← Chapters

အပိုင်း (၇၈)

Vol. 6 Ch. 78

အပိုင်း (၇၈)

Vol. 6 Ch. 78

"ဟီးဟီး. "

လီလျိုရှင်း ကရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ခေါင်းကိုခါယမ်း၍ သာရယ်နေသည်။

"ငါက ကောင်းကင်ဘုံလေဂိုဏ်းက လူမဟုတ်ဖူး..."

"ငါမင်းနဲ့ ရန်သူတွေ မဖြစ်ချင်ပါဘူး..."

"လီလျိုရှင်း..မင်း..."

လီလျိုရှင်း ၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ရွှေရောင်ဝတ်ရုံနှင့်လူမှာ ရူးသွပ်သွားသကဲ့သို့ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"အဲ့တာကသူတောင်းစားလေးတစ်ကောင်ပဲဟာကို...ငါတို့နှစ်ယောက် အတူပေါင်းတိုက်တာတောင်မှ အနိုင်မရမှာကို မင်းကကြောက်နေလို့လား.."

လီလျိုရှင်းက ရွှေရောင်ဝတ်စုံနှင့် လူအား လှည့်ကြည့်လိုက်ကာ ခေါင်းခါပြပြီးပြောလိုက်သည်။

"ငါဘာကိုမှ လုပ်မှာမဟုတ်ဖူး.."

လီလျိုရှင်း၏ စကားတို့အား ကြားလိုက်ရသောအခါတွင် မြေပေါ်တွင် အကြောများသေသလိုဖြစ်ကာ ထိုင်နေသော ကောင်းကင်ဘုံလေဂိုဏ်းမှလူမှာ တုန်ရင်လာပြီး ပို၍ ဒေါသအမျက် ခြောင်းခြောင်းထွက်လာသည်။

"လီလျိုရှင်း..လွန်ခဲ့တဲ့ရက်တွေမှာ မင်းငါ့ကိုမြှောက်ပင့်ပြီး မျက်နှာချိုသွေးနေခဲ့တယ်..ငါကလည်းမင်းကို ဆေးလုံးအချို့ကို ပေးခဲ့တယ်.."

"ငါသာ စောစောကြိုသိခဲ့ရင်...ငါအဲ့ဆေးလုံးတွေအကုန်လုံးကို ခွေးကျွေးပစ်ခဲ့တယ်.."

"အဟွတ်..အဟွတ်..အဟွတ်.အဟွတ်..အဟွတ်"

စိတ်၏ လှုပ်ရှားမှုတို့ အရမ်းများသွားသောကြောင့် ဖုန်အမည်နဲ့လူမှာ ရုတ်တရက်ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။

"မင်းဒီနေ့ အဲ့တာကိုလုံးဝမလုပ်ဖူးဆိုရင် ဒီနေ့ကစပြီး မင်းဟာ ငါ့ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ရန်သူဖြစ်လိမ့်မယ်.."

"အကိုဖုန်.."

လီလျိုရှင်းက ယခင်အတိုင်း မထူးခြားနားသော အမူအယာဖြင့်ခေါင်းခါလိုက်သည်။

"ကျုပ်လည်း ခင်ဗျားပေးတဲ့ဆေးလုံးတွေကို စားသုံးပြီးနေပြီ..ဒီတော့ အခုခင်ဗျားပြောနေတာတွေက ဘာကိုဆိုလိုချင်နေတာလဲ.."

"အဲ့ထက်ပိုတာက.အခုချိန်မှာ ခင်ဗျားဟာ အမှိုက်လိုလူတစ်ယောက်ဖြစ်နေပီ.."

"ခင်ဗျားဟာ မြင့်မားပြီး အလွန်အရေးပါတဲ့ အတိတ်က လို အဆင့်လေးပညာရပ်တွေနဲ့ သန့်စင်သူတစ်​ယောက် ထပ်ပီးမဟုတ်တော့ဘူး.."

"ခင်ဗျား ကောင်းကင်ဘုံလေဂိုဏ်းကို ပြန်ရင်တောင်မှ အရင်ကလို တူညီမှုတွေရှိတော့မှာ မဟုတ်ဖူးဆိုတာကို ခင်ဗျားက ကျုပ်ထက်ပိုသိပါတယ်..."

"မင်း..ဝေါ့. "

ကောင်းကင်ဘုံလေဂိုဏ်းမှလူမှာ လီလျိုရှင်း၏ စကားတို့အားကြားသော အခါတွင် အရမ်းဒေါသထွက်ရသောကြောင့် လည်ချောင်းဝမှသွေးတို့တက်လာပြီး ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။

ရှစ်ဖုန့်နှင့် ယွဲ့ဝူရွှမ်းတို့၏ မျက်နှာထက်တွင်လည်း အံ့အားသင့်မှုတို့ဖြည့်ပြည့်နေပြီး တစ်ယောက်ကို တစ်ယောက်ကြည့်မိလိုက်ကြသည်။

ဤကိစ္စ၏ ဖြစ်ပျက်လာမှုတို့က သူတို့ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်သွားပြီဖြစ်၏။

"လီလျိုရှင်း.."

ရွှေရောင်ဝတ်ရုံနှင့်လူက ကြုံးဝါးလိုက်သည်။

"မင်းငါ့ရဲ့ ကျင်းဖမ်း အိမ်တော်ကိုလာ​နေတဲ့ အချိန်တုံးက ငါဟာမင်းကို စားကောင်းသောက်ဖွယ်တွေနဲ့ ဝိုင်းအကောင်းစားတွေကို နေ့တိုင်း တည်ခင်း​ဧည့်ခံခဲ့တယ်..ငါမင်းကိုခွေးတွေလိုများ တကယ်ကျွေးမွေးခဲ့လို့လား.."

"နေပါအုံး.."

ရွှေရောင်ဝတ်ရုံနှင့်လူမှာ ရုတ်တရက် တစ်စုံတစ်ခုအား သဘောပေါက်သွားပုံရသည်။

သူ၏ အကြည့်အား လီလျိုရှင်းထံမှာ ကောင်းကင်ဘုံလေဂိုဏ်းမှ လူထံသို့ ပြောင်းလဲကြည့်လိုက်သည်။

"အကိုဖန်...ခင်ဗျား ဒုက္ခိတတစ်ယောက်ဖြစ်သွားပြီလား.."

"ဝေါ့"

ရွှေရောင်ဝတ်စုံနှင့်လူ၏ ပြောင်းလဲမှုများနှင့် မေးခွန်းတို့အား မြင်ရကြားရသော အခုတွင် ကောင်းကင်ဘုံ​လေဂိုဏ်းမှလူမှာ နောက်ထပ် ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြန်သည်။

ဤတစ်ကြိမ်၌သူလုံးဝအားနည်းသွားရသည်။

ရွှေရောင်ဝတ်ရုံနှင့်လူက လီလျိုရှင်းအား ထူးဆန်းသော အမူအယာဖြင့်ကြည့်ကာ မေးလိုက်သည်။

"သူတကယ်ပဲ ဒုက္ခိတဖြစ်သွားတာလား.."

"ဒုက္ခိတဖြစ်သွားခဲ့တာ.."

လီလျိုရှင်းက အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။

"အာ.."

ရွှေရောင်ဝတ်ရုံနှင့်လူက မှင်တက်မိနေသော အမူအယာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

သူဘာတွေးနေသည်အား မည်သူမျှ မသ်ိကြချေ။

ဤအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြောင့် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှလူများမှာ တစ်​ယောက်ပြီးတစ်ယောက် အပြေးရောက်လာကြသည်။

သူတို့ကရှစ်ဖုန့်အား မြင်လိုက်သော အခါတွင် သိပ်မဝေးသော နေရာ၌ ရပ်နေလိုက်ကြ၏။

ရွှေရောင်ဝတ်ရုံနှင့်လူက ရှစ်ဖုန့်အားမကြည့်ခင် ထိုလူများနှင့် မိစ္ဆာဝံပုလွေတို့ကို တစ်ချက် သမန်ကာလျှံကာကြည့်လိိုက်သည်။

"လီလျိုရှင်း မင်းဘာမှမလုပ်ဖူးလို့ပြောခဲ့တယ်မလား.."

"မလုပ်ဖူး.."

လီလျိုရှင်းက ခိုင်မာစွာပြောသည်။

"ကောင်းတယ်.."

ရွှေရောင်ဝတ်ရုံနှင့်လူက ခေါင်းညိမ့်လိုက်သည်။

"ဒီ သူတောင်းစားလေးက အရမ်းငယ်သေးတယ်"

"ဒီအသက်အရွယ်နဲ့ သူက ငါနဲ့တောင်ပခုံးခြင်းယှဉ်နိုင်တဲ့ စွမ်းရည်တွေရှိနေပြီ.."

"သူ့ဆီမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်.."

"ငါသာ သူ့ကို မသန်မစွမ်းဖြစ်အောင်လုပ်နိုင်ပြီး နှိပ်စက်ညှင်းပန်းနိုင်ရင်အဲ့လျှို့ဝှက်ချက်တွေက ငါ့ရဲ့ ကျင်းဖမ်း အိမ်တော်နဲ့ သက်ဆိုင်သွားလိမ့်မယ်..."

"ဒါဆိုလ​ည်း မင်းမှာအဲ့လို စွမ်းရည် ရှိမရှိကြည့်တာပေါ့.."

ရှစ်ဖုန့်၏ အမူအယာမှာ သွေးအေးလှပြီး သူ၏လက်ထဲတွင်ဓားကိုကိုင်ကာ ရွှေရောင်ဝတ်ရုံလူထံလျှောက်သွားသည်။.

"စိတ်ကြီးဝင်မနနဲ့.."

ရွှေရေုင် ဝတ်ရုံလူက ကြုံးဝါးလိုက်သည်။

"တကျင်း"

"ရွှီး..."

ကောင်ကင်ထက်တွင် ရုတ်တရက် အော်မြည်သံထွက်ပေါ်လာသည်။

ကောင်းကင်ထက်မှာ ထွန်းလင်းဝင်းပသော ရွှေရောင်အလင်းတစ်ခု တောက်ပလာသည်။

ကြီးမားသော ရွှေရောင်လင်းယုန်ငှက်ကြီးတစ်ကောင်က ကောင်းကင်ထဲတွင်ပေါ်လာ၏။

၎င်းမှာရွှေရောင်တောက်ပနေပြီး ခံံ့ညားထည်ဝါသောပုံစံပေါ်သည်။

၎င်းကသူ၏ အတောင်တို့ကိုဖြန့်ကျက်ကာ စက်ဝိုင်းပုံစံဝဲပျံနေ၏။

ရှစ်ဖုန့်က ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီးရွှေရောင်လင်းယုန်ငှက်အား တီးတိုးရေရွတ်လိုက်သည်။

"သူ့ကိုယ်ထဲမှာ ရှေးဦးဖမ်းသားရဲရဲ့ မျိုးဆက်သွေးလက္ခဏာတွေရှိတယ်.."

"ကံကောင်းတာက ခွပ်တစ်ခွက်စာ​လောက်ပဲရှိပြီး အဆင့်လေးရဲ့အလယ်အလတ်အဆင့်လောက်ပဲရှိနေတာပဲ.."

"ဟားဟားဟား..ဟားဟားဟား.."

ရွှေရောင်ဝတ်ရုံနှင့်လူက ခေါင်းကို နောက်လှန်၍ ကျယ်လောင်စွာ အော်လိုက်သည်။

ရုတ်တရက်သူ၏ စိတ်ဝိညာဉ်မှာမြင့်တက်လာသည်။

သူ၏ ကျောမှာ​ပြန့်ပြန့်ရန့်ရန့်ဆန့်နေပြီး အရာအားလုံးမှာသူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ သာလွန်သော ရောင်ဝါတို့ကို ထုတ်ဖော်ပြထား၏။

ကောင်းကင်ထက်ရှိ ရွှေရောင်လင်းယုန်ကြီးက သူ၏ အတောင်တို့ကို ပြန့်ကားချက် သက်ဆင်းလာသည်။

တောအုပ်တစ်ခုလုံး ရုတ်ချည်းလေများ တစ်ဟူးဟူး တိုက်ခတ်လာပြီး မူလက လေထဲတွင် ပြည့်နှက်နေသော အစိမ်းရောင်အဆိပ်မြူတို့မှာ အဝေးသို့ လွင့်ပျယ်ထွက်သွားသည်။

"ဟားဟားဟားဟားဟားဟား.."

ရွှေရောင်ဝတ်ရုံနှင့်လူမှာ ဆက်လက်၍ ကျယ်လောင်စွာရယ်မောနေသည်။

သူ၏ ​ခြေထောက်တို့ကိုလှုပ်ရှားလိုက်ကာ သူ၏ ကိုယ်အား ဟင်းလင်းပြင်ဆီသို့ ဦးတည်လိုက်သည်။

အမြင့်ခုနှစ်မီတာရှစ်မီတာအရောက်တွင် သူခြေထောက်မှဖြစ်ပေါ်စေသော အားမှာ ကျဆင်းလာသည်။

ထိုအချိန်တွင် အစောပိုင်းက ပျံသန်းနေသော လင်းယုန်ငှက်ကြီးမှာ သူ၏အောက်သို့ရောက်လာပြီး သူ၏ ကျလာသောကိုယ်အား ဖမ်းယူလိုက်သည်။

သူ၏ လက်အားဖျက်ခနဲ လှုပ်လိုက်သော အခါတွင် ရွှေရောင်မြွေနဂါးဝတ်ရုံအသစ်ကသူ၏ လက်ထဲပေါ်လာ၏။

သူကထိုအရာအား ချက်ခြင်းဝတ်ဆင်လိုက်သည်။

ထို့နောက် သူ၏ သိုလှောင်လက်စွပ် အတွင်းမှ ရွှေရောင်လှံရှည်ကို ဆွဲထုတ်လိုက်ပြီး သူ၏ လက်ထဲတွင် ကိုင်ထားလိုက်သည်။

သေခြင်းနှင့်ရှင်ခြင်းတို့ အပေါ်တွင် ထိန်းချုပ်နိုင်သော ဘုရင်တစ်ပါးကဲ့သို့ သူကရှစ်ဖုန့်အား လက်ညှိုးထိုးကာ ပျင်းရိလေးတွဲစွာဖြင့် ပြောလိုက်သည်။

"သူတောင်းစားလေး ဒူးထောက်ပြီးတော့ မင်းရဲ့ လျှို့ဝှက်ချက်ကိုပြောပြစမ်း ...ငါစိတ်ကျေနပ်ရင် မင်းအလောင်းကို ပကတိအတိုင်းထားပေးမယ်.."

ရှစ်ဖုန့်မှာ ၎င်းနှင့်စကားပြော၍ စိတ်အနှောက်အယှက် ဖြစ်ခံပြီး အချိန်မဖြုန်းချင်ပေ။

သူက သူ၏ဓားဖြင့်ခုတ်ပိုင်း၍ တုန့်ပြန်လိုက်သည်။

အဖြူရောင် လခြမ်းကွေးသဏ္ဍန်ဓား စွမ်းအင်းက လေကိုခွင်းသွားကာ လင်းယုန်ငှက်ထံသို့ ဦးတည်နေ၏။

"မင်းက မင်းအတွင်ဘာကကောင်းတယ်ဆိုတာကို မသိဘူးပဲ.."

"မင်းအလောင်း အစိတ်စိတ်အမွှာမွှာ ဖြစ်ခံရတဲ့အထိကို စောင့်နေစမ်းပါ.."

ရွှေရောင်ဝတ်ရုံလူက အော်လိုက်သည်။

သူ၏ ရွှေရောင်လှံက စူးရှသော ရွှေရောင်အလင်း တောက်ပလာပြီး လခြမ်းကွေး သဏ္ဍန်ဓားစွမ်းအင်ထဲသို့ ထိုးချလိုက်သည်။

ထိုအချိန်တွင် သူ၏ အောက်ရှိ လင်းယုန်ငှက်က အတောင်တို့အား စတင်၍ခတ်လိုက်သည်။

ရွှေရောင်အလင်းတို့ လှစ်ခနဲဖြစ်လာပြီး ရွှေရောင်ငှက်မွှေးတို့က သူ၏ အတောင်တို့မှပြုတ်ကျလာကာ ရာထောင်ချီသော ရွှေရောင်ဓားသွားတို့နှယ်ပင်ဖြစ်သည်။

၎င်းတို့ က မိုးကဲ့သို့ ရွာသွန်းကာ ရှစ်ဖုန့်အား အပိုင်းပိုင်းလုပ်ပစ်ရန် ကြိုးစားကြသည်။

အခြားတစ်ဖက်တွင် ရှစ်ဖုန့်၏ အဖြူရောင်ဓားချီမှာ ရွှေရောင်ငှက်မွှေးတို့၏ လုံးဝနီးပါးဖျက်ဆီးမှုကို ခံလိုက်ရပြီး ရွှေရောင်လှံ၏ အပြီးတိုင်ဖျက်ဆီးမှုကိုခံလိုက်ရသည်။

"အားလုံးကိုသန့်စင်ပစ်"

ရှစ်ဖုန့်က ကျယ်လောင်စွာအော်လိုက်သည်။

ထို့နောက်ချက်ခြင်းသူ၏ ကိုယ်တွင် အနီရောင်မီးတောက်တို့အား ထွန်းညှိလိုက်သည်။

မျက်စိတစ်မှိတ်အတွင် သူက သွေးနီရောင်မီးပင်လယ်တစ်ခုအဖြစ်သို့ပြောင်းသွားကာ ဟင်းလင်းပြင်ဆီ ပျံ့နှံ့သွားပြီး ကျဆင်းလာသော ရွှေရောင်ငှက်မွှေးတို့အား ဖုံးလွှမ်းသွားသည်။

"မဟုတ်ဖူး.မဟုတ်ဖူး..မဟုတ်ဖူး. "

ကောင်းကင်ထဲတွင် ရွှေရောင်ငှက်မွှေးများမှာ သွေးနီရောင်မီးပင်လယ်၏ ဝါးမျိုမှုခံရခြင်းအား ရွှေရောင်ဝတ်ရုံလူမှာတွေ့လိုက်ရသည်။

သွေးနီရောင်မီးတောက်တို့ကြောင့် ရွှေရောင်ငှက်မွှေးတို့ အရည်ပျော်နေသည်ကို သူအာရုံခံမိသည်။

ဤ ငှက်မွေးများမှာ ရွှေရောက်လင်းယုန်ငှက်ကြီး၏ အခြားသော ငှက်မွှေးများနှင့်မတူကြပေ။

၎င်းတို့မှာ ရွှေရောင်လင်းယုန်ငှက်ကြီး၏ အဖိုးအတန်ဆုံး၊အထက်ရှဆုံး၊ အမာကျောဆုံးသော လက်နက်များဖြစ်ကြသည်။

ဤလှုပ်ရှားမှုမှာ အဆင့်လေး အလယ်အလတ်အဆင့် နတ်ဆိုးသားရဲ ရွှေရောင်လင်းယုန်ငှက်၏ အစွမ်းထက်ဆုံးသော ဝှက်ဖဲကတ်များဖြစ်သည်။

ရွှေရောင်သိန်းငှက်မှာ ကျင်းဖမ်းအိမ်တော်တွင် ကလေးဘဝကတည်းက ပျိုးထောင်ခံခဲ့ရခြင်းဖြစ်သည်။

ဆယ်နှစ်ကြာပျိုးထောင်ပြီးသည့်နောက်တွင် ၎င်း၏ ရွှေရောင်ငှက်မွှေးတို့မှာ လွန်စွာကြီးထွားလာခဲ့၏။

ယခုတော့ ၎င်းတို့အားလုံးမှာ ဟိုတစ်စုသည်တစ်စုဖြစ်ပြီး သွေးနီရောင်မီးပင်လယ်၏ လောင်ကျွမ်းမှုကိုခံလိုက်ကြရသည်။

၎င်းတို့ဤကဲ့သို့ နောက်တစ်ကြိမ်ထပ်မံ၍ ကြီးထွားလာရန်အတွက် အချိန်မည်မျှ ယူရမည်မှန်း မည်သူမျှ မသိကြချေ။

"ခွေးမသား..မင်းဆိုးဆိုးရွားရွားကိုသေရမယ်.."

ရွှေရောင်ဝတ်ရုံလူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ငါမင်းကိုယ်ကို အပိုင်းပိုင်းခုတ်ပစ်ပြီး ခွေးစာကျွေးပစ်မယ်.."

"ငါမင်းတစ်မိသားစုလုံးကို မျိုးဖြုတ်ပစ်မယ်..တစ်မိသားစုလုံးကို မျိုးဖြုတ်ပစ်မယ်ကွ.."

"ငါမင်းမျိုးဆက်တွေကိုပါ ဖြတ်တောက်ပစ်မယ်..အား....သတ်"

ရွှေရောင်ဝတ်ရုံလူမှာ ကျယ်လောင်စွာအော်နေသကဲ့သို့ နဖူးသွေးကြောတို့မှာလည်း ထောင်လာသည်။

သူ၏ အမူအယာမှာ ဒေါသချောင်းချောင်းထွက်နေပြီး သူ့အောက်ရှိ လင်းယုန်ငှက်ကြီးက မီးပင်လယ်အောက်သို့ ထိုးဆင်းလိုက်သည်။

ရွှေရောင်လှံတွင် ရွှေရောင်အလင်းက နောက်တစ်ဖန် တောက်ပလာပြန်ကာ အောက်သို့ ကြမ်းကြုတ်စွာထိုးချလိုက်သည်။

ရွှေရောင်ဖမ်း အရိပ်ပေါ်လာပြီး သွေးပင်လယ်အား ခုန်အုပ်လိုက်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters