← Chapters

အပိုင်း (၈၁)

Vol. 6 Ch. 81

အပိုင်း (၈၁)

Vol. 6 Ch. 81

သိုင်းပညာရပ်တစ်ခုက စွမ်းအားပိုကြီးလေ ၎င်းအတွက်အသုံးပြုရသော စွမ်းအင်က ပိုမို၍ ကုန်ဆုံးလေဖြစ်သည်။

၎င်းမှာ ရှစ်ဖုန့် ဟိုင်ပါထျန်းအားသတ်ဖြတ်ရန်အတွက် ငရဲဘုံကိုးခု

ဆီးလ်တံဆိပ်လေးခုအား အသုံးပြုသော အချိန်က ကဲ့သို့ပင်ဖြစ်သည်။

သူ၏ ဒန်တန် အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်တို့ ခြောက်သွေ့ကုန်ဆုံးသွားခဲ့ရပြီး ၎င်း၏ အထောက်အပံ့အား သူထပ်မံမရရှိတော့ပေ။

သူကိုယ်တိုင်ပင် သူ့ကိုယ်သူ အထိခိုက်ခံ၍ ၎င်းအား အသက်သွင်းရင် သူ၏ သွေးအဆီအနှစ်အား အသုံးပြုခဲ့ရသည်။

အဆုံးသတ်၌ သူပင် ဒဏ်ရာဗရပွရရှိခဲ့ပြီး သူ၏ ဒန်တန်တစ်ဝက်လဲ ကွဲကြေသွားခဲ့ရသည်။

ရှစ်ဖုန့်၏ ယခု ကောင်းကင်ဘုံမီးတောက်မှာ စွမ်းအားကြီးသော်လည်း စွမ်းအင်တော်တော်များများအား ကုန်ဆုံးစေသည်။

"ကောင်စုတ်... ဟိုမှာလူနှစ်ယောက်ရှိနေသေးတယ်..ပုံစံကြည့်ရတာတော့... မင်းကို အာဃာတတွေနဲ့ ရင်ဆိုင်တိုက်ခိုက်မဲ့ပုံပဲ.."

ကောင်းကင်ဘုံမီးတောက်က ပြောလိုက်သည်။

"ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်အဆင့်နဲ့ ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်"

"ဟမ့်.."

"ကျုပ်က အားနည်းပြီး ဒီအခြေအနေမှာ အကျိုးအမြတ် ထုတ်လို့ရမယ်လို့ထင်နေတာလား.."

"ကျုပ်လက်ထဲမှာ အသက်ဝင်နေတဲ့ စွမ်းအင်လုံးတစ်ခု ရှိနေသေးတယ်.."

ရှစ်ဖုန့်က အေးစက်စွာနှာမှုတ်လိုက်သည်။

ရုတ်တရက် သူ၏ဘယ်လက်ထဲရှိ ကျင်းလင်းထံမှ နှလုံကြေကွဲဖွယ် အော်ဟစ်သံထွက်ပေါ်လာသည်။

ကျင်းလင်း၏ ခန္ဓာကိုယ်မှ သွေးအားလုံးမှာ သူ၏ခေါင်းဆီသို့ ပြောင်းပြန်စီးသွားပြီး သူ၏ ဒွာရခုနှစ်ပေါက်မှ ပြန်လည်ပန်းထွက်လာသည်။

၎င်းတို့က ရှစ်ဖုန့်၏ လက်ဖဝါး၌လာစုစည်းကာ စုပ်ယူခြင်းခံလိုက်ရ၏။

ကျင်းလင်း၏ ကိုယ်မှာမူ တာယာလေလျှော့ခံရကဲ့သို့ လျှင်မြန်စွာခြောက်သွေ့သွားပြီး နှစ်​ရာပေါင်းများစွာအကြာက အလောင်းပုံစံဖြစ်သွားသည်။

ရှစ်ဖုန့်က ၎င်း၏ ဝိညာဉ်စွမ်းအင်နှင့် သေခြင်းစွမ်းအင်တို့အား ဝါးမျိုပြီးသည့်နောက်တွင် အမှို​က်တစ်ခုကဲ့သို့ လွှတ်ပစ်လိုက်သည်။

ကြယ်သုံးပွင့်ဘုရင်နယ်ပယ်တစ်ယောက်၏ သွေးနှင့်သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ကုန်ဆုံးသွားသော စွမ်းအင်တို့မှာ ရုတ်ချည်း ပြန်လည်ဖြည့်တင်းပြီးဖြစ်သွားသည်။

သူ၏ ကျင့်ကြံမှုပင် သေးငယ်သော ပမာဏခန့် တိုးတက်လာခဲ့၏။

"ဘန်း.."

ရှစ်ဖုန့်က သူ၏ ခြေထောက်အား ဆောင့်နင်းလိုက်ကာ သူ့​ခြေထောက်အောက်ရှိ ရွှေလင်းယုန်၏ ခေါင်းမှာ ရုတ်ချည်း ကွဲကြေသွားသည်။

သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက် သူ၏ လက်ထဲရှိသွေးဓားအား ရှေ့သို့ထုတ်ကာ ဟယ်လုံနှင့် ဝေ့ဟန်ထံဦးတည်လိုက်သည်။

"ခေါင်းဆောင် တစ်ခုခုတော့ မှားနေပြီ သူ့ရောင်ဝါက လုံးဝပြောင်းလဲသွားတယ်...သူခွန်အားက မြင့်တက်လာနေတယ်.."

"ကျုပ်တို့တွေ အန္တရာယ်ထဲရောက်နေမှာကိုတောင် ကြောက်မိတယ်.."

ဟယ်လုံဘေးတွင်ပြေးနေသော ဝေ့ဟန်က သူ့လက်ထဲတွင် ရေခဲလှံကို ကိုင်ကာ ရုတ်တရက်ပြောလိုက်သည်။

"သတ်...သူကဘယ်သူဖြစ်ဖြစ် သူကျင့်ကြံမှုကဘာဖြစ်ဖြစ်.. သူက ဧကရာဇ်အဆင့်ကြီးဖြစ်နေရင်တောင်မှကွာ ငါရဲ့ ရွှယ်လေးအတွက် လက်စားပြန်ချေမယ်..."

ဟယ်လုံက သူ၏လက်ထဲတွင် အနက်ရောင်သံမဏိ လက်ကိုင်နှစ်ခုပါဓားကိုကိုင်ထား၍ အံကိုကြိတ်လျှက် ကြမ်းကြုတ်စွာပြောလိုက်သည်။

"တစ်ခုခုတော့မူမမှန်ဘူး..ဒီခံစားချက်က..."

ပြေးနေသောဝေ့ဟန်မှာ ရုတ်တက်အရှိန်လျော့လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ နှလုံးသားထဲမှ အန္တရာယ်ချဉ်းကပ်လာနေပြီဟူသော သတိပေးချက်ကြောင့်ဖြစ်၏။

ဝေ့ဟန်မှာ ဤကဲ့သို့သော ခံစားချက်မျိုးဖြင့် မွေးဖွားလာခဲ့သူဖြစ်သည်။

ဤခံစားချက်တို့ကြောင့်လည်း သူ့အနေဖြင့် အန္တရာယ်ရှိသော အချိန်တိုင်းတွင် ဆိုးသောကံအား ကောင်းသောကံဖြစ်အောင် ပြောင်းလဲပစ်နိုင်စွမ်းရှိနေခြင်းဖြစ်၏။

လူတိုင်းက ဝေ့ဟန်မှာ အနာဂတ်အား ကြိုမြင်နိုင်သည်ဟုပြောကြသည်။

သို့သော် ဝေ့ဟန်က အန္တရာယ်အား ကြိုတင်ခံစားနိုင်သည်ကို မည်သူမျှ မသိကြချေ။

ခေါင်းဆောင်ဟယ်လုံပင် ထိုအရာအား မသိပေ။

ထိုအချိန်တုံးက မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှာ သူတို့၏ အဓိကရန်သူ

ထျန်းရှစ်ကြေးစားအဖွဲ့နှင့်တိုက်ခိုက်ခဲ့ကြသည်။

ဝေ့ဟန်က ထိုခံစားချက်အပေါ်အားထားကာ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့အား သေရေးရှင်ရေးအန္တရာယ်များမှ ရှောင်ရှားရန် အကြိမ်တိုင်းလမ်းညွှန်ပြသခဲ့ပြီး နောက်ဆုံး၌ ထျန်းရှစ်ကြေးစား အဖွဲ့အား ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ယခုအချိန်တွင် ဤ အန္တရာယ်ရှိသော ခံစားချက်မှာ သာမန်ထက်ပိုမို၍ ပြင်းထန်သည်။

ဝေ့ဟန်မှာ ဟယ်လုံနှင့် နှစ်ပေါင်းများစွာ အပြန်အလှန်အကျိုးပြုခဲ့ကြသူများဖြစ်ကြ၏။

ထို့ကြောင့် သူအနေဖြင့် ဟယ်လုံ၏ စရိုက်နှင့် သူ့သားဟယ်ရွှယ်၏ သူ့အတွက် အရေးပါမှုတို့အား နားလည်ထားခဲ့ပြီးဖြစ်သည်။

သူ့အနေဖြင့် ခုဏက အန္တရာယ်အား ဟယ်လုံကိုဖြောင်းဖျခဲ့သော်လည်း ဟယ်လုံ၏ စိတ်မှာ အမုန်းတရားတို့ကြောင့် မျက်ကန်းဖြစ်နေပြီဖြစ်ပြီး သူပြောသည်အား နားမဝင်တော့ပေ။

သူဘာပြောပြော အတူတူသာ တုန့်ပြန်မည်ကို ဝေ့ဟန်နားလည်သည်။

ယခုအချိန်တွင် သူ့သားအားသတ်ခဲ့သူ ရန်သူအပေါ်တွင် အပိုင်းပိုင်းခုတ်ဖြတ်ပစ်ချင်စိတ်မှလွဲ၍ တစ်ခြားစိတ်တို့ ရှိမနေချေ။

သူ၏ဘေးတွင်ပြေးနေသော ဝေ့ဟန်ပင် အ​စောပိုင်းက သူ့အားလိုက်မမှီခဲ့ချေ။

သူ့သားအားသတ်ခဲ့ရန်သူ ချဉ်းကပ်လာသည်ကို မြင်သောအခါတွင် ဟယ်လုံက သူ၏ အနက်ရောင်သံမဏိ လက်ကိုင်နှစ်ဖက်ဓားအား မြှောက်လိုက်သည်။

အနက်​ရောင်သံမဏိဓားမှ ဆယ်မီတာရှည်လျားသော အနက်ရောင် ဓား ချီထွက်ပေါ်လာသည်။

ထို့နောက်တွင် ဟယ်လုံက လှုပ်ရှားလိုက်ပြီး အနက်ရောင်ဓားချီက ​ကောင်းကင်ကို ခွင်းသွားကာ ရှစ်ဖုန့်၏ ဦးခေါင်းအား ခုတ်ပိုင်းချလိုက်သည်။

"ဟမ့်..ဒီလိုခွန်အား..ဒီလို အသုံးမကျတဲ့ သိုင်းပညာရပ်နဲ့များ မင်းကိုယ်မင် အရူးလိုလုပ်ပြနေသေးတယ်.."

ရှစ်ဖုန့်က နှာတစ်ချက်မှုတ်ကာ သူ၏ဓားအား လေထဲသို့ ထိုးသွင်းလိုက်သည်။

၎င်းမှာလည်း သိပ်သည်းသော အဖြူရောင်ဓားချီဖြစ်၏။

ဓားချီကပိုင်းဖြတ်လိုက်သောအခါတွင် ဟယ်လုံ၏ ဓားချီမှာ ရုတ်ချည်း ပြိုကွဲသွားသည်။

"စက်ဆုပ်စရာကောင်းတဲ့ သူတောင်းစား..မင်းအသက်ငါ့ကိုပေးစမ်း.."

"မင်းခေါင်းကို ငါ့ရွှယ်လေးအတွက် ယဇ်ပူဇော်ဖို့ အသုံးပြုမယ်"

ဟယ်လုံက ကြုံးဝါးအော်ဟစ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးက ကြီးမားသော အနက်ရောင် မိစ္ဆာဝံပုလွေ၏ ဦးခေါင်းပုံရိပ်အဖြစ် ပြောင်းသွားသည်။

၎င်း၏ ပါးစပ်အား ကျယ်ပြန့်စွာ ဖွင့်ဟ၍ သူ၏ပါးစပ်မှ စွမ်းအားကြီး အသံလှိုင်းတစ်ခုအား ဟိန်းဟောက်လိုက်ကာ ရှစ်ဖုန့်အား သိမ်းကျုံးတိုက်ခိုက်လိုက်သည်။

အချင်းဝက် ပတ်လည် ဆယ်မီတာအတွင်းရှိ လေတို့မှာ စတင်၍ ကြမ်းကြုတ်သော လှိုင်းတွန့်များ ဖြစ်လာသည်။

မိစ္ဆာဝံပုလွေ ဟိန်းဟောက်သံမှာ ဟယ်လုံ၏ အကျော်ကြားဆုံး သိုင်းပညာရပ်တစ်ခုဖြစ်သည်။

ရှစ်ဖုန့်က အတွေးတစ်ချက်ဖြင့် သူ၏ ငရဲဘုံကိုးခုပညာရပ်ကို အသက်သွင်းလိုက်ကာ သူ၏ တစ်ကိုယ်လုံးအား အဖြူရောင်း အလင်းတို့တောက်ပစေလိုက်သည်။

ရှစ်ဖုန့်က အသံလှိုင်းကိုခုခံရန်အတွက် ငရဲဘုံကိုးခု စွမ်းအင်အား တိုက်ရိုက်ပင်အသုံးပြုလိုက်သည်။

ထို့နောက်မြေပြင်အားသူ၏ ညာခြေဖြင့်ဆောင့်နင်းလိုက်၏။

အလွန်ပြင်းထန်သော လှိုင်းအား မျက်နှာ​ချင်းဆိုင်လိုက်ပြီး သူ၏ သိပ်သည်းသော အဖြူရောင် အလင်းနှင့်ကိုယ်က အပြင်းထွက်သွားသည်။

လှစ်ကနဲ ကြီးမားသော ဝံပုလွေခေါင်းပုံရိပ်​ကြီးအား သူဖြတ်သန်းသွားသည်။

ထိုအချိန်တွင် အချိန်၏ အမြန်နှုန်းတို့က ရပ်တန့်နေသည်ဟု ထင်ရသည်။

တိုက်ပွဲအားကြည့်​နေကြသောသူများမှာရှစ်ဖုန့်အနေဖြင့် အဖြူရောင် အစင်းကျောင်းတစ်ခု အဖြစ်ပြောင်းသွားပြီး ဝံပုလွေခေါင်းပုံရိပ်အဖြစ်ပြောင်းသွားသော ဟယ်လုံ၏ လမ်းကြောင်းအား ဖြတ်သန်းသွားသည်ကိုတွေ့ကြရသည်။

ရုတ်ချည်းဆန်သော ဖြစ်ပျက်မှုများအတွက် သူတို့အနေဖြင့် တိုက်ခိုက်ခဲ့လား မတိုက်ခိုက်ခဲ့လားဆိုသည်အား မည်သူမျှ မပြောနိုင်ကြချေ။

ထို့နောက်တွင် ရှစ်ဖုန့်မှာရပ်နေပြီး သူ၏ လက်ထဲရှိသွေးဓားရှည်အား စက်ဝိုင်းပုံစံတစ်ချက်လှည့်လိုက်၍ သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ထည့်လိုက်သည်။

အခြားတစ်ဖက်တွင် ကြီးမားသော ဝံပုလွေခေါင်းပုံရိပ်ကြီးမှာ ရုတ်ချည်း ဖန်ကဲ့သို့ ကွဲကြေသွားပြီး ဟယ်လုံ၏ ဒေါင်မြင့်မြင့်တုတ်ခိုင်သော ကိုယ်ထွက်ပေါ်လာသည်။

ဟယ်လုံ၏ မျက်လုံးတို့မှာ ပြူးကျယ်နေပြီး သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေသည်။

"ဘန်း.."

ကြွပ်ဆပ်သော အသံတစ်ခုနှင့်အတူ သူ့လက်ထဲရှိလက်ကိုင်နှစ်ဖက် အနက်​ရောင်သံမဏိဓားမှာ ရုတ်တရက် ပျက်စီးသွားသည်။

ထို့နောက်ချက်ခြင်း ဟယ်လုံ၏ လည်ပင်းမှသွေးကြောများပေါက်ကွဲသကဲ့သို့ သွေးတို့ ပန်းထွက်လာသည်။

နောက်ဆုံး၌ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ ကြက်သေသေနေသော အကြည့်တို့အောက်တွင် ဟယ်လုံ၏ ​ဒေါင်မြင့်မြင့် တုတ်ခိုင်သောကိုယ်မှာ မြေပြင်ပေါ်သို့ဖြည်းညှင်းစွာပြုတ်ကျလာသည်။

ဟယ်လုံသေဆုံးသွားခဲ့ပြီဖြစ်သည်။

နတ်ဆိုးသားရဲမြို့၏ အကြီးမားဆုံးကြေးစား အဖွဲ့ခေါင်းဆောင် ​ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်မှာ ဤသို့ဖြင့် သေဆုံးသွားခဲ့ရပြီဖြစ်သည်။

မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ အဖွဲ့ဝင်များမှာ သူတို့မြင်တွေ့နေသည်အား မယုံကြည်နိုင်ကြသေးပေ။

သူတို့၏ မျက်လုံးထဲတွင် ဟယ်လုံမှာ ဘုရင်တစ်ပါးကဲ့သို့သော သူဖြစ်သည်။

ထိုလူက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့အား တစ်ဆင့်ပြီးတစ်ဆင့် အင်ဘ အားအကြီးဆုံးဖြစ်လာစေခဲ့ပြီး နတ်ဆိုးသားရဲမြို့တွင် လူတိုင်းကလေးစားရသော တည်ရှိမှုတစ်ခုဖြစ်စေခဲ့သည်။

ယခုတော့ထိုသူမှာ လူငယ်လေးတစ်ယောက်၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရ၏။

သူတို့၏ အကြည့်တို့အား လူငယ်လေးထံသို့ နောက်တစ်ကြိမ်ထပ်မံ၍ အာရုံစိုက်လိုက်ချိန်တွင် ဟယ်လုံ၏ လည်ပင်းမှ သွေးများကပန်းထွက်လာသည်ကိုတွေ့ရပြီး ၎င်း၏ ကိုယ်မှ ဆွဲထုတ်ထံရသကဲ့သို့ဖြစ်ကာ ချက်ခြင်း လူငယ်လေး၏ ကိုယ်နှင့် ထိတွေ့မိချိန်တွင် ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

ထို့နောက် ဟယ်လုံ၏ အလောင်းအားကြည့်လိုက်သောအခါတွင် ရေများခမ်းခြောက်ကာစုပ်ယူခံရသကဲ့သို့ဖြစ်ကာ မံမီအလောင်းတစ်ခု

ကဲ့သို့ ခြောက်သွေ့သွားသည်ကိုတွေ့ရသည်။

ဟယ်လုံ၏ သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတို့အား စုပ်ယူပြီးသော အခါတွင် ရှစ်ဖုန့်၏ ကိုယ်၌ ရုတ်တရက် အဖြူရောင်အလင်း လက်လာခဲ့ပြီး ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့် ဖြစ်လာခဲ့သည်။

သူ့အ​နေဖြင့် အစိမ်းရောင်စိမ့်မြေဂူမှ ပြန်လာသော လမ်းတွင် နတ်ဆိုးသားရဲတော်တော်များများကိုသတ်ဖြတ်ခဲ့ပြီး ကျင်းလင်းနှင့် ရွှေလင်းယုန်တို့၏ သေခြင်းစွမ်းအင်ကိုလည်းဝါးမျိုခဲ့သည်။

ယခု ဟယ်လုံ၏ သွေးနှင့် သေခြင်းစွမ်းအင်အား ဝါးမျိုပြီးသော အခါတွင် နောက်ဆုံး၌ အဆင့်တစ်ခု သူတက်လာခဲ့သည်။

သူ၏ ကျင့်ကြံမှု လမ်းစဉ် ပိုမိုခရီးရောက်လာလေ အဆင့်တက်လှမ်းရန် သူ့အတွက် စွမ်းအင်များ ပိုမို၍လိုအပ်လာလေဖြစ်သည်။

ဖြည်းဖြည်းချင်းလှည့်ပြီးနောက် သူက ဟယ်လုံ၏ ခြောက်သွေ့နေသော အလောင်းကိုကြည့်ကာ အထင်သေး စွာဖြင့်ပြောလိုက်သည်။

"ငါကဒါဘယ်သူလဲလို့ သိချင်နေတာ..ဒီတော့သူက အသက်တိုတဲ့ ဟယ်ရွှယ့်အဖေပေါ့.."

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters