← Chapters

ရက်စက်ပြီး မကောင်းဆိုးရွားဆန်သော

Vol. 10 Ch. 457

ရက်စက်ပြီး မကောင်းဆိုးရွားဆန်သော

Vol. 10 Ch. 457

ကျင်းတိအုပ်စု၏ရုံးချုပ်…

သည်အချိန်သည် ရီဝမ်ဟီ၏နေ့လယ်စာစားချိန် ဖြစ်သည်။ လုပ်ငန်းကိစ္စများကြောင့် အလုပ်များနေသဖြင့်  သူ ယခုမှပင် အသက်၀၀ရှုနိုင်သည်။ သို့သော်လည်း မက်မွန်သီးကဲ့သို့ ချောမွေ့သော မျက်နှာနှင့် နူးညံ့သိမ်မွေ့သော အမျိုးသမီးအတွင်းရေးမှူးကို ကြည့်ပြီးနောက် သူ၏ စိတ်အခြေအနေသည် ပိုမိုကောင်းမွန်လာခဲ့သည်။

အခုလေးတင် သူ ဆွေးနွေးခဲ့သော ပရောဂျက်သာ အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါက အမြတ်အစွန်းများစွာ ရရှိမည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက သူ့အား ခံစားချက် ပိုကောင်းသည်ထက် ကောင်းလာစေရန် ကလူ၏သို့ မြူ၏သို့ လုပ်နေသော ဤနတ်ဆိုးမလေးအတွက် အလွန်ကောင်းမွန်သော အသုံးအဆောင်ပစ္စည်းများကို ဝယ်ပေးရပေလိမ့်မည်။

…ဖုန်းမြည်သံ…

စားပွဲပေါ်ရှိ ရီဝမ်ဟီ၏လက်ကိုင်ဖုန်း မြည်လာသည်။ သူ၏ပါးစပ်ထဲမှ အစားအသောက်အား မျိုချလိုက်ပြီးနောက် ရီဝမ်ဟီက ဖုန်းကို ကောက်ယူပြီး ကြည့်လိုက်ရာ မျက်မှောင် ချက်ချင်း ကြုပ်သွားသည်။ ဖုန်းလက်ခံပြီးနောက်

“ဘာပြဿနာရှိလို့လဲ … ဒုတိယညီလေး။”

"အစ်ကို … ကူညီပါဦး။"

ဖုန်းထဲမှ ရီဝမ်တောင်၏အသံ ထွက်လာသည်။

ရီဝမ်ဟီ တခဏမျှ တွေဝသွေားသည်။ ထို့နောက် ကိုင်ထားသောတူအား အခြားလက်တစ်ဖက်သို့ ထည့်လိုက်ရင်း သူ၏မျက်နှာထက်မှ အပြုံးများ ဖျော့တော့သွားသည်။

"ဘာဖြစ်လို့လဲ။"

"ပြဿနာလုပ်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် ငါ့ကုမ္ပဏီမှာ ရောက်နေတယ်။" ရီဝမ်တောင်က အလောသုံးဆယ် ပြောသည်။

“သူ … သူတစ်ယောက်တည်း ငါ့လူ အယောက်၄၀ ကျော်ကို အနိုင်ပိုင်းလိုက်တယ်။ အ…အစ်ကို … မင်းရဲ့လူတွေကို ဒီခေါ်လာပါ။ မြန်မြန်လေး…"

"ဟေ့ ဒုတိယညီလေး။ မင်းရဲ့ဦးနှောက်ကို မြည်းတစ်ကောင်က ကန်ခဲ့တာလား ဒါမှမဟုတ် တစ်ခုခုကြောင့်လား။" ရီဝမ်ဟီ မျက်မှောင်ကြုတ်လာသည်။

“လူတစ်ယောက်က မင်းရဲ့လူ ၄၀ ကို အနိုင်ပိုင်းလိုက်တယ်လို့ မင်း ပြောတာလား။ ဒါက ဘယ်လိုဟာသလဲကွ။ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ မင်းနဲ့ ဟာသလုပ်ဖို့ အချိန်မအားဘူး။"

ဖုန်းချခါနီး ရီဝမ်တောင်က လှမ်းအော်ပြောလိုက်သည်။

"အစ်ကို … မင်း မကူညီရင် ငါ သေလိမ့်မယ်။ ငါ ပြောသမျှ စကားတိုင်းက မှန်တယ်။ အရင်ကဆိုရင် ဒီလို အဓိပ္ပါယ်မဲ့တဲ့ ကိစ္စတစ်ခုကို ငါကိုယ်တိုင်လည်း ဘယ်တော့မှ မယုံဘူး။ ဒါပေမယ့် အခုဟာက တကယ်ကြုံနေရတာကွ။ ငါ့လူ အယောက်၄၀ ကျော်ကို ရှင်းထားတဲ့ လူတစ်ယောက် ငါ့ရှေ့မှာ တကယ်ရှိနေတယ်။ ငါ့ကို မယုံရင် သူနဲ့ မင်း စကားပြောလိုက်။"

ရီဝမ်ဟီ တခဏ ငြိမ်သက်သွားပြီးနောက် အေးစက်စက် တုံ့ပြန်လိုက်သည်။

“ဒါဆို သူ့ကို စကားပြောခိုင်းလိုက်။”

ဆယ်စက္ကန့်အကြာတွင် ထန်ရှုသည် ရီဝမ်တောင် ကမ်းပေးသော ဖုန်းကို ယူလိုက်ပြီး

"မင်းရဲ့အမှိုက်ညီ ပြောတာတွေ အားလုံးမှန်တယ်။ သူ့ကို မသေစေချင်ရင် ကယ်တင်ဖို့ လူတချို့ကို လွှတ်ပေးလိုက်။ ဒါပေမယ့် မင်းကို အကြံပေးချင်တာက ပိုကောင်းတဲ့လူတွေ လွှတ်လိုက်။ နှမြောမနေနဲ့။ မဟုတ်ရင် သူ့ကို ကယ်မယ့်အစား ဒီတိုင်းသာ လက်ပိုက်သာ ကြည့်နေတော့။"

ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် ရီဝမ်တောင်၏ ဖုန်းကို ရိုက်ချိုးလိုက်ပြီး လက်ပိုက်ကြည့်နေလိုက်သည်။

ရီဝမ်တောင် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ၏အကြောက်တရားကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ ထို့နောက် ထန်ရှုကို ကြည့်ပြီး

"ထန်ရှု … ငါ့မှာ လူတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ငါ့အကိုကြီးနဲ့ ယှဉ်ရင် နည်းသေးတယ်။ မင်း မသေချင်သေးရင် ချက်ချင်း ထွက်သွားဖို့ ငါ မင်းကို အကြံပေးချင်တယ်။ မဟုတ်ရင် မင်း ဒီနေရာကနေ နောက်မှ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

"ငါ ကြောက်မယ်များ ထင်နေလား။" ထန်ရှု ရယ်သွမ်းသွေးလိုက်သည်။

ထို့နောက် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ချီနန့်ဆီ ဆက်လိုက်သည်။ သူမ ဖြေသံကြားရပြီးနောက်

“လူတချို့ကို အိပ်မက်သစ်ပြုပြင်ရေးကုမ္ပဏီကို ခေါ်လာခဲ့။ ငါ ဒီမှာ လူတချို့ကို သတ်ထားလို့ အလောင်းတွေနဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ခေါ်လာခဲ့ဦး။"

"

သိပြီ သူဌေး။" ချီနန် အမြန် ဖြေသည်။

သူ၏လက်ကိုင်ဖုန်းကို သိမ်းပြီးနောက် ထန်ရှုက ရီဝမ်တောင်ကို ကြည့်လိုက်ပြီး

"အစပိုင်းမှာတော့ နောက်ဆက်တွဲပြဿနာကို ဖြေရှင်းဖို့ ဒီမှာရှိတဲ့လူတွေကို ငါဖုန်းဆက်စရာမလိုဘူး။ ဒါပေမယ့် ဒီနေ့ကိစ္စက မလွဲမသွေ တုန်လှုပ်စရာကောင်းတဲ့ ကြီးမားတဲ့ အရာ ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် မင်းအစ်ကိုကြီး မင်းကို အမြန်လာကယ်ဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် ငါ့လူတွေ ရောက်လာလို့ ငါ့ကို ဝန်းရံလိုက်ရင် မင်းအစ်ကို ခေါ်လာတဲ့လူတွေပါ အပြတ်ရှင်းခံရလိမ့်မယ်။”

ရီဝမ်တောင်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု ပိုမို ပြင်းထန်လာသည်။ ထန်ရှုတစ်ယောက်တည်းကပင် သူ့လူ အယောက်၄၀ကျော်အား သုတ်သင်ခဲ့ရာ လက်အောက်ငယ်သားတွေပါ ရောက်လာမည်ဆိုပါက သူ့အကိုကြီးသည် သည်အခြေအနေအား ထိန်းနိုင်ပါမည်လော။ ဒါကြီးက မဟုတ်သေးဘူးနော်။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့မျက်နှာထက်ရှိ အကြောက်တရားများ လုံးဝ ပျောက်ကွယ်သွားသည်။ ထို့နောက် သူက လှောင်ပြောင်သံဖြင့်

“ထန်မျိုးရိုးကောင် … မင်းက ဆန်းကြယ်တယ်ထင်အောင် ကြိုးစားနေတာလား။ ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားသစ်ဆိုတာကလွဲပြီး ဘာမှ မဟုတ်တဲ့ကောင်ကများ။ အလောင်းတွေနဲ့ နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဦးမယ် ဟုတ်လား။ ဟမ့် … ငရွှီး။"

ထန်ရှု သူ၏မျက်ခုံးများကို တွန့်ရင်း ရီဝမ်တောင်၏ မျက်နှာထက်တွင် ရုတ်တရက် ပေါ်ထွက်လာသော မောက်မာမှုကို ကြည့်လိုက်သည်။ သူ၏ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး

“အင်း … ငါ ရုတ်တရက် စိတ်ပြောင်းသွားပြီ။ မင်းရဲ့စိတ်သဘောထားကြောင့် မင်းကို အတိုးအရင်ပေးဖို့ ငါ ဆုံးဖြတ်လိုက်တယ်။ သူဌေးဆိုတာ သူရဲ့လူတွေနဲ့ အရာအားလုံးကို ကောင်းကောင်း၊ ဆိုးဆိုး  မျှဝေသင့်တယ် မဟုတ်လား။ မင်းရဲ့လူတွေကို မင်း ဒီလိုပြောနေခဲ့တာ ဟုတ်တယ်နော်။"

"မ-မင်း-မင်း ဘာလုပ်မလို့လဲ။"

ရီဝမ်တောင် အမှုမဲ့အမှတ်မဲ့ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်မိရင်း သူ့မျက်နှာထက်တွင် ထိတ်လန့်သွားသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။

"ဘာလုပ်မှာလဲလို့ မေးနေတာလား။" ထန်ရှုက ရယ်မောပြီး "မင်း အဲဒါကို နားမလည်ဘူးလို့ မပြောနဲ့နော်။"

"ထန်ရှု … ယောကျ်ားကောင်းတစ်ယောက်ရဲ့စကားဟာ ရွှေလို အဖိုးတန်တယ်။ ဒါက မင်းရဲ့စကားတွေပဲလေ။ မင်းပြောခဲ့တဲ့ စကားတွေကို ရုတ်သိမ်းချင်တယ်လို့ ငါ့ကို မပြောနဲ့နော်။ မင်းက ယောက်ျားတစ်ယောက် မဟုတ်လား။" ရီဝမ်တောင်က အော်လိုက်သည်။

"ငါက ယောက်ျားတစ်ယောက် ဟုတ် မဟုတ် မင်းပြောစရာ မလိုဘူး။" ထန်ရှုက ခနဲ့လိုက်သည်။ သူ၏စကားသံ ဆုံးသွားသည်နှင့် ထန်ရှုသည် ရီဝမ်တောင်၏အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ ချက်ခြင်းပင် လေထဲမှ ချွန်ထက်သော ဓားမြှောင်တစ်ချောင်းသည် ရီဝမ်တောင်၏လက်မောင်းနှစ်ဖက်အား ဓားပြတ်ရာပေးလိုက်ရာ  ကလေးငယ်၏ပါးစပ်အရွယ် အပေါက်ဖြစ်ပေါ်လာပြီး သွေးများ အ ရှိန်အဟုန်မြန်စွာ ပန်းထွက်လာခဲ့သည်။

ထန်ရှုက လှောင်ရယ် ရယ်လိုက်ရင်း သူ၏ ဓားဦးသည် လမ်းကြောင်းပြောင်းကာ ရီဝမ်တောင်၏ရှေ့လက်မောင်းအား တိုက်ရိုက်ထိုးလိုက်သည်။ ရီဝမ်တောင်၏ ကျယ်လောင်သော အော်ဟစ်သံများကြားတွင် ထန်ရှုသည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး ရီဝမ်တောင်မှ သူ၏ထိခိုက်သွားသော လက်မောင်းအား ဆွဲယူရန် ကြိုးစားနေသည်ကို စောင့်ကြည့်နေရင်း

"အခု မင်း ဘယ်လိုခံစားရလဲ။"

ပြင်းထန်သော နာကျင်မှုကြောင့် ရီဝမ်တောင် မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။ ပြုံးနေသော ထန်ရှုကို ကြည့်ရင်း ရီဝမ်တောင် သူ၏အမြင်အာရုံများ မှောင်မိုက်နေကာ မေ့လဲလုနီးပါးဖြစ်နေသည်ဟု ခံစားနေရသည်။ မည်သို့ပင်ဆိုစေကာမူ နာကျင်မှုကြောင့် မဟုတ်ဘဲ သူ၏ စိတ်နှလုံးအိမ်အတွင်း ကြောက်ရွံ့မှုသည် ထုထည်ကြီးမားစွာ ဖွဲ့တည်လာခဲ့တော့သည်။

ပထမဆုံး စတင်လှုပ်ရှားကတည်းက ထန်ရှုသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းသည်ကို သဘောပေါက်ခဲ့သော်လည်း ဤအတိုင်းအတာအထိ ရောက်လိမ့်မည်ဟု ရီဝမ်တောင် အနည်းငယ်မျှပင် စိတ်မကူးကြည့်ခဲ့မိပေ။

သူ့ကို မသတ်သည့်တိုင် ယခုကဲ့သို့ လုပ်နေခြင်းသည် သူ့အား လုံးဝ နှိပ်စက်ညှဉ်းပန်းနေခြင်းပင် ဖြစ်သည်။ သူ့အား ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ညှဉ်းပန်းနေခြင်းပင် ဖြစ်တော့သည်။

ယခုအချိန်တွင် ရီဝမ်တောင်သည် သူ့အကိုကြီးရီဝမ်ဟီတို့အဖွဲ့ စောစောရောက်လာစေရန် ကြိတ်ဆုတောင်းနေမိသည်။ ထိုသို့မဟုတ်ပါက သူ့အစ်ကိုကြီး ရောက်လာသည်အထိ သူ မည်မျှ ကြာကြာခံနိုင်ပါမည်ကို မတွေးရဲလောက်အောင် ဖြစ်နေရသည်။

"မင်း နိုင်ပါတယ်။"

ရီဝမ်တောင် ရုတ်တရက် မော့ကြည့်လိုက်ကာ ထန်ရှုကို လှမ်းအော်ပြောရင်း သူ၏မျက်ဝန်းထဲတွင် ဒေါသမီးလျှံများသည် တလျှံလျှံ ထွက်နေသည့်အလားပင်။

“ငါ ရက်စက်တယ် မရက်စက်ဘူးဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ့် အရာမဟုတ်ဘူး။ ဒါပေမယ့် မင်းအစ်ကိုကို နာရီဝက်လောက် အချိန်ပေးမယ်။ ဒီအချိန်အတွင်း  သူ ဒီကို မရောက်လာရင် ငါ မင်းကို တန်းသတ်ပစ်မယ်။ ဒီမှာ ငါ့အချိန်တွေကို မဖြုန်းချင်တော့ဘူး။  နောက်ဆက်တွဲကိစ္စတွေ ငါ့လူတွေ ကိုင်တွယ်လိမ့်မယ်။"

ထိုစကားများသည် ရီဝမ်တောင်၏နှလုံးသားအား အေးခဲသွားစေသည်။

သူ မသေချင်ဘူး…

သူသည် အသက် ၄၀နှစ်ပင် မကျော်သေးဘဲ ကြွယ်ဝချမ်းသာမှုများစွာကို ပိုင်ဆိုင်ထားသည်။ သို့သော် ယခု သည်ကဲ့သို့သာ သေသွားခဲ့ပါက စည်းစိမ်ဥစ္စာတွေ ကြီးကြီးမားမားရှိလည်း ဘာမှ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပါချေ။ စည်းစိမ်ဥစ္စာတွေ ကြွယ်ဝစွာ ပိုင်ဆိုင်ပြီး တစ်သက်တာ စားမကုန်သော ပစ္စည်းဥစ္စာများဖြင့် ဘဝအား ပျော်ရွှင်စွာ ကုန်ဆုံးမည်ဟု တစ်ချိန်က သူ့ကိုယ်သူ စိတ်ကူးထားခဲ့ဖူးသည်။

"ထန်ရှု … ငါ့အစ်ကို မိနစ်၄၀လောက် အချိန်ပေးပါ။ ယာဉ်ကြောပိတ်ဆို့နေရင် မိနစ်၃၀အတွင်း သူ ဒီကို ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မိနစ်၄၀အတွင်းတော့ သူ ဒီကို ရောက်နိုင်မယ်လို့ ငါ ကတိပေးပါတယ်။ နောက်ပြီး သူလာလျှင်လည်း သူ့ကို ရိုက်ခွင့်မပြုဘူး။ ဒီကိစ္စက

ငါ့အမှားပါ။ ငါ့လူတွေကို မင်းရဲ့ညီအစ်ကိုနဲ့ သူငယ်ချင်းတွေကို မရိုက်ခိုင်းသင့်ခဲ့ဘူး။ နစ်နာကြေးပေးဖို့လည်း ငါ ဆန္ဒရှိတယ်။ ငါ မင်းကို ဘယ်လို နစ်နာကြေးပေးရမလဲ ပြောပါ ငါ လုပ်ပေးပါ့မယ်။"

ရီဝမ်တောင် တကယ်ကို ထိတ်လန့်နေပြီး ထန်ရှုကို ကြောက်ရွံ့လွန်းသဖြင့် မျက်ရည်ကျလုနီးပါးပင် ဖြစ်နေသည်။

မိနစ်၄၀လား…

“မင်းက မိနစ် ၄၀ လိုချင်တယ်ပေါ့။ ဟုတ်ပြီလေ … ငါ သူ့ကို မိနစ် ၄၀ အချိန်ပေးမယ်။ မိနစ် ၄၀ အတွင်း သူ ရောက်နိုင်မယ်လို့ ငါ တကယ်ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် …ဟမ့်…”

"သေချာတယ် သေချာတယ်။"

ရီဝမ်တောင် စိတ်ဓာတ်ကျစွာ ခေါင်းညိတ်ပြရင်း အနီးဆုံး လက်အောက်ငယ်သားကို ကြည့်ကာ

“မင်းရဲ့ ဖုန်းကို ခဏပေး။ ငါ့အစ်ကို့ကို ဖုန်းပြန်ခေါ်လိုက်ဦးမယ်။"

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားသည် ထန်ရှုကြောင့် ခြေထောက်ကျိုးသွားခဲ့ခြင်းဖြစ်ရာ ဤအချိန်တွင် သူသည် ဝဒေနာ ပြင်းထန်စွာ ခံစားနေရသည်။ သို့သော် ရီဝမ်တောင်၏ အော်သံကို ကြားသောအခါတွင် သူသည် ဖုန်းကို အလျင်အမြန် ပစ်ပေးလိုက်သည်။

“ငါ့လက်တွေ မလုပ်နိုင်တာ မင်းမျက်လုံးတွေက မမြင်ဘူးလား။ ငါ့ကို ဖုန်းနံပါတ် နှိပ်ပေး။” ရီဝမ်တောင်က ဒေါသတကြီး အော်လိုက်သည်။

ကြောက်ရွံ့ထိတ်လန့်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် နာကျင်မှုကိုပင် မေ့ပျောက်သွားပြီး ရီဝမ်တောင် ပြောသော ဖုန်းနံပါတ်အား အလျင်အမြန် နှိပ်ပေးလိုက်သည်။ ရီဝမ်တောင်၏ခါးကို ကိုင်ကာ တရွတ်တိုက် ရပ်လိုက်ပြီး ဖုန်းဝင်သွားသည်နှင့် ရီဝမ်တောင်၏ညွှန်ကြားချက်အတိုင်း ဖုန်းကို နားရွက်နား ကပ်ပေးသည်။

"ဒါ ဘယ်သူလဲ။" ဖုန်းထဲမှ ရီဝမ်ဟီ၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

“အစ်ကို … ငါ့လက်တွေ… ငါ့လက်တွေကို သူ ဓားနဲ့ ထိုးထားတယ်။ အစ်ကို … မြန်မြန်။ မြန်မြန်လာပါ။ သူက မင်းကို မိနစ် ၄၀ ပဲ ပေးတယ်။ မဟုတ်ဘူး၊ အဲဒါ မမှန်ဘူး။ အခု ၃၈ မိနစ်အတွင်း မင်းဒီကို မရောက်နိုင်ရင် ငါ့ကို သတ်ပစ်မယ်လို့ ပြောတယ်။ အစ်ကို ငါ မင်းကို နောက်နေတာ မဟုတ်ဘူး။ သူက အန်းဟူကို သတ်ပြီးသွားပြီ။ သူ့အလောင်းက ငါ့ရှေ့မှာ ရှိတယ်။ ကျေးဇူးပြုပြီး မြန်မြန်လေးလုပ်ပါ…"

ဤအချိန်တွင် ဓာတ်လှေကားစီးကာ အောက်သို့ဆင်းလာနေသော ရီဝမ်ဟီ၏မျက်နှာ အတော် ပျက်သွားသည်။ အန်းဟူသည် သူ့ညီငယ်၏အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ်ကြောင်း သူ သိထားပေရာ ထိုသူသည် သူ့ညီလေး၏ အရှေ့တွင် အသတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။

ထိုမကောင်းဆိုးရွားကောင်အား သတ်ပစ်ရန် ရည်ရွယ်ချက် ပေါ်လာသည်နှင့် ရီဝမ်ဟီသည် အသံဝါကြီးဖြင့်

"မြန်နိုင်သမျှ မြန်မြန် လာခဲ့မယ်။ သူ ဘာမှမလုပ်သရွေ့ သူ လိုချင်တာကို ငါသဘောတူတယ်။”

"ကောင်းပြီ ငါ ချက်ချင်းပြောလိုက်မယ်။"

ရီဝမ်တောင်က ထန်ရှုကို ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ထန်ရှု … ငါ့အစ်ကိုက ဒီကိုရောက်တဲ့အထိ မင်း ဘာမှမလုပ်သရွေ့ မင်းတောင်းဆိုသမျှကို သူ လိုက်လျောပေးလိမ့်မယ်။ ငါ ပြောမယ်။ ငါ့အစ်ကိုက ယွမ်၁၀ဘီလီယံကြွယ်ဝတဲ့ ကျင်းတိအုပ်စုရဲ့သူဌေးကြီးပါ။ မင်းငါ့ကို အသက်ချမ်းသာပေးရင် သူ မင်းကို ပိုက်ဆံ အများကြီး ပေးလိမ့်မယ်။"

"ငါက ပိုက်ဆံမရှိတဲ့ ပုံပေါ်နေလို့လားဟ။" ထန်ရှုက ရယ်မောလိုက်သည်။

"ဒါဆို မင်းက ဘာလိုချင်လို့လဲ။ ဟုတ်တယ် …  တောင်းဆိုချက်တစ်ခု ရှိတယ်လို့ မင်း ကြိုပြောထားတယ်။ မင်းတောင်းဆိုချက်က ဘာလဲ။"

“ငါ့တောင်းဆိုချက်က မူလက ရိုးရှင်းပါတယ်။ ဒါပေမယ့် မင်းရဲ့လူတွေက ငါ့ကို တိုက်ခိုက်လာတယ်။ တစ်ချို့က ငါ့လက်ထဲမှာတောင် သေကုန်ကြပြီ။ ဒါကြောင့် ဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ထပ်ပြောဖို့ အဆင်သင့် မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ငါ မင်းကိုသတ်ချင်နေတယ်။" ထန်ရှုက ရယ်သွမ်းသွေးကာ ပြောလိုက်သည်။

ရီဝမ်တောင်၏မျက်နှာ ဖြူဖျော့သွား၏။ ထန်ရှုကို စကားတစ်ခွန်းပင် မပြောနိုင်တော့ဘဲ ကြည့်နေရင်း သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာသည်။ ထန်ရှုက သူ့ကို သတ်ဖို့ စိတ်ကူးထားပြီးသားဖြစ်ရာ သူ့အစ်ကိုအား မြန်မြန်လာကယ်ရန် ပြောရုံသာ ရှိတော့သည်။

ရုတ်တရက် ရီဝမ်တောင်၏ဘေးတွင် ရပ်နေသော လူက လေသံတိုးတိုးဖြင့် ပြောသည်။

"သူဌေး … ငါတို့ အန်းဟူ သေတာကို ဒီအတိုင်းထားပေးမယ်လို့ ပြောလိုက်ပါ။"

ရီဝမ်တောင် တခဏ မင်သက်သွားပြီး စက္ကန့်အနည်းငယ် အကြာတွင် သူ၏မျက်လုံးများ တောက်ပလာပြီး အော်ပြောလိုက်သည်။

"ထန်ရှု … အန်းဟူက ငါ့ရဲ့ သစ္စာရှိ နောက်လိုက်ပဲ။ သူက ဓားအစွန်းတစ်ဖက်မှာ နေထိုင်တဲ့သူဆိုတော့ အနှေးနဲ့ အမြန်ဆိုသလို သူ့ရန်သူတွေ သတ်တာ ခံရမှာပဲ။ အဲ့ဒါကြောင့် အန်းဟူကို မင်းသတ်ခဲ့တာကို ငါ စိတ်မဆိုးဘူး။ တစ်ခုခုဖြစ်ခဲ့ရင် မင်းရဲ့တောင်းဆိုမှုကို မင်းပြောသလောက် ငါ လိုက်နာပါ့မယ်။ ပြီးတော့ ငါ့အကိုကြီးလည်း လိုက်နာမှာ သေချာတယ်။"

***

All Chapters