← Chapters

အပိုင်း(၁၀၄)

Vol. 7 Ch. 104

အပိုင်း(၁၀၄)

Vol. 7 Ch. 104

ရွှယ်ယိုအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးသည့်နောက်တွင် ရှစ်ဖုန့်က ဖြည်းညှင်းစွာလှည့်လိုက်သည်။

သူလှည့်လိုက်သော အချိန်တွင် လဲ့ရှောင်းအားလောင်ကျွမ်းနေသောသွေးနီရောင်မီးတောက်က သူ့ကိုယ်အတွင်းသို့ ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။

သွေးမီးတောက်အတွင်းတွင် လဲ့ရှောင်းနှင့် ခရမ်းရောင်မိုးလျှပ်စီးငှက်တို့၏ သွေးတို့နှင့် သို့လှောင်လက်စွပ်၊ အဆင့်ငါးလက်နက် လျှပ်စီးမိုးကြိုးဓားတို့ပါလာသည်။

သွေးနီရောင်မီးတောက်က သူ၏ကိုယ်အတွင်းသို့ များပြားသော သွေးပမာဏတို့ကို ယူဆောင်လာခဲ့သည်။

ရှစ်ဖုန့်က သူ၏ဘယ်လက်ကိုဆန့်ထုတ်လိုက်ပြီး သိုလှောင်လက်စွပ်နှင့် သွေးဓားတို့ကို ယူလိုက်သည်။

ရှစ်ဖုန့်ခုတ်ပိုင်းမှုကြောင့် သိပ်သည်းလှသော လျှပ်စီးဓားအလင်းတစ်ခုကဲ့သို့ အလင်းလှိုင်းတစ်ခုနှင့်အတူ မိုးကြိုး လျှပ်စီးပေါက်ကွဲသံများ ယှဉ်တွဲထွက်ပေါ်လာသည်။

“အဆင့်ငါး လျှပ်စီးအခြေပြု လက်နက်တစ်ခု…မဆိုးပါဘူး”

ရှစ်ဖုန့်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီး လျှပ်စီးဓားအား သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်သည်။

အဆင့်ငါးလက်နက်တစ်ခုဖြင့်ဆိုပါက ရှစ်ဖုန့်၏ တိုက်ခိုက်နိုင်မှုစွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်လာလိမ့်မည်ဖြစ်သည်။

“သွားစို့”

ရှစ်ဖုန့်က ဝံပုလွေအားစန်းယွဲ့မြို့သို့ ပျံသန်းရန်အတွက် အမိန့်ပေးလိုက်သည်။

ခရမ်းရောင်မိုးကြိုးတောင် မှာ အလွန်ကြီးမားသော ခရမ်းရောင်တောင်တစ်လုံးဖြစ်ပြီး ၎င်း၏ ပုံသဏ္ဍန်မှာ ဓားတစ်ချောင်းပုံစံရှိပြီး လျှပ်စီးဓားတစ်ချောင်းက တိမ်တိုက်တို့အား ဖြတ်သန်းထိုးဖောက်နေသကဲ့သို့ပင်ဖြစ်သည်။

ထိုအချိန်တွင် ဒေါသအမျက်ချောင်းချောင်းထွက်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး တောင်တစ်ခုလုံး အလွန်ကြီးမားသော ငလျှင်ကြီးတစ်ခု လှုပ်ခတ်သည်ကို တွေ့ကြုံရသကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားသည်။

“သွားစုံစမ်းကြစမ်း …..မင်းတို့ကောင်တွေမြန်မြန် သွားစုံစမ်းကြစမ်း….ရှောင်းအာ”

“ ဘယ်သောက်တိရစ္ဆာန်က ငါ့ရှောင်းအာလေးကို သတ်သွားတယ်ဆိုတာကို စုံစမ်းကြစမ်း သောက်သုံးမကျတဲ့ အမှိုက်ကောင်တွေရ”

“သုံးရက်အတွင်း ဘယ်သူလုပ်တယ်ဆိုတာကို မင်းတို့ရှာမတွေ့ခဲ့ရင် မင်းတို့ခေါင်းတွေကို ပဲ ငါ့ဆီကို ယူလာခဲ့ကြ”

“သွားကြစမ်း”

နောက်ဆုံးကြိမ်းဝါးသော အသံမှာ မိုးကြိုးနတ်ဘုရားတစ်ပါး၏ အမျက်ဒေါသကဲ့သို့ ပင်ဖြစ်သည်။

ခရမ်းရောင်မိုးကြိုးတောင်မှာ နောက်တစ်ကြိမ်ထပ်မံ၍ အပြင်းအထန်တုန်ခါသွားပြန်သည်။

ရေခဲနှင်းတောင်ကြား

အဖြူရောင်ဝတ်စုံတို့ကို ဝတ်ဆင်ထားကြသော လှပချောမောသော မိန်းမငယ်လေးများက အဖြူရောင်နတ်ဆိုးသားရဲတို့ကို စီးနင်း၍ တောင်းကြားအတွင်းမှ ထွက်လာကြသည်။

တောင်ကြားအရှင်သခင်က ရွှယ်ရီရီ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် အတွက် အမိန့်ပေးလိုက်၏။

သွေးမိစ္ဆာဂိုဏ်း

ဒဏ္ဍာရီများ အရ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က သွေးမိစ္ဆာဂိုဏ်း အား သွေးမိစ္ဆာဂိုဏ်း မခေါ်ပေ။

ထိုအစား ကောင်းကင်နတ်ဆိုးဂိုဏ်းဟု ခေါ်ခဲ့သည်။

နောက်ပိုင်းတွင် ပါရမီရှင်တစ်ယောက်ပေါ်လာခဲ့ပြီး သွေးဝါးမျိုနတ်ဆိုးပညာရပ်နှင့် ခန္ဓာသန့်စင် သွေးနတ်ဆိုး ပညာရပ်တို့ကို တီထွင်ဖန်တီးခဲ့ကာ ထိုပညာရပ်တို့ကို အသုံးပြု၍ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်း ခေါင်းဆောင်နေရာကို သိမ်းယူခဲ့ပြီး ဂိုဏ်းအား သွေးမိစ္ဆာဂိုဏ်းဟု ပြောင်းလဲခဲ့သည်။

နောက်ပိုင်းတွင် သွေးမိစ္ဆာဂိုဏ်းအတွင်းရှိ လူတိုင်းမှာ ထိုပညာရပ်နှစ်ခုကို ကျင့်ကြံကြ၏။

နမည်အတိုင်းပင် သွေးဝါးမျိုနတ်ဆိုးပညာရပ်မှာ သက်ရှိသတ္တဝါတို့၏ သွေးကို ဝါးမျိုပြီး အရင်းအမြစ်စွမ်းအင်တို့အဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။

ခန္ဓာသန့်စင် သွေးနတ်ဆိုးပညာရပ်မှာမူ ခန္ဓာကိုယ်အား သန့်စင်ရန်အတွက် ပညာရပ်ဖြစ်သည်။ ခန္ဓာကိုယ်အား သွေးကန်ထဲတွင် စိမ်ပြီး လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ခန္ဓာကိုယ်အားသန့်စင်ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် သွေးမိစ္ဆာဂိုဏ်းမှာ သက်ရှိသတ္တဝါတို့ကို အမဲဖြတ်သကဲ့သို့ သတ်ဖြတ်ကြပြီး ၎င်းတို့၏ သွေးတို့ကို ဝါးမျိုကြသည်။

သူတို့က သွေးတို့ကို အတူတကွ စုစည်း၍ သွေးကန်ကြီး ဖြစ်ပေါ်စေသည်။

သွေးမိစ္ဆာဂိုဏ်း၏ အဖွဲ့ဝင်များက သွေးကန်ထဲတွင် စိမ်ကြပြီး သွေးမိစ္ဆာ ပညာရပ်တို့ကိုအသုံးပြု၍ ကျင့်ကြံခြင်း၊ခန္ဓာကိုယ်ကို သန့်စင်ခြင်းတို့ကို ပြုလုပ်ကြသည်။

နောက်ပိုင်းတွင် သွေးမိစ္ဆာဂိုဏ်းမှာ လူအများအပြားအားသတ်ဖြတ်ခဲ့သောကြောင့် ဖြည်းဖြည်းချင်း လူတိုင်းကသတ်ချင်ကြသော ဂိုဏ်းတစ်ခုဖြစ်လာသည်။

ယွင်လိုင်အင်ပါယာနယ်နိမိတ်အတွင်းရှိ ဧကရာဇ်နှင့် ဂိုဏ်းကြီးများစွာက သွေးသတ်ဖြတ်ခြင်း မဟာမိတ် အဖြစ်ဖွဲ့စည်းလိုက်ကြပြီး သွေးမိစ္ဆာဂိုဏ်းဆီသို့တစ်ဟုန်ထိုးဦးတည်ကြသည်။

ထိုအချိန်က သွေးမိစ္ဆာဂိုဏ်း ခေါင်းဆောင်ပင် အသတ်ခံခဲ့ရသည်။

သို့သော် ပိုက်ကွန်ထဲမှ ငါးတစ်ကောင်တော့လွတ်သွားခဲ့သေးသည်။

သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်၏ အငယ်ဆုံးသားဖြစ်သူ ရွှယ်အောင်းမှာ အစေခံအိုကြီးတစ်ဦး၏ ကာကွယ်ပေးမှုအောက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှ လွတ်မြောက်သွားခဲ့သည်။

သို့သော် ငယ်ရွယ်သော ရွှယ်အောင်းမှာ သွေးဝါးမျို နတ်ဆိုးပညာရပ်အား စတင်မကျင့်ကြံရသေးပေ။သူ့အနေဖြင့် ခန္ဓာသန့်စင် သွေးနတ်ဆိုး ပညာရပ်ကိုသာ သင်ကြားရသေးသည်။

အစုလိုက်အပြုံလိုက် အသတ်ခံရမှုပြီးသွားသည့်နောက်တွင် သွေးဝါးမျို နတ်ဆိုးပညာရပ်မှာ ပျောက်ဆုံးသွားတော့သည်။

မျိုးဆက်အနည်းငယ်ခြားပြီးသည့်နောက်တွင် ရွှယ်အောင်း ၏ မြေးဖြစ်သူ ရွှယ်ယွင်က ခန္ဓာသန့်စင် သွေးနတ်ဆိုးပညာရပ်ကို အသုံးပြု၍ သူ့ခန္ဓာအား အပြည့်အဝသန့်စင်နိုင်ခဲ့သည်။

နောက်ဆုံးတွင် သူသည် သွေးမိစ္ဆာ ဂိုဏ်းကို ပြန်လည်၍ ဖော်ထုတ်ခဲ့သည်။

ထိုအချိန်မှစတင်၍ သွေးမိစ္ဆာဂိုဏ်းမှာ ယွင်လိုင်အင်ပါယာ နယ်နိမိတ်အတွင်းတွင် တစ်ဖန်ပြန်လည်၍ တည်ထောင်လာခဲ့သည်။

သို့သော်ရွှယ်ယွင်မှာ သူတို့၏ဘိုးဘေးများ၏ အမှားမျိုး သွေးမိစာ္ဆဂိုဏ်းတွင် ပြန်လည်ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့သည်။

ထို့ကြောင့်သူက ယွင်လိုင်အင်ပါယာ၏ တောင်ဝင်မိသားစု နှင့်အတူ ဂိုဏ်းပေါင်းများစွာဖြင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

ထိုအချိန်မှစတင်၍ သွေးမိစ္ဆာဂိုဏ်း အနေဖြင့်် ဤဂိုဏ်းများ၏ အဖွဲ့ဝင်များအား စတင်၍ မသတ်ဖြတ်တော့ပေ။သူတို့အနေဖြင့် ယွင်လိုင်အင်ပါယာအတွင်း တရားဝင် လုပ်ကိုင်တာဝန်ထမ်းနေသောသူများကို လည်းသတ်၍မရပေ။

တစ်ခြားနည်းဖြင့်ပြောရလျှင် သွေးမိစာ္ဆဂိုဏ်း အနေဖြင့် တစ်စုံတစ်ယောက်အားသတ်ချင်ပါသော်လည်း ထိုသူမှာ သဘောတူစာချုပ်တွင် လက်မှတ်ရေထိုးထားသော ဂိုဏ်းတို့မှဖြစ်နေပြီး ထိုသူတို့ က စတင်စော်ကားခြင်းမရှိသ၍ သွေးမိစ္ဆာဂိုဏ်းအနေဖြင့် ထိုသူတို့ကို သတ်မည်မဟုတ်ပေ။

ထိုယွင်လိုင်အင်ပါယာ အတွင်းတွင် တရားဝင် လုပ်ကိုင်တာဝန်ထမ်းဆောင်နေကြသော သူများသည်လည်းသူတို့ကိုစတင်မစော်ကားသ၍ သူတို့ကသတ်မည်မဟုတ်ပေ။

သို့သော် တစ်ခြားဂိုဏ်များဖြစ်ကြသော လက်မှတ်ရေးထိုးမှုတွင် မပါဝင်သော သိုင်းကျင့်ကြံသူများနှင့် အရပ်သားသာမန်လူတို့မှာတော့ ထိုအထဲတွင် အကျုံးမဝင်ချေ။

ထိုအချိန်မှစတင်၍ သွေးမိစ္ဆာဂိုဏ်းမှာတကယ့်ကို ကောင်းမွန်သော ပြုမူချက်များရှိလာခဲ့သည်။

ယခုအချိန်ထိတိုင် နှစ်ပေါင်းရှစ်ရာကျော်ဖြတ်သန်းခဲ့သည်အထိ သူတို့အနေဖြင့် လူထုအား ဒေါသူပုန်မထစေခဲ့ပေ။

နောက်ပိုင်းတွင် သွေးမိစ္ဆာဂိုဏ်းမှာ ဖြည်းဖြည်းချင်း အင်အားကြီးမားလာပြီး ယွင်လိုင် အင်ပါယာ နယ်နိမိတ်အတွင်းတွင် တတိယမြောက်အင်အားအကြီးမားဆုံးဂိုဏ်းတစ်ခုဖြစ်လာသည်။

သို့သော်လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်အတွင်း သွေးမိစ္ဆာဂိုဏ်း၌ သွေးဝါးမျို နတ်ဆိုးပညာရပ်ရှိမနေခဲ့ချေ။သူတို့၌ ခန္ဓာသန့်စင် သွေးနတ်ဆိုးပညာရပ်နှင့် အခြားသာမန် သိုင်းပညာရပ် ကျင့်ကြံမှုနည်းလမ်းများသာရှိခဲ့သည်။

ထိုထက်ပိုသည်ကား သူတို့သတ်ခဲ့သမျှ သက်ရှိသတ္တဝါတို့၏ သွေးတို့အား မူလသွေးမြစ်အတွင်းတွင် စုစည်းထားခဲ့သည်။ သွေးဝါးမျို နတ်ဆိုးပညာရပ် ရှိမနေသောကြောင့် သွေးတို့မှာပိုပို၍ စုစည်းလာခဲ့သည်။

ယခုအခါတွင် သွေးမြစ်မှ အကန့်သက်မဲ့ သွေးပင်လယ်ကြီးဖြစ်လာပြီဖြစ်သည်။

“ဘာကွ…..ငါ့မြေးရွှယ်ယိုက တစ်ယောက်ယောက်ရဲ့ အသတ်ခံရတယ်”

သွေးပင်လယ်ထဲတွင် စွမ်းအားကြီးရောင်ဝါနှင့် လူအိုကြီးတစ်ဦးက ဒေါသတို့ထွက်နေသည်။

သွေးပင်လယ်၏ ကမ်းစပ်တွင် ကြက်သွေးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အသက်ကြီးကြီး လူတစ်ယောက်ရှိသည်။

သူ့တွင် ကြက်သွေးရောင်ဆံပင်ရှည်တို့ရှိပြီး မျက်နှာထက်တွင် အရေးအကြောင်အတွန့်အလိပ်တို့ရှိသည်။

တည်ငြိမ်သော အသွင်အပြင်ဖြင့် သူက ဦးညွှတ်၍ သူ့ရှေ့ရှိ ဆူပွက်နေသော သွေးပင်လယ်အား ကြည့်နေသည်။

သူကပြန်၍ဖြေကြားလိုက်သည်။

“ဟုတ်ပါတယ် ဂိုဏ်းခေါင်းဆောင်……..သခင်လေးရဲ့ဝိညာဉ်ကျောက်တုံးဟာ ကွဲကြေသွားပါပြီ”

“မဟုတ်ဖူး”

၎င်းမှာ ပင်လယ်နတ်ဘုရားကဒေါသထွက်ပြီး ကပ်ဘေးဒုက္ခတို့အား အစပျိုးတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

ကြက်သွေးရောင် လှိုင်းလုံးတို့က ကြမ်းကြုတ်စွာ ရိုက်ခတ်လှုပ်ရှားထကြွလာပြီး အပေါ်သို့လှိမ့်တက်လာသည်။

လှိုင်ဂူအတွင်းမှလွတ်ထွက်လာသော သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ ကြက်သွေးရောင် ပုံရိပ်တစ်ခုက သွေးပင်လယ်ထဲမှ တစ်ဟုန်ထိုးထွက်လာပြီး သွေးပင်လယ်၏ အထက်တွင် ရစ်ဝဲနေသည်။

သူကဒေါသတကြီးအော်လိုက်သည်။

“ဘယ်သူလဲ…ဘယ်သူကလုပ်ခဲ့တာလဲ….ငါ့သားက အရင်ဆုံးသေသွားခဲ့ပြီးတော့ ဒီသားလေးတစ်ယောက်ကိုပဲသူချန်ရစ်ထားခဲ့တာ….ငါ့ရဲ့ရေသောက်မြစ်တွေကို ဖျက်ပစ်တဲ့သူက ဘယ်သူလဲကွ…ငါသူ့တစ်မိသားစုလုံးကိုသတ်ပစ်ပြီးတော့ သူ့ဘိုးဘေးတွေ အုပ်ဂူတွေကိုပါ တူးဖော်ပစ်မယ်”

အစောပိုင်းထဲက ဦးညွှတ်ထားဆဲဖြစ်သော လူအိုကြီးက တည်ငြိမ်သော မျက်နှာထားဖြင့် သွေးပင်လယ်၏အထက်ရှိ ကြက်သွေးရောင်ပုံရိပ်ကို တင်ပြလိုက်သည်။

“ ဂိုဏ်းခေါင်ဆောင်ကို ပြန်ဖြေရရင် လူသတ်သမားက ဘယ်သူလဲဆိုတာကို မသိသေးပါဘူး...သို့ပေမဲ့ ဒီငယ်သားရခဲ့တဲ့သတင်းအရ ခရမ်းရောင်မိုးကြိုးဂိုဏ်းက သခင်လေးနဲ့ ရေခဲနှင်းတောင်ကြားက သခင်မလေးတို့ကလည်း သခင်လေးနဲ့ အတူတူ သေဆုံးသွားခဲ့ကြပါတယ်…သူတို့တွေဟာ နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်ဒေသကို သွားခဲ့ကြပုံပါပဲ……”

“စုံစမ်းကြစမ်း….ဒီဂိုဏ်းခေါင်းဆောင်အတွက် သွေးမိစ္ဆာဂိုဏ်းက လူတိုင်ကို စုစည်းပြီးတော့ စုံစမ်းကြ..ဘယ်သူသတ်သွားတာလဲဆိုတာကို ငါတို့သိမှရမယ်”

“ဒီငယ်သား အမိန့်ကို နာခံပါ့မယ်”

ဂိုဏ်းကြီးသုံးဂိုဏ်း၏ မျိုးဆက်များမှာ အသတ်ခံလိုက်ရသည်။

ယွင်လိုင်အင်ပါယာတစ်ခုလုံး အင်ပါယာစတင်တည်ထောင်စဉ်အချိန်ကတည်းက မကြုံတွေ့ဖူးသော ပရမ်းပတာဖြစ်မှုအတွင်းသို့ကျရောက်နေသည်။

ရှို့လင်တောင်တန်း စန်းယွဲ့မြို့ဝေဟင်ထက်တွင်ဖြစ်သည်။

ထိုနေ့က ရှစ်ဖုန့်မှာ နတ်ဆိုးသားရဲမြိုသို့ စန်းယွဲ့မြို့ဆီမှ မြင်း စီး၍လာခဲ့ခြင်းဖြစ်သည်။

သူအတွက် အချိန်တစ်ညတိတိ ယူခဲ့ရ၏။

ယခုသူ့တွင်ငရဲဝံပုလွေရှိပြီးနောက်တွင် ပြန်လာသောအခါ နာရီအနည်းငယ်သာကြာတော့သည်။

ရှစ်ဖုန့်မှာ ထိုညက ယင်မိစ္ဆာကို မြှုပ်နှံခဲ့သော နေရာသို့ ရောက်ရှိလာသည်။

ယင်းနေရာမှာ ရှို့လင်ရွာ၏အနောက်ဘက် ရှို့လင်တောင်တန်းဖြစ်၏။

ဝံပုလွေက ကောင်းကင်ထက်မှဆင်းသက်ပြီး တောအုပ်အတွင်းအပြင်းနှင်လိုက်သည်။

ရှစ်ဖုန့်က ထိုညက ယင်မိစ္ဆာကို မြှုပ်နှံခဲ့သော မြေပြင်ပေါ်သို့ ဝံပုလ၏ အပေါ်မှ ပေါ့ပါးစွာခုန်ဆင်းလိုက်သည်။

ရှစ်ဖုန့်ကသူ့လက်တို့ဖြင့် သင်္ကေတဆီးလ် ပုံစံတို့ကို ဖော်လိုက်သည်။

“ဝုန်း”

ထို့နောက်သူ၏အောက်ဘက်ရှိ မြေပြင်မှာ တုန်ခါလာပြီးနောက် ကွဲအက်သွားသည်။

ထို့နောက်တွင် စုတ်ပြဲနေသောအဝတ်များ ဖျော့တော့ဖြူရော်နေသောမျက်နှာ ပျောက်ကွယ်နေသောလက်နှစ်ဖက်နှင့် အနက်ရောင် အမှတ်အသားတို့ ဖုံးလွှမ်းနေသော ယင်မိစ္ဆာက မြေကြီးထဲမှာထိုးထွက်လာသည်။

“ဝေါင်း”

ဝံပုလွေမှာ မြေကြီးထဲမှ လူ သို့မဟုတ် တစ္ဆေနှင့်မတူသော တစ်စုံတစ်ခုက ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရသောအခါ ချက်ခြင်း ယင်မိစ္ဆာ ကို ဟိန်းဟောက်လိုက်သည်။

“တိတ်စမ်း…”

ရှှစ်ဖုန့်က ဝံပုလွေကို အော်လိုက်သည်။

“ဝု..ဝူး”

ရှစ်ဖုန့်၏ အော်သံကို ကြားလိုက်ရသောအခါ ဝံပုလွေက ၎င်း၏ခေါင်းကို ငုံ့၍ မှားယွင်းသွားသကဲ့သို့ တအီအီ အော်လိုက်သည်။

ထို့နောက် ၎င်းကဘာသံမျှမထွက်တော့ချေ။

ယင်မိစ္ဆာ၏ တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပေါ်လာသောအခါတွင် ကွဲအက်နေသောမြေပြင်မှာ အလိုအလျှောက် တစ်ချက်တုန်ဟီး၍ ပြန်ပိတ်သွားသည်။

ရှစ်ဖုန့်က ယင်နှင်းပန်းအား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူကာ သူ၏ ညာလက်ဖြင့်ချေမွလိုက်သည်။ ထို့နောက်တွင် နှင်းဖြူရောင် အရည်များ သူ၏လက်သီးဆုပ်အတွင်းမှ တစ်စက်စက် စီးကျလာ၏။

ရှစ်ဖုန့်ကချက်ခြင်း အရည်တို့ကိုယင်မိစ္ဆာ၏ ဒဏ်ရာပေါ်သို့သွန်းလောင်းလိုက်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters