အပိုင်း (၉၂)
Vol. 7 Ch. 92
"ဟားဟားဟား..ယုတ်ညံ့တဲ့ တိရိစ္ဆာန် နောက်ဆုံးတော့ မင်းကြောက်ရကောင်းမှန်းသိပြီလား.."
"အရမ်းနောက်ကျသွားပြီ.."
ရှစ်ဖုန့်က မီးအရှင်သခင်၏ လူသားတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ထိန့်လန့်နေမှုကို ငုံ့ကြည့်ရင်း ကျယ်လောင်စွာရယ်မောလိုက်သည်။
"ငရဲကို လစ်လိုက်တော့.."
ရှစ်ဖုန့်၏ ညာလက်က ဓားတစ်ချောင်းကဲ့သို့ အောက်သို့ ပြောင်းလဲညွှန်ပြလိုက်သည်။
သူ၏ခေါင်းထက်တွင်လွင့်မျောနေသော ဧရာမ "ယို" ဟူသော စာလုံးကြီးက စတင်၍လှုပ်ရှားလာသည်။
၎င်းမှာ ကြီးမားသော ဧရာမတောင်တစ်လုံးက မီးအရှင်သခင်၏ အပေါ်သို့ ဖိကျလာသကဲ့သို့ဖြစ်သည်။
"ဂါး..ဂီး..ဂါး....ဂါး......ဂါး.."
"ဂီး...ဂါး...ဂါး..ဂါး...ဂါး"
မီးအရှင်ခင်က သူ၏ အပေါ်ရှိဖိကျလာသော "ယို" ဟူသော စဝာလုံးအားကြည့်ကာ ကြောက်စိတ်မွှန်စွာဖြင့် အော်ဟစ်နေသည်။
၎င်း၏ပုံစံမှာ ယခင်ကရှိခဲ့သော ကြီးစိုးမှု အထက်စီးဆန်မှု ကိုယ်နေဟန်ထားသဘောထားတို့ ရှိမနေတော့ပေ။
"ငါမင်းကို ရုန်းကန်ရင်ဆိုင်ခွင့်ပြုလိုက်ပါ့မယ်.."
ရှစ်ဖုန့်က သူ၏ လက်တို့အား နောက်တွင်ပစ်ထားပြီး ကျရောက်လာနေသော တိုင်ခိုက်မှုကို စိတ်ကျေနပ်သော အမူအယာဖြင့် စိုက်ကြည့်နေသည်။
သူ့အနေဖြင့် ဤစွမ်းအားကြီးတိုက်ခိုက်မှုအတွက် တစ်နေ့နှင့်တစ်ညလုံးကြိုးစားအားထုတ်ခဲ့ရပြီး ကမ္ဘာဦးကျောက်တုံး တစ်ဒသမငါးသန်းခန့်ကိုလည်း သုံးစွဲခဲ့ရသည်။
သို့သော် သူ့အနေဖြင့် အဆင့်ခြောက်ဘိုးဘေးနယ်ပယ် နတ်ဆိုးသားရဲအား သတ်ဖြတ်ပစ်နိုင်ပြီး ၎င်း၏ သွေး၊ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအားတို့အားစုပ်ယူနိုင်ခဲ့ကာ ချော်ရည်မြေပီးတောက်အား ရရှိခဲ့မည်ဆိုလျှင် ထိုအရာများအား လုပ်ကိုင်သုံးစွဲရသည်က ထိုက်တန်မှုရှိသည်။
"ဂါး..ဂါး...ဂါး..ဂါး.."
ဖိကျလာသော "ယို" ဟူသော စကားလုံးက မီးအရှင်သခင်နှင့် နီးကပ်လာသည်။
မီးအရှင်သခင်၏ လူသားဆန်ပြီး အထိန့်တလန့်ဖြစ်နေသော မျက်နှာထက်တွင် မလိုလားမှုတို့ အထင်းသားပေါ်နေပြီး ၎င်းမှာ ထပ်မံ၍ ဒေါသတို့ထွက်လာသည်။
၎င်းက သူ၏ ပါးစပ်ကြီးအား ဖွင့်ဟကာ ရဲရဲတောက်နေပြီးပြင်းထန်ကြမ်းကြုတ်သော မီးတောက်တို့ကို ဟိန်းဟောက်မှုတ်ထုတ်၍ ဖိကျလာသော "ယို" ဟူသော စကားလုံအား ခုခံရန်လုပ်လိုက်သည်။
ကံမကောင်းစွာဖြင့် ယင်းမှာ အချဉ်းအနှီးသာဖြစ်သွား၏။
"ယို" ဟူသော စကားလုံးမှာ မီးများလောင်ကျွမ်းခြင်းကိုခံရသော်လည်း အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိပေ။
၎င်းကဆက်လက်ကျဆင်းလာပြီး မီးအရှင်သခင်၏ ဧရာမမီးခေါင်းကြီးအား ထုရိုက်သလိုတိုက်မိသွားသည်။
"ဂါး"
ဟိန်းဟောက်သံနှင့်အတူ မီးအရှင်သခင်၏ ဦးခေါင်းမှာ ချက်ခြင်း ကွဲကြေသွားသည်။
ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင် ဧရာမ "ယို" ဟူသော စကားလုံးမှာ အပြင်းအထန်းရုန်းကန်လှုပ်ရှားနေသော မီးအရှင်သခင်အား မနှိမ်နင်းနိုင်ခင်အထိ အဆင်မပြက် ဆက်လက်၍ တုန်ခါစေသည်။
"ဟမ့်"
ရှစ်ဖုန့်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်ပြီး သွေးနီရောင်မီးတောက်ပုံရိပ်က အောက်သို့တစ်ဟုန်ထိုးထိုးဆင်းသွားသည်။
ရှစ်ဖုန့်က ငရဲဘုံကိုးခုစွမ်းအင်အား အဆက်မပြတ်လှည့်ပတ်လိုက်ပြီး မီးအရှင်သခင်၏ သေခြင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားတို့အား ချက်ခြင်း ဝါးမျိုလိုက်သည်။
ထို့နောက် ရှစ်ဖုန့်ပြောင်းလဲထားသော သွေးနီရောင်လူသားမီးတောက်ထံသို့ မီးကဲ့သို့သွေးအစုအပုံကြီးက အပြင်းရောက်လာသည်။
၎င်းက ရှစ်ဖုန့်အား နှစ်မြုပ်သွားစေပြီးနောက် လျှင်မြန်စွာဖြင့် အလယ်တွက်လာစုစည်းကြကာ ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ ပြင်းထန်စွာ စုပ်ယူခြင်းခံလိုက်ရသည်။
အဖြူရောင်အလင်းတစ်ခုလက်ကနဲဖြစ်လာ၏။
နောက်ထပ်အလင်းတစ်ချက်ထွက်ပေါ်လာပြန်သည်။
ထို့နောက်နောက်ထပ်တစ်ဖန် အလင်းတစ်ချက် ထွက်ပေါ်လာပြန်၏။
သွေးနီရောင်လူသား မီးတောက်၏ အပေါ်တွင် အဖြူရောင်အလင်းတန်းသုံးခုက ဆက်တိုက်ဆိုသလို လက်ကနဲပေါ်လာ၏။
အဆင့်ခြောက် ဘိုးဘေးသားရဲ၏ သေခြင်းစွမ်းအင်အားနှင့် များပြားသောသွေးတို့အား စုပ်ယူပြီးသည့်နောက်တွင် ရှစ်ဖုန့်အနေဖြင့်အဆင့်သုံးဆင့် တက်လှမ်းခဲ့ပြီး ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်အဆင့်ဖြစ်လာခဲ့သည်။
မီးအရှင်သခင်အား သေဆုံးသည်အထိ နှိမ်နှင်းပြီးနောက်တွင် "ယို"စူသော တောင်တစ်လုံးအရွယ် စာလုံးကြီးမှာမြူကဲ့သို့ လွင့်ပျယ်သွား၍ ရဲရဲတောက်နီနေသော ကျောက်ရည်ပူတို့အတွင်း ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဆိတ်ငြိမ်စွာ လောင်ကျွမ်းနေသော လက်သီးဆုပ်အရွယ် မီးမျိုးစေ့ကို ငုံ့ကြည့်လိုက်သည်။
၎င်းမှာ မီးမျိုးစေ့နှင့် အရမ်းမတူညီသော်လည်း ၎င်းထဲတွင်ပါဝင်သော အပူနှင့် ကြမ်းကြုတ်ပြင်းထန်မှုတို့ကို ရှစ်ဖုန့်ခံစားမိနိုင်သည်။
၎င်း၏ အပူချိန်ဒီဂရီမှာကျောက်ရည်ပူ အဆီအနှစ်တို့ သိပ်သည်းနေသကဲ့သို့ ပတ်ဝန်းကျင်ရှိ ချော်ရည်ပူတို့ထက် ဆယ်ဆပိုမိုမြင့်မားသည်။
"ကျန်တာကတော့ ခင်ဗျားတာဝန်ပဲ.."
ရှစ်ဖုန့်က ကောင်းကင်မီးတောက်ကိုပြောလိုက်သည်။
"ဟမ့်"
"ငါ့ကိုလာပြီး..မင်းအဲ့လိုပြောဖို့မလိုပါဘူး..."
ယင်းမှာယခင်တုံးက ရှစ်ဖုန့်၏ သဘောမကောင်းမှုကြောင့် သိပ်မချေမငံမပြောခဲ့ပုံရသော်လည်း ယခုအချိန်တွင်တော့ ကောင်းကင်မီးတောက်မှာ မာနကြီးအထက်စီးဆန်လာသည်။
ထို့နောက်တွင် လက်သီးဆုပ်အရွယ် သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ ဒန်တန်ထဲမှ ထွက်လာပြီး အောက်ရှိချော်ရည်မီးတောက်ထံကျသွားသည်။
ဆိတ်ငြိမ်စွာလောင်ကျွမ်းနေသော မြေမီးတောက်မှာ ခြိမ်းခြောက်မှုတစ်ခုအား အာရုံခံမိပုံရ၏။
၎င်းကရုတ်တရက် ဒေါသပေါက်ကွဲလာကာ ရဲရဲတောက်ချော်ရည်မီးတောက်တို့အား ကောင်းကင်မီးတောက်ထံပန်းထုတ်လိုက်သည်။
"ဟမ့်...အဆင့်တစ် မြေမီးတောက်လေးကများ ဒီအရှင်သခင်ရှေ့မှာလာပြီး ရိုင်းပျရဲသေးတယ်"
ကောင်းကင်မီးတောက်က အေးစက်စွာနှာမှုတ်လိုက်သည်။
၎င်းက တောက်လောင်နေသော ချော်ရည်မီးတောက်တို့အား လုံးဝလျစ်လျုရှုထားပြီး ချော်ရည်မြေမီးတောက်အပေါ်သို့ တိုက်ရိုက်ကျသွားသည်။
ကောင်းကင်မီးတောက်၏ အပေါ်၌ ချော်ရည်မီးတောက်တို့ လောင်ကျွမ်းချိန်တွင် ကောင်းကင်မီးတောက်မှာ ဘာမှမခံစားရပေ။
၎င်းမှာ သန့်ရှင်းသောရေဖြင့် ချိုးနေရသကဲ့သို့ပင်ဖြစ်ပြီး ဆက်လက်ဆင်းသက်လာကာ ချော်ရည်မြေမီးတောက်နှင့် အပြင်းအထန်ပစ်ဆောင့်မိသည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မီးတောက်က ချော်ရည်မြေမီးတောက်ကို ဝါးမျိုလိုက်သည်။
ကောင်းကင်မီးတောက်၏ ရောင်ဝါ တစ်ဟုန်ထိုးမြင့်တက်လာမှုကို ရှစ်ဖုန့်ရှင်းလင်းစွာခံစားမိ၏။
"ပြန်လာခဲ့.."
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး ကောင်းကင်မီးတောက်က သူ၏ ဒန်တန်ဆီသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ထို့နောက်ချက်ခြင်းနောက်ထက် အဖြူရောင်အလင်းနှစ်ချက် ရှစ်ဖုန့်၏ ကိုယ်မှလင်းလက်လာခဲ့ပြီး အဆင့်နှစ်ဆင့်တစ်ဆက်တည်းမြင့်တက်သွားခဲ့ကာ ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
"ဟားဟားဟား သွားစို့"
သူ၏ကိုယ်အတွင်းရှိ စွမ်းအား အသစ်တို့အား ခံစားရင်း ရှစ်ဖုန့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
သူ၏ ကိုယ်အားရွေ့လျားလိုက်သော အခါတွင်သွေးရောင်ပုံရိပ်က အပေါ်သို့ တစ်ဟုန်ထိုးတက်သွားကာ ရဲရဲတောက်နီရဲနေသော ကျောက်ရည်ပူအလွှာတို့ကို ထိုးခွင်းသွားပြီး ကျောက်နံရံပေါ်သို့ ဦးတည်လိုက်သည်။
သူ၏ခြေထောက်တို့ဖြင့် ကျောက်နံရံတစ်လျှောက်ပြေးသွားပြီး မီးတောင်နှုတ်ခမ်းဝထိပ်သို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။
ထိုအချိန်တွင် ကြီးမားသော အနက်ရောင်အရိပ် ကြီးက ကောင်းကင်ထက်တွင်ပေါ်လာသည်။
နှစ်ရက်တိုင်တိုင်စောင့်ဆိုင်းနေခဲ့သော ငရဲဝံပုလွေက ရှစ်ဖုန့်အား မြင်သောအခါတွင် ချက်ခြင်း အောက်သို့ပျံသန်းဆင်းလာသည်။
၎င်းကဆင်းသက်လာပြီးနောက် ၎င်း၏ ခေါင်းအားငုံ့ကာရှစ်ဖုန့်၏ရှေ့တွင် ဝပ်စင်းလိုက်သည်။
ရှစ်ဖုန့်ကရှေ့သို့ လျှောက်လာလိုက်ပြီး ဝံပုလွေ၏ ကျောပေါ်သို့လှမ်းတက်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
"နှင်းမြေကိုသွားမယ်.."
အပူချိန်မြင့်မားပြီး မီးတောက်တို့ဖြင့်ပြည့်နှက်နေသော ဤနေရာအားဖြတ်သန်းပြီးသည့်နောက်တွင် ထပ်မံရောက်ရှိမည့်နေရာမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်သော ရေခဲနှင့်နှင်းကုန်းမြေပင်ဖြစ်သည်။
၎င်းမှာ သူရှာဖွေနေသော ယင်နှင်းပန်းအတွက် ရည်မှန်ချက်ဦးတည်ရာနေရာဖြစ်သည်။
မြေပုံ၌ ပြထားချက်အရ ၎င်းမှာ အေးစက်သော ရေခဲနှင်းကုန်းမြေ၏ အတွင်းကျသောနေရာ၌ ကြီးထွားသည်ဟုဆိုသည်။
"ညီလေး ရှစ် ကျေးဇူးပြုပီး စောင့်ပါအုံး.."
ဝံပုလွေက လေထဲ၌ပျံသန်းနေသော အချိန်တွင် သူ၏ နောက်မှ ရုတ်တရက်အော်သံတစ်ခုကို ရှစ်ဖုန့် ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါတွင် သူ၏နောက်၌ အပြာရောင်ပုံရိပ်တစ်ခုကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။
ပုံရိပ်မှာ သူ၏ လက်တို့ဖြင့် ဓားပိုပိုက်ထားပြီး သူ၏ ဆံပင်ရှည်တို့မှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
၎င်းမှာ အဆင့်သုံး အပြာရောင်ငှက်မွှေး ငှက်ပေါ်တွင် ရပ်နေပြီး ရှစ်ဖုန့်၏ နောက်သို့လိုက်နေသည်။
ရှစ်ဖုန့်ထိုလူအား ချက်ခြင်း မှတ်မိလိုက်သည်။
၎င်းမှာ အစိမ်းရောင်အဆိပ်မြူအတွင်းမှ ရုတ်တရက်ထွက်ခွါသွားသော ကြယ်လေးပွင့်ဘုရင်နယ်ပယ် လီလျိုရှင်းပင်ဖြစ်သည်။
ရှစ်ဖုန့်က သူ့အား ကြည့်နေသည်ကို မြင်ရသော အခါတွင် လီလျိိုရှင်းက သူ၏ လက်တို့ကိုဆန့်ထုတ်၍ ဝေ့ယမ်းပြလိုက်သည်။
ရှစ်ဖုန့်က ဝံပုလွေအား အရှိန်လျော့ရန်အမိန့်ပေးလိုက်သည်။လီလျိုရှင်းရောက်လာသော အခါတွင် အပြာရောက်ငှက်မွှေးငှက်နှင့် ဝံပုလွေတို့က ဘေးချင်းယှဉ်၍ ပျံသန်းကြသည်။
ရှစ်ဖုန့်က သူ၏ မျက်လုံးတို့အား ကျဉ်းမြောင်းစွာကြည့်လိုက်ပြီး လီလျိုရှင်းကိုမေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ.."
"မင်းကို ဒီလိုနေရာမျိုးမှာတွေ့ရတယ်ဆိုတော့ ညီလေးရှစ် ကြည့်ရတာငါတို့တွေ တကယ့်ကို ကံတရားအရ စပ်ဆက်နေကြတဲ့ပုံပဲ.."
လီလျိုရှင်းက ရှစ်ဖုန့်အား ပျော်ရွှင်စွာဖြင့်ပြောသည်။
ထို့နောက်သူကပြောသည်။
"ကြည့်ရတာ ညီလေးရှစ်နဲ့ ငါနဲ့က အရမ်းကံစပ်နေတဲ့ပုံပဲ..ငါမင်းကို အရမ်းအရမ်းကို အရေးကြီးတဲ့ သတင်းအချို့ကိုပေးမယ်"
လီလျိုရှင်းက စကားပြောပြီးသောအခါတွင် သူ၏အကြည့်တို့အား ရှစ်ဖုန့်၏ မျက်နှာပေါ်တွင်တစ်ချိန်လုံးထားထားပြီး ရှစ်ဖုန့်၏ အမူအယာပြောင်းလဲမှုတို့ကို လေ့လာနေ၏။
အဆုံးသတ်၌ ရှစ်ဖုန့်မှာ သူခုဏကပြောခဲ့သော အရေးကြီးသတင်းအား စိတ်မဝင်စားသကဲ့သို့ အေးတိအေးစက်နေမြဲနေနေသည်ကိုသာတွေ့ရသည်။
လီလျိုရှင်းစကားပြောပြီး ခေတ္တကြာသည်အထိ ရှစ်ဖုန့်က သတင်းကဘာလဲဟုမမေးပေ။
လီလျိုရှင်းမှာ ဆက်ပြီးတင်းခံမနေနိုင်တော့ပဲ ပြောလိုက်သည်။
"ညီလေးရှစ် ..ဘာတွေဖြစ်ခဲ့တာလဲပြောရမယ်ဆိုရင် မင်းအနေနဲ့ငါ့ကို နစ်နာကြေးလေး မစို့မပို့တော့ ပေးသင့်တယ်.."
"ဒါပေမဲ့ မိတ်ဆွေသူငယ်ချင်းဆိုတဲ့ အရာတွေကြားထဲမှာ
ဒါတွေကဘယ်တိုင်းတာလို့တော့ရနိုင်ပါ့မလဲ..ဒီလိုဆိုရင်ရော..ငါအများကြီးမလိုပါဘူး..အရမ်းများနေရင် ငါလျော့ပေးမယ်လေ..ငါ့ကို ကမ္ဘာဦးကျောက်တုံး ငါးသိန်းပဲပေးပါ.."
သူကမ္ဘာဦးကျောက်တုံး ငါးသိန်းဟုပြောလိုက်သော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာ အနည်းငယ်ပြောင်းလဲသွားသည်။
သူကလီလျိုရှင်းအား တစ်ချက်ကြည့်လိုက်သောအခါ ၎င်းက ချက်ခြင်းသူ့စကားကိုပြောင်းလိုက်သည်။
"တို့တွေက ကံတရားအရဆက်စပ်နေမှတော့...ငါစျေးလျော့ပေးပါ့မယ်..လေးသိန်းပဲ..မင်းငါ့ကို
ကမ္ဘာဦးကျောက်တုံးလေးသိန်းပဲပေးပါ..ငါမင်းကို ကျင်းဖမ်းအိမ်တော်နဲ့ ကောင်းကင်ဘုံလေဂိုဏ်းအကြောင်းကို သိသမျှ အကုန်ပြောပြမယ်.."
"နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်မှာ ကျုပ်ကို အမဲလိုက်ဖို့ ကျင်းဖမ်းအိမ်တော်နဲ့ ကောင်းကင်ဘုံလေဂိုဏ်းက လူတွေကို စေလွှတ်ထားပြီးပြီလို့ ခင်ဗျားပြောချင်တာမလား.."
လီလျိုရှင်းပြောမည့်အရာကို ရှစ်ဖုန့်က ချက်ခြင်း ခန့်မှန်းလိုက်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise