← Chapters

အပိုင်း (၈၈)

Vol. 6 Ch. 88

အပိုင်း (၈၈)

Vol. 6 Ch. 88

"ဖုန့်ရှစ်"

ရှစ်ဖုန့်ကပြောလိုက်သည်။

လင်းယန်က အနည်းငယ်ခေါင်းညိမ့်ပြပြီးနောက် ရှစ်ဖုန့်ကိုပြောလိုက်သည်။

"ဒီအသက်အရွယ်လေးနဲ့...မင်းဟာ ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်ကိုရောက်နေပီ မင်းရဲ့ကျင့်ကြံမှုနဲ့ နှလုံးသားကို ထိန်းညှိနိုင်လာတာနဲ့အမျှ မင်းရဲ့အနာဂတ်ဟာလည်း အကန့်သတ်မဲ့ ဖြစ်လာလိမ့်မယ်.."

လင်းယန်က ထိုသို့ပြောကာ သူမ၏ သိုင်းတာအို ဆရာကဲ့သို့သော အသွင်အပြင်ကိုလှစ်ဟာပြထားသည်။

"ခင်ဗျားမှန်ဖို့ ကျုပ်မျှော်လင့်ပါတယ်"

ရှစ်ဖုန့်ကပြောလိုက်သည်။

ရှစ်ဖုန့်မှာ ဤအမျိုးသမီး သူ၏နောက်တွင်ရပ်နေကတည်းက ဒဏ်ရာများနှင့် ​ကျင့်ကြံမှုတို့အား ကုသမှုပြီးသွားခဲ့သည်ကို ခံစားမိပြီးဖြစ်သည်။

သူလှည့်၍သူမအားကြည့်လိုက်သော အခါတွင် သူမ၏ နှစ်လိုဖွယ်အသွင်အပြင်မှပျောက်ကွယ်သွားပြီး သူမ၏ပင်ကိုစရိုက်မှာ ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။

သူတို့နှစ်ဦးမှာတူညီသောအဆင့်တစ်ခုတွင် ရှိမနေသကဲ့သို့ အင်ပါယာနယ်ပယ်တစ်ယောက်၏ အထက်စီးဆန်မှုမျိုးဖြစ်ပေါ်နေသည်။

ယင်းမှာ ထျန်းဟန်တိုက်ကြီးပေါ်တွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာဖြစ်သည်။

လူတစ်ယောက်အနေဖြင့် အခြားသူများ၏ တန်တူညီတူဆက်ဆံခရမှုကိုလိုချင်လျှင် ထိုလူအနေဖြင့် သူ၏ ခွန်အားစွမ်းအားတို့မှာ တစ်ခြားသူများနှင့် အတူတူပင်ဖြစ်နေရမည်ဖြစ်သည်။

"မင်းဒီနေရာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မွေးဖွားလာလဲ့တဲ့ ချော်ရည်မြေမီးတောက်အတွက် လာခဲ့တာမလား.."

လင်းယန်က ​ရှစ်ဖုန့်အားမေးလိုက်သည်။

"အင်း

ရှစ်ဖုန့်ကပြောလိုက်သည်။

ဤအမျိုးသမီးလည်း ချော်ရည်မြေမီးတောက်အကြောင်းအား သိနေသောကြောင့် ရှစ်ဖုန့်အနေဖြင့်ဖုန်းကွယ်ထားရန် မလိုဟုခံစားမိသည်။

သူအောက်သို့ ငုတ်လျှိုးခဲ့ချိန်တုံးက အောက်ခြေမှ စွမ်းအားကြီးရောင်ဝါတစ်ခုလာနေသည်ကို သူခံစားမိခဲ့သည်။

သူ့အနေဖြင့် ဤအမျိုးသမီးထံမှ တစ်စုံတစ်ခုအား ရှာဖွေတွေနိုင်သည်ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှစ်ဖုန့်အနေဖြင့် သူမနှင့်တစ္ဆေအိုကြီးတို့ တိုက်ခိုက်နေမှုအား ပထမဆုံးစတွေ့စဉ်က သူမကဤနေရာ၌ကျင့်ကြံနေသည်ဟု ပြောခဲ့သည်ကိုကြားမိခဲ့သည်။

"မင်းသွားလို့မရဘူး..မင်းအတွက်က အဲ့တာကမဖြစ်နိုင်ဘူး.."

လင်းယန်ကပြောလိုက်သည်။

သူမအနေဖြင့် မင်းဆိုရင် ဟုပြောချင်နေသည်ဟုရှစ်ဖုန့်ပြောနိုင်သော်လည်း သူကသူမ၏ အသက်အားကယ်ဆယ်ထားသောကြောင့် မင်းအတွက်ဟု ပြောင်းပြောသည်ဖြစ်ကောင်းဖြစ်နိုင်သည်။

"မင်းမပြောနဲ့ ငါ့ကိုချောင်းတိုက်တဲ့ အဲ့လူတောင်မှ ရဖို့လုပ်နိုင်မှာ မဟုတ်ဖူး.."

လင်းယန်ကထပ်ပေါင်းပြောလိုက်သည်။

"ကျောက်ရည်ပူအောက်မှဘာရှိလို့လဲ"

ရှစ်ဖုန့်ကမေးလိုက်သည်။

"မီးတောက်အရှင်သခင်...အဆင့်ခြောက်ဘိုးဘေးအဆင့်နတ်ဆိုးသားရဲ.."

လင်းယန်ကပြောလိုက်သည်။

"ဒီတော့..အဲ့တာက အဆင့်ခြောက်သားရဲပေါ့..သူရဲ့ရောင်ဝါက စွမ်းအားအရမ်းကြီးနေတာကို မအံ့သြတော့ပါဘူး.."

သို့သော် ခုဏက မီးတောက်အရှင်သခင် ထွက်မလာသော်လည်း ကြီးမားသော ပွက်လောရိုက်မှုကိုတော့ဖြစ်စေသည်။

ဒါက နည်းနည်းတော့ ထူးဆန်းသည်။

"မီးတောက်အရှင်သခင်က တစ်ခုခုကြောင့် ထွက်မရတာလား.."

ရှစ်ဖုန့်ကမေးလိုက်သည်။

"အမှန်ပဲ."

လင်းယန်ကပြောလိုက်သည်။

"ရှေးဟောင်း မှတ်တမ်းတွေအရတော့ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦးကနှစ်တစ်သောင်းအေးခဲသံမဏ်ကိုအသုံးပြုပီးတော့ နှစ်ပေါင်းများစွာအကြာတုံးက အမည်မသိအကြောင်းပြချက် အချို့ကြောင့် ကျောက်ရည်ပူရဲ့ အောက်ခြေမှာ မီးအရှင်သခင်ကို ချည်နှောင်ခဲ့တယ်တဲ့.."

"နောက်ပိုင်းမှာ ကျောက်ရည်ပူမြေမီးတောက်က မီးအရှင်သခင် သက်ဝင်လှုပ်ရှားလာတဲ့ နယ်မြေမှာ မွေးဖွာလာခဲ့တယ်.."

"အဲ့တာကြောင့် အဲ့နယ်မြေဟာ မီးအရှင်သခင်စောင့်ကြပ်တဲ့ နယ်မြေတစ်ခုဖြစ်လာပီးတော့ ဘယ်သူမှ ကျောက်ရည်ပူမြေမီးတောက်ကို ရအောင်မယူနိုင်ကြတော့ဘူး..."

တကယ်တော့ လင်းယန်ပြောနေသော သိုင်းပညာရှင်များဆိုသည်မှာ ယွင်လိုင်အင်ပါယာ နယ်နိမိတ်အတွင်းမှ သူများသာဖြစ်သည်။

အခြားသောသူများကြီးစိုးကြသော နယ်​မြေများမှ ကျွမ်းကျင်သူများသာ ဤနေရာ၌ မြေမီးတောက်တစ်ခုရှိကြောင်းအား သိခဲ့လျှင် ၎င်းတို့အနေဖြင့် မီးအရှင်သခင်အား အကြီးအကျယ်ထိခိုက်ပျက်စီးအောင် လုပ်ကြလိမ့်မည်ဖြစ်သည်။

အဆင့်ခြောက်ဘိုးဘေးအဆင့် နတ်ဆိုးသားရဲ၏ ကာကွယ်မှုအောက်တွင်ရှိနေခြင်းက လက်ရှိ ရှစ်ဖုန့်အတွက် တကယ့်ကို နည်းနည်းအခက်အခဲဖြစ်စေသည်။

သို့သော်လည်း ရှစ်ဖုန့်အနေဖြင့် စိတ်သက်သာရာရမိသေးသည်။

မီးအရှင်သခင် နှင့်ဆိုလျှင် ထိုသက်ကြားအိုကြီးမှာလည်း ၎င်းအားရလိမ့်မည်မဟုတ်ပေ။

"နားလည်ပြီ"

ရှစ်ဖုန့်က လင်းယန်ကို ခေါင်းညိမ့်ပြလိုက်သည်။

"ဒါကမင်းအတွက်ပဲ.."

လင်းယန်က သူမ၏ လက်ထဲတွင် ရဲရဲတောက်နီနေသော စာအုပ်တစ်အုပ်အားကိုင်ထားပြီး ရှစ်ဖုန့်ကိုလွှဲပေးလိုက်သည်။

စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် "မီးမြွေကခုန်ခြင်း"ဟူသော သိုင်းပညာရပ်တစ်ခုဖြစ်သည်။

သူမကသူ့အား သိုင်းပညာရပ်တစ်ခုအား တကယ်ကိုပေးနေသည်။

လင်းယန်က ရှစ်ဖုန့်၏ မျက်နှာထက်ရှိ တုန့်ဆိုင်းနေမှုကို မြင်တွေ့လိုက်ရပြီး ပြောလိုက်သည်။

"မင်းအဲ့လိုဖြစ်စရာမလိုပါဘူး..မင်းကငါ့အသက်ကိုကယ်ခဲ့တာပဲ..ဒါကိုယူဖို့ထိုက်တန်ပါတယ်.."

ရှစ်ဖုန့်အစက ထိုအရာအား ယဉ်ကျေးစွာဖြင့်ငြင်းပယ်ရန်စိတ်ကူးမိသော်လည်း တစ်ချို့အရာများအားတွေးတောမိသော အခါတွင် လက်ခံရန်ဆုံးဖြတ်လိုက်သည်။

သူကလင်းယန်၏ လက်ထဲမှ သိုင်းစာအုပ်ကိုယူလိုက်ပြီးနောက် သမန်ကာလျှံကာ လှန်ကြည့်လိုက်သည်။

ဤသိုင်းပညာရပ်၏ ဖော်ပြချင်များအား မြင်လိုက်ပြီးသောအခါတွင် စိတ်ဝင်စားမှုပင်ပျောက်ဆုံးသွားရသည်။

သူ့အတွက်တော့ ဤသိုင်းပညာရပ်မှာ နိမ့်ကျသော သိုင်းပညာရပ်တစ်ခုသာဖြစ်သည်။

သူယခင်ဘဝက ကျင့်ကြံခဲ့သော သိုင်းပညာရပ်များနှင့် မည်ကဲ့သို့ နှိုင်းယှဉ်၍ ရနိုင်ပါအံ့နည်း။

တစ်ယောက်ယောက်က သူ့အားဒူးထောက်၍ ဤသိုင်းပညာရပ်ကိုကျင့်ပါဟု အသနားခံလျှင်တောင် သူ့အနေဖြင့်ထိုသို့ လုပ်မည်မဟုတ်ပေ။

သူပြောနေကျစကားနှင့်ပြောရလျှင် ၎င်းကသူ၏ အဆက့်အတန်းကို နိမ့်ကျစေသည်။

သို့သော်ရှစ်ဖုန့်က လင်းယန်အား ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

"အနာဂတ်မှာ မီးမြွေကခုန်​ခြင်း သိုင်းပညာရပ်ကို လုံ့လဝီရိယစိုက်ပြီး လေ့ကျင့်ခဲ့ရင် မင်းစွမ်းအားဟာ အဆင့်တစ်ခုကိုတော့ သေချာပေါက်တိုးတက်လာလိမ့်မယ်..မင်းရဲ့စွမ်းဆောင်ရည်ပါရမီနဲ့ဆိုရင်တော့ အနာဂတ်မှာ မင်းတစ်ခုခုကိုရအောင်တော့ စွမ်းဆောင်နိုင်မှာပါ..."

လင်းယန်က ရှစ်ဖုန့်အား အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ လေသံဖြင့် ပြောနေတုံးဖြစ်သည်။

"အင်း..ခင်ဗျားရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်.."

ရှစ်ဖုန့်က တုန့်ပြန်လိုက်သည်။

"မင်းကငါ့အသက်ကိုကယ်ခဲ့တယ်..ငါကထောက်ပံ့...ငါက သိုင်းပညာရပ်တစ်ခုကို မင်းကိုပေးခဲ့တယ် ဒါဆို တစ်ယောက်နဲ့တစ်ယောက် အကြွေးတင်မနေကျတော့တာမို့..ငါတို့ဒီနေရာမှာပဲ လမ်းခွဲ ကြတာပေါ့."

လင်းယန်ကစကားပြောပီးသောအခါ သူမ၏ ကိုယ်အား ကောင်းကင်ထက်သို့ တစ်ဟုန်ထိုးတက်၍ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

လူတစ်ယောက်၏ ကျင့်ကြံမှုက ကြီးစိုးခြယ်လှယ်နိုင်သူတစ်ယောက် အဆင့်သို့ ရောက်သောအခါတွင် မြေပြင်၏ ကန့်သတ်မှုတို့အား ချိုးဖြတ်ကာ ကောင်းကင်ထက်သို့ ပျံသန်းနိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က ခေါင်းခါ၍ ပြုံးကာ လင်းယန် ထွက်ခွာသွားသည်ကိုကြည့်နေသည်။

သူ့အနေဖြင့် ဘာကောင်းသည်ဆိုးသည်ခံစားချက်မှ ဤအမျိုးသမီးထံမှ မရပါ။

သူ့အပေါ်ထားရှိသောသူမ၏ သဘောထားတို့မှာ အင်ပါယာ(သို့)တော်ဝင်နယ်ပယ် တစ်​ယောက်နှင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်တစ်ယောက်တို့အတွက် ပုံမှန်အလေ့အထများသာဖြစ်သည်။

ယင်းမှာ ချမ်းသာသောမိသားစုမှသခင်မလေးတစ်ယောက်နှင့်လမ်းဘေးသူတောင်းစားကဲ့သို့ပင်ဖြစ်သည်။

သူတောင်းစားက သခင်မလေး၏ အသက်ကိုကယ်တင်ခဲ့လျှင် သခင်​မလေးက ဆုလာဘ်အဖြစ်ငွေကိုပေးပြီး သူတောင်းစားကလည်း ထိုအပေါ်ကျေနပ်လိမ့်မည်ဖြစ်သည်။

"သောက်လခွီး...ဘာတွေထတွေးမိနေတာတုံးဟ..ငါက ကြီးမြတ်တဲ့ ငရဲဘုံကိုးခု ဧကရာဇ်ကြီးပါဟ ဘယ်လိုလုပ်သူတောင်းစားနဲ့ နှိုင်းယှဉ်လို့ရမှာတုံး.."

ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်ပြီး မီးမြွေကခုခြင်းသိုင်းပညာရပ်စာအုပ်အား မြေပြင်ပေါ်သို့ အမှိုက်တစ်ခုအားပစ်သလိုပစ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က မီးတောင်ဆီသို့ နောက်တစ်ကြိမ်ထပ်မံ၍ ကြည့်လိုက်သည်။

သူ့အသက်အားလိုချင်သော သောက်သူတောင်းစားအိုကြီး သေရမည်ဖြစ်သည်။

"ငရဲဝံပုလွေ...ဆက်အလုပ်လုပ်မယ်.."

ရှစ်ဖုန့်က ငရဲဝံပုလွေကိုအမိန့်ပေးလိုက်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောင်တုံးတို့အား ပို၍ထုတ်လိုက်သည်။

၎င်းတို့အား စုပ်ယူသကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုလည်း ဆက်လက်လုပ်ဆောင်၏။

ရှစ်ဖုန့်၏ ကျင့်ကြံခြင်းပညာရပ်နှင့် ကောင်းကင်မီးတောက်၏ သွေးဆာတတ်သော ဗီဇအရ ထူးခြားသောကောင်းကင်ဘုံ ပစ္စည်းများဖြစ်ကြသည့် ကောင်းကင်မီးတောက်၊မြေမီးတောက်တို့ကိုစုပ်ယူနိုင်သည်။

ထိုအရာများအပြင် သူ၏ ခွန်အားအား သတ်ဖြတ်ချင်းဖြင့်လည်းလျှင်မြန်စွာ မြှင့်တင်နိုင်၏။

ကမ္ဘာဦးကျောက်တုံးများကတော့ နောက်ဆက်တွဲအပိုဆောင်းသာသာသာဖြစ်သည်။

သို့သော် ရှစ်ဖုန့် နောက်ဆုံး၌ သတိရမိသွား၏။

သူက ဖုန်ယွင်ရှောင် သူ၏သိုလှောင်လက်စွပ်အတွင်းတွင်ချန်ရစ်ထားခဲ့သော ကျင့်ကြံမှုမြှင့်တင်သည် ဆေးလုံးများကိုစတင်၍ လှန်လှောရှာဖွေလိုက်သည်။

နောက်ဆုံး၌ဆေးလုံးဆယ့်တစ်လုံးတွေ့ခဲ့၏။

အားလုံးမှာ အဆင့်လေးဆေးလုံးများဖြစ်ကြသည်။

ရှစ်ဖုန့်ပထမဆေးလုံးအား မျိုချလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်မှာ ရုတ်ချည်း တစ်ဟုန်ထိုးမြင့်တက်လာသည်။

သို့သော် သူဒုတိယဆေးလုံးအား မျိုချလိုက်ချိန်တွင် အကျိုးသက်ရောက်မှုမှာ ပထမဆေးလုံးလောက် မဖြစ်ပေါ်တော့ပေ။

တတိယဆေးလုံးဆိုပါက ​မပြောပလုနီးပါးဖြစ်သည်။

စတုတ္ထဆေးလုံးအားမျိုချလိုက်ချိန်တွင် ၎င်းမှာ သမုဒ္ဒရာထဲ နစ်မြုပ်သွားသော ကျောက်ခဲတစ်ခဲကဲ့သို့ဖြစ်ပြီး လုံးဝအသုံးမဝင်တော့ပေ။

"နောက်ထပ်နည်းနည်းလေးပဲလိုတော့တာ..ငါ့အနေနဲ့ အဆင့်ခုနှစ် စိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖြတ်နိုင်ရမယ်.."

ရှစ်ဖုန့် ကျောက်ရည်ပူထဲမှ လွတ်လာချိန်တုံးက အာရုဏ်တက်ချိန်ဖြစ်သည်။

ယခုသူ့အနေဖြင့် အာရုဏ်တက်ချိန်ကတည်းက နေဝင်ချိန်ထိတိုက်ခိုက်နေသည်။

သူ့အနေဖြင့် မီးသားရဲမည်မျှအား သတ်ဖြတ်ပစ်ခဲ့သည်ဆိုသည်အားပင် မရေတွက်နိုင်တော့ပေ။

သူ့အနေဖြင့် အဆင့်ချိုးဖြတ်နိုင်သည့် အာရုံခံမှုကိုမရမချင်း ကမ္ဘာဦးကျောက်တုံးတစ်သောင်းကိုစုပ်ယူပြီး အဆင့်လေးဆေးလုံးတို့ကိုစားသုံးခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှစ်ဖုန့်အနေဖြင့် သူ၏ ဒန်တန်မှာ ကောင်းကင်မီးတောက်နှင့် ပေါင်းစပ်သွားချိန်မှစ၍ သူအဆင့်တက်ရန်လိုအပ်သောစွမ်းအင်မှာ ယခင်ဘဝကထက် နှစ်ဆဖြစ်သည်ဟု ခံစားမိသည်။

နယ်ပယ်အဆင့်အချို့ကိုချိုးဖြတ်ပီးနောက်တွင် လိုအပ်သော စွမ်းအင်မှာ သူ့ယခင်ဘဝကထက် လေးဆဖြစ်သည်ကို တွေ့ရှိခဲ့၏။

ဤသို့ဆိုပါက ​အနာဂတ်ကျင့်ကြံမှုတွင် သူ့အတွက်လိုအပ်သော စွမ်းအင်ပမာဏမှာ ပိုပိုကြီးမားလာပြီး သူ၏ခွန်အားမှာလည်း ယခင်ကထက်ကို ပို၍ပင် ​သန်မာလာလိမ့်မည်ဖြစ်သည်။

သူသာ ကောင်းကင်မီးတောက်ကို မြေမီးတောက်အား ဝါးမျိုခွင့်ပြုနိုင်ခဲ့ပါက ဘုရင်နယ်ပယ်သို့အဆက့်တက်မည်ဖြစ်သည်။

အနာဂတ်၌ အင်ပါယာနယ်ပယ်မှသည် အထွတ်အထိပ် ဧကရာဇ်နယ်ပယ်သို့ ရောက်လျှင် သူ၏ စွမ်းအားမှာ မည်မျှ အစွမ်းထက်နေမည်ဖြစ်ပါသနည်း။

ရှစ်ဖုန့်ထိုသို့တွေးမိသောအခါတွင် မျှော်လင့်ချက်တစ်ဖွားဖွားဖြင့်ပြည့်နေတော့သည်။

ဆက်ရန်..

ဘာသာပြန်သူ-Arise

All Chapters