← Chapters

၁၉၇၃ခုနှစ်ဆီသို့

Vol. 12 Ch. 162

၁၉၇၃ခုနှစ်ဆီသို့

Vol. 12 Ch. 162

အခန်း (၁၆၂) - ၁၉၇၃ ခုနှစ်ဆီသို့

အမေကျိုးသည် လင်းချင်းဟယ်က တတိယမောင်လေးလင်းအား ပစ္စည်းများ ပေးနေသည်ကို သိသည်။

“နင့်မောင်လေးက သိတတ်သားပဲ။” ထိုမောင်လေးက မနက်စောစောတွင် ရစ်ငှက်တစ်ကောင် လာပေးသွားသည်ကိုလည်း အမေကျိုး သိနေသည်။

ထို့အပြင် စတုတ္ထ၏ဇနီးသည် သူမ၏မိဘများဘက်မှ တတိယမောင်လေးဖြစ်သူနှင့်သာ ပတ်သက်ဆက်ဆံကြောင်းကို အမေကျိုးက ရှင်းရှင်းလင်းလင်း သိနေသောကြောင့် ဘာမှပြောစရာ မရှိပေ။

လင်းချင်းဟယ်သည် တတိယမောင်လေးလင်းအကြောင်းကို သိပ်မပြောပေ။

အမေကျိုးကို ရှင်းပြနိုင်သည့် အချို့သောအရာများ ရှိသလို လင်းချင်းဟယ်က စကားအလွန်အကျွံ မပြောချင်သည့် တစ်ချို့အကြောင်းများလည်း ရှိနေသည်။

လင်းချင်းဟယ်သည် ထိုရစ်ငှက်ကို စွပ်ပြုတ်အဖြစ် ချက်ပြုတ်လိုက်သည်။ သူမက ၎င်းကို အပိုင်းပိုင်း လှီးဖြတ်ထားသောကြောင့် ကြက်ခြေထောက်ကို ရရှိမယ့်သူ တစ်ဦးတစ်ယောက်မှ ရှိလိမ့်မည်မဟုတ်ပေ။

စွပ်ပြုတ်ကို ချက်ပြုတ်ထားပြီး ပဲနီလေးမန်ထိုဖြင့် တည်ခင်းကျွေးမွေးသဖြင့် တစ်မိသားစုလုံး အားရကျေနပ်သွားကြသည်။

ပြောရမယ်ဆိုလျှင် လင်းချင်းဟယ်၏ စွပ်ပြုတ်ချက်ထားသည့် ဟင်းချက်စွမ်းရည်သည် အလွန်ကောင်းမွန်လှသည်။

တကယ်တော့ ဒီကလူတွေသည် ဟင်းရည်သောက်သည့် အလေ့အထ မရှိကြပေ။ လင်းချင်းဟယ်သည်လည်း သူမ၏ယခင်ဘဝက မြောက်ပိုင်းသူ ဖြစ်ခဲ့သော်လည်း တောင်ပိုင်း၏ ထုံးတမ်းဓလေ့၊ ယဉ်ကျေးမှုကို အလွန်နှစ်သက်သည်။

အထူးသဖြင့် တောင်ပိုင်းသားတို့၏ စွပ်ပြုတ်ဟင်းရည်ချက်သည့် နည်းစနစ်ကို သူမ တကယ် သဘောကျသည်။

အဲဒါက အရာအားလုံးကို စွပ်ပြုတ်အဖြစ်၊ ဟင်းရည်အဖြစ် ပြုလုပ်နိုင်သည့် သဗ္ဗရနံပေါင်း ရောကျိုရာတစ်မျိုးဟုပင် ပြောနိုင်သည်။

၎င်းသည် တကယ့်ကို ဟိတ်ဟန်ကြီးမာန်တတ်ပုံ ထင်ရပေမယ့် တောင်ပိုင်းသားတွေ အထူးသဖြင့် ကန်တုံပြည်နယ်က လူတွေက မစားရဲတာ ဘာမှမရှိဘူး။

ဒါက သူတို့ကို သိမ်ငယ်နှိမ့်ချရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ အမှန်တော့ အဲဒါနဲ့ ပြောင်းပြန်ဖြစ်ကာ လင်းချင်းဟယ်သည် သူတို့၏ ဟင်းချက်နည်းများကို နှစ်သက်သည်။

ဤကဲ့သို့သော ဆောင်းရာသီနေ့ရက်များသည် လင်းချင်းဟယ်အတွက် ၎င်းဟင်းချက်နည်းများကို လက်စွမ်းပြရမည့်အချိန် ဖြစ်သည်။

ပါဝင်ပစ္စည်းများ နည်းပါးလွန်းသောကြောင့်ပင် ဖြစ်သည်။ အများဆုံး စားဖြစ်သည်မှာ မုန်လာဥဟင်းချိုဖြစ်ပြီး တစ်ခြားကတော့ ပင်လယ်ရေမှော်ဟင်းချိုနှင့် ပုဇွန်ဆိတ်ဟင်းချိုတို့ ဖြစ်သည်။ ကျန်တာတော့ မရှိပေ။

နှင်းထူသော ရာသီဥတု၌ လင်းချင်းဟယ်သည် သိုးမွှေးဘောင်းဘီနှစ်ထည်ကို ထိုးနေသော အမေကျိုးအား ကူညီပြီးနောက် ဘာမှလုပ်စရာ မရှိတော့ပေ။

ထို့ကြောင့် သူမသည် တစ်နေ့ပြီးတစ်နေ့ လောင်တနှင့် လောင်အာ့တို့နှင့်အတူ စာလေ့လာခဲ့သည်။ သူမသည် ညီအစ်ကိုနှစ်ယောက်အား ပဟေဋ္ဌိဉာဏ်စမ်းများ ပေးပြီး အမှားပြင်ပေးသည်။

တစ်ခါတစ်ရံတွင် ကျိုးချင်းပိုင်က အပြင်ထွက်သွားတတ်သည်။ တစ်ခါတစ်လေ အိမ်မှာ သူတို့စာလေ့လာနေသည်ကို စောင့်ကြည့်နေတတ်သည်။ သူ ဖတ်ရန်အတွက် စာအုပ်ကို ယူလာတတ်သည်။

လင်းချင်းဟယ်က သူ့ကို နားမလည်သည့်နေရာ ရှိလျှင် မေးမြန်းရန် ပြောခဲ့သော်လည်း ကျိုးချင်းပိုင်က သူမကို တစ်ခါမှ မမေးခဲ့ပေ။ လင်းချင်းဟယ်သည် ဤလူက သူ့ဘာသာသူ နားလည်နိုင်သည်ဟု ခံစားမိသည်။

“ရှင်တို့ရဲ့ကျိုးမိသားစုက ဘိုးဘေးတွေအားလုံး တောသားတွေလို့ အမေပြောတာကို ကျွန်မ ကြားခဲ့တယ်။ အစကတော့ ကောင်လေးတွေရဲ့ စာလေ့လာနိုင်စွမ်းက ကျွန်မနဲ့ တူတယ်လို့ ထင်ခဲ့တာ။ အခု ကြည့်ရတာတော့ ရှင်နဲ့ သွားတူပုံပဲ။” လင်းချင်းဟယ်က သူ့ကို ပြောသည်။

ကျိုးချင်းပိုင်၏ ပညာရေးသည် အကယ်စင်စစ် ထူးချွန်ကောင်းမွန်သည်။ သူက အလယ်တန်းကျောင်းအထိ တက်ခဲ့သည်။ ဒီခေတ်ဒီအခါမှာတော့ ၎င်းက ဆိုးရွားသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း နောက်ပိုင်း၌ သူ့မိသားစုက ဆင်းရဲလာသဖြင့် စစ်သားအဖြစ် အမှုထမ်းခဲ့ရသည်။

သူက အလယ်တန်းကျောင်းအထိသာ တက်ရောက်ခဲ့ရသော်လည်း ကျိုးချင်းပိုင်၏ လက်ရေးလက်သားသည် တကယ့်ကို လှပသေသပ်လှသည်။

အားမာန်ပါကာ ခိုင်မာပြီး သေသပ်သည်။ စကားလုံးတွေက သူပုံစံအတိုင်းပင်။ ဒါက အလိမ်အညာတစ်ခုတော့ မဟုတ်ဘူး။

“မင်းနဲ့ တူတာ။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။

သူ၏ အသိပညာဗဟုသုတက သူ့ဇနီးလောက် မနှံ့စပ်ပေ။ သူ့ဇနီးသည် အနည်းဆုံး အထက်တန်း ပညာရေးအဆင့် သို့မဟုတ် အဲ့ဒီထက် ပိုမြင့်သည့်အဆင့်ထိတောင် ရောက်ရှိရမည်ဟု သူ ခံစားမိသည်။

မယုံနိုင်လောက်အောင်ပါပဲ။

သူ နောက်ထပ်ပိုပြီး မတွေးဝံ့တော့ပေ။ ထို့ကြောင့် သူ့ဇနီးက အထက်တန်းကျောင်းဆိုင်ရာ ပညာရပ်များကို သူမဘာသာသူမ သင်ကြားပြသနေသည်ဟု ယုံကြည်လိုက်သည်။

လင်းချင်းဟယ်သည် နှုတ်ခမ်းစေ့ကာ ပြုံးပြပြီး ဒီကိစ္စနှင့်ပတ်သက်၍ သူနဲ့ ငြင်းခုံမနေတော့ပေ။ သူမသည် ကျိုးရှောင်မိန်၏ အကြောင်းကိစ္စများကို ပြောခဲ့သည်။ “သူတို့နှစ်ယောက် ဒီနှစ် နှစ်သစ်ကူးပွဲတော်ကို လာဖို့ မသေချာလောက်ဘူး။ ဒါကြောင့် ချန်ချန်ကို သူတို့တွေ ပြန်ခေါ်သွားလိမ့်မယ်။“

“နှစ်သစ်ကူးမှာ အတူတူ နေတာ ကောင်းပါတယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။

ခြေထောက်ဆေးပြီး အိပ်ရာဝင်ရန် အချိန်နီးကပ်လာမှ ကျိုးချင်းပိုင်သည် အိုးဆီသို့ သွားကာ ရေထည့်ပြီး ယူလာသည်။ လင်မယားနှစ်ယောက်သည် သူတို့ခြေထောက်များကို ဆေးကြောကြသည်။

လင်းချင်းဟယ်သည် အနွေးကုတင်သို့ မသွားခင် လောင်တနှင့် လောင်အာ့တို့ကို ကြည့်လိုက်သည်။ လောင်စန်းကတော့ အရင်အတိုင်းပဲ သူတို့အခန်းတွင် အိပ်နေသည်။

နောက်နှစ်တွင် သူက ငါးနှစ် ပြည့်တော့မည်။ ထိုအခါ သူ့အစ်ကိုနှစ်ယောက်နှင့် အတူတူ သွားအိပ်ရမည်ဖြစ်ပြီး ပြန်လာအိပ်ရန် စဥ်းပင် မစဉ်းစားနဲ့တော့။

သူမနှင့် ကျိုးချင်းပိုင်တို့သည် အနွေးကုတင်ပေါ်သို့ တက်သွားသောအခါ လောင်စန်းသည် ဝက်ပေါက်ကလေးလို အိပ်ပျော်နေပြီ ဖြစ်သည်။

ခါတိုင်းလိုပင် ကျိုးချင်းပိုင်က ချစ်ကြည်နူးချင်နေသည်။ လင်းချင်းဟယ်က “ဒီညတော့ အဆင်မပြေဘူး အိပ်တော့။”

ကျိုးချင်းပိုင်သည် ထိုစကားကို ကြားသောအခါ လက်လျှော့လိုက်ပြီး သူမကို ပွေ့ဖက်ကာ အိပ်လိုက်သည်။

ဤအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နှစ်သစ်ကူးအကြိုကာလ ရောက်ရှိလာသည်။ စုချန်လေးကို စုတာ့လင်းက မြို့မှာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် လာခေါ်သွားခဲ့သည်။

အသင်းအဖွဲ့သည် ယခုနှစ်၏ နောက်ဆုံးအကြိမ် အသားများကို ခွဲဝေပေးခဲ့သည်။ အားလုံးသည် နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရန် အဆင်သင့်ဖြစ်နေကြပြီ။

ဒီနှစ်က ၁၉၇၂ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်သို့ ရောက်နေပြီ။

နှစ်သစ်ကူးပြီးလျှင် ၁၉၇၃ ခုနှစ်ထဲသို့ ဝင်ရောက်တော့မည်။

လင်းချင်းဟယ်သည် ၁၉၇၇ ခုနှစ်သို့ ရောက်ရှိရန် နေ့တိုင်း မျှော်လင့်နေသော်လည်း လွမ်းမောတသသဖြစ်နေသလို သူမ ခံစားနေမိသည်ဟု ပြောရမည်။ အမှန်တကယ်ပင် အချိန်ကုန်လွန်သွားသည်မှာ မြန်လွန်းလှသည်။

“မနက်ဖြန်ဆို လောင်တက ကိုးနှစ်ပြည့်တော့မယ်။” လင်းချင်းဟယ်သည် နှစ်သစ်ကူးအကြိုညတွင် ရုတ်တရတ် မယုံနိုင်လောက်သည့် စိတ်ခံစားချက်ကို ခံစားလိုက်ရသည်။

မနက်ဖြန်သည် နှစ်သစ်ကူးနေ့ ဖြစ်သည်။ လောင်တက ကိုးနှစ်ပြည့်လိမ့်မည်။ လောင်အာ့က ခုနှစ်နှစ် ဖြစ်တော့မည်။ သူမ ဒီနေရာသို့ ရောက်စတုန်းက စကားမပြောနိုင်သေးသော တစ်နှစ်သားသာ ရှိသေးသည့် လောင်စန်းတောင်မှ ငါးနှစ်အရွယ် ဖြစ်လာပြီ။

အချိန်ကုန်လွန်သွားသည်မှာ အမှန်ပင် မြန်လှသည်။ ဘာမှမဟုတ်သလို ခံစားရသည်။ ထိုခဏလေးအတွင်းမှာပင် လေးနှစ်ဆိုသည့် အချိန်ကာလကို ကျော်လွန်သွားခဲ့သည်။

ကျိုးချင်းပိုင်က စကားတစ်ခွန်းမှ မပြောပေမယ့် သူ့ဇနီးကို ပွေ့ဖက်ထားသော လက်များကတော့ တင်းကျပ်သွားသည်။

တစ်နှစ်ပြီး တစ်နှစ် မြန်မြန်ကုန်လွန်သွားသည်ကို သူ ဘယ်လိုလုပ် မသိရမှာလဲ။ ဒါပေမယ့် အဲဒါက ဘဝပဲလေ။

“ချင်းပိုင်… ကျွန်မက အသက်ကြီးပြီး ရုပ်ဆိုးရင် ကျွန်မကို ကြိုက်ဦးမှာလားဟင်။” လင်းချင်းဟယ်က ပြောသည်။

ကျိုးချင်းပိုင် : “ … “

“ရှင် ဖြေစရာမလိုပါဘူး။ ရှင် မကြိုက်ဘူးဆိုတာ ကျွန်မ သေချာပေါက် သိတယ်။ ရှင်တို့ယောကျ်ားတွေက အဲလိုမျိုးပဲ။ တစ်ယောက်မှ ကောင်းတာ မဟုတ်ဘူး။ အားလုံး စိတ်ပြောင်းလဲလွယ်ကြတယ်။ ငယ်ရွယ်နုပျိုလှပတဲ့သူတွေ ရှိနေရင် အိမ်က ရင့်ရော်နေတဲ့ မိန်းမရဲ့ သေရေးရှင်ရေးကို ဂရုစိုက်ဦးမှာမလို့လား။” လင်းချင်းဟယ်က ဆက်ပြောသည်။

ကျိုးချင်းပိုင် : “ … “

“ရှင် ဘာမှပြန်မပြောဘူး။ အဲ့ဒီတော့ ရှင် ဝန်ခံလိုက်တာပေါ့လေ။ မျှော်လင့်ထားတဲ့အတိုင်းပဲ ကမ္ဘာပေါ်က ကျီးကန်းတိုင်းက အကုန်လုံးလိုလို မည်းနက်နေကြတာပဲ။” လင်းချင်းဟယ်က အေးတိအေးစက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထိုအခါ ကျိုးချင်းပိုင်သည် ‘ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဇနီးကို စွန့်ခွာမသွားကြောင်း‘ ကို မြင်သာအောင် သူ့ဇနီးအား ပြသခဲ့သည်။

ပြီးဆုံးသွားသောအခါ ကျိုးချင်းပိုင်က အင်တင်တင်ဖြင့် ပြန်ဖြေသည်။ “ကိုယ် မင်းကို အထင်အမြင်သေး၊ စက်ဆုပ်ရွံရှာမှာ မဟုတ်ဘူး။”

လင်းချင်းဟယ်သည် ‘ဒါဆိုလည်း ဆက်ဟန်ဆောင်လိုက်ဦး‘ ဟု သူမစိတ်ထဲ၌ ရေရွတ်လိုက်ပြီး သူ့ရင်ခွင်ထဲ အေးအေးချမ်းချမ်း အိပ်လိုက်သည်။ သူမသည် ‘ Daiyu Burial Flower ‘ ၏ ဇာတ်ကွက်ကို ဆက်လက် သရုပ်မဆောင်ရဲတော့ပေ။ ( T/N: နာမည်ကြီး တရုတ်ရသစာပေဖြစ်သော ‘Dream of the Red Chamber‘ ၏ ဇာတ်ဝင်ခန်းတစ်ခန်း )

ဤတောင့်တောင့်ဖြောင့်ဖြောင့် သံမဏိလူသားက သူမကို မည်သို့ နှစ်သိမ့်ရမည်မှန်း မသိသော်လည်း သူ့နည်းသူ့ဟန်ဖြင့် သူမကို နှစ်သိမ့်ပေးသည်။

ဥပမာအားဖြင့် သူက သူမကို မကြိုက်ဘူးဟု သူမက ပြောလျှင် သူ မကြိုက်တာကို သူမ မြင်အောင် သူ ခွင့်ပြုလိမ့်မည်။

ထိုအကြောင်းကို ပြောရလျှင် ကျိုးချင်းပိုင်သည် နှစ်ပေါင်းများစွာကြာမှ ပြန်လာခဲ့ပြီး သူမအပေါ် စိတ်ဝင်စားမှုက လုံးဝမလျော့သွားခဲ့ပေ။

အိမ်ထောင်သည် အမျိုးသားနှင့် အမျိုးသမီးများသည် လက်ထပ်ပြီးသွားသည့်အချိန်မှစပြီး နောက်တစ်နှစ်ခွဲကြာသည့်အထိ အလွန်ပြင်းပြစွာ ချစ်ခင်ကြင်နာကြပြီး ထို့နောက်မှာတော့ သူတို့သည် သူတော်စင်တွေထက် ပိုပြီးဖြူစင်ကြသည်ဟု ပြောခဲ့ကြသည် မဟုတ်လား။

နှစ်ယောက်သား ကိုယ်လုံးတီးဖြင့် လှဲလျောင်းအိပ်နေရင်တောင် လုပ်ချင်စိတ် မရှိကြဘူးဟု ပြောကြသည်။ ဘာကြောင့် သူ့ယောကျ်ားက ဒီလောက်တောင် အရူးအမူး ချစ်စိတ်ပြင်းပြနေသေးတာလဲ။

ထိုကိစ္စအတွက် စိတ်အားထက်သန်မှုနှင့် တက်ကြွမှုတို့သည် အမြဲလိုလို အတူတူပင်။

လင်းချင်းဟယ်က ဘယ်လိုပဲ ငြီးတွားနေပါစေ သူမက အလွန်ကျေနပ်နေဆဲပင် ဖြစ်သည်။

နှစ်ယောက်သား အတူတကွ တိုးဝှေ့ပူးကပ်ရင်း အိပ်ပျော်သွားကြသည်။

နောက်တစ်နေ့သည် နှစ်သစ်ကူးနေ့ ဖြစ်သည်။

တတိယမောင်လေးလင်းသည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် သူ့သမီးနှစ်ယောက်ကို ခေါ်ကာ ရောက်လာခဲ့သည်။

တတိယယောက်မလင်းသည် အငယ်ဆုံးသမီးလေးကို ငယ်လွန်းသေးသဖြင့် ဒီနေရာသို့ မခေါ်လာခဲ့ပေ။ နောက်တစ်ချက်ကတော့ တတိယယောက်မလင်းသည် အနည်းငယ် ရှက်သလို ခံစားရသောကြောင့် ဖြစ်သည်။

လင်းချင်းဟယ်သည် သားသုံးယောက်ကို ဖွားမြင်ခဲ့ပြီး တတိယယောက်မလင်းက သမီးသုံးယောက်ကို မွေးဖွားခဲ့သည်။

တတိယယောက်မလင်းသည်ပင် ခေါင်းမတ်မတ် မထောင်ရဲပေ။

ဒီခေတ်က သားတစ်ယောက်၏ အရေးပါမှုကို အလေးထားကြသည်။

“အစ်မ… ဒီအကြောင်းကို သိပ်ပြီးစဉ်းစားမနေပါနဲ့။ နောက်ထပ် ကိုယ်ဝန်ရှိနေပြီ။” သူမ တွေးနေသည်ကို မြင်သောအခါ တတိယမောင်လေးလင်းက ရှင်းပြလိုက်သည်။

လင်းချင်းဟယ်က အံ့အားသင့်သွားပြီး “မင်းတို့ကလေးက ခြောက်လပဲရှိသေးတယ်၊ ကိုယ်ဝန်ထပ်ရပြန်ပြီလား။”

All Chapters