← Chapters

အပိုင်း (၁၀၂)

Vol. 7 Ch. 102

အပိုင်း (၁၀၂)

Vol. 7 Ch. 102

“ဒီလိုမျိုးမိသားစုကလုပ်စာကို ထိုင်ဖြန်းဖို့လောက်ပဲသိတဲ့ သူမျိုးက ငါတို့လိုအဆင့်အတန်းမျိုးနဲ့ ထိုက်တန်မှုမရှိဘူး”

ရွှယ်ယိုက ရှစ်ဖုန့်၏ရှေ့တွင်တိုက်ရိုက်ပင်ပြောလိုက်သည်။

ဤသည်မှာ သူတို့လို ပါရမီရှင်ကလေးများအတွက်ထိုကဲ့သို့ပင် ဖြစ်သည်။

ကြယ်သုံးပွင့် စစ်သည်တော်ပယ်သိုင်းသမားတို့မှာ အလွယ်တကူချေမွပစ်၍ ရနိုင်သောသူများဖြစ်ကြသည်။

ထိုလူများမှာ သူတို့ကဲ့သို့သောလူများ၏ အမြင်တွင် ပုရွက်ဆိတ်များနှင့်ဘာမျှမကွာပေ။

“ဒူးထောက်လိုက်စမ်း”

“မင်းရဲ့ ဘယ်လက်ကို အသုံးပြုပြီးတော့ တန်းဖိုးမရှိတဲ့ လက်သည်းတွေကိုချိုးလိုက်”

လဲ့ရှောင်းက ရွှယ်ယိုကို လျစ်လျူရှလိုက်ပြီး ရှစ်ဖုန့်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

၎င်းမှာ သူ့အားပါးရိုက်ခဲ့သော လက်မှ လက်သည်းတို့ဖြစ်သည်။

သူထိန်းမနိုင်သိမ်းမရ ဒေါသထွက်ကာ တုန်တုန်ယင်ယင်ဖြစ်ခဲ့ရသော ညပေါင်းများစွာပင်ရှိခဲ့၏။

သူ့အနေဖြင့် ထိုလူ၏ အရေပြားတို့အား အလွှားလိုက် ခွှာချပစ်နိုင်ရန်ပင် ဆန္ဒရှိခဲ့သည်။

“အိုး”

“မင်းကတကယ်တော့သူ့ကို မုန်းတီးနေတာလား”

ရွှယ်ယိုမှာ လဲ့ရှောင်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် လဲ့ရှောင်းနှင့်ရှစ်ဖုန့်အားကြည့်လိုက်သည်။

သူ့အနေဖြင့်ယခုအခါမှ ပို၍အဓိပ္ပါယ်မရှိသောအရာကိုတွေ့လိုက်ရသည်။

လူငယ်ပါရမီရှင်အဆင့်တွင် အဆင့်ငါးချိတ်သော ယွင်လိုင်အင်ပါယာ၏ ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ ဒုတိယသခင်လေးဖြစ်သူက တကယ့်ကို ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ်တစ်ယောက်အား မလိုမုန်းထားမှုတို့ဖြစ်ပေါ်နေသည်။

“နင်တို့နှစ်ယောက် ဘာလို့ဒီနေရာကိုရောက်နေကြတာလဲ”

ထိုအချိန်တွင် ငယ်ရွယ်ပြီး နူးညံ့သောအသံတစ်ခုထွက်ပေါ်လာသည်။

နှင်းဖြူရောင် မြင်းပျံ၏အပေါ်တွင် လှပသော ရေခဲအလှပဂေးလေးတစ်ဦးရှိနေသည်။သူမ၏တစ်ကိုယ်လုံးတွင် စိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့်ပြည့်နှက်နေပြီး နှင်းနတ်သမီးလေးတစ်ပါး ပျံသန်းရောက်ရှိလာသကဲ့သို့ဖြစ်သည်။

“အကိုလဲ့ရှောင်း နတ်ဆိုးသားရဲတောင်တန်းကို ဝင်ရောက်ပြီးတော့ ပွဲကြည့်မယ်ဆိုပြီး သဘောတူထားခဲ့တာ မဟုတ်ဖူးလား”

“ဘာလို့ ဒီနေရာကိုရောက်နေရတာလဲ”

မိန်းမငယ်လေးက လဲ့ရှောင်း၏ရှေ့တွင် သူမ၏မြင်းဖြူကို ရပ်တန့်လိုက်ပြီး လဲ့ရှောင်းအားစိတ်မကျေနပ်သော အမူအယာဖြင့် နှုတ်ခမ်းလေးကို စူတူတူလုပ်ကာမေးလိုက်သည်။

သူမမှာ ကြယ်ရှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်ပြီး ယွင်လိုင်အင်ပါယာ၏ အဆင့်လေးဖြစ်သော နှင်းတောင်ကြားမှ မြင့်မြတ်သောအပျိုစင် ရွှယ်ရီရီ ဖြစ်သည်။သူမမှာ လူငယ်ပါရမီရှင်များစာရင်းတွင် အဆင့်ခြောက်ချိတ်သောသူဖြစ်သည်။

“နင်ကဘာဖြစ်နေတာလဲ”

“ငါတို့တွေ နတ်ဆိုးသားရဲတောင်တန်းထဲကို အတူတူဝင်ကြဖို့ အတွက်ကို သဘောတူထားကြတာမဟုတ်ဖူးလား”

“နင်ဘာလို့ အကို လဲ့ရှောင်းကို စိတ်အနှောက်အယှက်ပေးနေရတာလဲ”

ရွှယ်ရီရီက လှည့်၍ ရွှယ်ယိုကိုဒေါသထွက်စွာပြောလိုက်သည်။

သူမ ရွှယ်ယိုကို ကြည့်သော ပုံစံနှင့် လဲ့ရှောင်းအားကြည့်သောပုံစံမှာ မတူညီသည်ကို လူတိုင်းပြောနိုင်သည်။

“ညီမလေးရီရီ မင်းငါ့ကို နားလည်မှုလွဲနေပြီ”

“လဲ့ရှောင်းက ဒီနေရာကို အရင်ဆုံးလာ ခဲ့တာ…..ဒါ့ကြောင့်ငါကသူ့နောက်ကို လိုက်လာခဲ့ရတာ”

ရွှယ်ယိုက ပြုံး၍ပြောလိုက်သည်။

ထို့နောက်သူက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီအသက်ဝင်မှုက နတ်ဆိုးသားရဲတောင်တန်းကို ဝင်ရောက်တာထက်ကို ပိုပြီးကောင်းတယ်လို့ ငါခံစားရတယ်”

“စိတ်ဝင်စားစရာလား….ဘာစိတ်ဝင်စားစရာလဲ”

ရွှယ်ရီရီမှာ သူမ၏ သေးသွယ်သော ခေါင်းလေးအား သဘောမပေါက်သည့် ပုံစံဖြင့်ဘယ်ညာကြည့်၍ အသားနှင့်သွေးတို့၏ သက်ဝင်လှုပ်ရှားမှုကို ရှာဖွေနေသည်။

နောက်ဆုံးတွင် ရွှယ်ရီရီ တစ်စုံတစ်ခုအားသဘောပေါက်သွားသည်။

သူမနောက်သို့လှည့်လိုက်သော အခါတွင် သူမနောက်ရှိ ပျံသန်းနိုင်သည့် အနက်ရောင် နတ်ဆိုးသားရဲတစ်ကောင်၏ အပေါ်၌ လူတစ်ယောက်ရပ်နေသည်ကို သဘောပေါက်လိုက်မိသည်။

ရွှယ်ရီရီမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားမိသည်။

သူမက လှည့်၍ ရွှယ်ယိုကို မေးလိုက်သည်။

“နင်တို့ကြည့်နေကြတဲ့ ပျော်စရာဆိုတာက ..ဒီအဆင့်နိမ့်သိုင်းသမားလေးနဲ့ သူ့အောက်က နတ်ဆိုးသားရဲများဖြစ်နိုင်မလား”

“အဲ့မှာ ဘာတွေတွေ့နေရလို့လဲ”

“ဟားဟား”

ရွှယ်ယိုက လဲ့ရှောင်းကို ကြည့်၍ ပြုံးလိုက်သည်။

ရွှယ်ရီရီမှာလည်း ရွယ်ယို၏ အကြည့်နှင့်အတူလိုက်ပါ၍ လဲ့ရှောင်းကို ကြည့် လိုက်သည်။

သူမကထပ်မံ၍ နှုတ်ခမ်းဆူလိုက်သည်။

“အကိုလဲ့ရှောင်း အကိုကတကယ်ပဲ ရွှယ်ယိုပြောသလိုမျိုး ဒီလူကို တွေ့ဖို့ဒီနေရာကိုလာခဲ့တာလား”

“ဒီလူက ဘာတွေများ အရမ်းစိတ်ဝင်စားစရာကောင်းနေလို့လဲ”

“ယွင်လိုင်အင်ပါယာမှာ လူတော်တော်များများက စိတ်ကိုင်းညွှတ်မှုနဲ့ပက်သက်ပြီး ပြဿနာတစ်ခုရှိကြတယ်တဲ့”

“အကိုလဲ့ရှောင်း အဲ့လိုဖြစ်သွားလို့ မရဘူးနော်….အကိုကဘာလို့ သူ့အစား ကျွန်မကို မကြည့်ရတာလဲ”

ရွှယ်ရီရီမှာ စကားပြောနေရင်း သူမ၏မျက်နှာလေးရဲတက်လာ၏။

သူမနောက်ဆုံးစကားအားပြောချိန်တွင် သူမ၏ခေါင်းလေးအား ရှက်ရွံ့စွာဖြင့်ငုံ့ထားပြီး လဲ့ရှောင်းအားထပ်မံ၍ ကြည့်ရဲခြင်းမရှိချေ။

လဲ့ရှောင်းမှာ ရွှယ်ရီရီနှင့် ရွှယ်ယိုတို့ကို လျစ်လျူရှုလိုက်သည်။

သူစကားပြောပြီးသောအခါတွင် ရှစ်ဖုန့်မှာ ပျံသန်းနိုင်သော နတ်ဆိုးသားရဲ၏ အပေါ်၌ မပြောင်းလဲသောမျက်နှာအမူအယာဖြင့် ရပ်နေသေးသည်ကို တွေ့ရသည်။

၎င်းမှာသူ့ကို ဂရုမစိုက်ခြင်းပင်ဖြစ်သည်။သူပြောခဲ့သမျှအားလုံးက အဓိပ္ပါယ် မရှိသကဲ့သို့ပင်။

သူ၏စိတ်ကူးထဲတွင် ထိုလူက သူ့အားမြင်တွေ့သည်နှင့် နောင်တရမှု၊ကြောက်ရွံ့မှု၊ ချောက်ခြားမှုတို့ ဖြစ်နေသင့်သည်။

ထို့နောက်တွင် ၎င်းအနေဖြင့် သူ့အား ဒူးထောက်၍ တက်နိုင်သမျှ အစွမ်းကုန်သူ့အကြိုက်လိုက်လုပ်ရလိမ့်မည်ဖြစ်သည်။

၎င်းကိုယ်၎င်း ဘယ်ပြန်ညာပြန် ပါးချ၍ သနားညှာတာပေးပါရန် တောင်းပန်ရမည်ဖြစ်၏။

“ငါမင်းကို အခွင့်အရေးပေးတာကို မင်းကမယူဘူး……ဒါဆိုလည်း ငါကိုယ်တိုင်ပဲလုပ်ပါရစေ”

“ငါမင်းရဲ့လက်သည်းတွေကိုတစ်ခုချင်းဆီ ဆွဲချွတ်ပြီးတော့ လက်တွေကိုလည်းတစ်ချောင်းချင်းချိုးပစ်မယ်”

လဲ့ရှောင်းက အေးစက်စွာပြောလိုက်သည်။

သူက ရွှယ်ရီရီနှင့် သူမမြင်းဖြူအား ဘယ်လက်ကို ဆန့်ထုတ်၍ သူ့လမ်းကြောင်းမှတွန်းဖယ်လိုက်သည်။

ခရမ်းရောင် လျှပ်စီးငှက်က ၎င်း၏အတောင်တို့ကို ဖြည်းညှင်းစွာခပ်၍ လဲ့ရှောင်းနှင့်အတူ ရှစ်ဖုန့်ထံ ဖြည်းညှင်းစွာ ချည်းကပ်လာသည်။

လဲ့ရှောင်း၏စကားတို့နှင့် အဆင့်နိမ့်သိုင်းသမားထံချည်းကပ်သွားသော လဲ့ရှောင်းကို မြင်လိုက်ရသောအခါတွင် ထိုအဆင့်နိမ့်သိုင်း သမားမှာ လဲ့ရှောင်း၏ ရန်သူဖြစ်သည်ကို ရွှယ်ရီရီ နောက်ဆုံး၌ သဘောပေါက်သွားသည်။

သို့သော် ထိုအရာကပင် ရွှယ်ရီရီအားပိုမို၍ ပဟေဠိဖြစ်စေသည်။

သူမတွင်လည်း ရွှယ်ယိုကဲ့သို့တူညီသောအတွေးရှိနေသည်။

၎င်းမှာ အဆင့်နိမ့်သိုင်းသမားတစ်ယောက်သာဖြစ်ပြီး ကြယ်သုံးပွင့် စစ်သည်တော် နယ်ပယ်ဖြစ်သည်။

ဤလိုလူတစ်ယောက်နှင့် အကိုလဲ့ရှောင်းက မည်ကဲ့သို့ ရန်သူဖြစ်လာရပါသနည်း။

ဤကဲ့သို့ ရန်သူတစ်ယောက်ရှိနေခြင်းသည် သူတို့၏ အဆင့်အတန်းကို ပင် နိမ့်ကျစေသည်။

“အကို လဲ့ရှောင်း ညီမဆီမှာ ဒီသကောင့်သားကို နှိပ်စက်ညှင်းပန်းဖို့ နည်းလမ်းတစ်ခုရှိတယ်”

“အကို ကြိုက်နှစ်သက်စေရမယ်လို့ ညီမအာမခံတယ်”

“အဲ့ထက်ပိုတာကား အဲ့အရာဟာ သူလုံးဝကို မမေ့သွားစေနိုင် မဲ့ အရာမျိုး ပဲ “

၎င်းက အကိုလဲ့ရှောင်း၏ ရန်သူ ဖြစ်သောကြောင့် သူမအနေဖြင့်၎င်းအား ဒဏ်ခတ်ရန် နည်းလမ်းတစ်ခုအား စဉ်းစားပြီး သူ့ကို ပျော်ရွှင်စေရန်လုပ်ဆောင်ပေးရပေမည်။

“အိုး….ညီမလေးရီရီဆီက ဒီနယ်မြေမှာ ရှာဖွေမှု အချို့တောင် လုပ်ပြီးပြီလား”

ရွှယ်ရီရီ၏စကားတို့အား ကြားလိုက်ရသောအခါတွင် ရွှယ်ယိုက သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဒါပေါ့”

ရွှယ်ရီရီမှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါဆို ငါ့ကို မြန်မြန်လေးပြောပြ စမ်းပါ”

ရွှယ်ယို၏ အမူအယာမှာ ပိုမို၍ သိချင်စိတ် ပြင်းပြလာသည်။

“ဟီးဟီး”

ရွှယ်ရီရီက သူမ၏ ခေါင်းလေးကို မငုံ့လိုက်ခင် နားလည်ရခတ်သော အပြုံးကို ပြုံးလိုက်သည်။

သူမက ရွှယ်ယို၏ အောက်ရှိ သွေးရောင် ကျီးကန်းအား ကြည့်၍ပြုံးကာပြောလိုက်သည်။

“ငါသာမှတ်မိတာမှ နင့်သားရဲက အမမဟုတ်လား”

“ဟုတ်တယ်”

ရွှယ်ယို၏မျက်လုံးတို့က ရွှယ်ရီရီ ပြောချင်သည်အား နားလည်သွားသောကြောင့် လက်ကနဲဖြစ်သွားသည်။

သူက တသောသော ရယ်မော၍ ပြောလိုက်သည်။

“ငါနားလည်ပြီ….ငါအခုနားလည်သွားပြီ”

“ထင်တဲ့အတိုင်းပဲ ညီမလေးရီရီ မင်းက တကယ်တော်တဲ့သူပဲ…ငါဘာလို့အရင်ကဒါကိုမတွေးမိတာပါလိမ့်”

ရှစ်ဖုန့်မှာ သူတို့နှစ်ဦးကြားရှိစကားတို့အား အစကတည်းက ကြားနေရသည်။ဤနှစ်ယောက်မှာ မြင့်မားသော ဂုဏ်အဆင့်အတန်းများရှိကြသော်လည်း သာမန်လူများအပေါ်တွင် လူသားများဟုမရှုမြင်ကြချေ။

“ဟမ့် …ငါလည်းဒါကိုမျှော်နေတာ”

ရှစ်ဖုန့်က ခေါင်းငုံ့၍ သူ့အောက်ရှိ ဝံပုလွေကို ကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

“မင်းတော့ ဇာတာတက်တာပဲ”

ရှစ်ဖုန့်အောက်ရှိ ငရဝံပုလွေက လဲ့ရှောင်း၏ ခရမ်းရောင်လျှပ်စီး ငှက် ၎င်းနှင့်အတူချဉ်းကပ်လာသည်ကို မြင်လိုက်ရသော အခါတွင် ဟိန်းဟောက်လိုက်သည်။

“ဖျစ်….ဖျစ်..ဖျစ်”

မကြာခင် ရှစ်ဖုန့်မှာ လျှပ်စီးသံတို့ကို ကြားလိုက်ရသည်။

သူ့ခေါင်းအားမော့ကြည့်လိုက်သော အခါတွင် လဲ့ရှောင်း၏ဘယ်လက်၌ ခရမ်းရောင်လျှပ်စီးတို့ ရစ်ခွေနေပြီး ၎င်းက သူ့ညာလက်အား သာမန်ကာလျှံကာဖမ်း၍ ဆွဲလိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်က အေးစက်စွာနှာမှုတ်လိုက်ပြီး သူ့ညာလက်ကို ဆန့်ထုတ်၍ ခရမ်းရောင်လျှပ်စီးတို့ရစ်ခွေနေသော လဲ့ရှောင်း၏ဘယ်လက်ဖြင့် ထိတွေ့စေလိုက်သည်။

လဲ့ရှောင်း၏ အေးစက်ပြီး ချောမောသောမျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားသည်။

ဆက်ရန်……

ဘာသာပြန်သူ- ARISE

All Chapters