အပိုင်း (၁၀၀)
Vol. 7 Ch. 100
လီလျိုရှင်းမှာ ရွှေရောင်ချပ်ဝတ်လူ၏ ဖမ်းဆုပ်ခံထားရမှုမှ လွတ်မြောက်လာပြီး အဝေးသို့ ခုန်ဆွခုန်ဆွပြေးသွားသည်။
လီလျိုရှင်းသည် တစ်ချိန်လုံးတွင် ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်၌ရှိနေပြီး နောက်ဆုံးသူဆင်းသက်လိုက်သော နေရာမှာ ရေကန်ငယ်ဘေးရှိ နှင်းလူဝံ၏ ဘေးနား၌ဖြစ်သည်။
ရလဒ်အနေဖြင့် လီလျိုရှင်းအပြင် နှင်းလူဝံမှာလည်း ရွှေရောင်ကျင်းဖမ်းအရှင်သခင်၏ ပစ်မှတ်အဖြစ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
အင်ပါယာနယ်ပယ်တစ်ယောက် ၏ တိုက်ခိုက်မှုအောက်တွင် အောက်ခြေရှိ ရေခဲတောအုပ်မှာ ပြိုလဲကုန်သည်။
"ဝုန်း..ဝုန်း..ဝုန်း..ဝုန်း...ဝုန်း.."
မြေပြင်မှာ အလွန်အမင်းပြင်းထန်စွာတုန်ခါလာပြီး တော်လဲသံများထွက်ပေါ်လာကာ ကြီးမားသော ရေခဲသစ်ပင်အစုအဝေးကြီးမှာ ချက်ခြင်းကွဲကြေကုန်၏။
"ဝေါင်း"
ရွှေရောင်လက်ဖဝါးပုံရိပ်၏ အောက်တွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ကောင်းကင်နှင့်မြေကြီး ကိုဖြတ်သန်း၍ ပဲ့တင်ထွက်ပေါ်လာသည်။
ကြမ်းကြုတ်ရက်စက်သော သားရဲကြီးတစ်ကောင် ကမ္ဘာပေါ်တွင် ပေါ်ထွက်လာသကဲ့သို့ စွမ်းအားကြီး ရောင်ဝါတစ်ခုက ကောင်းကင်ထဲသို့ တစ်ဟုန်ထိုးတိုးထွက်လာသည်။
"ဒါကဘာကြီးလဲဟ"
ကျင်းဖမ်းအရှင်သခင်၏ အမူအယာမှာ အောက်ဘက်ရှိ စွမ်းအားကြီးတည်ရှိမှုတစ်ခုအား အာရုံခံမိသော အခါတွင် သူ၏ အမူအယာမှာ ပြင်းပြင်းထန်ထန်ကို ချက်ခြင်းပြောင်းလဲသွားသည်။
"အဆင့်ငါးအထွတ်အထိပ် အင်ပါယာအဆင့်သားရဲ.."
အဆင့်ငါးအထွတ်အထိပ် နတ်ဆိုးသားရဲမှာ ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်ယောက် နှင့်ညီမျှသည်။
ကြီးမားသော နှင်းဖြူရောင် ပုံရိပ်ကြီးတစ်ခု ကောင်းကင်ထဲသို့ထိုးထွက်လာသည်။
နှင်းလူဝံ၏ မျက်နှာထက်တွင် အလွန်အမင်း ကြမ်းကြုတ်ခတ်ထန်မှုတို့ဖြစ်ပေါ်နေသည်။
၎င်းကသူ၏ ကြီးမားသော လက်သီးကြီးအား ဒေါသတကြီး ကျင်းဖမ်းအရှင်သခင်ထံသို့ ထိုးချ၍တိုက်ခိုက်လိုက်သည်။
သူအဆင့်တက်လှမ်းနေသည့်အချိန်တွင် အတင်းအကျပ်ကြားဖြတ်ဟန့်တားခြင်းခံရသည်အား မည်ကဲ့သို့ ဒေါသမထွက်ပဲ နေအံ့မည်နည်း။
လက်သီးတစ်ချက်ဖြင့် ကျင်းဖမ်းဘုရင်၏ တိုက်ခိုက်လိုက်သော လက်ဖဝါးမှာ ပျောက်ကွယ်သွားသည်။
"ဝေါင်း.."
ထို့နောက်တွင် နှင်းလူဝံမှာ ရူးသွပ်သွားပုံရသည်။
သူ၏ ဧရာမကိုယ်ကြီးအား ကျင်းဖမ်းအရှင်သခင်ရှိရာဟင်းလင်းပြင်ဆီသို့ ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဦးတည်ခုန်တက်လိုက်သည်။
၎င်းက ကျင်းဖမ်းအရှင်သခင်အား အပိုင်းပိုင်းဆုတ်ဖြဲကာ သတ်ပစ်ချင်သကဲ့သို့ ကြမ်းကြုတ်ပြင်းထန်စွာ ကြည့်နေသည်။
ဒေါသအိုးပေါက်ကွဲသွားပုံရသော ကြမ်းကြုတ်သည့်နှင်းလူဝံအား ကျင်းဖမ်း အရှင်သခင်မှာ ရင်ဆိုင်မတိုက်ခိုက်ရဲပေ။
သူ၏ ယခင် ခံ့ညားထည်ဝါသော ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်နတ်ဘုရားတစ်ပါးကဲ့သို့သော ဟန်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူကရွှေရောင်အလင်းအဖြစ်ပြောင်းသွားကာ ထွက်ပြေးသွားသည်။
နှင်းလူဝံမှာ ဤကိစ္စအား မည်ကဲ့သို့ သင်ပုန်းချေ လွှတ်ထားပေးနိုင်ပါအံ့နည်း။
သူ၏ အဆင့်တက်လှမ်းမှုကြား ကြားဖြတ်ဟန့်တားခံခဲ့ရပြီး ဤကိစ္စ၏ အမုန်းတရားက တစ်ဖက်ဖက်က သေဆုံးသွားမှသာလျှင် ပြီးဆုံးလိမ့်မည်ဖြစ်သည်။
ဧရာမ နှင်းဖြူရောင်ကိုယ်ကြီးမှာ လေကိုထိုးခွင်း၍ နောက်မှကောက်ကောက်ပါအောင်ရွှေရောင်အလင်းနောက်သို့ ထပ်ချပ်မကွာလိုက်သွားသည်။
ယွင်လိုင်အင်ပါယာ၏ ကြီးမြတ်သော ကျင်းဖမ်းအရှင်သခင်မှာ ကြီးမားသော လုပ်ပိုင်ခွင့်အာဏာတို့ကိုပိုင်ဆိုင်ထားသူဖြစ်သည်။
သူသည် ယွင်လိုင်အင်ပါယာ၏ ကျွမ်းကျင်သူဆယ်ယောက်၌ အဆင့်ငါးအဆင့်ကိုချိတ်သူဖြစ်၏။
ယခုတော့သူသည် သားရဲတစ်ကောင်၏ စိတ်မချမ်းမြေ့စရာ ရိုက်နှက်မှုကို ခံနေရသည်။
"ဖုန်လောဟန်..ငါ့ကိုကူညီအုံး.."
ဤနေရှိရုတ်ရုတ်သဲသဲ ဖြစ်နေသော အရာများက အခြားတစ်ဖက်ရှိ ဖုန်လောဟန်အား နိုးကြားမှုရှိစေသည်။
သူ့အသက်အတွက် အသည်းအသန်ထွက်ပြေးနေရသော ကျင်းဖမ်းအရှင်သခင်မှာ လေပေါ်ရှိ ဖုန်လောဟန်ကို မြင်လိုက်ရသော အခါတွင် အလျှင်အမြန် အကူအညီတောင်းလိုက်သည်။
"လီးပဲလေ.."
ဖုန်လောဟန်မှာ ကျင်းဖမ်းအရှင်သခင်၏ အော်သံကိုကြားလိုက်ရပြီး ၎င်း၏ နောက်၌ လိုက်ဖမ်းနေသော နှင်းလူဝံကို မြင်လိုက်ရသည်။
သူ မကူညီနိုင်သည့်အပြင် ဆဲပင်ဆဲလိုက်မိသည်။
သူ့ကိုကူရမည်တဲ့လား။အဆင့်ငါးအထွတ်အထ်ိပ် သားရဲကိုလား။
ထိုအရာအား သူကမည်ကဲ့သို့ ကူညီရပါမည်နည်း။ဤသက်ကြားအိုကြီး အနေဖြင့် ဘယ်နေရာမှ ဤကြမ်းကြုတ်သော သားရဲအား သွားစော်ကားမိခဲ့သည်မသိချေ။
ဖုန်လောဟန်မှာလည်း ချက်ခြင်း လှည့်ကာပြေးတော့သည်။
"ဖုန်လောဟန် သူရဲဘောကြောင်တဲ့ကောင်..ငါဒုက္ခရောက်နေတာ မြင်တာတောင်..မင်းငါ့ကိုမကူဘူးလား.."
ကျင်းဖမ်းအရှင်သခင်မှာ ထွက်ခွာသွားသော ဖုန်လောဟန်၏ ပုံရိပ်ကိုကြည့်ရင်း ဒေါသတကြီး အော်ဟစ်နေသည်။
ရေခဲတောအုပ်၏ အခြားတစ်ဖက်တွင် ရှစ်ဖုန့်မှာ ကျင်းဖမ်းအရှင်သခင်၏ လက်ဖဝါးရိုက်ချက်ကြောင့် ဖျက်ဆီးခံလိုက်ရသော ရေခဲသစ်ပင်တို့ရှိရာ မြေပြင်တွင် ရပ်နေသည်။
သူက မျက်နှာထက်တွင်လှောင်ပြုံးကို ဆင်မြန်း၍ မိုးကုတ်စက်ဝိုင်းအား ကြည့်နေသည်။
အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်းဖြစ်ပျက်သွားသည်။
လီလျိုရှင်းအတွက်မူ ကျင်းဖမ်းအရှင်သခင်၏ လက်ဖဝါးရိုက်ချက်ကြောင်း သူ့ကိုပေါ်ရှိ အမှတ်အသား ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။
သူ၏ ကိုယ်မှာပျောက်ကွယ်သွားပြီး ရွှေရောင်လက်ဖဝါးကြောင့် ကွဲကြေသွားသည်ဖြစ်နိုင်လောက်သည်။.
ရေကန်ငယ်ထဲတွင် ကြီးထွားကာ အအေးဓာတ်တို့ကို စုပ်ယူနေသော ယင်နှင်းပန်းကိုကြည့်ကာ ရှစ်ဖုန့်၏ ပုံရိပ်မှာ လှစ်ကနဲဲဖြစ်သွားပြီး ကန်အနားစပ်သို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။
သူရေကန်ထဲသို့ရောက်သော အခါတွင် ယင်နှင်းပန်းကို ခူးလိုက်ပြီးသူ၏ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဝေါင်း"
ထိုအချိန်တွင် ကျင်းဖမ်း အရှင်သခင်နောက်သို့ လိုက်ဖမ်းနေသော နှင်းလူဝံမှာ တစ်စုံတစ်ခုအား အာရုံခံမိသွားပုံရသည်။
သူကကြမ်းကြုတ်စွာအော်ဟစ်၍ အလျှင် အမြန်ပြန်လှည့်ကာ ပြန်ပြေးလာခဲ့သည်။
"မင်းမေလိုးပဲ...ဒီသားရဲ ဦးနှောက်က ထိခိုက်ထားတာလား.."
ထိုအရာအားမြင်လိုက်ရသော အခါတွင် ရှစ်ဖုန့်မတက်နိုင်ပဲ ဆဲလိုက်မိသည်။
ထို့နောက်သူက အော်လိုက်သည်။
"ငရဲဝံပုလွေ"
"အာဝူး.."
ငရဲဝံပုလွေက ခပ်တိုးတိုးအူလိုက်ကာ ရှစ်ဖုန့်ထံ အလျှင်အမြန်ဦးတည်လာသည်။
ရှစ်ဖုန့်က ဝံပုလွေ၏ ကျောပေါ်သို့လျှင်မြန်စွာ လှစ်ကနဲခုန်တက်လိုက်သည်။
"ပြေး...မင်းတက်နိုင်သမျှ အသားကုန်ပြေးဟ"
"အားဝူး.."
ဝံပုလွေက မာန်ဖီလိုက်ကာ သူ၏ အနက်ရောင်တောင်ပံတို့အား တစ်ဟုန်ထိုး တဖျပ်ဖျပ်ခတ်လိုက်သည်။
၎င်းက ရှစ်ဖုန့်ကို သယ်ဆောင်က လေထဲသို့ ဦးတည်၍ မီးနယ်မြေရှိရာ ဦးတည်ချက်သို့ ထွက်ပြေးလိုက်သည်။
"ဝေါင်း"
နှင်းလူဝံမှာ ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရှစ်ဖုန့်နှင့်ဝံပုလွေထံသို့ ဦးတည်လိုက်ကာ ၎င်းတို့ကြားရှိအကွာအဝေးသည် နီးကပ်လာခဲ့သည်။
"မင်းကြီးတော်ကြီးလိုထဲမှာပဲ...ဘာလို့ငါ့နောက်ကိုလိုက်ဖမ်းနေရတာလဲဟ..ခုဏက မင်းအဆင့်တက်တာကို ဝင်တားတာ အဲ့သောက်အဘိုးကြီးဟာ... မင်းအဆင့်တစ်ခါတက်ရဖို့ ဘယ်လောက်ထိနှစ်တွေကြာတယ်ဆိုတာကို ဘယ်သူကသိမှာလဲ..အဲ့အမုန်းတရားက မင်းတို့နှစ်ယောက်ကြား တစ်ယောက်သေမဲ့ပြီးမဲ့ဟာကို..မင်းသူ့နောက်ကိုလိုက်ပြီး အပိုင်းပိုင်းဆုတ်ဖြဲသင့်တယ်..ငါကပန်းပွင့်သေးသေးလေးတစ်ခုပဲယူခဲ့တာ..ဘာမှမလုပ်ဖူးဟ.."
ရှစ်ဖုန့်က နီးကပ်လာသော နှင်းလူဝံကို အော်ပြောလိုက်သည်။
သူ၏လေသံမှာ နှင်းလူဝံအား မည်ကဲ့သို့ မှန်ကန်စွာ ပြုမူရမည်ကို သင်ကြားပေးနေသကဲ့သို့ဖြစ်သည်။
"ဝေါင်း...ဝေါင်း.."
ရှစ်ဖုန့်၏ စကားတို့က နှင်းလူဝံကို ပို၍ပင်ဒေါသထွက်သွားစေပြီး သူတို့ကြားရှိအကွာအဝေးအား ပို၍ ကျဉ်းမြောင်းလာစေသည်။
"ယုတ်ညံ့တဲ့ သတ္တဝါရ မြန်မြန်ပြေးဟ..တစ်ခါဖမ်းမိတာနဲ ငါတို့ အကုန်သေမှာ.."
ရှစ်ဖုန့်က ဝံပုလွေ၏ ကျောပေါ်တွင် ရပ်၍ သူ့ခြေထောက်အား အမောတကော ဆောင့်နင်းလိုက်သည်။
နှင်းလူဝံသာ သူ့အားဖမ်းမိသွားပါက အရှင်လက်လက် သေချာပေါက်ဆုတ်ဖြဲခံရလိမ့်မည်ဖြစ်သည်။
သူတို့၏ အရှေ့တွင် ရွှေရောင်လင်းယုန်တို့နှင့် တောင်ပံစိမ်း လင်းနို့များပေါ်လာသည်။
ဤနတ်ဆိုးသားရဲများမှာ အစကတည်းက ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအိမ်တော်တို့မှာ တောအုပ်အစပ်အား စောင့်ကြည့်ရန် တာဝန်ပေးခြင်းခံထားရခြင်းဖြစ်သည်။
ယခု လူတစ်ယောက်က နတ်ဆိုးသားရဲနှင့်အတူ ပြေးလာသည်ကို မြင်လိုက်ရသောအခါတွင် သူတို့က ရှစ်ဖုန့်နှင့် ဝံပုလွေအား စတင်ဝိုင်းရံလိုက်ကြသည်။
သို့သော် သူတို့ချဉ်းကပ်လာသောအခါ ဤနတ်ဆိုးသားရဲများမှာ သူတို့နောက်ရှိ နှင်းလူဝံ၏ စွမ်းအားကြီးရောင်ဝါကို အာရုံခံမိပြီး ချက်ခြင်း အလန့်တကြား အော်ဟစ်လိုက်ကြသည်။
သားရဲနှင့်ငှက်တို့ ဟိုတစ်စုဒီတစ်စု ကွဲထွက်သွားသကဲ့သို့ ၎င်းတို့မှာ ချက်ခြင်းပြန်လှည့်၍ ၎င်းတို့၏ အတောင်များအား သေလုမတက် တဖျပ်ဖျပ်ခတ်ကာ ထွက်ပြေးကြသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာ နှင်းလူဝံနှင့် မီတာငါးဆယ်သာ ကွာဝေးတော့သည်။
ငရဲဝံပုလွေ၏ ပျံသန်းမှုအမြန်နှုန်းက အဆင့်ငါးအထွတ်အထိပ် နတ်ဆိုးသားရဲ၏ လေထဲတွင်ပြေးလွှားသော အမြန်နှုန်းနှင့် နှိုင်းယှဉ်၍ မရပေ။
"သေစမ်း..ငါဘာလုပ်သင့်လဲ..ငါနည်းလမ်းတစ်ခုတော့စဉ်းစားဖို့လိုတယ်..ဒီတိုင်းသာဆက်သွားနေရင် ဒီသားရဲက မကြာခင်ဒါမှမဟုတ်နောက်ပိုင်းငါ့ကိုဖမ်းမိပြီးတော့ အပိုင်းပိုင်းဆုတ်ဖြဲလိမ့်မယ်.."
နှင်းလူဝံနီးကပ်လာသည်ကို မြင်ရသော အခါ ရှစ်ဖုန့်မှာ စိုးရိမ်တကြီးဖြစ်လာသည်။
သို့သော် အဆင့်ငါးအထွတ်အထိပ်နတ်ဆိုးသားရဲမှာ လုံးဝခုခံနိုင်စွမ်း မရှိသော အရာဖြစ်၏။
ထိုအချိန်တွင် နှင်းလူဝံမှာ သူနှင့်နောက်ထပ်ဆယ်မီတာသာ ဝေးကွာတော့သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ရုတ်တရက် အောက်ဘက်ရှိ တောအုပ်ထဲမှာ အပြာရောင်ပုံရိပ်တစ်ခုက ကောင်းကင်ထက်သို့ တစ်ဟုန်ထိုးတိုးထွက်လာပြီး ရှစ်ဖုန့်ကို ကျောပေးထားကာ ၎င်းက သူနှင့် နှင်းလူဝံကြားတွင် လွင့်မျောနေသည်။
"ဒီပုဂ္ဂိုလ်...သူ့နောက်ကျောအရ...အဲ့တာလီလျိုရှင်းပဲ..."
ရှစ်ဖုန့်၏မျက်လုံးတို့ ရုတ်ချည်းပြူးသွားသည်။
ဤနောက်ကျောဘက်မြင်ကွင်းအရ တကယ့်ကို အစောပိုင်းက ပျောက်ကွယ်သွားသော လီလျိုရှင်းပင်ဖြစ်သည်။
သူကတယ်ကိုမသေဆုံးခဲ့ရုံသာမက လေထဲတွက်ပင်ဝင့်ကြွားစွာရပ်နေသည်။
သူ၏ကျင့်ကြံမှုအဆင့်က အနည်းဆုံး အင်ပါယာနယ်ပယ်အဆင့်ရှိနေ၏။
သို့သော်ယခင် ၎င်း၏ ယခင်အပြုအမူလုပ်ဆောင်ချက်များအား အခြေခံရလျှင် ၎င်းအနေဖြင့် သူ့အား မခြိမ်းခြောက်နိုင်ရုံသာမက ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအိမ်တော်၏ လိုက်ဖမ်းမှုကိုပင်ခံနေရသည်ဖြစ်သည်။
"သူကျင့်ကြံမှုကို ဖုံးကွယ်ထားတာများဖြစ်နိုင်လား..ဒါပေမဲ့သူက ဘာလို့ အဲ့လိုလုပ်တာလဲ.."
ဤအချိန်၌ ၎င်းသည် အဆင့်ငါးအထွတ်အထိပ် အဆင့် နှင်းလူဝံကိုပင် တကယ်ကို မျက်နှာခြင်းဆိုင်ရဲနေသည်။
ဤအချိန်၌ ရှစ်ဖုန့်ပင် လီလျိုရှင်း၏ ကျင့်ကြံမှု အဆင့်ကို မပြောနိုင်ပေ။
ရှစ်ဖုန့်မှာ လေထဲတွင်သာမန်လူတစ်ယောက်ကဲ့သို့ လွက့်မျောနေသော အပြာရောင်ပုံရိပ်ကိုကြည့်လိုက်သည်။
"တစ်ခုခုတော့ မူမမှန်ဘူး.."
ရှစ်ဖုန့်မှာ လီလျိုရှင်း၏ ကိုယ်မှာ အမည်းရောင် မီးခိုးမျှင်လေးများ ထုတ်လွှတ်နေသည်ကို သတိပြုမိလိုက်သည်။
တစ်ချိန်လုံး ၎င်း၏ လက်ထဲတွင်ကိုင်ဆောင်ထားသောဓားမှာ ထူးခြားလှပြီး ၎င်းမှာ ဘယ်နေရာမှာမှထုတ်ခြင်းကိုမမြင်တွေ့ခဲ့ရသော ဓားအိမ်ထဲမှ ဓားပင်ဖြစ်သည်။
၎င်းမှာ သူ၏ လက်ထဲတွင် အနက်ရောင်မြူခိုးပုံစံဓားတစ်ချောင်းအား ကိုင်ဆောင်ထားသကဲ့သိုဖြစ်သည်။
ဆက်ရန်..
ဘာသာပြန်သူ-Arise