← Chapters

အပိုင်း (၉၀)

Vol. 6 Ch. 90

အပိုင်း (၉၀)

Vol. 6 Ch. 90

အဆင့်​လေးဘုရင်နယ်ပယ်နတ်ဆိုးသားရဲ၏ သေခြင်းစွမ်းအင်၊သွေး၊ မီးမျိုးစေ့တို့မှာ ရှစ်ဖုန့်၏ ဆက်တိုက်ဝါးမျိုခြင်းကိုခံခဲ့ရသည်။

သူ၏ ကြယ်ခုနှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သော ကောင်းကင်မီးတောက် ဒန်တန်မှာ ကြီးမားလှသော ရေခွက်ကြီးတစ်လုံးကဲ့သို့ဖြစ်သည်။

၎င်းမှာချက်ခြင်းဖြည်းတင်းခံရပြီးနောက် စတင်ပြည့်လာ၏။

သို့သော် ကြယ်ရှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်သို့ မဝင်ရောက်သေးခင် ဤခွပ်မှာ တစ်ဝက်ခန့်သာပြည့်သေးသည်။

စွမ်းအင်၏ နှစ်ဆခန့်ကို လိုအပ်နေသေးဆဲဖြစ်၏။

သို့သော် ဤသည်ကပင် လက်ရှိ ရှစ်ဖုန့်အတွက် အတော်ကောင်းမွန်နေပီဖြစ်၏။

ရှစ်ဖုန့်အနေဖြင့် ခုဏက အဆင့်လေး နတ်ဆိုးသားရဲအပေါ်တွင် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို အသုံးပြုခဲ့သည်။

ဤအချိန်၌ သူ၏ စိတ်ဝိညာဉ်မှာ အဆမတန်အားနည်းလာခဲ့၏။

အဆင့်များကျော်ဖြတ်အသုံးပြုရခြင်းက အနည်းငယ် အားသွန်ခွန်စိုက်လုပ်ဆောင်ရတုံးဖြစ်သည်။

အတိတ်တုံးကဆိုလျှင် သူ့အ​နေဖြင့် အတွေးတစ်ချက်ဖြင့် များပြားလှသော သက်ရှိပမာဏာအား တိုက်ရိုက်သတ်ပစ်နိုင်၏။

ယခု အဆင့်လေး အထွတ်အထိပ်နတ်ဆိုးသားရဲတစ်ကောင်အား ရင်ဆိုင်ရချိန်တွင်တော့ စိတ်အာရုံအား အနှောက်အယှက်ပေးခြင်းကိုသာတက်နိုင်ပြီး ဝိညာဉ်အား တုန်လှုပ်စေပြီး ဖရိုဖရဲ ပြုတ်ကျလာစေရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။

လက်တွေ့တွင် ထိုအချိန်ကအရမ်းတိုသော်လည်း ဘုရင်နယ်ပယ်အထွတ်အထိပ် သားရဲကိုရင်ဆိုင်ရာ၌ စက္ကန့်အနည်းငယ်စာကပင် ရှစ်ဖုန့်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်လုံလောက်သည်။

ထို့နောက်တွင် သူ့အနေဖြင့်ကျောက်ရည်ပူထဲမှ ကြယ်သုံးပွင့် အင်ပါယာနယ်ပယ် ဘိုးအေကြီးအား ရင်ဆိုင်လိမ့်မည်ဖြစ်သည်။

ဤတိုက်ပွဲက ယခင်တိုက်ပွဲများထက် အဆများစွာ ပိုမို၍ ခက်ခဲနိုင်သည်။

၎င်းအနေဖြင့် အငိုက်ဖမ်းတိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်မထားသော အချိန်၌ သူအသုံးပြုနိုင်ရမည်ဖြစ်၏။

ကြယ်သုံးပွင့် အင်ပါယာနယ်ပယ်အဆင့်တစ်ယောက်နှင့် ရင်ဆိုင်ရာ၌ သူ့အနေဖြင့် အခွင့်အရေးရရန်မှာ စက္ကန့်ဝက်သာရှိသည်။

တောင်ပံလေးခုနီလာခရမ်း ခြင်္သေ့​၏ ဝိညာဉ်အား ဝါးမျိုပြီးသော အခါတွင် သူ၏ အားနည်းနေသောဝိညာဉ်စွမ်းအားမှာ ပြန်လည်ပြည့်တင်းလာသည်။

သူက ခြောက်သွေ့နေသော ခြင်္သေ့အလောင်းအား မြေပြင်ပေါ်သို့ပစ်ထုတ်လိုက်ပြီး ဝံပုလွေကိုထပ်မံအော်ပြောလိုက်သည်။

"မီးတော​င်ကိုသွားမယ်.."

"ဝေါင်း"

ဝံပုလွေက နားလည်သော အမူအယာဖြင့် မာန်ဖီလိုက်သည်။

သုံးမီတာရှိသော အတောင်နှစ်ဖက်ကို တစ်ဖျပ်ဖျပ်ခတ်ကာ သူ၏ ဧရာမ​င်ကိုယ်ကြီးအား မီးတောင်ဆီသို့ ညက်ညောစွာဖြင့် ဦးတည်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က တုန့်ဆိုင်း​နေခြင်း မရှိပေ။

သူ၏ ကိုယ်အား သွေးနီရောင်မီးတောက်တို့ နောက်တစ်ကြိမ်ထွန်းညှိ၍ ဖုံးလွှမ်းလိုက်ပြီး သူ့ကိုယ်သူကာကွယ်ကာ ပူစီပေါင်းထနေသော ရဲရဲတောက်နီနေသည့် ကျောက်ရည်ပူထဲခုန်ချလိုက်သည်။

ကျောက်ရည်ပူထဲသို့ ကျရောက်ပြီးပြီးချင်း ရှစ်ဖုန့်က စတင်၍ ဂရုတစိုက်သတိထားလိုက်သည်။

သူကသူ၏ စိတ်ဝိညာဉ်စွမ်းအားတို့အား ဖြန့်ကျက်၍ အောက်ခြေရှိပြောင်းလဲမှုတို့အား အာရုံခံလိုက်၏။

သူက ဖြစ်ပျက်လာသမျှအား တုံ့ပြန်ရန် အသင့်အနေအထားဖြင့် အောက်သို့ဖြည်းဖြည်းချင်းဆင်းလိုက်သည်။

ကျောက်ရည်ပူအောက်ခြေ၏အထက် အနီးတွင် ကြမ်းကြုတ်ပြင်းထန်သော လူသားမီးတောက်တစ်ခုလွင့်မျောနေသည်။

ငယ်ရွယ်သော အသံတစ်ခုကထွက်လာ၏။

"ဆရာ...ကျွန်တော်တို့ဘာလုပ်သင့်လဲ.."

"အဲ့မြေမီးတောက်က အဆင့်ခြောက်နတ်ဆိုးသားရဲ မီးတောက်အရှင်သခင်စောင့်ကြပ်နေတာ.."

"ဂါး..ဂါး...ဂါး.."

ကျောက်ရည်ပူအောက်ခြေမှ မီးတောက်အရှင်သခင်၏ ဟိန်းဟောက်သံကို ကြားနိုင်၏။

စွမ်းအားပြင်း စွမ်းအင်လှိုင်းတို့က အောက်ခြေမှ တက်လိုက်ကျလိုက်ဖြစ်နေပြီး အားပြင်းသော လှိုင်းတွန့်များကိုဖြစ်စေသည်။

"ခက်ခဲတယ်.."

အိုမင်းသော အသံရှင်ကပြောလိုက်သည်။

"ဒီနေရာမှာ မီးအရှင်သခင်တစ်ကောင်က ကာကွယ်နေလိမ့်မယ်လို့ငါမထင်ထားခဲ့မိဘူး.. လုံလောက်အောင် အစွမ်းမထက်တဲ့ ငါ့ကိုငါပဲ အပြစ်တင်ရတော့မှာပဲ.."

"ဆရာ..ယွင်လိုင်အင်ပါယာထဲမှာ အစွမ်းအထက်ဆုံးသူက အထွတ်အထိပ်ကြယ်ကိုးပွင့် ဘုရင်နယ်ပယ် အဆင့်ပဲရှိတာ..အဆင့်ခြောက် မီးအရှင်သခင်ရဲ့ ကာကွယ်မှုနဲ့ဆိုရင် မြေမီးတောက်ချော်ရည်မီးကိုအချိန်အတိုင်းအတာတစ်ခုအထိတော့ ဘယ်သူမှ ရယူနိုင်မှာ မဟုတ်ဖူးလို့ ကျွန်တော်ယုံတယ်..ဘာလို့ ကျွန်တော်တို့တွေ နည်းနည်းထပ်လေ့ကျင့်​ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကတိုးတက်လာပြီး ကာယကိုယ်က ဆရာပိုပြီးစွမ်းအားထုတ်သုံးနိုင်တဲ့အထိ ရောက်မှ ဒါကိုလာမယူရတာလဲ.."

လူငယ်က အကြံပေးလိုက်သည်။

"အင်း.."

အသံအိုပိုင်ရှင်က ပြောလိုက်သည်။

"ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တယ်.."

"ဒီမီးနယ်မြေကထွက်ပြီးတော့ နတ်ဆိုးသားရဲတောင်တန်း အတွင်းပိုင်းကိုဆက်ဝင်ပြီး စိတ်ဝိညာဉ်ဆေးပင်တွေကို စုဆောင်းကြတာပေါ့..မင်းရဲ့ကျင့်ကြံမှုတိုးတက်လာဖို့အတွက် ငါဆေးတွေသန့်စင်ပေးမယ်.."

"ဟမ့်.."

ရုတ်တရက်လူသားမီးတောက်က ပြင်းပြင်းထန်ထန် အရှိန်မြင့်တက်လာကာ အေးစက်စွာနှာမှုတ်လိုက်သည်။

"ဘာလို့နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်က လာအသေခံရပြန်တာလဲ.."

ထို့နောက်တွင် ပြင်းထန်ကြမ်းကြုတ်သော လူသားမီးတောက်က အပေါ်သို့လျှင်မြန်စွာတက်လိုက်သည်။

ခုဏကသွေးနီရောင်မီးတောက်တို့ ဖြင့်လောင်ကျွမ်းနေသော ရှစ်ဖုန့်မှာ အောင်သို့ဆက်လက်ငုတ်လျှိုးလာပြီး ရုတ်တရက် အောက်​ခြေမှရောင်ဝါတစ်ခုအား အာရုံခံမိလိုက်၏။

"ငနဲကြီး.ငါ့ကိုရှာတွေ့သွားတဲ့ပုံပဲ.."

ထို့နောက်ရှစ်ဖုန့်က ရပ်လိုက်ကာလက်နှစ်ဖက်ဖြင့် လက်သင်္ကေတများဖော်ဆောင်လိုက်သည်။

သူ၏ လက်သင်္ကေတတို့က အဆက်မပြတ်ပြောင်းလဲနေပြီး ယဲ့ယဲ့သာမြင်ရသော လေးထောင့်ပုံစံ အဖြူရောင် ဆီးလ်တံဆိပ်လေးခုက သူ၏ အထက်တွင် တိတ်တဆိတ်ဖွဲ့စည်းလာသည်။

"မင်းပဲလား...ပုရွက်ဆိတ်လေး...မင်းလွတ်သွားခဲ့ပေမဲ့..အခုတော့ မင်းသေရမယ်.."

ရှစ်ဖုန့်၏ အောက်မှ ပြင်းထန်သော လူသားမီးတောက်ကပေါ်လောပြီး အိုမင်းသော အသံရှင်က အထင်သေးစွာဖြင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

"ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်.."

ရှစ်ဖုန့်က အသက်ရှူရန်ပင်အချိန်ဖြုန်းမနေပေ။

ပြင်းထန်သော လူသားမီးတောက်အားမြင်ပီးပီးခြင်း ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ချက်ခြင်းအသုံးပြုလိုက်သည်။

အံ့သြစရာကောင်းလောက်အောင် ရှစ်ဖုန့်၏ ငရဲဘုံကိုးခုဝိညာဉ်တုန်လှုပ်ဆီးလ်အောက်တွင် လူသားပုံစံမီးတောက်အတွင်းမှ အိုမင်းသော စူးစူးဝါးဝါးအော်ဟစ်သံထွက်ပေါ်လာသည်။

၎င်းအော်သံမှာ ရေနွေးပူအလောင်ခံရသော ကြွက်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ၎င်း၏ သက်ရောက်မှုက ရှစ်ဖုန့် မျှော်မှန်းထားသည်ထက်သာလွန်နေသည်။

ထိုပုဂ္ဂိုလ်၏ အပေါ်ရှိ ကြမ်းကြုတ်သော မီးတောက်တို့မှာ စတင်၍ ပရမ်းပတာဖြစ်လာသည်။

မကြာခင် မီးတောင်အတွင်းမှာ ငယ်ရွယ်သော မျက်နှာတစ်ခုအား ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။

"မင်းပဲ.."

"မင်းပဲဟ..တကယ့်ကိုမင်းပဲ..ဟားဟားဟား..ငါအခုတော့နားလည်ပြီ..ငါအခုတော့နားလည်သွားပြီ.."

ယန်ကျုံး၏ မျက်နှာအားမြင်လိုက်ရသော အခါတွင် ရှစ်ဖုန့်က ရုတ်ချဉ်းကျယ်လောင်စွာအော်ရယ်လိုက်သည်။

နောက်ဆုံးတွင် ဖြစ်ပျက်နေသည်တို့အား ရှစ်ဖုန့်နားလည်သွားသည်။

ယန်ကျုံး၏ ကိုယ်အားပိုင်ဆိုင်သော ဝိညာဉ်အကျွင်းအကျန်အား ရှစ်ဖုန့်ခုဏက တုန်လှုပ်စေခဲ့ပြီး သူ၏ ငရဲဘုံကိုးခုဝိညာဉ်တုန်လှုပ်ဆီးလ်က အကြွင်းအကျန်ဝိညာဉ်အား ပြေးမလွတ်ဖြစ်စေခဲ့သည်။

တိုက်ခိုက်မှုက ၎င်းအကာအကွယ်လျော့နေချိန်တွင်ဖြစ်ပြီး သူ၏ ပြိုင်ဘက်မှာ ဘာကြိုတင်ကာကွယ်ချိန်မှ မရလိုက်ပေ။ယင်းကထိုဝိညာဉ်အား ပိုမို၍ ထိခိုက်မှုတို့ဖြစ်သွားစေ၏။

"ဒီအသံက..မင်းပဲ..ခွေးမသား ရှစ်ဖုန့်..မင်းငါ့ဆရာကိုထိခိုက်​အောင်လုပ်ရဲတယ်.."

"မင်းဆိုးဆိုးရွားရွားကိုသေရမယ် "

ယန်ကျုံး၏ အမူအယာက လူရိုင်းတစ်ယောက်ကဲ့သို့ဖြစ်နေပြီး သွေးနီရောင်မီးတောက်အား အော်ငေါက်နေသည်။

ရှစ်ဖုန့်အနေဖြင့် ၎င်းကျဆင်းနေချိန်တွင် ၎င်း၏ အသက်အားရယူရန်အခွင့်အရေးအား မည်ကဲ့သို့ လက်လွှတ်ခံပါမည်နည်း။

ငရဲဘုံကိုးခုဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် ထပ်မံ၍တိုက်ခိုက်လိုက်သည်။

"အား.."

နောက်ထက်သွေးပျက်ဖွယ် အသံတစ်ခု ယန်ကျုံးထံမှထွင်ပေါ်လာပြန်သည်။

ကြမ်းကြုတ်သော လူသားပုံစံမီးတောက်မှာ ချက်ခြင်းလွင့်ထွက်သွားသည်။

ယန်ကျုံးအနေဖြင့် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်စည်း၏ သက်ရောက်မှုအား အာရုံခံမိပြီး သူ၏ ဝိညာဉ်အား ဝိညာဉ်အပိုင်းအစအား တိုက်ခိုင်မှုကို ကာကွယ်ရန်အတွက် အသုံးပြုခဲ့ပုံရသည်။

သို့မဟုတ် ဝိညာဉ်အပိုင်းအစကပိုမိုထိခိုက်မိသွားသောကြောင့်ယန်ကျုံး၏ ကိုယ်မှ ထွက်ပြေးသွားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ယန်ကျုံးအနေဖြင့် ရှစ်ဖုန့်၏ အဆင့်သုံး ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းထားသော လျှို့ဝှက်နည်းစနစ် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား မည်ကဲ့သို့တားဆီးနိုင်ပါအံ့နည်း။

"ငရဲကိုသွားလိုက်တော့.."

အဖြူရောင်ဆီးလ်က ပုံသဏ္ဍန်ပေါ်နေပီဖြစ်ပြီး ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းကယန်ကျုံး၏ ကိုယ်ပေါ်သို့ဖိကျလာသည်။

အိမ်တစ်လုံးအရွယ်ကြောက်မက်ဖွယ် အဖြူရောင်ကြီးအား ထိန့်လန့်စွာကြည့်နေရင်း ယန်ကျုံး၏ မျက်လုံးတို့က ပြူးကျယ်လာသည်။

စတုရန်းပုံဆီးလ်ကြီးက ဖိကျလာပြီး သူ၏တစ်ကိုယ်လုံး အစွမ်းမဲ့သွားသလိုယန်ကျုံးခံစားလိုက်ရသည်။

သူ၌ လက်တစ်ချောင်းအားဆန့်ထုတ်ရန်ပင် ခွန်အား ရှိမနေတော့ချေ။

"ငါသေရတော့မှာလား.."

"ငါ့တပည့် မကြောက်နဲ့ ဆရာ့ရဲ့ဝိညာဉ် အဖျက်ဆီးခံရမယ်ဆိုရင်တောင် ဆရာမင်းကိုကာကွယ်ပေးမယ်.."

အိုမင်းသောအသံက ယန်ကျုံး၏ စိတ်ထဲတွင် ပဲ့တင်ထွက်ပေါ်လာသည်။

သိပ်မကြာခင် ယန်ကျုံး၏ ကိုယ်မှ ရောင်ဝါတို့ နောက်တစ်ကြိမ်ထပ်မံ၍ မြင့်တက်လာပြီး သူ၏ ကိုယ်ရှိ ဖရိုဖရဲဖြစ်နေသော မီးတောက်တို့က ထပ်မံ၍ ပေါက်ကွဲထွက်လာသည်။

ရုတ်တရက်သူ၏ ကိုယ်မှငွေရောင်အလင်းတစ်ခုပစ်ထွက်လာသည်။

၎င်းမှာလင်းယန်ဆီက သူရခဲ့သော အဆင့်ငါးလက်နက်ငွေကွင်းဖြစ်ပြီး ဖိကျလာသော ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုထံဦးတည်စေလိုက်သည်။

"ပေါက်ကွဲစမ်း.."

ငွေကွင်းနှင့် ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုတို့ ထိတွေ့မိချိန်၌ လူအိုကြီးက ကျယ်လောင်စွာအော်လိုက်ပြီး ငွေကွင်းမှာ ရုတ်တရက်ပေါက်ကွဲသွားသည်။

၎င်းက ငရဲဘုံကိုးခုဆီးလ်တံဆ်ိပ်လေးခုအား တားဆီးရန် အဆင့်ငါးလက်နက်အား ကိုယ့်ဟာကိုပေါက်ကွဲစေ၍ ကြမ်းကြုတ်သော စွမ်းအင်တို့ကိုထုတ်လွှတ်စေခြင်းဖြစ်သည်။

အဆင့်ငါးလက်နက်၏ ပေါက်ကွဲစေကြောင့်ထုတ်လွှတ်နိုင်သော ကြမ်းကြုတ်သည့်စွမ်းအင်က ဘုရင်နယ်ပယ်တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုနှင့်နှိုင်းယှဉ်၍ ရသည်။

"ဝုန်း.."

ပေါက်ကွဲမှုကြောင့်ဖြစ်သော ကြမ်းကြုတ်သော စွမ်းအားတို့က ဦးတည်ချက်အနှံ့သို့ ပြန့်သွားသည်။

၎င်းကကျောက်ရည်ပူအတွင်းရှိ ရှစ်ဖုန့်၏ ငရဲဘုံးကိုးခု ဆီးလ်တံဆိတ်လေးခုနှင့်အတူ ချက်ခြင်း ပျက်သုဉ်းသွား၏။

၎င်းမှာ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား တားဆီးရန် ဘုရင်နယ်ပယ်တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ညီမျှသည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters