အပိုင်း (၈၀)
Vol. 6 Ch. 80
"အဟွတ်. အဟွတ်.. အဟွတ်..အဟွတ်"
လီလျိုရှင်းက ရုတ်တရက် ချောင်း နှစ်ကြိမ်ခန့်ဆိုးလိုက်သည်။
"ညီကိုတစ်ယောက်က ကျုပ်ကို ဘယ်သူလဲလို့ မေးတာကို ကျုပ်မှတ်မိပါသေးတယ်.."
လီလျိုရှင်း၏ လက်ရှိ အသွင်အပြင်အရ သူ့အနေဖြင့် အကြောင်းအရာခေါင်းစဉ်အား ပြောင်းချင်နေသည်မှာ သိသာသည်။
"သူက စကားလမ်းကြောင်းပြောင်းချင်နေတာပဲ.."
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
"ဟုတ်တယ်..ဟုတ်တယ်.."
သူ၏ဘေးရှိလူက ခေါင်းငြိမ့်လိုက်သည်။
လီလျိုရှင်းက သူ၏ နှုတ်ခမ်းတို့ကိုတွန့်ကွေးပြီးအေးစက်စွာပြုံးလိုက်သည်။
သူက လှည့်၍ သူ၏ခေါင်းကိုအနည်းငယ်မော့ကာ သူ၏မျက်နှာအား သိုင်းသမားဆယ့်လေးယောက် ရှေ့တွင်လှစ်ဟာပြလိုက်သည်။
"လူတိုင်းက ကျုပ်ကိုအခုထိ မတွေ့ဖူးတာများ ဖြစ်နိုင်မလား.."
"ဒီ..ဒီပုဂ္ဂိုလ်က...သူကဘယ်သူတုံးဟ.."
"မင်းသူ့ကို အရင်ကမြင်ဖူးလား..သူပြောတာကြားရသလောက်နဲ့ သူ့ပုံစံကြည့်ရတာ သူမှာကြီးမားတဲ့နောက်ခံတစ်ခုတော့ ရှိပုံရတယ်..."
တစ်စုံတစ်ယောက်က သူ့ဘေးမှလူအား တီးတိုးပြောလိုက်သည်။
"ဟင့်အင်း ငါ့သူ့ကိုအရင်ကတစ်ခါမှ မမြင်ဖူးဘူး.."
"ဒါပေမဲ့ ဆရာဖုန်နောက်ကိုလိုက်နေပြီး ဆေးတွေကို ကလိမ်ကျစားနိုင်တယ်ဆိုကတည်းက သူ့မှာနောက်ခံကောင်းတစ်ခုတော့ ရှိသင့်တယ်.."
"အမှန်ပဲ.."
လီလျိုရှင်းက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းသမားတို့ကိုကြည့်လိုက်ပြီး သူ့မျက်နှာထက်ရှိ အေးစက်သော အပြုံးမှာပိုပီပြင်လာသည်။
သူကခေါင်းကိုနောက်တစ်ကြိမ်အနည်းငယ်မော့ကာ အသံနိမ့်ဖြင့်ပြောလိုက်သည်။
"ပန်းကြွေဓား လီလျိုရှင်း.."
သူစကားပြောပြီးသောအခါတွင် ကောင်းကင်ထက်၌ ပွင့်ချပ်တို့က ရုတ်တရက်ပြည့်နှက်လာပြီး တစ်ဖျပ်ဖျပ် သူ၏ ကိုယ်ပေါ်သို့ ရစ်ဝဲကျလာသည်။
၎င်းတို့မှာ ပန်းရောင်၊အဝါ၊ခရမ်း၊အစိမ်း၊အဖြူ၊အနီ၊အပြာ အစရှိသည်ဖြင့်ဖြစ်ကြသည်။
၎င်းတို့အားလုံးမှာ ပန်းပေါင်းစုံ၏ ပွင့်ချက်များဖြစ်ကြသော်လည်း ပြည့်စုံမှုတော့မရှိကြပေ။
၎င်းတို့မှသေးငယ်ပြီး ပျက်စီးနေသော ပန်းပွင့်တစ််ခု၏ပုံစံနှင့် ကိုက်ညီမှုရှိသည်။
လီလျိုရှင်း၏ အပြာရောင်ဝတ်စုံနှင့် ဆံပင်အရှည်တို့မှာ ကောင်းကင်ထက်တွင် ပြည့်နှက်နေသော ပန်းပွင့်ချပ်တို့နှင့်အတူ ကခုန်နေသည်။
၎င်းတို့မှာသဘာဝဆန်ပြီး တားဆီးမရသော ဟန်ပန်ဖြင့်ကခုန်နေသည်။
လီလျိုရှင်းက သူ၏ လက်ထဲရှိဓားအား တင်းကျပ်စွာ ဖမ်းဆုပ်ထားသည်။
သူ၏နှုတ်ခမ်းပေါ်ရှိ အပြုံးတို့က သူ့ရှေ့ရှိလူများအား
"အခုမင်းတို့ရှေ့မှာရပ်နေတဲ့သူက ဘယ်သူဆိုတာကို မင်းတို့သိသင့်နေပြီ"ဟု ပြောနေသကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်လီလျိုရှင်းက ကဗျာတစ်ပုဒ်ကိုပင် လေသံနိမ့်နိမ့်ဖြင့် ရွတ်ပြလိုက်သေးသည်။
"လူတစ်ယောက် ပန်းခင်းကြီးတဲ့ ဖြတ်လျှောက်နေစဉ်မှာ သစ်ရွက်တစ်ရွတ်တောင်မှ သူ့ကိုယ်ကို ထိမနေဘူး.."
