အပိုင်း(၁၀၅)
Vol. 7 Ch. 105
ယင်နှင်းပန်းအရည်တို့ ကျဆင်းလာသောအခါတွင် ယင်မိစ္ဆာ၏ အန္တရယ်ရှိသော ဒဏ်ရာတို့မှာ ပကတိမျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်၍ ကောင်းမွန်လာသည်။
ထိုအရာအားမြင်လိုက်ရသော အခါတွင် ရှစ်ဖုန့် မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။
“အဆင့်ခြောက် ယင်စိတ်ဝိညာဉ်ဆေးပင်ကို သုံးပြီး ယင်မိစ္ဆာကို ကုသပေးတာကတကယ့်ကို အံ့ဖွယ်ပဲ”
ဒဏ်ရာတို့မှာဆေး၏ အစွမ်းထက်လှမှုကြောင့် တစ်ဟုန်ထိုးပြန်လည်၍ကောင်းမွန်နေသည်။
ယင်မိစ္ဆာ၏ ဒဏ်ရာတို့အာ လုံးဝပြန်လည်၍ ကုသပြီးသော အခါတွင် ရှစ်ဖုန့်က သူ၏သို့လှောင်လက်စွပ်အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ဆီးလ်ခတ်ထားသော လက်နှစ်ခုအား ထုတ်ယူလိုက်သည်။ ထိုလက်တို့မှာ ယင်မိစ္ဆာ၏ပြတ်တောက်သွားခဲ့သော လက်နှစ်ဖက်ပင်ဖြစ်သည်။
နှင်းဖြူရောင်ဆေးရည်တို့က ထပ်မံ၍ ကျဆင်းလာသည်။
ရုတ်ချည်း ယင်မိစ္ဆာ၏ လက်မောင်းနှင့် ပုခုံးတို့တွင် အသားသစ်တို့ ပြန်လည်၍ ဖြစ်ပေါ်လာသည်။
အသားသစ်တို့က ပကတိမျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပျံနှံ့လာသည်။
မကြာခင်ယင်မိစ္ဆာ၏ လက်မောင်းနှင့် ပခုံးတို့မှာ ချိတ်ဆက်သွားသည်။
“ဘာပြဿနာမှ ထပ်ပြီး ရှိတော့မှာမဟုတ်ဖူး”
အရာအားလုံးမှာ သူမျှော်မှန်းထားသည့်အတိုင်းဖြစ်ပျက်သွားသည်ကိုတွေ့ရပြီးသောအခါတွင် ရှစ်ဖုန့်က ယင်မိစ္ဆာ၏ ပါးစပ်ကို ဟလိုက်ပြီး ဆေးတစ်မှုတ်ကို ၎င်း၏ ပါးစပ်ထဲသို့ထိုးသွင်းလိုက်သည်။
အဆင့်ခြောက်ယင်ဆေးပင်၏ အနည်တို့က ယင်မိစ္ဆာအတွက် တော်တော်လေး အကျိုးပြုသည်။
၎င်းတို့အား မဖြုန်းတီးပစ်နိုင်ပေ။
ထို့နောက်တွင်ရှစ်ဖုန့်က သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတတို့ကို စတင်၍ ပုံဖော်လိုက်သည်။
သူ၏လက်သင်္ကေတတို့ကို ပြောင်းလဲ၍ ယင်မိစ္ဆာ၏ ကိုယ်ပေါ်မှ ငရဲဘုံကိုးခု အံ့ဖွယ် သေခြင်း ရှင်ခြင်း အစီအရင်ကို စတင်ဖယ်ရှားလိုက်သည်။
ရှစ်ဖုန့်မှာ ယင်မိစ္ဆာ၏ နောက်တစ်ကြိမ််ထပ်မံပြောင်းလဲခဲ့သည့် အတန့်အသင့်ဖြူဖျော့ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်သည်။
ယင်မိစ္ဆာ၏ မျက်လုံးတို့က ဖြည်းညှင်းစွာ ပွင့်လာသည်ကို သူတွေ့ရသည်။
“ကြီး…ကြီးမြတ်သော ဧကရာဇ် “
ယင်မိစ္ဆာက သူ၏မျက်လုံးတို့အား ဖွင့်လိုက်သောအခါတွင် ပထမဆုံးမြင်လိုက်ရသောအရာမှာ ရှစ်ဖုန့်ပင်ဖြစ်သည်။
သူ၏အသံက ကွဲအက်အက် ဖြစ်နေပြီး ရှစ်ဖုန့်အားတိုးဖျော့စွာ ခေါ်လိုက်သည်။
ရှစ်ဖုန့်က သူ၏လက်ကို ဝေ့ယမ်းကာ ယင်မိစ္ဆာကို ကြားဖြတ်ဟန့်တားလိုက်သည်။
သူကပြောလိုက်သည်။
“စကားမပြောနဲ့”
“မင်းရဲ့ ပါးစပ်ထဲက ဆေးကို အရင်ဆုံးမျိုချလိုက်…အဲ့တာကို မပြုန်းတီးစေနဲ့”
ယင်မိစ္ဆာ၏ ခန္ဓာကိုယ်က အဆင့်ခြောက််ဆေးပင်အားလုံးဝ စုပ်ယူခဲ့ပြီး ယခုအခါ၌ ၎င်းမှာ ကျန်နေသော ဆေးအနည်တွေိအား ဝါးမျိုနေခြင်းဖြစ်သည်။
ရှစ်ဖုန့်မှာ အကယ်၍ ယင်မိစ္ဆာသာ အဆင့်တက်လှမ်းခြင်းတို့ကို မပြုနိုင်တော့လျှင် သူအနေဖြင့် စိတ်မကောင်းဖြစ်ရလိမ်းမည်ဖြစ်သည်။
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသော အခါတွင် ယင်မိစ္ဆာက စတင်ဝါးလိုက်ပြီး သူ့ပါးစပ်အတွင်းရှိဆေးအနည်အားလုံးကို အလျှင်အမြန်မျိုချလိုက်သည်။
ထို့နောက် ရုတ်ချည်း ယင်မိစ္ဆာ၏အောက်ခြေရှိ မြေပြင်မှာပြင်းထန်စွာဖြင့် စတင်တုန်ခါလာသည်။
“အား…..”
ယင်မိစ္ဆာက ကောင်းကင်ထက်ကိုမော့၍ အသံအကျယ်ကြီးကို ဆွဲ၍အော်ဟစ်လိုက်သည်။
နေရာဝန်းကျင်တစ်ခုလုံးမှာလည်း တုန်ဟီးသွားသည်။
ချက်ခြင်း ယခင်ကထက် ဆယ်ဆပိုမို၍ သိပ်သည်းသော ယင်ချီများ သူ၏ကိုယ်မှ ပွင့်ထွက်လာပြီး ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့သွားသည်။
ရှစ်ဖုန့်မျှော်လင့််ထားသည့်အတိုင်းပင် ယင်မိစ္ဆာမှာ ယင်နှင်းပန်းတစ်ခုလုံးအား ဝါးမျိုချေဖျက်ပြီးသော အခါ၌ အောင်မြင်စွာ အဆင့်တက်သွားနိုင်ခဲ့သည်။
“စုပ်ယူစမ်း”
ရှစ်ဖုန့်က အော်လိုက်ကာ ငရဲဘုံကိုးခု ပညာရပ်ကို အဆက်မပြတ်လှည့်ပတ်လိုက်ပြီး ပွင့်ထွက်လာသောအာဃာတချီ အားလုံးကို သူ၏ ကိုယ်အတွင်းသို့ စုစည်းလိုက်သည်။
သူက၎င်းတို့အား ခန္ဓာကိုယ်အတွင်း အလွန်လျှင်မြန်စွာ စုပ်ယူပြီး သူ၏ဒန်တန်ထဲတွင် မူလစွမ်းအင်များအဖြစ်ချေဖျက်လိုက်သည်။
ယင်မိစ္ဆာကအော်ဟစ်နေသည်အားရပ်တန့်လိုက်သောအခါတွင် မြေပြင်နှင့် နေရာဝန်းကျင်တို့မှာလည်း ပုံမှန်ပြန်ဖြစ်သွားကြသည်။
သူကသူ၏ နတ်ဆိုးဆန်စွာချောမောသော မျက်နှာဖြင့် ရှစ်ဖုန့်ကို ကြည့်လိုက်ပြီး စကားများကိုအကြာကြီးပြောနိုင်စွမ််းမရှိသော်လည်း ကွဲအက်သောအသံဖြင့် ပြောလိုက်သည်။
သူကတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားတိကျစွာဖြင့် ပြောလိုက်သည်။
“ကျေး…ကျေး..ဇူးတင်..ပါတယ်”
“ငါတို့က အခုတစ်ဖက်တည်းဖြစ်နေပြီ …ငါ့အတွက်တိုက်ခိုက်မှုကို မင်းဝင်ကာပေးလိုက်တာကြောင့် ဒီလိုမျိုးကြီးမားတဲ့ထိခိုက်ဒဏ်ရာရသွားရတာမို့ မင်းအဲ့လိုပြေစရာမလိုပါဘူး”
“ဟမ်”
ရှစ်ဖုန့်ကရုတ်တရက် မျက်မှောင်ကြုတ်၍ သူ၏နောက်သို့လှည့်မကြည့်ဘဲအော်လိုက်သည်။
“ထွက်လာခဲ့စမ်း”
ရှစ်ဖုန့်ပြောလိုက်ပြီးမကြာခင် ပုံရိပ်တစ်ခုက ရှစ်ဖုန့်နောက်ရှိသစ်ပင်မှခုန်ဆင်းလာကာ သူ၏နောက်တွင်ဆင်းသက်လိုက်သည်။
“သခင်လေးဖုန့်ကို အရိပ်အမှတ်ရှစ်က နှုတ်ခွန်းဆက်သပါတယ်”
ရှစ်ဖုန့်ကလှည့်လိုက်သောအခါတွင် အရိပ်အမှတ်ကိုးကဲ့သို့ ဝတ်ဆင်ထားသောသူကိုတွေ့လိုက်ရသည်။
သူ့တစ်ကိုယ်လုံးတွင် အနက်ရောင်အဝတ်တို့ဝတ်ဆင်ထားပြီး သူ၏မျက်နှာကို အနက်ရောင်အဝတ်စဖြင့် ဖုံးကွယ်ထားသည်။
ရှစ်ဖုန့်က အရိပ်ရှစ်ကို ကြည့်၍ ပြောလိုက်သည်။
“လုံချန်က မင်းကို စန်းယွဲ့မြို့ အနီးဝန်းကျင်မှာနေဖို့ကို အမိန့်ပေးထားခဲ့တာပဲ…သူငါ့ကိုစောင့်နေတာများဖြစ်နိုင်မလား”
“ဟုတ်ပါတယ်”
အရိပ်ရှစ်ကပြန်ဖြေလိုက်သည်။
“ဆရာက သခင်လေးကို ကိစ္စအချို့ကို တင်ပြဖို့အတွက် အမိန့်ပေးလိုက်ပါတယ်”
“ပြော”
ရှစ်ဖုန့်က ပြောလိုက်သည်။၏
“ပထမဆုံးအနေနဲ့ …ဧကရာဇ်ရဲ့ သားမက်တော်ဖြစ်သူ ကျန်းနန်ဗိုလ်ချုပ် ရှစ်ကျင်းထျန်း ဟာဌာနကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ”
“အဲ့နေ့က ရှစ်ကျင်းထျန်းအနေနဲ့ ဘယ်နေရာကိုသွားခဲ့တယ်..ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဘယ်သူကမှ မသိကြပါဘူး”
“သို့ပေမဲ့ ရှစ်ကျင်းထျန်းပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ သူဟာ မူလက အထွတ်အထိပ် ကြယ်ကိုးပွင့် ဘုရင်နယ်ပယ်အဆင့်ကနေ အင်ပါယာ နယ်ပယ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ဖြစ်နေပါတယ်”
“အဲ့ထက်ပိုတာကား သူဟာ ကြယ်ငါးပွင့် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေတာပါပဲ”
အရိပ်ရှစ်ကပြောလိုက်သည်။
အရိပ်ရှစ်၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် လေးနက်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။
အချိန်တိုအတွင်း ကြယ်ကိုးပွင့် ဘုရင်နယ်ပယ် အဆင့်မှ ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်သို့ ချိုးဖြတ်ဝင်ရောင်နိုင်ခဲ့ခြင်းမှာ တကယ့်ကို မယုံကြည်နိုင်စရာကောင်းသော အရာတစ်ခုပင်ဖြစ်သည်။
“ဆက်ပြော”
ရှစ်ဖုန့်က အရိပ်ရှစ်ကို ပြောလိုက်သည်။
“ဒုတိယတစ်ခုကတော့ သခင်လေး မိခင်ဟာ လွန်ခဲ့တဲ့ ရက်အနည်းခန့်က သတိရလာပြီး ကောင်းမွန်စွာ ကျန်းမာလာနေပါတယ်”
အရိပ်ရှစ်ကပြောလိုက်သည်။
ထိုသတင်းအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာတော်တော်လေး ဝမ်းသာအားရဖြစ်မိသည်။
“တ ..တတိယ အရာက…”
အရိပ်ရှစ်မှာတတိယ အရာအားပြောသော အခါတွင် အနည်းငယ်နှေးကွေးနေသည်။
“ဟမ်…တတိယ အရာက ဘာလဲ”
အရိပ်ရှစ်၏လေသံအရ တတိယအရာမှာ တစ်ခုခုမူမမှန်သည်ကို ရှစ််ဖုန့်သတိထားမိသည်။
သူကမျက်မှောင်ကြတ်၍ အေးစက်စွာ အော်လိုက်သည်။
“သခင်လေးရဲ့ ညီမဖြစ်သူ ရှစ်လင်ဟာ ဖျောင်ရှ ဂိုဏ်းကလူတွေရဲ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပါတယ်”
“ဘာကွ”
အရိပ်ရှစ်၏ စကားအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်၏ အမူအယာမှာပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားတော့သည်။
သူကရှေ့သို့ခြေတစ်လှမ်းတို့၍ အရိပ်ရှစ်၏ ကော်လံအား အတင်းဖမ်းဆုပ်ကာ ဆွဲမလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဖျောက်ရှ(ဟင်းလင်းပြင်ကူးပြောင်း) ဂိုဏ်း…အဲ့တာက ဘယ်လိုမျိုး သောက် ဂိုဏ်းစုတ်မျိုးလဲကွ”
“ငါ ငါ့ညီမကို လုံချန်ဆီကို အပ်ထားခဲ့တာကို သူက သူမကို ဘယ်လိုတွေ ကြည့်ရှုခဲ့တာလဲကွ”
“သခင်လေးဖုန့် ကျေးဇူးပြုပြီး စိတ်လျှော့ပေးပါ”
“ဖျောင်ရှ ဂိုဏ်းဆိုတာက ကျွန်ုပ်တို့ရဲ့ အိမ်နီးချင်းနိုင်ငံထျန်းမြောင်အင်ပါယာက နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်ပါတယ်”
“သခင်လေးရဲ့ ညီမလေးကို ခေါ်သွားတဲ့သူကတော့ ဖျောင်ရှဂိုဏ်းရဲ့ အကြီးအကဲ့ဖြစ်သူ ဝေ့ဖုန်း ပါ”
“သူ့ရဲ့ကျင့်ကြံမှုအဆင့်ကတော့ ဘိုးလေးနယ်ပယ် အဆင့်ပဲဖြစ်ပါတယ်”
“ဆရာက သူကိုမတားဆီးနိုင်လိုက်ပါဘူး…”
အရိပ်ရှစ်ကပြောလိုက်သည်။
“ဒါပေမဲ့…..သခင်လေးစိတ်အမပူပါနဲ့…သခင်လေးညီမအသက်က အန္တရာယ်မရှိပါဘူး..ဝေ့ဖုန်းက သူမရဲ့ သိုင်းပညာပါရမီအပေါ်မှာ ကြိုက်နှစ်သက်သွားပြီး..ဂိုဏ်းကို အမည်ခံတပည့်တစ်ယောက်အနေနဲ့ ယာယီခေါ်ဆောင်သွားခဲ့တာပါ”
“အဲ့တာက သခင်လေးညီမအတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါလိမ့်မယ်”
“ဟမ့်”
ရှစ်ဖုန့်က အရိပ်ရှစ်ကို မြေပြင်ပေါ်သို့ လွှတ်ပစ်လိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။
“ငါ့ညီမလေး မင်းသာ သိုင်းပညာလမ်းစဉ်ကို လိုက်စားချင်တယ်ဆိုရင် ..ငါအစကတည်းက ကိုယ်တိုင်သင်ပေးမှာပေါ့”
“အဲ့သူတောင်းစားတွေလောက်ကို ဘာလုပ်ဖို့လိုမှာလဲ”
“ဖျောင်ရှ ဂိုဏ်း ဟုတ်လား”
“စောင့်နေလိုက်စမ်းပါ မကြာခင် ဒါမှမဟုတ်နောက်ကြရင် ငါမင်းတို့တစ်ဂိုဏ်းလုံးကို အကုန်သတ်ပစ်မယ်”
“သခင်လေးဖုန့် သခင်လေးရဲ့စကားလုံးတွေကို ဂရုတစိုက်ပြောပါ”
မြေပြင်ပေါ်သို့ပြုတ်ကျသွားသော အရိပ်ရှစ်မှာ ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် သူ၏ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်ပေ။
သူကရှစ်ဖုန့်ကို အလျှင်အမြန်ပြောလိုက်သည်။
“ဖျောင်ရှဂိုဏ်းဆိုတာ ထျန်းမြောင် အင့်ပါယာအတွင်းမှာ နံပါတ်တစ်ဂိုဏ်းပါ ..သူတို့ဂိုဏ်းအတွင်းမှာ ဘိုးဘေးနယ်ပယ်အဆင့် ကျွမ်းကျင်သူတွေ အများကြီးရှိတယ်”
“ဂိုဏ်းခေါင်းဆောင် ရွှယ်တုယန်ဝူက အထွတ်အထိပ် ကြယ်ကိုးပွင့်အဆင့် ဘိုးဘေးနယ်ပယ်အဆင့်ပါ”
“သူက ကျွန်ုပ်တို့ ယွင်လိုင်အင်ပါယာက တစ်ယောက်ကမှ ဆန့်ကျင်ဖို့ မဖြစ်နိုင်တဲ့သူဖြစ်ပါတယ်”
“ဟမ့်…အဲ့တော့ဘာဖြစ်လဲ…သူကဘိုးဘေးနယ်ပယ် အမှိုက်လေးပဲဟာ..ငါစိတ်ရှိသလိုသူ့ကို သတ်လို့ရတယ်’
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် အရိပ်ရှစ်မှာ အခြားဘာမျှမပြောတော့ပေ။
သူ၏စိတ်ထဲမှသာ သက်ပြင်းချလိုက်မိသည်။
ဤပုဂ္ဂိုလ်မှာ အရိပ်များကဖော်ညွှန်းထားသလိုပင်ဖြစ်သည်။
သူသည်မျက်ကန်းတစ္ဆေ မာနကြီးလွန်းပြီး မောက်မာအထက်စီးဆန်လွန်းသည်။
“သွားမယ်”
“လုံချန်ကိုတွေ့ဖို့အတွက် ငါ့ကို အင်ပါယာမြို့တော်ကို ခေါ်သွားပေး”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဟုတ်ကဲ့”
အရိပ်ရှစ်ကမြေပြင်ပေါ်မှထလာပြီး လေးစားစွာဖြင့်ရှစ်ဖုန့်ကို ပြန်ဖြေ လိုက်သည်။
ထျန်းဟန်တိုက်ကြီး၏သမိုင်းတစ်လျှောက်တွင် ပုလ္လင်အတွက် တိုက်ခိုက်ကြသော နိုင်ငံပေါင်းများစွာ ရှိသည်ဖြစ်သည်။ထိုအထဲတွင် သေကြေပျက်ဆီးမှုတို့ကလည်း ရှောင်လွှဲ၍ မရဘဲ မလွဲဧကန်ဖြစ်လိမ့်မည်ဖြစ်သည်။
အလောင်းများတောင်လိုပုံပြီး သွေးချောင်းများစီးကြလိမ့်မည်ဖြစ်သည်၊
ယွင်လိုင်အင်ပါယာမှာလည်း လောလောဆယ်တွင် ထိုဦးတည်ချက်ဘက်ကို ဦးတည်၍သွားနေသည် ဖြစ်သည်။
မင်းသားငါးပါးမှာလည်း သူတို့၏ အင်အားတို့ကို ပျိုးထောင်မြှင့်တင်ရန် လျှို့ဝှက်၍ ကြံစည်နေကြပြီး အားလုံးက ရွှေထီးဆောင်းရသော မင်းဧကရာဇ်ဖြစ်လိုကြသည်။
အဆုံးသတ်၌ ပုလ္လင် အားမည်သူရသည်ဖြစ်စေ စစ်ပွဲကတော့ မလွဲဧကန်ကိုဖြစ်ကြလိမ့်မည်ဖြစ်သည်။
သူတို့နှစ်ဦးသားဝံပုလွေ၏ ကျောပေါ်တွင်ထိုင်လိုက်ကြသည်။
ရှစ်ဖုန့်မှာ အရိပ်ရှစ်ဆီမှ ယွင်လိုင်အင်ပါယာ၏ အကြောင်းတို့အား ကြားပြီးသည့်နောက်တွင် သူယခုအလိုချင်ဆုံးသော အရာမှာ ဧကရာဇ်အနေဖြင့် ဖြစ်နိုင်သမျှ မကြာခင်တွင်သေဆုံးသွားပြီး စစ်ပွဲကို သိပ်မကြာခင်၌ ဖြစ်ပေါ်လာစေခြင်းပင်ဖြစ်သည်။
များပြားလှသောသေခြင်းစွမ်းအင်များ၊ သွေးများနှင့် ဝိညာဉ်တို့မှာ သူအလိုအပ်နေဆုံးသော စွမ်းအင်များပင်ဖြစ်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE