← Chapters

ကြောက်မက်ဖွယ်သတင်း

Vol. 10 Ch. 461

ကြောက်မက်ဖွယ်သတင်း

Vol. 10 Ch. 461

ဆေးရုံမှ ပြန်လာပြီးနောက် ထန်ရှုသည် ကျောင်းဝင်းသို့ မပြန်ဘဲ ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်လာခဲ့သည်။ သူ့အား အံ့အားသင့်စေသည်မှာ အိုးရန်လူလူနှင့် ကျန်းရှင်းယာတို့သည် မပြန်ကြသေးဘဲ ဆိုဖာထဲမြှုပ်နေသည့်အထိ ထိုင်နေကြကာ အဆာပြေမုန့်များစားခြင်း၊ ကြိုက်နှစ်သက်ရာရုပ်ရှင်များ ကြည့်ခြင်းနှင့် ရောက်တတ်ရာရာ စကားပြောနေခြင်းတို့ကို လုပ်ရင်း ရယ်မောပျော်ရွှင်နေကြခြင်းပင် ဖြစ်သည်။

"မင်းတို့ကောင်မလေးတွေ ပျင်းနေကြတာလား။" ထန်ရှုက ထူးဆန်းသည့် လေသံဖြင့် မေးလိုက်သည်။

အိုးရန်လူလူက ဆိုဖာပေါ်မှ ခုန်ထလာပြီး ခြေညှပ်ဖိနပ်တစ်ရံကို ဝတ်လိုက်ကာ

"ငါတို့ တအား အလုပ်များနေတာ သိလား။ နင့်ကို မစောင့်နိုင်လို့ ခုလေးတင် ငါတို့ ဈေးဝယ်ထွက်ပြီးသွားတာ နင်သိလား။"

…သူတို့ အရမ်းအလုပ်ရှုပ်နေကြတယ်။ အဲ့ဒါကို ဈေးဝယ်ထွက်ခဲ့သေးတယ်…

ထန်ရှု မျက်စိလည်သွားရသည်။ သူက ခေါင်းခါရုံသာ တတ်နိုင်ပြီး ပြုံးရင်းဖြင့်

"တကယ်လို့ ငါ မှတ်မိတာ မှန်ရင် ရှင်းယာရဲ့ဖျော်ဖြေပွဲက မနက်ဖြန်ည ဖြစ်မယ်ထင်တယ် ဟုတ်လား။"

ကျန်းရှင်းယာ မတ်တပ်ထရပ်ပြီး ပြုံးလိုက်သည်။ သူမ၏လွယ်အိတ်ကို ကောက်ယူလိုက်ပြီး အတွင်းမှ လက်မှတ်တစ်ထပ်ကို ထုတ်ယူကာ ထန်ရှုကို ပေးလိုက်သည်။ "ပါရမီရှင်လေး မစ္စတာထန် … နင်က ငါ့ဖျော်ဖြေပွဲမှာ အထူးဧည့်သည် မလုပ်ချင်ဘူးဆိုတော့ ငါ့ကို မျက်နှာသာပေးတဲ့ အနေနဲ့ သာမန်ပရိသတ်လိုတော့ လာပေးမယ်မလား။ ဖျော်ဖြေပွဲအတွက် လက်မှတ်တချို့ ငါ ယူလာတယ်။ နင့်အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကို ပေးလို့ရတယ်။ လာအားပေးဖို့လည်း ဖိတ်တယ်နော်။”

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထန်ရှုသည် ဖျော်ဖြေပွဲလက်မှတ်များကို ယူကာ အပြုံးဖြင့် ပြောလိုက်သည်။

“ကြယ်ပွင့်ကြီးကိုယ်တိုင်က ဒီလိုပြောတဲ့အတွက် မသွားဘဲ မနေပါဘူးဗျာ။ ကောင်းပြီလေ … သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် အဲ့မှာ ငါ ရှိနေပါမယ်။"

"ဂုဏ်ထူးဆောင် မစ္စတာပါရမီရှင်ထန်က ငါ့ကို လာကြည့်မယ်ဆိုရင် ငါ့ဖျော်ဖြေပွဲက အရမ်းအောင်မြင်မှာ အသေအချာပဲ။" ကျန်းရှင်းယာက အပြုံးဖြင့် ပြောသည်။

"မင်း နောက်နေတာကို ရပ်လို့မရဘူးလားကွာ။ ဂုဏ်ထူးဆောင် မစ္စတာပါရမီရှင်ထန်ဆိုတာ ဘာကြီးလဲ။ ငါလည်း ထန်ဘိုးနဲ့ လုံးဝ မပတ်သက်ပါဘူး မင်းသိပါတယ်။"

(Charm Ming Nge - ထန်ယင် (၁၄၇၀-၁၅၂၄) ခေါ် ထန်ဘိုးသည် မင်မင်းဆက်မှ ပန်းချီဆရာ၊ စာရေးဆရာ၊ လက်ရေးလှစာပန်းချီဆရာနှင့် ကဗျာဆရာကြီးဖြစ်သည်။ သူ၏ထက်မြက်ထူးချွန်သောအရည်အချင်းများကြောင့် နာမည်ကျော်ကြားပြီး သူငယ်ချင်းများစွာ ရခဲ့သည့်နည်းတူ သံသယ၊ ဘေးဥပဒ်များကိုလည်း ကြုံလာခဲ့ရသည်။ ထိုထူးခြားသော ပါရမီရှင်သည် ကံဆိုးမှုနှင့် သူ၏ယုံကြည်မှုလွန်ကဲမှုကြောင့် သူ ဖြစ်ချင်ခဲ့သော အိပ်မက်အား အကောင်အထည်ဖေါ်ရန် အခွင့်အလမ်း မည်သည့်အခါမှ မရရှိခဲ့ပဲ အခြားနည်းဖြင့် တောက်ပလာခဲ့ရသည်။ မင်အင်ပါယာသည် ထက်မြက်သော နိုင်ငံရေးသမားတစ်ဦးကို ဆုံးရှုံးခဲ့ရသော်လည်း ထူးချွန်သော အနုပညာရှင်တစ်ဦးကို ရရှိခဲ့သည်။ ထန်ယင်၏ ထူးခြားသော လက်ရာအများစုသည် သူ၏ အလွန်အမင်း အထီးကျန်ဆန်နေသော အချိန်များတွင် ရေးဆွဲပြီးဆုံးခဲ့သည်။ သူသည် ဆင်းဆင်းရဲရဲဖြင့် အသက်အရွယ်အိုမင်းလာကာ နာမကျန်းဖြစ်လာခဲ့သည်။ ကမ္ဘာကြီး၊ မိုးကောင်းကင်နှင့် ငရဲပြည်မှာ သူ အမြဲ ပိုင်ဆိုင်နိုင်သော အရာမရှိပါဟု ငိုကြွေးမြည်တမ်းခဲ့ရသည်။)

“ဟီဟိ…” ကျန်းရှင်းယာသည် နှုတ်ခမ်းလှလှလေးအား သူမ၏လက်ကလေးဖြင့်အုပ်ကာ အသာအယာ ရယ်နေသည်။

…ဖုန်းမြည်သံ…

ဖုန်း၏ငြိမ့်ညောင်းသော မြည်သံ ထွက်ပေါ်လာသည်။

ထန်ရှုက သူ၏ဖုန်းကို ထုတ်ကာ ဖုန်းခေါ်သူ၏နံပါတ်ကို ကြည့်လိုက်သည်။ ပေကျင်းနယ်မြေဧရိယာမှ သူ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေသောကြောင့် အံ့အားသင့်သွားသည်။ အဖြေခလုတ်ကို နှိပ်လိုက်ပြီး

"ထန်ရှု ပြောနေပါတယ်။ ဘယ်သူ ဖုန်းဆက်တယ်ဆိုတာ သိလို့ရမလား။”

"သူဌေး … ငါ လီရှောင်ကျီပါ။"

ဖုန်းထဲက အမျိုးသားတစ်ယောက်၏အသံ ထွက်လာသည်။

သူ၏မှတ်ဉာဏ်ကို အနည်းငယ် အလုပ်ပေးပြီးချိန်တွင် လီရှောင်ကျီ မည်သူဖြစ်သည်ကို သူ ပြန်သတိရလာသည်။ ထိုသူသည် ထန်မိသားစုမှ လေ့ကျင့်သင်ကြားထားသော အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပြီး တစ်ချိန်က ကွမ်းယန်တွင် ယောင်မိသားစုကိစ္စ ဖြေရှင်းစဉ်က အတူတူလုပ်ဆောင်ခဲ့ဖူးသည်။

"မင်း လိုအပ်တာတစ်ခုခု ရှိလား။" ထန်ရှုမေးလိုက်သည်။

“သူဌေး … မိသားစုက ငါ့ကို ထောက်လှမ်းရေးအလုပ်တချို့ တာဝန်ယူဖို့ စီစဉ်ပေးထားလို့ ပေကျင်းကို ငါ ပြောင်းရွှေ့သွားပြီ။ ဒါပေမယ့် မနက်ဖြန် ရှန်ဟိုင်းမှာ အကြမ်းဖက်သမားတချို့က မတော်တဆဖြစ်ရပ်တစ်ခု ဖန်တီးမယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတစ်ပုဒ်ကို ငါ ရထားတယ်။” လီရှောင်ကျီက ပြောသည်။

“ရှန်ဟိုင်းမှာ အကြမ်းဖက်သမားတွေက အဖြစ်အပျက်တစ်ခုကို ဖန်တီးမယ်ဆိုတာကို မင်း ဘာကြောင့် ငါ့ကို ပြောပြတာလဲ။” ထန်ရှု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ထောက်လှမ်းရေး အစီရင်ခံစာအရ ဒီအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုက ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကနေ စလိမ့်မယ်။ မင်းက အခု ရှန်ဟိုင်းမှာ နေတော့ ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို သွားမှာကို ငါ စိုးရိမ်တယ်လေ။ လောလောဆယ်တော့ အစိုးရဌာနတွေက လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေပြီဆိုပေမယ့်လည်း မတော်တဆမှုကို တတ်နိုင်သမျှ ကာကွယ်ဖို့ မင်းကို ပြောပြဖို့ လိုမယ်ထင်လို့။”

ထန်ရှု အနည်းငယ် ပြောင်းလဲလာသော မျက်နှာထားဖြင့်  “ဒီအကြမ်းဖက်သမားတွေက ဘယ်သူတွေလဲ။”

“သူတို့က ပြည်တွင်း တက်ကြွလှုပ်ရှားသူတွေနဲ့ အစွန်းရောက်တွေပါ။ အတော် အစွန်းရောက်တဲ့ အတွေးအခေါ်ရှိကြပြီး ငါတို့လူ့အဖွဲ့အစည်းကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အရာတွေကို ဖန်တီးတဲ့အပြင် မြေအောက်အဖွဲ့အစည်းငယ်တစ်ခုကိုလည်း ထူထောင်ထားကြသေးတယ်။ အဲ့ဒီအဖွဲ့အစည်းက အရင်တုန်းကလည်း လူထုကို ခြိမ်းခြောက်ပြီး လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်ဖျက်ဆီးချင်တဲ့ လုပ်ရပ်တွေအတွက် အရင်းခံပဲ။ ဒါပေမယ့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက အဲ့ဒီတုန်းကလုပ်ရပ်တွေကို အချိန်တိုင်း ရှောင်ရှားတားဆီးနိုင်တယ်။ ဒီလူတွေက အတော့်ကောက်ကျစ်ပြီး လိမ္မာပါးနပ်ကြတော့ အများစုကို နိုင်ငံတော်က ဖမ်းဆီးထားတာတောင် အဖွဲ့အစည်းရဲ့ တစ်စိတ်တပိုင်းကတော့ လွတ်မြောက်နေတုန်းပဲ။”

