← Chapters

ဘိုးဘေးများဆီဂုဏ်သရေဆောင်ယူလာခြင်း

Vol. 11 Ch. 145

ဘိုးဘေးများဆီဂုဏ်သရေဆောင်ယူလာခြင်း

Vol. 11 Ch. 145

အခန်း (၁၄၅) - ဘိုးဘေးများဆီ ဂုဏ်သရေ ဆောင်ယူလာခြင်း

ယခုနှစ် အိမ်တွင် နှစ်သစ်ကူးညစာက ရင်ထဲထိစေသော ထမင်းတစ်နပ် ဖြစ်ခဲ့တာ သံသယဖြစ်ဖွယ် မရှိပေ။

ပန်းကန်ပြားထဲ ကြော်ထားသော ကြက်က စုတာ့လင်း သယ်လာသော အကောင်ဖြစ်သည်။ ထိုကြက်ကြော်ကို သီးသန့်စားလျှင်လည်း အလွန်အရသာ ရှိပြီး လင်းချင်းဟယ်လုပ်ထားသော ငရုပ်နှစ် ထည့်လျှင် အရသာက ပိုကောင်းသွားသည်။

ထို့အပြင် အစပ်အရသာက အနည်းငယ် ကဲသော်ငြား အရသာ ကောင်းသည်။

အခြားသောဟင်းပွဲများစွာလည်း ပါခဲ့ပြီး အားလုံးက အလွန်အရသာ ရှိသည်။ စားခွင့်မကြုံသော ဝက်ဆားနယ်ခြောက်လည်း စားပွဲပေါ်တွင် ရှိသည်။

ကြံမဆိုင်နှင့် ဝက်ဆားနယ်ခြောက်၊ အရသာက ပြောရန်မလိုပေ။

“အဖေနဲ့အမေ ဘယ်လောက်ပဲ အသားပြည့်လာ ပြည့်လာ၊ သူတို့ ဒီလာပြီး စားတယ်ဆိုမှတော့ အစ်မရဲ့ လက်ရာက သာလွန်နေသေးတာပဲ” ကျိုးရှောင်မိန်က ပြောလိုက်သည်။

“ဒီမှာ ပင်လယ်စာ မရှိဘူး၊ ပင်လယ်စာသာရှိရင် ဟင်းချက်လက်ရာ ဘာဆိုတာ နင့်ကို မြင်ခွင့်ပေးမှာ” ဟု လင်းချင်းဟယ်က ပြောသည်။

ဤနေရာက ကုန်းတွင်းပိုင်းဖြစ်သောကြောင့် ပင်လယ်စာ အလွန်နည်းသည်။ အလွန်ဆုံးမှ ရေချိုငါးနှင့် ပုစွန်များသာ ရသည်။

“ပင်လယ်စာလိုချင်ရင် ကမ်းရိုးတန်းကို သွားသင့်တယ်၊ ဒီမှာက မရှိဘူး” ကျိုးရှောင်မိန်က ပြောသည်။

“မင်း ဘယ်လိုချက်ရမလဲသိလား” ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်လိုက်သည်။

“သိတာပေါ့၊ ရှင် ပင်လယ်စာ တွေ့မိလို့လား” လင်းချင်းဟယ်က သူ့ကို မေးလိုက်၏။

“အရင်အခေါက်က ကိုယ့်ရဲဘော်ရဲဘက်က အဲဒီကဏန်းတွေ ယူသွားဖို့ ပြောတယ်၊ ဒါပေမဲ့ ကိုယ် မယူလာဘူး” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

“ဒါဆို ရှင်ကျွန်မကို ဘာလို့ မမေးတာလဲ” လင်းချင်းဟယ်က မမေးဘဲ မနေနိုင်တော့ပေ။

“မင်း ချက်တတ်မှန်း မသိလို့” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ ပင်လယ်စာအကြောင်း သူ များများစားစား မသိပေ။ ထို့အပြင် ၎င်းက အခွံများသာ ရှိနေရာ အသားမည်သို့ ရှိနိုင်မည်နည်း။

“ပစ္စည်းကောင်းကို မသိဘူးပဲ” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။

“နောက်တစ်ခေါက်ကျ ကိုယ်သွားမေးလိုက်မယ်” ကျိုးချင်းပိုင်က ပြောသည်။

“ရှင် နောက်တစ်ခါ သွားတဲ့အချိန် လက်ဗလာနဲ့ မသွားနဲ့၊ ရှင့်ရဲဘော်ကို ငရုတ်နှစ်တစ်ပုလင်း ပေးလိုက်၊ ငွေကြေးအားဖြင့် မတန်ပေမဲ့ အရသာက ကောင်းနေသေးတာပဲ” လင်းချင်းဟယ်က အမြန်ပြောလိုက်သည်။

“ကောင်းပြီလေ” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

လင်းချင်းဟယ်က စုတာ့လင်း၊ ကျိုးရှောင်မိန်၊ အဖေကျိုး၊ အမေကျိုးကို ထမင်းစား ခေါ်လိုက်သည်။

တစ်မိသားစုလုံးက နှစ်ကူးညစာ ပြည့်နေပြီဟု ခံစားမိသည်။ ထို့နောက် လောင်တနှင့် လောင်အာ့ကို ဟင်းလျာတချို့ ပို့ခိုင်းလိုက်သည်။

လင်းချင်းဟယ်က ကလေးများကို ခိုင်းတာနှင့်ပတ်သက်ပြီး စိတ်ထဲ မထားပေ။

နှစ်သစ်ရောက်ပြီးနောက် လောင်တက အသက်ရှစ်နှစ်ရောက်မည်ဖြစ်သည်။ သို့သော် လင်းချင်းဟယ်သည် သူ့ကို အာဟာရပြည့်စေရန် ဂရုစိုက်သောကြောင့် သူသည် ရွယ်တူများထက် ခေါင်းတစ်လုံးစာ ပိုမြင့်သည်။

ထို့အပြင် သူတို့ အပြင်သွားချိန်တွင် သူ့အကြည့်များက ဆိုးသွမ်းရိပ်ပေါ်လာသည်။ သူ အပြင်သွားပြီး အသက်ဆယ်နှစ်ဖြစ်ကြောင်း ပြောလျှင် ၎င်းကို မယုံသည့်သူ ရှိမှာ မဟုတ်ပေ။

လောင်အာ့ကလည်း ခြောက်နှစ်ရှိပြီဖြစ်သည်။ ခွေးပေါက်လေးခေါင်းထဲရှိ နည်းပရိယာများက ယခုဆိုစိတ်ကစားပွဲများတွင် ပိုပြီး အလိုက်သင့် ရှိလာပြီဖြစ်သည်။

သူက စုတာ့လင်းဆီ တန်းသွားလိုကသ်ည်။

“ဦးဦး လာကူပေးပါအုံး”

“ဟုတ်ပြီ” စုတာ့လင်းက ပြုံးပြီး ဖြေလိုက်သည်။

“နင်တို့နှစ်ယောက် ကိုယ့်ဘာသာ လုပ်” လင်းချင်းဟယ်က ပြောလိုက်သည်။

“ရ... ပါတယ်” စုတာ့လင်းက ပြုံးလျက်ပြောသည်။

“သူ လုပ်ပါစေ၊ သူ အိမ်မှာလဲ လုပ်တာပဲ” ကျိုးရှောင်မိန်က ပြောသည်။

ထိုသို့ပြောပြီးနောက် အမေကျိုးထံမှ မျက်စောင်းတစ်ချက် ရလိုက်သည်။

စိတ်နေသဘောထားကောင်းသောကြောင့် စုတာ့လင်းသည် ကလေးနှစ်ယောက်နှင့် ပန်းကန်သွားဆေးသည်။

ဆေးသည့်ရေက ရေပူဖြစ်သည်။ ထို့ကြောင့် သူတို့လက် မခဲတော့ပေ။ လောင်တနှင့် လောင်အာ့ ဆေးကြောပြီးနောက်

လင်းချင်းဟယ်သည် သူတို့ ခဲမှာကို ကာကွယ်ပေးရန် ခရင်များ လိမ်းပေးသည်။

သူမက မိသားစုအတွက် မှိုဖြူနည်းနည်းနှင့် စွံပလွန်သီးဟင်းချိုကိုလည်း ချက်ပေးလိုက်သည်။ ကိုးနာရီထိ စကားပြောပြီးနောက် လူတိုင်းက မှိုဖြူနှင့် စွံပလွန်စွပ်ပြုတ်ကို သောက်ပြီး အိပ်ရာဝင်ကြသည်။

ကျိုးအိမ်ဟောင်းသို့ အပြန်လမ်းတွင် ကျိုးရှောင်မိန်က အဖေကျိုးနှင့် အမေကျိုးကို ညည်းတွားပြောလိုက်သည်။

“စတုတ္ထယောက်မက အဖေတို့နှစ်ယောက်လုံးကို တကယ် ကျေပွန်တာနော်၊ အဲဒါကို မညည်းကြနဲ့နော်”

သူမ ပြန်ရောက်လာတာ ရက်အနည်းငယ် ရှိပြီဖြစ်ကာ သူမ၏စတုတ္ထယောက်မဘက်ရှိ စားစရာများက အလွန် ထူးကဲပြီး အရသာ ရှိသည်။

“စတုတ္ထလေးရဲ့ဇနီးက အလွန် ၀တ္တရားကျေတယ်” အမေကျိုးက ခေါင်းညိတ်လိုက်သည်။

အဖေကျိုးက ဘာမှမပြောခဲ့ပေ။ ထိုအဘိုးအိုသည် မည်သည့်အခါကမျှ ထုတ်မပြောသော်လည်း သူ့ရင်ထဲတွင် ၎င်းကို သိနေသည်။

သူတို့ စတုတ္ထလေး၏ မိသားစုနှင့် စတင်စားသောက်ချိန်မှစပြီး အဖေကျိုးက သူ နှစ်အနည်းငယ် ပိုနေနိုင်မည်မှန်း သိလိုက်သည်။ အစက အလွန်ဆုံးမှ အသက် ခုနစ်ဆယ်အထိသာ နေနိုင်မည်ဟု တွေးခဲ့တာ ဖြစ်သည်။

ထို့အပြင် သူက ၇၀ ထိ နေနိုင်လျှင်တောင် ၎င်းက အလွန်အသက်ရှည်နေသေးသည်။

သို့သော် အဖေကျိုးသည် ယခုအချိန်တွင် အသက် ၇၅ ထိ နေနိုင်မည်ဟု ခံစားမိနေပြီဖြစ်သည်။ သူ့သားမိသားစုနှင့် အတူစားရတာက တကယ်ကောင်းသည်။ သူ အသက်ရှည်ရှည်နေချင်ပြီး ပျော်ရွှင်မှုကို ပိုခံစားချင်သည်။

ယခု စုတာ့လင်းနှင့် ကျိုးရှောင်မိန် ပြန်ရောက်လာပြီဖြစ်သောကြောင့် စုချန်လေးက သူတို့နှင့် အိပ်သည်။

သားအဖ ဆက်နွယ်မှုကြောင့် ဖြစ်ဟန်တူသည်။ စုချန်လေးက စုတာ့လင်းကို အလွန်နှစ်သက်သည်။ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူသည် စုတာ့လင်းကလွဲလျှင် တခြားသူကို မကပ်တော့ပေ။

စုတာ့လင်းက မလိုချင်စရာအကြောင်းမရှိပေ။

အဖေကျိုးသည် နွေးထွေးသော စောင်ထဲ ဝင်နွေးပြီး အမေကျိုးကို ပြောလိုက်သည်။

"ငါ နောက်နှစ်ကျ အလုပ်မှတ် ၈ မှတ်ပဲ ယူဖို့ စဉ်းစားထားတယ်"

ထိုစကားကို ကြားပြီးသည်နှင့် အမေကျိုးက ပြောလိုက်သည်။

"အလုပ်မှတ် ၈ မှတ်ပဲ ယူပါလို့ တော့်ကို ပြောသားပဲ၊ တော်က တော့်ကိုယ်တော် အထင်ကြီးနေတာကိုး"

အဘိုးကြီးသည် ယခုအချိန်တွင် မငယ်တော့ပေ။ သူ ငယ်ရွယ်စဉ်အချိန်ကလို မည်ကဲ့သို့ ပြုမူနိုင်မည်နည်း။

သူ့ခန္ဓာကိုယ်က အလွန်အမင်း အားစိုက်ထုတ်ရပေမည်။

"ရှင် အခုကျမှ ဘာလို့ အကောင်အထည်ဖော်ရတာလဲ" အမေကျိုးက မေးလိုက်သည်။ သူမသည် သူ့ကို ယခင်က ဖျောင်းဖျခဲ့ဖူးသော်လည်း ထိရောက်မှုမရှိပေ။ ယခုအချိန်တွင် အဘိုးကြီး သူ့ဘာသာသူ တွေးမိမည်ဟု သူမ မထင်ထားပေ။

"ငါ နှစ်နည်းနည်းလောက် ပိုနေချင်လို့" အဖေကျိုးက ရေရွတ်ပြောလိုက်သည်။

အမေကျိုးက မထိန်းနိုင်တော့ဘဲ ရယ်မောတော့သည်။

သို့သော် ယင်းက ရိုးသားသော အမှန်တရားဖြစ်သည်။ စတုတ္ထလေး၏ ဇနီးက ဟင်းချက်ကောင်းလွန်းသည်။ သူမနှင့်အတူ စားသောက်လျှင် သူတို့ သေချာပေါက်နှစ်အနည်းငယ် ပိုနေချင်မှာ သေချာသည်။

"အလုပ်မှတ် ၈ မှတ်က ကျွန်မတို့ လူအိုလင်မယားအတွက် လုံလောက်နေပါပြီ၊ နောက်နှစ်ကျ ကျွန်မရဲ့မြေး(စုချန်လေး)က အသက်ပိုကြီးလာမှာ၊ အဲဒီအချိန်ကျရင် အလုပ်မှတ်အတွက် ဝက်စာရွက်တွေကိုလဲ စုနိုင်ပြီ၊ လောင်တနဲ့ သူ့ညီကိုတွေလက်ထပ်ချိန်ရောက်ရင် သုံးဖို့အတွက် ရှောင်မိန်ကို ပိုက်ဆံသိမ်းခိုင်းထားမယ်၊ ကလေးတွေက သူတို့မိဘတွေလိုပဲ ချောချောလေးတွေ၊ ဒီတော့ သူတို့ နောက်ကျ ပိုက်ဆံများများသုံးဖို့ မလိုလောက်ဘူး" အမေကျိုးက ပြောလိုက်သည်။

"ငါ တွက်သလောက်တော့ လောင်တက နောင်ကျ စာလေ့လာဖို့အတွက် ငါတို့ဆီက ပိုက်ဆံမလိုလောက်ဘူး" အဖေကျိုးက ပြောသည်။

"ဘာလို့ ဒီလို ပြောတာလဲ၊ ကျွန်မတို့က ပိုက်ဆံပေးဖို့ မလိုဘူးလား၊ စတုတ္ထလေးရဲ့ မိန်းမမှာ ပိုက်ဆံသိပ်ရှိမှာ မဟုတ်ဘူး"

"လောင်တက ပြောတယ်၊ သူ အရွယ်ရောက်လာရင် အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်ကို ဝင်ခွင့်ဖြေမှာတဲ့" အဖေကျိုးက ပြန်ပြောသည်။

အမေကျိုးက မျက်လုံးပြူးကျယ်သွားကာ "သူက ဝင်ခွင့်ရအောင် လုပ်မှာလား၊ ကျွန်မတို့ ကျိုးမိသားစုမှာ ဘယ်သူမှ စာမလေ့လာဘူးလေ"

ထိုစကားများက အမှန်တကယ် ရင်နာစရာကောင်းသည်။

သို့သော် ယင်းက အမှန်တရားလည်း ဖြစ်သည်။

မျိုးဆက် တစ်ဆယ့်နှစ်ဆက်ထိ ကျိုးမိသားစုသည် ရွာသားများသာ ဖြစ်သည်။ ပညာသင်သားတစ်ယောက်မှ ပေါ်မလာခဲ့ပေ။ စာဖတ်ရန် အမွေဆက်ခံမှုမျိုး ရှိမနေပေ။

“လောင်တက အခုအခေါက် အခွင့်အရေး ရလိမ့်မယ်လို့ ငါထင်တယ်၊ လောင်တရေးတဲ့စာလုံးတွေ ဘယ်လောက်လှလဲကြည့်လေ၊ သူက ဖတ်စာအုပ်ကစာတွေ အလွတ်ရွတ်ပြနိုင်တယ်၊ ကျောင်းစာမေးပွဲတိုင်းမှာ အမှတ်တစ်ရာ ရတယ်” အဖေကျိုးက ပြောလိုက်သည်။

“ရှင် ဘယ်လိုလုပ် သိတာလဲ” အမေကျိုးက မေးလိုက်သည်။

“လောင်တကို သူ့အမေက ညနေတုန်းက စာရွတ်ပြခိုင်းတယ်မလား၊ ငါက ဒီတိုင်းမေးလိုက်တော့ လောင်အာ့က သူ့စာမေးပွဲအဖြေလွှာနဲ့ အိမ်စာကို ငါ့ဆီယူလာပြတာလေ၊ ငါ ဘယ်လောက် အံ့ဩသွားမှန်း မင်းမသိပါဘူး”

အဖေကျိုးသည် စာပေအတန်းကို ရက်အနည်းငယ် တက်ခဲ့ဖူးသည်။ သင်ထောက်ကူထဲရှိ စာလုံးများက လောင်တရေးသလောက် မကောင်းဟု ခံစားမိသည်။

အမေကျိုးကလည်း အံ့ဩသွားသည်။ “စတုတ္ထလေးဆီကနေ မကြားမိပါလား”

“သူက ငယ်သေးတယ်၊ ဒီတော့ မသေချာသေးဘူးလေ၊ ဘာများ ပြောနေအုံးမှာလဲ” အဖေကျိုးက ပြန်ပြောလိုက်သည်။

“လောင်တက အလုပ်သမားများ၊ လယ်သမားများနှင့် စစ်သားများ တက္ကသိုလ်ကို တကယ် ဝင်နိုင်မှာလား၊ သူက ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်လာရင် နိုင်ငံ့ခေါင်းဆောင်တွေက လာလည်လိမ့်မယ်၊ အဲဒီအချိန်ကျ ကျွန်မတို့ရဲ့ ဘိုးလေးတွေဆီ ဂုဏ်သရေလဲ ဆောင်ယူလာမှာပဲ” အမေကျိုးက စိတ်လှုပ်ရှားမှုကို မခုခံနိုင်ပေ။

ဘိုးဘေးတွေဆီကို ဂုဏ်သရေ ဆောင်ယူလာခဲ့ပေးတာပဲ။

အဖေကျိုးက ပြုံးမိသွားသည်။ လူမှုအဖွဲ့အစည်းဟောင်းဆိုရင် ကောလိပ်ကျောင်းသားက အဆင့်မြင့် ပညာသင်သားနဲ့ ညီမျှတာမလား။

သူတို့ရဲ့ ဘိုးဘေးတွေဆီု ဂုဏ်သတင်း အမှန်တကယ် ယူဆောင်လာတာပဲ။

အဲဒီနေ့ကို သူ လူအိုကြီး မြင်နိုင်ပါ့မလားဆိုတာ မသိရုံပဲ။

ကျိုးအိမ်ဟောင်းက ကောလိပ်ကျောင်းသားတစ်ယောက်ကို တကယ်မွေးထုတ်နိုင်ခဲ့ရင် သူ့ဘိုးဘေးတွေနဲ့ တွေ့ဆုံဖို့ကိုတောင် လိုလားပါတယ်။

All Chapters