← Chapters

အပိုင်း (၉၃)

Vol. 7 Ch. 93

အပိုင်း (၉၃)

Vol. 7 Ch. 93

လီလျိုရှင်းမှာ ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် သူ၏ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ထို့နောက်သူကပြောလိုက်သည်။

"ဒါ..ဒါက ကုန်သွယ်မှု လျှို့ဝှက်ချက် တစ်ခုအဖြစ်ရှိနေသေးတယ်လို့ သုံးသပ်လို့ရတယ်..ငါမင်းကိုမပြောပြနိုင်သေးဘူး.."

"သူတို့တွေသေသွားတာကို သိသွားကြတာက မင်းထုတ်ဖော်လိုက်လို့မလား.."

ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။

လီလျိုရှင်းမှာ ရှစ်ဖုန့်ထံမှထွက်လာသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ခံစားမိနိုင်၏။

ကျင်းလင်းနှင့် ဖုန်ယွင်ရှောင် သေဆုံးမှုအား ထိုလူများသာသိကြသည်။

မိစ္ဆာဝံပုလွေအဖွဲ့၏ သေခြင်းရှင်ခြင်းမှာ သူ၏လက်ထဲတွင်ရှိနေပြီး ၎င်းတို့ကတော့ ထုတ်ပြောမည်မဟုတ်ပေ။

ယွဲ့ဝူရွှမ်းမှာလည်း ထိုနည်းတူစွာပင်ဖြစ်သည်။

ရှစ်ဖုန့်၏ ကိုယ်မှထုတ်လွှတ်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ကို အာရုံခံရင်း လီလျိုရှင်းမှာချက်ခြင်း သူ့ကိုယ်သူ တရားနည်းလမ်း​ကျသော ဟန်ပန်ပြောင်းလိုက်ပြီးပြောလိုက်သည်။

"ညီလေးရှစ် မင်းဘာတွေပြောနေတာလဲ..ငါလီလျိုရှင်းက သစ္စာစောင့်သိမှုကို ဘဝတစ်လျှောက်လုံး တန်ဖိုးထားတဲ့သူပါ..ငါက အကျိုးအမြတ်အတွက်နဲ့ ကိုယ့်မိတ်ဆွေကိုယ် ရောင်းစားတတ်တဲ့သူ မဟုတ်ပါဘူး.."

သူ၏အမူအယာမှာ တည်ကြည်နေပြီး လေသံမှာ ခိုင်မာပြတ်သား၍ မာန်ပါသည်။

သူ၏ တရားနည်းလမ်းကျသော ရောင်ဝါက ကမ္ဘာတစ်ခုလုံးအား ဖြတ်ကျော်နေသကဲ့သို့ သူ၏လေသံအရ မသိသောသူတို့မှာ သူ့အား တကယ့်ကို မိတ်ဆွေသူငယ်ချင်းနှင့် သစ္စာတရားအပေါ်တွင် တန်ဖိုးထားသောသူတစ်ယောက်ဟု တကယ်ထင်မိကြလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က ၎င်းအား အထင်သေးသောအမူအယာဖြင့် တစ်ချက်ကြည့်လိုက်ပြီး လီလျိုရှင်းမှာလည်း ထိုအရာကို ဖမ်ဆုပ်မိလိုက်သည်။

"ညီလေးရှစ်..မင်းပုံစံကိုကြည့်ရတာ ငါအပေါ်မှာ နားလည်မှု လွဲမှားမှုအချို့ရှိနေတဲ့ပုံပဲ..ငါလီလျိိုရှင်း အနေနဲ့ သူတို့သေဆုံးရမှုက ငါ့ကြောင့် သိသွားကြတာ မဟုတ်ဖူးဆိုတာကို ကျိန်ဆိုရဲပါတယ်..ငါလီလျိုရှင်းဟာ အကြွင်းမဲ့ အဲ့လိုလူစားတစ်ယောက် မဟုတ်ဖူး.."

"ဖုန်ယွင်ရှောင်နဲ့ ကျင်းလင်းမှာ သူတို့နှစ်​ယောက်ထဲက တစ်ယောက်က ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်လေး အဂ္ဂရိတ်ဆရာတစ်ယောက်ဖြစ်ပြီးတော့ ကျန်တစ်ယောက်ဟာ ကျင်းဖမ်း ဘုရင်ရဲ့သားတော်ဖြစ်တယ်.."

"သူတို့တွေရဲ့ ဂိုဏ်းနဲ့အိမ်တော်က သူတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ အပေါ်မှာ သူတို့ရဲ့ စိတ်ဝိညာဉ်အမှတ်အသားတွေ ထွင်းထုထားကြတယ်...သူတို့သေသွားပြီဆိုတာနဲ့..ကောင်းကင်ဘုံလေဂိုဏ်းနဲ့ ကျင်းဖမ်းအိမ်တော်က အလိုအလျောက်ကို သိသွားကြမှာပဲ..ပီးတော့ သူတို့နှစ်ယောက်က အရင်က ငါနဲ့အတူ နတ်ဆိုးသားရဲတောင်တန်းကို လာကြတယ်ဆိုတာကိုလည်း သိကြမှာပဲလေ.."

လီလျိုရှင်း၏ စကားတို့အား ကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ရုတ်သိမ်းလိုက်သည်။

ထိုနှစ်ယောက်မှာ ဤသေးငယ်လှသော နိုင်ငံအတွင်းတွင် အဆင့်အတန်းအချို့ရှိသည်ဟု သုံးသပ်နိုင်သည်။

ထို့ကြောင့်သူတို့ဂိုဏ်းနှင့် ကလန်တို့၌ စိတ်ဝိညာဉ်အမှတ်အသားများ ချန်ထားရစ်ခဲ့မည်ဖြစ်သည်မှာကား ပုံမှန်ပင်ဖြစ်၏။

ရှစ်ဖုန့်က သူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား ရုတ်သိမ်းလိုက်သော အခါတွင် လီလျိုရှင်းမှာ သူ၏တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။​

ယခုအခါတွင် ဤငတိလေးမှာ သူနှင့်မတွေ့ခဲ့ရသော အချိန်တိုလေးအတွင်းတွင် ပိုမို၍ အစွမ်းထက်သာပုံရသ​​ည်ကိုပါ သဘောပေါက်လိုက်၏။

လီလျိုရှင်းမှာ လက်ရှိရှစ်ဖုန့်အနေဖြင့် သူ့အား သတ်ဖြတ်ပစ်ချင်ပါက မုန့်စားသကဲ့သို့ အလွယ်လေး သတ်ဖြတ်ပစ်နိုင်သည်ဟု ခံစားရသည်။

"ညီလေးဖုန့် ကောင်းမွန်တဲ့ အရာတွေဆိုတာဟာ အဆုံးသတ်ကျမှပဲ ဖြစ်ပေါ်လာလိမ့်မယ်..ငါ့မှာပုဂ္ဂိုလ်ရေးအရ သီးသန့်လုပ်ဆောင်စရာလေးတွေရှိနေသေးတယ်..ဒါကြောင့်မို့ ငါအခုပဲထွက်သွားပါတော့မယ်.."

လီလျိုရှင်းမှာ သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ပြီး ရှစ်ဖုန့်အား လေးနက်သော အမူအယာဖြင့်ပြောလိုက်သည်။

ဤအချိန်တွင် သူ့အနေဖြင့် ဤလူသတ်သမားနှင့် ဝေးရာတွင် နေခြင်းက ပိုမိုကောင်းမွန်သည်ဟုခံစားရသည်။

သူ၏အသက်ကပို၍အရေးကြီးပေသည်။

ထိုထက်ပိုသည်ကား ဤသတ်ဖြတ်ခြင်းကြယ်အား ကြည့်နေရင်း သူ့အနေဖြင့် ၎င်းနှင့် သတင်းအလဲအဖယ် ပြုလုပ်ရန် စိတ်မပါတော့ချေ။

"နေအုံး"

ရှစ်ဖုန့် လီလျိုရှင်း ထွက်သွားချင်နေသည်ကို တွေ့ရသော အခါတားလိုက်သည်။

"အာ.."

လီလျိုရှင်း မှာ တုန်လှုပ်သွားသည်။

"ညီလေးရှစ်..တစ်ခုခုများ ရှိသေးလို့လား.."

"သူတို့လူဘယ်လောက်လွှတ်လိုက်တာလဲ.."

"သူတို့ကရော ဘယ်နယ်ပယ်တွေလဲ..".

"ဒါက...ညီလေးရှစ်က...ဒါကိုသိချင်နေတာဆိုရင်..."

"ဟမ့်"

လီလျိုရှင်း၏ စကားတို့မှာ ရှစ်ဖုန့်၏ အေးစက်စက် နှာမှုတ်သံဖြင့် ကြားဖြတ်ဟန့်တားမှုခံလိုက်ရသည်။

လီလျိုရှင်းမှာ သူ၏ တံတွေးတို့အား တိတ်တဆိတ် မျိုချလိုက်မိ၏။

ထို့နောက်သူက ကောင်းကင်ကိုမော့ကြည့်ကာ သနားစဖွယ် အမူအယာကို ထုတ်ဖော်ပြ၍ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့လည်း......ဟူး.....ညီလေးရှစ်က လောလောဆယ်မှာ အရမ်းကို အန္တရာယ်များတဲ့ အခြေအနေဖြစ်နေတယ်..ဒါကြောင့်

အဲ့ဆုလာဘ်တွေအတွက် ညီလေးရှစ်ကို ငါဘယ်လိုလုပ်ပြောရက်တော့မှာလဲလေ..ငါလီလျိုရှင်းက..အဲ့လိုလူစားတစ်ယောက် မဟုတ်ပါဘူး.."

"ကျင်းဖမ်းဘုရင်နဲ့ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ခေါင်းဆောင်တို့ဟာ ကျင်းလင်းနဲ့ ဖုန်ယွင်ရှောင်တို့ရဲ့ သေဆုံးမှုကို ရှာတွေ့သွားကြတဲ့ အချိန်မှာ..သူတို့တွေဟာ ဒေါသအမျက်ချောင်းချောင်းထွက်သွားကြတယ်.. အထူးသဖြင့် ကျင်းဖမ်း ဘုရင်ပဲ.."

"ကျင်းလင်းဟာ သူ့ရဲ့ တစ်ဦးတည်းသော သားတစ်ယောက်ပဲ..သူဟာ စစ်မြေပြင်မှာ ဆယ်စုနှစ်များစွာ လှည့်လည်သွားလာနေခဲ့ပြီး သူ့ရဲ့ တစ်ဦးတည်းသောသားကို အသက်လေးဆယ် အရွယ်မှ ရခဲ့တာ..သူဟာ သူရဲ့မျှော်လင့်ချက်တွေ အားလုံးကို ကျင်းလင်းရဲ့အပေါ်မှာ ပုံအောထားခဲ့တယ်.."

"လိုရင်းကိုသွား...ကျုပ်အဲ့တာတွေကြားရတာ စိတ်မဝင်စားဘူး.."

ရှစ်ဖုန့်က လီလျိုရှင်းကို ကြားဝင်ဟန့်တားလိုက်သည်။

"အာ.."

လီလျိုရှင်း၏ စကားတို့က ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသောကြောင့် ပြန်​ဖြေနေရင်း အသံနိမ့်ဆင်းသွားရသည်။

ထို့နောက်သူကဆက်ပြောသည်။

"ကောင်းကင်ဘုံလေဂိုဏ်းက စုစုပေါင်း ဘုရင်နယ်ပယ် အ​ယောက်နှစ်ဆယ်နဲ့ စိတ်ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူ အယောက် နှစ်ရာကိုစေလွှတ်လိုက်တယ်.."

"သူတို့ကို ဦးဆောင်လာတာကကြယ်လေးပွင့် အင်ပါယာနယ်ပယ် ဂိုဏ်းဒုခေါင်းဆောင်ပဲ.."

"ကျင်းဖမ်းအိမ်တော် အတွက်ကတော့ မင်းသားရဲ့အိမ်တော်က လူအားလုံးနီးပါးကို စုစည်းပြီး စေလွှတ်လိုက်တယ်..အဲ့တာအပြင်ကို ကျင်းဖမ်းဘုရင်က သူ့သား အသတ်ခံရမှုအတွက် ယွင်လိုင်အင်ပါယာကနေပြီးတော့ တပ်ဖွဲ့တစ်သိန်းကို စေလွှတ်ပေးဖို့ တောင်းဆိုထားတယ်.."

"သူတို့က နတ်ဆိုးသားရဲမြို့နဲ့ နတ်ဆိုးသားရဲတောင်တန်းကို ဝန်းရံထားပြီးတော့ သံသယဖြစ်ဖွယ်လူတိုင်းကို လွတ်မြောက်စေခြင်းမရှိဖို့အတွက် အလွှာအထပ်ထပ် သတ်ဖြတ်မဲ့ နည်းလမ်းတွေကို ချမှတ်ထားတယ်.."

"ကျင်းဖမ်း အိမ်တော်ဘုရင်ရဲ့ ကျင့်ကြံမှုကလည်း ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်ပဲ.."

"သူတိို့အသတ်ခံလိုက်ရတဲ့အတွက် သံသယအဝင်ခံရဆုံးဖြစ်မဲ့သူက သူတို့နဲ့အတူတောင်တန်းထဲကို ဝင်လာတဲ့ ခင်ဗျားမဟုတ်ဖူးလား.."

ရှစ်ဖုန့်ကပြောလိုက်သည်။

အကယ်၍ ကြယ်လေးပွင့်ဘုရင်နယ်ပယ်တစ်ယောက်က အဆင့်လေးသန့်စင်သူဆရာသခင် ဖုန်ယွင်ရှောင်အား ၎င်း၏ သတိမမူမိမှုအား အခွင့်ကောင်းရယူပြီး ချောင်းမြောင်းတိုက်ခိုက်ပြီးသည့်နောက် ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်ဖြစ်သော ကျင်းလင်းအား ရင်ဆိုင်သည်ဆိုသည်မှာ တော်တော်လေးဖြစ်နိုင်ချေရှိသည်။

သူတို့အတူတူတောင်းတန်းထဲဝင်ခဲ့ကြသည်ကိုသာ ထည့်မပြောလျှင်

သူတို့အနေဖြင့် လီလျိုရှင်းအား ခုခံရင်ဆိုင်ဖို့မဖြစ်နိုင်သည်မှာသိသာလှ၏။

"အမှန်ပဲ.."

လီလျိုရှင်းက ရှေ့နောက်မစဉ်းစားပဲပြောချလိုက်သည်။

​နောက်မှ တစ်ခုခုမှားယွင်းနေသည်ကိုသဘောပေါက်မိပြီး ချက်ခြင်းသူ၏ စကားကိုပြောင်းလိုက်သည်။

"မင်းသာအလိုရှိတယ်ဆိုရင်..ငါဦးဆောင်ခေါ်သွားပြမယ်..ဘယ်သူကမှငါ့ကိုသံသယဝင်ကြမှာမဟုတ်ဖူး.."

"ဒါဆိုခင်ဗျားဘာလို့ ဒီဦးတည်ချက်အတိုင်းလာပြီး နတ်ဆိုးသားရဲတောင်တန်းထဲကနေ ထွက်မသွားရသေးတာလဲ..."

ရှစ်ဖုန့်ကမေးလိုက်သည်။

"အိုး...ကောင်းပြီလေ.."

လီလျိုရှင်း သက်ပြင်းချလိုက်သည်။

"ငါလီလျိုရှင်းက ဖြောင့်မတ်တဲ့ နောက်ကြောင်းနဲ့ တစ်ဘဝလုံးမှာနေထိုင်ခဲ့တာ..ငါ့အသက်ကိုတောင်ငါ့မိတ်ဆွေတွေအတွက် သေခြင်းရှင်းခြင်းမျဉ်းပေါ်မှာ ထားဖို့ဆန္ဒရှိတဲ့သူပါ ဒါပေမဲ့ အခုတော့ ငါဟာ လူသတ်သမားတစ်ယောက်အဖြစ် သံသယဝင်ခံနေရတယ်..အဲ့လူတွေကငါ့ကို တကယ်ကြီး မြည်းတစ်ကောင်လို ကန်ထုတ်ပစ်ပြီးတော့ အလိုရှိနေကြလေရဲ့."

"ကျင်းဖမ်းကသူတောင်းစားအိုကြီးကလည်း သူ့ဒေါသပုန်ထမှုနဲ့သူ စိတ်လွတ်နေပြီ..သူကပြောသေးတယ် ငါသာမသေခဲ့ရင် သူသေချာပေါက်ငါ့ကိုကွက်မျက်ပြီးတော့ အပိုင်းထောင်ပေါင်းများစွာ နုတ်နုတ်စဉ်းပြီး ငါ့အရိုးတွေကိုပြာဖြစ်တဲ့အထိ မီးရှို့ပစ်မယ်တဲ့..ငါမှားတယ်လို့မင်းထင်လို့လား.."

"ငရဲဝံပုလွေ..ဆက်သွားမယ်.."

ရှစ်ဖုန့်မှာ ဘာတွေဖြစ်ပျက်နေသည်အား သိသွားပြီဖြစ်သည်။ထို့ကြောင့် သူက လီလျိုရှင်းကိုလျစ်လျူရှုလိုက်ပြီး ငရဲဝံပုလွေကို အမိန့်ပေးလိုက်သည်။

ငရဲဝံပုလွေက ချက်ခြင်း မြှားတစ်စင်းလို လေကိုပစ်ခွင်းသွားပြီး လီလျိုရှင်းနှင့် အပြာရောင်ငှက်တို့ကိုနောက်၌ချန်ရစ်ထားခဲ့သည်။

လီလျိုရှင်းမှာ ရှစ်ဖုန့်၏ ပုံရိပ်တစ်ဟုန်ထိုးပျောက်ကွယ်သွားသည်ကိုကြည့်နေရင်း မကျေနပ်သောလေသံဖြင့် တီးတိုးပြောလိုက်သည်။

"သစ္စာမဲ့တဲ့သူတောင်းစား..လူတွေကိုမင်းကသတ်ပြီး ငါအပြစ်တင်ခံရတာကို ကြ ဒီတိုင်းနေနေတယ်"

ထို့နောက်သူက သူ့နောက်သို့ လှည့်၍ကြည့်လိုက်သည်။

သူ့နောက်သို့ မည်သူမျှလိုက်မဖမ်းနေသည်ကို တွေ့လိုက်ရသောအခါမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ့အောက်ရှိ ဧရာမအပြာရောင်ငှက်ကြီးကို ခြိမ်းခြောက်လိုက်သည်။

"သောက်ရူးငှက်..မြန်မြန်ပျံဟ..ငါသာအဲ့ သူတောင်းစားတွေဖမ်းတာကိုခံရမယ်ဆိုရင်..ငါမင်းကိုအရင်ဆုံးသတ်မယ်.."

ရှစ်ဖုန့်မှာ သူ့အနေဖြင့်ရေခဲနှင်းကုန်းမြေသို့ အမြန်သွား၍ ယင်နှင်းပန်းအား တက်နိုင်သမျှ မြန်မြန်ရှာဖွေရမည်ဟုခံစားမိသည်။

ထိုသို့မဟုတ်ပါက တောင်တန်းအတွင်းလူများစွာဝင်ရောက်လာမှု​ကြောင့် ၎င်းအားရှာဖွေမှုကိုရှောင်တိမ်းရန် ခက်ခဲသွားလိမ့်မည်ဖြစ်သည်။

အဆင့်ခြောက် ဆေးပင်မှာ ဤသေးငယ်လှသောနိုင်ငံလေးမှလူများအတွက် အံ့ဖွယ်ဆေးတစ်ခုနှင့်ညီမျှသည်။

ထိုထက်ပိုသည်ကား ယင်နှင်းပန်းမှာ အံ့ဖွယ် ကုသနိုင်စွမ်း အကျိုးသက်ရောက်မှုများရှိသော ဆေးပင်ဖြစ်သည်။

ဘယ်သိုင်းပညာရှင်အတွက်မဆို သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုအတွင်း​၌ ၎င်းမှာအသက်ကယ်နည်းလမ်းတစ်ခုအဖြစ်ထက်ပေါင်းပြောရမည်အထိ ညီမျှ၏။

ဘယ်သူထိုအရာအား မထောက်လှမ်းပဲနေပါမည်နည်း။

အင်ပါယာနယ်ပယ် နှစ်ယောက်မှာ နတ်ဆိုးသားရဲတောင်တန်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။

လီလျိုရှင်း၏ ပြောကြားချက်အရ တစ်ယောက်မှာကြယ်လေးပွင့်အဆင့်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကြယ်ခြောက်ပွင့်အဆင့်ကျင့်ကြံသူဖြစ်၏။

ရှစ်ဖုန့်အနေဖြင့်လောလောဆယ်တွင် ထိုသူနှစ်ယောက်အား ဦးတည်ရင်မဆိုင်နိုင်သေးပေ။

သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်မှာ ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်ဖြစ်ပြီး သူ၏ အံ့ဖွယ်ငရဲဘုံကိုးခု ပညာရပ်များအောက်တွင် သူသည် ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်နှင့်ညီမျှသော အစွမ်းတို့အား ပိုင်ဆိုင်ထားသည်။

အခြားတစ်ဖက်တွင်သူ၏ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်နှင့် ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုတို့အား ပေါင်းစပ်၍ အငိုက်ဖမ်းတိုက်လျှင် ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ကို သတ်နိုင်မည်ဖြစ်သော်လည်း ယင်းမှာ စွမ်းအင်အများအပြားအား ကုန်းဆုံးစေမည်ဖြစ်သည်။

ဆက်ရန်....

ဘာသာပြန်သူ-Arise

All Chapters