← Chapters

အပိုင်း (၈၄)

Vol. 6 Ch. 84

အပိုင်း (၈၄)

Vol. 6 Ch. 84

ရှစ်ဖုန့်နှင့်ယွဲ့ဝူရွှမ်းတို့ အောက်သို့ ပိုသွားမိလေ ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်၏ ရောင်ဝါအနံအသက်ကို ရှူသွင်းရသောကြောင့် ပိုမို၍ သက်တောင့်သက်သာ ဖြစ်သော ခံစားချက်ကို ပိုခံစားရလေဖြစ်သည်။

သိပ်မကြာခင် သူတို့နှစ်ဦးသားမှာ ကျောက်လှေကားအားလုံးအား နင်းဖြတ်ခဲ့ပြီးဖြစ်သည်။

သူတို့အနေဖြင့် ဘာထောင်ချောက် သို့မဟုတ် ကန့်သတ်မှုများမှ မကြုံတွေ့ခဲ့ရပေ။

အဖြူရောင် မီးတောက်၏ လောင်ကျွမ်းထွန်းညှိထားမှုအောက်တွင်

ဤလူလုပ် မြေအောက်ဂူမှာ သက်ငယ်တဲတစ်လုံးစာခန့်ကျယ်ဝန်းသည်ကိုတွေ့ရသည်။

ထိုနေရာ၏ အလယ်ဗဟို၌ ရှိနေသော ကျောက်စိမ်း ဇလုံတစ်ခုမှလွဲ ၍ အခြားသော အရာတို့ ရှိမနေချေ။

ကျောက်စိမ်းဇလုံ၏ တစ်ဝက်ခန့်၌ အဖြူနို့ရည်တို့ ရှိနေသည်။

ကျောက်စိမ်းဇလုံ၏ အထက် ဂူအမိုးဖြစ်သော မြေသား၌ ပေါင်မုန့်တစ်လုံး အရွယ်အစားခန့်ရှိသော ရေခဲပုံစံကျောက်တုံးတစ်တုံး ရှိနေ၏။

၎င်းမှာ ရေခဲကျောက်တုံး ပင်ဖြစ်သည်။

"ဒီကျောက်စိမ်းဇလုံရဲ့တစ်ဝက်က ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည် တွေပြည့်နေတယ်"

"ကြည့်ရတာ ဒီဂူထဲကို ဘယ်သူမှ ရောက်မလာခဲ့တာ နှစ်ရာဂဏန်းနဲ့ချီရှိနေတဲ့ပုံပဲ.."

ရှစ်ဖုန့်က သူ၏ ခြေထောက်ဘေးရှိ ကျောက်စိမ်းဇလုံ အား ငုံ့ကြည့်လိုက်သည်။

ဤမြေအောက်ဂူအား တူးခဲ့ပြီး မီးနဂါး မြက်ပင်ကို ရွှေ့ပြောင်းစိုက်ခဲ့သူမှာ တစ်ခုခုဖြစ်သွားခဲ့ခြင်းဖြစ်နိုင်သည်။

ထိုသို့မဟုတ်ပါက အဘယ်ကြောင့် ထိုသူ၏ မျိုးဆက်များက ဤ နေရာသို့ မလာရောက်ခဲဲ့ကြပါသနည်း။

စိတ်ဝင်စားမှုမရှိကြ၍လော။

ယွဲ့ဝူရွှမ်းက ကျောက်စိမ်း ပုလင်းနှစ်ခုကို ထုတ်ယူ၍ ဆောင့်ကြောင့်ထိုင်ချကာ ရေခဲကျောက်တုံး စိတ်ဝိညာဉ်နို့ရည်တို့ကို စတင်သိုလှောင်တော့သည်။

ကျောက်စိမ်းပုလင်းတို့မှာ လက်ချောင်းတစ်ချောင်း အရွယ်သာရှိသော်လည်း ၎င်းတို့၏ အကျယ်အဝန်းနေရာလွတ်မှာ သိုလှောင်လက်စွပ်တစ်ကွင်းကဲ့သို့ပင်ဖြစ်သည်။

၎င်းတို့အား အရည်ရတနာများကို သိုလှောင်ရန်အတွက် အထူးသန့်စင်ပြုလုပ်ထားခြင်းဖြစ်သည်။

လျှင်မြန်စွာဖြင့် ကျောက်စိမ်းဇလုံအတွင်းရှိ ရေခဲကျောက်တုံး စိတ်ဝိညာဉ် နို့ရည်တို့မှာ ကျောက်စိမ်းပုလင်းနှစ်ပုလင်းထဲသို့ ဝင်ရောက်သွားသည်။

ယွဲ့ဝူရွှမ်းက ထရပ်လိုက်ကာ ကျောက်စ်ိမ်းပုလင်းတစ်လုံးအား ရှစ်ဖုန့်ထံလွှဲပေးလိုက်သည်။

"ရော့.."

ရှစ်ဖုန့်က ကိန်းကြီးခန်းကြီးလုပ်မနေဘဲ လက်ဆန့်ကာ ယူလိုက်သည်။

ယခုအချိန်တွင် ရေခဲကျောက်တုံးစိတ်ဝိညာဉ်နို့ရည်မှာ သူ့အတွက် ကြီးမားစွာ အသုံးဝင်၏။

ရှစ်ဖုန့်က ဂူအပေါ်ရှိရေခဲကျောက်တုံးကို မော့ကြည့်ကာ ပြောလိုက်သည်။

"နောက်တစ်ကြိမ် ရေခဲကျောက်တုံးက စိတ်ဝိညာဉ်နို့ရည်ကို ထုတ်ပေးမှာ ဆယ်နှစ်နေရင်ဖြစ်လောက်တယ်.."

"အမှန်ပဲ.."

ယွဲ့ဝူရွှမ်းကလည်း ရေခဲကျောက်တုံးအား ကြည့်ကာ ပြောလိုက်သည်။

"ရေခဲကျောက်တုံးတွေကို သူကြီးထွားလာရာ နေရာမှာပဲ ထိန်းသိမ်းထားလို့ရတာ စိတ်မကောင်းစရာပဲ.."

"အဲ့တာကို လွယ်လွယ်လေး ရွှေ့ပြောင်းလို့မရဘူး မဟုတ်ရင်သာမန်ရေခဲတုံးတွေလိုမျိုး အရည်ပျော်သွားလိမ့်မယ်.."

"အဲ့လိုသာ မဟုတ်ခဲ့ရင် ဒီလိုကျောက်တုံးလှလှလေးကို ငါစုဆောင်းမိမှာ.."

လှပသော အရာများအား ကြိုက်နှစ်သက်ကြသည်မှာ မိန်းကလေးတို့သဘာဝပင်ဖြစ်သည်​။

အထူးသဖြင့် ဤသလင်းကျောက်ကဲ့သို့ သန့်စင်ကြည်လင်လှသော သဘာဝကျောက်တုံးများပင်ဖြစ်၏။

ထို့နောက်ယွဲ့ဝူရွှမ်းက ရှစ်ဖုန့်အား လှည့်၍ပြောလိုက်သည်။

"အခုကစပြီး နောက်ဆယ်နှစ်နေရင် အဲ့အချိန်က စိတ်ဝိညာဉ်နို့ရည် ထုတ်လုပ်တဲ့ အချိန်ဖြစ်လိမ့်မယ် တို့တွေဆယ်နှစ်နေပြီးရင် ဒီနေရာမှာ ထပ်တွေ့ကြရင်ရောဘယ်လိုလဲ.."

"ကောင်းပြီ"

ရှစ်ဖုန့်က မိန်းမလှလေးအားကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"အဲ့အချိန်မှာ တို့တွေဘာတွေပဲဖြစ်နေပါစေ..ဘာတွေကိုပဲ ကြုံကြိုက်နေရပါစေ ဒီနေ့ကစပြီးနောက်ဆယ်နှစ်နေရင် တို့တွေဒီနေရာမှာတွေ့ကြမယ်.."

ယွဲ့ဝူရွှမ်းက ထပ်ပေါင်းပြောလိုက်သည်။

"အင်း ကောင်းပြီ"

ရှစ်ဖုန့်က ထပ်မံခေါင်းငြိမ့်လိုက်သည်။

"လက်သန်းချိတ်ပြီး ကျိန်ကြမယ်"

ယွဲ့ဝူရွှမ်းက သူမ၏ ညာလက်သီးကို ဆန့်ထုတ်လိုပ်ကာ သူမ၏ လက်သန်းလေးကိုကွေးလိုက်သည်။

ရှစ်ဖုန့်က ပြုံးက သူ့လက်သန်းဖြင့် ယွဲ့ဝူရွှမ်း၏ လက်သန်းကိုချိတ်လိုက်သည်။

"ဆယ်နှစ်တာ ကတိ"

တောအုပ်အတွင်းတွင် အစိမ်းရောင်အဆိပ်မြူတို့ပြည့်နေပြီး မိစ္ဆာဝံပုလွေစစ်သည်ငါးဆယ့်ငါးယောက်တို့မှာ မိစ္ဆာဝံပုလွေတို့အား စီးနင်းထားကြသည်။

ဝေ့ဟန်၏ဦးဆောင်မှု အောက်တွင် သူတို့အားလုံးမှာ တွင်းဘေး၌ရပ်နေကြ၏။

သူတို့၏ ကျောအား မတ်မတ်ထာပြီး မျက်နှာများက တည်ကြည်လေးနက်ပုံပေါ်နေကာ မြင်းတပ်ကဲ့သို့မိစ္ဆာဝံပုလွေ များကိုစီးနင်းကာ သူတို့၏ ဗိုလ်ချုပ်က သူတို့အား စစ်ဆေးမည်ကိုစောင့်ဆိုင်းနေသည့်နှယ်ဖြစ်သည်။

၎င်းတို့ထဲတွင် မိစ္ဆာဝုံလွေနှစ်ကောင် သေဆုံးသွားခဲ့သောကြောင့် စီးနင်းသူနှစ်ဦးမှာ တစ်ခြားသူတို့နှင့်အတူ စီးနင်းထားကြသည်။

လီလျိုရှင်းမှာကား ထွက်ခွာသွားခဲ့ပီဖြစ်၏။

"ခေါင်းဆောင်"

ထိုအချိန်၌ နောက်မှလူတစ်ယောက်က အော်ခေါ်လိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ဝေ့ဟန်က အမူအယာပြောင်းလဲခြင်းမရှိဘဲ လှည့်ကြည့်လိုက်သည်။

သူကထိုပုဂ္ဂိုလ်အားကြည့်ကာ ပြောလိုက်သည်။

"ပြော"

ထိုလူမှာ ဝေ့ဟန်၊ဟယ်လုံတို့နှင့်အတူ လိုက်ပါလာခဲ့သော စီးနင်းသူ သုံးဆယ့်တစ်ယောက်ထဲမှ တစ်​ယောက်ဖြစ်သည်။

သူက ဝံပုလွေကို ဖွဖွပုတ်ပြီး ဝေ့ဟန်ကိုပြောလိုက်သည်။

"ခေါင်းဆောင်တကယ်ပဲ အဲ့ဒီ့သူ နောက်ကို လိုက်တော့မှာလား.."

ဝေ့ဟန်ခေါင်းငြိမ့်လိုက်သည်။

"ငါတို့လုပ်နိုင်တာဘာမှ မရှိဘူး.."

မှန်ပေသည်။ သူလုပ်နိုင်တာဘာမျှ မရှိချေ။

သူ့၌ ရှစ်ဖုန့် သူ့အပေါ်တွင်ထား ရှိသော ကန့်သတ်မှုတစ်ခုရှိနေပြီး သူ၏ သေခြင်းရှင်ခြင်းမှာ သူကိုယ်တိုင်၏ ထိန်းချုပ်မှုအောက်၌ ရှိမနေချေ။

လူသုံးဆယ့်တစ်​ယောက်၌ ကန့်သတ်ထားမှုမရှိသော်လည်း ရှစ်ဖုန့်က သူ့အား ၎င်းတို့ကိုဦးဆောင်ရန်ပြောထားသည်။

သူအနေဖြင့် ၎င်းတို့အား ထွက်ပြေးခွင့်မပေးနိုင်ပေ။ မဟုတ်ပါက သူသေရလိမ့်မည်ဖြစ်သည်။

ဝေ့ဟန်ကသူတို့ကိုပြောလိုက်သည်။

"စိတ်မပူပါနဲ့ သူ့ကိုမင်းတို့ မဆန့်ကျင်သ၍ မင်းအတွက် အသက်အန္တရာကို ခြိမ်းခြောက်တဲ့ အချိန်မျိုး ရှိလာမှာ မဟုတ်ပါဘူး.."

အစောပိုင်းက ဝေ့ဟန်အနေဖြင့် ကောင်းကင်ဝံပုလွေနှင့် အထီးကျန်ဝံပုလွေတို့ထံမှ သူတို့ခရီးစဉ်အကြောင့် တင်ပြမှုကိုကြားခဲ့ရသည်။

တကယ်တမ်း ထိုလူမှာ လူဆယ့်လေးယောက်အား သေတွင်းထဲသို့ မပို့ရုံသာမက နတ်ဆိုးသားရဲများ တိုက်ခိုက်ခံရစဉ်တွင်ပင် ကာကွယ်ပေးခဲ့သေးသည်။

ဟယ်ရွှယ်နှင့် တစ်ခြားသော သိုင်းပညာရှင်များအတွက် မူ ဟယ်ရွှယ်မှာ သေခြင်းကိုစီရင်ခံခဲ့ရခြင်းဖြစ်သည်။

ထိုပုဂ္ဂိုလ်အတွက် မူ၎င်းအနေဖြင့် သူအား လူတွေနာခံသည်ကိုပိုလိုချင်နေသည်။

ဤအချိန်၌လည်း အတူတူပင်ဖြစ်နေနိုင်လောက်သည်။

ဝေ့ဟန်မှာ သူ့ဘဝတစ်လျှောက်လုံး စစ်ပွဲ အနုပညာလင်္ကာတို့ကို စပ်ဆိုခဲ့သူဖြစ်ပြီး စစ်တပ်စီမံခန့်ခွဲမှုဆိုင်ရာတို့ကို အထူးပြုကျွမ်းကျင်သူဖြစ်သည်။

သူ့အနေဖြင့် အမြဲခါးသီးမှုတို့ကို ကြုံခဲ့ရပြီး ကြီးမားသော အရာများကို ရရှိနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် သူ၏ ပြင်းပြသော ဆန္ဒတို့ကို မပြသနိုင်ဖြစ်ခဲ့ရသည်။

သူအနေဖြင့် အင်ပါယာအတွင်း စွမ်းအားရှိသော ခိုကိုးရာအချို့ကို တစ်ကြိမ်ရှာဖွေခဲ့ဖူးသည်။သို့သော်သူ့အနေဖြင့် အရေးကြီးသော နေရာတစ်ခုကို မရရှိခဲ့ပေ။

သူကူကယ်ရာမဲ့စွာဖြင့် ထွက်ခွာလာရခြင်းကိုသာတက်နိုင်ခဲ့သည်။

အဆုံးသတ်တွင် ကမ္ဘာကြီးပေါ်တွင် ခရီးလှည့်လည်သွားလာခဲ့ပြီး နတ်ဆိုးသားရဲ့မြို့၌ ဟယ်လုံနှင့်တွေ့ခဲ့ရသည်။

ဤဘဝ၌ရက်တည်ရန်မျှော်လက့်ချက် မရှိတော့ဘူး သူခံစားခဲ့ရသောကြောင့် သူ့အနေဖြင့် မိစ္ဆာဝံပုလွေကြေးစားအဖွဲ့တွင် ငါးနှစ်နေထိုင်ခဲ့သည်။

"ဟူး.."

ဝေ့ဟန်သူ၏ ခေါင်းကိုမော့ကာ ကောင်းကင်ကိုကြည့်လို​က်သည်။

ညဘက်ပင်ရောက်နေပီဖြစ်သည်။

တောအုပ်အတွင်းတွင် အစိမ်းရောင်တိမ်တို့ဖြင့်ပြည့်နေသော်လည်း ဝေ့ဟန်မှာ ညကောင်းကင်ယံရှိကြယ်တို့ကို မြင်တွေ့နိုင်ပုံပေါ်သည်။

"ငါငယ်ငယ်တုံးက ပြင်းပြမှုစိတ်ဆန္ဒတွေနဲ့ပြည့်နေခဲ့တယ်.."

"အခုတော့ လက်တွေ့မှာခြေကုန်လက်ပန်းတွေကျနေခဲ့ပြီ..ငါ့အတွက်လမ်းကြောင်းဆိုတာကဘယ်မှာလဲ..ငါ့ဘဝကြီးကို အချည်းအနှီးကြီးကုန်ဆုံးရတော့မှာလား.."

ဝေ့ဟန်အနေဖြင့် ဤအရာအား လက်သင့်မခံချင်ပေ။

သူအနေဖြင့် လောလောဆယ်တွင် သုံးဆယ်အစောပိုင်းသာရှိသေးသည်။

အစက သူ့အနေဖြင့် လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်၌ ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး မိစ္ဆာဝံပုလွေကြေးစားအဖွဲ့နှင့် နတ်ဆိုးသားရဲမြို့မှ ထွက်ခွာခဲ့လို့ရနိုင်ပြီး အမှီသဟဲပြုရန် အင်ပါယာထဲ၌ စွမ်းအားတစ်ခုအား ရှာဖွေ၍ ရနိုင်ခဲ့သည်။

သူ့အား အင်အားစုများစွာက ဂုဏ်သရရှိ ဧည့်သည်အဖြစ် ဆက်ဆံလိမ့်မည်ဟု သူယုံကြည်ခဲ့မိ၏။

ကံဆိုးစွာဖြင့် သူ၏ အသက်မှာ သူတစ်ပါး၏ လက်ထဲတွင် ကျရောက်နေခဲ့သည်။

ဝေ့ဟန်ထိုအရာများအား စဉ်းစားနေစဉ် အဖြူရောင်ပုံရိပ်နှစ်ခုက တွင်းထဲမှ ရုတ်တရက်လှစ်ကနဲထွက်လာသည်။

ဝေ့ဟန်က ကြည့်လိုက်ပြီးနောက် အလျှင်အမြန်ပြောလိုက်သည်။

"သခင်လေးဖုန့်"

ရှစ်ဖုန့်အနေ့ဖြင့် ဤလူထံမှ ဘာမနှစ်မြို့စရာမှ မခံစားရပေ။

၎င်း၏ ဦးဆောင်မှုအောက်တွင် မိစ္ဆာဝံပုလွေအဖွဲ့မှာ သူ၏ နောက်၌

သေသပ်စွာရပ်နေကြသည်။

ရှစ်ဖုန့်စိတ်ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။

"လုပ်စရာရှိတာလုပ်မယ်..ကျင်းနဲ့အောက်ကဥမှင်ကို ​ပိတ်လိုက်..အပေါ်မှာ ကျောက်တုံးတစ်တုံးထား အဲ့တာကိုမဖုံးလိုက်နဲ့.."

"အင်း"

ဝေ့ဟန်က ခေါင်းညိမ့်လိုက်ပြီး မိစ္ဆာဝံပု​လွေတပ်ဖွဲ့ထံသွားကာ ရှစ်ဖုန့် ညွှန်ကြားချက်အတိုင်းအမိန့်ပေးလိုက်သည်။

"မင်းအတွက် နတ်ဆိုးသားရဲတောင်တန်းကိုလာရတဲ့ ရည်ရွယ်ချက်ပြည့်သွားကြီး..မင်းအခုဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ.."

ရှစ်ဖုန့် ယွဲ့ဝူရွှမ်းကိုထပ်မံကြည့်ကာ မေးလိုက်သည်။

"ဆေးတာအိုမှာ အာရုံစိုက်လေ့လာပြီးတော့ မြင့်မားတဲ့နယ်ပယ်တစ်ခုရောက်ဖို့ ရည်ရွယ်ထားတယ်..."

ယွဲ့ဝူရွှမ်းက ပြန်ဖြေလိုက်သည်။

"အင်း"

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြုံးပြလိုက်သည်။

"နောက်တစ်ကြိမ်ငါမင်းကိုတွေ့ရင် ချင်ယူဖန်းကို အနိုင်ယူနိုင်တဲ့ ပါရမီရှင်ဆေးဝါးဖော်စပ်သူတစ်ဦး အဖြစ်တွေ့ရဖို့ မျှော်လင့်တယ်.."

"ခစ်ခစ်..နင်ငါ့ကို အများကြီး မျှော်လင့်ထားတာပဲ.."

ယွဲ့ဝူရွှမ်းက ပြုံး၍ပြောလိုက်သည်။

"မင်းချင်ယူဖန်းကိုရှာနိုင်လား.."

ရှစ်ဖုန့်ကမေးလိုက်သည်။

အဆုံးသတ်၌ ယွဲ့ဝူရွှမ်းခေါင်းခါပြသည်ကိုသာ ရှစ်ဖုန့်တွေ့လိုက်ရသည်။

"ဆရာက အထွတ်အထိပ်အဆင့်ရှစ်ကိုရောက်နေတာ နှစ်ပေါင်းများစွာကြာပြီ..အဆင့်ချိုးဖြတ်နိုင်တဲ့ အခွင့်အရေးကိုရဖို့အတွက် သူဟာ ထျန်းဟန်တိုက်ကြီးပေါ်မှာ ဒဏ္ဍာရီလာ အံ့ဖွယ်ဆေးကို ရှာနေတယ်..ငါသူ့ကိုမတွေ့ရတာ တော်တော်ကြာခဲ့ပီ.."

"မင်းချင်ယူဖန်းကိုတွေ့ရင် ငါ့ကိုသတင်းစကားတစ်ခုသူ့ဆီပါးပေးပါ"

"မိုးကြိုးမုန်တိုင်းတွေပြင်းထန်တဲ့ ညတစ်ညမှ စကားတစ်ခွန်းကသူ့ကိုနိုးထစေခဲ့တယ်..."

ရှစ်ဖုန့်ကပြောလိုက်သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

ကြော်ငြာလေးဝင်ပါစေဗျ- ဤစာစဉ်သည်စာစဉ်(၁၉)ထိထွက်ရှိထားပါသည် မကြာခင်ရက်ပိုင်းအတွင်းစာစဉ်(၂၀)ရရှိပါမည်။ ဝယ်ယူဖတ်ရှုအားပေးချင်သူများအနေဖြင့် ငရဲဘုံကိုးခု facebook pageတွင်ဖြစ်စေဝန်ဇင်းနှင့်ဝိုး တို့တွင်ဖြစ်စေ ဝယ်ယူဖတ်ရှုအားပေးနိုင်ပါသည်။ အားပေးသူတစ်ယောက်ချင်းစီတိုင်းအားဘာသာပြန်သူမှ ကျေးဇူးအထူးတင်ရှိပါသည်။ မကြာခင်တွင်စာစဉ်အားတစ်နေ့တစ်ပိုင်းဖရီးတင်ဆက်ပေးနိုင်အောင်ကြိုးစားနေပါသည်။

All Chapters