တောအုပ်ကြီးတွင် အမြဲလိုလိုပင် ငှက်မျိုးစုံကို တွေ့နိုင်သည်။

သည်အမှန်တရားသည် ထန်ရှုအား လုံးဝ ရှင်းလင်းသွားစေသည်။ ထို့ကြောင့် အလွန်အစွန်းရောက်သော အတွေးအခေါ်အယူဝါဒရှိသူများ နှင့် လူ့အဖွဲ့အစည်းကို ဆန့်ကျင်ပုန်ကန်သူများသည် အမြဲတည်ရှိပေသည်။ ထို့ကြောင့် ဤအဖွဲ့သည် အရေအတွက်နည်းသည့်တိုင် နိုင်ငံတော်က သူတို့၏သတင်းများအား အမြဲစုံစမ်းရန် ရည်ရွယ်ချက်ရှိနေပြီး လူ့အဖွဲ့အစည်းထဲက လူတော်တော်များများသည် ထိုသူတို့၏ တည်ရှိမှုကို မည်သည့်အကြောင်းကြောင့် မေ့လျော့သွားရခြင်းဆိုသည့် အကြောင်းခံ ဖြစ်တော့သည်။

သို့သော်လည်း သူသည် ကျန်းရှင်းယာ၏ သူငယ်ချင်း ဖြစ်သည့်အားလျော်စွာ ထိုအစွန်းရောက်လူများအား သူမ၏ဂီတဖျော်ဖြေပွဲတွင် ပြဿနာ ဖန်တီးသောလုပ်ရပ်ကို မည်သည့်အခါမှ သူ ခွင့်မပြုနိုင်ပေ။

ထန်ရှု တခဏ စဉ်းစားပြီးနောက် "အစိုးရအဖွဲ့အစည်းတွေရဲ့ စစ်ဆင်ရေးကို ဘယ်သူက တာဝန်ယူမှာလဲ။"

“ပြည်နယ်လုံခြုံရေးရဲ့ ၆ယောက်မြောက် တာဝန်ခံ ဝန်ကြီး လျိုချန်းရှီပါ။” လီရှောင်ကျီက ရှင်းပြသည်။

“သူ့လူတွေနဲ့အတူ ရှန်ဟိုင်းကို မနေ့ညက ထွက်သွားပြီး အဲ့ဒီက လုံခြုံရေးဌာနတွေနဲ့ ပူးပေါင်းထားတယ်။ မနက်ဖြန်မနက်ကတည်းက ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို လုံခြုံရေးယူပေးဖို့နဲ့ လူထု အန္တရာယ်ကင်းဖို့ ရဲအင်အားကိုပါ ပူးပေါင်းထားတယ်။”

“ငါ့ကို လျိုချန်းရှီရဲ့ဖုန်းနံပါတ် ပေးပါဦး။” ထန်ရှု တောင်းလိုက်သည်။

“သူဌေး … မင်း…” လီရှောင်ကျီ အံ့အားသင့်သွားသည်။

“ကျန်းရှင်းယာက ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပဲဆိုတော့ သူမရဲ့ဖျော်ဖြေပွဲမှာ ဘာမတော်တဆမှုမှ အဖြစ်မခံနိုင်ဘူး။ ဒီသတင်းကို ပြောပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ အားလပ်ရက် ပေကျင်းကို ပြန်လာရင် မင်းကို တစ်ဝိုင်း ဧည့်ခံပါ့မယ်။”

“ဒါ ငါ လုပ်သင့်တာပါ သူဌေး။” လီရှောင်ကျီ၏လေသံက ဂုဏ်ယူဝင့်ကြွားနေသည်။

“ဟုတ်ပါပြီ။ ငါ့ကို သူ့ဖုန်းနံပါတ်ပေးဖို့ မမေ့နဲ့ဦး။” ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။

ထိုသို့ ပြောပြီး ထန်ရှုသည် မှုန်မှိုင်းနေသော အမူအရာဖြင့် ဖုန်းချလိုက်သည်။

ဘေးတွင် ရှိနေသော ကျန်းရှင်းယာသည် ထန်ရှု အတွေးနက်နေသည်ကို မြင်နေရသောကြောင့် မေးလိုက်သည်။

“ဘယ်သူ ဖုန်းဆက်တာလဲ ထန်ရှု… မနက်ဖြန်ည ငါ့ရဲ့ဖျော်ဖြေပွဲမှာ မတော်တဆဖြစ်မယ်လို့ သူပြောနေတာလည်း ငါ ကြားလိုက်မိသလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ။”

“ငါ့ကို ခုနက ဖုန်းဆက်တဲ့သူက အစိုးရအဖွဲ့အစည်းထဲက လူတစ်ယောက်ပဲ။ မနက်ဖြန်ည မင်းရဲ့ဖျော်ဖြေပွဲမှာ အစွန်းရောက်လူတစ်ချို့ ရောပါလိမ့်မယ်လို့ သူ ပြောတယ်။ လွန်ကဲတဲ့ နည်းစနစ်တွေကို သူတို့ လုပ်မယ်ဆိုရင် သွေးလွှမ်းပြီး ဆိုးရွားတဲ့ မတော်တဆမှုတွေ ဖြစ်လာမှာစိုးရတယ်။ ပြည်နယ်လုံခြုံရေးရဲ့ ခေါင်းဆောင်လည်း ရှန်ဟိုင်းရောက်နေပြီတဲ့။ ငါခန့်မှန်းတာ မှန်ရင် ဒီနေ့ မင်းကို လူတစ်ယောက် ဆက်သွယ်လာလိမ့်မယ်။” ထန်ရှုက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

“အစွန်းရောက်တွေ ဟုတ်လား။ သူတို့တွေက ဘယ်သူတွေလဲ။” ကျန်းရှင်းယာ စိတ်ရှုပ်သွားသည့်ဟန်ဖြင့် မေးပြန်သည်။

“တောအုပ်ကြီးရင် ငှက်မျိုးစုံတယ်ဆိုတာ မင်းလည်း သိတာပဲ။ တရုတ်နိုင်ငံက လူဦးရေ ၁ဘီလီယံ ကျော်တယ်ဆိုတော့ အစွန်းရောက်အတွေးအယူအဆတွေနဲ့ လူ့အဖွဲ့အစည်းကို ကန့်လန့်တိုက်ချင်တဲ့ လူတွေ ရှိမှာပဲ။ သူတို့တွေက လျှို့ ဝှက်အဖွဲ့အစည်းငယ်လေးတောင် ဖွဲ့စည်းထားကြသေးတယ်။ အရင်တုန်းက သွေးလွှမ်းတဲ့ အဖြစ်အပျက်တွေနဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုရဲ့ လက်သည်တရားခံက သူတို့ပေါ့။ ဒီတစ်ကြိမ် သူတို့ရဲ့ပြစ်မှတ်က ရှန်ဟိုင်းက မင်းရဲ့ဖျော်ဖြေပွဲပဲ။ သူတို့ အောင်မြင်သွားရင် သက်ရောက်မှုနဲ့ အစုလိုက်အပုံလိုက် ပျက်စီးမှုက သာမန်ဖြစ်မှာ မဟုတ်ဘူး။”

ကျန်းရှင်းယာ၏မျက်နှာလေးသည် ဖြူဖျော့သွားရသည်။ သူမသည် ထိုအကြောင်းအရာကို စိတ်ပင်မကူးရဲချေ။ ထန်ရှု ပြောသည့်အတိုင်းသာ ဖြစ်လာပါက ပျက်စီးမှုများရုံသာမက သူမ၏ပရိသတ်များပါ ပြင်းထန်စွာ ထိခိုက်ကြမည့်အပြင် သူမ၏နာမည်ဂုဏ်သတင်းကိုပါ ဆိုးရွားသည့် သက်ရောက်မှု ဖြစ်ပေါ်စေပေလိမ့်မည်။

တည်ကြည်လေးနက်နေသော ထန်ရှုကို ကြည့်ရင်း ကျန်းရှင်းယာက သူ၏လက်မောင်းကို အလျင်အမြန်ဆွဲကာ တုန်လှုပ်ချောက်ချားစွာ ပြောလာသည်။

"ထန်…ထန်ရှု ငါ ဘာလုပ်ရမလဲ။ ဖျော်ဖြေပွဲကို ဖျက်လိုက်ရမလားဟင်။"

"ဖျော်ဖြေပွဲကို ဖျက်လိုက်တာက ပိုဒုက္ခရောက်မှာကို ငါ စိုးမိတယ်။" ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။

“ငါ သိရသလောက် မင်းရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေက အားလုံးနီးပါး ကုန်သွားပြီ မဟုတ်လား။ ပွဲဖျက်လိုက်ရင် ပရိသတ်တွေက ဒေါသဖြစ်မှာ သေချာတယ်။ မင်းကိုလဲ မကောင်းတဲ့ အပျက်သဘော ဆောင်လာလိမ့်မယ်။ နောက်ပြီး မင်းရဲ့စီးပွားရေးဖက်တွေကလည်း သဘောတူမှာ မဟုတ်တာ သေချာသလောက်ပဲ။ ဒါပေါ့ …  အရေးကြီးဆုံးကတော့ မင်းရဲ့ဖျော်ဖြေပွဲကျင်းပနေစဉ်မှာ အစွန်းရောက်ဝါဒီတွေကို ဖမ်းဆီးရှင်းလင်းနိုင်မယ်လို့ နိုင်ငံတော်ရဲ့ထိပ်တန်းအရာရှိတချို့က မျှော်လင့်နေတယ်။”

ကျန်းရှင်းယာ အံသြသွားသည်။ တခဏလောက် သူမ မည်သို့ပြန်ဖြေရမည် မသိဖြစ်သွားရင်း ထန်ရှုအား အကူအညီတောင်းနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။

“ပြည်နယ်ကနေ ဒီစစ်ဆင်ရေးရဲ့တာဝန်ခံခေါင်းဆောင်က လျိုချန်းရှီလို့ခေါ်တဲ့ လူပါ။ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို ဆွေးနွေးဖို့ ငါ သူ့ကို အခုပဲ ဖုန်းဆက်လိုက်မယ်။ မင်းရဲ့ဖျော်ဖြေပွဲမှာ အစွန်းရောက်တွေက တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာတယ်ဆိုရင် အဲ့ဒီအချိန်မှာ ပထမဆုံးလုပ်ရမယ့်အရာက သူတို့ကို ချက်ချင်းဖမ်းပြီး သူတို့ရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို ရပ်တန့်ပစ်လိုက်ဖို့ပဲ။"

ကျန်းရှင်းယာက ကျေးဇူးတင်ဟန်ဖြင့် လျင်မြန်စွာ ခေါင်းညိတ်ပြသည်။

ထန်ရှုက လီရှောင်ကျီ ပေးပို့သည့် ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ပြီး ဆယ်စက္ကန့်အကြာတွင် လေးနက်သော အသံတစ်ခုအား စတင်ကြားလိုက်ရသည်။

"လျိုချန်းရှီပါ … ဘယ်သူ ဖုန်းဆက်တာပါလဲ။”

"ဟယ်လို မစ္စတာလျို။ ကျွန်တော် ထန်ရှုပါ။” ထန်ရှု နှုတ်ဆက်လိုက်သည်။

"ထန်ရှု … ထန်ရှုဆိုတာ ဘယ်သူလဲ။" လျိုချန်းရှီ၏ လေသံသည် အလွန်အေးစက်လှသည်။

"ကျွန်တော့်အဖိုးက ထန်ကောရှန့်ပါ … ထန်ယွင်ဖန်းက ကျွန်တော့်ဦးလေးပါ။" ထန်ရှုက အစိုးရပိုင်းမှ သူ၏ဆွေမျိုးများအား ပြောပြသည်။

ဆယ်စက္ကန့်ကြာသည့်အထိ တစ်ဖက်လူက ပြန်မဖြေချေ။ ထို့နောက် ထိုလူက အနည်းငယ် ပျော့ပျောင်းသောလေသံဖြင့် “မင်းအကြောင်း ငါကြားတယ်ထန်ရှု။ မင်းက ထန်မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ မြေးတစ်ယောက်မလား။ စကားမစပ် … အကြီးအကဲထန်ရော နေကောင်းတယ်မဟုတ်လား။ ဒါနဲ့ … မင်း ငါ့ကို ရှာနေတာလား..."

"မစ္စတာ လျို … အဖိုးက ကျန်းမာရေး ကောင်းပါတယ်။ ကျွန်တော် ဖုန်းဆက်တဲ့အကြောင်းက မနက်ဖြန်ညနေ ရှန်ဟိုင်းက ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲမှာ လူတချို့က အကြမ်းဖက်လှုပ်ရှားမှုတွေကို လုပ်လိမ့်မယ်ဆိုတဲ့ သတင်း ကြားမိလို့ပါ။ နောက်ပြီး မစ္စတာလျိုက ဒီလုံခြုံရေးကိစ္စမှာ တာဝန်ရှိတယ်ဆိုတဲ့ သတင်းကိုလည်း သိခဲ့ရတယ်။ ကျွန်တော်တို့ လူချင်းတွေ့ပြီး စကားပြောလို့ရမလားခင်ဗျ။"

လျိုချန်းရှီက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်

"အရင်ဆုံး ငါ မင်းကို တစ်ခုလောက် မေးဖို့ လိုတယ် ထန်ရှု။ ကျန်းရှင်းယာရဲ့ဖျော်ဖြေပွဲဘေးကင်းဖို့က ငါတို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့တွေမှာ တာဝန်ရှိတာလေ။ မင်းက ဘာဖြစ်လို့ ဒီကိစ္စကို အာရုံစိုက်နေတာလဲ။"

"ကျန်းရှင်းယာက ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက် ဖြစ်သလို ကျွန်တော်ကလည်း ကျောင်းတက်နေတာမို့ အခု ရှန်ဟိုင်းမှာ ရှိနေတယ်။ ကျွန်တော့်မှာလည်း အရည်အချင်းချို့ ရှိပါတယ်။"ထန်ရှုက လေးနက်စွာ ရှင်းပြလိုက်သည်။

"ငါက ရှန်ဂရီလာဟိုတယ် အခန်း #၈၀၈မှာ နေတယ်။ မင်းလာတဲ့အခါ သတိထားဦး … အဲ့ဒီမှာ နေနေတဲ့ အစွန်းရောက်တစ်ကောင်ကို ငါတို့တွေ့ထားတယ်။” လျိုချန်းရှီက သတိပေးစကားဆိုသည်။

"ကောင်းပါပြီ။"

ထန်ရှု ခပ်တိုတိုပဲ ပြန်ဖြေလိုက်သည်။ ဖုန်းချခါနီးတွင် သူ ရုတ်တရက် တစ်ခုခုကို တွေးမိပြီး

“မစ္စတာလျို … ကျွန်တော် တွေးမိလို့။ ပထမဆုံးအကြိမ် ကျွန်တော် ဖုန်းခေါ်တာဖြစ်ပေမယ့် ဘာကြောင့် ကျွန်တော့်အထောက်အထားကို အတည်ပြုနိုင်ရတာလဲ။ ဒီလူဆိုးတစ်ယောက်အကြောင်းကိုတောင် ပြောပြနေတယ်ပေါ့။"

"လွန်ခဲ့တဲ့ မိနစ်ဝက်လောက်က ငါတို့ဆီကို ဖုန်းခေါ်ပြီး မင်းရဲ့ဖုန်းနံပါတ်ကို ပေးထားတဲ့ ဝန်ကြီးဌာနက လူတစ်ယောက် ရှိတယ်။" လျိုချန်းရှီက ဖြေသည်။

"ကျွန်တော် သဘောပေါက်ပြီ။" ထန်ရှု အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။

ဖုန်းခေါ်ဆိုမှုအဆုံးသတ်ပြီးနောက် ထန်ရှုသည် ကျန်းရှင်းယာကို ကြည့်ကာ

"မင်း ဘာလုပ်ဖို့ ရှိသေးလဲ။"

"ငါ နင်နဲ့ ဒီမှာ နေမယ်။" ကျန်းရှင်းယာက ဖြေသည်။

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"ဒါနဲ့ လူလူ … မင်းမှာ လုပ်စရာမရှိဘူးဆိုရင် ရှင်းယာနဲ့ အဖော်လုပ်ပေးဖို့ ဒီမှာ နေလိုက်ပါဦး။ ဒီစစ်ဆင်ရေးမှာ တာဝန်ရှိတဲ့လူကို ငါ အရင်တွေ့လိုက်ဦးမယ်။ နောက်ပြီး အဆင်ပြေခဲ့ရင် ကျင်းမန်ကျွန်းက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို ဒီကိုလာဖို့ တာဝန်ပေးလိုက်မယ်။ ဖျော်ဖြေပွဲကျင်းပတဲ့အချိန်ကျရင် ရှင်းယာရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို သူတို့က တာဝန်ယူပါလိမ့်မယ်။”

"ကျေးဇူးတင်ပါတယ် ထန်ရှု။" ကျန်းရှင်းယာက ထန်ရှုအား ကျေးဇူးတင်သော အကြည့်ဖြင့် ပြောလိုက်သည်။

"ငါ ပြောတာကို မင်း မကြားလိုက်ဘူးလား။" ထန်ရှုက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါတို့က သူငယ်ချင်းတွေပဲ။ ဒီစည်းမျဉ်းစည်းကမ်းတွေကို ခေါက်ထားလိုက်စမ်းပါ။ နောက်ပြီး ဒုစရိုက်သားတွေက ပြည်သူတွေကို ဆက်လက်အန္တရာယ်ပေးဖို့ ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်နေတာ ငါ မမြင်ချင်ဘူး။”

"ဟေး ငါ့လူတွေကို ပို့လိုက်ရင်ရော ဘယ်လိုလဲ။" အိုးရန်လူလူက အကြံပြုလာသည်။

"မလိုဘူး။ ဒီကိုလာဖို့ ငါ့လူတချို့ကို တာဝန်ပေးလိုက်မယ်။ အဲ့ဒီအချိန်ရောက်ရင် လူတချို့က ရှင်းယာကို တိတ်တဆိတ် ကာကွယ်ကြလိမ့်မယ်။ အစိုးရလုံခြုံရေးကို တစ်ယောက်ယောက်က ကျော်ဖြတ်သွားရင်တောင် ရှင်းယာကို အန္တရာယ်ပြုဖို့ မဖြစ်နိုင်တော့ဘူး။”

***

All Chapters