← Chapters

အပိုင်း (၈၂)

Vol. 5 Ch. 82

အပိုင်း (၈၂)

Vol. 5 Ch. 82

ဖြည်းဖြည်းချင်းလှည့်လိုက်ပြီးနောက် ရှစ်ဖုန့်က သူ၏ ခေါင်းကိုငုံကာ ဟယ်လုံ၏ ရှုံ့တွနေသော အလောင်းကိုကြည့်လိုက်ပြီး အထင်သေးစွာဖြင့်ပြောလိုက်သည်။

"ငါက ဒါဘယ်သူလဲလို့သိချင်နေတာ. အသက်တိုတဲ့ ဟယ်ရွှယ်ရဲ့အဖေဖြစ်နေတာပဲ..ငါပြောပါတယ် သူ့အဖေလည်း သေရမယ်လို့..သူ့ဟာသူဒီလိုမျိုးကြီး အမြန်လာအသေခံမယ်လို့တော့ ငါမမျှော်လင့်ထားခဲ့မိဘူး.."

ရုတ်တရက် အေးစက်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင်ပေါ်လာကြီး သူက သွေးအေးစွာပြောလိုက်သည်။

"ဟမ့်. မင်းက ပြေးချင်တာလား.."

ရှစ်ဖုန့်က ချက်ခြင်း လှည့်လိုက်သော အခါတွင် သူ့အားကျောပေးကာ ပြေးနေသော အစိမ်းရောင်ဝတ်ထားသည့် ဝေ့ဟန်ကိုတွေ့လိုက်ရသည်။

ရှစ်ဖုန့်က သူ့ညာခြေအား မြေပေါ်တွင် ဆောင့်နင်းချကာ ဝေ့ဟန်ထံဦးတည်လိုက်သည်။

တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတများကို ပုံဖော်ဆောင်ကာ သူ၏ လက်ဖက်ဝါးကို တွန်းထုတ်လိုက်သည်။

ကြောက်မက်ဖွယ် အဖြူရောင်လက်ဖဝါး ပုံရိပ်က လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဝေ့ဟန်၏ နောက်မှ လိုက်ဖမ်းနေသည်။

"ဝုန်း.."

လက်ဖဝါးက ဝေ့ဟန်၏ ကျောပေါ်သို့ ကျရောက်သွားသည်။

ဝေ့ဟန်မှာ သူ့အား ဧရာမတူကြီးနှင့် ရိုက်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူကလွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ထို့နောက် နောက်မှ အေးစက်သော အသံတစ်ခုထွက်ပေါ်လာသည်။

"မင်းက ဒီနေရာမှာ မင်းစိတ်ကျေနပ်သလို သွားလိုက်လာလိုက် လုပ်လို့ရမယ်ထင်နေတာလား.."

ရှစ်ဖုန့်ကပြောလိုက်ပြီးနောက် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှယခင်လူများနှင့် ဟယ်လုံနှင့်အတူပါလာသော စီးနင်းသူ သုံးဆယ့်တစ်ယောက်တို့ကို တစ်ချက်ကြည့်လိုက်သည်။

ရှစ်ဖုန့်၏ တစ်ချက်အကြည့်ခံလိုက်ရသောလူတိုင်းမှာ သူ၏ မျက်လုံးအတွင်းမှ အေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့် ဖိမ့်ဖိမ့်တုန်နေရမည့်အကြောက်တရားတို့ကို ခံစားလိုက်ကြရသည်။

ရှစ်ဖုန့်က အေးစက်စွာ နောက်တစ်ကြိမ်ထပ်မံ၍ပြောလိုက်သည်။

"ဘယ်သူမဆို မဆင်မခြင်ပြုမူရဲတယ်ဆိုရင် အဲ့လူကို အခုချက်ခြင်းငါသတ်ပစ်မယ်.."

မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှလူများမှာ အစောပိုင်းက ရှစ်ဖုန့်၏ ရွှေ့လျားမှုပညာရပ်အား မျက်မြင်တွေ့ခဲ့ရသည်။

သူတို့မိစ္ဆာဝံပုလွေတို့အား စီးနင်းထားလျှင်တောင် သူတို့အနေဖြင့် ၎င်း၏ အမြန်နှုန်းအား ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

"မင်းဘာလိုချင်လဲ.."

ထိုအချိန်တွင် ရှစ်ဖုန့်ကြောင့်လွင့်ထွက်သွားသော ဝေ့ဟန်က လှည့်၍ ရှစ်ဖုန့်အား မျက်နှာချင်းဆိုင်လိုက်သည်။

မမျှော်လင့်ပါဘဲ ဝေ့ဟန်၏ ပုံစံမှာ ဘာကိုမျှ ကြောက်ရွံ့နေပုံမရေပေ။

ထိုအစား သူ၏ အမူအယာက အံ့အားသင့်စွာ တည်ငြိမ်နေသည်။

"မင်းသေခြင်းတရားကို မကြောက်ဖူးလား."

ရှစ်ဖုန့်ကမေးလိုက်သည်။

"ငါ​ကြောက်တယ်...သေခြင်းတရားကို မကြောက်တဲ့သူဘယ်သူရှိလို့လဲ"

ဝေ့ဟန်ကပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ အကြောက်တရားရဲ့ အမူအယာကို ပြသဖို့ အတွက် လိုအပ်တဲ့အကြောင်းပြချက် တစ်ခုခုများ ရှိနေလို့လား.."

"မင်းငါ့ကိုသတ်ရင်..ငါလည်းသေရမှာပဲ.."

"ဒါက အဓိပ္ပါယ်ရှိသားပဲ"

ရှစ်ဖုန့်က သူ၏ လက်တစ်​ချောင်းဖြင့် ဝေ့ဟန်အား မတောက်ခင် ခေါင်းငြိမ့်လိုက်သည်။

ကန့်သတ်ချုပ်ချယ်မှုတစ်ခုအား ဝေ့ဟန်၏ ရင်ဘက်ပေါ်တွင်ထားလိုက်သည်။

"မင်း.မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ.."

မူလက တည်ငြိမ်သော မျက်နှာထားဖြင့် ဝေ့ဟန်မှာ သူ၏ ရင်ဘက်ပေါ်တွင် ကန့်သတ်မှုတစ်ခုအား အထားခံရပြီးနောက် ဂနာမငြိမ်ဖြစ်လာသည်။

"အခုကစပြီး မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ကနေ မိစ္ဆာဝံပုလွေတပ်ဖွဲ့အဖြစ်ပြောင်းသွားပြီ.."

"မင်းခေါင်းဆောင် ဖြစ်ပြီး ငါ့ရဲ့တိုက်ရိုက်အမိန့်အောက်မှာ ရှိလိမ့်မယ်.."

ရှစ်ဖုန့်ကပြောလိုက်သည်။

ခေတ္တရပ်တန့်ပြီးနောက် သူကထပ်ပြောလိုက်သည်။

"မင်းက ပါးနပ်တဲ့သူတစ်ယောက်ပဲဟာ..ငါ့ကိုမနာခံဘဲနေရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းနားလည်သင့်တယ်"

"ဟုတ်ကဲ့.."

ဝေ့ဟန်က သူ၏ ​ခေါင်းကိုငုံ့၍ နက်ရှိုင်းစွာပြောလိုက်သည်။

သူ၏ကိုယ်ပေါ်တွင် ကန့်သတ်ချုပ်ချယ်မှုတစ်ခု ရှိနေပြီး သူ၏ အသက်မှာ ၎င်း၏ လက်ထဲတွင် ရှိနေသည်ကို သူနားလည်ပေသည်။

ထို့ကြောင့် သူ့အား သတ်ဖြတ်ရန်မှာ အတွေးတစ်ချက်ပင်လို၏။

ဤအချိန်၌ ဘာပြောပြော အချဉ်းအနှီးပင်ဖြစ်သည်။

သူအသက်ရှင်ချင်လျှင် နာခံရန်သာတက်နိုင်သည်။

ထို့နောက်မကြာခင် ရှစ်ဖုန့်က မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှလူများထံသိမ်းကျုံးကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

"မင်းတို့ကောင်တွေကရော ဘယ်လိုလဲ..နားလည်တယ်မလား.."

ရှစ်ဖုန့်၏ အသံပျောက်ကွယ်သွားသော အခါတွင် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့၏ သိုင်းသမားသုံးဆယ့်တစ်ယောက်မှာ သူတို့၏စီးတော်မိစ္ဆာဝံပုလွေတို့အပေါ်မှ ခုန်ဆင်းလိုက်ကြသည်။

ရှစ်ဖုန့်နှင့်လိုက်ပါလာသော လူဆယ့်လေးယောက်နှင့်အတူ သူတို့အားလုံး ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး အော်ပြောလိုက်ကြသည်။

"နှုတ်ခွန်းဆက်သပါတယ် ခေါင်းဆောင်အကြီးအကဲ"

ဟယ်လုံမှာသေပြီဖြစ်သည်။

စောစောက ရှစ်ဖုန့်မှာ ဝေ့ဟန်အား ခေါင်းဆောင်တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်ကိုကြားခဲ့ရသည်။

ထိုသိုသို့ဆိုပါက ခေါင်းဆောင်၏ အထက်တွင် ရှိနေသောသူမှာ ခေါင်းဆောင်​အကြီးအကဲပင်ဖြစ်သည်။

ရှစ်ဖုန့်က သူ၏ ခေါင်းကိုခါယမ်း၍ပြောလိုက်သည်။

"ငါ ခေါင်းဆောင်အကြီးအကဲဆိုတဲ့ ဘွဲ့ကိုမကြိုက်ဖူး.."

"မင်းတို့ကောင်တွေငါ့ကို သခင်လေး ဖုန့်လို့ပဲခေါ်သင့်တယ်"

"ဟုတ်ကဲ့ သခင်လေးဖုန့်"

မိစ္ဆာဝံပုလွေတပ်ဖွဲ့က ပြိုင်တူ တန့်ပြန်လိုက်ကြသည်။

"ကောင်စုတ် မင်းမှာ ဒီအဆင့်နိမ့်သိုင်းသမားတွေကို လက်အောက်ခံလုပ်ခိုင်းဖို့ စိတ်ရှိနေသေးတယ်လား"

"ဘာလို့မင်း ဘယ်သူတောင်းစားကို မင်းလက်အောက်ထားသင့်တယ်ဆိုတာကို ခဏမကြည့်ရတာလဲ.."

ထိုအချိန်တွင် ကောင်းကင်ဘုံမီးတောက်က သူအကောင်းဆုံးပြောခဲ့သည်အား တစ်ခုခုအရှက်ရစရာလုပ်ခံရသကဲ့သို့ ရှစ်ဖုန့်အား ဒေါသထွက်သော လေသံဖြင့် ပြောနေသည်။

"သားရဲကောင်လားဟ"

ကောင်းကင်ဘုံမီးတောက်က သားရဲကောင်ဟု ခေါ်လိုက်သောအခါတွင် ရှစ်ဖုန့်က ဟယ်ရွှယ်စီးနင်းခဲ့သော အဆင့်သုံးမိစ္ဆာဝံပုလွေထံသို့ အကြည့်ပြောင်းလိုက်သည်။

ရှစ်ဖုန့်မိစ္ဆာဝံပုလွေထံအား မြင်တွေ့ချိန်တွင် ၎င်းမှာ လောလောဆယ်တွင် ရွှေလင်းယုန်၏ ရွှေရောင် အလောင်းပေါ်တွင်လှဲနေသည်။

၎င်းက ရွှေလင်းယုန်၏ အသားတို့ကိုစားမြုံပြန်နေပြီး သွေးတို့ကို စုပ်ယူနေ၏။

၎င်းမှာ အနည်းဆုံး ရွှေလင်းယုန်၏ သုံးပုံတစ်ပုံခန့်ကိုစားသုံးပြီးပြီဖြစ်သည်။

"အဲ့ရွှေလင်းယုန်မှာ ကမ္ဘာဦးအံ့ဖွယ်သားရဲ ကျင်းဖမ်းရဲ့ မျိုးဆက်သွေးလက္ခဏာတွေ သူ့လက်ထဲမှာရှိနေတယ်.."

"အခု အကျိုးအမြတ်တွေ အကုန်လုံးက အဲ့သားရဲ အတွက်ကြီးပဲ"

"မင်းဘာလို့ သူ့ကို အပိုင်းပိုင်း မခုတ်ပစ်တာလဲဟ"

ကောင်းကင်ဘုံမီးတောက်က ရှစ်ဖုန့်အား ဒေါသတကြီးပြောလိုက်သည်။

"ဒီသားရဲက တကယ့်ကို တစ်ခြား ဝံပု​လွေတွေထက်ပို အသိဉာဏ်ပိုရှိတာပဲ"

ရှစ်ဖုန့် မိစ္ဆာဝံပုလွေအား ကြည့်ရင်းပြောလိုက်သည်။

"မင်းတကယ်ကြီး ထေ့လုံးငေါ့လုံးတွေပြောဖို့ စိတ်ရှိနေသေးတာလားဟ"

"အားလုံးက မင်းအမှားတွေကြီးပဲ.."

"မင်းကအဲ့သားရဲအပေါ် အ​ခြေအနေကို အခွင့်ကောင်းယူခွင့်ပြုခဲ့တာ"

ကောင်းကင်ဘုံမီးတောက်က ဆက်လက်ဟိန်းဟောက်လိုက်သည်။

"အမ်"

ရှစ်ဖုန့်က ရွှေလင်းယုန်အား ဝါးစားနေသော မိစ္ဆာဝံပုလွေကိုကြည့်နေစဉ် ၎င်းမှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။

မိစ္ဆာဝံပုလွေမှာစားနေရင်း သူ၏ကျောထက်၌ သုံမီတာရှည်လျားသော အနက်ရောင် တောင်ပံတစ်စုံ ကြီးထွားလာသည်ကို သူတွေ့လိုက်ရသည်။

"ဒီသားရဲက တကယ့်ကို စားနေရငိးအဆင့်တက်နေတာပဲ..အဲ့ထက်ပိုတာက အဆင့်လေးမိစ္ဆာဝံပုလွေဖြစ်ပြီး ဆူဖြိုးတဲ့ အတောင်ပံတစ်စုံတောင်ကြီးထွားလာခဲ့တယ်"

"ဒါကဘိုးဘေးဆက်နွယ်မှုတစ်ခုလို့လည်း သုံးသပ်နိုင်တယ်..ဒီသားရဲ သူ့ရဲ့ဘိုးဘေးက ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ.."

"ဝေါင်း"

မိစ္ဆာဝံပု​လွေက ကောင်းကင်ထက်မော့၍ အော်ဟစ်လိုက်သည်။

ရုတ်တရက် စွမ်းအားကြီးသော အသံလှိုင်းတစ်ခုက သူ၏ ပါးစပ်မှထွက်လာသည်။

၎င်းမှာ အစောပိုင်းက ဟယ်လုံ ဟိန်းဟောက်ခဲ့သော မိစ္တာဝံပုလွေ အဖြစ်အပျက်ဖြင့် အတူတူပင်ဖြစ်၏။

လေထုက စွမ်းအားကြီးလှိုင်းတို့အဖြစ် တုန်ခါပြီး ဦးတည်ချက်အနှံ့ပြန့်နှံ့သွားသည်။

သူ၏ရှေ့ရှိတုန်ခါမှုမှာ လေထုအလွှာတို့ ကွဲအက်သကဲ့သို့ ပုံမှန်ထက် သာလွန်၍ ပြင်းထန်သည်။

၎င်းမှာ အဆင့်လေး မိစ္ဆာဝံပုလွေ၏ မွေးရာပါစွမ်းရည်ဖြစ်ပေါ မိစ္ဆာဝံပုလွေဟ်ိန်းဟောက်သံဖြစ်သည်။

ဟယ်လုံ၏ မိစ္ဆာဝံပုလွေဟိန်းဟောက်သံမှာ အဆင့်လေးမိစ္ဆာဝံပုလွေထံမှ နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်ချက်ခြင်း မိစ္ဆာဝံပုလွေက သူ၏ အတောင်ပံတို့ကို ခတ်ကာ လေပြင်းတွေဖန်တီးပြီး ဖြည်းဖြည်းချင်း လေပေါ်သို့ မြင့်တက်သွားသည်။

"ကောင်စုတ်...အဲ့သားရဲကိုမြန်မြန်သတ်..ရှေးဦးကျင်းဖမ်းရဲ့ မျိုးဆက်သွေးက လုံးဝမချေဖျက်ရလောက်သေးဘူး.."

ကောင်းကင်ဘုံမီးတောက်က သူ့အား တိုက်တွန်းနေသေးဆဲဖြစ်သည်။

"ထပ်မပြောနဲ့တော့...ဒီဖေဖေက ပျံသန်းနိုင်တဲ့သားရဲလိုချင်နေတာ.."

ရှစ်ဖုန့်က ချက်ခြင်း ငြင်းပယ်လိုက်သည်။

ထို့နောက်သူက ယွဲ့ဝူရွှမ်းကိုတွေးမိကာ သူ၏ အကြည့်အား အဖြူရောင်ပုံရိပ်လေးထံ ပြောင်းလိုက်သည်။

ယွဲ့ဝူရွှမ်းက သူ့အားကြည့်နေသည်ကိုတွေ့ရသောအခါ ရှစ်ဖုန့်သူမထံလျှောက်သွားလိုက်သည်။

သို့သော် ဟယ်လုံ၏ အလောင်းအားဖြတ်ကျော်သွားချိန်တွင် ဟယ်လုံ၏ သိုလှောင်လက်စွပ်အား ဖယ်ရှားယူလိုက်သေးဆဲဖြစ်သည်။

"မင်းအများကြီးအားထုတ်ပီးဒီတောင်တန်းကို ရှာဖို့ ထွက်လာခဲ့တဲ့ မီးနဂါးမြက်ပင် မရှိတော့တာက ဝမ်းနည်းစရာပဲ.."

ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းထံလျှောက်သွားနေရင်း စိတ်မကောင်းစွာဖြင့်ပြောလိုက်သည်။

ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား ပြုံးပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး..တကယ်တော့ ငါဒီတောင်တန်းထဲကို လာခဲ့တာ မီးနဂါးမြက်ပင်ကို ရှာဖို့ အတွက် မဟုတ်ဖူး.."

"နင်မှတ်မိသေးလား..မီးနဂါးမြက်ပင်ကို ရှာတွေ့တဲ့အခါကျရင် နင့်ကိုလျှို့ဝှက်ချက်တစ်ခု ပြောပြမယ်လို့လေ"

"အိုး.. ငါတို့အခု လျှို့ဝှက်ချက်ကို ထုတ်ပြောလို့ရပီလို့ဆိုလိုတာလား.."

ရှစ်ဖု့န့်ကမေးလိုက်သည်။

"ဟုတ်တယ်..ငါ့နောက်ကိုလိုက်ခဲ့.."

ယွဲ့ဝူရွှမ်းက ပြောရင်း ယခင်မီးနဂါးမြက်ပင် ရှိခဲ့သော နေရာသို့လျှောက်သွားလိုက်သည်။

ယခုထိုနေရာမှာ ပေါက်ကွဲမှုကြောင့် ကြီးမားသော ချိုင့်ကြီးဖြစ်နေပီဖြစ်သည်။

စိတ်မကောင်းဖွယ်အ​ခြေအနေဖြင့် ခန္ဓာကိုယ်တစ်ခု လဲနေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

"ခဏလေးနေအုံး..ဒီမှာရတနာကြီးတစ်ခုရှိနေတယ်.."

ယွဲ့ဝူရွှမ်းက နားလည်စွာဖြင့်ရပ်လိုက်သည်။

သူမက ယွင်လိုင်အင်ပါယာ၏ ပါရမီရှင်သန့်စင်သူ ဖုန်ဟုခေါ်သော ဖုန်ယွင်ရှောင်ကိုကြည့်လိုက်သည်။

ထိုအချိန်တွင် ဖုန်ယွင်ရှောင်မှာ သတိလစ်နေရာမှ နိုးလာပြီဖြစ်သည်။

သူမျက်လုံးဖွင့်လိုက်ချိန်တွင် ငယ်ရွယ်သော ပုံရိပ်တစ်ခုက သူ၏ ​မျက်လုံးထဲတွင် ရုတ်တရက်ပေါ်လာ၏။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters