အပိုင်း (၉၅)
Vol. 7 Ch. 95
ရေခဲနှင့်နှင်းကုန်းမြေပေါ်၌ ရှစ်ဖုန့်မှာ ရေခဲနှင်းတောအုပ်ဆီသို့ချဉ်းနင်းဝင်ရောက်လာသည်။
သူက မွန်းစတားအိုကြီး ယင်ရဲ့ သားရဲအရေခွံမြေပုံကို ထုတ်လိုက်ပြီး နှိုင်းယှည်ကြည့်လိုက်သည်။
မြေပုံသာ တိကျ မှန်ကန်နေခဲ့မည်ဆိုလျှင် ယင်နှင်းပန်းမှာ ဤ နယ်မြေတစ်ဝိုက်၌ ကြီးထွားရမည်ဖြစ်သင့်သည်။
မြေပုံပေါ်ရှိ အမှတ်အသားများအရ ဤတောအုပ်ထဲ၌ အေးစိမ့်ရေကန်ငယ်လေးတစ်ခုရှိသည်။
ယင်နှင်းပန်းမှာ ထိုအေးစိမ့်ရေကန်ငယ်လေးအတွင်း၌ ကြီးထွားနေပြီး ၎င်းအား အဆင့်ငါး အင်ပါယာအဆင့် နတ်ဆိုးသားရဲတစ်ကောင်က စောင့်ကြပ်နေသည်။
ဘာနတ်ဆိုးသားရဲအမျိုးအစားလဲဆိုသည်ကိုကား မြေပုံ၌မဖော်ပြထားပေ။
ထိုနတ်ဆိုးသားရဲကဘာပဲဖြစ်နေပါစေ ကိစ္စမရှိပေ။သူ့အနေဖြင့် ၎င်းအား ဘာပဲဖြစ်ဖြစ်အရယူရမည်ဖြစ်ပေသည်။
ပတ်ဝန်းကျင်အားကြည့်လိုက်လျှင် အလွန်ကျယ်ပြန့်သော ပြင်ကျယ်တစ်ခွင်ပတ်ပတ်လည်အား အဖြူရောင်သစ်ပင်တို့ဖြင့် ဝန်းရံထားသည်။
ဤအဖြူရောင်သစ်ပင်များမှာအလွန်မြင့်မား၍ ထူထပ်အုပ်ဆိုင်းစွာပေါက်နေကြသောကြောင့် ကောင်းကင်ထက်ရှိ ရှစ်ဖုန့်အနေဖြင့် အောက်ခြေရှိ သူ၏ မြင်ကွင်းမှ လုံးဝကာဆီးခံထားရသလိုဖြစ်နေသည်။
သူကတောအုပ်၏ အထက်မှ စက်ဝိုင်း သဏ္ဍန်လှည့်ပတ်၍ ကြည့်ရှုသော်လည်း ဘာကိုမှရှာမတွေ့ချေ။
သူ့အနေဖြင့် အဆင့်ငါးနတ်ဆိုးသားရဲ၏ ရောင်ဝါကိုလည်းအာရုံမခံမိဖြစ်နေသည်။
ထို့ကြောင့်သူ့အနေဖြင့် အောက်သို့ဆင်း၍ စစ်ဆေးကြည့်ရန်မှလွဲ ရွေးချယ်စရာ ရှိမနေတော့ပေ။
"ဒါကထူးဆန်းတယ်..ဒီတောအုပ်က သေဆုံးသွားသလိုမျိုးကို ဆိတ်ငြိမ်နေပုံရတယ်..ဘာသက်ရှိလက္ခဏာမှလည်း ရှိမနေပြန်ဘူး.."
ရှစ်ဖုန့်ကတောအုပ်အား ဖြတ်သန်းရင်း တီးတိုးရေရွတ်နေသည်။
ထို့နောက်တွင် ဤတောအုပ်အတွင်း နတ်ဆိုးသားရဲများ မရှိနေသည်သာမက ဤတောအုပ်နယ်နိမိတ် ဝေဟင်ထက်တွင်လည်း ဘာပျံသန်းနိုင်သော နတ်ဆိုးသားရဲမျှ ရှိမနေသည်ကို သဘောပေါက်လိုက်မိသည်။
"ဒီနယ်မြေမှာ ရှိတဲ့နတ်ဆိုးသားရဲအကုန်လုံးက အဆင့်ငါးနတ်ဆိုးသားရဲရဲ့ မောင်းထုတ်တာ ဒါမှမဟုတ် ဝါးမျိုတာကိုခံလိုက်ရတာများဖြစ်နိုင်မလား..ဘာတွေပဲဖြစ်နေပါစေ...ဒီနေရာနဲ့ပက်သက်ပီး တစ်ခုခုကတော့ မှားယွင်းနေတယ်.."
"ရှဲ..ရှဲ.ရှဲ..ရှဲ"
နူးညံ့သော နှင်းလွှာပေါ်တွင် ခြေလှမ်းလှမ်းကာ လျှောက်နေရပြီး ရှစ်ဖုန့်နှင့် ဝံပုလွေတို့မှာ သိပ်သည်းလှသော သစ်ရွက်သစ်ခတ်တို့ကြောင့် မပျံသန်းနိုင်ကြပေ။
သူ့တို့အနေဖြင့် နှင်းလွှာပေါ်တွင် တစ်လှမ်းချင်းသာ လျှောက်လှမ်းနိုင်သည်။
ယခုတော့ သူတို့အတွက် အေးစိမ့်ရေကန်ငယ်နှင့် ယင်နှင်းပန်းကိုရှာဖွေရန်အတွက် နေရာတစ်ခုသာကျန်ရစ်တော့သည်။
လျှောက်လှမ်းနေရင်း ရှစ်ဖုန့်က အမျိုးအမည်မသိ အဆင့်ငါးနတ်ဆိုးသားရဲ၏ ရုတ်တရက်တိုက်ခိုက်မှုအား ခံရနိုင်သောကြောင့် ပတ်ဝန်းကျင်အား ဂရုတစိုက်အာရုံခံနေသည်။
"ဘယ်သူလဲ.."
အကွာအဝေးအချို့ လျှောက်လှမ်းပြီးသည့်နောက် သူ၏နောက်ရှိ လှုပ်ရှားမှုအား ရှစ်ဖုန့် ရုတ်တရက် အာရုံခံမိလိုက်သည်။
သူကလျှင်မြန်စွာလှည့်၍ အော်လိုက်ပြီး သူ့လက်ထဲရှိသွေးဓားအား အချိန်မရွေး အခိုက်အတန့်မရွေး ခုတ်ပိုင်းနိုင်ရန် အဆင်သင့်ပြင်ထားသည်။
"အင်း...ငါပါ.."
အသံမကြားရသေးခင် အရင် အပြာရောင် ပုံရိပ်က ရေခဲသစ်ပင်ကြီး၏ နောက်မှ ထွက်လာပြီး သူ၏ လက်ထဲ၌ ဓားတစ်ချောင်းကို ပိုက်ထားသည်။
"ခင်ဗျားကိုး.."
၎င်းမှာ လီလျိုရှင်းဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ရှစ်ဖုန့်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်ံ။
"ခင်ဗျား ကျုပ်နောက်လိုက်လာ တာလား.."
"တိုက်ဆိုင်တာ...ဒါလုံးဝကို တိုက်ဆိုင်တာပဲ..ငါပြောခဲ့သားပဲ...ငါတို့က ကံစပ်နေကြတဲ့ ညီကိုတွေပါလို့...ငါကငါ့အသက်အတွက် ထွက်ပြေးနေရရင်း ဒီနေရာကိုရောက်လာတာ..အဲ့တိရစ္ဆာန်တွေက ဒီနေရာကို ရောက်လာကြပြီး ဒီရေခဲနဲ့နှင်း ကုန်းမြေပေါ်မှာ ငါတို့ကို ရှာနေကြတယ်..."
လီလျိုရှင်းကစကားပြောရင်း သူ၏ အနောက်ဘက်အား ခဏခဏလှည့်ကြည့်နေသည်။
"သူတို့က ခင်ဗျားကိုရှာနေကြတာမလား.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"ငါ့ကြီးပဲမဟုတ်ဖူး.."
လီလျိုရှင်းက ရှစ်ဖုန့်ထံ နီးကပ်စွာ လျှောက်လာရင်းပြောလိုက်သည်။
"အဲ့ သက်ကြားအိုကြီးကျင်းဖမ်းက တောင်းတန်းထဲကိုဝင်လာတဲ့ သူမြင်သမျှလူတွေကို ဖမ်းလိမ့်မယ် ..သူကအဲ့ဒီသူတွေကို စစ်ဆေးပြီးတော့ သူသဘောမကျတဲ့ လူတိုင်းကို သတ်ပစ်မှာ..ကျင်းဖမ်းအရဆိုရင် လူတစ်ထောင်လောက်လဲမှားပြီး သတ်ပစ်လိမ့်မယ်.တစ်ယောက်တောင် လွတ်မှာမဟုတ်ဖူး.."
"သူတို့ကိုသွားပြောလိုက် ကျုပ်သတ်တာ ခင်ဗျားသတ်တာ မဟုတ်ဖူးလို့.."
လီလျိုရှင်းက ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသော အခါတွင် ချက်ခြင်းမပျော်ရွှင်သော အမူအယာကိုလှစ်ဟာပြလိုက်သည်။
"ညီလေးရှစ်ရ မင်းပြောတဲ့ ပုံစံက ငါ့ကို အထင်သေးနေသလိုပဲ..ဘယ်လိုလုပ်ပီး ငါလီလျိုရှင်းက ငါ့အတွက်နဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောင်ကို ရောင်းစားပြီး သူရဲဘောကြောင်တဲ့သူ ဖြစ်ရမှာလဲ.."
"ဒါ့အပြင် ငါသွားပြောတော့ရော သူတို့ကယုံမယ်ပေါ့..ကျင်းဖမ်း သူတောင်းစားအိုကြီးက ဒေါသတရားကြောင့် စိတ်လွတ်ပြီး အမြင်ကွယ်နေပီ..သူကငါ့ကို အရိုးထဲထိအောင် မုန်းတာ..ငါ့ကိုတွေ့တာနဲ့ ငါပြောတာနားမထောင်ရသေးခင် ငါ့ခြေလက်တွေကို ချိုးနိုင်လောက်တယ်.."
"ဒီတောအုပ်ထဲမှာ ခင်ဗျား အေးစိမ့် ရေကန်ငယ်တစ်ခုကို တွေ့မိသေးလား.."
ရှစ်ဖုန့်က လီလျိုရှင်းကိုမေးလိုက်သည်။
"အေးစိမ့်ရေကန်ငယ်တစ်ခုလား.."
"ငါအဲ့လိုအေးစိမ့်တဲ့နေရာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး.မင်းခရီးပန်းလာလို့ ရေချိုးချင်လို့များလား..ညီလေးရှစ်ကတော့ တကယ့်က်ို ပင်ကိုစိတ်ရင်းနဲ့နေနိုင်တဲ့ သူတစ်ယောက်ပါပဲကွာ ...ဒီအချိန်မှာတောင်ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျော်ရွှင်အောင် နေရမလဲ စဉ်းစားနိုင်သေးတယ်.."
လီလျိုရှင်းကပြောလိုက်သည်။
သူ၏ပုံစံအရတော့ ရှစ်ဖုန့်၏ အတွေးတို့အား ဘာမှ မမြင်နိုင်ပုံရသည်။
ရှစ်ဖုန့်က သူ့အားထပ်အာရုံစိုက်စိတ်အနှောက်အယှက်ဖြစ်ခံ မနေတော့ဘဲ ရှေ့သို့ဆက်လျှောက်က အေးစိမ့်ရေကန်ငယ်အားဆက်လက်ရှာဖွေလိုက်သည်။
"လီလျိုရှင်း..ငကြောက်.."
"လီလျိုရှင်း..သူတောင်းစားကောင်"
"လီလျိုရှင်း သေစမ်း.."
ရုတ်တရက် ဝေဟင်ထက်မှ ဆဲဆိုသံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားရသည်။
ရှစ်ဖုန့်က သူ့နောက်သို့ လျှောက်ကာလိုက်လာသော လီလျိုရှင်းကိုကြည့်လိုက်သည်။
"တစ်ယောက်ယောက် ခင်ဗျားကိုခေါ်နေတယ်.."
"လျစ်လျူရှထားလိုက်စမ်းပါ..အဲ့တာ ကျင်းဖမ်း အရှင်သခင် အိမ်တော်က လက်ပါးစေတွေ...သူတို့ကငါ့ကိုကျိန်ဆဲပြီး အတင်းအကျပ်ခေါ်ထုတ် အသေခံခိုင်းလို့ရမယ်ထင်နေတာ..သူတို့က တော်တော့်ကိုနုံတာပဲ"
လီလျိုရှင်းက စိတ်ထဲအရှိတိုင်းပြောလိုက်သည်။
သူ၏ အသွင်အပြင်ကိုအကဲဖြတ်ရသလောက်တော့ ထိုဆဲဆိုမှုများက သူနှင့် လုံးဝမဆိုင်သကဲ့သို့ပင်ဖြစ်သည်။
၎င်းမှာတော်တော့်ကို အရေထူသော သူတစ်ယောက်ပင်ဖြစ်၏။
"သူတို့က ကောင်းကင်ဘုံလေဂိုဏ်း နဲ့ ကျင်းဖမ်း အရှင်သခင်အိမ်တော်ရဲ့ အဖွဲ့နှစ်ဖွဲ့မလား... ကြည့်ရတာခင်ဗျားသူတို့နဲ့ ဆက်ဆံရေး တော်တော်လေး ကောင်းမွန်ခဲ့ပုံရတယ်...သူတို့ရဲ့အသံကိုနားထောင်ရုံနဲ့တင်ကို ဘယ်သူတွေလဲဆိုတာကိုခင်ဗျားပြောနိုင်နေတယ်.."
ရှစ်ဖုန့်က ပြောလိုက်သည်။
"ဘယ်သူက အဲ့သူတောင်းစားတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့လဲ..အဲ့သူတောင်းစားလူကြီးတွေက စစ်မြေပြင်မှာနှစ်ပတ်လည်ဆဲဆိုနေပြီး ယဉ်ကျေးမှု မရှိတဲ့သူတွေဟာ.."
လီလျိုရှင်းက အထင်သေးသော အမူအယာဖြင့်ပြောလိုက်သည်။
သူက ၎င်းတို့အားခေါ်သော သူတောင်းစား ဟူသည့် ဝေါဟာရကပင် အရမ်းယဉ်ကျေးနေသကဲ့သို့ပင်ဖြစ်နေ၏။
"လီလျိုရှင်း သောက်သူရဲဘောကြောင်တဲ့ကောင် ဒီကိုထွက်လာခဲ့စမ်းကွ.."
"လီလျိုရှင်း..သူတောင်းစား"
ထို့နောက်ချက်ခြင်း လီလျိုရှင်းအား ဆဲဆိုကြိမ်းမောင်းသံတို့က ဝေဟင်ဟင်းလင်းပြင်ထက်တွင် ပဲ့တင်ထွက်ပေါ်နေ၏။
"နားထောင်ကြည့်လိုက်...အဲ့ရိုင်းစိုင်းတဲ့ကောင်တွေပြောနေတာကို နားထောင်ကြည့်လိုက် ...သူတို့တွေဘယ်လိုတိုက်ခိုက်သတ်ပုတ်ရမယ်ပဲသိကြပြီး..လျော်ကန်ကျနမှုဆိုတာကို မသင်ယူခဲ့ကြဘူး..လူတွေကို ဆဲဆိုဖို့လောက်ပဲသိကြတာ..."
လီလျိိုရှင်းက ရှစ်ဖုန့်အား အထင်အမြင်သေးမှု အပြည့်အဝ မျက်နှာထားဖြင့်ပြောလိုက်သည်။
"ပြောစမ်းပါအုံး...."
"သူတို့တွေငါ့ကို ရိုင်းပျစော်ကား ဆဲဆိုပြီး အတင်းအကျပ်အပြင်ကို ထွက်လာအောင် ကြိုးစားနေတာက ကလေးဆန်လွန်းတယ်လို့ မင်းမထင်ဘူးလား.."
လီလျိုရှင်းက ရှစ်ဖုန့်အား ပြောလိုက်သည်။
"ဘာလို့ ကျင်းဖမ်းအရှင်သခင် အိမ်တော်လိုနေရာမျိုးမှာ ဒီလိုမျိုး ရိုင်းစိုင်းလွန်းတဲ့ လက်ပါးစေတွေရှိနေရတာလဲ..ငါသာအဲ့လူအိုကြီးနေရာမှာဆို...ဒီအသုံးမကျတဲ့ လက်ပါးစေတွေကို တစ်စစီလုပ်ပစ်တာကြာပီ.."
လီလျိုရှင်းကရှစ်ဖုန့်၏ နောက်မှလိုက်လာရင်း တတွတ်တွတ်ဖြင့်နားမုဒိန်းကျင့်နေသည်။
"အသုံးမကျတဲ့ကောင်တွေ..ဒီနေရာမှာဘာလာအော်ဟစ်နေတာလဲ..ငါ့နောက်လိုက်ခဲ့..မင်းတို့ကောင်တွေ မင်းသားတစ်ပါးလိုနေရတာကို အသားကျနေခဲ့တယ်ထင်တယ်..မင်းတို့အားလုံး အောက်ဆင်းပီး လူခွဲရှာကြစမ်း.."
ကျင်းဖမ်းအရှင်သခင်က ဝေဟင်ထက်မှ ဒေါသတကြီး အော်ငေါက်လိုက်သည်။
ရွှေရောင်ချပ်ဝတ်ဆန်ဆာများကို ဝတ်ဆင်ထားကြသော စစ်သည်များမှာ ဘုရင်နယ်ပယ်အဆင့်များဖြစ်ကြပြီး အများအားဖြင့်မြင့်မားသော အဆင့်အတန်းရှိကြကာ အားလုံးမှာလည်း စစ်တပ်အတွင်းတွင် အရေးကြီးသော နေရာတစ်နေရာစီအား ရရှိထားသူများဖြစ်ကြသည်။
ကျင်းဖမ်းအရှင်သခင်၏ ပြောဆိုမှုအောက်တွင် သူတို့အားလုံး ရေခဲတောအုပ်အတွင်းသို့ ရွှေရောက်လင်းယုန်ငှက်များ၏ အပေါ်မှာခုန်ချလိုက်ကြသည်။
သူတို့ကတောအုပ်အတွင်း လီလျိုရှင်းအား ရှာဖွေရန် ခွဲထွက်သွားကြ၏။
ထိုအချိန်၌ အခြား ဝေဟင်ဟင်းလင်းပြင်တစ်ဖက်ခြမ်းတွင် ကောင်းကင်ဘုံလေဂိုဏ်းမှ ဖုန်လောဟန်ကလည်း သူ၏ ငယ်သားတို့အား အမိန့်ပေးလိုက်သည်။
ကောင်းကင်ဘုံလေဂိုဏ်းမှသိုင်းပညာရှင်များကလည်း ရေခဲတောအုပ်အတွင်းဝင်ရောက်သွား၍ လီလျိုရှင်းကိုစတင် ရှာဖွေလိုက်ကြသည်။
မူလက သေဆုံးဆိတ်ငြိမ်နေပုံရသော တောအုပ်မှာ ထိုလူများရောက်ရှိလာသော အခါတွင် ရုတ်တရက် အသက်ဝင်သည်။
"နေအုံး..ဟိုမှာလှုပ်ရှားမှု အချို့ရှိနေတယ်.."
လျှောက်လမ်းနေသော ရှစ်ဖုန့်မှာ ရုတ်တရက် သူ၏ရှေ့မှ လှုပ်ရှားမှုတို့ကို အာရုံခံမိလိုက်သည်။
လီလျိုရှင်းနှင့်အတူ နှစ်ယောက်သား ကြီးမားသော ရေခဲသစ်ပင်ကြီး၏ နောက်၌ ချက်ခြင်း ပုန်းလိုက်ကြ၏။
ထိုအရာအားတွေ့ရသောအခါ ငရဲဝံပုလွေကလည်း ဘယ်ညာ ကြည့်လိုက်သည်။
သို့သော် ၎င်းပုန်းအောင်နိုင်သော နေရာက ရှိမနေချေ။
ဆက်ရန်....
ဘာသာပြန်သူ-Arise