အပိုင်း (၈၆)
Vol. 6 Ch. 86
"ဝုန်း"
ကြမ်းကြုတ်ပြင်းထန်သော မီးတောက်တို့က ယန်ကျုံး၏ ခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာသည်။
ထို့နောက် ယန်ကျုံးက လူသားမီးတောက်ကဲ့သို့ ပုံစံပြောင်းသွားကာ မီးတောင်အတွင်းသို့ခုန်ချလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ချော်ရည်ထဲသို့ ပြုတ်ကျသွားသည်။
ချစ်ချစ်တောက်ပူနေသော ညကောင်းကင်ယံတွင် ဝံပုလွေက သူ၏ အတောင်တို့ကို ဆက်လက်ခတ်နေဆဲဖြစ်ပြီး လေထုကိုထိုးခွင်းပျံသန်းနေသည်။
"ကောင်းကင်မီးတောက်..ခင်ဗျားဟာဘယ်လောက်ဝေးသေးလဲ"
ရှစ်ဖုန့်က ချစ်ချစ်တောက်ပူနေသော လေပူတို့ကို မျက်နှာမူ၍ရပ်နေကာ မေးလိုက်သည်။
သူ၏ဆံပင်တို့က လေနှင့်အတူ ကခုန်နေပြီး လေသံတစ်ရွှီရွှီကိုပင် ကြားနေရသည်။
"နီးလာပီ"
ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။
"ဒီအောက်ခြေမှာပဲ"
ကောင်းကင်မီးတောက်က သူတို့ထုထည်ကြီးမှလှသော မီးတောင်ဝ၏ အပေါ်သို့အရောက်တွင် အော်ပြောလိုက်သည်။
"ကောင်းပြီ..သွားကြစို့.."
ရှစ်ဖုန့်က ဝံပုလွေကို အမိန့်ပေးလိုက်သည်။
ဝံပုလွေက သူ၏ အတောင်တို့ကို ဖြန့်လိုက်ကာ ပျံသန်းရာမှ ရပ်တန့်လိုက်သည်။
၎င်း၏ ကြီးမားသောကိုယ်ကြီးအား မီးတောင်အစွန်းတွင် ဆင်းသက်လိုက်၏။
၎င်းအောက်သို့ပိုနိမ့်ဆင်းလာလေ ပိုပူလာလေကိုရှစ်ဖုန့်ခံစားရသည်။
သူကဝံပုလွေ၏ ကိုယ်ပေါ်မှခုန်ဆင်းလိုက်ပြီး ပီးတောင်ဝအစွန်းအပေါ်ဆင်းလိုက်၏။
ရှစ်ဖုန့်ကသူ၏ ခေါင်းကိုမော့ကာအမြင့်ပေအနည်းငယ်၌ အတောင်တိုကိုညင်သာစွာခပ်၍ပျံသန်းနေသော ဝံပုလွေကိုပြောလိုက်သည်။
"တစ်နေရာမှာသွားကစားနေ..ဖြည်းဖြည်းတော့လုပ်..မင်းသေသွားရင်မင်းအလောင်းကိုငါလာကောက်မှာ မဟုတ်ဖူး.."
"ဝေါင်း"
ဝံပုလွေကကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏အတောင်တို့ကို နောက်တစ်ကြိမ်ခတ်ကာ လေထုကိုထိုးခွင်းပျံသန်းလိုက်သည်။
ရှစ်ဖုန့်က ခေါင်းငုံ့ကာ မီးတောင်နှုတ်ခမ်းဝမှ အောက်သို့ငုံ့ကြည့်လိုက်သည်။
စီးဆင်းနေသော ကျောက်ရည်ပူတို့ကိုကြည့်ပြီး သူက ကောင်းကင်မီးတောက်ကိုမေးလိုက်သည်။
"ခင်ဗျားအာရုံခံမိတဲ့ မြေမီးတောက်က ဒီအောက်မှာလား"
"ဟုတ်တယ်"
ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
ရှစ်ဖုန့်က ခေါင်းငြိမ့်လိုက်သည်။
အတွေးတစ်ချက်ဖြင့် သွေးနီရောင်မီတောက်ကို သူ၏ ခန္ဓာကိုယ်၌ ထွန်းညှိလိုက်ပြီး မီးတောင်အတွင်းသို့ခုန်ချကာ ကျောက်ရည်ပူထဲသို့ ပုလုတ်ဆိုပြုတ်ကျသွားသည်။
သူကျောက်ရည်ပူအတွင်းသို့ ဝင်ပြီးသောအခါတွင် သူ့အနေဖြင့် ကြမ်းကြုတ်သော အနီရောင်အရည်ကမ္ဘာတစ်ခုအတွင်း ရောက်ရှိနေသည်ဟုခံစားရပြီးအောက်သို့နစ်မြုပ်သွားသည်။
ကောင်းကင်ဘုံမီးတောက်၏ ကာကွယ်မှုဖြင့် ရှစ်ဖုန့်အနေဖြင့်ဘာထူးဆန်းသောအရာကိုမျှ မခံစားရချေ။သာမန်နေရာတစ်ခုသို့ရောက်နေသကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ မရေတွက်နိုင်သောပုံသဏ္ဍန်မျိုးစုံ အရွယ်အစားမျိုးစုံ မီးနတ်ဆိုးသားရဲတို့မှာ သူ့ထံသို့ ဦးတည်ချက်ပေါင်းစုံမှ လာနေသည်ကိုတွေ့ရသည်။
သွေးရောင်မီးတောက်တို့က ရှစ်ဖုန့်အား အလယ်တွင်ထားပြီး နေရာအနှံ့သို့ပေါက်ကွဲထွက်သွားသည်။
မျက်စိတစ်မှိတ်အတွက် ၎င်းတို့က အဆင့်နိမ့်မီးတောက်သားရဲတို့ကို ဝါးမြိုလိုက်သည်။
သွေးနီရောင်မီးတောက်တို့ ရှစ်ဖုန့်ထံပြန်လာသော အချိန်တွင် မီးတောက်သားရဲတို့မှာ ဘာမှမကျန်တော့သည်အထိ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
"ကောင်လေး သတိထား..အောက်ခြေကနေ ငါ့ကို အန္တရာယ်ရှိတယ်ဆိုတဲ့ ခံစားချက်ကိုပေးစွမ်းတဲ့ စွမ်းအား တစ်ခုကိုငါအာရုံခံမိနေတယ်.."
ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား သတိပေးလိုက်သည်။
"ကျုပ်လည်း အာရုံခံမိတယ်"
ရှစ်ဖုန့်က လေးနက်စွာပြောလိုက်သည်။
အောက်ခြေကထုတ်လွှတ်နေသော ရောင်ဝါမှာ ထူးခြားစွာစွမ်းအားကြီးလွန်းနေသည်။
"အမ်..အောက်မှာလှုပ်ရှားမှုတွေရှိနေတယ်.."
ရှစ်ဖုန့်မှာ အောက်ခြေမှလာနေသော စွမ်းအင်အတက်အကျတို့ကို ရုတ်တရက်ခံစားမိလိုက်၏။
၎င်းတို့မှာ တိုက်ပွဲဖြစ်နေရာမှလာသော အတက်အကျတို့ဖြစ်သည်။
လူသားမီးတောက်ပုံစံဖြင့်ပြောင်းထားသော ရှစ်ဖုန့်မှာ ဖြည်းဖြည်းချင်း ကျရောက်လာသော စွမ်းအတက်ကျတို့အား ဘေးသို့ အလျှင်အမြန်ရှောင်တိမ်းလိုက်သည်။
ဆယ်မီတာခန့်ငုတ်လျှိုးပြီးနောက်တွင် နူးညံ့သော အော်သံတစ်ခုက သိပ်မဝေးသော နေရာမှထွက်ပေါ်လာ၏။
"နင်ကဘယ်သူလဲ..ငါဒီနေရာမှာ ကျင်ကြံနေတုံး ဘာလို့ငါ့ကိုချောင်းတိုက်ရတာလဲ.."
