← Chapters

အရေးကြီးသော ထောက်လှမ်းရေး

Vol. 10 Ch. 470

အရေးကြီးသော ထောက်လှမ်းရေး

Vol. 10 Ch. 470

ညဉ့်တစ္ဆေသည် သိလိုစိတ်ဖြင့် သူ့အား မိနစ်ဝက်ခန့် အကဲခတ်ကာ သေသေချာချာ ကြည့်နေပြီးနောက် အပြုံးဖြင့် ခေါင်းညိတ်လိုက်ရင်း

“ဒါဆို နင်က မိုအားဝမ်ဆီက ဆိုးဆိုးရွားရွား သင်ခန်းစာပေးတာ ခံလိုက်ရတဲ့သူပေါ့။ အာ ဟုတ်သားပဲ။ မိုအားဝမ်ကို နင် ဘယ်သိပါ့မလဲ။ ဒါပေမယ့် နင် ချည်မျှင်တစ်ထောင်ကိုတော့ သိတယ်မလား။ မိုအားဝမ်က ချည်မျှင်တစ်ထောင်ပဲလေ။”

ချည်မျှင်တစ်ထောင်ဟုတ်လား…

ချိုးနီငှက်၏မျက်ဝန်းများထဲတွင် အမုန်းတရားများ ပေါ်ထွက်လာပြီး သူ၏လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ

“ငါ သေသွားရင်တောင် သူ့ကို ဘယ်တော့မှ မမေ့ဘူး။ သူ့ကြောင့်သာ မဟုတ်ရင် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ကောင်တွေ ဖမ်းတာခံရမှာ မဟုတ်သလို သူတို့အစေခံအဖြစ် ဖိအားပေးလုပ်ခိုင်းတာ ခံရမှာမဟုတ်ဘူး။ ဒီခွေးမသား ရှီပြောင်နဲ့လည်း သိရမှာမဟုတ်သလို ဒီအဖွဲ့အစည်းထဲလည်း ဘယ်တော့မှ ငါ ဝင်ဖြစ်မှာ မဟုတ်ဘူး။ ယုတ်စွအဆုံး ဒီနေ့လို မင်းနဲ့တွေ့ပြီး မင်းရဲ့သေနတ်ချိန်ထားတာတောင် ငါ ခံရမှာ မဟုတ်ဘူး။”

ညဉ့်တစ္ဆေက သရော်ရယ် ရယ်လိုက်ပြီး

“ဒီတော့ နင်က အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲ ရောက်ပြီး သူတို့အတွက် အလုပ်လုပ် ပေးနေရတယ်ဆိုပါတော့။ ဒီလိုဆိုမှတော့ နင် သေသင့်တယ်။”

…ဖောက်…

ကျည်ဆံတစ်တောင့် လေထဲမှ ဖြတ်သန်းရောက်လာသော်လည်း သေသွားသူမှာ ချိုးနီငှက်အစား အဘိုးအိုသာ ဖြစ်သည်။

တုန်ရီနေသော ချိုးနီငှက်အား ကြည့်ရင်း ညဉ့်တစ္ဆေက ရုတ်တရက် ပြုံးလိုက်ကာ

“တကယ်တော့ နင့်အသက်ကို သိမ်းထားနိုင်တယ်။ ဒါပေမယ့် နင်က ငါတို့ သူဌေးအတွက် အလုပ်လုပ်ပေးချင်လား မပေးချင်ဘူးလားဆိုတာ ငါ မသိဘူး။”

“မင်းရဲ့သူဌေးက ဘယ်သူလဲ။” ချိုးနီငှက် မျက်မှောင်ကြုပ်သွားသည်။

“ငါတို့အားလုံးက ထာဝရခန်းမရဲ့တစ်စိတ်တပိုင်းပဲ။ ငါတို့သူဌေး ဘယ်သူလဲဆိုတာ လောလောဆယ် နင် သိဖို့မလိုသေးဘူး။ နင် သိဖို့လိုတာက ငါတို့နဲ့ ပူးပေါင်းဖို့ နင် ရွေးလိုက်ပြီဆိုတာနဲ့ နင့်အသက်ကို ငါတို့သူဌေးက ပိုင်သွားပြီ။ ဒါပေါ့ … အဆုံးမရှိ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုရဲ့ကံကြမ္မာကို ရင်ဆိုင်ဖို့ ကမ်းလှမ်းတာကို နင် ရွေးချယ်လို့ရနေတာပဲ။ ငါတို့ ထာဝရခန်းမမှာ  နင်ပါဝင်မယ်ဆိုရင်တောင်မှ ကြီးမားတဲ့ အခက်အခဲတွေကို နင် ရင်ဆိုင်ရနိုင်တယ်ဆိုတာ ငါ အာမခံတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နင်က တူညီစွာနဲ့ ငရဲပြည်ကို ရောက်နေရတုန်းဖြစ်မှာပဲ။””

ထိုကမ်းလှမ်းချက်အား စဉ်းစားရန်အတွက် ချိုးနီငှက်သည် ၁၀စက္ကန့် အချိန်ယူလိုက်ပြီး

“ငါ သဘောတူတယ်။”

ကျေနပ်သွားသောအကြည့်ဖြင့် ညဉ့်တစ္ဆေက ခေါင်းညိတ်ကာ

“နင် သဘောတူလိုက်ပြီဆိုတော့ နင့်ကို ကြိုဆိုပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့အတွက် ဖြေရှင်းဖို့က လွယ်ပါတယ်။ နင့်ရဲအလောင်းဓာတ်ပုံကို သူတို့ကို ပြဖို့ပဲလိုတယ်။ နင့်အကြောင်းက သေချာပေါက် ပျောက်ပြယ်သွားလိမ့်မယ်။”

သူမ၏စကားသံ ဆုံးသည်နှင့် ညဉ့်တစ္ဆေသည် ချိုးနီငှက်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။ သူမ၏ဓားမြှောင်ကို ကိုင်ကာ ထိပ်ဖျားဖြင့် မွှမ်းလိုက်သည်။ ချိုးနီငှက်၏ရင်ဘတ်မှ သွေးများ ပန်းထွက်လာပြီး သူ့မျက်နှာဘယ်ဘက်ခြမ်းသို့ သွေးများစင်ကာ စီးကျသည်။

သို့သော် ချိုးနီငှက်သည် စိတ်ဓာတ်ကြံ့ခိုင်သည်။ အသံတစ်ချက်မှ မထွက်သည့်အပြင် ရုတ်တရက်တိုက်ခိုက်မှုကြောင့် လဲကျသွားခြင်းလည်း  မရှိပေ။ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်နှင့် ညဉ့်တစ္ဆေသည် သူ၏မေ့ကြောနေရာအား သူမ၏လက်သီးဖြင့် တစ်ချက်ထိုးလိုက်ခြင်းဖြင့် သူ့အား တစ်ခါတည်း မေ့မျောသွားစေခဲ့သည်။

"သူ့ကို ဓာတ်ပုံရိုက်ပြီး ပြန်ခေါ်သွားလိုက်။"

ညကြည့်မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

"ညဉ့်တစ္ဆေ … ဒါက စည်းကမ်းနဲ့ မညီဘူးနော်။ သူဌေးရဲ့အမိန့်က အဲ့ကောင်တွေကို ဖမ်းဖို့၊ သတ်ဖို့ပဲ။ ခေါ်လာဖို့ ဘာမှ မပြောဘူး။"

ညဉ့်တစ္ဆေက တည်ငြိမ်အေးဆေးသောအမူအရာဖြင့်  "ငါတို့ထာဝရခန်းမရဲ့ပင်မအဖွဲ့ဝင်တွေထဲမှာ ကျွမ်းကျင်သူ ၁၀၀ကျော် ရှိတယ်။ ငါတို့ပင်မအဖွဲ့ဝင်တွေဆိုတာက ကောင်းကောင်း လေ့ကျင့်ထားတဲ့အတွက် အားကောင်းတဲ့ စစ်တပ်တစ်ခု ဖြစ်နေနိုင်ပေမယ့် ထာဝရခန်းမရဲ့ ရာချီတဲ့ အရံတပ်သားတွေကမှ ငါတို့အင်အားစုရဲ့ကျောရိုးပဲ။ အဲဒီနှစ်မှာ ဂူ… သူဌေးက ထာဝရခန်းမကို ပထမဆုံး စတည်ထောင်တုန်းက အစွမ်းထက်တဲ့ အရည်အချင်းတွေရှိတဲ့ ဘယ်သူ့ကိုမဆို ငါတို့အတွက် အကောင်းဆုံး အသုံးချနိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ရမယ်လို့ သူမက ပြောခဲ့တယ်။ ချိုးနီငှက်က အလွန်ကျွမ်းကျင်တဲ့ ဟက်ကာတစ်ဦး ဖြစ်တယ်။ ငါတို့တွေက သတင်းခေတ်မှာ နေကြတာလေ။ ထာဝရခန်းမမှာ ရှိခဲ့တဲ့ မိုအားဝမ်က ငါတို့သူဌေးဆီ ပြောင်းသွားရတော့ အခု ငါတို့တွေဆီမှာ ဒီလိုပညာရှင် မရှိတော့ဘူး။ ချိုးနီငှက်ကို ငါတို့ ဖမ်းမိထားတာဆိုတော့ သူဌေးရဲ့ညွှန်ကြားချက်ကို နားထောင်ဖို့ လိုတယ်။”

ည၈နာရီတိတိတွင် ဖျော်ဖြေပွဲကို စတင်ခဲ့ပြီဖြစ်သည်။

ကျန်းရှင်းယာ၏ထွက်ပေါ်လာမှုနှင့်အတူ နိုင်ငံတစ်ဝှမ်းမှ လာရောက်အားပေးကြသော ပရိသတ် ၄၀,၀၀၀ကျော်ထံမှ ခြိမ့်ခြိမ့်သဲသဲ အားပေးသံများနှင့် ကြွေးကြော်သံများ ထွက်ပေါ်လာခဲ့သည်။ အကအဖွဲ့နောက်ကွယ်မှ မြူးကြွသော တေးဂီတသံနှင့် ခံစားချက်အပြည့်ဖြင့် သီဆိုလိုက်သော သီချင်းသံ ထွက်ပေါ်လာသည်။

ထိုသီချင်းသံသည် …  ကျန်းရှင်းယာ၏သီချင်းဆိုသည့် အသံဖြစ်သည်။

အေဝမ်းဇုန် … တိတိပပဆိုရသော် ဖျော်ဖြေပွဲနေရာ၏ ရှေ့ဆုံးတန်းတွင် ဟူချင်းစုန့်၊ ကျောက်လျန့်တို့အဖွဲ့သည် တောက်ပသော တုတ်ချောင်းလေးများအား လက်ထဲတွင် ဝှေ့ယမ်းပြီး ကျန်းရှင်းယာ၏နာမည်ကို အော်ဟစ်နေကြသည်။ အများအားဖြင့် တည်ငြိမ်အေးဆေးသော မုဝမ်ရင်ပင်လျှင် လူတိုင်းနှင့်အတူ မတ်တပ်ထရပ်ပြီး သူမ၏ အပြုံးသည် ထူးထူးခြားခြား တောက်ပနေသည်။ သို့တိုင် … အလွန်အမင်း ပုံမှန်မဟုတ်သော ကြည့်နေသူတစ်ယောက် ရှိသေးသည်။ ထိုသူမှာ ယွဲ့ခိုင်ဖြစ်သည်။

ထိုအချိန်တွင် ယွဲ့ခိုင်သည် ထန်ရှုအား ဟိုဟိုဒီဒီကြည့်ကာ ရှာနေသည်။

"ဟေ့ ယွဲ့ခိုင် … ဘာကိုရှာနေတာလဲ။ နတ်သမီးလေးက ဟိုမှာလေ။  မင်း သိတယ်ဟုတ်။ တခြားတစ်နေရာကို ကြည့်ဝံ့သေးတာလား။" ကျောက်လျန့်က ယွဲ့ခိုင်၏လက်မောင်းကို ခပ်ဖွဖွပုတ်ကာ အော်ပြောလိုက်သည်။

"ငါ အစ်ကိုကြီးထန်ကို ရှာနေတာ။ သူလည်း ဒီမှာရှိသင့်တယ်မလား။" ယွဲ့ခိုင်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။

ကျောက်လျန့် တွေဝသွေားပြီး ဘေးပတ်လည်သို့ ရှာစပြုလာသည်။ သို့သော် ထန်ရှု၏အရိပ်အယောင်ကို ဘယ်မှာမှ မမြင်ရပါချေ။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အစ်ကိုကြီးထန်မှာ တခြားကိစ္စ ရှိကောင်းရှိလိမ့်မယ် ကိုယ့်လူ။ ဒါပေမယ့် သူ နောက်ကျပြီး ရောက်လာမှာတော့ သေချာတယ်။"

"ငါလည်း အဲ့လိုပဲ ထင်ပါတယ်။" ယွဲ့ခိုင်က တခဏလောက် ငြိမ်သက်နေပြီးမှ ခေါင်းညိတ်သည်။

ကမ္ဘာသစ်စင်တာ၏တောင်ဘက်ဝင်ပေါက် အပြင်ဘက်တွင် ထန်ရှုသည် သူ့အား ကာကွယ်ရန် တာဝန်ရှိသော နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်နှစ်ဦးကို အလွယ်တကူ မျက်ခြည်ဖြတ်ကာ တစ်ကီလိုမီတာအကွာအဝေးရှိ သုံးထပ်တိုက်ငယ်တစ်ခုတွင် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ထာဝရခန်းမ၏အဖွဲ့ဝင်လေးဆယ်တို့သည် ပြန်ရောက်နေကြပြီဖြစ်ပြီး ဘေးတစ်ဖက်ရှိ ဆိုဖာပေါ်တွင် သတိမေ့ကာ လဲလျောင်းနေသော ချိုးနီငှက်လည်း ရှိသည်။

"သူက ဘယ်သူလဲ။" ထန်ရှု မေးလိုက်သည်။

ညဉ့်တစ္ဆေက မတ်တတ်ရပ်ကာ လေးစားစွာ ပြောလိုက်သည်။ “သူက ချိုးနီငှက်လို့ ခေါ်တယ် သူဌေး။ ကမ္ဘာ့ဟက်ကာစာရင်းမှာ စတုတ္ထအဆင့်လူပါ။ သူက သူဌေးပြောတဲ့ အစွန်းရောက်တွေထဲက တစ်ယောက်လည်း ဖြစ်တယ်။ ကျန်တဲ့သူတွေကို ငါတို့ သတ်ခဲ့တယ်။ သူ့ကိုတော့ အသက်ရှင်ချန်ထားတယ်။"

"အဲ့ဒီအလောင်းတွေရော ဘယ်မှာလဲ။" ထန်ရှုက မေးလိုက်သည်။

"ငါတို့တွေ ခန္ဓာကိုယ်ပျော်ဝင်ဆေးရည်ကို သုံးပြီး အလောင်းတွေကို ဖျက်ဆီးခဲ့တယ် သူဌေး။" ညဉ့်တစ္ဆေမှ ဖြေသည်။

ခန္ဓာကိုယ်ပျော်ဝင်ဆေးရည်လား…

ထန်ရှု၏အမူအရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ခန္ဓာကိုယ်ပျော်ဝင်သည့်ဆေးရည်ကို ဂူယန်အာ သို့မဟုတ် ကျိချွိမိန်မှ ပေးအပ်ထားတာဖြစ်ရပေမည်။ ခေါင်းညိတ်တုံ့ပြန်ရင်း သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“မင်း သူ့ကို ဘာကြောင့် အသက်ရှင်အောင် ထားခဲ့တာလဲဆိုတာ ငါ့ကို ရှင်းပြပါဦး။”

"သူဌေး … သူဌေးဂူ ထာဝရခန်းမကို ပထမဆုံး စတည်ထောင်တုန်းက ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ ကျွမ်းကျင်သူတချို့ကို ခေါ်ယူဖို့ ကြိုးစားရမယ်ဆိုတာနဲ့ အဲ့ဒါတွေကို အကောင်းဆုံး အသုံးချဖို့လည်း လုပ်ရမယ်ဆိုတာကို တစ်ခါ ပြောထားဖူးတယ်။ အခုချိန်ထိ ငါတို့ရဲ့ ထာဝရခန်းမ လူအရေအတွက်က ၅၀၀ ကျော်ရှိပေမယ့် အဓိကအဖွဲ့ဝင်က လူ၁၀၀ပဲ ရှိသေတယ်။ ဒီနှစ်တွေထဲ အခြားအရံအဖွဲ့ဝင်တွေကို စုဆောင်းတဲ့အခါမှာ အများစုက ဒီအင်တာနက်နဲ့ ကွန်ရက်ချိတ်ဆက်မှုကဏ္ဍက ထူးချွန်သူတွေ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် ငါက သူ့ကို မသတ်သေးဘဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူဌေးရဲ့အစီအစဉ်ကို နားထောင်ဖို့ အသင့်ပါပဲ။"

“ငါတို့ထာဝရခန်းမမှာ ကွန်ပျူတာပညာရှင် မရှိဘူးလား။” ထန်ရှု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါတို့မှာ တစ်ယောက် ရှိပါတယ် သူဌေး။ မိုအားဝမ်က ဟက်ကာအဖွဲ့အစည်းမှာ ဒုတိယအဆင့်ရှိတယ်။ ဒါပေမယ့် သူ့ကို သူဌေးဆီ လွှဲပေးလိုက်တော့ ငါတို့ထာဝရခန်းမမှာ အခု ဒီလိုပညာရှင် မရှိတော့ဘူး။”ညဉ့်တစ္ဆေက ရှင်းပြသည်။

"မိုအားဝမ်က ဟက်ကာမှာ တကယ် ကျွမ်းကျင်တာလား။" ထန်ရှု အံ့သြတကြီး မေးလိုက်သည်။

“ဟုတ် သူဌေး။” ညဉ့်တစ္ဆေက ပြန်ဖြေသည်။

ထန်ရှု တခဏလောက် တွေးပြီးနောက်

“ပြောပါဦး။ အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူတွေကို ငါတို့အတွက် အလုပ်လုပ်ပေးဖို့ ငါတို့လက်အောက်ထဲ ဝင်စေရအောင် မင်း ဘာနည်းလမ်းတွေကို သုံးမှာလဲ။ ချိုးနီငှက်အမည်ရှိတဲ့ ဒီငနဲရဲ့တည်ရှိမှုက အစွန်းရောက်အကြမ်းဖက်သမားလေ။ သူက ငါတို့ထာဝရခန်းမကို အန္တရာယ်ဖြစ်စေနိုင်ရုံသာမကဘူး သာမန်ပြည်သူတွေအတွက်လည်း ကြီးမားတဲ့ ပုန်းခိုနေတဲ့အန္တရာယ် ဖြစ်တယ်။”

“ငါတို့ထာဝရခန်းမထဲဝင်အောင်လုပ်ခံရတဲ့လူအများစုက တစ်ချိန်က ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်ခဲ့တဲ့သူတွေများပါတယ်။ ဒါပေမယ့် ငါတို့ရဲ့လေ့ကျင့်ရေးနဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သူတို့ လုပ်ဆောင်ပြီးသွားရင် ထာဝရခန်းမအတွက် သူတို့ရဲ့သစ္စာစောင့်သိမှုကို အပြည့်အဝ ကတိပြုခဲ့ရုံသာမကဘဲ အရင်က အဆိုးမြင်စိတ်သဘောထားတွေကိုပါ ဖယ်ရှားနိုင်ပြီး ပြောင်းလဲသွားကြပါတယ်။ အကြီးအကဲကျိကလည်း သူတို့တွေရဲ့ စိတ်နေသဘောထား ကောင်းစွာ ပြောင်းလဲစေဖို့ အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့တယ်။”

ထန်ရှု တခဏလောက်စဉ်းစားကာ ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီလေ။ သူ့ကို ငါတို့အတွက် အသုံးတည့်စေမယ့် နည်းလမ်း မင်းမှာ ရှိလို့ သူ့ကို မင်းလက်ထဲ လွှဲပေးလိုက်မယ်။ နောက်ပြီး သူ့ဆီကနေ သတင်းအချို့ကို ရအောင် မေးပါ။ ဒီအစီအစဉ်မှာ အစွန်းရောက်တွေ ဘယ်လောက်ပါဝင်လဲဆိုတာနဲ့ ဘယ်သူတွေ ငါတို့ မတွေ့သေးဘူးလဲဆိုတာ သိမှရမယ်။”

ရှင်းလီက မတ်တတ်ရပ်ပြီး                                       လေးနက်သောအမူအရာဖြင့်

“နာရီဝက်လောက် အချိန်ပေးပါ သူဌေး။”

"ကောင်းပြီ။ ဒါဆို ငါစောင့်နေမယ်။" ထန်ရှုက ပြောသည်။

ရှင်းလီက ခေါင်းညိတ်ပြပြီး ခွေးသေတစ်ကောင်အလားဖြစ်နေသော ချိုးနီငှက်ကို အသာမကာ ခန်းမတွင်းက ထွက်သွားသည်။

ထန်ရှု ပြတင်းပေါက်သို့ သွားကာ တောင်ဘက်ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲတို့မှ ပုံမှန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအချို့ကို မြင်တွေ့ခဲ့သည်။ သူတို့သည် လွတ်လွတ်လပ်လပ်နှင့် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေဟန် ရှိသော်လည်း အမှန်မှာ ထိုသူတို့သည် လျှို့ဝှက်စွာ သတိမပြတ် စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ထို့နောက် ထန်ရှုက

“ဒီက မင်းတို့ရဲ့တာဝန်ပြီးလုနီးပြီ။ ရှင်းလီရဲ့ စစ်ဆေးမေးမြန်းမှုပြီးဆုံးရင် မင်းတို့ ဆုတ်ခွာပြီး ကျင်းမန်ကျွန်းကို ပြန်သွားလို့ရပြီ။”

“နားလည်ပါပြီ။” ထာဝရခန်းမ၏အဖွဲ့ဝင်အားလုံးက လေးစားစွာ ဖြေလိုက်ကြသည်။

ဆယ်မိနစ်အကြာတွင် ရှင်းလီသည် စာရင်းကို ထန်ရှုဆီသို့ ပြန်သယ်လာကာ လွှဲပေးပြီးနောက်

“သူဌေး … ငါ သူတို့အဖွဲ့ဝင်အရေအတွက်နဲ့ ဒီနေ့ညက ဖယ်ရှားပစ်လိုက်တဲ့ အစွန်းရောက်အရေအတွက်ကို နှိုင်းယှဉ်ကြည့်တယ်။ ဖမ်းမမိသေးတာ နှစ်ဦးပဲ ကျန်တော့တာ တွေ့ရတယ်။ သူတို့က ရှီပြောင်နဲ့ အားလီဆိုတာပဲ။”

ထန်ရှုက သူ၏မှတ်ဉာဏ်တွေကို ပြန်တွေးကြည့်သည်။ ရှီပြောင်နှင့် ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်အား လျိုချန်းရှီ တည်းခိုရာဟိုတယ်တွင် သူသည် "စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှု" ခဲ့သည်ကို သူ သတိရသွားသည်။ ထိုမိန်းကလေးသည် အားလီဖြစ်လိမ့်မည်။

"သူတို့ အခု ဘယ်မှာတဲ့လဲ။" ထန်ရှု မေးလိုက်သည်။

“ချိုးနီငှက်က မသိဘူးလို့ ပြောတယ်။ ရှီပြောင်နဲ့အားလီရှိတဲ့နေရာကို သိတဲ့သူက အဘိုးအိုပဲ။  သူက ငါတို့ကို သတ်လို့ သေသွားပြီ။ ဒါပေမယ့် ချိုးနီငှက်က ရှီပြောင်နဲ့အားလီတို့ရဲ့ ဆက်သွယ်မှု ကိရိယာများကို ခြေရာခံရှာဖွေဖို့ အင်တာနက်ကို သူ အသုံးပြုနိုင်ပြီး သူတို့ ဘယ်မှာ ရှိတယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်လို့ ပြောတယ်။"

"သူ့ကို လက်တော့ပ်တစ်လုံး ပေးပြီး သူတို့ကို ငါ့အတွက် ရှာပေးဖို့ ပြောလိုက်ပါ။" ထန်ရှုက ပြောသည်။

ချိုးနီငှက်သည် လျင်မြန်စွာပင် အခန်းထဲသို့ ခေါ်ဆောင်သွားခံရသည်။ သူ၏အရှေ့တွင် သူ၏ပစ္စည်းပစ္စယများကို နေရာချနေချိန်တွင် ထန်ရှုက စကားဆိုလိုက်သည်။

"မင်း သူတို့တွေကို ရှာတွေ့နိုင်ရင် မင်း အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ငါ ပေးနိုင်တယ်။ ပြီးတော့ ငါ့အပေါ် မင်းရဲ့သစ္စာစောင့်သိမှုကိုလည်း ငါ အခွင့်အရေး ပေးမယ်။"

"မင်းက သူတို့ပြောပြောနေတဲ့ သူဌေးဆိုတာလား။" ချိုးနီငှက်က တအံ့တသြ မေးလိုက်သည်။

"မှန်တယ်။" ထန်ရှုက ပြောသည်။

ချိုးနီငှက်က ထန်ရှုအား အကြိမ်အနည်းငယ်ခန့် အလေးအနက် ထားကာ အကဲခတ်လိုက်ပြီး

“သုံးမိနစ်ပဲ။ သုံးမိနစ်အတွင်း ငါ ရှာတွေ့နိုင်မှာပါ။"

ထိုသို့ပြောပြီးနောက် သူသည် လက်တော့ပ်ရှေ့တွင် ထိုင်ကာ ကီးဘုတ်ပေါ်တွင် စာများ၊ သင်္ကေတများ ရိုက်တော့သည်။

"သူတို့ကို တွေ့ပြီ။"

သူ၏မျက်နှာထက်တွင် အပြုံးသဲ့သဲ့ကိုပင် မြင်နေရသည်။ သူသည် ရှီပြောင်အား နှစ်ရှည်လများ သဘောမကျခဲ့သောကြောင့် စိတ်အတွင်း အနည်းငယ် လှုပ်ရှားနေသည့်တိုင် သူ့ရဲဘော်ဟောင်းများကို ရောင်းစားလိုက်ရသည့်အတွက် လုံး၀ မကောင်းဟု ခံစားရပုံ မပေါ်ချေ။ သည်လူများအား သူတို့ သေသည့်အထိ ဆွဲခေါ်သွားရတာက ကုသိုလ်ကောင်းမှုတစ်ခုဟု သူ ခံစားရသည်။

"သူတို့ဘယ်မှာလဲ။" ထန်ရှု မေးလိုက်သည်။

“တည်နေရာက ကမ္ဘာသစ်စင်တာရဲ့ အနောက်ဘက် ဝင်ပေါက်နားမှာ။ ငါတို့ တည်နေရာနဲ့ဆို ၁.၆ကီလိုမီတာ ဝေးတယ်။”

"မင်း ကောင်းကောင်းလုပ်ခဲ့တယ်။"

ထိုသို့ပြောပြီးနောက် ထန်ရှုက ရှင်းလီအား လူတချို့ခေါ်သွားကာ ထိုနေရာအား ချက်ချင်းပင် သွားစစ်ဆေးရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း ဒီနေရာမှ ထွက်သွားရန် ပြင်ဆင်နေသည်။

ထန်ရှု၏နောက်ကျောကို ကြည့်ရင်း ချိုးနီငှက်က ရုတ်တရက် ပြောလိုက်သည်။

"သူဌေး … ငါ မင်းကို နောက်ထပ် သတင်းနည်းနည်း ပေးနိုင်တယ်။"

ထန်ရှု၏သွားနေသော အရှိန်သည် ရပ်တန့်သွားပြီး လှည့်မေးလိုက်သည်။

“ဘာသတင်းများလဲ။”

“နိုင်ငံတကာလေဆိပ်ရဲ့ ခရီးသည်နားနေခန်းမှာ ချိန်ကိုက်ဗုံးတချို့ တပ်ဆင်ထားသေးတယ်။ အခု ၈ နာရီထိုးနေပြီဆိုတော့ ဗုံးပေါက်ကွဲဖို့ အချိန်နည်းနည်းပဲ လိုတော့တယ်။ ပေါက်ကွဲမှုဖြစ်ဖို့  နာရီဝက်တောင် မကျန်တော့ဘူးလို့ ငါ ထင်တယ်။”

***

All Chapters