အပိုင်း (၉၆)
Vol. 7 Ch. 96
ထိုအရာအားတွေ့ရသောအခါ ငရဲဝံပုလွေကလည်း ဘယ်ညာ ကြည့်လိုက်သည်။
သို့သော် ၎င်းပုန်းအောင်နိုင်သော နေရာက ရှိမနေချေ။
၎င်းကရှစ်ဖုန့်အား အပြစ်ကင်းသော ပုံစံဖြင့်ကြည့်လိုက်သည်။
ရှစ်ဖုန့်က ဝံပုလွေအား လျစ်လျူရှုထားလိုက်၏။
၎င်းမှာ တောအုပ်အတွင်း ပေါ်လာခဲ့သောနတ်ဆိုး သားရဲတစ်ကောင်သာဖြစ်သည်။ ထိုသူတို့၏ အာရုံစိုက်မှုက လောလောဆယ်တွင် လီလျိုရှင်းအား ရှာဖွေရာ၌သာရှိနေပြီး နတ်ဆိုးသားရဲများအပေါ်တွင် အများကြီး ဂရုစိုက်မှု မရှိကြပေ။
ရေခဲသစ်ပင်၏ နောက်၌ ပုန်းနေရင်း သိပ်မဝေးလှသော နေရာမှရွှေရောင်ပုံရိပ်နှစ်ခုပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။၎င်းတို့မှာ ရေခဲတောအုပ်အတွင်းတွင် ထူးခြားသော အာရုံဖမ်းစားမှုရှိနေ၏။
ကျင်းဖမ်း အိမ်တော်၏ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သည်နှစ်ယောက်တွင် တစ်ယောက်မှာ ကြယ်နှစ်ပွင့် ဘုရင်နယ်ပယ်အဆင့်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်သည်။
လီလျိုရှင်း၏ ကျင့်ကြံမှုနယ်ပယ်မှာ ကြယ်လေးပွင့်ဘုရင်နယ်ပယ်ဖြစ်သည်ကို သူတို့သိကြသည်။
ထို့ကြောင့် သူတို့၏ ခွန်အားကိုတန်းတူညီစွာချိန်ညှိ၍ ရှာဖွေမှုကိုစတင်ခဲ့ကြသည်။
"ဒီမှာနေ.."
ရှစ်ဖုန့်က ရေခဲသစ်ပင်၏ နောက်မှ ဖြည်းညှင်းစွာ လျှောက်လှမ်း မထွက်လာခင် လီလျိုရှင်းကို တီးတိုးပြောလိုက်သည်။
"ဘယ်သူလဲကွ"
ရုတ်တက်ထွက်ပေါ်လာသော ပုံရိပ်တစ်ခုအား မြင်လိုက်ရသောအခါတွင်ကြယ်လေးပွင့် ဘုရင်နယ်ပယ်က ကျယ်လောင်စွာအော်လိုက်ပြီး
သူ၏လက်အတွင်းရှိ ရွှေရောင်ဓားအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။
တခြားသော အဖော်ဖြစ်သူကလည်း သူ့ဘေးကလူအော်လိုက်သည်ကို မြင်လိုက်ရသော အခါတွင် ချက်ခြင်းသူ၏ လက်ထဲရှိ ဗြက်ကျယ်သောရွှေဓားကို မြှောက်လိုက်သည်။
ရွှေရောင်အလင်းက လက်ကနဲ့ဖြစ်သွားပြီး သူ၏ လက်ရှားမှုအား အသင့်ဖြစ်နေစေခဲ့သည်။
ထို့နောက်တွင် သူတို့၏ ရှေ့၌ ငယ်ရွယ်သော ပုံရိပ်လေးတစ်ခု ပေါ်လာသည်ကို နှစ်ဦးသားတွေ့လိုက်ရသည်။
သူ့ပုံစံမှာ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်သာ ရှိသေးပုံရသည်။
ဟုတ်ပါသည်။သူတို့ရှေ့၌ ရှစ်ဖုန့်ချပြထားသော ကျင့်ကြံမှုအဆင့်မှာ
ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ် အဆင့်သာဖြစ်သည်။
"ကောင်စုတ်လေး မင်းကဒီနေရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာတုံး.."
၎င်းမှာ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်လူငယ်လေးတစ်ယောက်သာဖြစ်သည်ကို မြင်လိုက်ရသောအခါတွင် နှစ်ယောက်စလုံးမှာ သူတို့၏ အသင့်အကာကွယ်အနေအထားတို့ကို လျော့ချလိုက်ကြသည်။
ကြယ်နှစ်ပွင့် ဘုရင်နယ်ပယ်လူက သူ၏ ရွှေရောင်ဓားဖြင့် ရှစ်ဖုန့်အား ထိုးညွှန်ပြ၍ မေးလိုက်သည်။
"ဒီကိုလာခဲ့စမ်း..ငါမင်းကိုမေးစရာရှိတယ်.."
ကြယ်လေးပွင့်ဘုရင်နယ်ပယ်လူကလည်း ရှစ်ဖုန့်အား ငြင်းဆန်ခွင့်မပြုသော အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။
ရှစ်ဖုန့်က သူတို့ နှစ်ဦးလုံးထံသွားလိုက်သည်။
ရှစ်ဖုန့်ချဉ်းကပ်လာသည်ကိုမြင်ရသော်လည်း ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက် ဖြစ်သည်မို့ လုံးဝအလေးမထားကြပေ။
ကြယ်နှစ်ပွင့် ဘုရင်နယ်ပယ်လူက သူ၏ ရွှေဓားဖြင့် ရှစ်ဖုန့်၏လည်ပင်အား ချိန်ရွယ်ထားသည်။ထက်ရှသော ဓားသွားအားရှစ်ဖုန့်လည်ပင်းထံသို့ ဦးတည်ထားကာ မေးလိုက်သည်။
"ငါမင်းကိုမေးမယ်...မင်းဒီနေရာမှာ အပြာရောင်လူတစ်ယောက်ကို တွေ့မိသေးလား.."
ခဏကြာသည်အထိ ရှစ်ဖုန့်ဘက်က သူ၏ ထူးမခြားနာအသွင်အပြင်ကိုထိန်းထားပြီး ပြန်လည် မတုန့်ပြန်သည်ကို မြင်ရသော အခါတွင် ကြယ်နှစ်ပွင့် ဘုရင်နယ်ပယ်၏ မျက်လုံးတို့ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
လီလျိုရှင်းအား ရှာဖွေနေရသော အချက်ကြောင့်သာ မဟုတ်လျှင် သူ၏ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်မှာ ကြာပီဖြစ်သည်။
"ကောင်စုတ်လေး ဒီဗိုလ်ချုပ်က မင်းကိုမေးနေတာကို မကြားဖူးလား..မင်းနားထိုင်းနေတာလား မြုံနေတာလား.."
"မင်းဆွံ့အနေတယ်ဆိုရင်လည်း ဒူးထောက်ပြီး ဒီဗိုလ်ချုပ်ကို စာရေးပြ..မင်းနားပင်းနေတာဆိုရင်တော့ ဒီဗိုလ်ချုပ်က မင်းကိုအခုပဲ ခေါင်းဖြတ်ပစ်မယ်..မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိတဲ့သူပဲ.."
ကြယ်နှစ်ပွင့်ဘုရင်နယ်ပယ် သိုင်းပညာရှင်က စကားပြောရင်း သူ့လက်ထဲရှိရွှေရောင်ဓားအား ရှစ်ဖုန့်၏ လည်ပင်းအား ထိုးမိလုနီးပါးအထိ နီးကပ်စွာ ရွေ့လျားလိုက်သည်။
ထိုအချိန်၌ ရှစ်ဖုန့်က ရုတ်ချဉ်းဆန်စွာ လှုပ်ရှားလိုက်သည်။
ထူးခြားသော အမြန်နှုန်းဖြင့် သူက ရုတ်ချဉ်း ရှေ့သို့တိုးလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ အဖြူရောင်အလင်းက သူ၏ ညာလက်တွင် လင်းလက်လာပြီး ထိုပုဂ္ဂိုလ်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
"ဂျွတ်"ဟူသော အသံနှင့်အတူ ဂေါ်ဖီထုပ်အား ဖြစ်ညှစ်စကဲ့သို့ ကြယ်နှစ်ပွင့်ဘုရင်၏ လည်ပင်းမှာ ရုတ်ချည်း ချိုးခံလိုက်ရသည်။
ဖြစ်ရပ်မှာအလွန်လျှင်မြန်စွာဖြစ်ပွားခဲ့သည်။
မီးခတ်ကျောက်မှ မီးပွားလေး လွင့်စင်လာသကဲ့သို့ တိုတောင်းလှသော အချိန်တစ်ခုသာကြာမြင့်ခဲ့ပြီး ကြယ်လေးပွင့်ဘုရင်နယ်ပယ်လူမှာလည်း တုန့်ပြန်ရန်လုပ်သော အချိန်၌ သူသည်လည်း ရှောင််တိမ်းရန် အချိန်မရှိသည်ကို သိလိုက်ရသည်။
သူ၏လည်ပင်းမှာ လူငယ်လေး၏ သိပ်သည်းသော အဖြူရောင်အလင်းတို့ တောက်ပနေသော ဘယ်လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသည်ကို ခံစားလိုက်ရသည်။
ဤရွှေရောင်ချပ်ဝတ် ဘုရင်နယ်ပယ်လူမှာ ချက်ခြင်း ဒေါသထွက်လာပြီး သူ၏ အမူအယာမှာခက်ထန်လာသည်။
သူပေါက်ကွဲကာ သူ၏ရွှေဓားဖြင့် ရှစ်ဖုန့်အား သတ်ရန်ကြိုးစားသော အခါ၌သူ၏ လည်ပင်းမှတစ်ဆင့် ထူးဆန်းသော အအေးစွမ်းအင်က ဝင်ရောက်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
ထို့နောက်တွင်သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တို့ ချက်ခြင်း ပျောက်ကွယ်သွားပြီး သူ၏တစ်ကိုယ်လုံး ပျော့ခွေလာကာ အော်ဟစ်ရန်ခွန်အားတို့ပင် ဆုံးရှုံးသွားရသည်။
ရွှေရောင်ချပ်ဝတ်စစ်သည်၏ ကိုယ်အတွင်းသို့အမှတ်အသားတစ်ခုတည့်သွင်းပြီးသည့်နောက် ရှစ်ဖုန့်က ၎င်းအား နှင်းလွှာပြင်ပေါ်သို့ ပစ်ထုတ်လိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ ညာလက်ဖြင့် ကြယ်နှစ်ပွင့် ဘုရင်နယ်ပယ်၏ အလောင်းအား ညွှန်ပြလိုက်သည်။
ရှစ်ဖုန့်၏ ကြောက်မက်ဖွယ်ရာအကြည့်အောက်တွင် ထိုဘုရင်နယ်ပယ်လူ၏ မျက်လုံးမှာ ပြူးကျယ်လာ၏။
သူနှင့်အတူပါလာသော အဖော်မှာ ခုဏလေးတွင် အသင်ရှင်သူအဖြစ်ရှိနေသေးသည်ကို မြင်တွေ့ခဲ့ရသည်။
ဤအချိန်တွင် ၎င်း၏ ဒွာရခုနှစ်ပေါက်မှ ရေပန်းကဲ့သို့ သွေးတို့ ပန်းထွက်လာပြီး လူငယ်လေး၏ လက်ဖဝါးထံဦးတည်သွားကြကာ စုပ်ယူခြင်းကိုခံလိုက်ရသည်။
သူ့အဖော်၏ အလောင်းမှာမူ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော မံမီအလောင်းကဲ့သို့ လျှင်မြန်စွာဖြင့် ရှံ့တွသော အလောင်းဖြစ်လာသည်။
ရုတ်ချဉ်း ကြယ်လေးပွင့်ဘုရင်နယ်ပယ်လူမှာ သူ၏ ကျောရိုးအတွင်းမှာ စိမ့်နေအောင် အေးစိမ့်မှုကိုခံစားလိုက်ရသည်။
ထိုအေးစိမ့်မှုက သူ့အရိုးများတစ်လျှောက် စီးဆင်းသွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးမှာ ခိုက်ခိုက်တုန်လာသည်။
သူ့အနေဖြင့် သတ္ထုပြားတစ်ပြားအား ကန်ရင်း အဆုံးသတ်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နောက်ထပ်အခိုက်အတန့်တွင် သူ၏အဖော်ကဲ့သို့ပင် သူအဆုံးသတ်သွားနိုင်သည်။
သူ၏အဖော်ထက်ဆိုးဝါးလှသော အခြေအနေတို့ပင် သူ၌ ဖြစ်သွားနိုင်ချေရှိ၏။
အနည်းဆုံး ၎င်းက သူသေသွားပြီးမှ သူ့ကိုယ်ရှိသွေးတို့အားလုံးအား စုပ်ယူခံခဲ့ရသည်။
သူ့အနေနှင့်ကတော့ ရှင်လျက်နှင့်ပင် သေသည်အထိ စုပ်ယူခံရနိုင်၏။
ဤအခိုက်အတန့်တွင် သူနောင်တရမိနေပြီဖြစ်သည်။
သူအနေဖြင့် မာနကြီးအထက်စီးဆန်ခဲ့မှု၊ဤ နတ်ဆိုးအပေါ် မလေးမစားပြုခဲ့မိမှုတို့ကိုနောင်တရနေပြီး သူ့အဖော်၏ ၎င်းအပေါ် မလေးမစားပြုမူမှုတို့အား မတားဆီးနိုင်ခဲ့မိသည်ကို နောင်တရနေသည်။
သို့သော် ၎င်းက ကြယ်တစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်အဖြစ် ဟန်ဆောင်ထားမှုကြောင့် သူနှင့်သူ့အဖော်အားအလွယ်တကူ ဖိနှိပ်နိုင်သော စွမ်းအားတို့ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ရှစ်ဖုန့်က သူ၏ အေးစက်သော အကြည့်တို့ဖြင့် ရွှေရောင်ချပ်ဝတ်စစ်သည်အား ကြည့်လိုက်သော အခါတွင် ၎င်း၏ တစ်ကိုယ်လုံးပြင်းထန်စွာ တုန်ရင်နေသည်ကို တွေ့လိုက်ရသည်။
ယင်းမှာ ၎င်း၏ နက်ရှိုင်းသော စိတ်ဝိညာဉ်မှတစ်ဆင့်လာသော အကြောက်တရားပင်ဖြစ်၏။
ရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့် ရွှေရောင်ချပ်ဝတ်သိုင်းပညာရှင်မှာ သူ့တစ်ကိုယ်အားထက်ရှသောဓားတို့ဖြင့် လှီးဖြတ်နေသကဲ့သို့ ချက်ခြင်းခံစားလိုက်ရသည်။သူ၏ အရိုးများပင် ထက်ရှသော ဓားတို့ဖြင့် အလှီးခံနေရသကဲ့သို့ ခံစားရ၏။
သေသည်ထက်ဆိုးဝါးသော နာကျင်မှုအား ညှင်းပန်းနှိပ်စက်မှုကိုမခံရသော အစိတ်အပိုင်း သူ၏ကိုယ်၌တစ်ခုပင် ရှိမနေချေ။
နာကျင်မှုကြောင့် သူ့ကိုယ်မှာ ပြင်းထန်စွာ တသိမ့်သိမ့်တုန်နေပြီး သူ၏ ကိုယ်မှာ မထိန်းနိုင်တော့ပဲ နှင်းလွှာမြေပြင်ပေါ်တွင် အဆင်မပြက်လူးလှိမ့်နေရသည်။
သူသေလုမတက်အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူ၏ အသံအိုးမှာပျောက်ကွယ်သွားပုံရပြီး အသံတစ်သံပင် မထွက်နိုင်ပေ။
နောက်ပိုင်းတွင် ရှစ်ဖုန့်၏ အတွေးတစ်ချက်ဖြင့် ၎င်း၏ ဝေဒနာပြင်းထန်သော နာကျင်မှုမှာ လျော့ကျလာသည်။
အချိန်ခဏလောက်နှင့်ပင် ရွှေရောင်ချပ်ဝတ် စစ်သည်တော်မှာ ခွေးသေကောင်လိုဖြစ်နေသည်။
ရှစ်ဖုန့်က ခွေးသေကောင်လိုဖြစ်နေသော ရွှေရောင်ချပ်ဝတ် စစ်သည်ကို ကြည့်လိုက်သည်။
သူကအေးစက်စွာပြောလိုက်သည်။
"မင်းရဲ့လက်ရှိအခြေအနေကို မင်းနားလည်ပီလို့ငါထင်တယ်..ငါ့အမိန့်တွေကို မင်းငြင်းဆန်ရဲရင် ဒီခံစားချက်မျိုးကို မင်းကို အကြိမ်ရာထောင်ချီမက ခံစားရအောင် လုပ်ပေးမယ်.."
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ရွှေရောင်ချပ်ဝတ်စစ်သည်က ထပ်တလဲလဲ ခေါင်းညိမ့်လိုက်သည်။
ရှစ်ဖုန့်က ဆက်ပြောလိုက်သည်။
"ဒီတောအုပ်ထဲမှာ အေးစိမ့်ရေကန်ငယ် တစ်ခုရှိတယ်..အခုချက်ခြင်း အဲ့တာကိုသွားရှာ..ညမမှောင်ခင် မင်းအဲ့တာကို ရှာတွေ့ရမယ်..မဟုတ်ရင် ဖြစ်လာမဲ့ အကျိုးဆက်ကို မင်းသိပါတယ်.."
ရှစ်ဖုန့်စကားပြောပြီးပြီးချင် ရွှေရောင်ချပ်ဝတ်လူက ခေါင်းကို အဆက်မပြတ်ည်ိမ့်ပြလိုက်ပြန်သည်။
ရှစ်ဖုန့်ကသိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုပ်ယူ၍ ၎င်းပေါ်၌ အမှတ်အသားတစ်ခုလုပ်လိုက်သည်။
ရှစ်ဖုန့်က ၎င်းအား ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။
"အေးစိမ့်ရေကန်ကို ရှာတွေ့ရင် ဒီကျောက်စိမ်းပြားကို ခွဲလိုက်.."
"သင့်အမိန့်အတိုင်းပါပဲ.."
ရှစ်ဖုန့်၏ အမိန့်အောက်တွင် ရွှေရောင်ချပ်ဝတ်လူ၏ အသံမှာ ပုံမှန်ပြန်ဖြစ်သွားပြီး အမိန့်အတိုင်းပါပဲဟု ပြန်ဖြေကြားလိုက်သည်။
ရွှေရောက်ချပ်ဝတ်စစ်သည်မှာ ခုဏကရက်စက်ကြမ်းကြုတ်သော နတ်ဆိုးဖြစ်သည့် ချောမောသော လူငယ်လေးအား မျက်လုံးတို့ပြူးကျယ်စွာဖြင့် ကြည့်နေသည်။
၎င်းကသူ့အဖော်ထံသို့ ၎င်း၏ လက်အား လှစ်ကနဲလှုပ်လိုက်ချိန်တွင်
သွေးနီရောင်မီးတောက်အစုအဝေးတစ်ခုက သူ့အဖော်၏ ရှုံ့တွနေသော အလောင်းပေါ်သို့ ကျရောက်သွားသည်။
အလောင်းမှာ သွေးရောင်မီးတောက်တို့ လောင်ကျွမ်းခံလိုက်ရပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်း ဘာမှကျန်ရစ်နေခဲ့ခြင်း မရှိတော့ပေ။ပြာတစ်မှုန်မျှပင် ကျန်ရစ်မနေခဲ့ပါ။
"မင်းဘာရပ်စောင့်နေတာလဲ.."
ရှစ်ဖုန့်၏ သွေးအေးသော အကြည့်တို့က ရွှေရောင်ချပ်ဝတ်လူအပေါ်သို့ ထပ်မံကျရောက်လာသည်။
အေးစိမ့်သော အကြည့်တို့အောက်တွင် ရွှေရောက်ချပ်ဝတ်လူ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာတုန်ယင်လာပြီးသူက အလျှင်အမြန်ပြန်ဖြေလိုက်သည်။
"ဟုတ်.ဟုတ်ကဲ့..ကျွန်တော် အခုပဲသွားပါ့မယ်..အခုသွားပါ့မယ်.."
ဆက်ရန်...
ဘာသာပြန်သူ-Arise