← Chapters

အပိုင်း (၇၇)

Vol. 6 Ch. 77

အပိုင်း (၇၇)

Vol. 6 Ch. 77

"အခုက အချိန်ကျပြီ.."

ကောင်းကင်ဘုံလေဂိုဏ်းမှ အဂ္ဂရိတ်ပညာရှင်က ရုတ်တရက် ပြောလိုက်သည်။

အတွေးတစ်ချက်ဖြင့် ချက်ခြင်း သူ၏ စိတ်ဝိညာဉ်ခွန်အားအားအသုံးပြုကာ မီးနဂါးမြက်ပင်အား မြေပြင်မှဆွဲနှုတ်လိုက်၍ လေထဲတွင် လွင့်မျောနေစေလိုက်သည်။

"ဝုန်း.."

သုံးမီတာခန့်မြင့်မားသော ရွှေရောင်ဒယ်စောက်မီးပြင်းဖိုကြီးအား သူ၏ သိုလှောင်လက်စွပ်အတွင်းမှထုတ်၍ မြေပြင်အား ကြွေမွသည်အထိဖြစ်အောင် ပြင်းထန်စွာချလိုက်သည်။

ထို့နောက်ချက်ခြင်း ဆီးလ်တံဆ်ိပ်ပုံစံလက်သင်္ကေတများကို နှစ်ဖက်လုံးဖြင့် ဆက်တိုက်ပြောင်းလဲဖော်ဆောင်နေသည်။

လေထဲတွင် အရိပ်များ ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ဆီးလ်တံဆိပ်များအား မီးပြင်းဖိုသို့ ထိမှန်စေလိုက်သည်။

"ချလွမ်.."

ရုတ်တရက် မီးပြင်းဖို၏ အဖုံးက ကောင်းကင်ထက်သို့ ပျံတက်သွား၏။

မီးပြင်းဖိုထဲတွင် မီးတောက်များကို လောင်မြိုက်စေပြီး မီးနဂါးများ တလိပ်လိပ်ဖြစ်နေသော ပုံစံကဲ့သို့ ဖြစ်ပေါ်နေသည်။

ထို့နောက်တွင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဆေးပင်များအား တစ်ပင်ပြီးတစ်ပင်ထုတ်ယူ၍ ဒယ်စောက်မီးပြင်းဖို အတွင်းသို့ ပစ်ထည့်နေသည်။

၎င်းတို့မှာ မီးတောက်တို့၏ ဝါးမျိုခြင်းကို ခံကြရ၏။

"သွားတော့.."

တိုးလျသောအော်သံနှင့်အတူ လွင့်မျောနေသော မီးနဂါးမြက်ပင်မှာ မီးပြင်ဖိုဆီသို့ ပျံသန်းသွားပြီး မီးတောက်ပင်လယ် အတွင်းသို့ ကျသွားသည်။

"ချလွမ်.."

​လေထဲတွင် ပျံသန်းနေသော မီးပြင်းဖို၏ အဖုံးမှာပြင်းထန်စွာကျဆင်းလာပြီး ဖုံးအုပ်ကာ လျှံထွက်လာသောမီးတောက်များအား မီးပြင်းဖိုအတွင်းသို့ ပြန်လည်ဝင်ရောက်သွားစေသည်။

ထိုအချိန်တွင် မီးပြင်းဖို အတွင်းရှိ စွမ်းအင်မှာ ကစဉ့်ကလျားဖြစ်နေပုံရပြီး စတင်၍ ပြင်းထန်စွာ တုန်ခါလာသည်။

လက်သင်္ကေတများမှာ ပိုမို၍ မြန်ဆန်လာ၏။

"ချလွမ်..ချလွမ်..ချလွမ်.ချလွမ်.."

သက်လတ်ပိုင်းအရွယ်လူမှာ မီးပြင်းဖိုအား စက်ဝိုင်းပုံစံပတ်နေသည်။

မန္တရားသန့်စင်အင်းစာလုံးတစ်ခုက သူ၏ လက်ဖဝါးထက်တွင် ပေါ်လာ၏။

သူကဦးတည်ချက်လေးဘက်လုံးမှာ မီးပြင်ဖိုအား ရိုက်လိုက်သည်။

တုန်ခါနေသော မီးပြင်းဖိုမှာ ချက်ခြင်း တည်ငြိမ်သွားသည်။

အရာအားလုံးမှာ တစ်ကြိမ်တည်းဖြင့်ပြီးသွားသည်။

ထိုအရာများအားပြုလုပ်ပြီးနောက် သက်လတ်ပိုင်းအရွယ်လူက သူ၏ ဝိညာဉ်စွမ်းအားအား မီးပြင်းဖိုထဲသို့ သွန်းလောင်းထည့်ကာ အမှန်တကယ်ဆေးလုံးများစတင်၍ သန့်စင်တော့သည်။

သူက မီးပြင်းဖိုအတွင်းမှ မီးတောက်အား ထိန်းချုပ်ရန်အတွက် သူ၏ ဝိညာည်ခွန်အားကို အသုံးပြုနေသည်။

မီးတောက်တိုင်းကဆေးအမယ်တို့၏ ပတ်လည်တွင် ဝန်းရံနေပြီး မီးတောက်၏ ပြင်းအားအား ရှင်းလင်းစွာ သတ်မှတ်ထားသည်။

"အခုပဲ.."

ရှစ်ဖုန့်က ယွဲ့ဝူရွမ်းအားသူ၏ ဝိညာဉ်စွမ်းအားဖြင့် အချက်ပြလိုက်သည်။

ယွဲ့ဝူရွှမ်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုအား အကောင်အထည်ဖော်လိုက်သည်။

ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ် ဆီးလ်တံဆိပ်က လောလောဆယ်တွင် သန့်စင်နေသော ကောင်းကင်ဘုံလေဂိုဏ်း၏ သန့်စင်သူအား တိတ်တဆိတ်တိုက်ခိုက်လိုက်သည်။

"အား.."

ကောင်းကင်ဘုံလေဂိုဏ်းမှ သက်လတ်ပိုင်းအရွယ်လူမှာ သူ၏ ဝိညာဉ်စွမ်းအားတို့အားလုံးအား မီးပြင်းဖိုထဲတွင် စူးစိုက်ထားသည်။

အစောပိုင်းက သူ၏ အားအနည်းဆုံးအခိုက်အတန့်အတွက် ပြင်ဆင်ထားခဲ့သော်လည်း ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်တံဆိပ်က သူ၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရုတ်တရက် သူ၏ မျက်နှာက အကျည်းတန်စွာ ပြောင်းလဲသွားပြီး အရူးတစ်ယောက်ကဲ့သို့ ကောင်းကင်ထက်မော့၍ အော်ဟစ်လိုက်သည်။

ရှစ်ဖုန့် ယွဲ့ဝူရွှမ်းအား ကြည့်လိုက်သောအခါတွင် သူမ၏ မျက်နှာလေးမှာ သေလုနီးပါး ​ဖြူဖျော့နေပြီး သူမ၏ ​ကိုယ်မှာ ပျော့ခွေနေသည်ကိုတွေ့ရသည်။

သူမက မြေပြင်ပေါ်တွင် ထိုင်နေပြီး ပြင်းထန်စွာဟောဟဲဆိုက်နေသည်။

အဆင့်လေး အဂ္ဂရိတ်ဆရာတစ်ဦးအား ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ် ဆီးလ်တံဆိပ်ဖြင့်စွမ်းအားအပြည့်တိုက်ခိုက်ရာတွင် ယွဲ့ဝူရွှမ်း၏ ဝိညာဉ်သည်လည်း အားနည်းသွားရသည်။

"လုပ်တာတော်တယ်.."

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကို ပြုံးပြလိုက်ပြီး လက်မထောင်ပြလိုက်သည်။

"အခုကျန်တာကို ငါ့ဆီလွှဲလိုက်တော့.."

"အကိုဖုန် ဘာဖြစ်တာလဲ.."

ကောင်းကင်ဘုံလေဂိုဏ်းမှ လူအား စောင့်ကြပ်ပေးနေသော လူနှစ်ယောက်မှာ တစ်ခုခုမှားယွင်းနေသည်ကို မြင်တွေ့ခဲ့ရပြီး သူတို့၏ ပမူအယာများမှာ စိုးရိမ်တကြီးပြောင်းလဲသွားသည်။

သူတို့က အလျှင်အမြန်စစ်ဆေးရန်သွားလိုက်ကြသည်။

"ချလွမ်...ချလွမ်...ချလွမ်.."

"ချလွမ်..ချလွမ်..ချလွမ်.."

အစက တည်ငြိမ်နေသော မီးပြင်းဖိုမှာ ထိန်းချုပ်မှုဆုံးရှုံးသွားရပြီး ၎င်း၏ စွမ်းအင်မှာ ဖရိုဖရဲဖြစ်လာသည်။

ရုတ်တရက်၎င်းမှာ ပြင်းထန်စွာ တုန်ခါလာ၏။

"မကောင်းတော့ဘူး...အကိုဖုန်ကို ကာကွယ်.."

ရွှေရောင်မြွေနဂါး ဝတ်ရုံဝတ်ထားသောသူက အော်လိုက်သည်။

ထို့နောက်သူက ကောင်းကင်ဘုံလေဂိုဏ်းမှလူအား ချက်ခြင်းသယ်ဆောင်ကာ အပြာရောင်ဝတ်ရုံလူနှင့် အဝေးကို အတူပျံသန်းထွက်လိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေသည်။

ရွှေရောင် ဒယ်စောက်မီးပြင်းဖိုကြီးမှာ ရုတ်ချည်း ပေါက်ကွဲသွားပြီး ကြမ်းကြုတ်သော မီးတောက်များက ကမ္ဘာဦးသားရဲတစ်ကောင် အရာအားလုံးအား ဝါးမျိုသကဲ့သို့ ဦးတည်ချက် အားလုံးအား လွှမ်းမိုးသွားသည်။

ဆယ်မီတာကျော်အကွာ၌ ရှိနေသော ရှစ်ဖုန့်ပင် သွေးနီရောင်မီးအား သူ၏ ကိုယ်၌ လောင်ကျွမ်းစေလိုက်ကာ ယွဲ့ဝူရွှမ်းအား ပွေ့ဖက်ထားလိုက်သည်။

နှစ်ယောက်စလုံးမှာ သွေး​နီရောင်မီးတောက်များ အဖြစ်တစ်ချိန်တည်းပြော​င်းလဲသွားပြီး လွှမ်းမိုးလာသော ပြင်းထန်သည့်မီးတောက်များကို ခုခံလိုက်သည်။

ပေါက်ကွဲမှုများပြီးသည့်နောက်တွင် အချင်းမီတာငါးဆယ် အကွာအဝေး၌ရှိသော အရာအားလုံးမှာ ဖျက်ဆီးခံလိုက်ရသည်။

၎င်းမှာ ကမောက်ကမ ရှုပ်ပွနေ​ပြီး အထူးသဖြင့် ပေါက်ကွဲမှုဖြစ်ပေါ်သော နေရာဖြစ်သည်။

နက်ရှိုင်းသော ချိုင့်ကြီးတစ်ခုပေါ်လာသည်။

ရှစ်ဖုန့်က သူ့ကိုယ်ပေါ်ရှိမီးတောက်အား ပြန်လည်သိမ်းဆည်းလိုက်သည်။

ထိုအချိန်တွင် အမည်းရောင်ပုံရိပ်နှစ်အခုက အပြင်းရောက်လာပြီး ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းတို့ရှေ့တွင် သက်ဆင်းလိုက်သည်။

ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းတို့ ပုန်းကွယ်နေသော ပင်ခြေပိတ်ပေါင်းတို့မှာ ပေါက်ကွဲမှုကြောင့် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး သူတို့၏ ပုံရိပ်များမှာ လုံးဝမြင်သာသွားပြီဖြစ်သည်။

သူတို့ရှေ့ရှိလူနှစ်ယောင်မှာအစောပိုင်းက ရွှေရောင်ဝတ်ရုံသက်လတ်ပိုင်းလူနှင့် အပြာရောင်ဝတ်ရုံ သက်လတ်ပိုင်းလူတို့ဖြစ်ကြသည်။

ဤအချိန်တွင် သူတို့၏ မျက်နှာ ထက်တွင် အမဲရောင်ပြာများ ဖုံးနေပြီး သူတို့၏ အဝတ်များက အစုတ်စုတ် အပြတ်ပြတ် ဖြစ်နေသည်။

သူတို့မှာ မီးသွေးမိုင်းထဲမှာ တွားသွားထွက်လာကြသော သူတောင်းစားများနှင့်ပင်တူနေသည်။

သူတို့တွင် အစောပိုင်းက မြင်တွေ့ခဲ့ကြရသည့် ခန့်ညားထည်ဝါသော အသွင်အပြင်တို့ မရှိတော့ဘဲ အလွန်စိတ်ပျက်စရာကောင်းပုံပေါက်နေသည်။

ထိုအချိန်တွင် ရွှေရောင်ဝတ်ရုံလူက ကောင်းကင်ဘုံလေဂိုဏ်းမှ သန့်စင်သူအား သူ၏ လက်တစ်ဖက်တွင် သယ်ဆောင်ထားသည်။

ဤအချိန်တွင် ၎င်းမှာ သတိမေ့နေပြီး ထိုနှစ်ယောက်ထက် ပိုမိုကောင်းမွန်သော အသွင်အပြင်ရှိမနေပါ​ချေ။

ကောင်းကင်ဘုံမီးတောက်၏ ကာကွယ်ပေးမှုအောက်တွင် ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းတို့၏ အဝတ်များမှာ အကောင်းတိုင်းရှိနေဆဲဖြစ်ပြီး ၎င်းတို့နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းပင်ဖြစ်သည်။

"မင်းတို့ရဲ့ဖောက်လွဲဖောက်ပြန်စုံတွဲမှာ ဒါကိုဘယ်သူလုပ်တာလဲ..မင်းတို့နှစ်ယောက်လုံး ဆိုးဆိုးရွားရွားကို သေဆုံးရလိမ့်မယ် ."

ရွှေရောင်ဝတ်ရုံနှင့်လူက ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းအား စိန်းစိန်းဝါးဝါးကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညာလက်ကရွှေရောင်အလင်းတောက်ပနေသော လက်သည်းပုံစံပြောင်းသွားပြီး ရှစ်ဖုန့်၏ ဦးခေါင်းအား ဖမ်းဆုပ်လိုက်သည်။

"ဟမ့်"

ရှစ်ဖုန့်က အေးစက်စွာ နှာမှုတ်လိုက်ကာ သူ၏ ဘယ်လက်သီးတွင် သိပ်သည်းသော အဖြူရောင်အလင်းတို့ ဖြစ်ပေါ်စေလိုက်သည်။

"ငရဲဘုံကိုးခုလက်သီး.."

သူကထိုးချလိုက်သည်။

"ဘန်း.."

လက်သီးနှင့် လက်သည်းဆို့ တွေ့ဆုံမိချိန်တွင် ရွှေရောင်ဝတ်ရုံနှင့်လူမှာ စွမ်းအားကြီးပြီး အေးစက်သော စွမ်းအင်က သူ၏ လက်ဖဝါးသို့ ပျံ့နှံ့လာပြီး တစ်ကိုယ်လုံးအား ဖြတ်သန်းစီးဝင်သွားသည်ကို ခံစားလိုက်ရသည်။

သူ၏ ကိုယ်မှာ ရုတ်ချည်း လေးမီတာ ငါးမီတာခန့် နောက်ပြန်လွင့်သွားသည်။

ထို့နောက် သူ၏လက်ထဲရှိကောင်းကင်ဘုံလေဂိုဏ်းမှ လူနှင့်အတူ

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။

"မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ.."

ရှစ်ဖုန့်က အထင်သေးစွာဖြင့် အေးစက်​စက်နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏ ငုံ့နေသောကိုယ်အား ဖြည်းဖြည်းချင်း ပြန်ထမတ်လိုက်သည်။

"မင်းကဘယ်သူလဲ.."

ရှစ်ဖုန့်က ရွှေရောင်ဝတ်ရုံနှင့်လူအား တစ်ချက်တည်းဖြင့် လွင့်သွားအောင်လုပ်ခဲ့သည်။

အပြာရောင်ဝတ်ရုံနှင့် လူ၏ မျက်နှာမှာ ပြင်းပြင်းထန်ထန်ပြောင်းလဲသွားပြီး သူအနေဖြင့်မဆင်မခြင် မပြုမူရဲပေ။

ဤပုဂ္ဂိုလ်က ငယ်ရွယ်သော်လည်း သူ၏ ကျင့်ကြံမှုကမခေပေ။

သူ့အနေဖြင့် ရွှေရောင်ဝတ်စုံလူ၏ ​ကျင့်ကြံမှုကို ရှင်းရှင်းလင်းလင်းကိုသိသည်။

၎င်းမှာ ကြယ်သုံးပွင့်ဘုရင်နယ်ပယ်ဖြစ်ပြီး သူနှင့်ကြယ်တစ်ပွင့်သာ ကွာလေသည်။

"ဘယ်လိုတောင်ပြန်တုန့်ပြန်ရဲတာလဲကွ.."

ရွှေရောင်ဝတ်ရုံနှင့်လူက သူ့အပေါ်ပိနေသော ကောင်းကင်ဘုံ​လေဂိုဏ်းမှလူအား ဘေးသို့တွန်းဖယ်ကာ မြေပြင်ပေါ်မှ ထရပ်လိုက်သည်။

သူ၏ အမူအယာမှာ ပို၍ စိတ်တိုလာပြီး ကြုံးဝါးလိုက်သည်။

"ငါ့ရဲ့ ကျင်းဖမ်း နန်းတော်က မင်းတို့တစ်မိသားစုလုံးကို မျိုးဖြုတ်ပစ်လိမ့်မယ်ကွ.."

"အဟွတ်... အဟွတ်..အဟွတ်...အဟွတ်..အဟွတ်."

ရုတ်တရက် ရွှေရောင်ဝတ်ရုံလူ၏ ခြေထောက်ဘေးမှ ချောင်းဆိုးသံ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံလေဂိုဏ်းမှ လူမှာ နှလုံးရောဂါရခဲ့သော လူတစ်ယောက်ကဲ့သို့ သတိရလာသည်။

သူ၏ ကိုယ်မှာ တုန်ရင်နေပြီး ဆေးလုံးအား သူ၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။

"အကိုဖုန်..ဘယ်လိုနေသေးလဲ.အဆင်ပြေရဲ့လား.."

ထိုလူသတိရလာသည်ကို တွေ့ရသောအခါတွင် ရွှေရောင်ဝတ်ရုံနှင့်လူက ချက်ခြင်းသူ့ကိုကြည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်၍မေးလိုက်သည်။

ရွှေရောင်ဝတ်ရုံနှင့်လူ၏ အကူအညီဖြင့် ကောင်းကင်ဘုံလေဂိုဏ်းမှ လူမှာထထိုင်လိုက်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်၍ ရှစ်ဖန့်နှင့်ယွဲ့ဝူရွမ်းတို့အား တုန်ယင်စွာ ဖြင့် ညွှန်ပြကာ အံ့ကိုကြိတ် ​တုန်ယင်နေသော လေသံဖြင့် ဒေါသတကြီးပြောလိုက်သည်။

"သူ..သူတို့ကို..မသန်မစွမ်း..လုပ်. ပစ်..အရေပြား..ဆုတ်...ဖြဲ..အရွတ်တွေ.."

"စိတ်မပူပါနဲ့ အကိုဖုန် ကျုပ်သေချာပေါက် အကို့အတွက်လက်စားချေပေးပါ့မယ်"

ရွှေရောင်ဝတ်ရုံနှင့်လူက တည်ကြည်ခိုင်မာသော အမူအယာဖြင့် ​ပြောလိုက်သည်။

ထို့နောက် လှည့်လိုက်ကာ သူ့ရှေ့ရှိ ဝတ်ရုံပြာနှင့်လူကိုပြောလိုက်သည်။

"လီလျိုရှင်း မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ...မြန်မြန်မလှုပ်ရှားသေးဘူးလား.."

ရှစ်ဖုန့်ကထိုအရာအား ကြားလိုက်ရသော အခါတွင် နှာမှုတ်လိုက်ပြီး သူ၏ နှုတ်ခမ်းတို့က တွန့်ကွေးသွားကာ အေးစက်စွာပြုံး၍ လီလျိုရှင်းဟုခေါ်သော သက်လတ်ပိုင်းအရွယ်လူအား ကြည့်လိုက်သည်။

လီလျိုရှင်းက ရှစ်ဖုန့်အား ကြည့်နေသော်လည်း မလှုပ်ရှားသေးပေ။

ရွှေရောင်ဝတ်စုံလူပြောသည်အား မကြားသကဲ့သို့ပင် ​ဖြစ်သည်။

သူကအလျှင်မလိုဘဲပြောလိုက်သည်။

"ငါအခု မှတ်မိပြီ..မင်းက ကောင်းကင်ဘုံလေဂိုဏ်းက လိုက်နေတဲ့လူငယ်လေးပဲ.."

သူ၏စကားတို့အား ကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်မျက်နှာထက်ရှိ သရော်ပြုံးမှာ ပိုကြီးလာသည်။

သွေးဓားရှည်က သူ၏ လက်ထဲတွင်ပေါ်လာပြီး သူကပြောလိုက်သည်။

"စကားတွေနဲ့ ထပ်ပြီး အချိန်ဖြုန်းနေစရာမလိုဘူး..မင်းတို့နှစ်ယောက်လုံး ငါ့ကို အတူတိုက်နိုင်တယ်..ငါအရမ်းအလျှင်လိုနေတယ်."

သူ၏ လေသံက ကြီးစိုးပြီး အထက်စီးဆန်လွန်းသည်။

၎င်းမှာ သူ၏ မျက်လုံးထဲတွင် ဘုရင်နယ်ပယ်နှစ်ယောက်အား ရှိမနေသကဲ့သို့ ပင်ဖြစ်၏။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters