← Chapters

အပိုင်း (၁၀၁)

Vol. 7 Ch. 101

အပိုင်း (၁၀၁)

Vol. 7 Ch. 101

“ဝေါင်း”

နှင်းလူဝံမှာ ၎င်းအားရုတ်ချည်း ဟိန်းဟောက်လိုက်ပြီး တစ်စုံတစ်ယောက်က သူ၏လမ်းကြောင်းအားတားဆီးထားသည်ကို မြင်လိုက်ရသောအခါတွင် အပြာရောင်ပုံရိပ်အား လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်ကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ပါးစပ်အားဖွင့်ဟ၍ ထက်ရှသော အစွယ်တို့ကို လှစ်ဟာပြကာ ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားပုံရသော ဧရာမနှင်းမုန်တိုင်းကြီးအား မှုတ်ထုတ်လိုက်ပြီး ထိုအရာက အပြာရောင်ပုံရိပ်ထံသို့ ဦးတည်သွားသည်။

အောက်ဘက်မှ ရေခဲတောအုပ်မှ သစ်ပင်တို့မှာ သိမ်းကျုံးတိုက်ခတ်လာသောနှင်းမုန်တိုင်းကြောင့် လျှင်မြန်စွာဖြင့် ဖုန်စုပ်စက်ဖြင့်အစုပ်ခံရသကဲ့သို့ အစုပ်ခံရကာ လေဟာနယ်ဖြစ်သွားစေသည်။

ထို့နောက်လေဟာနယ်မှာ လျှင်မြန်စွာ ပျံ့နှံ့လာသည်။

နှင်းမုန်တိုင်းက အပြာရောင်ပုံရိပ်အား ဝါးမျိုသွားပြီး အပြာရောင်ပုံရိပ်မှာ စတင်၍ လှုပ်ရှားလိုက်သည်။

သူက အနက်ရောင်မြူကဲ့သို့သော ဓားအားရှေ့သို့ထိုးချလိုက်ပြီး အလွွန်ပြင်းထန်သော နှင်းမုန်တိုင်းမှာ တိုက်ခိုက်ခံရမှုအောက်တွင် ပျောက်ကွယ်သွားသည်။

နှင်းမုန်တိုင်းမှာတိုက်ခတ်ပြီးဘယ်တုံးကမှ ဖြစ်မပေါ်လာသကဲ့သို့ လျှင်မြန်စွာဖြင့်ပင်ပျောက်ကွယ်သွားရသည်။

သို့သော် အောက်ဘက်ရှိ တောအုပ်၏ အပျက်အစီးများက ၎င်းတစ်ကြိမ်တိုက်ခတ်ခဲ့ကြောင်းကို သက်သေပြနေသည်။

ထိုအချိန်တွင် အပြာရောင်ပုံရိပ်အား ထိုးချလိုက်သော နှင်းလူဝံမှာ အပြာရောင်ပုံရိပ်၏ အထက်၌ ရပ်နေသည်။

မြင်ကွင်းအာရုံတို့က အေးခဲသွားပြီး အချိန်တို့ကရပ်တန့်သွားသကဲ့သို့ထင်ရသည်။

ထို့နောက်တွင် နှင်းလူဝံမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ၎င်း၏ခန္ဓာကိုယ်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများပေါ်လာခဲ့သည်။

အက်ကွဲကြောင်းတို့မှာ ၎င်း၏ရင်ဘက်မှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

ထို့နောက် နှင်းလူဝံ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အသားပိုင်းအစအနများအဖြစ်ပြောင်းသွားပြီး သွေးများမှာလည်း အောက်သို့ကျဆင်းလာသည်။

၎င်းမှာ အသားနှင့်သွေးမိုးများ ကောင်းကင်ထက်မှ ရွာသွန်းချသကဲ့သို့ပင်ဖြစ်သည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ တုန်လှုပ်သွားမိသည်။

အဆင့်ငါးအထွတ်အထိပ် နတ်ဆိုးသားရဲအား ဓားတစ်ချက်တည်းဖြင့်သတ်ဖြတ်ခြင်းမှာ ဤပုဂ္ဂိုလ်မှာ လီလျိုရှင်းမှ ဟုတ်ပါ၏လော။

သူ့နေဖြင့် တူညီသောအပြာရောင်ဝတ်စုံကို ဝတ်ထားရုံသာမက လီလျိုရှင်း၏နောက်ကျောဘက်နှင့်လည်း ဆင်တူနေခြင်းများဖြစ်နေနိုင်မည်လား။

ရှစ်ဖုန့်မှာ စိုးစဉ်းမျှပင်ဂရုစိုက်မနေတော့ဘဲ ဝံပုလွေအားဆက်လက်၍ ထွက်ပြေးရန်တိုက်တွန်းလိုက်သည်။

ဤပုဂ္ဂိုလ်မှာ အဆင့်ငါးအထွတ်အထိပ် နှင်းလူဝံထက်ပင် ပိုမို၍ အန္တရာယ်များသေးသည်။

ရှစ်ဖုန့်မှာ အောက်ဘက်ရှိတောအုပ်၏ အစပ်ကို မြင်တွေ့လိုက်ရပြီး ထိုနေရာတွင် အခြေမှ ထိပ်ဆုံးထိ မြင့်မားသော ကုန်းစောင်းတစ်ခုရှိသည်။

တောက်ပသော အနီရောင်သွေးတို့က မြစ်တစ်ခုကဲ့သို့ ပန်းထွက်နေပြီး အသားအပိုင်းအစများ၊ခြေလက်အင်္ဂါများ၊ဦးခေါင်းများက သွေးများထဲတွင် ရှိနေသည်။

ထိုလူများမှာ ကျင်းဖမ်းအရှင်သခင် ခေါ်ဆောင်လာခဲ့သော စစ်တပ်ဖြစ်နိုင်လောက်သည်။

ထိုလူတို့မှာ အပြာရောင်ပုံရိပ်း၏ အပိုင်းပိုင်းခုတ်ဖြတ်ခြင်းကို ခံထားကြရသည်။

စစ်တပ်အတွင်းရှိ စစ်သည်အားလုံးမှာ ကျင့်ကြံသူများဖြစ်ကြ၏။

ထိုသူတို့၏သွေးထဲတွင်ပါဝင်သော စွမ်းအင်နှင့်အပူချိန်တို့မှာ သာမန်လူတို့ထက် သာလွန်သောကြောင့်၎င်းတို့အနေဖြင့်ဤ ရေခဲနှင့် နှင်း ကုန်းမြေပေါ်တွင် ချက်ခြင်းအေးခဲသွား ခြင်းမရှိကြချေ။

သွေးများထဲတွင် ပေါလောပေါ်နေသော ခြေလက်အင်္ဂါတို့နှင့်ဦးခေါင်းတို့မှ သွေးများဆက်လက်၍ ပန်းထွက်ကာရှေ့သို့ဆက်လက်၍ ပျံ့နှံ့သွားကြသည်။

မကြာခင် နှင်းဖြူရောင်ကုန်းမြေပင်မှာ အနီရောင်အဖြစ်စွန်းထင်းသွားတော့သည်။

သွေးများက မြစ်တစ်ခုကဲ့သို့စီးဆင်းနေသည်။

ရှစ်ဖုန့်၌ ကြည့်ရှုရန်အချိန် သို့မဟုတ် ထိုပမာဏဖြစ်သည့် သွေးတို့အား ဆင်း၍စုပ်ယူရန် အချိန်ရှိမနေပေ။

ယခုအချိန်တွင် သူ့အနေဖြင့် ဤနေရာမှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားချင်နေသည်။ဩ

သူ၏မျက်လုံးတို့က လေထဲတွင် ရပ််နေဆဲဖြစ်သော အပြာရောင်ပုံရိပ်အား သူဆီသို့လာသောအခါတွင် ရင်ဆိုင်နိုင်ရန် အသင့်အနေထားဖြင့် ကြည့်နေသည်။

သို့သော် အပြာရောင် ပုံရိပ်က သူ့အားကျောပေးထားဆဲဖြစ်ပြီး လှည့်၍ပင်မကြည့်ပေ။

သူထွက်ခွာသွားသော အခါတွင် အပြာရောင်ပုံရိပ်အား သူ့မြင်ကွင်းမှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။

အစမှအဆုံးအထိ ရှစ်ဖုန့်အနေဖြင့် ထိုသူ၏မျက်နှာကို မမြင်တွေ့လိုက်ရပေ။

သို့သော်သူ့အားမတွေ့လိုက်ရခြင်းကပင် ကောင်းချီးတစ်ခု ဖြစ်နေသည်။

၎င်းလှည့်ကြည့်လိုက်သော အချိန်၌ သူသည်လည်းသေနေလောက်ပီဖြစ်သည်။

စွမ်းအား ယင်းမှာသူ့၌ လုံလောက်သော စွမ်းအားရှိမနေခြင်းကြောင့်ပင်ဖြစ်သည်။

သူ၏ကျင့်ကြံမှုမှာ ကြယ်သုံးပွင့် ဘုရင်နယ်ပယ်အဆင့်ဖြစ်ပြီး သူ၏တိုက်ပွဲစွမ်းအားမှာ အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်၌သာ ရှိသည်။

ထို့ကြောင့်လည်းသူ့အနေဖြင့် ပြုသမျှနုခံခဲ့ရခြင်းဖြစ်သည်။

သူ့အသက်အား အဆင့်ငါးအထွတ်အထိပ် သားရဲတစ်ကောင်၏ နုတ်ယူခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည်။

သူ့အနေဖြင့်တက်နိုင်မျှမြန်မြန် ပိုမို၍ သန်မာစွမ်းအားကြီးလာနိုင်သော နည်းလမ်းတစ်ခုကို ရှာရမည်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ငရဲဝံပုလွေမှာ မြန်နှုန်းပြည့်ဖြင့် အလွန်လျှင်မြန်စွာ ပျံသန်းနေပြီး ရှစ်ဖုန့်မှာ ဤရေခဲနှင့်နှင်းကုန်းမြေအား ချန်ရစ်ထားခဲ့ပြီဖြစ်သည်။

ကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီး မီးကဲ့သို့ရဲရဲတောက် နီရဲလာကာ အပူချိန်မှာလည်းရုတ်ချည်း တစ်ဟုန်ထိုးမြင့်တက်လာ၍ သူ့အနေဖြင့် မီးနယ်မြေသို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

သို့သော်ရှစ်ဖုန့်မှာထပ်ပြီး နေနေခြင်းမရှိတော့ပေ။

သူကငရဲဝံပုလွေအား ဆက်လက်၍ မြန်နှုန်းပြည့်ဖြင့်ပျံသန်းရန်အမိန့် ပေးလိုက်သည်။

ထိုလူသာသူ့နောက်သို့ ဆက်လက်၍ တကယ်လိုက်ဖမ်းလျှင် သူ့အနေဖြင့် လုံးဝအန္တရာယ်ကျရောက်လိမ့်မည် ဖြစ်သည်။

နေ့တစ်ဝက်ကြာမြင့်ပြီးသည့်နောက်တွင် လူတစ်ယောက်နှင့်ဝံပုလွေတစ်ကောင်တို့မှာ မီးနယ်မြေထဲမှ ထွက်လာခဲ့သည်။

ထို့နောက် အဆိပ်မြူတောအုပ်မှသည် အစိမ်းရောင် အဆိပ်စိမ့်မြေ ထိုမှတစ်ဆင့်အရိပ်တောအုပ် နောက်ဆုံး၌ နတ်ဆိုးသားရဲတောင်းတန်း၏ အဝင်နေရာသို့ရောက်လာခဲ့သည်။

နတ်ဆိုးသားရဲတောင်တန်းမှ လုံးဝထွက်လာခဲ့ပြီးသည့်နောက် ဝံပုလွေအား စန်းယွဲ့မြို့ တည်ရှိရာဦးတည်ချက်သို့ ပျံသန်းရန် ရှစ်ဖုန့်အမိန့်ပေးလိုက်သည်။

ယခုသူ့၌ ယင်နှင်းပန်းကိုရရှိနေပြီဖြစ်ပြီး သူ့အနေဖြင့် ယင်မိစ္ဆာအား ဖြစ်နိုင်သမျှကယ်တင်ရန် အတွက် ပြန်ချင်စိတ်တစ်ခုသာရှိသည်။

“မင်…အဲ့မှာရပ်နေလိုက်စမ်း”

ငယ်ရွယ်ပြီး အေးစက်သော အမိန့်ပေးသံတစ်ခုက ထွက်ပေါ်လာသည်။

ဤအသံအား ရှစ်ဖုန့်အနေဖြင့် တော်တော်လေးရင်းနှီးနေသလိုရှိ၏။

ရုတ်တရက် ဧရာမ ခရမ်းရောင်လျှပ်စီးအလင်းတစ်ခုက ကောင်းကင်ထက်မှ အောက်သို့သက်ဆင်းလာပြီး ရှစ်ဖုန့်၏ရှေ့တွင် ရပ်တန့်လိုက်သည်။

ခရမ်းရောင်လျှပ်စီးတို့ ချက်ခြင်းပျောက်ကွယ်သွားပြီး ခရမ်းရောင်လျှပ်စီးတို့ဖြင့်ဖုံးကာထားသော ခရမ်းရောင်လျှပ်စီးငှက်တစ်ကောင် ထွက်ပေါ်လာသည်။

၎င်း၏အတောင်ပံတို့အားတဖျပ်ဖျပ်ခတ်နေပြီး လေထဲတွင် ပဲစေ့အကြော်ခံရသကဲ့သို့ ထွက်ပေါ်နေသော အက်ကွဲသံတို့ကိုပင် ကြားနေရသည်။

၎င်းမှာ အဆင့်လေး လျှပ်စီးဓာတ်အခြေပြု နတ်ဆိုးသားရဲတစ်ကောင်ပင်ဖြစ်သည်။

ခရမ်းရောင်လျှပ်စီးငှက်၏ကျောပေါ်တွင် ခရမ်းရောင်ဆံပင်ရှည်တို့ဖြင့် လူငယ်တစ်ယောက်ရပ်နေ၏။

သူ၏ခရမ်းရောင်ဆံပင်ရှည်တို့က လေထဲတွင်ကခုန်နေပြီး သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

၎င်းတို့မှာလည်းလေထဲတွင် တဖျပ်ဖျပ် လွင့်နေ၏။

သူ၏လက်ထဲတွင် လျှပ်စီးဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏မျက်နှာကချောမောကာ သူရဲကောင်းဆန်သောဟန်ပန်ကို ဖော်ဆောင်ထား၏။

သို့သောယခင်ရှစ်ဖုန့်သူ့အားမြင်ခဲ့ရသော အချိန်၌ သူ့မျက်နှာတွင် နှင်းတို့ဖုံးအုပ်နေခဲ့သည်။

“ဒီတော့…မင်းပေါ့”

“ငါမင်းရဲ့အသံကို အရမ်းရင်းနှီးနေမိတာကို မအံ့ဩမိတော့ပါဘူး”

ရှစ်ဖုန့်က လျှပ်စီးငှက်ပေါ်တွင်ရပ်နေသော လူငယ်လေးကို ကြည့်လိုက်ကာ ပြောလိုက်သည်။

ဤပုဂ္ဂိုလ်မှာ ခရမ်းရောင်မိုးကြိးဂိုဏ်းမှ သခင်လေးဖြစ်သော သူစန်းယွဲ့မြို့အပြင်ဘက်ရှိအမွေအနှစ်အတွင်းတွင် ကျောက်ဟူနှင့်အတူ ပါးရိုက်ခဲ့သည့် လဲ့ရှောင်းမှလွဲ၍ အခြားသူမဟုတ်ပေ။

ထိုအချိန်တုံးက ကျောက်ဟူက ဤပုဂ္ဂိုလ်မှာ အံ့ဖွယ် ကောင်းကင်ဘုံလျှပ်စီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ယွင်လိုင်အင်ပါယာ၏ ပါရမီရှင် လူငယ်များစာရင်းတွင် အဆင့်ငါးချိတ်သည်ဟု ပြောခဲ့သည်။

ရှစ်ဖုန့်ကစကားပြောပြီးသည့်နောက် အနည်းငယ်စိတ်ကျေနပ်သော အမူအယာမှာ သူ၏မျက်နှာထက်တွင်ပေါ်လာသည်။

သူကလဲ့ရှောင်းအားခေါင်ညိမ့်ပြပြီး ပြောလိုက်သည်။

“မဆိုးပါဘူး ……မင်းကြယ်တစ်ပွင့်တိုးတက်လာသားပဲ”

လဲ့ရှောင်းမှာ သူနှင့်နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ စဉ်တုံးက ကြယ်ရှစ်ပွင့်စိတ်ဝိညာဉ် နယ်ပယ်အဆင့်ဖြစ်သည်။

ယခုအခါတွင် သူ့အနေဖြင့်ကြယ်တစ်ပွင့် တိုးတက်လာခဲ့ပြီး ကြယ်ကိုးပွင့် စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်လာသည်။

“လဲ့ရှောင်း ငါတို့က နတ်ဆိုးသားရဲတောင်တန်းထဲကိုဝင်ပြီးတော့ ပွဲကြည့်ဖို့လာခဲ့တာ….မင်းဘာလို့ ရုတ်တရက်ကြီးဒီကိုလာတာလဲ”

ရုတ်တရက် နောက်ထက် ငယ်ရွယ်သော အသံတစ်ခုက ထွက်ပေါ်လာသည်။

ဧရာမသွေးရောင်ပုံရိပ်ကြီးတစ်ခုက အောက်ဘက်မှ အပေါ်သို့ပျံတက်လာပြီး ခရမ်းရောင်လျှပ်စီးငှက်၏ဘေးတွင် ရပ်လိုက်သည်။

၎င်းမှာ ဧရာမသွေးရောင် ကျီးကန်းတစ်ကောင်ဖြစ်ပြီး အဆင့်လေးနတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။

သွေးရောင်ကျီးကန်း၏ကျောပေါ်တွင် သွေးနီရောင်ဆံပင်အရှည်နှင့် သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ရပ်နေသည်။

ထိုသူမှာလဲ့ရှောင်းနှင့် သက်တူရွယ်တူဖြစ်ပုံရပြီး မနှစ်မြို့ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်နေသည်။

၎င်းမှာ ယွင်လိုင်အင်ပါယာအတွင်း သွေးမိစ္ဆာ ဂိုဏ်းမှ တတိယသခင်လေး ရွှယ်ယိုဖြစ်သည်။

သူသည် ပါရမီရှင်လူငယ်အဆင့်တွင် အဆင့်လေးဖြစ်ပြီး အသက်မှာ ဆယ့်ရှစ်နှစ်သာရှိသေးသည်။

သူသည်ကြယ်တစ်ပွင့် ဘုရင်နယ်ပယ်အဆင့်သို့ရောက်နေပြီဖြစ်သည်။

သူက ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအိမ်တော်တို့မှ နတ်ဆိုးသားရဲတောင်တန်းအတွင်းသို့ ကျွမ်းကျင်သူအမြောက်အများအားစေလွှတ်သည်ဟု ကြားသိလျှင် လဲ့ရှောင်းနှင့် အခြားသူများအား ပွဲကြည့်ရန်အတွက် အထူးတလည် ဖိတ်ကြားခဲ့သည်။

“အာ”

“အဲ့ကောင်ကဘယ်သူလဲ…..လဲ့ရှောင်းအဲ့တာ မင်းသူငယ်ချင်းလား”

နောက်ဆုံး၌ ရွှယ်ယိုမှာ ရှစ်ဖုန့်အားသတိထားမိသွားသည်။

သူ၏မျက်လုံးထဲတွင် ရှစ်ဖုန့်မှာ ကြယ်သုံးပွင့် စစ်သည်တော်နယ်ပယ်တစ်ယောက်သာဖြစ်သည်။

သို့သော်သူ့အောက်ရှိ အဆင့်လေးနတ်ဆိုသားရဲအားအကဲဖြတ်ရသလောက် ရှစ်ဖုန့်မှာ မိသားစုအချို့မှ အသုံးမကျသော သခင်လေးတစ်ယောက်သာဖြစ်ပုံရသည်။

“လဲ့ရှောင်း ..မင်းကတကယ့်ကို လူထူးဆန်းပဲ”

“မင်းကအမြဲတမ်း မာနကြီးတဲ့သူပါ ဘယ်လိုဖြစ်ပြီး ဒီလိုသူငယ်ချင်းမျိုးရလာရတာလဲ”

“ဒီလိုမျိုးမိသားစုကလုပ်စာကို ထိုင်ဖြန်းဖို့လောက်ပဲသိတဲ့ သူမျိုးက ငါတို့လိုအဆင့်အတန်းမျိုးနဲ့ ထိုက်တန်မှုမရှိဘူး”

ရွှယ်ယိုက ရှစ်ဖုန့်၏ရှေ့တွင်တိုက်ရိုက်ပင်ပြောလိုက်သည်။

ဆက်ရန်………

ဘာသာပြန်သူ- ARISE

All Chapters