← Chapters

အပိုင်း (၈၇)

Vol. 6 Ch. 87

အပိုင်း (၈၇)

Vol. 6 Ch. 87

"မင်းဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ"

ရှစ်ဖုန့်မှာ သူတစ်ဟုန်ထိုး အပေါ်သို့ တက်လိုက်သည်တွင် အောက်ရှိကြမ်းကြုတ်သော လူသားမီးတောက်က သူ့အားဖမ်းလိုက်သည်ကိုတွေ့လိုက်သည်။

ထို့နောက်မကြာခင် နောက်ထပ် ကြီးမားသော မီးတောက်လက်သီးကြီးတစ်ခုကအောက်တွင်ပုံပေါ်လာပြီး သူ၏နောက်သို့လိုက်တော့သည်။

"သောက်ချီးပဲ..မင်းကငါ့ကိုလာပြီး နောက်ဆုံးလှုပ်ရှားမှုကိုလုပ်ဖြစ်အောင်တွန်းအားပေးနေတာပဲ.."

ရှစ်ဖုန့်က ကျိန်ဆဲလိုက်သည်။

ရုတ်တရက် ၎င်း၏ မီးတောင်လက်သီးမှာ ယခင်မီးတောက်လက်သီးနှင့် တစ်ပုံစံတည်းဖြစ်သော်လည်း စွမ်းအားက ပို၍အားနည်းသည်ကို သတိပြုမိလိုက်သည်။

၎င်းမှာ ကြယ်ငါးပွင့် ဘုရင်နယ်ပယ်တစ်ဦး၏ စွမ်းအားသာသာသာရှိတော့၏။

ရှစ်ဖုန့်ဖြစ်ပျက်နေသည်တို့အား အများကြီး ထပ်မံစဉ်းစားခြင်းပြုမနေတော့ပေ။

သူကချက်ခြင်း ကြောက်မက်ဖွယ် အဖြူရောင်လက်ဝါးပုံရိပ်ကိုဖော်ထုတ်လိုက်ကာ ဧရာမမီးတောက်လက်သီးကြီးအားပြန်လည် ရင်ဆိုင်ရန် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကို အသုံးပြုလိုက်သည်။

"ဝုန်း"

အောက်ဘက်မှ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာသည်။

တိုက်ခိုင်မှုအား တားဆီးလိုက်ပြီးနောက် ရှစ်ဖုန့်ချက်ခြင်းအပေါ်သို့ ဆက်တက်သွားလိုက်သည်။

ထိုအချိန်တွင် အိုမင်းနေသော အသံက ရှစ်ဖုန့်၏ နားထဲသို့ နောက်တစ်ကြိမ်ထက်မံ၍ ဝင်ရောက်လာပြန်သည်။

"ငါမင်းတို့ ပုရွက်ဆိတ် နှစ်ကောင်ကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်..ငါမင်းတို့ကိုထပ်တွေ့ခဲ့မယ်ဆိုရင် မင်းတို့တွေသေချာပေါက် သေရမယ် ဟမ့်.."

သူထိုအရာအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ ထူးခြားသော အေးစက်မှုတစ်ခုအသွင်အဖြစ်ပြောင်းသွားသည်။

ဤပုဂ္ဂိုလ်အား ကျိန်းသေပေါက်သတ်ပစ်ရမည်ဖြစ်သည်။

ကျောက်ရည်ပူထဲတွင် ဖရိုဖရဲဖြစ်နေသော စွမ်းအင်များနှင့် ဧရာမကျောက်ရည်ပူဝဲကြီးမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီဖြစ်သည်။

ကြမ်းကြုတ်သော လူသားမီးတောက်ပုံစံမှာ ကျောက်ရည်ပူထဲတွင်ပေါလောပေါ်နေသည်။

၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်တို့မှာ အားပြင်းသွားလိုက် အားနည်းသွားလိုက်ဖြစ်နေသည်။

ခုဏကတိုက်ပွဲအတွင်းတွင် သူ့အနေဖြင့် များပြားလှသော စွမ်းအားပြင်းတိုက်ခိုက်မှုတို့အား ထုတ်ဖော်ရာ၌ တော်တော်လေး အခက်အခဲတွေ့ခဲ့ပုံရသည်။

"ဆရာ..အလဟဿဖြစ်သွားပြန်ပြီ အားလုံးက ကျွန်တော့်အမှားတွေပါ..ဆရာ့ဝိညာဉ်က အစကတည်းကအားနည်းနေတာ..ဒါကိုကျွန်တော်ကထပ်ပြီးတိုက်ခိုက်ရအောင်လုပ်ခဲ့တယ်.."

လူသားမီးတောက်ပုံစံထဲမှ ငယ်ရွယ်သော အသံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။

"ဟားဟား..ကျုံးအာ မင်းဘာလို့ မင်းကိုယ်မင်း အပြစ်တွေတင်နေရတာလဲ.."

အိုမင်းသော အသံပိုင်ရှင်ကပြောလိုက်သည်။

"မင်းဟာ အစကတည်းက သိုင်းပါရမီရှင်တစ်ယောက်ပဲဟာ..ဒီနှစ်တွေအတွင်းမှာ.. မင်းရဲ့ကိုယ်အတွင်းက နိုးထလာတဲ့ အဆီအနှစ်စွမ်းအင်တွေကို ငါ့တိတ်တဆိတ်စုပ်ယူခြင်းမပြုခဲ့ရင် လက်ရှိသိုင်းအဆင့်နယ်ပယ်မှာ မင်းရှိနေခဲ့မှာမဟုတ်ဘူး.."

"မင်းရဲ့ လက်ရှိနယ်ပယ်ဟာ ကြယ်တစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ဆိုပေမဲ့ မင်းရဲ့ကာယခန္ဓာကိုယ်အကူအညီနဲ့ဆိုရင် အချိန်တိုအတိုင်းအတာပမာဏတစ်ခုအထိ ကြယ်သုံးပွင့်အင်ပါယာတစ်ယောက်ရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်သေးပြီး အဆင့်ငါးဆေးလုံးနဲ့ အဆင့်ငါးလက်နက်တွေကို သန့်စင်ပေးနိုင်တယ်.."

"ဒီတစ်ကြိမ် နတ်ဆိုးသားရဲတောင်တန်း ခရီးစဉ်မှာ မီးနယ်မြေက မြေမီးတောက်ကို ရယူပြီးတာနဲ့ အတွင်းပိုင်းကို ဆက်သွားပြီး ဆေးပင်တွေကိုစုဆောင်းကြမယ်..ငါမင်းအတွက် ဆေးလုံးတွေသန့်စင်ပေးပြီးတော့ မင်းကို ကျင့်ကြံမှုမှာတိုးတက်စေဖို့ အတွက် သန့်စင်ခြင်း ပညာရက်တွေကို သင်ကြားပေးမယ်.."

"ဗွမ်း.."

ပြင်းထန်သော အနီရောင်ကျောက်ရည်ပူမျက်နှာပြင်ပေါ်တွင် သွေးနီရောင်လူသားပုံစံမီးတောက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လောင်ကျွမ်းနေသော ကျောက်နံရံပေါ်သို့ သက်ဆင်းလိုက်သည်။

၎င်းနောက် မီးတောက်ကျောက်နံရံအားကိုးဆယ်ဒီဂရီအနေအထားဖြင့်

နံရံများအမိုးအများအပေါ်တွင်ခုန်ပျံသော ရွေ့လျားမှု ပညာရပ်ကိုအသုံးပြုကာ အပေါ်သို့ပျံတက်သွားသည်။

မီးတောင်နှုတ်ခမ်းဝအနီးသို့ရောက်သောအခါတွင် ရှစ်ဖုန့်က မြေပြင်ကိုကန်လိုက်ကာ လေထဲသို့ပျံတက်လိုက်သည်။

သူကလေထဲတွင်​ကျွမ်းပစ်လိုက်ပြီးနောက် မြေပေါ်သို့ဆင်းသက်လိုက်၏။

သူ၏ကိုယ်ပေါ်ရှိသွေးနီရောင်မီးတောက်က ရုတ်ချည်း သူ၏ကိုယ်အတွင်းပြန်ဝင်သွားပြီး သူ၏ လက်မောင်းထဲ၌ ရှိနေသော မိန်းမပျိုရှေ့တွင် ငယ်ရွယ်​ပြီး နူးညံ့သော မျက်နှာတစ်ခုထွက်ပေါ်လာသည်။

"ကျေး...ကျေးဇူးတင်ပါတယ်.."

အနီရောင် ဝတ်စုံကိုဝတ်ဆင်ထားသော မိန်းမပျိုလေးက အားနည်းစွာပြောလိုက်သည်။

သူမ၏ အနေအထားမှာ ရှစ်ဖုန့်နှင့်မတူပေ။

သူမ၏ အသံမှာနူးညံံ့ပြီးညို့ဓာတ်အပြည့်နှင့် စွဲဆောင်မှုရှိသည်။

အထူးသဖြင့် သူ၏ လက်မောင်းဖြင့်ပွေ့ပိုက်ထားချိန်၌ ထိတွေ့မိနေသော နူးညံ့ပြီးပျော့ပြောင်းလှသော နေရာပင်ဖြစ်သည်။

သူမ၏ ရင်သားတို့က ဖြည်းဖြည်းခြင်း နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်ကိုမတော်တဆသတိထားမိပြီး သူမ၏ ကိုယ်မှလာသော ကိုယ်သင်းနံ့ကိုရမိသည်။

ရှစ်ဖုန့်၏စိတ်မှာ ယခုအချိန်၌ မည်သို့ပင်ဖြစ်နေပါစေ ထူးဆန်းသော ခံစားချက်ကတော့ သူ၏ အတွင်းပိုင်းထဲတွင် လှုံ့ဆော်နေသည်။

ဤသည်မှာ သဘာဝပင်ကိုအလှပဂေးတစ်ယောက်ပင်ဖြစ်သည်။

"ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်"

".ကောင်လေး မင်းဘာလုပ်နေတာလဲ..သူ့ကိုမြန်မြန်သတ်လိုက်.."

ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား ထပ်မံ၍ စတင်သွေးထိုးနေပြန်သည်။

"ဘာမှတွန့်ဆုတ်မနေနဲ့..သူက မိန်းမတစ်ယောက်ပဲ ပြီးတော့ ကမ္ဘာပေါ်မှာ မိန်းမလှတွေမှ တစ်ပုံကြီး ဒါကစိတ်မကောင်းစရာလို့ခံစားနေရရင် သူ့ကိုမသတ်ခင် မင်းစိတ်ကျေနပ်သလို ပျော်ပါးလိုက်ပေါ့.."

ရှစ်ဖုန့် မလှုပ်ရှားသည်ကိုတွေ့ရသောအခါကောင်းကင်မီးတောက်က ဆက်ပြောလိုက်သည်။

"တိတ်စမ်း"

ရှစ်ဖုန့်က ကောင်းကင်မီးတောက်ကိုပြောလိုက်သည်။

ဤအမျိုးသမီး၏ နောက်ဆုံးလှုပ်ရှားမှုကျေးဇူးကြောင့် သူ့အနေဖြင့် ဘာအနည်းအကျဉ်းမျှ ထိခိုက်မှုမရှိပဲ ရှင်သန်ခဲ့ရခြင်းဖြစ်သည်။

သူမက သူမကိုယ်တိုင်အတွက် သူမလုပ်ခဲ့သော်လည်း သူ့ကိုလည်း ကူညီခဲ့သည်ပင်ဖြစ်သည်။

ရှစ်ဖုန့်က ထွက်လာပြီးသောအခါ ရှစ်ဖုန့်က သူ၏ စိတ်ကို အသုံးပြု၍ ငရဲဝံပုလွေကို အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုက ကောင်းကင်ထက်တွင်ပေါ်လာပြီး ငရဲဝံပုလွေ၏ ဧရာမကိုယ်ကြီးက လျှင်မြန်စွာမဆင်းသက်လာခင် စက်ဝိုင်းပုံသဏ္ဍန်ပျံသန်းနေလိုက်သည်။

သူ၏ ညာခြေအားတစ်ချက်ဆောင့်နင်းပြီး ရှစ်ဖုန့်က လက်မောင်းထဲမှ အမျိုးသမီးနှင့်အတူလေထဲသို့ နောက်တစ်ကြိမ်ပျံတက်လိုက်သည်။

သူကဝံပုလွေ၏ ကျောပေါ်သို့ သက်ဆင်းလိုက်ကာ အော်ပြောလိုက်သည်။

"သွားစို့.."

ရှစ်ဖုန့်အနေဖြင့် ဤ အန္တရာယ်ရှိသော နေရာမှ အရင်ဆုံးထွက်သွားရမည်ဟုခံစားရသည်။

အမိန့်ပေးလိုက်သည်နှင့် ဝံပုလွေက လေကိုထိုးခွင်းပျံသန်းလိုက်သည်။

ရှစ်ဖုန့်က အနီရောင်အမျိုးသမီးအား ဝံပုလွေ၏ ကျောပေါ်တွင်ထားကာ သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ ကောင်းကင်ဘုံလေဂိုဏ်း၏ ဖုန်ယွင်ရှောင်ထံမှရသော အဆင့်လေး ကုသရေးဆေးလုံးကိုထုတ်လိုက်ပြီး အမျိုးသမီး၏ အနီရောင်နှုတ်ခမ်းဆီတေ့၍ တိုက်ကျွေးလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အရင်ကုလိုက်အုံး.."

ရှစ်ဖုန့်က အနီရောင် အမျိုးသမီးအားပြောလိုက်သည်။

"အင်း"

အနီရောင်အမျိုးသမီးက ခေါင်းညိမ့်လိုက်ပြီး ရှစ်ဖုန့်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

သူမက ဖြည်းညှင်းစွာထရပ်လိုက်ပြီး သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးတစ်လုံးကိုထုတ်ယူလိုက်သည်။

သူမကထိုအရာအားမျိုချကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမ၏ ဒဏ်ရာတို့ကို စတင်၍ ပြန်လည်ကုသာကာကုန်ခမ်းနေသော စွမ်းအင်တို့ကို ပြန်လည်၍ ဖြည့်တင်းလိုက်သည်။

ရှစ်ဖုန့်မှာလည်း အလဟဿ အချိန်ဖြုန်းခံနေပေ။

သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံး အချို့ကို ထုတ်ကာ စတင်စုပ်ယူလိုက်သည်။

နောက်တစ်ကြိမ်အဆင့်ချိုးဖြတ်နိုင်ရန်အတွက် ရှစ်ဖုန့်က သူ၏ လက်ထဲတွင်သွေးဓားကိုကိုင်ထားကာ မီးတောက်သားရဲများစုစည်းသော ​နယ်မြေသို့ ပျံသန်းရန် ဝံပုလွေကို အမိန့်ပေးလိုက်သည်။

သူ့အနေဖြင့် နတ်ဆိုးသားရဲတို့အား သတ်ဖြတ်ကာ ၎င်းတို့၏ စွမ်းအားအား ရယူချင်သည်။

သူ့အနေဖြင့် အဆင့်လေး ဘုရင်နယ်ပယ်သားရဲအား ရှာဖွေသတ်ဖြတ်ချင်နေ၏။

သူအဆင့်ချိုးဖြတ်ချင်သည်။စွမ်းအားတိုးချင်သည်ကျောက်ရည်ပူအတွတွင်းရှိ အင်ပါယာနယ်ပယ် တစ္ဆေအိုကြီး၏ ခေါင်းကိုဖြတ်ပစ်ချင်နေသည်။

ထိုထက်ပိုသည်ကား ကျောက်ရည်ပူအတွင်းမှ မြေမီးတောက်ကို ရယူချင်နေသည်။

ကမ္ဘာဦးကျောက်တုံးတို့မှာ ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံရပြီး မီးခိုးရောင်ကျောက်တုံးတို့အဖြစ်ပြောင်းသွားကာ မြေပြင်သို့ပင်ကန်ချခံရပြီးဖြစ်၏။

မီးတောက်နတ်ဆိုးသားရဲတို့မှာ ရှစ်ဖုန့်၏ တစ်သုတ်ပြီးတစ်သုတ် သတ်ဖြတ်မှုကိုခံရပြီး မီးနယ်မြေအတွင်းတွင် ရှုံ့တွနေသော အလောင်းများအဖြစ်ပြောင်းသွားသည်။

"သတ်.."

လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီးနောက် ကမ္ဘာတစ်ခုလုံးတွင်သွေးနံ့များ လှိုင်ထနေ၏။

ရှစ်ဖုန့်၏ ကိုယ်မှထုတ်လွှတ်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့် ရောင်ဝါတို့က နတ်ဆိုးသားရဲတို့အား အဝေးသို့ထွက်ပြေးသွားစေရန်လုံလောက်သည်။

သို့သော်ရှစ်ဖုန့်မှာ ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သည်။

ကြယ်ခုနှစ်ပွင့်အဆင့်ကိုတက်လှမ်းနိုင်ရန်အတွက် စွမ်းအင်မှာ ယခင်ထက် အဆများစွာလိုအပ်၏။

ယခုအချိန်ထိသူ့အနေဖြင့် ရာပေါင်းများစွာ သော နတ်ဆိုးသားရဲတို့အား သတ်ဖြတ်ပြစ်ခဲ့ပြီးဖြစ်၏။

၎င်းတို့ကြားထဲတွင် နှစ်ကောင်မှာ အဆင့်လေးနယ်ပယ်ဖြစ်သည်။

သုံးဆယ်မှာ အဆင့်သုံးဖြစ်သည်။

သူသာအဆင့်ချိုးဖြတ်ချင်လျှင် သူ့စွမ်းအား၏ တစ်ဝက်ခန့်ကို စုစည်းရမည်ဖြစ်သည်။

သူ့အနေဖြင့် ကမ္ဘာဦးကျောက်တုံး တစ်ထောင်အား စုပ်ယူခဲ့ပြီးဖြစ်၏။

ယခုသူ၏ ကျင့်ကြံမှုမြင့်တက်လာသည်နှင့်အမျှ ကမ္ဘာဦးကျောက်တုံးတို့အား စုပ်ယူသော အမြန်နှုန်းမှာလည်း ယခင်ထက်ပို၍ တိုးတက်လာခဲ့သည်။

ယခင်က ကမ္ဘာဦးကျောက်တုံး သုံးထောင်အား တစ်ညတည်းဖြင့် သူစုပ်ယူနိုင်ပြီး ယခုအခါတွင် ကမ္ဘာဦးကျောက်တုံး တစ်သောင်းအား တစ်ညတည်းဖြင့်သူစုပ်နိုင်၏။

"ဘာလို့မင်းကိုယ်မင်း လက်လျော့စေပြီးတော့ ဒေါသတွေကိုဘာမှမသိတဲ့ သတ္တဝါတွေ အပေါ်ပုံချနေရတာလဲ.."

ပျံသန်းနိုင်သော ဝက်ဝံနှစ်ကောင်အား သူ၏ဓားတစ်ချက်တည်းဖြင့် ရှစ်ဖုန့်သတ်လိုက်ချိန်တွင် စွဲမက်ဖွယ်အသံက ရုတ်တရက်သူ၏နောက်မှထွက်ပေါ်လာသည်။

ရှစ်ဖုန့်က အသံအားကြားလိုက်ရသောအခါတွင် လှည့်ကြည့်လိုက်ရာ အနီရောင်အလှပဂေးလေးက သူ့နောက်၌ထကာ ရပ်နေပြီးသူ့အားကြည့်နေသည်ကိုတွေ့ရသည်။

"မင်း သိုင်းပညာလမ်းစဉ်ကို စကျင့်ကြံကတည်းက မင်းအနေနဲ့ စိတ်ဆတ်မှုပင်ကိုစရိုက်တွေကို တည်ငြိမ်အောင်လုပ်ရလိမ့်မယ်..

မင်းအနေနဲ့ မင်းထက် ပိုအစွမ်းထက်တဲ့ သိုင်းသမားအချို့ပဲတွေ့ရသေးတာတောင် မင်းကိုယ်မင်းဒီလိုမျိုး ဖြစ်စေတယ်..ထျန်းဟန်တိုက်ကြီးက အလွန်ကြီးမားပြီးတော့ မင်းထက်ပိုသန်မာတဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိနေသေးတယ် မင်းရဲ့စိတ်ရိုင်းတွေကို မင်းမထိန်းထားနိုင်ရင် အနာဂတ်မှာမင်းကို အလွန်တကူ ဒေါသပေါက်ကွဲစေလိမ့်မယ်..."

အနီရောင်အမျိုးသမီးက ရှစ်ဖုန့်အားကြည့်ကာ ထပ်မံပြောလိုက်သည်။

သူမ၏လေးနက်သော အမူအယာက ရှစ်ဖုန့်အား ကောင်းမွန်စေသောကြောင့်ပြောနေသည့်ပုံပင်ဖြစ်သည်။

သူကဲ့သို့ ကြီးမြတ်သော ငရဲဘုံကိုးခုဧကရာဇ်ကြီးက အမျိုးသမီးတစ်ယောက်၏ သြဝါဒပေးမှုကိုခံနေရသည်။

"ဒါကမင်းကောင်းဖို့ အတွက်လို့ပဲငါပြောနိုင်မယ်..နားထောင်တာမထောင်တာကတော့ မင်းအပိုင်းပဲ.."

ရှစ်ဖုန့်၏ အနည်းငယ်မှင်တက်နေသော အမူအယာအားတွေ့ရသောအခါ အမျိုးသမီးကဆက်ပြောလိုက်သည်။

"ဒါပေမဲ့ဒီတစ်ကြိမ်သေ​ခြင်းက ငါလွတ်လာရတာကတော့ မင်းရဲ့ကျေးဇူးတွေကြောင့်ပါ..ငါ့နမည်ကလင်းယန်လို့ခေါ်တယ်..မင်းကရော.."

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters