အပိုင်း (၈၅)
Vol. 6 Ch. 85
"လျှပ်စီး မုန်တိုင်းတွေပြင်းထန်တဲ့ ညတစ်ညမှ စကားတစ်ခွန်းက မင်းကို နိုးထစေခဲ့တယ် တဲ့လား"
ယွဲ့ဝူရွှမ်းက ထိုစကားတို့အား တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်သူက တစ်စုံတစ်ခုအား သဘောပေါက်သွားကဲ့သို့ ပြုံး၍ပြောလိုက်သည်။
"ဒီတော့ နင်က အရင်တုံးက ငါ့ဆရာနဲ့ သင်ကြားခဲ့ဖူးတယ်ပေါ့"
ရှစ်ဖုန့်က သူ့မျက်နှာထက်တွင် အပြုံး ယဲ့ယဲ့ကိုသာ ဆင်မြန်းထားပြီး ဘာမှမတုန့်ပြန်ပေ။
ချင်ယူဖန်းအနေဖြင့် ထိုစကားအားကြားလျှင် အလိုအလျှောက် နားလည်ပြီး သူ့အားလာရှာလိမ့်မည်ကို သူသိနေသည်။
ထိုဉာဏ်အလင်းရနိုးထသွားခဲ့သော သူက ချင်ယူဖန်းဖြစ်သည်ဟု သူပြောလျှင် ရှစ်ဖုန့်၏ လက်ရှိပုံရိပ်အရ ယွဲဝူရွှမ်းသာ မယုံကြည်မည်သာမကဘဲ ထျန်းဟန်တစ်တိုက်လုံးမှလူတိုင်းပင်သူ့အား သေသည်အထိ ရိုက်နှက်လိမ့်အုံးမည်ဖြစ်သည်။
"ငါသာ တကယ်ဆရာနဲ့ ဆုံတွေ့ခဲ့ရင် ဒီစကားကိုပြောပြပြီးတော့ နင်ကသူ့ကို အမြဲကြီးကြီးမားမား ကျေးဇူးတင်နေကြောင်းကို ငါပြောပြလိုက်ပါ့မယ်..."
ယွဲ့ဝူရွှမ်းက ပြောလိုက်သည်။
"ဒါဆိုရင်တော့ ငါမင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ.."
ရှစိဖုန့်ကပြောလိုက်သည်။
"နင်ကရော..နောက်ထပ်နင်လုပ်မဲ့ အစီအစဉ်တွေက ဘာတွေလဲ..."
ယွဲ့ဝူရွှမ်းကမေးလိုက်သည်။
"ငါက နတ်ဆိုးသားရဲတောင်တန်းရဲ့ အတွင်းပိုင်းကို သွားချင်သေးတယ်..အဲ့မှာ ငါရှာဖို့လိုအပ်တဲ့ အရာတစ်ခုရှိနေတယ်.."
ရှစ်ဖုန့်ကပြောလိုက်သည်။
သူဤနေရာသို့ လာရသည့် ရည်ရွယ်ချက်မှာ အဆင့်ခြောက်ဘိုးဘေးနယ်ပယ်အဆင့် ဆေးပင်ဖြစ်သော ယင်နှင်းပန်းအား ယင်မိစ္ဆာအား ကုသနိုင်ရန်အတွက်လာရောက် ရှာဖွေခြင်းပင်ဖြစ်သည်။
"ဒါဆိုတို့တွေ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့.."
လမ်းခွဲကြမည်ဟူသော စကားအားပြောကြားချိန်၌ ယွဲ့ဝူရွှမ်း၏ မျက်နှာထက်တွင် အနည်းငယ်ဝန်လေးနေသော အရိပ်အမွတ်တို့ဖြစ်ပေါ်နေသည်။
ထိုအချိန်၌ ဝေ့ဟန်က ရှစ်ဖုန့်ထံလျှောက်လာပြီးပြောလိုက်သည်။
"သခင်လေးဖုန့်ကျွန်တော် သခင်လေး ညွှန်ကြားတာတွေ လုပ်ပြီးပါပြီ"
ဝေ့ဟန်၏ စကားအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်က တွင်းကိုကြည့်လိုက်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ဤပုဂ္ဂိုလ်က တကယ့်ကို သူကိုညွှန်ကြားသည်အား ကောင်းကောင်းလုပ်ဆောင်ထား၏။
ကျင်းမှာ သူ့အားပြန်လည်ဖြည့်ထားမှန်းမသိအောင်ပင် သပ်ရပ်လွန်းလှကြီး မြေပြင်မှာ ဤနေရာရှိ အခြားသော မြေပြင်များကဲ့သို့ တစ်ထေရာတည်းပင် တူညီပေသည်။
ဘာသဲလွန်စမှ ကျန်ရစ်နေခဲ့ခြင်း မရှိဟုပင်ပြောနိုင်၏။
"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ.."
ရှစ်ဖုန့်က ဝေ့ဟန်ကိုပြောလိုက်သည်။
ခဏမျှရပ်ပြီးနောက်တွင် ရှစ်ဖုန့်က ဆက်ပြောလိုက်သည်။
"မင်းက မိစ္ဆာဝံပုလွေတပ်ဖွဲ့ကို ဦးဆောင်ပြီးတော့ နတ်သမီးယွဲ့ကို ကာကွယ်ရမယ်..ပြီးတာနဲ့ မိစ္ဆာဝံပုလွေကြေးစားအဖွဲ့ ဌာနချုပ်ကိုသွားပြီး ကျန်တဲ့လူတွေကိုစုစည်းပါ..အဲ့နောက်မှာ အင်ပါယာမြို့တော်က စတုတ္ထမင်းသား လုံချန်ကို သွားရှာပြီး ငါကမင်းတို့ကို သူ့ဆီအမှုထမ်းဖို့ တောင်းဆိုလိုက်တယ်လို့ပြောလိုက်..."
"စတုတ္ထမင်းသားကိုရှာရမှာလား."
ဝေ့ဟန်၏ မပြောင်းခဲ့သော အမူအယာမှာ ထိုစကားအားကြားလိုက်ရသောအခါတွင် ပြောင်းလဲသွားတော့သည်။
"ဘာလဲ..ပြဿနာရှိလို့လား.."
ရှစ်ဖုန့်က အေးစက်သော အကြည့်တစ်ချက်ကြည့်လိုက်သည်။
"မဟုတ်ပါဘူး..ဒီငယ်သား နာခံပါ့မယ်.."
ဝေ့ဟန်လျှက်မြန်စွာ တုန့်ပြန်လိုက်သည်။
ဤသည်မှာ သူ့အတွက်အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ဝေ့ဟန်ခံစားရသည်။
သူအနေဖြင့် ယွင်လိုင်အင်ပါယာစတုထ္ထမင်းသား၏အဖွဲ့ဝင်တစ်အယောက် တကယ်ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်ထားခဲ့မိခြင်း မရှိပေ။
ရှစ်ဖုန့်အနေဖြင့် လုံချန်အား ကူညီရခြင်း အကြောင်းပြချက်မှာ အစောပိုင်းက သူတို့ကြားထားရှိထားသော သဘောတူညီချက်ကြောင့်သာမက သူ့အမေနှင့်ညီမလေးအား သူတို့တစ်ဘဝလုံး ချမ်းသာကြွယ်ဝပြီးမျိုးဆက်တစ်လျှောက် ဂုဏ်ကျက်သေရေဖြင့်အခြေချနေထိုင်နိုင်သော နေရာတစ်ခုကို ဖန်တီးပေးလိုသောကြောင့်ဖြစ်သည်။
သေးငယ်လှသော ယွင်လိုင်အင်ပါယာမှ သူ့အနေဖြင့် တစ်နေ့တွင် ထွက်ခွာသွားမည်ဖြစ်ပြီးကြီးမြတ်သော သိုင်းပညာလမ်းစဉ်ကို လိုက်စားရန် ပိုကျယ်ပြောလှသော ကမ္ဘာဆီသို့ ဦးတည်မည်ဖြစ်သည်။
"သခင်လေးဖုန့် ဒီမှာရှိတဲ့လူတိုင်း စုဝေးပြီးပါပြီ.."
ဝေ့ဟန်က ရှစ်ဖုန့်ကို နောက်တစ်ကြိမ်တင်ပြလိုက်သည်။
သူတို့၏ ရှေ့တွင် မိစ္ဆာဝံပုလွေတပ်ဖွဲ့မှလူတိုင်းက မိစ္ဆာဝံပုလွေတို့ကို စီးနင်းကာစောင့်ဆိုင်းနေကြသည်။
ယွဲ့ဝူရွမ်းသည်လည်း မိစ္ဆာဝံပုလွေတစ်ကောင်အား စီးနင်းထား၏။
ရှစ်ဖုန့်ကသူမအားကြည့်ကာ ပြောလိုက်သည်။
"လမ်းမှာ ဂရုတစိုက်နဲ့သွားပါ.."
"အင်း.."
ယွဲ့ဝူရွှမ်ူက ခေါင်းညိမ့်ပြပြီးညင်သာစွာပြန်ပြောလိုက်သည်။
"နင်ရောပဲ.."
"ဒါဆိုငါသွားတော့မယ်.."
ယွဲ့ဝူရွှမ်းက ထပ်မံပြောလိုက်သည်။
"အင်း.."
ရှစ်ဖုန့်ကသူမအား ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်ယွဲ့ဝူရွှမ်းကသူမ၏ ဝံပုလွေကိုလှည့်ကာ မိစ္ဆာဝံပုလွေတပ်ဖွဲ့၏ ကာကွယ်မှုအောင်တွင် လာရာလမ်းအတိုင်းပြန်ထွက်ခွါသွားတော့သည်။
ယွဲ့ဝူရွှမ်းကပြုံးပြီး ရှစ်ဖုန့်အား အကြိမ်များသွာပြန်လှည့်ကြည့်နေ၏။
နောက်ဆုံးတွင် လူအုပ်စုကြီးမှ ရှစ်ဖုန့်၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားတော့သည်။
ယွဲ့ဝူရွှမ်းအား စိတ်ဝိညာဉ်နယ်ပယ် သုံးဆယ့်သုံးယောက်နှင့် ဘုရင်နယ်ပယ်တစ်ယောက်တို့က ကာကွယ်ပေးထားသည်။
ထို့ကြောင့်ရှစ်ဖုန့်အားတော်တော်လေး စိတ်သက်သာရာရစေ၏။
"ငါ ငါ့ခရီးကို ငါဆက်သွားဖို့လိုပြီ...."
ရှစ်ဖုန်က သူ့ဟာသူတီးတိုးရေရွတ်လိုက်သည်။ထို့နောက် သူ အော်လိုက်သည်။
"မိစ္ဆာသားရဲ.."
သိပ်မဝေးလှသော နေရာ၌ အစောပိုင်းကမှ အဆင့်တက်ထားသော အဆင့်လေး မိစ္ဆာဝံပုလွေမှာ မြေပြင်ပေါ်တွင် တစ်မှေးအိပ်နေသည်။
၎င်းမှာ ရှစ်ဖုန့်၏ အော်သံကိုကြားရသော အခါတွင် ရုတ်တရက်လန့်ဖျပ်သွားသည်။
၎င်းကရုတ်တရက် ထရပ်လိုက်ပြီး သူ၏ အတောင်တို့အား ညင်သာစွာ ခပ်ပြီး ရှစ်ဖုန့်ထံ ပျံသန်းလာကာ သူ၏ ရှေ့တွင် ရပ်လိုက်သည်။.
ရှစ်ဖုန့် ကပေါ့ပါးစွာခုန်လိုက်ပြီး မိစ္ဆာဝံပုလွေ၏ ကျောပေါ်သို့တက်လိုက်သည်။
ထို့နောက်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး ပြောလိုက်သည်။
"မင်းကအခု အဆင့်လေး နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေပီဆိုတော့ မင်းကို အဆင့်အတန်းအချို့ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင် အဖြစ် သုံးသပ်လို့ရနိုင်ပီ..ငါမင်းကိုနမည်ပေးမယ်..အခုကစပြီး မင်းကိုငရဲဝံပုလွေလို့ခေါ်မယ်. "
"ဝေါင်း.."
မိစ္ဆာဝံပုလွေက သူ၏ နမည်အား စိတ်ကျေနပ်သော ပုံစံဖြင့် ကောင်းကင်ထပ်မော့၍ အော်ပြောလိုက်သည်။
"ပျံတက်စမ်း"
ရှစ်ဖုန့်က အော်ပြောလိုက်သည်။
ဝံပုလွေက ၎င်း၏ အတောင်ပံတို့ကိုခတ်ကာ ရှစ်ဖုန့်ကိုတင်၍ ကောင်းကင်ထက်ဦးတည်လိုက်သည်။
အတောင်တို့ကိုခပ်ပြီး လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်မှာ ကောင်းကင်ထက်၌ တစ်ဟုန်ထိုး ပျံသန်းနေ၏။
သိပ်မကြာခင် သူ့ပတ်ဝန်းကျင်ရှိလေထုအပူချိန်မှာ ရုတ်ချည်း မြင့်တက်လာသည်ကို ရှစ်ဖုန့်ခံစားမိသည်။အောက်သို့ကြည့်လိုက်သော အခါတွင် အောက်ခြေမြေပြင်၌ မီးများတောက်လောင်နေသည်ကို သူ မြင်နိုင်သည်။
"မီးတောက်နယ်မြေ"
ရှစ်ဖုန့်အနေဖြင့်၎င်းအား မြေပုံပေါ်တွင် တွေ့ဖူးခဲ့သည်မှာ ကြာပီဖြစ်၏။
အစိမ်းရောင်အဆိပ်စိမ့်မြေအား ဖြတ်သန်းပီးနောက်တွင် သူ့အနေဖြင့် ဤမီးနယ်မြေသို့ရောက်လိမ့်မည်ဖြစ်သည်။
၎င်းမှာထူးဆန်းသော နယ်မြေဒေသတစ်ခုဖြစ်၏။
မြေပြင်မှာ နှစ်ပတ်လည် မီးတောက်တို့ လောင်ကျွမ်းနေပြီး ချစ်ချစ်တောက်ပူသော အပူကိုထုတ်လွှတ်နေသည်။
မြေပုံ၌ပြထားသလိုပင် ဤနယ်မြေမှာ အလွန်ကြီးမား၏။
ကံကောင်းစွာဖြင့် ရှစ်ဖုန့်၌ ပြန်သန်းနိုင်သော သားရဲတစ်ကောင်ရှိနေ၍ဖြစ်သည်။မဟုတ်ပါက သူ့အနဖြင့် ဤနယ်မြေအား သုံးရက်သုံးညတိုင်တိုင် လျှောက်လှမ်းဖြတ်သန်း ရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က ဝံပုလွေအား ရပ်ရန်မပြောဘဲရှေ့ဆက်သွားစေသည်။
လမ်းတစ်လျှောက်တွင် ပျံသန်းနိုင်သည့်နတ်ဆိုးသားရဲအချို့ဖြစ်သော
မီးငှက်များ၊မီးတောင်ပံမြွေနဂါးများနှင့် ပျံသန်းနိုင်သော မီးဝံပုလွေတို့အားတွေ့ကြံကြိုက်ခဲ့ရသည်။
သို့သော် ၎င်းတို့အားလုံးမှာ အဆင့်နိမ့် နတ်ဆိုးသားရဲများ ဖြစ်ကြ၏။
ဝံပုလွေချဉ်းကပ်လာသော အခါ အဆင့်လေး နတ်ဆိုးသားရဲ၏ ဖိအားအောက်တွင် အဆင့်နိမ့်နတ်ဆိုးသားရဲအားလုံးမှာ အလိုအလျောက် ရှောင်တိမ်းသွားကြသည်။
၎င်းတို့ကြားထဲတွင်အဆင့်လေး မီးသိန်းငှက်တစ်ကောင်လည်းပါသည်။
သို့သော် အဆင့်လေးသားရဲများမှာ အသိဉာဏ်ဖွံ့ဖြိုးပြီးကြပြီးဖြစ်၏။
၎င်းတို့၏ စရိုက်များက နိုင်လိုမင်းထက်ပြုလိုစိတ်များ ရှိလျှင်တောင် အဆင့်တူ နတ်ဆိုးသားရဲချင်းတွင် အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်မည်မဟုတ်ပေ။
ရေညှောင့်ကောင်ငှက်နဲ့ ခုံးကောင်တို့တိုက်ခိုက်လျှင် နှစ်ဖက်စလုံးထိခိုက်ဆုံးရှုံးရပြီး တစ်ခြားနတ်ဆိုးသားရဲတွေအတွက်သာအကျိုးအမြတ်ရှိလိမ့်မည်ဖြစ်သည်။"
သို့သော် ၎င်းကမတိုက်ခိုက်သော်လည်း ရှစ်ဖုန့်ကတော့ လွှတ်ပေးမည်ဟုမဆိုလိုပါ။
အဆင့်လေး နတ်ဆိုးသားရဲမှာ ရှစ်ဖုန့်အတွက် ကြီးမားသောအားဆေးတစ်ခုပင်ဖြစ်သည်။ရှစ်ဖုန့်က ဝံပုလွေအား အလျှင်အမြန်အပေါ်မှပျံသန်းရန်အမိန့်ပေးပြီး ဝံပုလွေနှင့်ထိုငှက် တစ်ထပ်တည်းကျချိန်တွင် မီးသိန်းငှက်ကာ အချိန်သိပ်မကြာစေဘဲ သတ်ပစ်လိုက်သည်။
"ကောင်လေး..ခဏနေအုံး..ငါရင်းနှီးတဲ့ မီးစွမ်းအင်ကို အာရုံခံမိတယ်"
ထိုအချိန်တွင် ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား စကားပြောလိုက်သည်။
"အိုး..
ရှစ်ဖုန့်က ချက်ခြင်းဝံပုလွေအား ရပ်ရန်အမိန့်ပေးလိုက်၏။
ဝံပုလွေက သူ၏ အတောင်တို့အား ဖြည်းညှင်းစွာခပ်၍ ရပ်တန့်လိုက်သည်။
"ရင်းနှီးတဲ့ မီးစွမ်းအင်လား.."
ရှစ်ဖုန့်က သိချင်စိတ်ဖြင့်မေးလိုက်သည်။
"မြေမီးတောက်ပဲ..ငါအဲ့တာကို အာရုံခံမိတယ်..အဲ့တာမြေမီးတောက်ရဲ့ တည်ရှိမှုပဲ..ဒီနေရာက တကယ်ကြီး မြေမီးတောက်ကို မွေးထုတ်ပေးတာပဲ..ကောင်လေး ညာဘက်ကိုမြန်မြန်ပျံလိုက်..."
ကောင်းကင်မီးတောက်က စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
"ငါသာမြေမီးတောက်ကို ဝါးမြိုနိုင်ရင် ငါတို့ခွန်အားက အဆင့်လေးထဲကို ဝင်ရောက်နိုင်တယ်.."
အဆင့်ခြောက်စိတ်ဝိညာဉ်နယ်ပယ်မှ ဘုရင်နယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်ဟူသော မက်လုံးက သေးငယ်သော အရာတော့ မဟုတ်ပေ။
ရှစ်ဖုန့်က ဝံပုလွေကို အလျှင်အမြန်အော်ပြောလိုက်သည်။
"မိစ္ဆာသားရဲ..မင်းအစွမ်းကုန် ညာဘက်ကိုပျံသန်းစမ်း.."
"ဝေါင်း"
ရှစ်ဖုန့်၏ အမိန့်အောက်တွင် ဝံပုလွေက တုန့်ပြန်အော်ဟစ်လိုက်သည်။
သူကလှည့်၍ အတောင်တို့ကိုခပ်ကာ အမြန်နှုန်းဖြင့် ညာဘက်ကိုပြန်သန်းလိုက်သည်။
"ဆရာ..ဒီနေရာလား"
အချင်းမီတာသုံးဆယ်ရှိသော မီးတောင်တစ်ခု၏ နှုတ်ခမ်းဝတွင် အဖြူရောင်ပုံရိပ်တစ်ခုက ရပ်နေသည်။
ပတ်ဝန်းကျင်ရှိ အပူချိန်မြင့်သော မီးတောက်တို့အား ရင်ဆိုင်ပြီး အဖြူရောင်ဝတ်ထားသောလူငယ်၏ အသွင်အပြင်မှာ ပြောင်းလဲမှု မရှိပေ။
"ကျုံးအာ ဟုတ်တယ်..ဒီနေရာပဲ.."
အိုမင်းပြီး စူးရှသောအသံက ထိုလူငယ်၏ ရင်ဘတ်၌ ဝတ်ဆင်ထားသော ကျောက်စိမ်းပြားထံမှ ထွက်လာသည်။
ရှစ်ဖုန့်သာရှိနေလျှင်ဤအဖြူရောင်လူငယ်အား သူသေချာပေါက် မှတ်မိလိမ့်မည်ဖြစ်သည်။
သူသည် ဝိညာဉ်တစ်ခုအားပိုင်ဆိုင်ထားသော လီရူအတွက် ရှို့လင်ရွာ၌ ရပ်တည်ပေးခဲ့သည့် ဝမ့်မိသားစုအစောင့် ဖြစ်သည်။
၎င်းမှာနောက်ဆုံး၌ ရှစ်ဖုန့်ရိုက်နှက်မှုအားခံခဲ့ရသော ယန်ကျုံးပင်ဖြစ်သည်။
ယန်ကျုံးက မီးတောင်နှုတ်ခမ်းဝမှအောက်သို့ ငုံ့ကြည့်လိုက်သည်။
မီးတောင်ထဲတွင် ပြင်းထန်သော ချော်ရည်ပူတို့က တစ်ဟုန်ထိုးစီးဆင်းနေပြီး ပူစီပေါင်းတို့ထနေကာ ချစ်ချစ်တောက်သော အပူကိုထုတ်လွှတ်နေ၏။
"ကျုံးအာ မင်းကြောက်လို့လား."
ကျောက်စိမ်းပြားထဲမှ အိုမင်းသော အသံထပ်မံ၍ထွက်လာပြန်သည်။
ထိုသို့ကြားရသောအခါတွင် ယန်ကျုံး၏ အမူအယာက သာမန်ထက်လွန်ကဲသော ပြတ်သားမှုတို့ဖြင့်ခိုင်မာစွာဆုံးဖြတ်ထားသော အသံဖြင့်ပြောလိုက်သည်။
"မပူပါနဲ့ဆရာ ကျွန်တော်မကြောက်ပါဘူး..ဒီရက်ပိုင်းသေခြင်းနဲ့ရှင်ခြင်းကို ကျွန်တော်တို့တွေ လုံလုံလောက်လောက်ကြီးကို ကြုံခဲ့ကြရတာပဲမလား..တစ်နေ့ကြရင် ငရဲဘုံကိုတောင် ဖျက်ဆီးပီးတော့ ဆရာ့အတွက်အမုန်းတွေကို ကျွန်တော်ဖွင့်ထုတ်ပေးမယ်.."
"တစ်နေ့ကြ ဆရာ့အတွက်ခန္ဓာကိုယ်တစ်ခုကို သေချာပေါက်ပြန်တည်ဆောက်ပေးမယ်.."
"တစ်နေ့ကြရင် လူတိုင်းက ကျွန်တော့်ကိုမော်ကြည့်နေရအောင်ကို လုပ်ပစ်မယ်.."
ဆက်ရန်..
ဘာသာပြန်သူ-Arise