← Chapters

ကြီးမားသောသဘောတူညီချက်

Vol. 10 Ch. 454

ကြီးမားသောသဘောတူညီချက်

Vol. 10 Ch. 454

"အစ်ကိုကျင်း ဆိုလိုတာက စီမံကိန်း စတာနဲ့ အလားတူ ပြဿနာကို ခံစားရမယ် ဒီသဘောလား။"

ထန်ရှု ခပ်ဖွဖွ မေးရင်း မျက်မှောင်ကြုပ်သွားသည်။

"ငါ ၁၀၀% မသေချာဘူး … ဒါပေမယ့် ဖြစ်နိုင်ချေ အရမ်းများတယ်။" ကျင်းရှင်းကွေ့က မချိပြုံး ပြုံးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ရင်း ကျင်းရှင်းကွေ့က သူ့အား သည်လိုကိစ္စကို ပြောပြသည့်အတွက် အတော် စိတ်ကျေနပ်သွားရသည်။

နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို အမှန်တကယ် လက်မှတ်မထိုးရသေးသောကြောင့် သည်ပြဿနာအား ကျင်းရှင်းကွေ့ ဖုံးကွယ်ထားမည်ဆိုပါက စီမံကိန်းကို စတင်သည်နှင့် အတော်လေးကို အခက်အခဲ ဖြစ်သွားနိုင်သည်။

“ဒီကိစ္စကို လောလောဆယ် ဖယ်ထားလိုက်ရအောင်။ ဒါပေမယ့် အဲ့ဒီပြဿနာတွေဖြစ်လာရင် ကျွန်တော့်ကို ပြောပေးပါ။ ကျွန်တော် ရှင်းပေးမယ်။"

ကျင်းရှင်းကွေ့က ဝမ်းသာသွားသောအမူအရာဖြင့် လက်များကို ပွတ်သပ်ပြီး

“ဒီကိစ္စကို မင်းကို ပြောပြဖို့က လွဲပြီး ငါ့မှာ ရွေးချယ်စရာ မရှိလို့ပါ ညီအစ်ကိုထန်။ ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ဒါပေမယ့် ကြိုမပြောထားဘူးဆိုရင် ဆောက်လုပ်ရေးစီမံကိန်းက နောက်ပိုင်းကျ နှောင့်နှေးသွားလိမ့်မယ်။”

“ဒီပြဿနာကို အခု ပြောပြတာက ကျွန်တော် ပိုဝမ်းသာတယ်။ ဒါဆို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်မပြောတော့ဘူး။ ကျွန်တော် ပြန်သွားရင် ပြင်ဆင်ထားလို့ရအောင် ဒီလုပ်ငန်းခွင်ရဲ့ တိုင်းတာမှုစစ်တမ်းအချက်အလက်ကို ပေးလိုက်ပါ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။

"ကောင်းပါပြီ။"

ကျင်းရှင်းကွေ့က သူ၏ဘေးက အမျိုးသမီးအား အချက်ပြလိုက်သည်နှင့် သူမက လက်ဆွဲအိတ်ကို ချက်ချင်းဖွင့်ပြီး စာရွက်စာတမ်းကို ယူကာ ထန်ရှုအား ပေးလိုက်သည်။

ထန်ရှု လက်ခံလိုက်ပြီးနောက်

"ကောင်းပြီ။ ဒါပြီးရင် ကျွန်တော် အရင်ပြန်လိုက်တော့မယ်။"

"ဘာလို့ နေ့လည်စာ အတူတူ မစားတာလဲ ညီအစ်ကိုထန်။" ကျင်းရှန်းကွေ့က အမြန် မေးလိုက်သည်။

"မစားတော့ဘူးအစ်ကိုကျင်း။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးတယ်။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းကာ ပြန်ဖြေသည်။

ထို့နောက် ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်လာခဲ့သည်။ အိမ်ထဲသို့ ထန်ရှု ဝင်လာသည့်အခါ အိုးရန်လူလူနှင့် ကျန်းရှင်းယာသည် တယောက်လက်တစ်ယောက်ကိုင်ပြီး အိမ်ထဲတွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏မျက်နှာထက်တွင် အပြုံးများ ရှိနေသဖြင့် စိတ်ခံစားမှုအခြေအနေ သာယာနေသည်မှာ ထင်ရှားလှသည်။

"ဟယ်လို ကြယ်ပွင့်ကြီး။ နေ့လယ်စာစားဖို့ နင် ပြန်လာပါ့မလားလို့ တွေးနေမိတာ။ အစားအသောက်ကတော့ ထာဝရခန်းမရဲ့ မန်နေဂျာ — ချီနန်ကိုယ်တိုင် လာပို့ပေးလို့ ထမင်းစားခန်းထဲမှာ ရောက်နေပြီးသားပါ။” ကျန်းရှင်းယာက ပြုံးပြီး ပြောသည်။

ထန်ရှုက ကားတံခါးကို သော့ပိတ်ပြီးနောက်

“လုပ်စမ်းပါ။ မင်းကမှ တကယ့်အကြီးစား ကြယ်ပွင့်ကြီးပါ။ ငါ့ရဲ့မတည်မြဲတဲ့ ဂုဏ်သတင်းလေးက ထူးဆန်းတဲ့ အခြေအနေတွေ ပေါင်းစပ်သွားလို့ပါကွာ။ ရက်နည်းနည်း ကြာသွားရင် ဘယ်သူမှ ငါ့ကို မှတ်မိတော့မယ် မထင်ဘူး။”

“အဲ့ဒီလို မဖြစ်ဘူးလို့ ငါ ပြောရဲတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါ လာလည်တာက မနက်ဖြန်ညနေ ငါ့ရဲ့ ဖျော်ဖြေပွဲမှာ နင့်ကို အထူးဧည့်သည်အဖြစ် ဖိတ်ချင်လို့။" ကျန်းရှင်းယာက နူးညံ့စွာ ပြုံးရင်း ပြောလာသည်။

"နိုး … မဟုတ်ဘူး … မဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို အဲ့ဒါကနေ လက်လွှတ်ပေးပါတော့။ မင်းရဲ့ဖျော်ဖြေပွဲမှာ ငါသာ အထူးဧည့်သည်ဖြစ်လာရင် နောက်နေ့ ခေါင်းစီးသတင်းတွေ ထပ်ပေါ်လာမှာကို ကြောက်ရတယ်။ ဒီရက်တွေအတွင်း ငါ့မှာ စိတ်ဖိစီးမှုများစွာနဲ့ နေနေရတာ။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ငါ တကယ်ကို ရူးသွားလိမ့်မယ်။”ထန်ရှု အသည်းအသန် ငြင်းတော့သည်။

"ငါ တကယ် နားမလည်ဘူး ထန်ရှု။ သူများတွေက ကျော်ကြားဖို့ ဘာမဆို လုပ်တတ်ကြတယ်။ ဒါပေမယ့် နင်ကတော့ ကျော်ကြားမှာကို ကြောက်နေတယ်။ အကြောင်းပြချက် ငါ့ကို ပြောပြပေး။" ကျန်းရှင်းယာက သိမ်မွေ့စွာ ပြုံးရင်း မေးလာသည်။

"ဘာလို့လဲဆိုတော့ ငါက တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝကို ကြိုက်တယ်။ ဘယ်နေရာသွားသွား အာရုံစူးစိုက်ခံရတာကို မကြိုက်ဘူး။ ဘဝမှာ အနှောက်အယှက်များစွာ မရှိဘဲ ချမ်းသာလာရတာကို ပိုကြိုက်တယ်။” ထန်ရှုက ဖြေသည်။

"နင့်ရဲ့ အယူအဆ ထူးခြားတာ နင် သိလား။" ကျန်းရှင်းယာက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ပေ။

“ဒါလည်း ကောင်းပါတယ်။ နင့်ရဲ့ကျော်ကြားမှုကို အားမကိုးဘဲ ကြီးမားတဲ့ အနာဂတ်ကို နင် လုပ်နိုင်ပါသေးတယ်။ ကောင်းပါပြီ … သူဌေးကြီးရေ … ငါတို့ အခု နေ့လည်စာ စားကြတော့မလား။ အချိန်ကြာသွားရင် အစားအစာတွေ အေးသွားမှာကို ငါ ကြောက်တယ်။”

"ဒါဆို ငါတို့ စားကြတာပေါ့။" ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

ထန်ရှုသည် အလှလေးနှစ်ယောက်နှင့်အတူ အရသာကောင်းမွန်သော အစားအစာများအား မြိန်ရည်ယှက်ရည် အတူတကွ စားသောက်ကြသည်။

ကျေနပ်လောက်အောင် စားသောက်ပြီးသည်နှင့် အမျိုးသမီးလေးနှစ်ယောက်က စားကြွင်းစားကျန်များအား သိမ်းဆည်းကာ ပန်းကန်များကို ဆေးကြောသန့်စင်သည်။

ထိုအချိန်တွင် ထန်ရှု ဖုန်းကို ဖွင့်လိုက်သောအခါ ပေးပို့ထားသော စာများနှင့် လွတ်သွားသော ဖုန်းခေါ်ဆိုမှုများ၏ အချက်ပေးမှုများကို တွေ့ခဲ့ရသည်။

ထိုအရာများအား စေ့စေ့စပ်စပ်ကြည့်ပြီးနောက် သူ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

လွတ်သွားသည်များအထဲတွင် ယွမ်ချူးလင်ထံမှ စာတိုတစ်စောင် ပါဝင်နေသည်။

ထန်ရှုသည် တစ်စက္ကန့်မျှ မဆိုင်းဘဲ ယွမ်ချူးလင်အား ဖုန်းခေါ်ဆိုပြီးနောက်

“ဘာဖြစ်တာလဲ။ မင်း ဘယ်လို ဒဏ်ရာ ရသွားတာလဲ။"

“ငါတို့ ကိုယ်လက်ကြံ့ခိုင်ရေးစင်တာကို ပြုပြင်မွမ်းမံနေချိန်မှာ လူတစ်ချို့က ပြဿနာလာရှာတယ်။ သူတို့တွေက အရေအတွက်လည်း များတယ်။ မသာကောင်တွေက အတော် သန်မာတယ်ကွ။ ငါတို့ သူတို့ကို မတိုက်နိုင်ခဲ့ဘူး။”

ယွမ်ချူးလင်က ခါးခါးသီးသီး ပြန်ဖြေသည်။

"မင်း အခုဘယ်မှာလဲ။" ထန်ရှုက လေးနက်သောအသံဖြင့် မေးလိုက်သည်။

"ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံမှာ။" ယွမ်ချုးလင်က ဆိုသည်။

"မင်းရဲ့ လူနာဆောင်နံပါတ်ကို ပြော ငါလာခဲ့မယ်။" ထန်ရှုက ပြောသည်။

ချက်ခြင်းပင် ထန်ရှုသည် ထမင်းစားခန်းသို့ လာလိုက်ပြီး ပြောလိုက်သည်။

"ငါ အရေးတကြီးကိစ္စရှိလို့ အပြင်ထွက်ရဦးမယ်။ ဒီအိမ်ကို ကိုယ့်အိမ်ကိုယ်ယာလို သဘောထားပြီး နေ။ အားမနာနဲ့။"

ထိုသို့ပြောပြီးနောက် အိုးရန်လူလူတို့၏ မေးခွန်းထုတ်သံများကို လျစ်လျူရှုထားပြီး ခြံဝင်းဆီသို့ တန်းသွားကာ ကားကို မောင်းထွက်သွားတော့သည်။

နာရီဝက်လောက်ကြာပြီးနောက် ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံသို့ ထန်ရှု ရောက်လာသည်။ သည်တစ်ခေါက်သည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်သည့်အပြင် ဆေးရုံဥက္ကဌကိုပါ သူ သိနေသော်လည်း မည်သူ့ကိုမှ သူ ဖုန်းမခေါ်ခဲ့ပေ။ သူသည် ယွမ်ချူးလင် ဆေးရုံတက်နေသည့် ၆ လွှာရှိ အတွင်းလူနာဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

အတွင်းလူနာဆောင်၏အခန်းတစ်ခုထဲတွင် လူနာကုတင် သုံးခုရှိပြီး လူငယ်သုံးဦး လဲလျောင်းနေသည်။ ကိုယ်တစ်ပိုင်းမှီကာ လဲလျောင်းနေသော ယွမ်ချူးလင်မှလွဲ၍ ကျန်နှစ်ဦးမှာ အောက်ဆီဂျင်ပိုက်များ တပ်ထားရသည်။

"ငါ့ကို အခြေအနေအသေးစိတ် ပြောပါ။"

ထန်ရှု၏အမူအရာသည် မှုန်မှိုင်းနေကာ ယွမ်ချူးလင်အား ပြန်ကြည့်ရင်း မေးလိုက်သည်။

ယွမ်ချူးလင်၏ဦးခေါင်းအား ပတ်တီးစီးထားပြီး သွေးများ စိမ့်ထွက်နေသည်။ သူ၏မျက်နှာထက်တွင် သွေးစများကို တွေ့နိုင်သကဲ့သို့ လက်မောင်းများတွင်လည်း ပလာစတာများ ကပ်ထားရသည်။ ကြည့်ရသည်မှာ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေပြီး သနားစရာပင် ကောင်းနေချေသည်။

“အစ်ကိုကြီး … ငါတို့ အချိန်ကိုက် အဆော်ခံလိုက်ရတာပဲ။” ယွမ်ချူးလင်က ခါးသီးသောအမူအရာဖြင့် ပြောသည်။ “အကြောင်းရင်းက ပြုပြင်မွမ်းမံဖို့ နောက်ထပ် ဆောက်လုပ်ရေးအဖွဲ့ကို ငှားခဲ့တဲ့အတွက်ကြောင့်ပဲ။ ပြောရရင် အရင်ဆုံး သွားစုံစမ်းခဲ့တဲ့အဖွဲ့က အဆမတန် ဈေးတောင်းတဲ့အတွက် သူတို့ကို ငါ မငှားချင်ခဲ့ဘူး။ အဲ့ဒါကြောင့် နောက်ရက်မှာ လူတစ်စု ငါတို့ဆီကို ရောက်လာတယ်။ သူတို့က ငါတို့ငှားထားတဲ့ အလုပ်သမားတွေကို အနှောင့်အယှက်ပေးရုံတင်မကဘူး သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဒါမှမဟုတ် တစ်စုံတစ်ရာအတွက် လျော်ကြေးပေးဖို့ပါ တောင်းလာတာ။ အဲ့ဒီနေ့ရဲ့အဆုံးမှာ သဘောထားကွဲလွဲမှုတွေကနေ ခိုက်ရန်ဖြစ်ပွားပြီး ငါ့အတန်းဖော်နှစ်ယောက်ပါ ဒဏ်ရာရသွားတာ။ သူတို့ရဲ့ဒဏ်ရာတွေက ငါ့ထက်ကို ပိုဆိုးနေတယ်။”

ထန်ရှု အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက်  "သူတို့အခြေအနေက ဘယ်လိုလဲ တိတိကျကျ ပြောပေး။"

“အသက်အန္တရာယ်တော့ မစိုးရိမ်ရပေမယ့် ဒဏ်ရာအခြေအနေကြောင့် ရက်နည်းနည်း အနားယူရမယ်။ ဒါပေမယ့် လက်ရှိငါတို့အခက်အခဲက ကျောင်းနဲ့ ပတ်သက်နေတာ။ ကျောင်းက ငါတို့ကို အတန်းမတက်တာ အပြစ်ပေးနိုင်တယ်။  စည်းကမ်းတကျ အရေးယူမယ်ဆိုရင် ဒါမှမဟုတ် ပိုဆိုးတာက ကျောင်းထုတ်တာ တကယ် ဖြစ်လိမ့်မယ်။” ယွမ်ချူးလင်က ပြောသည်။

“မင်းရဲ့ ကျောင်းအတွက် စိတ်ပူနေစရာ မလိုပါဘူး။ အဲဒါကို ကူညီဖြေရှင်းပေးမယ့်လူကို ငါရှာပါ့မယ်။ အခု မင်းတို့ကို လာရိုက်တဲ့ အဲ့ဒီ ဆောက်လုပ်ရေးအဖွဲ့အကြောင်းကို ပြောပြပါဦး။” ထန်ရှုက မေးလိုက်သည်။

“အစ်ကိုကြီး … မင်းရဲ့ကွန်ဖူး ကောင်းတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အဲ့ဒီလူတွေကို ရှာဖို့ မကြိုးစားနဲ့။”

ယွမ်ချူးလင်က အမြန် ပြောလိုက်သည်။

“ငါတို့ကို ရိုက်တဲ့သူတွေက ဆောက်လုပ်ရေးအဖွဲ့က ဆိုပေမယ့် ကျန်တဲ့သူတွေက ဒေသခံလူမိုက်တွေ။ သူတို့ထဲက နှစ်ယောက် - သုံးယောက်က တကယ်ကို သန်မာပြီး ကွန်ဖူးပညာကို သိတယ်။”

"စကားမများနဲ့တော့ လိုရင်းသာ ငါ့ကို ပြောပါ" ထန်ရှုက မျက်မှောင်ကြုပ်လိုက်သည်။

"မင်း တခြားဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး။"

ယွမ်ချူးလင် တခဏမျှ တုံ့ဆိုင်းနေပြီးမှ တစ်ဖက်အဖွဲ့အကြောင်း သူသိထားသည်များကို ထန်ရှုအား ရိုးသားစွာ ပြောပြသည်။ ထို့နောက် ထန်ရှုသည် လူနာဆောင်တွင် ခဏနေခဲ့ပြီးနောက် ပြန်လာခဲ့သည်။

သူ၏ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။ အင်မော်တယ်ကမ္ဘာမှ ပြန်လာပြီးနောက် သူ၏ပထမဆုံးသော သူငယ်ချင်း ဖြစ်ခဲ့ပြီး အကောင်းဆုံးဆက်ဆံရေးရှိသူမှာ ယွမ်ချူးလင်ဖြစ်သည်။ အစပိုင်း၌ ကြယ်တာရာပထမအထက်တန်းကျောင်းတွင် သူအနိုင်ကျင့်ခံရချိန်တွင် ယွမ်ချူးလင်သည် သူ့အတွက် အမြဲတမ်းရှေ့က ရပ်တည်ပေးသူဖြစ်သည်။ အတန်းပြောင်းရန် ထန်ရှုအား အတင်းအကျပ် ဖိအားပေးခံရစဉ်အခါကလည်း ယွမ်ချူးလင်သည် မဆိုင်းမတွ မတ်တပ်ရပ်ကာ သူနှင့်အတူ လိုက်လာခဲ့သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

သူငယ်ချင်းများ၊ ညီအကိုများနှင့် အလားတူများ၏ တည်ရှိမှုသည် နက်ရှိုင်းသော ခံစားချက်များ ရှိသည် ...

ထို့ကြောင့် သူ့အား စိတ်ရင်းဖြင့် ပေါင်းသင်းဆက်ဆံခဲ့သည့် ယွမ်ချူးလင်အတွက် သူ ဘာမှ မလုပ်ဘဲ သည်အတိုင်း ထိုင်မနေနိုင်ပါပေ။

ဆေးရုံမှ ထွက်လာပြီးနောက် ထန်ရှုသည် ယွမ်ချူးလင် ပြောသော လိပ်စာအတိုင်း - အိပ်မက်သစ်ပြုပြင်မွမ်းမံရေး ကုမ္ပဏီဆီသို့ သူ့ကားကို မောင်းနှင်ခဲ့သည်။

အိပ်မက်သစ်ပြုပြင်မွမ်းမံရေး ကုမ္ပဏီ၏ မျက်နှာစာသည် အတန်ပင် ထည်ဝါကာ စတိုင်ကျသည်။ အဝင်ဝတွင် စကတ်ရှည် ဝတ်ထားသော လှပသော ဧည့်ခံအမျိုးသမီး နှစ်ယောက်ရှိပြီး အတွင်းသို့ လျှောက်ဝင်သွားသည့် ဧည့်သည်အနည်းငယ်ကို ဦးညွှတ်၊ နှုတ်ဆက်ပြီး ဆုမွန်ကောင်းတောင်းပေးနေသည်။

“ကြိုဆိုပါတယ် လူကြီးမင်း။”

ထန်ရှုရောက်ရှိလာသည်ကိုမြင်သောအခါ အမျိုးသမီးနှစ်ဦးသည် ဦးညွှတ်ကာ အပြုံးဖြင့် ခရီးဦးကြိုပြုသည်။

သို့သော်လည်း ထန်ရှု၏ မျက်နှာသည် အေးစက်နေသည်။ အိပ်မက်သစ်ပြုပြင်မွမ်းမံရေးကုမ္ပဏီ၏ ဝင်ပေါက်ထဲသို့ ဝင်ရောက်ကာ အတွင်း၌ တန်ဖိုးကြီးပြင်ဆင်ထားသည်များနှင့် ဖော်ရွေသော ဝန်ထမ်းများကို တွေ့သော် တိတ်တဆိတ် သူ လှောင်ရယ်လိုက်သည်။

“မင်္ဂလာပါ လူကြီးမင်း … မင်းအတွက် ငါလုပ်ပေးနိုင်တာ တစ်ခုခုရှိပါသလား။" လူငယ်တစ်ယောက်က ထန်ရှု၏အနားသို့ ကပ်လာကာ ယဉ်ကျေးစွာ ပြောသည်။

“ငါ့မှာ ဆွေးနွေးဖို့ ကိစ္စကြီးတစ်ခု ရှိတယ်။ မင်းရဲ့ သူဌေးနဲ့ စကားပြောချင်တယ်။" ထန်ရှုက ပြောလိုက်သည်။

လူငယ်က သူ့ကို ကြည့်ကာ ဂရုတစိုက် အကဲခတ်သည်။ ထန်ရှုအား အနည်းငယ် မြင်ဖူးဟန်ရသည်ဟု ယောင်ဝါးဝါး ခံစားမိသော်လည်း မည်သည့်နေရာတွင် မြင်ဖူးသည်ကို သူ မမှတ်မိပေ။ သူက ချက်ချင်း ခေါင်းညိတ်ပြပြီး အပြုံးဖြင့်

“ဒါဆို ကျေးဇူးပြုပြီး အထူးဧည့်သည်အခန်းကို လိုက်ခဲ့ပေးပါ။ မန်နေဂျာကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်။"

ထန်ရှု လူငယ်လေးကို ခေါင်းညိတ်ပြရင်း အထူးဧည့်သည်အခန်းသို့ လိုက်သွားသည်။ မိနစ်အတော်ကြာအောင် စောင့်ပြီးနောက် အထူးဧည့်သည်အခန်းတံခါးအား တွန်းဖွင့်ဝင်လာသော ကောင်းမွန်စွာ ဝတ်ဆင်ထားသည့်လူလတ်ပိုင်းတစ်ယောက်က ထန်ရှုကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ လူကြီးမင်း … ငါက အိပ်မက်သစ် ပြုပြင်မွမ်းမံရေးကုမ္ပဏီရဲ့ မန်နေဂျာပါ။ မင်းက ငါ့ကို မန်နေဂျာလီလို့ ခေါ်နိုင်ပါတယ်။ မင်းကို ဘယ်လို ပြန်ခေါ်ရမလဲဆိုတာ မေးလို့ ရမလား။”

ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး

“ငါ စောင့်နေရတာက ငါ့ကို ခေါ်လာတဲ့ လူရွယ်က ရာထူးမမြင့်ဘူးဆိုတာ သိရတယ်။ ငါ့ဆီမှာက စီးပွားရေးသဘောတူညီချက်ကြီးတစ်ခု ဆွေးနွေးဖို့ရှိနေတယ်။ ခင်ဗျားတို့ကုမ္ပဏီက  အကောင်အထည်ဖော်နိုင်ပါ့မလားတော့ သေချာမသိဘူး။ ဒါကြောင့် သူဌေးနဲ့ လူကိုယ်တိုင်တွေ့ပြီး သီးသန့်ဆွေးနွေးချင်တယ်။"

မန်နေဂျာလီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက

“လူကြီးမင်းဆွေးနွေးမယ့် ကိစ္စကြီးကို သိပါရစေ…”

"ဒါက တန်ဖိုးကြီးလူနေဧရိယာတစ်ခုရဲ့ ပြီးပြည့်စုံတဲ့ ပြုပြင်မွမ်းမံမှုပါ။" ထန်ရှုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

မန်နေဂျာလီ တွေဝသွေားပြီးနောက်

“လူကြီးမင်း ပြောတဲ့ ဒီဧရိယာက…”

"သူဌေးနဲ့ပဲ ငါ ဒီအကြောင်း ပြောမယ်။" ထန်ရှုက အေးစက်စွာ ပြောသည်။

မန်နေဂျာလီ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး

“လူကြီးမင်း … ငါတို့ သူဌေးက ခုနမှ အပြင်ထွက်သွားတယ်။ သူနဲ့တွေ့မှပဲရမယ်ဆိုရင် ဒီမှာ စောင့်ပေးပါ။ သူ့ကို ငါ ချက်ချင်း ဖုန်းဆက်လိုက်မယ်။"

"ကောင်းပါပြီ။"

ထန်ရှု သူ့အိတ်ကပ်ထဲရှိ စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ရင်း ခေါင်းညိတ်တုံ့ပြန်သည်။

မန်နေဂျာလီသည် ထန်ရှုအား ဖြည်းညှင်းစွာ ဂရုတစိုက် စောင့်ကြည့်နေသည်။ ထို့ကြောင့် ထန်ရှု သောက်နေသည့် စီးကရက်ကိုပင် မလွတ်စေရသည့်အပြင် လက်ကောက်ဝတ်တွင် ပတ်ထားသော ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်နာရီကိုလည်း အကဲခတ်သည်။ ထန်ရှု၏ပုံရိပ်ကို သူ မသိနိုင်သော်လည်း  ဝတ်ဆင်ထားသည့် အဝတ်အစားနှင့် ပတ်ထားသော ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်နာရီသည် သာမန်လူများ မပိုင်ဆိုင်နိုင်သည့် အရာများ ဖြစ်သောကြောင့် ထိုသူသည် လူချမ်းသာတစ်ယောက် ဖြစ်မည်မှာ သေချာသလောက် ဖြစ်သည်ဟု မန်နေဂျာလီ ကောက်ချက်ချလိုက်သည်။

ဖုန်းခေါ်ပြီးနောက် အထူးဧည့်သည်အခန်းသို့ တန်းပြန်သွားမည့်အစား မန်နေဂျာလီသည် ပထမထပ်ဝင်ပေါက်သို့ အမြန်ပြေးသွားခဲ့ပြီး ကားပေါ်က ဆင်းလာသော ၀၀တုတ်တုတ် သူဌေးကို ကြည့်ကာ အပြုံးဖြင့်

“သူဌေး … ဧည့်သည်က အရမ်းငယ်ပေမယ့် သူက ချမ်းသာတဲ့သူတစ်ယောက် ဖြစ်ပုံပဲ။ လက်ပတ်နာရီကတင် ယွမ်မီလီယံများစွာ တန်ကြေးရှိတာ ငါ သိတယ်။”

***

All Chapters