← Chapters

ပူးပေါင်းဆောင်ရွက်မှု

Vol. 09 Ch. 447

ပူးပေါင်းဆောင်ရွက်မှု

Vol. 09 Ch. 447

ထိုစကားပြောလာကြသော လူနှစ်ယောက်သည် ထန်ရှု၏အနောက်မှ ပါလာကြခြင်းဖြစ်သည်။ သူတို့၏ လမ်းအား ပိတ်ထားသလို ဖြစ်နေသော ထန်ရှုကို အနောက်မှ တွေ့သောအခါ နှစ်ယောက်သား မျက်မှောင်ကြုတ်ရင်း ထန်ရှု၏ဘေးနှစ်ဖက်မှ ချက်ချင်းကျော်ဖြတ်ကာဝင်ရန် အသင့်ဖြစ်နေကြသည်။

သို့သော် အနည်းငယ် စိတ်ဓာတ်ကျနေသော ဂူချန်းမင်သည် ထန်ရှုဘက်သို့ ခေါင်းလှည့်လိုက်သည့်ချိန်တွင် သူ၏မျက်နှာထက်၌ အံ့အားသင့်နေသည့် အကြည့်တစ်ခု ပေါ်လာကာ သွားနေသောအရှိန်သည် ချက်ချင်း ရပ်တန့်သွားသည်။ ထို့နောက် သူသည် လုံးဝရပ်လိုက်ကာ လှည့်ကြည့်လိုက်သည်။

"ထန် ... ညီအစ်ကိုထန်…"

ကျင်း ရှင်းကွေ့သည်လည်း ထိုခေါ်သံကြားလိုက်သဖြင့် ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်စဉ် ထန်ရှုကို သဲသဲကွဲကွဲ မြင်လိုက်သဖြင့် သူက ဝမ်းသာအံ့သြသွားကာ "ညီအစ်ကိုထန် …  မင်းလို့ မထင်ထားမိဘူး။ ဒီနေရာမှာ မင်းနဲ့တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။"

"ကျွန်တော်ရောပဲ အစ်ကိုကြီးနှစ်ယောက်ကို ဒီမှာတွေ့ဖို့ မတွေးဖူးဘူး။" ထန်ရှု ရယ်မောလိုက်သည်။

"ဒါနဲ့ ခင်ဗျားတို့စကားဝိုင်းကနေ ပြောစရာ စီးပွားရေးကိစ္စတစ်ခု ရှိပုံရတယ်။"

ဂူချန်းမင်က သူ၏နှာခေါင်းကို ကိုင်ကာ အားတင်းထားရသော အပြုံးပြုံးဖြင့်

"ငါတို့ ကိစ္စတစ်ခု ဆွေးနွေးနေတာကွာ။ ဒီကျင်းကြီးက မလုပ်ချင်ဘူးကွ။ ညီအစ်ကိုထန် … သူက…”

ထန်ရှု၏အကြည့်သည် ကျန်းရှင်းယာဆီသို့ ရောက်သွားသည်။

ကျန်းရှင်းယာသည် သူမ၏အနက်ရောင်မျက်မှန်နှင့် တပ်ထားသော မက်စ်ကို ချွတ်လိုက်ပြီး လက်ကလေးကို ကမ်းလိုက်ရင်း

"ဟယ်လို … ကျွန်မက ကျန်းရှင်းယာပါ။ ထန်ရှုရဲ့ သူငယ်ချင်း။"

ကျန်းရှင်းယာလား…

ဂူချန်းမင်နှင့် ကျန်းရှင်းကွေ့၏အမူအရာများ တွေဝသွေားကာ သူတို့၏မျက်နှာထက်တွင် အံ့သြမှုများ ပေါ်ထွက်လာသည်။

“အာ … ညီအစ်ကိုထန်ကို ဒီညမှာ စူပါစတားတစ်ယောက်နဲ့ တွေ့ဖို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ မင်္ဂလာပါ မစ္စကျန်း ငါက တင်းရှန်းမီဒီယာက ဂူချန်းမင်ပါ။ မင်းနာမည်ကို ငါ ကြားဖူးတာ ကြာပါပြီ။" ဂူချန်းမင်က ကျန်းရှင်းယာနှင့် အမြန် လက်ဆွဲနှုတ်ဆက်လိုက်သည်။

ကျင်းရှင်းကွေ့ကလည်း လက်ကမ်းကာ ပြုံးလျက်

“မစ္စကျန်းက ကမ္ဘာကျော် ကြယ်ပွင့်တစ်ဦးဖြစ်သလို နိုင်ငံတွင်းမှာလည်း လူသိများတယ်။ မစ္စကျန်းကို ဒီမှာတွေ့ရတဲ့အတွက် ငါ အရမ်းဂုဏ်ယူပါတယ်။ ငါက ကျင်းတအိမ်ခြံမြေလုပ်ငန်းက ကျင်းရှင်းကွေ့ပါ။"

ထိုသူတို့နှင့် လက်ဆွဲနှုတ်ဆက်ရင်း သူတို့၏ မိတ်ဆက်စကားကို ကြားရသည့် ကျန်းရှင်းယာတစ်ယောက် တစ်ချက်တွေကနဲ ဖြစ်သွားကာ ထန်ရှုအား လှည့်ကြည့်မိသည်။

ဖျော်ဖြေရေးနယ်ပယ်မှ လူတစ်ယောက်အနေဖြင့် သူမသည် တင်းရှန်းမီဒီယာကို သိသည်မှာ သဘာဝကျပေသည်။ သူမသည် တင်းရှန်းမီဒီယာ၏သူဌေးနှင့် တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးသောကြောင့် ဂူချန်းမင်၏ပုံစံအား သူမ မသိပေ။ ထို့အတူ ရှန်ဟိုင်းရှိ သူမ၏အိမ်ကို ကျင်းတအိမ်ခြံမြေလုပ်ငန်းမှ ဆောက်လုပ်ထားသောကြောင့် ထိုလုပ်ငန်းကိုလည်း သူမ သိပေသည်။

သို့သော် သူတို့နှစ်ယောက်လုံးသည် ထန်ရှုကို သိပြီး ညီအကိုများသဖွယ် တယောက်နှင့်တယောက် ပြောဆိုဆက်ဆံနေကြတာလား။

"အခု အားလုံးသိသွားကြပြီမို့ အထဲကို ဝင်ကြမယ်မဟုတ်လား။" ထန်ရှုက ပြုံးပြီး ပြောသည်။

"ကျန်းရှင်းယာ … မင်း စိတ်မရှိရင် ဒီည ငါတို့တွေ အစ်ကိုကြီးနှစ်ယောက်နဲ့ ထမင်းစားရင် ဘယ်လိုလဲ။ ဒီအစ်ကိုနှစ်ယောက်ကို အနှောက်အယှက် မဖြစ်ဘူးဆိုရင်တော့။”

"ဟင့်အင်း … လုံးဝစိတ်အနှောင့်အယှက်မဖြစ်ဘူး။"

"ညီအစ်ကိုထန်ရဲ့စကားက ငါပြောချင်တာနဲ့ကွက်တိပဲ။ အတူတူ ထမင်းစားရအောင်။"

ဂူချန်းမင်နှင့် ကျင်းရှင်းကွေ့က အလျင်အမြန်ပြောလိုက်သည်။

ထန်ရှုရှေ့မှ သူတို့၏ခင်မင်ရင်းနှီးမှုကို ကြည့်ပြီး ကျန်းရှင်းယာ စိတ်တွင်းမှ အနည်းငယ် ထိတ်လန့်သွားသည်။

သူမ၏စိတ်အလိုရဆိုပါက ထန်ရှုနှင့် သီးသန့်ညစာစားရန်သာ စိတ်အားထက်သန်သော်လည်း ငြင်းဆန်ရန် အဆင်မပြေကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူမက တစ်ချက်ပြုံးလိုက်ပြီး

"သူဌေးကြီးနှစ်ယောက်နဲ့ ထမင်းစားရတာ ကျွန်မလည်း ဝမ်းသာပါတယ်ရှင်။"

"မစ္စကျန်း … မင်းက ညီအစ်ကိုထန်ရဲ့ သူငယ်ချင်းမို့ မင်းလည်း ငါတို့ သူငယ်ချင်းပါပဲ။ သူစိမ်းတွေလို မနေပါနဲ့။ ရှန်ဟိုင်းမှာ ပြဿနာတစ်ခုခုကြုံရင် ငါ့ကိုရှာလိုက်ပါ။ ငါဂူချန်းမင် လုပ်နိုင်တဲ့ဘောင်ထဲ ရှိနေသရွေ့ တင်းရှန်းမီဒီယာရဲ့ စွမ်းအားအကုန်လုံးကို သုံးရမယ်ဆိုရင်တောင် ငါ သေချာပေါက် လုပ်ပေးမှာပါ။" ဂူချန်းမင်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ကျင်းရှင်းကွေ့ကလည်း အာရုံစိုက်ကာ ခေါင်းတဆတ်ဆတ် ညိတ်ပြီး

“ဒါအမှန်ပဲ။ ကျင်းတအိမ်ခြံမြေလုပ်ငန်းက တရုတ်နိုင်ငံထဲက ထိပ်တန်းကုမ္ပဏီအုပ်စုတွေနဲ့ တန်းတူဖြစ်တယ်ဆိုပေမယ့် စစ်မှန်သော အင်အားကြီးတွေနဲ့ နှိုင်းမယ်ဆိုရင်တော့ အားနည်းနေဆဲပါ။ ဒါပေမယ့် မစ္စကျန်းက ရှန်ဟိုင်းမှာ အခက်အခဲတွေ ကြုံလာရရင် ငါ့ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ၊ အချိန်တန်ရင် ငါ ထွက်လာပေးမယ်။"

ထိုသို့ပြောပြီးနောက် နှစ်ယောက်စလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးကတ်များကို ထုတ်ယူကာ ကျန်းရှင်းယာအား ပေးလိုက်ကြသည်။

ထိုစီးပွားရေးကတ်နှစ်ကတ်ကို လက်ခံရရှိသောအခါတွင် ၎င်းတို့၏အမည်များနှင့် ဖုန်းနံပါတ်တစ်ခုသာရှိကြောင်း ကျန်းရှင်းယာက တွေ့ရသည်။ တခြားဖော်ပြထားသည်များ ဘာဆို ဘာမှမရှိပါချေ။ သည်လူနှစ်ယောက်သည် နားထောင်ကောင်းစရာတွေချည်း ပြောနေသည်မဟုတ်မှန်း သူမ ချက်ချင်းပြောနိုင်ခဲ့သည်။ သူတို့သည် ရိုးသားစွာ ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။

သည်လူနှစ်ယောက်က သူမအပေါ် ထားရှိသည့် သူတို့၏သဘောထားကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုရသည့် အကြောင်းရင်းသည် သူမ စူပါစတားတစ်ဦး ဖြစ်နေခြင်းကြောင့် မဟုတ်ဘဲ ထန်ရှုကြောင့် … ထန်ရှု၏ သူငယ်ချင်းဖြစ်နေသောကြောင့် ဖြစ်သည်ကို သူမ ရှင်းလင်းစွာ သိပေသည်။

" ရှင်းယာ အစ်ကိုတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မကို သူစိမ်းတစ်ယောက်လို့ သဘောမထားရင် ရှင်းယာလို့ပဲ ခေါ်ပါ။"

ထိုသူတို့နှင့် ထမင်းစားရန် ထန်ရှု၏ အဆိုပြုချက်သည် တကယ်ကို အံ့သြဖွယ်ကောင်းကြောင်း ရုတ်တရက် ကျန်းရှင်းယာ သဘောပေါက်သွားသည်။ ဒီည သည်သူဌေးကြီးနှစ်ယောက်နှင့် တွေ့ခွင့်ရပြီး သူတို့ပေးခဲ့သည့် ကတိကဝတ်သည် ကြီးမားမှန်း သူမ သိခဲ့သည်။ သူမကဲ့သို့ ထက်မြက်ပြီး ဉာဏ်ကောင်းသူသည် ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ရက်ထဲသို့ ဆက်ဆံရေးကို ပိုမိုနီးကပ်အောင် ဆွဲယူတည်ဆောက်သွားမည်ဖြစ်သည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။" ကျင်းရှင်းကွေ့တို့နှစ်ယောက်သည် ခေါင်းညိတ်ပြပြီး ကျေနပ်နေဟန် ရှိသည်။

ခမ်းနားထည်ဝါသော အဆောက်အဦးထဲသို့ ဝင်ပြီးနောက် ဂူချန်းမင်က ပြုံးကာ

"ညီအစ်ကိုထန် … ငါတို့သီးသန့်ခန်းကို သွားကြမယ်မလား။ ဒီနေရာမှာ ငါ့အဆင့်က မမြင့်ပေမယ့် ရွှေကတ်ကိုင်ဆောင်ထားသူဆိုတော့ အစီအစဉ်များစွာကို ခံစားနိုင်ပါသေးတယ်။”

“ရှင်းယာလည်း အခန်း ကြိုယူပေးထားတယ်။ အဲ့ဒီကိုသွားရအောင်။ နောက်ပြီး ရှင်းယာမှာ စိန်ကတ်လည်း ရှိတော့ ကျွန်တော်တို့ နောက်ထပ်တခြားအရာတွေကို ခံစားနိုင်လိမ့်မယ်။"

…စိန်ကတ်…

ဂူချန်းမင် စိတ်ထဲမှ လန့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ။ ဒီည ရှင်းယာရဲ့အလင်းရောင်ကနေ ငါတို့ အကျိုးကျေးဇူးရလိမ့်မယ်ထင်တယ်။"

ကျန်းရှင်းယာ၏မျက်လုံးများတွင်းမှ ထူးဆန်းသော အကြည့်တစ်ချက် လက်ကနဲ ဖြစ်သွားပြီး

" ရှင်းယာက အစ်ကိုတို့နှစ်ယောက်ကို ဧည့်ခံနိုင်မယ်ဆိုတော့ ဂုဏ်ယူမိပါတယ် ရှင်။"

စိန်ကတ်ပိုင်ရှင်များသာ ဝင်ရောက်နိုင်သည့် ဧရိယာသို့ သူတို့လေးဦး လျင်မြန်စွာ ရောက်လာသည်။ ခေတ်ဟောင်းအပြင်အဆင်ဖြင့် အခန်းတစ်ခုထဲသို့ ဝင်လာကြပြီးနောက် စားပွဲထိုးသည် မီနူးတစ်ခုကို ယူဆောင်လာသဖြင့် ကျန်းရှင်းယာက ဟင်းပွဲများကို ကိုယ်တိုင်ကိုယ်ကျ မှာယူခဲ့သည်။

စားပွဲထိုးထွက်သွားပြီးနောက် ဂူချန်းမင်က အပြုံးဖြင့် စကားစလိုက်သည် ။

" ရှင်းယာ … မင်းက အရမ်းတော်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ပြီး ဂီတလောကထဲမှာ အတော်ကြီး အဆင့်အတန်း မြင့်တယ်ဆိုတာ ငါသိပါတယ်။ ရုပ်ရှင်လောကကိုရော မင်း စိတ်ဝင်စားလားလို့ ငါ မေးလို့ ရမလား။”

မကြာသေးမီကပင် ကျန်းရှင်းယာကိုယ်တိုင်က ရုပ်ရှင်လောကတွင် သူမ၏ အသက်မွေးမှုလုပ်ငန်းကို တိုးချဲ့ရန် အမှန်တကယ် စိတ်ဝင်စားခဲ့သည်။ သို့သော်လည်း သူမ၏အဆက်အသွယ်အများစုသည် ပေါ့ပ်ဂီတနယ်ပယ်မှ ဖြစ်ကြသည်။ သူမနှင့် ပူးပေါင်းလုပ်ကိုင်လိုသည့် ဖျော်ဖြေရေးကုမ္ပဏီများစွာ ရှိပြီး ၎င်းတို့က သူမအား အလွန်ကောင်းမွန်သော သဘောတူညီချက်များပေးမည်ဟု ကတိပေးကြသော်လည်း သူမမှာ တုံ့ဆိုင်းနေဆဲဖြစ်သည်။

ဂူချန်းမင်၏မေးခွန်းကို နားထောင်ပြီးနောက် ကျန်းရှင်းယာက တစ်ချက် ပြုံးလိုက်ရင်း

"ကျွန်မ တကယ်ပဲ အဲဒါကို တွေးနေပေမယ့် ပြည်တွင်းရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီအနည်းငယ်ကိုပဲ သိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးဘူး။”

ဂူချန်းမင်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ချက်ချင်းပြုံးပြီး

"ငါ့ရဲ့ တင်းရှန်းမီဒီယာနဲ့ စာချုပ်လက်မှတ်ထိုးဖို့ရော ဘယ်လိုလဲ။ မင်း စိတ်ချပါ ရှင်းယာ … မင်းကို အကောင်းဆုံး ကမ်းလှမ်းမှုနဲ့ အစီအစဉ်တွေကို သေချာပေါက်ပေးမှာပါ။ ဖျော်ဖြေရေးလောကထဲက ထိပ်တန်းကြယ်ပွင့်တွေထက် မနိမ့်ကျစေရဘူးလို့ သေချာထားလိုက်။ ဘယ်လိုလဲ။"

“ဒါ…”

ကျန်းရှင်းယာက ချီတုံချတုံ ဖြစ်သွားကာ ထန်ရှုအား လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။ သူမက ပြုံးပြီး “အစ်ကိုဂူ … အဲဒါကို စဉ်းစားဖို့ ကျွန်မကို အချိန် နည်းနည်း ပေးလို့ ရမလား။ မနက်ဖြန်ညနေ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးပါ့မယ်။"

"ပြဿနာမရှိဘူး။"

ဂူချန်းမင်က ပြုံးပြီး ပြန်ဖြေပြီးနောက် ထန်ရှုအား အမြန် ကြည့်လိုက်သည်။

"အစ်ကိုဂူ … ဒီမတိုင်ခင် အပြင်မှာ အစ်ကိုကျင်းနဲ့ စကားပြောနေတာကို မတော်တဆ ကြားလိုက်ရတယ်။ ဒီတလော ကောင်းမွန်တဲ့ စီမံကိန်းတစ်ခု ရခဲ့တာလား။”

ဂူချန်းမင်က ထန်ရှု သည်အကြောင်း မေးမည်ဟု မထင်ထားတာကြောင့် တစ်ချက်တွေဝသွေားခဲ့သည်။

ချက်ချင်းပင် သက်ပြင်းချမိရင်း သူ၏မျက်နှာထက်တွင် မချိပြုံးတစ်ခု ပေါ်လာသည်။

“ဟုတ်တယ်။ လက်ရှိ IPကွန်ရက်လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ရေပန်းစားတဲ့အဆင့်ကို အတော် ခရီးရောက်နေပြီ။ ငါ့ရဲ့ပရော်ဖက်ရှင်နယ်အဖွဲ့က မကြာသေးခင်ကပဲ ကောင်းမွန်တဲ့ အရင်းအမြစ် နောက်တစ်သုတ်ကို ဝယ်ယူခဲ့တယ်။ အဲ့ဒါတွေက အလွန်မြင့်မားတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတာကို ငါကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့တာ။ နောက်ပြီး ငါ့မှာ ဖြန့်ဖြူးရေးလမ်းကြောင်းတစ်ခုလည်း ရှိတယ်ကွာ။ ကြော်ငြာနဲ့ လူထုကို ချပြဖို့အတွက်လည်း အဆင်သင့်ပဲ။ ပြသနာက … အဲ့ဒီစီမံကိန်းအတွက် ငါ့မှာ မတည်ငွေ နည်းနေတာ။”

“အင်း … ကျွန်တော် ငွေနည်းနည်း မျှလို့ရတယ်။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ဂူချန်းမင် ကြောင်သွားပြီး ချက်ချင်းပင် သူ၏မျက်လုံးများ တောက်ပလာကာ စိတ်ထဲတွင် အတန်ငယ် လှုပ်ရှားနေသည်။ သူက ထန်ရှုကို စိုက်ကြည့်ရင်း

"ညီအစ်ကိုထန် … IPနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာလား။"

လတ်တလောတွင် ထန်ရှုသည် IP များလည်ပတ်မှု၊ အက်ပလီကေးရှင်းများလမ်းကြောင်းနှင့် ၎င်းတို့၏ အမြတ်အစွန်းများအပါအဝင် ကမ္ဘာပေါ်ရှိ လက်ရှိစီမံကိန်းလုပ်ငန်းများအကြောင်းကို များစွာ လေ့လာခဲ့သည်။ ထို့ကြောင့် ထိုစီမံကိန်းနှစ်ခုသည် အလားအလာ ကြီးမားသည်ဟု ဆိုနိုင်သည်။ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက ကြီးမားသည့် အမြတ်ငွေကို သေချာပေါက် ရရှိနိုင်မည်ဖြစ်သည်။ သူသည် ကျောင်းသားတစ်ဦး ဖြစ်သလို စီးပွားရေးသမားတစ်ယောက်လည်း ဖြစ်သည်။

စီးပွားရေးသည် စီးပွားရေး ဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်ပါက မည်သည့်စီမံကိန်းမှမဆို ရရှိနိုင်သော အမြတ်အစွန်းအား ဖမ်းဆုပ်မည် ဖြစ်သောကြောင့် သူ စိတ်ဝင်စားသည်မှာ သဘာဝပင်။ သည်အချက်သည် ဂူချန်းမင်တို့ နှင့်အတူတူ ထမင်းစားဖို့ အဆိုပြုခဲ့ရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်ပေသည်။

"ကျွန်တော် စိတ်ဝင်စားတာတွေ ရှိတယ်။" ထန်ရှုက ပြုံးပြီး ပြောသည်။

သူ၏ပေါင်ကို ပုတ်လိုက်ရင်း ဂူချန်းမင်က စိတ်လှုပ်ရှားစွာဖြင့် "ညီအစ်ကိုထန်က ဘယ်လောက်ရင်းနှီးမြှုပ်နှံချင်လဲ။"

"ကျွန်တော် အများကြီး မပြောရဲပေမယ့် ယွမ် ၁ဘီလီယံတော့ ကျွန်တော် နိုင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ရင်းနှီးမြှုပ်နှံတာက IP နယ်ပယ်တင်မကဘူး အစ်ကိုဂူရဲ့ကုမ္ပဏီက သုတေသနလုပ်ထားတဲ့ အက်ပလီကေးရှင်းစီမံကိန်းတွေကိုလည်း စိတ်ဝင်စားတယ်။"

ဂူချန်းမင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် “ပြဿနာ မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီး လုံးဝ ပြဿနာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကုမ္ပဏီက သုတေသနပြု တီထွင်ထားတဲ့ အက်ပလီကေးရှင်းစီမံကိန်းကို စီမံခန့်ခွဲဖို့ဆိုရင် အရင်းအနှီး ငွေကလည်း မရှိမဖြစ် လိုတာပဲလေ။ ညီအစ်ကိုထန်က ယွမ် ၁ ဘီလီယံ အရင်းအနှီးထည့်ပြီဆိုတော့ ငါ ဘယ်သူ့ကိုမှ ငွေကြေးအတွက် လိုက်ရှာနေဖို့ မလိုတော့ဘူး။ ငါတို့နှစ်ယောက် အတူတူ အဲ့ဒီစီမံကိန်းတွေကို လူသိများပြီး ကြီးပွားတိုးတက်အောင် လုပ်နိုင်ဖို့ သေချာတယ်။”

“ဒါနဲ့ … ကျွန်တော် ရှန်ဟိုင်းမှာ စီးပွားရေးကုမ္ပဏီတစ်ခု စာရင်းသွင်းဖို့ ရည်ရွယ်ထားတယ်။ ကုမ္ပဏီတာဝန်ခံနဲ့ အစ်ကိုဂူ တွေ့ပြီး ဆွေးနွေးကြရင်ရော ဘယ်လိုလဲ။” ထန်ရှုက

အပြုံးဖြင့် ပြောသည်။

“ပြသနာ မရှိဘူး။ လတ်တလော ငါ့အနေနဲ့ အရင်းအနှီး လိုနေတယ်ဆိုပေမယ့်လည်း ညီအစ်ကိုထန်ကို မြင့်မြင့်တွေးထားတယ်။ ငါတို့ ပူးပေါင်းလုပ်ဆောင်တာကနေ ငွေအများကြီး ရှာနိုင်မယ်လို့ ငါ ယုံတယ်။” ဂူချန်းမင်က တွေဝခြေင်း မရှိဘဲ ပြောလိုက်သည်။

ဘေးတစ်ဖက်တွင် ထိုင်နေသော ကျင်းရှင်းကွေ့၏ အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ နောက်ဆုံးတွင် ကြာရှည်စွာ သည်းမခံနိုင်တော့ဘဲ

“ညီအစ်ကိုဂူ … ငါ ဒီဟာကို အခုလေးတင်ပဲ စဉ်းစားပြီးသွားပြီ။ IPနဲ့ အက်ပလီကေးရှင်း စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံတာ တကယ်ကောင်းလိမ့်မယ်လို့ ငါ တွေးမိတယ်။ ငါ့ မှာ ငွေကြေး အများကြီး မရှိပေမယ့် ညီအစ်ကိုထန်က အရင်းအနှီးထည့်ပြီဆိုကတည်းက သူ့ရဲ့ မျှော်မြင်နိုင်စွမ်းကို ငါ ယုံတယ်။ ဆိုတော့ ငါလည်း မီလီယံ ရာနဲ့ချီပြီး ထည့်မယ်လေ။ ရှယ်ယာအချို့ ငါ ယူရင်ရော ဘယ်လိုလဲ။”

ဂူချန်းမင်သည် ကျန်းရှင်းကွေ့အား ပျစ်ပျစ်နှစ်နှစ် တစ်ချက်ကြည့်လိုက်သည်။ သူ၏အမူအရာတွင် ရွှင်မြူးသော၊ စိတ်အနှောင့်အယှက်ဖြစ်သော ခံစားချက်များနှင့် စိတ်ခံစားချက်ကောင်းများလည်း အတူတကွ ပါဝင်ပေသည်။ ထိုလူ၏စိတ်ထဲတွင် မည်သည့်အတွေးများ ရှိသည်ကို ဂူချန်းမင် ကောင်းစွာ သတိပြုမိသည်။ သူ့အတွက်ကမူ ထန်ရှုနှင့်အတူ စီးပွားရေးလုပ်ခြင်းသည် သေချာပေါက် ကောင်းသော အရာတစ်ခုသာ ဖြစ်တော့သည်။ တစ်ခုခု လွဲချော်ခဲ့သဖြင့် သူ၏အရင်းအနှီး ဆုံးရှုံးသွားရင်တောင်မှ သူ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူ ဂရုစိုက်သည်မှာ ထန်ရှု သူ့အပေါ် မည်ကဲ့သို့ သဘောထားသည်ဆိုခြင်းပင်။

“ညီအစ်ကိုထန် … မင်း ကြည့် …”

ဂူချန်းမင်က ထိုပြသနာအား ထန်ရှုဆီ လွှဲပေးလိုက်သည်။

“ကျွန်တော်ကတော့ ငြင်းစရာ မရှိပါဘူး။ နောက်ပြီး စကားပုံတစ်ခုတောင် ရှိသေးတယ်မလား။ တစ်ယောက်တည်း ပျော်ရွှင်တာထက် ပျော်ရွှင်မှုကို ဝမျှေတာက ပိုပြီး ပျော်စရာကောင်းတယ်တဲ့။ လူတိုင်း အကျိုးအမြတ်ရပြီး အတူတူ ချမ်းသာနိုင်ပါတယ်။ ဒါကသာ ကောင်းမွန်တဲ့အရာပါ။”

“ဒါ ကောင်းတယ်။ ဒီလိုဆိုမှတော့ အဲ့လိုပဲ ဆုံးဖြတ်ကြတာပေါ့။” ဂူချန်းမင် ရယ်ရယ်မောမော ပြောလိုက်သည်။

ကျန်းရှင်းယာ၏မျက်လုံးများ အရောင်လင်းလက်သွားသည်။ သူမ၏အကြည့်များသည် ထန်ရှု၊ ဂူချန်းမင်နှင့် ကျင်း ရှင်းကွေ့

တို့အကြား လူးလာခေါက်တုံ ဖြစ်နေသည်။ ထိုသူတို့သည် စီမံကိန်းတစ်ခုအား ထိုကဲ့သို့ ၁ဘီလီယံကျော် ရင်းနှီးမြုပ်နှံလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ရုတ်ခြည်းပင် သူမလည်း ပါဝင်လိုလာသည်။

“ကျွန်မကိုရော ထည့်တွက်လို့ရမလား။ လတ်တလော နှစ်တွေထဲ ကျွန်မ စုထားတာလေး နည်းနည်း ရှိတယ်။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် ၂၀၀မီလီယံလောက်တော့ ပြသနာ မရှိပါဘူး။ ကျွန်မလည်း ဒီအထဲ ဝင်ပါချင်တာ ရှင်တို့တွေ ခွင့်ပြုပေးနိုင်မယ်မလား။”

“…”

၃ယောက်သား မယုံကြည်နိုင်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။ မမျှော်လင့်ဘဲ ကျန်းရှင်းယာပါ ဝင်ပါချင်လိမ့်မည်ဟု သူတို့ မထင်ထားမိကြပေ။ သို့သော်လည်း သူတို့၃ယောက်သည် ကျန်းရှင်းယာအား မငြင်းပယ်နိုင်သောကြောင့် လက်ခံရုံသာ ရှိတော့ပေသည်။

***

All Chapters