ရှစ်ဖုန့်က အသံလာရာဆီသို့ ကြည့်လိုက်သည်။
၎င်းမှာ အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူမမှာ အသက်သုံးဆယ်အရွယ်ခန့်ရှိပုံရပြီး သူမ၏ ဆံပင်တို့မှာနောက်သို့လျော့ရဲစွာကျနေ၏။
သူမကရင့်ကျက်ဝေဆာပြီးနှစ်လိုဖွယ်ရှိကာ သူမ၏ ပုံရိပ်က ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် ပြည့်ပြည့်တင်းတင်းဖြစ်သည်။
သူမရင်ဘက်ရှိ နှစ်မွှာစုံ စနေနံနှစ်ခိုင်မှာ အထူးညို့ဓာတ်ဖြင့်ဆွဲဆောင်မှုရှိလှပြီး သူမမှာ ရင့်မှည့်နေသော မက်မွန်သီးတစ်လုံးနှင့်တူသည်။
"အင်ပါယာနယ်ပယ်.."
ဤလှပပြီး ရင့်ကျက်ဝေဆာနေသော အမျိုးသမီးက တကယ့်ကို အင်ပါယာနယ်ပယ် အဆင့်ဖြစ်သည်။
သူမ၏ ညာလက်တွင် ငွေကွင်းတစ်ကွင်းကိုကိုင်ဆောင်ထားပြီး ၎င်းမှာအဆင့်ငါးအဆင့် လက်နက်တစ်ခုဖြစ်သည်။
သူမက သူမ သိပ်မဝေးသောနေရာမှ ပြင်းထန်သော လူသားမီးတောက်အားလက်ညှိုးထိုးကာပြောနေသည်။
"ဟမ့်"
ရုတ်တရက် အိုမင်းသော အသံတစ်ခုက ကြမ်းကြုတ်သော လူသားမီးတောက်ပုံစံထံမှ ထွက်လာသည်။
"ငါဒီနေရာကိုဖြတ်လာတုံး မင်းလိုပုရွက်ဆိတ်ကိုတွေ့တော့ ဒီတိုင်းသေအောင် နင်းခြေဖို့လုပ်လိုက်တာလေ..ဘာအကြောင်းပြချက်မှမရှိဘူး.."
အသံက ဖြစ်နေကျသကဲ့သို့ပုံစံဖြင့် အထက်စီးဆန်ပြီး ကြီးစိုးစွာဖြင့်ပြောသည်။
သို့သော် ရှစ်ဖုန့်ကကြားရသောအခါတွင် ထိုအသံအား တစ်နေရာရာ၌ ရင်းနှီးနေသလိုခံစား ရပြီး ဘယ်သူမှန်းတော့မမှတ်မိပေ။
ထို့နောက်တွင် ဧရာမ မီးတောက်လက်ဝါးကြီးက မိန်းမလှလေးအထက်တွင်ပေါ်လာသည်။
အမျိုးမီးမှာ ဧရာမမီးတောက်လက်ဖဝါးကြီးအောက်က ယင်ကောင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်မီးတောက်လက်ဝါးကြီးက အောက်သို့ရိုက်ချလိုက်သည်။
"စိတ်ကြီးဝင်နေတာပဲ"
အမျိုးသမီးကအော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမလက်ထဲရှိငွေကွင်းက ပြင်းထန်သောမီးတောက်တို့ပွင့်ထွက်လာပြီး မီးတောက်လက်ဖဝါးနှင့် တွေ့ဆုံရန် သူမကအပေါ်သို့ ပစ်လိုက်သည်။
ထိုအချိန်တွင် အမျိုးသမီး၏ ရှေ့၌ ကြမ်းကြုတ်သော လူသားမီးတောက်ပုံစံက ရုတ်တရက်ပေါ်လာသည်။
၎င်းက ဘာသနားညှာတာရန်ရည်ရွယ်ချက်မှ ရှိမနေဘဲ အောက်သို့ပြင်းထန်စွာရိုက်လိုက်သည်။
အမျိုးသမီးမှာညာလက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး မီးတောက်တစ်ခုအားလက်ဖဝါး၌ ထွန်းညှိလိုက်သည်။
"ဟ.."
နူးညံ့သောအသံလေးနှင့်အတူ မီးဖက်ဝါးနှင့် မီးလက်သီးတို့ချက်ခြင်း တွေ့ဆုံမိကြသည်။
"ဝုန်း"
လက်သီးနှင့်လက်ဖဝါးတို့ အပြင်းအထန်ဆောင့်မိကြပြီး မူလက တည်ငြိမ်နေသော ကျောက်ရည်ပူတို့မှာ ရုတ်ချည်း လှိုင်းထန်သွားသည်။
နောက်ဆက်တွဲအနေဖြင့် အမျိုးသမီး၏ ပုံရိပ်မှာ ရုတ်ချည်းနောက်သို့ လွင့်ပျံထွက်သွား၏။
ထိုချိန်တည်းမှာပင်မီးတောင်လက်ဖဝါးနှင့် ကွင်းတို့မှာ အပေါ်၌ အပြင်းးအထန်ဆောင့်မိကြပြီး တစ်ခုနှင့်တစ်ခု ရပ်တန့်နိုင်ခြင်း မရှိကြဘဲ နယ်မြေတစ်ဝိုက်ရှိကျောက်ရည်ပူတို့အား ပရမ်းပတာဖြစ်လာစေသည်။
"ပိုးစုန်းကြူးလေးက လမင်းကြီးကို ယှဉ်ပြိုင်ချင်နေတာပဲ.."
ကြမ်းကြုတ်သော လူသားမီးတောက်ပုံစံက အထင်သေးစွာဖြင့်နှာမှုတ်လိုက်သည်။
သူ၏ ကိုယ်ကလေပေါ်မြောက်သွားက လက်အတွင်း၌ မီးတောက်ကွင်းတို့အားဖမ်းထားလိုက်သည်။
ထိုအချိန်၌ ဧရာမမီးလက်ဝါးကြီးက ၎င်း၏ တာဝန်အားပြီးဆုံးသွားပုံပေါ်၏။
၎င်း၏ ကိုယ်က ဧရာမမီးတောက်လုံးကြီးအဖြစ်ပြောင်းသွားကာ လူသားပုံစံမီးတောက်ထံနောက်ပျံသွားလိုက်သည်။
သိပ်မဝေးသော နောက်မှကြည့်နေသော ရှစ်ဖုန့်မှာ ရင့်ကျတ်ဝေဆာပြီး နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးက သူ့ထံသို့ အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်လာသည်ကို တွေ့ရသည်။
ထိုအချိန်တွင် အိုမင်းပြီး အထက်စီးဆန်သော အော်သံက ထပ်မံ၍ထွက်ပေါ်လာပြန်သည်။
"ဟမ့်..ဒီတော့..ဒီနေရာမှာ ပုရွက်ဆိတ်လေးတစ်ကောင်း ပုန်းနေသေးတာပေါ့ ဒါဆိုလည်း အတူတူသာသေလိုက်ကြတော့.."
သူ့အားရှာတွေ့သွားပြီဆိုသည်အား ရှစ်ဖုန့်တွေ့လိုက်သည်။
ကြမ်းကြုတ်သော လူသားပုံစံမီးတောက်က လက်နှစ်ဖက်ဖြင့် ဆီးလ်တံဆိပ်ပုံစံလက်သင်္ကေတကို ဖော်လိုက်ပြီး ကြီးမားသော မီးတောက်လက်သီးကြီးက သူ့ရှေ့တွင်ပေါ်လာသည်။
ထို့နောက်၎င်းက ရှစ်ဖုန့်နှင့် အနီရောင်အမျိုးသမီးထံဦးတည်လာ၏။
"ကြယ်သုံးပွင့် အင်ပါယာနယ်ပယ်စွမ်းအား"
"ကြည့်ရတာတော့ငါပဲ ထပ်ပြီး ငါ့အသက်ကိုစွန်းစားရအုံးမဲ့ပုံပဲ"
"ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု.."
ရှစ်ဖုန့်က အော်လိုက်ကာ သူ၏ လက်တို့အား ဆီးလ်တံဆိပ်သင်္ကေတပုံစံဖော်လိုက်သည်။
သူ၏ လက်ဆယ်ချောင်းက အဆက်မပြတ်ပြောင်းလဲနေသည်။
လမ်းတစ်ဝက်တွင် နောက်သို့လွင့်လာသော အနီရောင်မိန်းမပျိုက ရုတ်တရက်သူ့ရှေ့တွင်ရပ်လိုက်ပြီး အောက်လိုက်သည်ကိုတွေ့ရသည်။
"မီးနဂါး သက်ဆင်းခြင်း."
အမျိုးသမီးက သူ၏ လက်ဖဝါးအားရှေ့ထုတ်လိုက်သော အခါတွင် ရုတ်တရက် ဧရာမမီးနဂါးပုံစံကြီးပေါ်လာသည်။
၎င်း၏ မော်ကြွားသော မီးနဂါးခေါင်းကိုမော့ကာ သူ့ထံလာနေသော ဧရာမမီးတောက်လက်သီးနှင့် ထိပ်တိုက်ပစ်ဆောင့်မိကြသည်။
"ဝုန်း.."
ကြမ်းကြုတ်သော စွမ်းအင်တို့က ရုတ်ချည်းဦးတည်ချက်အနှံ့သို့ ပျံ့ထွက်သွားသည်။
နေရာတစ်ခုလုံးက ဧရာမကျောက်ရည်ပူဝဲကတော့ကြီး အဖြစ်ပြောင်းသွားကာ အရူးအမူးချာလပတ်လည်နေ၏။
သိပ်မဝေးသောနေရာ၌ကူးခတ်နေကြသော မီးတောက်နတ်ဆိုးသားရဲတို့မှာ ဧရာမဝဲကတော့ကြီး၏ စုပ်ယူခြင်းခံရပြီး ချက်ခြင်း သုတ်သင်ခံရကာ မထိုက်တန်သော ကပ်ဘေးတစ်ခုအားခံစားလိုက်ကြရသည်။
"ဝေါ့"
ရုတ်တရက် အနီရောင်အမျိုးသမီး၏ ပါးစပ်မှသွေးတစ်ပွက် အံထွက်လာကာ ကျောက်ရည်ပူတို့နှင့်ရောသွားသည်။
အနီရောင်အမျိုးသမီးက သူမနောက်ရှိ ထူးဆန်းသော သွေးနီရောင်လူသားမီးတောက်အားကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
"မြန်မြန်ပြေး..ငါ့ကိုပါခေါ်သွားပါ.."
ရှစ်ဖုန့်မှာ အမျိုးသမီး၏ မျက်နှာက သေလုအောင်ဖြူဖျော့နေသည်ကိုတွေ့လိုက်ရသည်။
အစက ဧရာမမီးတောက်လက်သီးအားတားဆီးရန် ငရဲဘုံကိုးခု ဆီးလ်းတံဆိပ်လေးခုအား သုံးရန် ရည်ရွယ်ခဲ့သည်။
သို့သော် အမျိုးသမီးက ဧရာမမီးနဂါးကြီးအား ဖော်ထုတ်လိုက်ချိန်၌ သူချက်ခြင်း ရပ်တန့်ခဲ့၏။
ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုမှာ အလွန်စွမ်းအားကြီးသော်လည်း စွမ်းအင်အများအပြားကိုကုန်ဆုံးစေသည်။
လောလောဆယ်၌ သူ့အနေဖြင့် ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုက ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုအား တားဆီးနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တို့အား အားလုံးနီးပါး ခမ်းခြောက်စေလိမ့်မည်ဖြစ်သည်။
ထို့နောက်တွင် နောက်ဆက်တွဲလာမည့်တိုက်ခိုက်မှုများက သူ့အား ပို၍ပင်ကူကယ်ရာမဲ့စေမည်ဖြစ်သည်။
ရှစ်ဖုန့်က တုန့်ဆိုင်းနေခြင်း မရှိပေ။
အနီရောင်အမျိုးသမီးစကားပြောပြီးသောအခါတွင် လက်ဆန့်ထုတ်လိုက်ကာ သူမ၏ ကျစ်လျစ်သွယ်လျသော ခါးအား ဖမ်းဆုပ်လိုက်သည်။
သူ၏ ရွှေ့လျားမှုပညာရပ်အား အသုံးပြုကာ အပေါ်သို့ အမြှောက်ဆံတစ်ခုကဲ့သို့ တစ်ဟုန်ထိုးတက်သွား၏။
ဤအချိန်တွင် သူ့အနေဖြင့် မြေမီးတောက်ဆိုသည်အားလည်း ဂရုစိုက်မနေတော့ချေ။ သူ၏ အသက်ကပိုအရေးကြီးသည်ဖြစ်သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise