← Chapters

အပိုင်း (၉၈)

Vol. 7 Ch. 98

အပိုင်း (၉၈)

Vol. 7 Ch. 98

ရေခဲတောအုပ်အတွင်းတွင်ဖြစ်သည်။

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဗိုလ်ချုပ်နှင့် ကောင်းကင်ဘုံလေဂိုဏ်းမှ ဘုရယ်နယ်ပယ်မှာ လီလျိုရှင်းအားရှာဖွေရန် ခွဲထွက်သွားကြသည်။

ထိုစဉ် ရှစ်ဖုန့်မှာ လီလျိုရှင်းအား ဦးဆောင်ပြီး ထိုသူများကိုရှာဖွေ၍ သူ၏ ပြန်ပေးဆွဲခြင်း လုပ်ငန်းကြီးအား လုပ်ဆောင်ရန် လုပ်နေသည်။

"အဲ့မှာ ရပ်နေလိုက်စမ်း ...မင်းကဘယ်သူလဲ.."

ကောင်းကင်ဘုံလေဂိုဏ်းမှ ကြယ်ငါးပွင့်ဘုရင်နယ်ပယ်အဆင့် သိုင်းပညာရှင်တစ်ယောက်မှာ ရုတ်တရက် သူ၏ ရှေ့၌ ငယ်ရွယ်သော ပုံရိပ်တစ်ခုအား တွေ့လိုက်ရသည်။

၎င်းမှာ ကြယ်တစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်လေးဖြစ်၏။

ရှစ်ဖုန့်က လှည့်လိုက်သောအခါတွင် ဘုရင်နယ်ပယ် သိုင်းသမားမှာ ရှစ်ဖုန့်၏ မျက်နှာကို မြင်တွေ့လိုက်ရပြီး အရင်ဆုံး အံ့အားသင့်သွားသည်။ထို့နောက်သူကချက်ခြင်းအလွန့်အလွန်ဝမ်းသာလာ၏။

"ဟားဟား မင်း...တကယ်ကိုမင်းပဲကိုး...သူတောင်းစားလေး..ဂိုဏ်းဒုခေါင်းဆောင်က မင်းကိုရှာဖို့ပါပြောထားတာ ..မင်းကိုဒီမှာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.."

"ဒီရေခဲနဲ့နှင်းကမ္ဘာမှာ ငါမင်းကိုဘယ်လိုနှိပ်စက်ရမလဲဆိုတာကို..စဉ်းစားပါရစေအုံး...ငါသဘောကျအောင်လုပ်စမ်း..ဒူးထောက်လိုက် ..မင်းခံစားရတဲ့ဒုက္ခတွေနည်းသွားလိမ့်မယ်..."

သိုင်းသမားက သူ့မျက်နှာထက်၌ လှောင်ပြုံးကို ဆင်မြန်းပြီး ရှစ်ဖုန့်ထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ဖြစ်သည်။

၎င်းမှာ ကြယ်တစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်လေးသာဖြစ်၏။

အမှိုက်အိုကြီးနှစ်ယောက်အား ဤငတိလေး ဘယ််လိုသတ်ခဲ့မှန်းကိုမသိသော်လည်း ဘုရင်နယ်ပယ်နှင့် စိတ်ဝိညာဉ်နယ်ပယ်နှစ်ခုတို့ကကြားရှိကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကြား ကွားခြားချက်လောက်ကိုရှိသည်။

ထိုထက်ပိုသည်ကား သူသည် ကြယ်ငါးပွင့်ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်၏။

သူ့အနေဖြင့် စိတ်ဝိညာဉ်နယ်ပယ်လေးတစ်ယောက်ကိုသာ အနိုင်မယူနိုင်ခဲ့လျှင် ချီးသာသွားစားနေသင့်တော့သည်။

ရှစ်ဖုန့်မှာ ချဉ်းကပ်လာသော သိုင်းသမားကိုစိုက်ကြည့်နေရင်း သူ၏ အမူအယာက ပြောင်းလဲမှု စိုးစဉ်းမျှပင်မရှိနေချေ။

ဘုရင်နယ်ပယ်သိုင်းသမား၏ မျက်လုံးထဲတွင်တော့ ဤကောင်လေးမှာ သူ၏ ကံတရားကို လက်သင့်ခံလိုက်ပြီး ထွက်မပြေးတော့ခြင်းဖြစ်သည်ဟု မြင်မိနေသည်။

ထိုအရာကလည်း ကျိုးကြောင်းဆီလျော်မှုရှိပေသည်။

စိတ်ဝိညာဉ်နယ်ပယ်တစ်ယော်က ရွေ့လျားမှုပညာရပ်ကိုအသုံးပြုပြီး မည်ကဲ့သို့ ဘုရင်နယ်ပယ်တစ်ယောက်လက်ထဲမှ လွတ်အောင် ထွက်ပြေးနိုင်ပါအံ့နည်း။

ဤငတိသာထွက်ပြေးနိုင်သည်ဆိုလျှင် သူ့အနေဖြင့် ချီးရောသေးပါ စားသင့်ပီဖြစ်သည်။

ဤကောင်စုတ်လေး မှာထွက်မပြေးတော့သောကြောင့် သူ့ကံတရားအား သူလက်သင့်ခံလိုက်ပြီဖြစ်ပုံရသည်။

ထိုသို့ဆိုလျှင် သူ့အနေဖြင့်လည်း ၎င်း၏ ခြေလက်လေးချောင်းအား ချိုးရာ၌ ညှာတာသနားမှုကိုပြသသည့်အနေဖြင့် တစ်ချောင်းအား ချန်ရစ်ထားပေးခဲ့ရပေမည်။

ဘုရင်နယ်ပယ်သိုင်းသမားမှာ သူ၏ စိတ်ထဲ၌ နှိပ်စက်ညှင်းပန်းရန်အတွက် နည်းလမ်းပေါင်းစုံအား စတင်အစီအစဉ်များ ဆွဲခဲ့ပြီးဖြစ်၏။

သူက ကောင်းကင်ဘုံလေဂိုဏ်း၏ ရာဇဝတ်သားထံ တစ်လှမ်းချင်းချဉ်းကပ်လာသည်။

ထိုအချိန်တွင် သူ၏ ကံတရားအား လက်သင့်ခံထားခံပြီးဖြစ်သော ရာဇဝတ်သားက ရုတ်တရက် အဖြူရောင်လျှပ်စီးကြောင်းကဲ့သို့ လှစ်ကနဲဖြစ်သွားသည်ကို ဘုရင်နယ် သိုင်းပညာရှင်မြင်တွေ့လိုက်ရသည်။

သူပြန်မတုန့်ပြန်နိုင်လိုက်ခင်မှာပင် သူ၏ လည်ချောင်းအား ရုတ်တရက် ကြီးမားသော စွမ်းအားဖြင့် ဖမ်းဆုပ်ခြင်းကိုခံလိုက်ရသည်။

သူကဆွဲမခံလိုက်ရပြီး ခုခံနိုင်စွမ်းတို့ လုံးဝပျောက်ဆုံးသွားခဲ့ရသည်။

"မဟုတ်ဖူး...မဟုတ်ဖူးလေ..ဒါက...ဘာတွေဖြစ်ကုန်တာလဲ.."

ဘုရင်နယ်ပယ်သိုင်းသမားမှာ ဤကမ္ဘာကြီးက အလွန်အမင်း လက်တွေ့မဆန်လှသည်ဟုခံစားလိုက်ရသည်။

ဤအချိန်တွင် သူ့အနေဖြင့် အိမ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ဖြစ်နေသည်။

သူ့၌ ဖြစ်နေသော အရာအား ယုံကြည်လက်ခံနိုင်ရဲခြင်း မရှိပေ။

ဒါကအရမ်းကို မတော်မတရား နိုင်လွန်းလှသည်။

ရှစ်ဖုန့်က သူ့ဘယ်လက်မှလက်ချောင်းအား လှစ်ကနဲလုပ်လိုက်သောအခါ အမှတ်အသားတစ်ခုက ကြယ်ငါးပွင့်ဘုရင်နယ်ပယ်သိုင်းသမား၏ ကိုယ်ထဲသို့ ဝင်သွားသည်။

ထို့နောက်သူက ထိုလူအား နှင်းလွှာပြင်ပေါ်သို့ အမှိုက်တစ်ခုပစ်သလို ပစ်ထုတ်လိုက်၏။

ရေခဲတောအုပ်အတွင်းတွင်ဖြစ်သည်။

ကျင်းဖမ်းအိမ်တော်၏ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ကြယ်ငါးပွင့် ဘုရင်နယ်ပယ်နှင့် ကောင်းကင်ဘုံလေဂိုဏ်းမှ ကြယ်ငါးပွင့် ဘုရင်နယ်ပယ်တို့မှာ အတူတကွ လျှောက်လှမ်းလာကြသည်။

"ငါးနှစ်ကြာ လမ်းခွဲခဲ့ပြီးတဲ့နောက် ငါတို့နှစ်ယောက် ဒီလိုနေရာမျိုးမှာ ထပ်ပီးပြန်ဆုံတွေ့ရလိမ့်မယ်လို့ ငါတစ်ခါမှ တွေးမထားမိခဲ့ဘူး.."

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော စစ်သည်က သူ့အထက်ရှိ နှင်းဖြူရောင်ကောင်းကင်ပြင်ကြီးအား မော့ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ငါးနှစ် အဲ့ညတုံးက မင်းအလျှင်အမြန်နဲ့ ထွက်ခွာသွားခဲ့ပြီး မင်းနမည်လေးတောင် ငါ့အတွက် ချန်ရစ်မထားခဲ့ဘူး...ငါဘဝမှာ ငါမင်းကို လုံးဝထပ်ပြီးမတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာ.."

ကောင်းကင်ဘုံလေဂိုဏ်းမှသိုင်းသမားကလွမ်းဆွေးမှိုင်တွေငေးမော ရီဝေသော အမူအယာ မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူ၏စကားလုံးတို့က အပြစ်တင်သံအပြည့်ဖြစ်နေသော်လည်း စိတ်လှုပ်ရှားပျော်ရွှင်မှုတို့က ပိုမိုပါဝင်သည်။

"မင်းနဲ့ငါအတူတူလုပ်ဆောင်ရတဲ့ အခုဖြစ်ရပ်ကြောင့်သာမဟုတ်ရင်..တကယ့်ကို ငါတို့ထပ်ပြီးတော့ပြန်တွေ့ရမှာ မဟုတ်ဖူး.."

"တောင်းပန်ပါတယ်"

ရွှေရောင်ချပ်ဝတ်နှင့်လူက လှည့်လိုက်ကာ သူ၏ လက်တို့ကို မြှောက်လိုက်ပြီး ချောမောသည့် မျက်နှာအား ကိုင်လိုက်သည်။

သူကညင်သာစွာပြောလိုက်သည်။

"ငါ့မှာ ရွေးချယ်စရာ မရှိခဲ့လို့ အဲ့ညတုံးက ထွက်သွားခဲ့ရတာပါ..ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းမျက်နှာလေးက ငါစိတ်ထဲအမှာ ဂယက်ကိုရိုက်နေတာပဲ..ငါအဲ့တာကို မဖယ်ရှားပစ်နိုင်ခဲ့ဘူး..."

"ညစဉ်ညတိုင်း ငါအိပ်တဲ့အခါ ငါမျက်လုံးတွေမှိတ်လိုက်တဲ့ အချိန်တိုင်း ငါမြင်တွေ့နေရတာက မင်းကိုပဲ..ဒီနှစ်တွေတစ်လျှောက်လုံး ငါမင်းကိုရှာဖွေနေခဲ့တာ..မင်းမရှိပဲ အသက်ရှင်နေထိုဖို့ မဖြစ်နိုင်ဘူးဆိုတာကို ငါသိတယ်..."

"နှုတ်မဆက်ပဲ ထွက်သွားခဲ့မိတဲ့ အတွက် ခွင့်လွှတ်ပါကွာနော်..အခုကစပြီး တို့တွေလုံးဝမခွဲတော့ဘူး...ဟုတ်ပြီလား..."

"အင်း"

ကောင်းကင်ဘုံလေဂိုဏ်းမှ တစ်ပည့်က ရှက်ရွံ့စွာဖြင့် သူ့ခေါင်းကိုငုံ့ထားပြီး ညင်သာစွာဖြေလိုက်သည်။

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သည်ကိုကား ကြည့်ရဲခြင်းမရှိပေ။

ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်စစ်သည် မှာ သူ့လက်ထဲရှိ ချောမောသော မျက်နှာလေးအား ညင်သာစွာ ပင့်မလိုက်ကြီး သူ၏ နှုတ်ခမ်းအား ဖြည်းဖြည်းချင်း ထိုမျက်နှာလေးနားတိုးသွားသလိုက်သည်။

ကောင်းကင်ဘုံလေဂိုဏ်းမှ ကိုယ်လူချောမှာ သူ့မျက်နှာလေးက ၎င်း၏ လက်တစ်စုံထဲတွင် ကိုင်ခံ ထားရပြီး နောက်ထပ်ကိုယ်လူချော၏ မျက်နှာက သူ့ထံသို့ ကပ်လာသည်ကို သဘောပေါက်လိုက်မိသည်။

သူက သူ့မျက်လုံးတို့ကိုဖြည်းဖြည်းချင်း ပိတ်ထားလိုက်၏။ မျက်ရည်စလေးများပင် သူမျက်လုံး၌ တွဲခို၍နေသည်။

ဤအခိုက်အတန့်အား သူ့အနေဖြင့် စောင့်စားခဲ့ရသည်မှာအရမ်း အရမ်းကို ကြာမြင့်ခဲ့ပီဖြစ်သည်။

သူတို့နှစ်ဦးသား သူတို့အပျော်ဖြင့်သူတို့ ပျော်မြူးနေကြစဉ် များပြားလှသော စွမ်းအင်တစ်ခုက သူ၏ လည်ပင်းနောက်ဖက်ဆီမှ လာနေသည်ကို ရုတ်တရက်ခံစားလိုက်ကြရသည်။

၎င်းက ထိတွေ့မိတော့မည်ဖြစ်သော မျက်နှာနှစ်ခုအား အကြင်နာမဲ့ ခွဲထုတ်လိုက်ကာ သူတို့အား မြေပြင်ပေါ်သို့ ပစ်ထုတ်လိုက်သည်။

ရေခဲနှင့်နှင်း တောအုပ်အတွင်းတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ယခုအခါ၌ ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင် ဘုရင်နယ်ပယ်အဆင့် နှစ်ဆယ့်သုံးယောက်ရှိနေပြီး အေးစိမ့်ရေကန်အား ကူညီရှာဖွေနေကြသည်။

"အမ်.."."ဒါက သတင်းသစ်ပဲ.."

လီလျိုရှင်း၊ငရဲဝံပုလွေနှင့်အတူ တောအုပ်အား ဖြတ်သန်းနေသော ရှစ်ဖုန့်မှာ ရုတ်တရက် အမူအယာအနည်းငယ်ပြောင်းလဲသွားရသည်။

ခုဏက သူ၏ ကိုယ်ပိုင်အမှတ်အသားကို ထည့်သွင်းထားသော ကျောက်စိမ်းပြားတစ်ခုအား တစ်စုံတစ်ယောက်ကခွဲလိုက်သည်ကိုခံစားရပြီး သူချက်ခြင်း သတင်းစကားတစ်ခုကို ရရှိလိုက်သည်။

ရှစ်ဖုန့်က ချက်ခြင်း လီလျိုရှင်း၏ နောက်ကျောကိုဆွဲလိုက်သည်။

လီလျိုရှင်းပြန်တုန့်မပြန်နိုင်ခင် ရှစ်ဖုန့်က သူ့ကိုမကာ ဝံပုလေ၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။

သူကဝံပုလွေကို အော်လိုက်သည်။

"ဘယ်ဘက်ကို..အရှိန်အပြည််နဲ့ ဦးတည်သွား..."

ရှစ်ဖုန့်၏ အမိန့်ကို ရရှိပြီးနောက် ဝံပုလွေက ချက်ခြင်း မြန်နှုန်းပြည့်ဖြင့် ပြေးလိုက်သည်။

၎င်းကသူ၏ လမ်းကြောင်းအား ပိတ်ပင်နေသော ရေခဲသစ်ပင်တို့ကို ဘယ်ညာယိမ်း၍ ဖြတ်သန်းပြီး ချုံပုတ်တို့အပေါ်မှ ခုန်ပျံကျော်လွှားသွားနေသည်။

ရုတ်တရက် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက်က ရေခဲသစ်ပင်၏ နောက်မှလျှောက်လှမ်းထွက်လာ၏။

၎င်းမတုန့်ပြန်နိုင်ခင် ရှစ်ဖုန့်က သူ့ဓားဖြင့် ၎င်း၏ လည်ချောင်းကိုထိုးသွင်း၍ ဆွဲမလိုက်သည်။

၎င်း၏သွေး၊သေခြင်းစွမ်းအင်၊ဝိညာဉ်တို့ကို ဝါးမျိုပြီးနောက် ရွှေရောင်ချပ်ဝတ်ခန္ဓာကိုယ်တစ်ခုလုံးအား သွေးနီရောင်မီးဖြင့် ရျှို့လိုကျရာ ချက်ခြင်းဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းသွားသည်။

ယခုအခါ၌ သူ့အနေဖြင့် အေးစိမ့်ရေကန်နှင့်ပက်သက်သော သတင်းကိုရထားပြီး သူ့လမ်းကြောင်းပေါ်ရောက်နေခဲ့ပြီဖြစ်သောကြောင့် ဤလူများအား ထိန်းချုပ်၍ အချိန်များကိုထပ်မံဖြုန်းတီးခြင်း မပြုလိုတော့ချေ။

ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် သတင်းစကားပို့လွှတ်လိုက်သော နေရာသို့ ရှစ်ဖုန့် ရောက်လာခဲ့သည်။

ရွှေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသော ကြယ်ခြောက်ပွင့် ဘုရင်နယ်ပယ် ကိုသူတွေ့လိုက်ရသည်။

သူက ဝံပုလွေအပေါ်မှ ခုန်ဆင်းလိုက်ပြီး ရွှေရောင်ချပ်ဝတ်လူ၏ ရှေ့သို့ရောက်သွား၏။

"ကျောက်စိမ်းပြားကိုခွဲတာ. မင်းလား.."

"ဟုတ်ပါတယ် အရှင်.."

ရွှေရောင်ချပ်ဝတ်နှင့်လူက လေးစားစွာဖြင့် အလျှင်အမြန် ဖြေကြားလိုက်သည်။

"ဘယ်မှာတုံး အေးစိမ့်ရေကန်က.."

ရှစ်ဖုန့်က မေးလိုက်သည်။

"ဟိုဘက်မှာ..ဟိုဘက်မှာပါ"

ရွှေရောင်ချပ်ဝတ်နှင််စစ်သည်က သူ့နောက်ကိုညွှန်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။

"အရှင်ပြောခဲ့တဲ့ အေးစိမ့်ရေကန်ထက် အဲ့မှာ စွမ်းအားကြီး ရောင်ဝါကိုထုတ်လွှတ်နေတဲ့ နတ်ဆိုးသားရဲတစ်ကောင် ရှိနေတယ်..အဲ့တာက ကျွန်တော့်ထက် အများကြီး ပိုစွမ်းအားကြီးတာကို ခံစားလို့ရနိုင်တယ်တယ်..ကျွန်တော်တစ်ချက်ပဲ ကြည့်ခဲ့ပြီး ထွက်ပြေးလာခဲ့တာ..."

"လမ်းကိုဦးဆောင်.."

ရှစ်ဖုန့်က အမိန့်ပေးလိုက်သည်။အေးစိမ့်ရေကန်နှင့်အတူစွမ်းအားကြီးရောင်ဝါဖြင့်နတ်ဆိုးသားရဲက မှားယွင်းစရာတော့မရှိချေ။

"ကောင်း.ကောင်းပါပြီ အရှင်.."

ရွှေရောင် ချပ်ဝတ်ဖြင့် စစ်သည်ကာ ခေတ္တ တုန့်ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။

ဤနေရာ၌ စွမ်းအားကြီး နတ်ဆိုးသားရဲများရှိနေသော်လည်း ပြစ်မှုပေါင်းစုံးအား ကျူးလွန်သည့် နတ်ဆိုးတစ်ကောင်လည်း ထပ်ရှိနေသေးသည်။

လောလောဆယ်သူ့အတွက် ဤနတ်ဆိုးမှသူ့အား ရှင်လျှက်နှင့် နှိပ်စက်ညှင်းပန်းမှုတို့က ဘယ်နတ်ဆိုးသားရဲထက်မဆို ပိုမို၍ ကြောက်စရာကောင်းလေသည်။

ဆက်ရန်...

ဘာသာပြန်သူ-Arise

All Chapters