← Chapters

အပိုင်း (၉၁)

Vol. 7 Ch. 91

အပိုင်း (၉၁)

Vol. 7 Ch. 91

"ဒီမှာပဲနေစမ်း"

ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက်တွင် လူသားမီးတောက်က အပေါ်သို့ လျှင်မြန်စွာ ပစ်လွှတ်သလို တက်သွားသည်ကိုတွေ့ရပြီး ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အားအသုံးပြု၍ ရှစ်ဖုန့်က နောက်မှ တိုက်ခိုက်လိုက်သည်။

ထိုသက်ကြားအိုကြီးနှင့်ငတိတို့မှာ သေရမည်ဖြစ်သည်။

ထိုအချိန်တွင် ရုတ်တရက် သူ၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်နှင့် အထက်ဆီမှလာသော ဝိညာဉ်တိုက်ခိုက်မှုတို့ အပြင်းအထန်ထိပ်တိုက်တွေ့မိကြပြီး သူ၏ နှလုံးသား၌ တုန်ယင်မှုတို့ကို ရုတ်တရက်ရှစ်ဖုန့်ခံစားလိုက်ရသည်။

သူ၏ တုန်ယင်မှုအား ပြန်လည်ကုစားပြီးသည့်အချိန်တွင် လူသားပုံစံမီးတောက်မှာ သူ၏ မြင်ကွင်းမှာ ပျောက်ကွယ်သွားနှင့်ပီဖြစ်သည်။

၎င်းတို့အနေဖြင့် တကယ့်ကိုလွတ်မြောက်အောင်လုပ်နိုင်ခဲ့​ခြင်းပင်ဖြစ်သည်။

"အဲ့ငနဲအိုကြီးက ဝိညာဉ်အကြွင်းကျန်လေး သက်သက်ပဲ..ငါ့ကြောင့်သူထိခိုက်ဒဏ်ရာရတာတောင် အဆုံးကျ ဘယ်ကနေ ဒီလိုစွမ်းအားကြီး ဝိညာဉ်စွမ်းအားတွေရခဲ့တာလဲ.."

ရှစ်ဖုန့်က သူ၏ ခေါင်းကိုမော့၍ တီးတိုးရေရွတ်လိုက်သည်။

ငနဲအိုကြီးမှာ သူသေခြင်းတံခါးဝကိုရောက်နေသည့်အချိန်တွင် ငရဲဘုံကိုးခုဝိညာဉ်တုန်လှုပ်ဆီးလ်အား ခုခံရန်အတွက် ၎င်း၏ ဝိညာဉ်စွမ်းအားအား လောင်ကျွမ်းစေခြင်းဖြစ်နိုင်သည်ဟု ရှစ်ဖုန့်ချက်ခြင်းသဘောပေါက်လိုက်မိသည်။

ဤတစ်ကြိမ်ဝိညာဉ်အကြွင်းအကျန်အိုကြီးမှာ ပျောက်ကွယ်မသွားလျှင်တောင် ထိုသို့ဖြစ်ရန် နီးစပ်နေလောက်ပြီဖြစ်နိုင်လောက်သည်။

"ဟူး...ဟူးး..ဟူး..."

ယန်ကျုံးလွတ်မြောက်သွားပီးသော အခါတွင် ရှစ်ဖုန့်အပေါ်ဖိစီးနေသော အံ့ဖွယ်အဆင့်ဖိအားတို့မှာလည်း ဖြည်းဖြည်းချင်းပြေလျော့လာသည်။

ဤတိုက်ပွဲ၌ ရှစ်ဖုန့်က အထက်စီးမှဖြစ်နေပုံရသော်လည်း တကယ့်လက်တွေ့တွင် ရှစ်ဖုန့်အနေဖြင့် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု၏ စွမ်းအားအား များနိုင်သမျှများစေရန်နှင့်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်အတွက် စနစ်တကျ အသုံးပြုခဲ့ရသည်။

သူ့အနေဖြင့် သူ့ကိုယ်အတွင်းရှိ စွမ်းအင်အကုန်လုံးနီးပါးအား အသုံးပြုခဲ့ရပြီး အရေးပေါ်အခြေအနေများအတွက် အစအနအနည်းငယ်ကိုသား ချန်ရစ်ထားသည်။

ထို့နောက် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား နောက်တစ်ကြိမ်ထပ်အသုံးပြုခဲ့ပြီး နောက်ဆုံး၌ ငနဲအိုကြီး ၏ သူ့ဝိညာဉ်အား သူလောင်းကျွမ်းစေသော ဝိညာဉ်တိုက်ခိုက်မှုနှင့် အပြင်းအထန်ထိပ်တိုက်တွေ့မိကြသည်။

သူ၏ ဝိညာဉ်မှာလည်း သာမန်ထက်ပို၍ အားနည်းနေပီဖြစ်သည်။

အတွေးတစ်ချက်ဖြင့် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံး အများအပြားကို ထုတ်လိုက်သည်။

ရှစ်ဖုန်ကလက်နှစ်ဖက်ဖြင့် သင်္ကေတ​ဆီးလ် ပုံစံတစ်ခုကိုပုံဖော်လိုက်ပြီး ထောင်ပေါင်းများစွာသော ကမ္ဘာဦးကျောက်တုံးတို့မှာ မြေဆွဲအားမှ လွတ်သွားသကဲ့သို့ ဖြစ်လာသည်။

၎င်းတို့အားလုံးမှာ ရှစ်ဖုန့်၏ ဆွဲယူခြင်းကိုခံလိုက်ရပြီး သူ့ပတ်ပတ်လည်တွင်လွင့်မျောနေကြကာ သူ၏ အလည်တွင်ထား၍ လွှမ်းခြုံထားကြ၏။

ဤနေရာတစ်ဝိုက်၌ ကမ္ဘားဦးကျောက်တုံးတို့ဖြင့် ပြည့်လုလုနီးပါဖြစ်နေ၏။

ငရဲဘုံကိုးခုစွမ်းအားကိုအသုံးပြုလိုက်ပြီး ကမ္ဘားဦးကျောက်တုံးတို့ အတွင်းမှ မူလစွမ်းအင်တို့ကို ရှစ်ဖုန့် အရူးအမူးစုပ်ယူကာ သူ၏ ဒန်တန်နှင့်သူတော်စင်မီးတောက်တို့အတွက် လိုအပ်သော စွမ်းအင်တို့ကို ဖြည့်တင်းလိုက်သည်။

မျက်စိတ်တစ်မှိတ်အတွင်း ကမ္ဘာဦးကျောက်တုံးတို့အတွင်းမှ မူလစွမ်းအင်တို့မှာ တစ်ခုပီးတစ်ခုပျောက်ကွယ်သွားပြီး မီးခိုးနက်ရောင်ကျောက်တုံးများအဖြစ်ပြောင်းလဲသွားကြသည်။

၎င်းတို့မှာ အောက်သို့ မိုးရွာသကဲ့သို့ တဖြုတ်ဖြုတ်ပြုတ်ကျသွားကြပြီး သိပ်မကြာလိုက်ခင်အချိန်တွင် ကျောက်ရည်ပူ​တို့ကြောင့် ဘာမျှ မကျန်တော့သည်အထိ အရည်ပျော်သွားကြသည်။

ရှစ်ဖုန့်အနေဖြင့် သူ၏ အားမန်တွက်ကြွသော ပုံစံပြန်မရခင်အထိ မသိနိုင်သောအချိန်အတိုင်းအတာတစ်ခုကုန်ဆုံးခဲ့ရပြီး ကမ္ဘာဦးကျောက်တုံး သောင်းဂဏန်းများစွာလည်း ကျောက်ရည်ပူတို့ကြောင့် အရည်ပျော်သွားရသည်။

ယခုအချိန်၌ သူ၏ ရောင်ဝါမှာ ၎င်း၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်၍ ရောက်ရှိနေပြီဖြစ်၏။

"ဂါး..ဂါး.."

စွမ်းအားပြင်းရောင်ဝါများနှင့်အတူ အောက်​ခြေဆီမှ ကြမ်းကြုတ်သောသားရဲတို့၏ ဟိန်းဟောက်သံများက ပဲ့တင်ထွင်ပေါ်လာသည်။

"အောက်ကိုသွားပြီး တစ်ချက်ကြည့်တာပေါ့.."

ရှစ်ဖုန့်က တီးတိုး​ရေရွတ်ရင်း စတင်၍ ဖြည်ညှင်းစွာ ဆင်းသက်လာသည်။

ကျောက်ရည်ပူ၏ အောက်ခြေ၌ မီးတောက်ဧရာမတောင်တစ်လုံးအရွယ်အစားရှိသော မီးနတ်ဆိုးသားရဲတစ်ကောင်ရှိသည်။

၎င်း၏ မျက်နှာမှာ ကြမ်းကြုတ်ရက်စက်ခတ်ထန်သော အသွင် သဏ္ဍန်ရှိပြီး ကျယ်လောင်စွာဟိန်းဟောက်နေသည်။

ဟိန်းဟောက်လိုက်တိုင်း ရဲရဲတောက်နီရဲနေသော ထိုနေရာတစ်ဝိုက်ရှိကျောက်ရည်ပူတို့မှာ ပြင်းထန်ကြမ်းတမ်းစွာ တလိပ်လိပ်လိမ့်တက်နေပြီး အလွန်အကျွံ ကြီးမားပြင်းထန်သော ကျောက်ရည်ပူဝဲကြီးကို ဖန်တီးဖြစ်ပေါ်စေသည်။

"ဂျိုင်း...ဂျိုင်း....ဂျိုင်း...ဂျိုင်း.."

မီးအရှင်သခင်က မီးများတောက်လောင်နေသော တောင်တစ်လုံးကဲ့သို့ အပေါ်သို့ ထရပ်လိုက်သည်။

ထူထဲခိုင်ခံ့သော အနက်ရောင်ချိန်းကြိုးများက ၎င်း၏ ခြေလက်နှင့် လည်ပင်းတို့တွင် ချည်နှောင်ထား၏။

မီးအရှင်သခင်၏ အပြင်းအထန် ရုန်းကန်လှုပ်ရှားမှုအောက်တွင် သူ၏လက်တို့က တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တိုက်မိသလိုဖြစ်သွားပြီး သတ္ထုရိုက်ခတ်သံတို့ကိုထုတ်လွှတ်ကာ မီးပွားများက နေရာအနှံ့လွင့်စင်သွားသည်။

"ဂါး.."

"ဘယ်လိုသားရဲတစ်ကောင်လဲဟ"

ရှစ်ဖုန့်က မီးအရှင်သခင်၏ အထက်ညာဘက်၌ ရစ်သီရစ်သီလုပ်နေသည်။

သူတို့ကြား၌ အကွားအဝေးတစ်ခုကိုတော့ထိန်းထား၏။

လက်သီးဆုပ်အရွယ် ကျောက်ရည်ပူအရောင် မီးတောက်တစ်ခုက မီးအရှင်သခင်၏ ခြေထောက်တို့ကြား၌ ဆိတ်ငြိမ်စွာလောင်ကျွမ်းနေသည်ကိုရှစ်ဖုန့်မြင်နိုင်သည်။

"ငါသာချော်ရည်မီးတောက်ကိုလိုချင်ရင်.. ဒီမီးသားရဲကြီးကို ကျော်ဖြတ်မှရမယ်.."

ရှစ်ဖုန့်က ကိုယ့်ကိုယ်ကိုယ်ပြောလိုက်သည်။

"ကောင်လေး ဒီချော်ရည်မီးတောက်က ငါတို့နှစ်ဦးအတွက် တော်တော်လေးကို အရေးပါတယ်..ငါတို့တွေအဲ့တာကို ရမှဖြစ်မယ်.."

ကောင်းကင်မီးတောက်က ပြောလိုက်သည်။

"ဒါပေါ့ကျုပ်သိတယ်.."

ရှစ်ဖုန့်ကပြောလိုက်သည်။

အဆင့်ခြောက် နတ်ဆိုးသားရဲ။ သူ၏လက်ရှိအခြေအနေဖြင့် ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုအား အသုံးပြုလျှင်ပင် ၎င်းအား ဒဏ်ရာရစေလိမ့်မည်မဟုတ်ပေ။

သို့သော် ထိုသားရဲ၏ တစ်ခုတည်းသော အားနည်းချက်မှာ ထိုနေရာတွင်သာရပ်နေပီး သူ့အား တိုက်ခိုက်ရန် ပြောင်ခွင့်ပြုခြင်းပင်ဖြစ်သည်။

ဤအရာက လုပ်ဆောင်ရသည်တို့ကို နည်းနည်းလွယ်ကူစေသည်။

သူ့အနေဖြင့် တန်ကြေးအနည်းငယ်ပေးဆပ်ရမည်ဖြစ်သေည်လည်း ချော်ရည်မီးတောက်အတွက်၊သူ၏ ကျင့်ကြံမှုရုတ်ချည်း တိုးမြှင့်နိုင်ရန်အတွက်အလို့ငှာ ယင်းကထိုက်တန်မှုရှိသည်။

ရှစ်ဖုန့်က ထိုအရာအား တွေးမိသောအခါတွင် သူ၏လက်တို့အားစတင်၍ ဆီးလ်သင်္ကေတတို့ကို ပုံဖော်လိုက်သည်။

ထို့နောက်တွင် လက်ဆီးလ်သင်္ကေတတို့က အဆက်မပြတ်ပြောင်းလဲနေပြီး သူ၏ လက်တို့ကြားထဲ၌ မရေတွက်နိုင်သော ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာသည်။

ထို့နောက်တွင် ထူးဆန်းပြီး တွန့်လိမ်နေသော အဖြူရောင် အင်းစာလုံးများက ရှစ်ဖုန့်၏ လက်ထဲမှာ လွင့်မျောထွက်လာပြီး သူ၏ ခေါင်းပေါ်သို့ မြင့်တက်လာသည်။

၎င်းတို့မှာ သေးငယ်လှသော အဖြူရောင်ဖားလောင်းလေးများကဲ့သို့ဖြစ်ပြီး ဖြည်းညှင်းစွာကူးခတ်နေကြ၏။

"သိပ်သည်းစမ်း."

ရှစ်ဖုန့်ကအော်လိုက်သည်။

အဖြူရောင်အင်းစာလုံးတို့က ရုတ်တရက် အလယ်၌ စုစည်းသွားကြပြီး လက်ဖဝါးအရွယ် ထူးဆန်းပြီး တွန့်လွမ်နေသော သိပ်သည်းသည့် အဖြူရောင်စာလုံးတစ်ခုဖြစ်လာသ​ည်။

ထို့နောက်တွင် ရှစ်ဖုန့်၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံးတို့ လျှင်မြန်စွာ လွင့်မျောထွက်လာသည်။

ကမ္ဘာဦးကျောက်တုံးများမှာ ရှစ်ဖုန့်၏ ခေါင်းထက်ရှိလွင့်မျောနေသော "ယို" ဟူသော စာလုံးထဲသို့ နစ်ဝင်သွားသည်သာမက၎င်း၏ဆွဲယူတုန့်ပြန်မှုတစ်ခုပါဖြစ်ပေါ်လာစေသည်။

ကမ္ဘာဦးကျောက်တုံးတို့ သိပ်သည်းသော အဖြူရောင်စာလုံးနှင့် လာရောက်ထိတွေ့မိချိန်တွင် လျှင်မြန်စွာမှေးမှိန်သွားကြပြီး မီးခိုးနက်ရောင်တို့အဖြစ်ပြောင်းသွားကြကာ ရှစ်ဖုန့်၏ ခေါင်းထက်ရှိ ယိုဟူသော စာလုံးမှာလည်း ဖြည်းဖြည်းခြင်းကြီးထွားလာ၏။

"ဆက်ပြီးစုပ်ယူစမ်း."

ရှစ်ဖုန့်ကသူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံးတို့အား ဆက်လက်ထုတ်လွှတ်ပေးသည်။

စက္ကန့်အပိုင်းအခြားတစ်ခုအတွင်း သိပ်သည်းသောအဖြူရောင်စာလုံးမှာ

ကမ္ဘာဦးကျောက်တုံးတစ်သောင်းနီးပါနှင့်ညီမျှသော မူလစွမ်းအင်တို့အား စုပ်ယူပြီးဖြစ်၏။

"ဂါး.."

မီးအရှင်သခင်မှာ သိပ်မဝေးလှသောနေရာမှ ရှစ်ဖုန့်၏ တည်ရှိမှုအား သတိပြုရှာတွေ့သွားပုံရသည်။

၎င်း၏ ဂုဏ်သိက္ခါအား စိန်လာအခေါ်ခံရသကဲ့သို့ ၎င်း၏ဧရာမခေါင်းကြီးကိုမော့၍ ကြမ်းကြုတ်သော မီးတောက်မျက်နှာကြီးဖြင့် ရှစ်ဖုန့်အား ဟိန်းဟောက်လိုက်သည်။

"သောက်သားရဲစုတ်. ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပီဘဝင်ခိုက်မနေနဲ့ ...ငါမင်းကိုပီးရင်သတ်မှာ.."

ရှစ်ဖုန့်က မီးအရှင်သခင်အား အော်ငေါက်လိုက်သည်။

"ယို"ဟူသော စာလုံးမှာ ကမ္ဘာဦးကျောက်တုံး တစ်သိန်းအား စုပ်​ယူပြီးဖြစ်ပြီး ၎င်း၏ အရွယ်အစားမှာလည်း ယခုအခါတွင် တံခါးတစ်ချပ်အရွယ် သို့ရှိနေပြီဖြစ်သည်။

"မလုံလောက်သေးဘူး...ဆက်ပြီးစုပ်ယူစမ်း.."

ရှစ်ဖုန့်က "ယို"ဟူသော စွမ်းအားအား အာရုံခံလိုက်သောအခါတွင် ၎င်းမှာဘုရင်နယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုနှင့်သာ နှိုင်းယှဉ်၍ရနေသေးသည်။

"ဂါး...ဂါး..ဂါး.."

အဆင့်ခြောက် ဘိုးဘေးအဆင့် နတ်ဆိုးသားရဲ၏ အသိဉာဏ်မှာ လူသားတစ်ယောက်ထက်လျော့နည်းခြင်းမရှိပေ။ထို့ကြောင့်၎င်း အနေဖြင့် ရှစ်ဖုန့်ပြောသည်အား သဘာဝအလျော​က်နားလည်နိုင်စွမ်းရှိသည်။

၎င်းကချက်ခြင်း လူရူးတစ်ယောက်ကဲ့သို့ ဟစ်အော်လိုက်ပြီး ၎င်း၏ ဧရာမပါးစပ်ကြီးထဲမှ မီးတောက်များ ပန်းထုတ်လိုက်သည်။

"ဂျိုင်း...ခလွှမ်း...ဂျိုင်း..ဂျိုင်း..ခလွမ်း..ချွမ်.."

၎င်း၏ ခြေလက်တို့အား သွေးရူးသွေးတန်း ယမ်းခါထုရိုက်နေပြီး သူ၏ ကိုယ်ပေါ်ရှိ ချိန်းကြိုးတို့မှာ အဆက်မပြတ်ထိခိုက်မိကြသည်။

၎င်းမှာ ချိန်းကြိုးများအား ဆိုးဆိုးရွားရွားဖျက်ဆီးပစ်ချင်နေပြီး ရှစ်ဖုန့်အား အပိုင်းပိုင်းဆွဲဖြဲပစ်ချင်နေသည်။

ထို့နောက်တွင်ရှစ်ဖုန့်မှာ နောက်ထက် ကမ္ဘာဦးကျောက်တုံး သုံးသိန်းအား သုံးစွဲခဲ့ပြီးဖြစ်သည်။

"ယို"ဟူသော စာလုံးမှာ သစ်သားအိမ်တစ်လုံး အရွယ်အစားဖြစ်လာခဲ့ပြီး ၎င်းမှ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်စွမ်းအားကိုထုတ်လွှတ်နေသည်။

ကြယ်နှစ်ပွင့် အင်ပါယာနယ်ပယ်

ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်

ရှစ်ဖုန့်၏လွန်ခဲ့သောရက်အနည်းငယ်ခန့်ကရခဲ့သည့် သိုလှောင်လက်စွပ်ထဲမှာ ကမ္ဘာဦး ကျောက်တုံး တစ်ဒသမငါးသန်းနီးပါးလုံးအား "ယို" ဟူသော စကားလုံးက စုပ်ယူခဲ့သည်။

ဤအချိန်၌ "ယို"ဟူသော စကားလုံးမှာ ဧရာမတောင်ကြီးတစ်လုံးအရွယ်ပင်ဖြစ်သည်။

ရှစ်ဖုန့်သည်ကား ၎င်း၏ အောက်၌လွင့်မျောနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

"ဒီစွမ်းအားက ကြယ်ငါးပွင့် ဘိုးဘေးနယ်ပယ် ရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုနဲ့ညီမျှတယ်..ဒါဆိုရင်တော့ အဆင့်ခြောက်အစောပိုင်းသားရဲတစ်ကောင်ကိုရှင်ဆိုင်နိုင်ဖို့အတွက်လုံလောက်မှာပါ.."

ရှစ်ဖုန့်က "ယို"ဟူသော ဧရာမစာလုံးကြီးအား ကြည့်လိုက်ပြီး ၎င်းဆီမှထုတ်လွှတ်နေသော စွမ်းအားကိုခံစားမိလိုက်သည်။

"ဂါး.."

အောက်ရှိ မီးအရှင်သခင်မှာ အပေါ်မှလာနေသော စွမ်းအင်ကိုခံစားမိနိုင်ပြီး ၎င်း၏ မီးတောက်မျက်နှာထက်တွင် လူသားတစ်ယောက်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်သော အမူအယာများ ထွက်ပေါ်လာခဲ့သည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters