အပိုင်း (၈၃)
Vol. 6 Ch. 83
ရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့် ဖုန်ယွင်ရှောင်မှာ အနည်းငယ်မျှ ခုခံနိုင်ခြင်းပင်မရှိခဲ့ပေ။
သူ၏ တစ်ကိုယ်လုံးရရှိသွေးတို့က ဒွာရ ခုနှစ်ပေါက်မှ ပန်းထွက်လာပြီး ရှစ်ဖုန့်၏ လက်ဖဝါးပေါ်သို့ မိုးရွာသကဲ့သို့ကျလာသည်။
၎င်းမှာရုတ်ချည်း ရှစ်ဖုန့်၏ စုပ်ယူမှုကိုခံလိုက်ရပြီး မြေပြင်ပေါ်တွင် နောက်ထပ်ရှုံတွနေသော အလောင်းတစ်လောင်းတိုးလာသည်။
သေခြင်းစွမ်းအင်တို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းဘက်သို့လှည့်ကာ ပြုံး၍မေးလိုက်သည်။
"အဆင့်လေး အဂ္ဂရိတ်ပညာရှင် သန့်စက်သူရဲ့ ဝိညာဉ်စွမ်းအားနဲ့ဆိုရင်...မင်းအဆင့်လေးကို ပြန်ရောက်ဖို့ အတွက် စွမ်းဆောင်နိုင်သင့်တယ်"
"ဒါပေါ့"
ယွဲ့ဝူရွှမ်းက ပြုံးပြပြီး ပြန်လည်ဖြေကြားလိုက်သည်။
အတွေးတစ်ချက်ဖြင့် သူမက ဖုန်ယွင်ရှောင်၏ ဝိညာဉ်အား ချက်ခြင်းဖမ်းယူလိုက်ကာ ဝါးမျိုလိုက်သည်။
ယွဲ့ဝူရွှမ်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ အစကတည်းက အဆင့်လေးဖြစ်သော်လည်း လောင်ကျွမ်းမှုကြောင့် ကျဆင်းသွားခဲ့ရသည်။
ယခုသူမ၏ ဝိညာဉ်အား ပြန်လည်အားဖြည့်တင်းပြီးသည့်နောက်တွင် သူမအနေဖြင့် အဆင့်သုံးမှ အဆင့်လေးသို့ တိုက်ရိုက်တက်လှမ်းရန်အတွက် နားလည်သဘော ပေါက်နိုင်စွမ်းတို့ မလိုအပ်တော့ချေ။
ရှစ်ဖုန့်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဖုန်ယွင်ရှောင်၏ သိုလှောင်လက်စွပ်အား ချွတ်ယူလိုက်သည်။
အနည်းငယ်မွှေနှောက်ပြီးနောက်တွင်သူက စိတ်ကျေနပ်သော အမူအယာကို ဖော်ပြလိုက်သည်။
သိုလှောင်လက်စွပ်၌ ကမ္ဘာဦး ကျောက်တုံးတို့ဖြည့်ပြည့်နှက်နေသည်။
၎င်းတို့မှာ အဆင့်နိမ့်၊အလယ်အလတ်အဆက့်တို့အပြင် အဆင့်မြင့် ကမ္ဘာဦးကျောက်တုံးများပင်ပါရှိသေးသည်။
၎င်းတို့အားလုံးအား အတူတကွပေါင်းလိုက်လျှင် တစ်သန်းခန့်လောက်တော့ ရှိလောက်သည်။
၎င်းမှာ လက်ရှိရှစ်ဖုန့်အတွက်တော့ အလွန်များပြားသော ငွေပမာဏပင်ဖြစ်သည်။
ထိုအရာများအပြင် အဆင့်တစ်မှာ လေးအတွင်းရှိ ဆေးလုံးများ၊ဆေးပင်များနှင့် အံ့ဖွယ်လက်နက်များလည်း ပါရှိသေးသည်။
ထို့အပြင် အဆင့်ငါးနှင့်အဆင့်ခြောက် ဆေးပင်အချို့နှင့် ပစ္စည်းကိရိယာများလည်း ပါသေး၏။
ရှစ်ဖုန့်က သိုလှောင်လက်စွပ်အား ယွဲ့ဝူရွှမ်းထံသို့ လွှဲပေး၍ ပြောလိုက်သည်။
"ငါတို့တွေ ဒီလိုသတ်ဖြတ်ပြီးတော့ ရတနာတွေရအောင်လုပ်နိုင်တာအားလုံးက မင်းကျေးဇူးကြောင့်ပါပဲ.."
ယွဲ့ဝူရွှမ်းက ၎င်းအား ရှစ်ဖုန့်လက်ထဲမှယူကာ စစ်ဆေးကြည့်လိုက်သည်။
"ငါက ဒီဆေးအမယ်တွေကိုပဲယူမယ်...ကမ္ဘာဦးကျောက်တုံးတွေ၊ဆေးလုံးတွေနဲ့ တစ်ခြားဟာတွေကိုနင့်ကိုပေးမယ်...ငါဘယ်သူလဲဆိုတာလဲမမေ့နဲ့ဦးလေ.."
"အင်း..ကောင်းပြီ"
ရှစ်ဖုန့်က ကခေါင်းငြိမ့်ပြကာဘာကိန်းကြီးခန်းကြီးမှ လုပ်မနေပေ။
ယွဲ့ဝူရွှမ်းမှာ အဆင့်လေး ဆေးဝါးဖော်စပ်သူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်သူမအနေဖြင့် ကမ္ဘာဦးကျောက်တုံးတို့ ချို့တဲ့နေမည်မဟုတ်ပေ။
ထို့နောက်ယွဲ့ဝူရွှမ်းက ဆေးအမယ်များကို ထုတ်ယူလိုက်ပြီး သိုလှောင်လက်စွပ်အား ရှစ်ဖုန့်ထံပြန်လွှဲပေးလိုက်သည်။
ရှစ်ဖုန့်မှာ ဤတိုက်ပွဲမှ အကျိုးအမြတ်တော်တော်များများ ထွက်ခဲ့သည်။
သူ့အနေဖြင့် ကြယ်တစ်ပွင့်အဆင့်တက်ခဲ့ရုံသာမက ဖုန်ယွင်ရှောင်ထံမှ ကမ္ဘာဦးကျောက်တုံး တစ်သန်းရရှိခဲ့သည်။
ကျင်းလင်း၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံး သုံးသိန်းနှင့် ဟယ်လုံထံမှ တစ်သိန်းတို့ကိုလည်း ရရှိခဲ့သည်။
အချိန်ကာလတို တစ်ခုအထိတော့ သူ့အနေဖြင့် ကျင့်ကြံရာတွင် ကမ္ဘာဦးကျောက်တုံးတို့ ချို့တဲ့နေမည်မဟုတ်တော့ပေ။
ရှစ်ဖုန့်က ဖုန်ယွင်ရှောင်၏ အဆင့်လေး အနက်ရောင်သိုလှောင်လက်စွပ်အား ဝတ်ဆင်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ် အဟောင်းအား အထဲသို့ထည့်လိုက်သည်။
ထို့နောက်သူက ယွဲ့ဝူရွှမ်းအားပြောလိုက်သည်။
"ကောင်းပြီ ငါ့ကို မင်းပြောတဲ့ လျှို့ဝှက်ချက်ဆိုတဲ့ နေရာဆီကိုခေါ်သွားပေး..."
"ကောင်းပြီ. "
ယွဲ့ဝူရွမ်း၏ ဦးဆောင်မှု အောင်တွင် သူတို့ နှစ်ဦးသားဆေးမီးပြင်းဖိုပေါက်ကွဲခဲ့ရာ နေရာ အဝိုင်းကြီးနားသို့ သွားလိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့် ဤနေရာမှာ တူးခြစ်အောင်လောင်ကျွမ်းခံထားရမှုကြောင့် မဲနက်နေသည်။
ယွဲ့ဝူရွှမ်းက ညစ်ပေရေမည်ကို ဂရုမထားဘဲ သူမ၏ အဖြူရောင်ပုံရိပ်လေးကလှစ်ကနဲဖြစ်ကာ ခုန်ချလိုက်သည်။
ထိုအရာကိုမြင်ပြီးနောက် ရှစ်ဖုန့်လည်း လိုက်ခုန်ချလိုက်သည်။
ထို့နောက်ယွဲ့ဝူရွှမ်းက ကျင်း၏ ဗဟိုသို့သွားကာ မြေပြင်ကိုကြည့်လိုက်သည်။
ထို့နောက်သူမက သူမဘေးရှိ မီးဟပ်ထားသောကြောင့် မဲနက်နေသော မြေပြင်အပိုင်းအစကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"မီးနဂါးမြင်ပင်က ဒီနေရာမှာကြီးထွားလာခဲ့တာဖြစ်လိမ့်မယ်..ငါတို့သာ နောက်ထပ်သုံးမီတာလောက်တူးလိုက်ရင် ဥမှင်တစ်ခုကို တွေ့လိမ့်မယ်.."
"ဥမှင်လမ်းလား.."
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ယွဲ့ဝူရွှမ်းက လေးနက်စွာခေါင်းငြိမ့်လိုက်သည်။
"တကယ်တော့ ငါနတ်ဆိုးသားရဲတောင်တန်းကို ဝင်လာရခြင်း ရည်မှန်းချက်က မီးနဂါးမြက်ပင်ကြောင့်မဟုတ်ဖူး.."
"ဟိုးအရင်တုံးက ငါဟာ သားရဲတစ်ကောင်ရဲ့ အရေပြားနဲ့လုပ်ထားတဲ့ မြေပုံပါဝင်တဲ့ ရှေးဟောင်းစာအုပ်တစ်ခုကို မတော်တဆရရှိခဲ့တယ်.."
"အရင်ပိုင်ရှင်မှတ်တမ်းတင်သွားတာက ဒီနယ်မြေမှာ ဆယ်နှစ်တစ်ကြိမ် မီးနဂါးမြက်ပင် ကြီးထွားလာတယ်တဲ့.."
"အဲ့မီးနဂါး မြက်ပင်ရဲ့အောက်မှာ ငါ့နှလုံးသားကိုတောင် လှုပ်ရှားစေနိုင်တဲ့ အရာတစ်ခုခုရှိနေတယ်. "
"ငါနတ်ဆိုးသားရဲတောင်တန်းကိုဝင်ဖို့လုပ်တာက မီးနဂါးမြင်ပင်ကို ရှာတွေ့နိုင်မလားဆိုပြီး ကံစမ်းဖို့ကြိုးစားကြည့်ရုံသက်သက်ပဲ.."
"ကံကောင်းစွာနဲ့ မီးနဂါးမြက်ပင်ဟာ မခူးယူခံရသေးတာကို ငါတို့တွေတွေ့ခဲ့တယ်"
"အဲ့လိုမှမဟုတ်ရင် တို့တွေနတ်ဆိုးသားရဲတောင်တန်းကို ဝင်ရောက်လာရတဲ့ ခရီးက အချည်းနှီး ဖြစ်သွားမှာ"
ယွဲ့ဝူရွှမ်းက စကားပြောနေရင်း သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ပေါက်ပြားတစ်ခုကို ထုတ်ယူပြီး ရှစ်ဖုန့်ကိုပေးလိုက်သည်။
သူမက ပြင်ဆင်လာခဲ့ပုံရသည်။
ရှစ်ဖုန့်က ပေါက်ပြားကိုယူလိုက်သည်။
သူ့အနေဖြင့် အခြေအနေများအား အစကတည်းက နားလည်ပေသည်။
သူကိုယ်တိုင်ပင် ကြိုးစားအားထုတ်လုပ်ရလိမ့်မည်ဖြစ်သည်။
၎င်းမှာသုံးမီတာအနက်ဖြစ်သည်။
ရှစ်ဖုန့်၏ ခွန်အားအရ သူ့အနေဖြင့် ဧရာမရွှံ့အစိုက်အခဲတအား ပေါက်ပြားတစ်ချက်တည်းဖြင့် တူးနိုင်စွမ်းရှိသည်။
ခဏလေးနှင့် နက်ရှိုင်းသော မြေအောက်လဥမှင်တစ်ခုအား သူတူးခဲ့သည်။
ဥမှင်အတွင်းတွင် အောက်သို့ ဆင်းသွားရန် ကျောက်လှေကားတို့ရှိ၏။
"အဲ့တာက တကယ့်ကိုဒီမှာရှိနေတာပဲ.."
ယွဲ့ဝူရွှမ်းက ပျော်ရွှင်စွာပြောလိုက်သည်။
"အခုပဲအောက်ကိုသွားကြတောပေါ့."
ရှစ်ဖုန့်က ဥမှင်ကိုကြည့်လိုက်ပြီးနောက်၎င်းမှာ လူလုပ်ဥမှင်တစ်ခုဖြစ်သည်ကို သိလိုက်သည်။
မီးနဂါးမြက်ပင်ဆယ်နှစ်တစ်ကြိမ်ကြီးထွားရခြင်းမှာ ထိုပုဂ္ဂိုလ်အနေဖြင့် မီးနဂါးမြက်အား အမှတ်အသားတစ်ခုအဖြစ် ရွှေ့စိုက်ထားခြင်း ဖြစ်နိုင်လောက်သည်။
အမြစ်အားလုံးဝတူးဖော်ခြင်းမပြုသည်အထိ မီးနဂါးမြက်ပင်မှာ ဆယ်နှစ်လျှင်တစ်ကြိမ် ကြီးထွားလိမ့်မည်ဖြစ်သည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် လူတိုင်း၌ ရေရှည်အတွက် လုပ်ရကိိုင်မည်ကို နားလည်မှုများရှိကြသည်။
သူတို့အနေဖြင့် အမြဲ သဲလွန်စများကိုချန်ရစ်ထားခဲ့ကြမည်ဖြစ်သည်။
ဤကဲ့သို့ အံဖွယ်ဆေးပင်နှင့် ကြုံကြိုက်ကြလျှင် သူတို့အနေဖြင့် လိုအပ်သော အစိတ်အပိုင်းကိုရယူရုံဖြင့် အဆင်ပြေသည်ဖြစ်သည်။
သူတို့အနေဖြင့် ထိုအရာအား သတ်ဖြတ်ခြင်းပို ပြုလုပ်ကြလိမ့်မည်မဟုတ်ပေ။
အနာဂတ်၌ ၎င်းထပ်မံကြီးထွားလာချိန်တွင် သူတို့အနေဖြင့် ထပ်မံခူးဆွတ်၍ ရအုံးမည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်နှင့် အခြားသောသူများ ပြုလုပ်ခဲ့မှုများကြောင့် မီးနဂါးမြက်ပင်၏ အမြစ်မှာ ပျက်စီးသွားပြီး အနာဂတ်၌ ဤနေရာတွင် ဘာအဆင့်ငါးအင်ပါယာ အဆင့် ဆေးပင်မှ ရှိနေတော့မည်မဟုတ်ပေ။
ယွဲ့ဝူရွှမ်းက ဥမှင်လမ်းကြောင်းဆီ လျှောက်သွားလိုက်သည်။
သို့သော် ရှစ်ဖုန့်က သူမအား ဖမ်းဆွဲလိုက်၏။
ယွဲ့ဝူရွှမ်းက လှည့်၍ ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
ရှစ်ဖုန့်က ပြောလိုက်သည်။
"အဲ့မှာ ကန့်သတ်မှုတွေ စက်ယန္တရားတွေ ရှိနေလိမ့်မယ်..ငါအရင်ဆင်းသွားမယ် မင်းကနောက်ကလိုက်ခဲ့.."
ရှစ်ဖုန့်၏ စကား အား ကြားလိုက်ရသော အခါတွင် ယွဲ့ဝူရွှမ်းက ပြုံးလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ ..ပန်းတစ်ပွင့်ရဲ့ ကာကွယ်သူ"
ပန်းတစ်ပွင့်ရဲ့ ကာကွယ်သူ ဟူသော စကားအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်လည်း ပြုံးမိခိုက်သည်။
သူက ရှေ့မှဦးဆောင်က ကျောက်လှေကားများမှတစ်ဆင့် အောက်သို့ ဆင်းသွား၏။
ရှစ်ဖုန့်ဝင်သွား သည်ကိုတွေ့ရသောအခါ ယွဲ့ဝူရွှမ်း လည်း နောက်မှချက်ခြင်း လိုက်ဝင်လိုက်သည်။
သူတို့နှစ်ဦးသား ဥမှင်အား ဖြည်းဖြည်းချင်း လျှောက်လှမ်းဖြတ်သန်းသွားကြသည်။
အောက်သို့ပိုရောက်လာလေ ပို၍ မှောင်မိုက်လာလေဖြစ်သည်။
တစ်မိနစ်ခန့်ကြာပြီးနောက်တွင် အရမ်းမှောင်လာကာ သူတို့၏ လက်များကိုပင် သူတို့ပြန်မမြင်ကြရတော့ပေ။
ရှစ်ဖုန့်က သူ၏ လက်ဖဝါးတို့အား ဖွင့်လိုက်သော အခါတွင် အဖြူရောင်မီးတောက်လုံးနှစ်လုံး ထွက်ပေါ်လာသည်။
မူလကပိန်းပေါက်အောင်မှောင်နေသော နေရာမှာ အဖြူရောင်မီးတောက်တို့ ထွန်းညှိပြီးသော အခါတွင် နေ့အလင်းရောင်ကဲ့သို့ လင်းထိန်သွားသည်။
၎င်းမှာ ငရဲဘုံစွမ်းအင်မှဖြစ်ပေါ်လာသော မီးတောက်ဖြစ်သည်။
ဤအခြေအနေတွင် ၎င်းကို ထွန်းညှိခြင်းက ကောင်းကင်ဘုံမီးတောက်ထက်ပိုမို၍ အကျိုးသက်ရောက်မှုရှိသည်။
ရုတ်တရက် ထူးဆန်းသော ရောင်ဝါက အောက်ခြေမှသူ့ထံသို့ စီးဆင်းရိုက်ခတ်လာသည်ကို ရှစ်ဖုန့် ခံစားလိုက်ရသည်။
ရုတ်ချည်း သူ့ဝိညာဉ်နှင့် ခန္ဓာ၏ လန်းဆန်းမှုတို့ကို ခံစားလိုက်ရသည်။
"ဒီခံစားချက်.....ဖြစ်နိုင်တာ.ဒါက..."
ရှစ်ဖုန့်မှာ အနည်းငယ်အလန့်တကြား ဖြစ်သွားရသည်။
သူ၏နောက်မှ နီးကပ်စွာလိုက်ပါလာသော ယွဲ့ဝူရွှမ်းက ရယ်မောလိုက်သည်။
"ခစ်ခစ်..နင်လဲ အဲ့တာကို ခံစားမိတယ်မလား"
"အဲ့တာက ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်ပဲ"
ရှစ်ဖုန့်က ယွဲ့ဝူရွှမ်းကိုလှည့်၍ကြည့်သည်။
ထျန်းဟန်းတိုက်ကြီးပေါ်တွင် ရေခဲကျောက်တုံးဟုခေါ်သော မျိုးသုဉ်းလုနီးပါးဖြစ်နေပီဖြစ်သည့် ကောင်းကင်ဘုံနှင့်မြေကြီး၏ ရတနာအမျိုး အစားတစ်ခုရှိသည်။
ရေခဲကျောက်တုံးများမှာ သိုင်းသမားများအတွက် အထူးတလည် အသုံးပြုစရာ များများ စားစားမရှိသော်လည်း ဆယ်နှစ်ကြာသို့မဟုတ် ထိုထက်များသော နှစ်တို့တွင် အဖြူရောင်နို့ရည် အချို့ကို ထုတ်ပေးလိမ့်မည်ဖြစ်သည်။
လူများက ၎င်းမှာ ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်ဟုခေါ်ကြသည်။
ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်၏ အဖိုးတန်သည့်အချက်မှာ ၎င်းအနေဖြင့် သက်ရှိတစ်ယောက်၏ ဝိညာဉ်ကိုသာ အားကောင်းလာစေသည်သာမက ကာယခန္ဓာကိုယ်ကိုယ်ပါ အားကောင်းလာစေသည်။
ထျန်းဟန်တိုက်ကြီးပေါ်ရှိ သက်ရှိတိုင်းအတွက် ၎င်းမှာ အဖိုး အနဂ္ဂထိုက်တန်သော ရတနာတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ ၎င်းအား ချည်းကပ်လာမိမြီဖြစ်သည်။
ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်၏ ရောင်ဝါ ကိုအာရုံခံရင်း သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ထူးခြားသော သက်တောင့်သက်သာဖြစ်မှုကို ခံစားရသည်။
"ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်..ဒါကတကယ်ပဲ ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်ပဲ.."
ရှစ်ဖုန့် အနေဖြင့် ၎င်းအား ယခက်ဘဝက တစ်ပုလင်းစာရခဲ့ဖူးသော်လည်း ၎င်းအတွက် ရရှိရန် ကြီးမားသောလေလံပွဲတစ်ခုတွင် များပြားသော တန်ကြေးပမာဏကိုပေးချေခဲ့ရသည်။
ဤကဲ့သို့သော နေရာမျိိုးတွင် ရေခဲကျောက်တုံးများ ရှိနေမည်ဟု မည်သူက ထင်ထားပါမည်နည်း။
ထို့အပြင်၎င်းတို့က ရေခဲကျောက်တုံး နို့ရည်တို့အား ထုတ်လုပ်ထားပြီးဖြစ်နေသေးသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise