← Chapters

ရာဇ၀တ်မှုမြောက်ခြင်း

Vol. 10 Ch. 459

ရာဇ၀တ်မှုမြောက်ခြင်း

Vol. 10 Ch. 459

ရီဝမ်ဟီ၏အသားတင်ကြွယ်ဝမှုသည် ယွမ် ၁၀ဘီလီယံကျော် ရှိပြီး စာရင်းဝင်ကုမ္ပဏီအုပ်စုဖြစ်သော ကျင်းတိအုပ်စု၏ သူဌေးကြီး ဖြစ်သည်။ သူသည် ရှန်ဟိုင်း၏ စီးပွားရေးအသိုင်းအဝိုင်းတွင် အလွန်ကျော်ကြားသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ညီဖြစ်သူ ရီဝမ်တောင်သည်ပင် စိန်နားကပ်ရောင်နှင့်ပါးပြောင်ကာ အဆင့်အတန်း ကောင်းကောင်းနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရခဲ့သည်။

သို့သော်လည်း တစ်နေ့တွင် သူ၏ညီဖြစ်သူ ရီဝမ်တောင်အား သည်နေ့ကဲ့သို့ ကပ်ဆိုးကြီးထဲ ကျရောက်နေသည်ကို သူ မြင်ရလိမ့်မည်ဟု တစ်ခါမျှ တွေးမကြည့်ခဲ့ဖူးပေ။ သွေးများသည် မမြင်ဝံ့စရာပင်။ ဒဏ်ရာဒဏ်ချက်များသည် ဆိုးရွားပြီး ကြောက်စရာကောင်းသည့်ဟန်ရှိသည်။

အိမ်နောက်ဖေးတွင် ဒဏ်ရာရသူအားလုံးမှာ သူ၏ညီ - ရီဝမ်တောင်၏လူများ ဖြစ်သည်။ အထူးသဖြင့် အန်းဟူ၏ရုပ်အလောင်းသည် သူ၏အသက်ရှူမှုကိုပင် ခြောက်ခြားသွားစေသည်။

ရီဝမ်တောင်သည် ရီဝမ်ဟီဆီသို့ ပြေးသွားခဲ့ပြီး ထန်ရှုအား နောက်ကျောပေးကာ

"အစ်ကို … ဒီတစ်ခေါက်က ငါ့အမှားပါ။ ထန်ရှုကို အပြစ်မတင်ပါဘူး။ မကောင်းတာလုပ်တဲ့သူက အပြစ်ပေးခံရတယ်ဆိုတဲ့ သင်ခန်းစာကို သူကြောင့် ငါ နားလည်ခဲ့ရတယ်။ ဒါကြောင့် အစ်ကို့ရဲ့လူတွေကို ပြန်ခေါ်သွားပါတော့။”

ထိုစကားကိုပြောပြီးနောက် သူက ရီဝမ်ဟီကို မျက်တောင်ခတ်ကာ အချက်ပြသည်။

ရီဝမ်ဟီ၏မျက်နှာသည် အလွန်ပင် ဆိုးရွားသွားသည် ။ သူ့ညီငယ်၏အဓိပ္ပါယ်ရှိသော မျက်တောင်ခတ်ပြခြင်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူနားလည်နိုင်သည်။ ချက်ခြင်းပင် သူ၏စိတ်တွင်း နိုးနိုးကြားကြားနှင့် သတိထားလာခဲ့သည်။ သို့သော် သူသည် ထွက်သွားခြင်းမပြုဘဲ ချက်ချင်းပင် သူ၏အဝတ်အစားများကို အလျင်အမြန် ချွတ်ကာ သူ၏အနောက်ရှိ လူယုံထံမှ ဓားတစ်ချောင်းကို ယူပြီး ထိုအဝတ်အစားများကို အမြန်ဖြတ်လိုက်သည်။ အဝတ်ပိုင်းစအချို့ကို ဖြတ်တောက်ရရှိပြီးနောက် ရီဝမ်တောင်၏ လက်မောင်းဒဏ်ရာများကို အလျင်အမြန် စည်းပေးသည်။

"ပြောပါဦး … ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။" ရီဝမ်ဟီက မှုန်မှိုင်းနေသော မျက်နှာဖြင့် မေးလိုက်သည်။

“ငါလည်း သိပ်မရှင်းဘူး။ မန်နေဂျာလီက ပြောတော့ ပြောတယ်။ တက္ကသိုလ်ကျောင်းသားတွေက သူတို့ရဲ့ အားကစားခန်းမကို ပြုပြင်မွမ်းမံဖို့ ငှားရမ်းချင်တဲ့အတွက် ငါ့ကုမ္ပဏီကို လာကြတယ်။ ဒါပေမယ့် သူတို့က သဘောတူညီချက် မလုပ်သွားဘဲ အခြားကုမ္ပဏီတစ်ခုကို ရှာသွားတာကြောင့် မန်နေဂျာလီက သူတို့တွေကို ပြဿနာဖြစ်အောင်လုပ်ဖို့ လူတွေကို လွှတ်လိုက်တယ်။ အဲ့ဒီကျောင်းသားတွေရော အခြားကုမ္ပဏီက အလုပ်သမားတွေပါ ဒဏ်ရာရသွားတယ်။ အဲ့ဒီကျောင်းသားတွေက ထန်ရှုရဲ့သူငယ်ချင်းတွေ ဖြစ်တာမို့ သူက လက်စားချေဖို့ ရောက်လာတာ။ အကိုကြီး … ငါတို့လည်း အပြစ်ခံပြီးသားမို့ ဒီကိစ္စကို လွှတ်ထားလိုက်။”

ရီဝမ်ဟီက ထန်ရှုဘက် လှည့်ကာ အေးစက်စွာ ပြောသည်။ "ဂုဏ်သရေရှိလူငယ်လေး … မင်းရဲ့လုပ်ရပ်တွေက ပြင်းထန်လွန်းတယ်။ နားလည်မှုလွဲမှားတာအတွက် မင်းက လူများစွာကို ထိခိုက်နာကျင်စေရုံတင်မကဘူး … ငါ့ညီရဲ့လူတွေကိုပါ သတ်ပစ်တယ်။ ဒါက လွန်လွန်းတယ်။”

"ငါက အရမ်းလွန်တယ်ဟုတ်လား။" ထန်ရှုက ခနဲ့တဲ့တဲ့လေသံဖြင့် ပြန်ပြောသည်။။

“ငါ့မှာ သန်မာတဲ့ ခွန်အားသာ မရှိခဲ့ဘူးဆိုရင် ဒီနေ့ သေသွားမယ့်လူက ငါပဲ ဖြစ်လိမ့်မယ်။ ငါက အရမ်းလွန်တယ်လို့ မင်း ပြောနေတာလား။ မင်းရဲ့ညီက ခုထိသွားနိုင်နေတုန်းဆိုတော့ မင်းပျော်နေသင့်တယ်။"

ရီဝမ်ဟီက ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီး

"ပြသနာတွေက ဒီအထိလည်း ရောက်သွားပြီ။ ငါ့ညီလေးကလည်း ဒီအခြေအနေအထိ အပြစ်ပေးခံရပြီးပြီမို့ ဒီကိစ္စက ဒီမှာပဲ အဆုံးသတ်ရအောင်။"

"ဒီမှာ အဆုံးသတ်ချင်တာလား။" ထန်ရှုက ရယ်မောလိုက်ရင်း "မင်း ငါ့ကို နောက်နေတာလား။"

ရီဝမ်တောင်သည် ရီဝမ်ဟီကို တားလိုက်ပြီး ထန်ရှုအား လေးနက်သောအသံဖြင့်

"ထန်ရှု … မင်း ငါ့ကို သတ်ချင်ရင် သတ်လို့ရတယ်လို့ ငါ ပြောထားပြီးပြီ။ ဒါပေမယ့် ကျေးဇူးပြုပြီး ငါ့အစ်ကိုနဲ့ ငါ့လူတွေကို အခက်တွေ့အောင် မလုပ်ပါနဲ့။"

"ပါးစပ်ပိတ်ထား။"

ရီဝမ်ဟီ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ညီသည် ထန်ရှုအား မည်သည့်အတွက်ကြောင့် ကြောက်နေရမှန်း သူ မသိသော်လည်း သူကတော့ ထိုလူငယ်ကို လုံးဝ မကြောက်ပေ။ သူ၏လူများကို ကောင်းမွန်စွာပြင်ဆင်ခဲ့ပြီးမှ သည်နေရာသို့ သူ ခေါ်ဆောင်လာခြင်းဖြစ်သည်။ ထန်ရှုက တိုက်ခိုက်နိုင်ပြီး သူ၏ဘေးတွင် လူတချို့ ရှိနေရင်တောင် ကျည်ဆန်များကို ပိတ်ဆို့နိုင်ပါ့မလား။

ထန်ရှုကို စိုက်ကြည့်ရင်း ရီဝမ်ဟီက ခံစားချက်မဲ့စွာဖြင့် “လူငယ်လေး … တော်တန်ရုံပဲ ကောင်းတယ်နော် … တစ်လက်မ ကိုင်ပြီး တစ်မိုင်လောက် မတောင်းနဲ့။ ပိုကောင်းတာပဲဖြစ်ဖြစ် အဆိုးဆုံးဖြစ်ဖြစ် ငါ ရီဝမ်ဟီက ရှန်ဟိုင်းမှာဆိုရင် လေးစားရတဲ့ ဂုဏ်သရေရှိ လူတစ်ဦးပဲ။ ငါ့ညီရဲ့အမှားသာ မဟုတ်ရင် ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမယ်လို့ မင်း ထင်လား။ နောက်ပြီး ခင်ခင်မင်မင် မဖြေရှင်းရင် ရန်ငြိုးဖွဲ့တာတွေက ပြီးတော့မှာ မဟုတ်ဘူး။ နှစ်ဖက်စလုံးကို ထိခိုက်ပျက်စီးခဲ့ကြပြီးဖြစ်လို့ ဒီပြဿနာက ဒီနေရာမှာ အခုပဲ ပြေလည်လိုက်ကြတာ ပိုကောင်းမယ်။ နို့မဟုတ်ရင် ငါတို့ တကယ်လဲပြိုသွားကြရင် အဆုံးသတ်မှာ ဘယ်သူမှ ပိုကောင်းလာမှာမဟုတ်ဘူး။”

ချီနန်၏မျက်လုံးများ ပိုမိုအေးစက်လာကာ လေးနက်သော အသံဖြင့်

"သူဌေး … ငါတို့ ဒီနေရာကို သူတို့ရဲ့သွေးနဲ့ ဆေးကြစို့။"

ရီဝမ်ဟီကို လေးနက်စွာ စိုက်ကြည့်နေရင်း ထန်ရှုက တစ်ချက်ပြုံးလိုက်ကာ

"မင်းတို့နှစ်ယောက်က တကယ့်ကို ညီအကိုတွေပဲ။ မင်းကလည်း သူ့လိုပဲ မောက်မာတယ်။ မင်းညီရဲ့ အရင် မင်းရဲ့ ကျင်းတိအုပ်စုအကြောင်းရော မင်းရဲ့နာမည်ကိုရော ငါ ကြားဖူးတယ်။ အခု ကြည့်ရတာတော့ မင်းမှာ အရည်အချင်း အတန်ငယ် ရှိနေတဲ့ပုံပဲ။"

"ငါ အရည်အချင်း ရှိတယ်၊မရှိဘူးဆိုတာ မင်းပြောရမယ့် နေရာမဟုတ်ဘူး" ဟု ရီဝမ်ဟီက အေးစက်စွာ ပြောလိုက်သည်။

ထန်ရှုသည် ရီဝမ်ဟီဆီသို့ လျှောက်သွားလိုက်သည်။ ရီဝမ်ဟီက သူရပ်လိမ့်မည်ဟု တွေးလိုက်သည့်အခိုက်တွင် ထန်ရှု၏အရှိန်သည် ရုတ်တရက် မြန်လာပြီး သူ၏အရိပ်သည်လည်း အလင်းတန်းအလား ဖြစ်သွားသည်။ ဓားမြှောင်တစ်ချောင်းသည် သူ၏လက်ထဲသို့ လေထဲမှ ရုတ်တရက် ပေါ်လာကာ ရီဝမ်ဟီ၏ လက်မောင်းအပေါ်ပိုင်းများအား ပြင်းထန်စွာ ထိုးစိုက်သွားခဲ့သည်။ ထန်ရှုသည် သူ၏မူလနေရာသို့ ပြန်ရောက်သွားသောအခါ ရီဝမ်ဟီ၏လက်များမှ သွေးများ တဟုန်ထိုး စီးလာသည်။

"လက်နက်ရှိသူတွေအားလုံးကို သတ်ပစ်။" ထန်ရှု၏နှုတ်ဖျားမှ အေးစက်သော စကားလုံးများ ထွက်လာသည်။

ချီနန်နှင့် အတူပါလာသော ကြံ့ခိုင်သည့် လူခြောက်ဦးသည် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ကြပြီးဖြစ်သည်။ ထန်ရှု၏အမိန့်ကို ကြားသောအခါ လူခြောက်ယောက်သည် လျင်မြန်စွာ လှုပ်ရှားသွားကြသည်။ သူတို့၏ဓားမြှောင်များကို ချက်ချင်းဆွဲထုတ်ကာ ရီဝမ်ဟီ၏လူအုပ်စုထဲသို့ ပြေးဝင်သွားကြသည်။ ထိုလူ၆ယောက်၏မငြင်းဆန်နိုင်သည့် အင်အားနှင့် မတွန်းလှန်နိုင်သည့် ကြံ့ခိုင်မှုများကြောင့် ရီဝမ်ဟီ၏လူများသည် ပြိုလဲကုန်ကြသည်။

ရီဝမ်ဟီနှင့် အနီးကပ်ဆုံး ရှိနေသည့် သန်မာသော လူခြောက်ယောက်သည် ဒေါသတကြီးအမူအရာ ဖြစ်သွားကြကာ ပစ္စတိုများကို အမြန်ဆွဲထုတ်လိုက်ကြသည်။ သို့သော်လည်း မောင်းမတင်မီ ချီနန်၏လက်ထဲတွင် ငွေရောင်ပစ္စတိုတစ်လက် ပေါ်လာသည်။ သေနတ်ပြောင်းဝမှ မီးပွင့်လေးများ ထွက်လာသည်နှင့်အတူ ကျည်ခြောက်တောင့်သည် ရီဝမ်ဟီ၏လူ၆ယောက်၏ နဖူးများအား တဖောက်ဖောက်ဝင်သွားခဲ့သည်။

ထန်ရှု လှုပ်ရှားလိုက်သည့်အခိုက်တွင် ငရဲကဲ့သို့ ဆိုးရွားသည့် အဖြစ်အပျက်များ လာတော့မည်ကို ရီဝမ်တောင် သိနေသောကြောင့် စိတ်ထဲတွင် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သေနတ်ကိုင်ဆောင်ထားသည့် လူခြောက်ဦး လဲကျသွားချိန်တွင် သူက ရီဝမ်ဟီဆီကို ပြေးသွားပြီး သူ၏ကိုယ်လုံးဖြင့် ကာထားလိုက်သည်။

"အစ်ကို … မင်းရဲ့ စွမ်းအားတွေကို ပြရတာ တကယ်ကို သဘောကျနေတယ်ပေါ့။"

ခါးသီးမှုသည် ရီဝမ်တောင်၏နှလုံးသားအား လွှမ်းခြုံသွားခဲ့သည်။

တိုက်ပွဲသည် အနည်းငယ် ဖရိုဖရဲဖြစ်နေဟန် ရှိသော်လည်း လဲပြိုသွားသော လူများသည် သူ၏အစ်ကိုကြီး ခေါ်ဆောင်လာသောသူများ ဖြစ်ကြပြီး ထန်ရှု၏ လူခြောက်ယောက်မှာ ထိခိုက်ဒဏ်ရာမရှိဘဲ ကျားခြောက်ကောင်သည် သိုးအုပ်ထဲသို့ ပြေးဝင်သွားသည့်အလား သိုးများသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အား လုံးဝမရှိခဲ့ကြပေ။ ညှိုးနွမ်းနေသည့် သစ်ရွက်ခြောက်များကို ဖြတ်တိုက်သွားသော ဆောင်းဦးလေသဖွယ် သစ်ရွက်လေးများ တဖြုတ်ဖြုတ် ကြွေကျကုန်သည်။

သွေးများ ဖျန်းပက်နေသည့် အော်ဟစ်သံများကြားတွင် လူဒါဇင်ပေါင်းများစွာ လဲကျသွားပြီး ထန်ရှု၏ လူခြောက်ယောက်သည် လျင်မြန်စွာ၊ ပြင်းထန်စွာ လှုပ်ရှားနေကြသည်။ ထို့အပြင် ၎င်းတို့သည် တစ်မိနစ်မပြည့်မီတွင် အနောက်မှ အရှေ့သို့ ရွေ့လျားသွားခဲ့သော်လည်း အတိုက်ခံရသူအားလုံးမှာ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး မြေပြင်ပေါ် မတ်မတ်မရပ်နိုင်ကြပေ။

"တာဝန်ပြီးသွားပြီ သူဌေး…"

ထန်ရှု၏လူခြောက်ယောက်က သူတို့မျက်နှာထက်မှ သွေးများကို သုတ်လိုက်ပြီး ထန်ရှုဆီသို့ အမြန် ပြန်သွားကြကာ သတင်းပို့လိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြရင်း သူတို့အား ဘေးတွင် ရပ်နေစေသည်။ ထို့နောက် သူသည် ကြောက်ရွံ့နေဟန် ရှိသည့် ရီဝမ်တောင်နှင့် ရီဝမ်ဟီတို့ ညီအစ်ကို၂ယောက်ဆီသို့ အလျင်မလိုဘဲ လျှောက်သွားခဲ့သည်။

"အကြောက်တရားဆိုတာ ဘာလဲ အခု သိသွားပြီလား။"

ထန်ရှုသည် ခံစားချက်ကင်းမဲ့ပြီး အေးစက်သော အပြုံးကို ပြုံးထားသည်။ သူသည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြီး ခပ်ပြင်းပြင်းတစ်ချက် ဖွာရှိုက်လိုက်ကာ မီးခိုးကွင်းလေးများကို မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူက ထပ်ပြောပြန်သည်။

"မင်း ခုနက မောက်မာနေတာ မဟုတ်ဘူးလား ရီဝမ်ဟီ။ အခု မင်းညီလေးရဲ့နောက်မှာ ဘာလို့ သူရဲဘောကြောင်သူလို နေ နေတာလဲ။ အာ… ငါ ဘာတွေ မြင်နေရတာလဲ။ မင်းခြေထောက်တွေ တုန်နေတယ်။ မင်းရဲ့ခြေထောက်တွေ အခုတုန်နေပြီဆိုတာကို ကြည့်ရင် မင်းရဲ့အကြောက်တရားက ဘယ်အဆင့်မှာ ရှိလဲ။”

ရီဝမ်ဟီ တကယ်ကို ထိတ်လန့်နေခဲ့သည်။ မကြာသေးမီကပင် သူသည် ကျွမ်းကျင်တိုက်ခိုက်ရေးသမားများအား ဒါဇင်နှင့်ချီကာ ခေါ်ဆောင်လာပြီး သူ၏လူခြောက်ယောက်က သေနတ်များ ကိုင်ထားခဲ့ခြင်းကြောင့် စိတ်ဓာတ်မြင့်မားပြီး ယုံကြည်မှုအပြည့် ရှိခဲ့သည်။ ထို့ကြောင့် သူ၏ညီဖြစ်သူ ရီဝမ်တောင်က သူ့အား အချက်ပြပြီး ထန်ရှုကို အလေးအနက်ထားရန် သတိပေးခဲ့သော်လည်း လျစ်လျူရှုထားပြီး ထန်ရှုအား အဆုံးသတ်ပေးမည်ဟု တွေးခဲ့သည်။ ပဋိပက္ခဖြစ်ခဲ့ပါက သူ၏လူခြောက်ယောက်က ပစ္စတိုများဖြင့် ထိန်းထားနိုင်မည်ဖြစ်သည်။

သို့သော် ဤအရာများ မည်သို့ရောက်လာသနည်း။

သူ၏လက်များမှ သွေးများ စီးကျနေသော်လည်း ပတ်တီး မပတ်ရဲပါချေ။ သွေးထွက်နှုန်းကို လျှော့ချရန်အတွက် ပခုံးပေါ်ရှိ ဒဏ်ရာများကို ဖုံးအုပ်ရန် လက်ကိုသာ မြှောက်နိုင်ခဲ့သည်။ သူ၏ဘေးနားရှိ အပူချိန်နွေးနေသေးသော လူသေအလောင်းခြောက်လောင်းကို ကြည့်ကာ ရီဝမ်တောင်သည် ကြောက်ရွံ့ထိတ်လန့်နေသည်။ ထိုမြင်ကွင်းသည် သူ့အား ပြင်းပြင်းထန်ထန် ထိတ်လန့်သွားစေပြီး ချီနန်သည် မျက်တောင်မခတ်ဘဲ လူသတ်နိုင်သည့် နတ်ဆိုးဘုရင်မတစ်ဦးဖြစ်ကြောင်း  သိသွားခဲ့ရပေသည်။

"ငါ့အစ်ကို လောကြီးတာကို ခွင့်လွှတ်ပါ ထန်ရှု။ သူက မင်းကို တကယ် မတိုက်ချင်သလို မင်းရဲ့ရန်သူလည်း မဖြစ်ချင်ပါဘူး။ သူ ဒီလိုလုပ်တာ အကျင့်ဖြစ်နေလို့ ချက်ချင်း မပြောင်းလဲနိုင်တာပါ။ အခု မင်း သတ်ချင်ရင် ငါ့ကို သတ်လိုက်ပါ။ မင်း တစ်ယောက်ယောက်ကို ရိုက်ချင်ရင် ငါ့ကိုပဲ ရိုက်ပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး ငါ့အကိုကြီးကို သွားခွင့်ပေးလိုက်ပါ။ မင်းရဲ့ မကျေနပ်ချက်တွေကို ငါ့ဆီပဲ ပုံချပေးပါကွာ။"

ရီဝမ်တောင်ကို လေးလေးနက်နက် စိုက်ကြည့်ကာ ထန်ရှု သက်ပြင်းချလိုက်ရင်း

"မင်းရဲ့ စိတ်ဓာတ်က ဘာကြောင့် ဒီလိုပုံစံပြောင်းသွားတာလဲ ဆိုတာ ငါမသိသေးပေမယ့် ဒါက တကယ်ကောင်းတဲ့ ကိစ္စပါ။ ဒါကြောင့် မင်းကို မသတ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ ငါ့ရဲ့အခြေအနေတွေကို မင်းလက်ခံနိုင်သရွေ့ ဒီကိစ္စကို ငါ အားလုံး သင်ပုန်းချေပေးမယ်။"

ရီဝမ်တောင်သည် မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ခေါင်းညိတ်ပြကာ

“ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေတွေကို ပြောပြပါ။ ငါ ဖြည့်ဆည်းပေးနိုင်တဲ့အရာတွေဆို ငါ ငြင်းမှာမဟုတ်ဘူး။"

“ပထမတစ်ချက် မင်းတို့ ညီအကိုနှစ်ယောက်က လျော်ကြေးငွေ ယွမ် ၁ ဘီလီယံ ပေးရမယ်။ ဒုတိယအချက် ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံကြီးကို မင်းကိုယ်တိုင် လာပြီး ဆေးရုံဝင်ပေါက်မှာ တစ်ရက်တာ ဒူးထောက်ရမယ်။ တတိယအချက် မန်နေဂျာလီရဲ့ လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ပါ။ စတုတ္ထအချက် မင်းတို့ ညီအကိုနှစ်ယောက်က အခုကိစ္စရဲ့နောက်ဆက်တွဲ ပြသနာကို ဖြေရှင်းပေး … ဒီလောက်ပဲ။”

ရီဝမ်တောင်၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေရင်း ၁၀စက္ကန့် ကြာပြီးနောက် ခါးသီးသောမျက်နှာဖြင့် ခေါင်းညိတ်ကာ

"မင်းရဲ့အခြေအနေအားလုံးကို ငါ လက်ခံတယ်။"

"ဝမ်တောင်…" ရီဝမ်ဟီ အော်လိုက်သည်။

ရီဝမ်တောင်က လှည့်ကြည့်ကာ ရီဝမ်ဟီကို စိုက်ကြည့်ကာ မချိပြုံး ပြုံးလိုက်ပြီး

“အစ်ကို … ငါတို့မှာ ဈေးဆစ်ဖို့ရော အခွင့်အရေး ရှိသေးလို့လား။ အခု သူသာ ငါတို့ကို သတ်ချင်တယ်ဆိုရင် လွယ်လွယ်လေးရယ်။ အစတုန်းကတော့ ငါ့ကိုယ်ငါ သေပြီလို့ တကယ် ထင်ထားခဲ့တာ။ ဒါပေမယ့် အခု အသက်ရှင်ဖို့ အခွင့်အလမ်း မျှင်မျှင်လေး ရလာပြီလေ။ သူပြောတာကို လိုက်နာရုံကလွဲလို့ ဘာမှ မရှိဘူး။"

ရီဝမ်ဟီ ငြိမ်ကျသွားသည်။

သူ့ညီ၏စကားများသည် ခက်ခဲသည့်အမှန်တရားများ ဖြစ်သည်ကို သူ သိပေသည်။ ထန်ရှုနှင့် သူ့လူများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သနားညှာတာမှုကင်းမဲ့မှုတို့ကြောင့် သူတို့သာ ထိုအချက်များကို ငြင်းဆိုခဲ့ပါက နောက်နှစ်၏သည်နေ့သည် သူတို့ သေဆုံးရသော နှစ်ပတ်လည်နေ့ ဖြစ်လာပေလိမ့်မည်။

ထန်ရှုက ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မင်းရဲ့ ဖုန်းနံပါတ် ငါ့ကို ပေး။ ငါ့ရဲ့ဘဏ်အကောင့်နံပါတ်ကို စာပို့ပေးလိုက်မယ်။ ခုနပြောခဲ့တဲ့ အချက်အားလုံးကို မနက်ဖြန်ည ၁၂ နာရီမှာ အပြီးလုပ်ပေးထား။ မဟုတ်ရင် မင်းတို့အားလုံးကို သတ်မယ့် လူတွေလွှတ်ဖို့ ငါ နှစ်ခါ မတွေးဘူး။”

ထန်ရှု စကားပြောပြီး လှည့်ထွက်သွားသည်။ ထွက်လာရင်း ပစ္စေတိုများကို စုဆောင်းရန် အမိန့်ပေးခဲ့သည်။ အဆိုပါ ပစ္စေတိုများသည် တရားမဝင်လက်နက်များဖြစ်ပြီး ထိုလူများတွင် ၎င်းလက်နက်များ ဆက်လက်ရှိနေဦးမည်ဆိုပါက ဘေးဒုက္ခများ ဖန်တီးနေပေဦးမည်။ အပြစ်မဲ့သူများဘေးကင်းစေရန်အတွက် ၎င်းလက်နက်များအား သူ၏သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းထားလိုက်သည်။

နှစ်မိနစ်အကြာတွင် ရီဝမ်တောင်သည် နောက်ဆုံး၌ သူ၏အကြည့်အား ရီဝမ်ဟီဆီသို့ ပြန်ပို့လိုက်ကာ

"အကိုကြီး … ငါတို့ဒဏ်ရာတွေကို အရင်ပတ်တီးစီးရအောင်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တကယ် ပြီးသွားပါပြီ။၊ ဒီလိုမျိုး နောက်ထပ် အဖြစ်မခံနိုင်တော့ဘူး။ မဟုတ်ရင် ငါတို့ ညီအစ်ကိုတွေ ဝမ်းနည်းစရာကောင်းတဲ့ သေခြင်းတရားနဲ့ အနှေးနဲ့အမြန်ဆိုသလို ရင်ဆိုင်ရလိမ့်မယ်။”

သို့ပေသည့် ရီဝမ်ဟီ၏မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင် ရှိနေသည်။ ဤကဲ့သို့ ခါးသီးလှသည့် ဆုံးရှုံးမှုအား မခံစားခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခုကျော်မျှ ကြာပြီဖြစ်သောကြောင့် ထန်ရှုအပေါ် တူးတူးခါးခါး မုန်းတီးမှုတစ်ခု ပေါက်ဖွားလာခဲ့သည်။ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချထားလိုက်သည်။

သည်နေ့တွင် ခေါင်းငုံ့ကာ သူ၏အမှားကို ဝန်ခံနိုင်ပေမယ့် သူ၏အာဏာကို လျှို့ဝှက်စွာ တည်ဆောက်ပြီး သည်နေ့၏ အရှက်နှင့်သိက္ခာကို ပြန်ဆပ်ပေးခိုင်းမည်ဟု သန္နိဌာန် ချထားသည်။

"ဆယ်စုနှစ်တစ်ခု ကြာပြီးမှ လူတစ်ယောက်ကို လက်စားချေဖို့ဆိုတာ နောက်ကျလွန်းတာမဟုတ်ပါဘူး။" ရီဝမ်ဟီက အေးစက်စွာ စကားဆိုသည်။

ရီဝမ်တောင်၏အမူအရာ ပြောင်းသွားကာ  လေးနက်သော လေသံဖြင့်

"မင်းလက်စားချေဖို့ မစဉ်းစားတာ ပိုကောင်းမယ် အစ်ကို။ အဲ့ဒီထန်ရှုနဲ့သူ့လူတွေက လူတွေ မဟုတ်ဘူး။ ကျွမ်းကျင်တဲ့လူတွေ ရာနဲ့ချီ လေ့ကျင့်ပေးမယ်ဆိုရင်တောင် သူတို့နဲ့ မပြိုင်နိုင်ဘူး။ သူ့နောက်ခံက ဘယ်လောက် အင်အားကြီးတယ်ဆိုတာ ဘယ်သူ သိမှာလဲ။”

"သူ့ကို စုံစမ်းဖို့ ငါ လူလွှတ်လိုက်မယ်။" ရီဝမ်ဟီက အေးစက်စွာ ပြောလိုက်သည်။

***

All Chapters