← Chapters

အပိုင်း (၁၀၃)

Vol. 7 Ch. 103

အပိုင်း (၁၀၃)

Vol. 7 Ch. 103

ရှစ်ဖုန့်၏ညာလက်က လဲ့ရှောင်း၏ဘယ်လက်ဖြင့်ထိတွေ့မိချိန်တွင် သွေးရောင်မီးတောက်က ရုတ်တရက် သူ၏လက်မှထွက်ပေါ်လာသည်။

ခရမ်းရောင် လျှပ်စီးတို့ ရစ်ခွေနေသော လဲ့ရှောင်း၏ ဘယ်လက်မှာ ရုတ်ချည်း လောင်ကျွမ်းခံလိုက်ရသည်။

မကြာခင် သွေးနီရောင်မီးတောက်က လဲ့ရှောင်းနှင့် သူ့အောက်ရှိလျှပ်စီးငှက်ထံသို့ ပျံ့နှံ့သွားသည်။

“မဟုတ်ဖူး”

လဲ့ရှောင်း၏ခရမ်းရောင်ဆံပင်နှင့် ဦးခေါင်းမှလွဲ ပြီး အောက်ပိုင်းတစ်ကိုယ်လုံးမှာ သွေးနီရောင်မီးတောက်တို့၏ လောင်ကျွမ်းခံလိုက်ရသည်။

သူ၏မျက်လုံးတို့က ပြူးနေကာ မျက်နှာထက်တွင် ကြောက်ရွံ့မှု၊နာကျင်မှုတို့ဖြင့်ပြည့်နေပြီး ကျယ်လောင်စွာအောက်ဟစ်နေသည်။

ဤအရာအားလုံးမှာ အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင််ဖြစ်သည်။

လဲ့ရှောင်းအနေဖြင့် သူအလွယ်တကူ နင်းခြေပစ်၍ ရမည်ဟုထင်ခဲ့သောသူ၌ ဤကဲ့သို့သော သူအားဖိနှိပ်ပစ်နိုင်သည့် စွမ်းအားများပေါက်ကွဲထွက်လာလိမ့်မည်ဟု သူလုံးဝစိတ်ကူးထားခဲ့မိခြင်းမရှိပါ။

ဤအချိန်တွင် လဲ့ရှောင်းမှာ သူ့၌ အဆုံးမရှိသော လောင်ကျွမ်းနာကျင်မှုများဖြင့်ပြည့်နှက်နေသည်ဟု ခံစားရသည်။

သူ့၌ ဘာခုခံနိုင်စွမ်းမှ ရှိမနေချေ။

“မင်းတို့တွေက လူတွေကို နှိပ်စက်ညှင်းပန်းရတာကို ကြိုက်ကြတယ်မလား…ဒါဆိုရင် ဖြည်းဖြည်းချင်းလောင်ကျွမ်းပြီးတော့ ဖြည်းဖြည်းချင်းသေဆုံးရတဲ့ အရသာလေးကို ခံစားကြည့်လိုက်”

ရှစ်ဖုန့်က လဲ့ရှောင်းကို ပြောလိုက်သည်။

သွေးနီရောင်မီးတောက်က လဲ့ရှောင်း၏တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီး မကြာခင်တွင် ၎င်း၏ ဦးခေါင်းကိုပါ ဝါးမျိုလိုက်သည်။

အခြာတစ်ဖက်တွင် ရွှယ်ယို နှင့် ရွှယ်ရီရီ တို့မှာ မယုံကြည်နိုင်မှုအပြည့်ဖြင့် မျက်လုံးများပြူးကျယ်နေသည်၊။

ခရမ်းရောင်မိုးကြိုးဂိုဏ်း၏ အနာဂတ်ခေါင်းဆောင်ဖြစ်ပြီး ကြယ်ကိုးပွင့် နယ်ပယ် အဆင့်ရှိသောသူ လဲ့ရှောင်းမှာ တကယ့်ကို မီးတောက်လူသားပုံရိပ်တစ်ခု အဖြစ်ပြောင်းလဲသွားသည်။

၎င်းမှာ အစောပိုင်းကပင် နာကျင်မှုတို့ကြောင့် ဟစ်အော်နေသေးသည်။

လဲ့ရှောင်းအားထိုသို့ဖြစ်အောင် လုပ်ခဲ့သောသူမှာ သူတို့အစောပိုင်းက ပြောခဲ့ကြသော အဆင့်နိမ့်သိုင်းသမားပင်ဖြစ်သည်။

သူတို့မှာ၎င်းအား ဘဝတစ်ခုလုံးစာအတွက် မည်ကဲ့သို့ညှင်းပန်းနှိပ်စက်ရမည်လဲ ဟူ၍ပင် တွေးခဲ့ကြသေးသည်။

“မကောင်းတော့ဘူ….ပြေး”

ရွှယ်ယိုမှာ ပထမဆုံး ဆုတ်ခွှာသည့်သူဖြစ်သည်။

သူက သူ့အောက်ရှိ သွေးကျီးကန်းအား ထွက်ပြေးရန် အလျှင်အမြန်မောင်း နှင်လိုက်သည်။

သူတို့အနေဖြင့် ဤတစ်ကြိမ်တွင် သံမဏိပြားတစ်ခုအား သွားကန်မိပြီဖြစ်သည်ကို သူသိလိုက်သည်။

ဤပုဂ္ဂိုလ်မှာ အမြင်အရကြယ်သုံးပွင့်စစ်သည် တစ်ယောက်ပုံစံရှိသော်လည်း မည်ကဲ့သို့ ကြယ်သုံးပွင့် စစ်သည်တော်နယ်ပယ်တစ်ယောက်ဖြစ်နိုင်ပါအံ့နည်း။

လဲ့ရှောင်းအားလောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်အား မြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားကိုပင် တဆက်ဆက်တုန်ယင်စေသော ခံစားမှုကို သူခံစားနိုင်သည်။

“ဟမ့်”

“မင်းက ထွက်ပြေးချင်တာလား”

ရှစ်ဖုန့်က ရွှယ်ယိုကို ကြည့်၍ အေးစက်စွာ နှာမှုတ်လိုက်သည်။

ရှစ်ဖုန့်က သူ့ညာလက်အား လက်သင်္ကေတဆီးလ်ပုံစံတစ်ခုအား လုပ်လိုက်ချိန်တွင် ရွှယ်ယိုမှာ ကောင်းကင်ထက်ရှိ အပူချိန်တို့ ရုတ်ချည်းတစ်ဟုန်ထိုး ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိလေတို့နှင့် သူ၏ကိုယ်မှာ အေးစက်မှုကြောင့် အေးခဲလာသည်ကို လည်းခံစားနိုင်သည်။

သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့အတွက်လှုပ်ရှားရန် အရမ်းကို ခက်ခဲလာသည်။

ရွှယ်ယိုတစ်ယောက်တည်းသာမကဘဲ သူ၏အောက်တွင်ရှိနေသော အဆင့်လေး သွေးကျီးကန်းမှာလည်းထို့အတူပင်ဖြစ်သည်။

“ငရဲဘုံကိုခု ရေခဲဆီးလ် အစီအရင်”

၎င်းမှာ အလွန်ပြင်းထန်သော ယင်နှင့်အေးစက်သော ငရဲဘုံစွမ်းအင်ကို အသက်သွင်း၍ နေရာတစ်ခုလုံးအား အေးခဲစေခြင်းဖြစ်သည်။

“အကို လဲ့ရှောင်း’

ထိုစဉ်ရွှယ်ရီရီမှာ မှင်တက်နေရာမှ အသိပြန်ဝင်လာပြီး သွေးရောင်မီးတောက်ပုံရိပ်အတွင်းတွင် မီးရှို့ဖျက်ဆီးခံနေရသော လဲ့ရှောင်းအားမြင်လိုက်ရသောအခါ လဲ့ရှောင်းကို ကယ်တင်ရန် အတွက် သူမ၏ အဖြူရောင်မြင်းပျံကို ၎င်းထံ အလျှင်အမြန် မောင်းနှင်လိုက်သည်။

သို့သော် ရွှယ်ရီရီ လှုပ်ရှားလိုက်သော အခါတွင် သူမကိုယ်နှင့် ပတ်ဝန်းကျင်လေထုမှာ အေးခဲ တောင့်တင်းလာသည်ကို သူမရုတ်တရက် သဘောပေါက်လိုက်မိသည်။

သူမသည်လည်း မလှုပ်ရှားနိုင်ပေ။

ထိုအချိန်တွင် ရှစ်ဖုန့်က ဝံပုလွေကို ထိန်းချုပ်ပြီး သူတို့နှစ်ဦးထံသို့ဖြည်းညှင်းစွာ ပျံသန်းလာသည်။

သူကပြုံး၍ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ခုဏတုံးက ဆွေးနွေးနေကြတဲ့ အစီအစဉ်ကို ငါသဘောကျတယ်”

“ငါအဲ့တာကို လက်သင့်ခံပါတယ်”

“ မဟုတ်ဖူး….အဲ့တာငါမဟုတ်ဖူး….အားလုံးက အဲ့မိန်းမရဲ့အကြံတွေ…ငါနဲ့ဘာမှ မဆိုင်ဘူး”

ရှုစ််ဖုန့်၏စကားတို့အား ကြားလိုက်ရသော အခါတွင် ရွှယ်ယို က အလျှင်အမြန် ရှင်းပြလိုက်သည်။

“ရွှယ်ယို….သူတောင်းစားကောင်”

ရွှယ်ယို၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ရွှယ်ရီရီ မှာ ဆဲဆိုလိုက်သည်။

ထို့နောက်သူမက ဖြည်းညှင်းစွာ ချဉ်းကပ်လာသော ရှစ်ဖုန့်ကို ကြည့်ကာ မာန်ဖီလိုက်သည်။

“နင်ဘာလိုချင်တာလဲပြော”

“နင်အရမ်းကို ဘဝင်မြင့်မနေတာကောင်မယ်….ငါနဲ့ အကို လဲ့ရှောင်းကို တက်နိုင်သမျှမြန်မြန် လွှတ်ပေးစမ်း”

ရွှယ်ရီရီ၏ မှာ အောက်စည်းသို့ရောက်နေသည်တောင် ကြောက်ရွံ့သည့်ပုံမပေါ်ပေ။

ရွှယ်ယိုမှလည်းထို့အတူပင်ဖြစ်သည်။

ယွင်လိုင်အင်ပါယာ၏ နယ်နိမိတ်အတွင်းတွင် သူ့အား သတ်ဖြတ်ရဲသောသူ ရှိမည်ဟုသူ မယုံပေ။

လဲ့ရှောင်းပင် သွေးနီရောင်မီးတောက်၏ လောင်သည်ဆိုရုံသာ ခံစားရပြီး အသတ်မခံရသေးသည်ကို သူခံစားမိသည်။၏

“မင်းတို့ကို လွှတ်ပေး ရမယ်တဲ့လား”

ထိုအရာအား ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်မှာ တော်တော်လေးရယ်စရာကောင်းသည်ဟုခံစားရသည်။

သူကခေါင်းငုံ့၍ ဝံပုလွေကို ပြောလိုက်သည်။

“ကောင်ဆိုးလေး ဒီမိန်းမက မင်းကို နောက်ကျရင် အချိန်ကောင်း တစ်ခုကို ပေးလိမ့်မယ်”

“နင်မလုပ်ရဲပါဘူး”

ရှစ်ဖုန့်၏ စကာတို့အားကြားလိုက်ရသော အခါတွင် ရွှယ်ရီရီမှာ ချက်ခြင်း အော်ပြောလိုက်သည်။

ယခုအချိန်ထိတိုင် သူမအနေဖြင့် ရှစ်ဖုန့်မှာ သူမအားတကယ်ထို့သို့ မလုပ်ရဲဘဲ ခြိမ်းခြောက်ရုံသာ ဖြစ်သည် ဟု ခံစားနေရသေးသည်။

သို့သော် ဤခြိမ်းခြောက်မှုကပင် သူမအား စော်ကားလွန်းသည်ဟု ရွှယ်ရီရီ ခံစားရသည်။

“ဝေါင်း….ဝေါင်း….ဝေါင်း”

ဝံပုလွေက ရှစ်ဖုန့်၏စကားအားကြားလိုက်ရသော အခါတွင် ချက်ခြင်း ဟိန်းဟောက်လိုက်ပြီး ၎င်း၏ခေါင်းအား အသားကုန်ခါယမ်းပြသည်။

“ဘာဖြစ်လို့လဲ..မင်းကဒီလိုအမှိုက်မျိုးကို မကြိုက်လို့လား”

ရှစ်ဖုန့်ကမေးလိုက်သည်။

သူချက်ခြင်း နားလည်လိုက်သည်။

ဤသားရဲ အနေဖြင့် ဒီမိန်းမအား သူနှင့်မထိုက်တန်ဟု ခံစားရခြင်းဖြစ်နိုင်လောက်သည်။

၎င်း၏မျက်လုံးထဲတွင်တော့ ဝံပုလွေ အမတို့ကသာ တကယ့် အလှပဂေးဖြစ်သည်။

“ဝေါင်း”

ဝံပုလွေက ရှစ်ဖုန့်အားထပ်မံ၍ ဟိန်းဟောက်တုန့်ပြန်သည်။

“ဆိုးတာပဲ…ဒါက”

ရှစ်ဖုန့်က နောင်တရစွာဖြင့်သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူကခေါင်းကိုမော့၍ သူ့အကြည့်တို့ကို ရွှယ်ရီရီ ထံသို့ပြောင်းလိုက်သည်။

သူကပျော်စေပျက်စေ အမူအယာဖြင့် ပြောလိုက်သည်။

“တကယ်တော့မင်းကဘယ်လိုပဲဖြစ်နေပါစေ နည်းနည်းတောလှတယ်လို့သုံးသပ်လို့ပါတယ်”

“ဒီသားရဲက သူ့မျက်လုံးတွေကို ဝံပုလွေအမတွေအပေါ်မှာပဲ ထားတာက တော်တော်လေးကိုဆိုးတာပဲ”

“သူ့ခံစားချက်တွေကို အမှားအယွင်း မခံဘူးဆိုမှတော့လည်း…မင်းသေလို့ရပြီ’

ရှစ်ဖုန့်က စကားပြောရင်း သူ့လက်ကို ဓားပုံသဏ္ဍန်ပုံဖော်၍ ရွှယ်ရီရီကို ခုတ်ပိုင်းချလိုက်သည်။

“မဟုတ်ဖူး…ဒါကဘာလို့ဒီလိုမျိုး ဖြစ်ရတာလဲ”

ရွှယ်ရီရီ၏ လှပသောမျက်နှာလေးမှာ ချက်ခြင်းဖြူဖျော့သွားသည်။သူမ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေဆဲဖြစ်သည်။သူမ၏ မျက်နှာမှစတင်၍ သူမကိုယ်မှာ တောက်လျှောက် ဟက်တက်ကွဲသွားသည်။

သွေးတို့ပန်းထွက်လာပြီး ရှစ်ဖုန့်၏ လျှင်မြန်စွာ စုပ်ယူမှုကို ခံလိုက်ရသည်။

ငယ်ရွယ်ပြီး လှပသော မိန်းမပျိုလေးမှာ လျှင်မြန်စွာဖြင့် ခြောက်သွေ့သော အလောင်းနှစ်ပိုင်း အဖြစ်သို့ပြောင်းသွားပြီးကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

မြင်းဖြူသည်လည်းသခင်နှင့်အတူ ရှုံ့တွသော အလောင်းအဖြစ်ဖြင့် အောက်သို့ ပြုတ်ကျလာ၏။

“မင်း…မင်းတကယ်ကြီး သူမကို သတ်ခဲ့တာပဲ…သူမက ဘယ်သူလဲဆိုတာကို မင်းသိလား”

ရွှယ်ယို၏မျက်လုံးတို့မှာ သူငယ်အိမ်ထဲမှ ပြုတ်ထွက်မတက် ပြူးကျယ်နေသည်။

ပန်းတစ်ပွင့်အား အကြင်နာမဲ့စွာ ဖျက်ဆီးခြင်း၊တကယ့်ကိုပန်းတစ်ပွင့်အား အကြင်နာမဲ့စွာ ဖျက်ဆီးခြင်းပန်းတစ်ပွင့်အား အကြင်နာမဲ့စွာ ဖျက်ဆီးခြင်းပင်ဖြစ်သည်။

ရေခဲနှင်းတောင်ကြား၏ မြင့်မြတ်သော မိန်းမပျို မှာ ဤကဲ့သို့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်သာမက သူမ၏သွေးတို့ပင် ဝါးမျို ခံလိုက်ရပြီး ခြောက်သွေ့ရှုံ့တွသော အလောင်း အပိုင်း အစနှစ်ခုအဖြစ်သို့ပြောင်းသွား ရသည်။

“အံ့ဖွယ် သွေးစုပ်ယူခြင်း ပညာရပ်”

ရွှယ်ယိုမှာ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်မိသည်။

သူ့တစ်ကိုယ်လုံးခေါင်းအစခြေအဆုံးအေးစက်သွားမိ၏။

သွေးစုပ်ယူခြင်း အံ့ဖွယ်ပညာရပ်ကို တစ်ခြားသူများ သိချင်မှသိကြလိမ့်မည်ဖြစ်သော်လည်း သူကဲ့သို့ သွေးမိစ္ဆာဂိုဏ်းမှ လူတစ်ယောက်ကတော့ ထိုအရာအားသိသည်။

သို့သော်ထိုပညာရပ်မှာ ပျောက်ဆုံးသွားပြီးဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်မဟုတ်ပါလော။

ဤပုဂ္ဂိုလ်က သူ့အားခြောက်လှန့်ဖို့ကြိုးစားနေခြင်း မဟုတ်ကြောင်းကို ရွှယ်ယိုသိသည်။

ရွှယ်ယိုအနေဖြင့် ၎င်း၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ခံရနိုင်၏။

သူလုပ်ဆောင်နိုင်သောအရာဟူ၍ ရှိ မနေချေ။

လဲ့ရှောင်းမှာကား သွေးရောင်မီးတောက်၏လောင်ကျွမ်းမှုကို ခံစားနေရဆဲဖြစ်ပြီး သေလောက်ပီပင်ဖြစ်နိုင်လောက်သည်။

သူအလွယ်တကူချိုးပစ်၍ ရနိုင်မည်ဟုထင်ခဲ့သောလက်တို့က ယခုအခါတွင် သူ့အား အလွယ်တကူး ခြေမွ သတ်ပစ်နိုင်နေပြီဖြစ်သည်။

ရှစ်ဖုန့်ကသူ့အားပျော်စေပျက်စေ အမူအယာဖြင့်လှည့်ကြည့်သည်ကို တွေ့ရသောအခါတွင် ရွှယ်ယို၏ နှလုံးခုန်သံတို့ မြန်ဆန်လာသည်။

“ငါ့ကိုမသတ်ပါနဲ့”

ရွှယ်ယိုက သူ့ပါးစပ်ကို ဖွင့်ဟ၍ သနားညှာတာပေးရန်တောင်းပန်သည်။

“ခုဏတုံးက မင်းလုပ်ချင်တယ်ဆိုတာကို ငါအခုစောင့်နေတာကြာပီ..အခုလုပ်လို့ရပီ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“မဟုတ်ဖူး….ဟင့်အင်း …ဒါကဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ”

ရွှယ်ယိုက အသည်းအသန်ခေါင်းခါသည်။

“တစ်ခြားသူတွေတောင် လုပ်နိုင်တာ မင်းကဘာလို့မလုပ်နိုင်ရတာလဲ သောက် အဓိပ္ပါယ်မရှိတာလာပြောမနေနဲ့…..မင်းလုပ်မလား..ဒါမှမဟုတ် ငါမင်းကို သတ်ရမလား”

ရှစ်ဖုန့်၏ ညာလက်မှာ လှစ်ကနဲဖြစ်သွားပြီး သွေးဓားမှာ သူ့လက်ထဲတွင်ပေါ်လာသည်။

သူကရွှယ်ယိုကို ၎င်းဖြင့်ထိုးချိန်လိုက်သည်။

“ငါခုဏက ကြားခဲ့တယ်လေ မင်းရဲ့သွေးကျီးကန်းက အမဆိုတာကို “

“မင်း…မင်း အရမ်းများသွားပြီ..ငါ့သွေးမိစ္ဆာဂိုဏ်းက မင်းကို လွှတ်ပေးမှာ မဟုတ်ဖူး”

ရွှယ်ယိုက အံကိုကြိတ်ကာ ရှစ်ဖုန့်ကို အော်ပြောလိုက်သည်။

ရွှယ်ယို စကားပြောပြီးသော အခါတွင် ရှစ်ဖုန့်က သူ၏ဓားကို လွှဲယမ်းလိုက်ပြီး ရွှယ်ယိုနှင်းသွေးကျီးကန်းကို နှစ်ပိုင်းဖြစ်အောင် ခုတ်ပိုင်းလိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ- ARISE

All Chapters