"ပန်းကြွေဓား လီလျိုရှင်းလား.."
"အဲ့လူကဘယ်သူတုံး. "
"မင်းရော သူ့အကြောင်းကိုကြားဖူးလား.."
"ဟင့်အင်း..ငါလဲတစ်ခါမှ မကြားဖူးဘူး...မင်းတို့ကောင်တွေကရော.."
"ဟင့်အင်း.."
"သူဘယ်ကလာလဲငါ သိချင်မိသား..သူကနမည်ကျော်ကြားတဲ့ပုံလည်း မပေါ်ပါဘူးကွာ.."
"သူ့ကိုလျစ်လျူရှုထားလိုက်...သူက ဆရာဖုန်ဆီကနေ ဆေးတွေလိမ်စားတဲ့ ငနဲပဲ ...ငါသူ့လိုလူတွေကို အရွံဆုံးပဲ.."
"ဟူး.."
လေပြေအေးတစ်ချက်အဝေ့တွင် ပွင့်ချပ်တို့ လွင့်ပျယ်သွားကာ လီလျိုရှင်းအား တစ်ယောက်တည်းချန်ထားရစ်ခဲ့သည်။
ထိုအချိန်၌ လီလျိုရှင်းမှာ ထူးထူးခြားခြား အထီးကျန်ဆန်မှုကို ခံစားနေရ၏။
"မင်းတို့အားလုံးက ဒီမှာပဲကိုး.."
ရုတ်တရက် နက်ရှိုင်းသော အသံတစ်ခုက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှသူများ၏ နောက်မှထွက်ပေါ်လာသည်။
ထိုအသံအားကြားလိုက်ရသော အခါတွင် သိုင်းသမားတို့၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်လှုပ်သွားကြသည်။
သူတို့ကနောက်ကို အလျှင်အမြန်လည့်၍ ဒူးတစ်ဖက်ထောက်ချလျှက် အော်ပြောလိုက်ကြသည်။
"ငယ်သားတို့ ခေါင်းဆောင်ကိုနှုတ်ခွန်းဆက်သပါတယ်."
"ငယ်သားတို့ ဒုခေါင်းဆောင်ကို နှုတ်ခွန်းဆက်သပါတယ်.."
ရောက်ရှိလာသောသူမှာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ကြယ်သုံးပွင့် ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူ ဟယ်လုံဖြစ်သည်။
သူ့ဘေးတွင် ရပ်နေသောသူမှာ မိစ္ဆာဝံပုလွေကြေးစား အဖွဲ့၏ ဒုခေါင်းဆောင် ဖြစ်သူ ဝေ့ဟန်ဖြစ်သည်။
သူတို့၏နောက်တွင် မိစ္ဆာဝံပုလွေတို့အားစီးနင်းထားသော သိုင်းသမား သုံးဆယ့်တစ်ယောက်ရှိသည်။
သူတို့၏ လက်ထဲတွင် ဓားများအားကိုင်ဆောင်ထားကြကာ သူတို့မျက်နှာထက်၌ သတ်ဖြတ်ခြင်း အာရုံတို့ဖြင့် ပြည့်နေ၏။
တစ်ချက်ကြည့်ရုံဖြင့် လူတစ်ယောက်မှာ သတ်ဖြတ်ခြင်းအာရုံယဲ့ယဲ့ကို ခံစားမိနိုင်သည်။
ဤလူသုံးဆယ့်တစ်ယောက်မှာ ဟယ်လုံ၏ အမိန့်အောက်တွင် ရှိနေသော မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ အထူးအဖွဲ့ဖြစ်သည်။
သူတို့က ဟယ်လုံနှင့်အတူ သေခြင်းရှင်ခြင်းတို့အား နှစ်ပေါင်းများစွာဖြတ်ကျော်ခဲ့ကြသူများဖြစ်ကြပြီး အားလုံး၏ သိုင်းပညာ ကျင်ကြံမှု နယ်ပယ်မှာ စိတ်ဝိညာဉ်နယ်ပယ်များဖြစ်ကြသည်။
သူတို့တစ်ယောက်ခြင်းစီ၏ အောက်တွင် မြင့်မားသော အဆင့်သုံး မိစ္ဆာဝံပုလွေတစ်ကောင်စီအား စီးနင်းထားကြ၏။
ဟယ်လုံ၏ အမိန့်အောက်တွင် မိစ္ဆာဝံပုလွေ သုံးဆယ့်သုံးယောက်ရှိသည်ကို နတ်ဆိုးသားရဲမြို့ရှိလူတိုင်းသိကြသည်။
ဟယ်လုံက သူတို့ကိုခေါင်းဆောင်ပြီး သူတို့မှာ ကျော်လွှား၍ မရနိုင်သော သူများဖြစ်ကြ၏။
နတ်ဆိုးသားရဲမြို့တော်ရှိလူများမှာ မိစ္ဆာဝံပုလွေသုံးဆယ့်သုံးယောက်အကြောင်းကြားရသော အခါတွင် အလွန်ကြောက်ရွံ့ထိန့်လန့်ကြသည်။
မိစ္ဆာဝံပုလွေသုံးဆယ့်သုံးယောက်တွင် တစ်ဖက်မှသုံးဆယ့်တစ်ယောက်အပြင် ကျန်နေသောသူမှာ ဟယ်ရွှယ်အားကာကွယ်ရန် ဝေ့ဟန်လွတ်လိုက်သော ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့ဖြစ်ကြသည်။
ဟယ်လုံမှာ ဒေါင်မြင့်မြင့် နှင့်တုတ်ခိုင်သန်မာသောသူဖြစ်ကြီး တစ်ဒသမကိုးမီတာခန့်အရပ်ရှည်သည်။
သူက အနက်ရောင် ဆာမူရိုင်းပုံစံဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းထက်တွင် ဓားတစ်ချောင်းပါသော ခေါင်းဆောင်းရှိသည်။
သူသည် ရက်စက်သောအသွင်အပြင်ရှိကာ သူ၏ မျက်နှာထက်တွင် တီကောင်များကမျက်နှာထက်တွားသွားနေသကဲ့သို့ အမာရွတ်များဖြင့်ပြည့်နေသည်။
ဟယ်လုံ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေ၏။
ဤသိုင်းသမားဆယ့်လေးယောက်တို့အား တစ်ချက် သိမ်းကြုံးကြည့်ပြီးသည့်နောက်တွင် သူ၏ အကြည့်က သူတို့၏ နောက်တွင် ရပ်နေသော လီလျိုရှင်းထံရောက်သွားသည်။
သူ၏ အမူအယာမှာ အနည်းငယ်ပြောင်းလဲသွား၏။
ဤနေရာ၌ သူ၏ ကျင့်ကြံမှုအဆင့်ထက်သာလွန်သော ကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်တကယ်ရှိနေလိမ့်မည်ဟု သူလုံးဝမျှော်လင့်ထားခဲ့ခြင်း မရှိပေ။
ထို့နောက် မနီးမဝေးအတွင် အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ဦးအားတွေ့ရပြီး ထိုသူမှာ ဝေ့ဟန်သူ့အားလမ်းတွင်ပြောခဲ့သော ကမ္ဘာ့နံပါတ်တစ် ဆေးဝါးဖော်စပ်သူ ချင်ယူဖန်း၏ တပည့်ယွဲ့ဝူရွှမ်းဖြစ်ရမည်ဟု တွေးမိလိုက်သည်။
အပြာရောင်ဝတ်ရုံနှင့်လူမှာ ယွဲ့ဝူရွှမ်း၏ ကိုယ်ရံတော်ဖြစ်နိုင်လောက်သည်။
အတွေးတို့ကို ဘေးဖယ်ထုတ်ကာ ဟယ်လုံက သိုင်းသမားဆယ့်လေးယောက်အား အသံနိမ့်ဖြင့် မေးလိုက်၏။
"မင်းတို့ရဲ့ လူငယ်ခေါင်းဆောင်ရော ဘယ်မှာလဲ.."
ထိုစကားများပြောပြီးပြီးချင်း မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမား ဆယ့်လေးယောက်မှာ တုန်လှုပ်သွားကြသည်။
နောက်ဆုံးတွင် အထီးကျန်ဝံပုလွေကပဲ စကားပြောလိုက်၏။
"ခေါင်းဆောင်ကိုတင်ပြပါတယ်...လူငယ်ခေါင်းဆောင်က အသတ်ခံလိုက်ရပါပြီ.."
"ဘာကွ.."
ဟယ်လုံ၏ မျက်လုံးတို့မှာ ပြူးလာပြီး သူ၏ အသွင်အပြင်မှာ ပို၍ပင်ကြမ်းကြုတ်ပြင်းထန်လာသည်။
သူက အထီးကျန်ဝံပုလွေထံ တိုက်ရိုက် လျှောက်သွားပြီး ၎င်း၏ အင်္ကျီအား ဖမ်းဆဲ၍ မြေပေါ်မှဆွဲမကာ အော်ငေါက်လိုက်သည်။
"သတ်ခံရတယ်....ဘယ်ကောင်ကသတ်တာလဲကွ.."
"သူသေရအောင် မင်းတို့ကောင်တွေက ဘာလုပ်နေကြလို့လဲ.."
"ငါ့သားကသေနေပြီး...မင်းတို့ကောင်တွေကရော ဘာလို့ အသက်ရှင်နေရတာလဲ.."
"ဝုန်း.."
ရုတ်တရင် သိပ်မဝေးကွာလှသော နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ထက်တွင်ပြည့်နှက်နေသော သွေးနီရောင် မီးတောက်ပင်လယ်ကြီးက ပျောက်ကွယ်သွားပြီး ကြီးမားသော ရွှေရောင်ပုံရိပ်ကြီးက မြေပြင်ပေါ်သို့ အပြင်းအထန်ပြုတ်ကျလာသည်။
၎င်းမှာ ကျင်းဖမ်း အိမ်တော်၏ မင်းသားလေး ကျင်းလင်း စီးနင်းနေသော ရွှေရောင်လင်းယုန်ငှက်ကြီးပင်ဖြစ်သည်။
ခုဏက ဖြစ်ပေါ်သော ပေါက်ကွဲသံမှာ ၎င်းမှာ မြေပြင်နှင့် အပြင်းအထန်ဆောင့်မိသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ရွှေရောင်လင်းယုန်ငှက်၏ အပေါ်မှ သွေးဓားအားကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက် ဆင်းသက်လာသည်။
လူငယ်လေးက လက်တစ်ဖက်တွင် သွေးဓားကိုကိုင်ဆောင်ထားပြီး အခြားတစ်ဖက်တွင် လူတစ်ယောက်၏ မျက်နှာအား ဖမ်းဆုပ်ထားသည်။
ထိုလူ၏ ကိုယ်မှာ မီးကျွမ်းလောင်မှုကြောင့် မည်းနက်နေပြီး သူ၏ ခြောက်ထောက်တို့က ပျောက်ကွယ်နေသည်။
ရှစ်ဖုန့်က ခြေထောက်တစ်ဖက်အား ရွှေရောင်လင်းယုန်၏ လည်ပင်းပေါ်သက်ဆင်းလိုက်ပြီး ကျန်တစ်ဖက်အား ခေါင်းပေါ်သက်ဆင်းလိုက်သည်။
"ဒီ..ဒီလူငယ်လေးက ကျင်းဖမ်း အိမ်တော်ရဲ့ မင်းသားလေး ကျင်းလင်းပဲ.."
ထိုမြင်ကွင်းအားကြည့်ကာ ဟယ်လုံ၏ အမူအယာမှာ ကြီးမားစွာပြောင်းလဲသွားရပြီး အံ့အားသင့်စွာအော်ပြောလိုက်သည်။
သူ၏ဘေးတွင်ရပ်နေသော ဝေ့ဟန်က ရှစ်ဖုန့်၏ မနီးမဝေးတွင် လဲနေသော လူအား ညွှန်ပြလိုက်သည်။
"ခေါင်းဆောင်အဲ့လူကိုကြည့်ပါအုံး.."
"အဲ့ ပုဂ္ဂိုလ်က ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်လေး သန့်စင်သူ ဖုန်ယွင်ရှောင်ပဲ "
ဟယ်လုံမှာ ယခင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ လူများကဲ့သို့ လေးအေးတို့ကို ရှူသွင်းလိုက်မိသည်။
"ခေါင်းဆောင် အဲ့တာသူပဲ...သူက လူငယ်ခေါင်းဆောင်ကို သတ်ပစ်လိုက်တာ..အဲ့တာထက်ပိုတာက..ဆရာဖုန်ယွင်ရှောင်ကလည်း သူ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာ.."
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှလူတစ်ယောက်က အလျှင် အမြန်ရှစ်ဖုန့်အား လက်ညှိုးထိုးပြ၍ ဟယ်လုံကိုပြောလိုက်သည်။
"အဲ့တာသူပဲ.."
ဟယ်လုံ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားကာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ထွက်ပေါ်လာသည်။
"ခေါင်းဆောင် သူက ကြီးမားပြင်းထန်တဲ့ တိုက်ပွဲကိုကြုံတွေ့ထားရတယ်.."
"သူ့ကိုယ်ထဲမှာ မူလစွမ်းအင် သိပ်အများကြီး မကျန်တော့တာကို ကျုပ်ခံစားလို့ရနိုင်တယ်.."
"အခုက သူ့ကိုသတ်ဖို့ အကောင်းဆုံးအချိန်ပဲ.."
ဝေ့ဟန်က အကြံပေးလိုက်သည်။
"အင်း"
သူက သူ၏လက်ထဲမှအထီးကျန်ဝံပုလွေအား မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ ဝေ့ဟန်ကိုအော်ပြောလိုက်သည်။
"ဝေ့ဟန်..မင်းနဲ့ငါ အတူတူတိုက်ကြမယ် ...ငါတို့တွေအဲ့သူတောင်းစားလေးရဲ့ ခြေလက် အင်္ဂါတွေကို မသန်မစွမ်းဖြစ်အောင်လုပ်ပစ်မယ်..ပီးတာနဲ့ သူ့ကိုဌာနချုပ်ဆီကိုပြန်ခေါ်သွားပြီး ဆားရည်ထည့်ထားတဲ့ စည်ထဲမှာ နှစ်ပစ်မယ်.."
"ဟုတ်ကဲ့.."
ဝေ့ဟန်က လေသံနိမ့်ဖြင့်ပြောလိုက်သည်။
ထို့နောက် သူ၏ ရွှေ့လျားမှုပညာရပ်ကို အသုံးပြုကာ ဟယ်လုံနှင့်အတူ ရှစ်ဖုန့်ထံပျံသန်းသွားသည်။
"မင်းငါ့ခြေထောက်တွေကို ချိုးရဲပြီးတော့ ငါ့ရဲ့ရွှေလင်းယုန်ကို ဒဏ်ရာရအောင်လုပ်ရဲတယ်.."
"မင်းကယွင်လိုင်အင်ပါယာတစ်ခုလုံးနဲ့ ကျင်းဖမ်း အိမ်တော်ရဲ့ ရန်သူဖြစ်အောင် လုပ်နေတာပဲ.."
"မင်းသေချာပေါက် ဆိုးဆိုးရွားရွားနဲ့ကို သေရလိမ့်မယ်..မင်းသေချာပေါက် ဆိုးဆိုးရွားရွားနဲ့ကို သေရလိမ့်မယ်.."
ရှစ်ဖုန့်၏ လက်ထဲတွင်သက်ရောက်နေသော ကျင်းလင်းက ခြေထောင်များအချိုးခံထားရသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ အော်ဟစ်နေသည်။
"ကောင်စုတ်.မင်းတကယ်ကြီး ငါ့ခွန်အားတွေကို ဒီလိုမျိုးဖြုန်းတီးရဲတယ်..ဖြုန်းတီးတာပဲ..အရမ်းကိုဖြုန်းတီးတာပဲ...
"မင်းကြောင့်ငါ့ခွန်အားတွေ အကုန်နီးပါး သုံးပြီးလုနီးဖြစ်သွားပြီ.."
ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်က စတင်၍ ချေပပြောဆိုတော့သည်။
ရှစ်ဖုန့်ထုတ်လွှတ်လိုက်သော သွေးနီရောင်မီးပင်လယ်က စွမ်းအားကြီးသောလည်း သူ၏ ခွန်အားတော်တော်များများကို ကုန်ဆုံးစေသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise