အပိုင်း (၉၇)
Vol. 7 Ch. 97
ရှစ်ဖုန့်မှာ မူလက မော်ကြွားခက်ထန်နေသော်လည်း ယခုအခါတွင်တော့ ရေထဲသို့နစ်သွားသော ခွေးတစ်ကောင် သူ့ခြေထောက်အား လာရောက်ကုတ်တွယ်နေသလိုဖြစ်သွားသည့် ရွေရောင်ချပ်ဝတ်ဖြင့် ဘုရင်နယ်ပယ်အဆင့်လူကိုကြည့်နေသည်။
၎င်းအနေဖြင့် သူ့မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်အထိရှေ့သို့ဦးတည်ပြေသွားခဲ့သည်။
ရှစ်ဖုန့်က လှည့်လိုက်ကာ သူအစောပိုင်းက ပုန်းအောင်းခဲ့သော ရေခဲသစ်ပင်ဆီသို့ပြောလိုက်သည်။
"ဘာလဲ..ခင်ဗျားကြည့်ရတာ... မလုံလောက်သေးဘူးလား.ဘာလို့အခုထိထွက်မလာသေးတာလဲ.."
"ဟီးဟီး.."
လီလျိုရှင်းမှာ ပေါကြောင်ကြောင်ရယ်မောလျက် ရေခဲသစ်ပင်၏ အနောက်ဘက်ဆီမှလျှောက်လှမ်းထွက်လာသည်။
သူကရှစ်ဖုန့်အား ပြုံးပြပြီး ပြောလိုက်သည်။
"ညီလေးရှစ်က တကယ့်ကို ပိုပြီး စွမ်းအားကြီးလာတာလဲ..ဘုရင်နယ်ပယ်အဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို လှုပ်ရှားမှု အနည်းငယ်လေးနဲ့ အဆုံးသတ်ပစ်လိုက်နိုင်တယ်..."
"ကျွမ်းကျင်သူ.. ဘုရင်နယ်ပယ်အဆင့်လောက်လေးကို ကျွမ်းကျင်သူလို့ခေါ်ဖို့ ထိုက်တန်လို့လား.."
ရှစ်ဖုန့်က အထင်သေးစွာဖြင့် အေးစက်စက်ပြောလိုက်သည်။
"အာ..ဒါပေါ့ဘယ်ဟုတ်မလဲ..ငါတို့လိုဘုရင်နယ်ပယ်တွေက ညီလေးရှစ်ထက်တောင်မှ အားနည်းတဲ့ဟာ.. စွမ်းအားကြီးသူတွေကိုရည်ညွှန်းတဲ့ အရာနဲ့ ဘယ်ထိုက်ပါ့မလဲဲ...အဲ့တာငါအပြောမှားတာပါ..."
လီလျိုရှင်းက အလျင်အမြန်ပြောလိုက်သည်။
ဤအချိန်၌ ရှစ်ဖုန့်သူ့အား စိတ်မကျေနပ်လျှင် သတ်ဖြတ်ပစ်ကို သူတကယ်ကြောက်ရွံ့မိသည်။
ဤပုဂ္ဂိုလ်က ငယ်ရွယ်သော်လည်း သူဘာမှလုပ်၍မရနိုင်သောသူတစ်ယောက်ဖြစ်သည်။
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့.. သွားမယ်.."
ရှစ်ဖုန့်က လီလျိုရှင်းကို ပြောလိုက်သည်။
ဤအချိန်၌ ရှစ်ဖုန့်အနေဖြင့် ဤသကောင့်သားအား သူ့ဘက်တွင် ထိန်းသိမ်းထားခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။
ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအရှင်သခင် အိမ်တော်တို့ သကောင့်သားကိုရှာရန် လူများလွှတ်လိုက်သည်ကို သူမြင်တွေ့နိုင်ခဲ့ပြီဖြစ်သည်။ဤငတိသာ အဖမ်းခံရလျှင် ၎င်းတို့အနေဖြင့် ဤတောအုပ်အတွင်း ရှာဖွေနေမှုအား ရပ်သွားမည်ဖြစ်၏။
ထိုသို့ဖြစ်ခဲ့လျှင် သူ၏ အစီအစဉ်ဖြစ်သော လူကိုအဓ္ဓမ ထိန်းချုပ်ပြီး
အေးစိမ့်ရေကန်အား ကူညီရှာဖွေခိုင်းခြင်းမှာ ပြီးမြောက်လိမ့်မည်မဟုတ်တော့ပေ။
ထိုစဉ် ရှစ်ဖုန့်ရုတ်တရက် ပြဿနာတစ်ခုအား သဘောပေါက်လိုက်မိသည်။
ရေခဲနှင့်နှင်း ကုန်းမြေမှာ အရမ်းကြီးမားသည်ဖြစ်သည်။
ခုဏက ကျင်းဖမ်း အရှင်သခင် အိမ်တော်၏ လူများက တောအုပ်အထက်မှ ဆဲဆိုအော်ဟစ်ခဲ့ကြသည်။
နောက်ဆုံး၌ သကောင့်သား ဤတောအုပ်အတွင်း၌ ပုန်းအောင်နေကြောင်းကိုသိနေခဲ့သကဲ့သို့လူများအား ရှာဖွေရန် ဤတောအုပ်ထဲသို့ စေလွှတ်လိုက်သည်။
ထိုသို့ဆိုလျှင် ဤသကောင့်သားဆီ၌ မည်ကဲ့သို့ လျှို့ဝှက် အမှတ်အသားမျိုးရှိနေခဲ့ပါသနည်း။
ရှစ်ဖုန့်ကလီလျိုရှင်းကိုပြောလိုက်သည်။
"ခင်ဗျားလက် ကျုပ်ကိုပေးစမ်း.."
လီလျိုရှင်းမှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် သူ၏ အမူအယာမှာ ချက်ခြင်းပြောင်းလဲသွားရသည်။
"ညီလေး..ညီလေးရှစ် ငါကယောက်ျားပီသပြီး ထည်ဝါခံ့ညားတဲအသွင်အပြင်နဲ့ ရည်မွန်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း မင်းငါ့ကိုတွေ့တဲ့အချိန်မှာ အဲ့လူနှစ်ယောက်နဲ့ရှိနေတာကို တွေးပြီးမင်းနားလည်မှုတော့လွဲလို့မရဘူး..."
"ငါ့ကို ကမ္ဘာကြီးက ပန်းကြွေဓားလို့ ခေါ်ကြပေမဲ့ ငါကတကယ်ကို မင်းထင်လိုလူစားမျိုးမဟုတ်ရပါဘူးကွာ..ညီလေးရှစ်.. ငါအစောပိုင်းကပြောခဲ့တဲ့ ငါတို့က ကံစပ်နေကြတယ်ဆိုတာကိုရုတ်သိမ်းပါတယ်ကွာ..မင်းငါ့ကိုအတင်းအကျပ်လုပ်လဲ ဘာပျော်စရာမှမှမရှိတာ..ကျေးဇူးပြုပီးငါ့ကို လွှတ်ပေးပါ.."
"ခင်ဗျား အဓိပ္ပါယ်မရှိတာတွေ ထပ်ပီးပြောနေမယ်ဆိုရင်..ကျုပ်ခင်ဗျားကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်.."
ရှစ်ဖုန့်က လီလျိုရှင်းပို အေးစက်စွာ ကြည့်လိုက်သည်။
ရှစ်ဖုန့်၏ ကိုယ်မှ သတ်ဖြတ်ခြင်း ရောင်ဝါတို့ထွက်လာသည်ကို လီလျိုရှင်း အာရုံခံနိုင်၏။
"ဒါ..ဒါက..ညီလေးရှစ်..မင်းငါ့ကိုစဉ်းစားဖို့ အချိန်တစ်ချို့လောက် ပေးနိုင်မလား..ငါ...ငါ"
ရှစ်ဖုန့်၏ အကြည့်တို့ကပိုအေးစိမ့် လာသည်ကို လီလျိုရှင်းခံစားရသည်။
အစောကလေးတွင် သေဆုံးသွားသော သူအကြောင်းအား သူတွေးမိလိုက်၏။
ထိုလူ၏ သွေးတို့မှာ ခြောက်သွေ့သည်အထိ စုပ်ယူခံရပြီ ရှုံ့တွနေသော အလောင်းကောင်အဖြစ် ပြောင်းသွားရသည်။အဆုံးသတ်တွင် သွေးနီရောင်မီးတောက် အစုအဝေး၏ လောင်ကျွမ်းမှုကိုခံလိုက်ရပြီးဘာမျှ ကျန်ရစ်မနေခဲ့ပေ။
တစ်ခြားတစ်ယောက်မှာလည်း မြေပေါ်တွင် တစ်သိမ့်သိမ့်တုန်ယင်လဲကျနေပြီး မရပ်မနားလူးလှိမ့်နေသည်။တစ်ချက်ကြည့်ရုံဖြင့် ၎င်းအား သေသည်ထက်ဆိုးရွားလှသော ကံတရားတစ်ခုကို ဒုက္ခ ခံစားနေရသည်ဟုပင်ပြောနိုင်သည့်အထိဖြစ်သည်။
ထိုအရာများအားတွေးမိပြီးနောက် လီလျိုရှင်းမှာ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရဲဆေးတင်လိုက်သည်။
သူ၏ မျက်နှာထက်တွင် ရှိသော အမူအယာက လေးနက်သည်ထက်ပင်လေးနက်လာခဲ့သည်။
သူက မျက်လုံးကိုတင်းကျပ်စွာမှိတ်ထားပြီး သူ၏ ဘယ်လက်အား ရှစ်ဖုန့်ထံဆန့်ထုတ်ပေးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ဝင်းလဲ့နေသော အရည်လေးတို့ပင် ဝိုးတဝါး မြင်တွေ့ရသလိုဖြစ်နေသည်။(မျက်ရည်စပြောတာ)
ရှစ်ဖုန့်မှာ လီလျိုရှင်း၏ တုန့်ပြန်နေမှုပုံစံအား မြင်လိုက်ရသောအခါ ၎င်း၏ လက်ကောက်ဝတ်ကို အတင်းအကျပ် ဖမ်းဆုပ်လိုက်သည်။
လီလျိုရှင်း၏ နှလုံးသားမှာတဒိတ်ဒိတ်ဖြင့် ထပ်တလဲလဲခုန်နေ၏။
"ဖြစ်နိုင်တာ..ဖြစ်နိုင်တာက သူငါ့အပေါ်မှာ အတင်းအကျပ်လုပ်မို့များလား...ငါဘာလုပ်သင့်လဲ..ငါဘာလုပ်သင့်လဲ..ငါဘာလုပ်သင့်လဲ..စာအုပ်တွေထဲမှာ ပြောတာတော့ ငါသာမခုခံနဲ့ ငါ့ဟာငါ အဲ့အရာအပေါ်မှာ သဘောကျအောင်လုပ်ရမယ်တဲ့..ငါ..."
လီလျိုရှင်းမှာ ထိုအချိန်တွင် နှလုံးသားထဲ၌ တိုက်ပွဲဖြစ်နေ၏။
လီလျိုရှင်း၏ လက်ကောက်ဝတ်အား အတင်းအကျပ်ဆုပ်ကိုင်လိုက်ပြီးနောက် ရှစ်ဖုန့်မှာ လီလျိုရှင်း၏ မရီဒီရန်များ အတွင်းသို့ သူ၏ ငရဲဘုံကိုးခု စွမ်းအင်အမျှင်တစ်ခုကို ထည့်သွင်းလိုက်သည်။
ထို့နောက်တွင် ငရဲဘုံကိုးခုစွမ်းအင်အား သူ့တစ်ကိုယ်လုံးကို အဆက်မပြတ်လှည့်ပတ်ဖြတ်သန်းစေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းက လီလျိုရှင်း၏ တစ်ကိုယ်လုံးအားစီးမျောကူးခတ်သွား၏။
သူ၏ စစ်ဆေးမှုအောက်၌ လီလျိုရှင်း၏ ကိုယ်တွင် ဘာအမှတ်အသားမှရှိမနေသည်ကို ရှစ်ဖုန့် သိရှိလိုက်သည်။
ထိုအရာကထူးဆန်းသည်။
ရှစ်ဖုန့်ကအတွေးတစ်ချက်ဖြင့် လီလျိုရှင်း၏ ကိုယ်ထဲ ဝင်ရောက်သွားသော ငရဲဘုံကိုးခုစွမ်းအင်ကို ပျောက်ကွယ်သွားစေသည်။
ရှစ်ဖုန့်က လီလျိုရှင်း၏ လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။
ထိုအချိန်၌ အိမ်မက်ဆိုးပြီး ဖြစ်ပေါ်လာမည်ကို စောင့်ဆိုင်းနေသော လီလျိုရှင်းမှာ အေးစက်သော အသံတစ်ခုကိုကြားလိုက်ရသည်။
"သွားစို့.."
"သွားမှာလား.."
လီလျိုရှင်းအံ့အားသင့်သွားမိသည်။
ခုဏကဘာမှဖြစ်ပျက်ခြင်းများ မရှိခဲ့ပုံပင်ရလေသည်။ဘာမျှလည်း လုပ်ဆောင်ခဲ့ခြင်းမရှိပေ။
"သူဘာလို့ ငါ့ကိုဒီလိုလွှတ်ပေးရတာလဲ..သူပဲ ငါ့ကို ဒီလိုမျိုးထပ်ကာထပ်ကာလုပ်ဖို့ အလိုရှိခဲ့တာမဟုတ်ဖူးလား..ငါရဲ့ တင်းမာတဲ့စိတ်စွမ်ူအားကများသူ့ကိုထိတွေ့သွားလို့များလား ."
သူ၏ မျက်လုံးတိုအား ဖွင့်လိုက်သော အခါတွင် ရှစ်ဖုန့်မှာ နူးညံ့သော နှင်းလွှာပြင် ပေါ်၌ ရှေသို့ လျှောက်လှမ်းသွားနေသည်ကို တွေ့လိုက်ရသည်။သူက သူ့ဟာသူတွေးလိုက်သည်။
"သူ့ငါ့အပေါ် စိတ်နဲ့ပဲ စမ်းသပ်လုပ်ဆောင်ပြီးခဲ့တာများ ဖြစ်နိုင်မလား..သူစိတ်ကျေနပ်သွားပြီလား.."
ခဏမျှ လမ်းလျှောက်ပြီးနောက်တွင် လီလျိုရှင်း သူ့နောက်က လိုက်မလာသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။
သူကလှည့်ကြည့်၍ လီလျိုရှင်းကို အေးစက်စွာပြောလိုက်သည်။
"ဘာလဲ..ခင်ဗျားက မသွားတော့ဘူးလား.."
ရှစ်ဖုနွ၏ အေးစက်သော အကြည့်တို့အား မြင်လိုက်ရသည့် အချိန်တိုင်းတွင် လီလျိုရှင်း ကူကယ်ရာမဲ့စွာဖြင့်တုန်လှုပ်မှုတို့ကို ခံစားရသည်။
ရှစ်ဖုန့်က ထိုအကြည့်အား ထုတ်ပြချိန်တိုင်းတွင် သူအားသတ်ချင်နေသည်ဟုခံစားရသည်။
"ဝေါင်း"
ထိုအချိန်တွင် ရှစ်ဖုန့်၏နောက်သို့လိုက်လာသော ဝံပုလွေကလည်းလှည့်လာသည်ကိုလီလျိုရှင်းတွေ့လိုက်ရသည်။
၎င်းက ကြမ်းကြုတ်ခတ်ထန်သော အမူအယာကိုလှစ်ဟာပြ၍ သူ့အားမာန်ဖီပြနေသည်။
"တိရစ္ဆာန်တစ်ကောင်ကတောင် ငါ့ကို ဟိန်းဟောက်ရဲနေပါလား.."
လီလျိုရှင်းမှာ ချက်ခြင်း မျက်လုံးတို့ကျယ်သွားရပြီး ဝံပုလွေအား စိုက်ကြည့်လိုက်သည်။
" ထပ်ပြီး မာန်ဖီကြည့်စမ်း ငါမင်းကိုသတ်ပစ်မယ်"
ထို့နောက်လီလျိုရှင်းမှာ လှည့်သွားသော ဝံပုလွေကို တစ်ချက်ကြည့်ပြီး နူးညံ့သော နှင်းလွှာပြင်ထက် လျှောက်လှမ်းကာ ရှစ်ဖုန့်၏ နောက်မှလိုက်လာလိုက်သည်။
ဝေဟင်ဟင်းလင်းပြင်ထက်၌ ကျင်းဖမ်းအရှင်သခင်နှင့် ဖုန်လောဟန်တို့မှာ ဆုံမိကြသည်။
ထိုအချိန်၌ ကျင်းဖမ်း အရှင်သခင်၏ ပုံစံမှာ သောက၊ဒေါသတရားတို့နှင့် ပို၍ပင်ကြောက်စရာကောင်းလာသည်။
သူက ဖုန်လောဟန်ကိုတွေ့လိုက်သော အခါတွင် အမောတကော မေးလိုက်သည်။
"ဖုန်လောဟန်..ဒါကတော်တော်ကြာနေပီ..မင်းဘက်ခြမ်းမှာရော သတင်းထူးသေးလား"
"အရှင်သခင်.. ကျေးဇူးကြုပြီး စိတ်လျော့ပါ..ကျုပ်တို့ရဲ့ ပျံသန်းရေး နတ်ဆိုးသားရဲ အကောင်ငါးဆယ်က ဒီတောအုပ်ရဲ့ ထွက်ပေါက်မှန်သမျှကို စောင့်ကြပ်နေတယ်..ကျုပ်တို့အောက်ကိုလည်း ဘုရင်နယ်ပယ် အယောက်ငါးဆယ်ကိုလဲ လွှတ်ထားပြီးသွားပြီ.. ထပ်ပေါင်းပြောရရင် ဒီနေရာကို စစ်သည်တစ်သိန်း အပြင်းချီတက်လာဖို့ကို သင် အမိန့်ပေးခဲ့သေးတယ်မဟုတ်ဖူးလား..."
"အချိန်ကျလာရင်.. သူ့ကို ကျုပ်တို့တွေ ပြင်းပြင်းထန်ထန်ကို ပိတ်ဆို့ဝန်းရံမှာပါ ......ဒီလီလျိုရှင်းဆိုတာက စဉ့်အိုးထဲက လိပ်လေးတစ်ကောင်ဖြစ်နေပါပြီ..သူ့မှာ အတောင်တွေပါနေရင်တောင်လွတ်မှာ မဟုတ်ဖူး.."
ဖုန်လောဟန်ကပြောလိုက်သည်။
"ငါအခုချက်ခြင်း အဲ့သူတောင်းစားလေးကို အရေခွံဆုတ်ချင်နေပြီ"
ကျင်းဖန်း အရှင်သခင်က အံကြိတ်ပြီး ကြမ်းကြုတ်ခတ်ထန်စွာပြောလိုက်သည်။
ဖုန်လောဟန်က ပြုံးပြ၍ ဖျောင်းဖျလိုက်သည်။
"ဟုတ်ပါပြီ..ဟုတ်ပါပြီ..အရှင်သခင်..သင် ကောင်းကောင်းအနားယူသင့်တယ်..ဒါသကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ အဖြစ်မခံပါနဲ့.."
"လွန်ခဲ့တဲ့ အချိန်တစ်ချို့တုံးက ဂိုဏ်းများစွာက ကျုပ်တို့ ကောင်းကင်ဘုံလေဂိုဏ်းဆီကို အလှပဂေးလေးတွေ အများကြီးဆက်သခဲ့တယ်..ဒီကိစ္စတွေကို ဖြေရှင်းပြီးသွားရင် အလှဆုံးဆယ်ယောက်ကိုရွေးပြီးတော့ သင့်အိမ်တော်ကို ကျုပ်ပို့ပေးပါ့မယ်.."
ဖုန်လောဟန်၏ စကားအားကြားလိုက်ရသော အခါတွင် ကျင်းဖမ်းအရှင်သခင်၏ အမူအယာမှာ အဆမတန်လေးနက်သွားသည်။
သူကခဏမျှ တစိမ့်စိမ့်တွေးလိုက်ပြီး နောက်ခေါင်းခါယမ်းလိုက်သည်။
"ဆယ်ယောက်က အရမ်းနည်းတယ်..အယောက်နှစ်ဆယ် ငါလိုချင်တယ်"
"ကောင်းပြီ..ဒါဆိုလည်း နှစ်ဆယ်ပေါ့..သင်အလိုရှိသလောက် ပျော်ပါးလို့ရပါတယ်.."
ဖုန်လောဟန်မှာ ငိုရမလား ရယ်ရမလားပင်မသိတော့ချေ။
ဤသက်ကြားအိုကြီး တဏှာကြီးလွန်းသည်အား သူကြားဖူးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုကိစ္စမှာ အမှန်ဖြစ်နေလိမ့်မည်ဟုတော့ သူမျှော်လင့်မထားမိခဲ့ချေ။
ထို့အပြင် ၎င်းမှာ သူ၏ သားအား ဆုံးရှုံးထားပြီးကာစပင်ရှိနေသေးသည်ဖြစ်သည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise