသည်။ ပလ္လင်များက အရောင်အဝါကို စုပ်ယူပြီးနောက် ပါရာဂွန်ရှစ်ယောက်သည် သူတို့၏ကျင့်ကြံခြင်းအခြေခံများဖြင့် နေရာရွှေ့ပြောင်းစွမ်းအားကို အားဖြည့်ပေးလိုက်၏။

မန်ဟိုက နဝမပလ္လင်ထက်တွင် လှဲနေသည်။ သူ့ဝိညာဉ်က ဖြစ်ပျက်နေသောအရာကို ကြေးမီးအိမ်အတွင်းမှ အေးစက်စက်လှမ်းကြည့်နေသည်။ ဤသည်မှာ နောက်ဆုံးစမ်းသပ်မှုမှန်း သူ သိသည်။ ဤစမ်းသပ်မှုကိုသာ အောင်မြင်စွာ ဖြတ်ကျော်နိုင်လျှင် သူသည် ယခုမှစ၍ အာကာပြင်ကျယ်ကျောင်းတော်၏ ကိုးယောက်မြောက်ပါရာဂွန် ဖြစ်သွားလိမ့်မည်။

ဘဝအသစ်ရသွားသလို ဖြစ်မည်သာမက အာကာပြင်ကျယ်ကျောင်းတော်၏ အကာအကွယ်ကိုလည်း ရရှိနိုင်သည်။ သူ့အတွက် ထိုအချက်နှစ်ချက်က အရေးပါလေသည်။

“လာနေတဲ့ဝိညာဉ်ကို သုတ်သင်ပစ်လိုက်မယ်။ ဒါဆို မျက်လုံးဖွင့်တာနဲ့ ငါက မန်ဟိုလည်းဖြစ်မယ်... အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ကိုးယောက်မြောက်ပါရာဂွန်လည်း ဖြစ်လာလိမ့်မယ်” သူသည် သူဝင်ပုန်းနေသော ကြေးမီးအိမ်ကို စစ်ဆေးပြီးနောက် ပြုံးလိုက်၏။ ဤလျှို့ဝှက်ဆန်းကြယ်သော မီးအိမ်က ဤလောင်းကစားတွင် နိုင်မည်ဟု သူ ယုံကြည်ချက်ရှိရသည့် အဓိကအကြောင်းရင်း ဖြစ်လေသည်။

“မင်းတို့တွေနဲ့ ငါ့မှာ ရန်ငြိုးမရှိဘူး။ အပြစ်တင်ချင်သပဆိုရင် ... ငါ့ခန္ဓာကိုယ်ကို ပူးကပ်ဖို့ ကြိုးစားနေတဲ့ မင်းတို့ကိုယ်မင်းတို့ အပြစ်တင်” သူသည် မျက်လုံးများလင်းလက်တောက်ပနေလျက် ကြေးမီးအိမ်အတွင်းထဲ ငုပ်လျှိုးရင်း ရန်သူရောက်လာမည်ကို စောင့်နေ၏။

နဝမပလ္လင်မှ အ‌ရောင်အဝါများသည် တစ်ဝက်ဂြိုဟ်၏ ကြယ်တာရာကောင်းကင်အပြင် ထိုးထွက်သွားသော အလင်းတန်းတစ်တန်းအဖြစ် စုဝေးသွား၏။ တစ်ချိန်တည်းမှာပဲ တစ်ဝက်ဂြိုဟ်က လည်လာပြီး ဥက္ကာခဲများမှ စူးရှတောက်ပသောအလင်းရောင်တို့ကို ထုတ်လွှတ်စပြုလာသည်။

ကျမ်းစာရွတ်သံများက တစ်ဝက်ဂြိုဟ်ထံမှ ပျံ့လွင့်လာပြီး တစ်ချိန်တည်းမှာပင် မြေကြီးအောက်မှအလင်းတန်းက အာကာပြင်ကျယ်ဂြိုဟ်၏ အပေါ်မြေပြင်များထက်၌ ပေါ်လာခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ လူတိုင်း တုန်ရီစပြုလာသည်။ သက်ရှိသတ္တဝါအားလုံး ဦးညွတ်သွားကြပြီး အာကာပြင်ကျယ်ကျောင်းတော်သားများ၏ မျက်လုံးထဲတွင် အာရုံစူးစိုက်နေသော အရိပ်အယောင်များ ပေါ်လာ၏။ ကျန်ကျင့်ကြံသူအားလုံးလည်း လုံးလုံးလျားလျား တုန်လှုပ်နေကြသည်။

လူတိုင်း စောင့်နေကြလေပြီ။

မန်ဟို့ဝိညာဉ်ကလည်း မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေလျက် ကြေးမီးအိမ်အတွင်း၌ ပုန်းနေသည်။

“အတိမ်းအစောင်းမခံတဲ့ အခြေအနေ ရောက်လာခဲ့ပြီ။ ငါ အောင်မြင်ရင် အာကာပြင်ကျယ်ကျောင်းမှာ အခြေချပြီး လက်စားပြန်ချေဖို့ အခွင့်အရေးရမယ်။ မအောင်မြင်ရင်တော့.....

“ငါ မ‌အောင်မြင်ဘဲ မနေဘူး။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ် ငါ့ဝိညာဉ်နဲ့ပတ်သက်ပြီး သံသယဝင်ရင်တောင်မှ ငါ မအောင်မြင်မှာမဟုတ်ဘူး” မန်ဟို၏မျက်ဝန်းထဲတွင် နီရဲနေသောမိစ္ဆာအရောင်အဝါကို မြင်ရနိုင်၏။

All Chapters