← Chapters

ရယ်မောခြင်းနှင့် မျက်ရည်များကြား

Vol. 10 Ch. 483

ရယ်မောခြင်းနှင့် မျက်ရည်များကြား

Vol. 10 Ch. 483

ပညာရှိတစ်ယောက်က ပြောခဲ့သည်မှာ အဘိုးအိုတစ်ယောက်သည် အခြားသူများအတွက် စိုးရိမ်စရာ မရှိပါက သေလို့မရသေးဟုဖြစ်သည်။ ထန်ကောရှန့်သည် သက်ကြီးရွယ်အို နိုင်ငံသားတစ်ယောက် ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်ခဲ့သော အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူ၏လိမ္မာပါးနပ်မှု နှင့်ထက်မြက်မှုသည် အရိုးစွဲနေပြီးဖြစ်သည်။

သူ၏လက်ချောင်းများသည် စစ်တုရင်ခုံပေါ်သို့ ညင်သာစွာ တင်လိုက်ကာ စည်းချက်ညီညီ ခေါက်နေပြီး ထူးမခြားနားဟန်ဖြင့်

“လျိုလေး … မင်းရဲ့လုံခြုံရေးဌာနက အာဏာကြီးနဲ့ အခွင့်ထူးတွေ ရှိပါတယ်။ ဒါပေမယ့် သံသယကို အခြေခံပြီး မင်း ဘာကို သက်သေပြလို့ရနိုင်ပါ့မလဲ။ ရှုအာနဲ့ပတ်သက်တဲ့ အခြေအနေကိုတော့ ငါက ကောင်းကောင်း သိတယ်။ သူ့ကို ရှာတွေ့ပြီးတဲ့နောက် သူ့ဘဝအတွေ့အကြုံတွေကို စုံစမ်းဖို့ လူတချို့ကို စေလွှတ်လိုက်သေးတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေနဲ့ပတ်သက်တဲ့အချက်အလက် တစ်စုံတစ်ရာတော့ မတွေ့ခဲ့ဘူး။”

လျိုချန်းရှီ၏မျက်နှာထက်တွင် တွေဝေနေသော အကြည့်များ ရှိနေပြီး သူက ချက်ချင်းပင် မချိပြုံး ပြုံးပြကာ

"အကြီးအကဲထန် … ငါ ထန်ရှုကို သံသယမဖြစ်သင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့်..."

ထန်ကောရှန့်က သူ၏လက်ကို ဝှေ့ယမ်းကာ စကားစ ဖြတ်လိုက်ပြီး

“လျိုလေး … မင်း ငါ့ကို မယုံရင် သူ့ကို စုံစမ်းစစ်ဆေးဖို့ အားမနာပါနဲ့။ ဒါပေမယ့် ငါ့မြေးက အလွယ်တကူ စော်ကားလို့ရတဲ့သူ မဟုတ်ဘူးဆိုတာတော့ သိထားပေး။ လက်ရှိထန်မိသားစုက အတိတ်တုန်းကလို မဟုတ်ပေမယ့် ကုလားအုတ်ပိန်က မြင်းထက်တော့ ပိုကြီးပါသေးတယ်။ သူ့ကို မျက်စိထဲ မထည့်ဘဲ ပြစ်မှားရဲတဲ့ဘယ်သူ့ကိုမဆို ငါတို့ထန်အိမ်ရဲ့ သွားတွေက အရမ်းထက်မြက်နေသေးတာကို သေချာပေါက် သိစေရမှာပေါ့"

“ကျွန်တော်…”

သူ၏ရာထူးနှင့် အဆင့်အတန်းကို ယနေ့ခေတ်အခြေအနေထိ ရောက်အောင် ကြိုးစားခဲ့သော လျိုချန်းရှီသည် လိမ္မာပါးနပ်ပြီး ထက်မြက်သောသူတစ်ဦး ဖြစ်သည်။ ထန်ကောရှို့၏ စကားများနောက်ကွယ်မှ အဓိပ္ပါယ်ကို သူ ချက်ချင်း နားလည်နိုင်သဖြင့်

"အကြီးအကဲထန် ပြောပြီဆိုမှတော့ ကျွန်တော် ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ ဒါပေမယ့် အကြီးအကဲထန် … ကျေးဇူးပြုပြီး ထန်ရှုကို ဖျောင်းဖျပေးပါဦး။ တကယ်လို့ သူသာ ကျွန်တော်တို့ လုံခြုံရေးဌာနမှာ ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ။”

"ကောင်းပါပြီ။" ထန်ကောရှန့်က ဘာမှမထူးခြားသောဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

လျိုချန်းရှီ ထွက်ခွာသွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ထန်ကောရှို့က အနက်ရောင်စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားပြီး သူ၏မျက်လုံးများထဲတွင် စဉ်းစားနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "“တန်ပြန်ခြေရာခံခြင်းနဲ့ တန်ပြန်ထောက်လှမ်းခြင်းတွေမှာ အလွန်ကျွမ်းကျင်တဲ့ ဒါဇင်နဲ့ချီတဲ့လူတွေက အစွန်းရောက်အချို့ကို လျှို့ဝှက်စွာ ဖယ်ရှားပစ်ခဲ့ပုံရတယ်။ တွေးကြည့်မယ်ဆိုရင် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတွေက  နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနနဲ့ရဲတပ်ဖွဲ့က လူတွေ သတိမမူမိအောင် သတိမပြုမိအောင် လုပ်ခဲ့တယ်ဆိုတာ တစ်စုံတစ်ရာကို ဆိုလိုနေတာပဲ။ ဒါက သူတို့တွေ အလွန်တော်တယ်လို့ ပြနေတယ်။ ငါတို့ ဘာမှမသိတဲ့ ဝှက်ဖဲတွေ ငါတို့မြေးလက်ထဲမှာ တကယ်ရှိနေပုံပဲကွ။”

ထန်ကောရှန့်က အဖြူရောင် စစ်တုရင်တစ်ရုပ်ကို ကိုင်လိုက်ပြီး

"ရှုအာလက်ထဲမှာ ဝှက်ဖဲတွေတချို့ ရှိတယ်ဆိုတာ ငါ အမြဲသိနေပေမယ့် ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ငါ စိတ်မပူရတော့ဘူး။ အခုနေ ဗုဒ္ဓကို သွားတွေ့ရရင်တောင် ထန်မိသားစုရဲ့အနာဂတ်အတွက် မစိုးရိမ်ရတော့ဘူး။ ဒါပေမယ့် ငါ သက်ရှိထင်ရှား ရှိနေသရွေ့တော့ ဘယ်သူမှ သူ့ကို ခြိမ်းခြောက်ခွင့် မပြုနိုင်ဘူး။ အငယ်ဆုံး … မင်းက ကျန်းမာသန်စွမ်းသေးတော့ လျိုချန်းရှီရဲ့နေရာကို ရွှေ့လိုက်ပါ။ သူက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး။”

"အစ်ကိုကြီး … သူ့ကို တခြားတစ်နေရာ ပြောင်းဖို့ဆိုရင် ငါတို့ ပေးဆပ်မှုများမှာ စိုးရတယ်။"

ထန်ကောရှို့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" ပေးဆပ်မှု ဘယ်လောက် ကြီးနေပါစေ မင်းလုပ်မှ ရမယ်။" ထန်ကောရှန့်က ထီမထင်ဟန်ဖြင့် ရယ်မောလိုက်သည်။

“သူ့ကို တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ နည်းလမ်းရှာပါ။ သူက အတော်လေး ဉာဏ်ကောင်းတာမို့ နောက်ပိုင်း ရှန်ဟိုင်းမှာ သူ တွေ့ကြုံခဲ့ရတဲ့ ကိစ္စရပ်တွေကို အလွယ်တကူ စုံစမ်းနိုင်လိမ့်မယ်လို့ ငါ ယုံတယ်။”

"ရှုအာရဲ့လက်ထဲက ဝှက်ဖဲတွေက ငါတို့ရဲ့ မှန်းထားတာထက် ကျော်လွန်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ နို့မဟုတ်ရင် ငါတို့ တော်တော် ဆုံးရှုံးရလိမ့်မယ်။” ထန်ကောရှို့က ခေါင်းညိတ်သည်။

ထန်ကောရှန့်က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

"ငါတို့တွေ ဆုံးရှုံးမှုကို နည်းနည်းလေးတောင် ခံစားရမှာ မဟုတ်ဘူး။ ဒါဇင်နဲ့ချီတဲ့ ကျွမ်းကျင်သူတွေက ငါ့ကို အရမ်းပျော်အောင် လုပ်ထားပြီးနေပြီ။ လုံခြုံရေးဌာနက လူတွေရဲ့ အရည်အချင်းကို မင်း မသိဘူးလား။ သူတို့တွေက အထူးလေ့ကျင့်သင်ကြားထားတဲ့ ငတော်ကြီးတွေ ဖြစ်ပေမယ့် စကားတစ်လုံးတောင် မပြောနိုင်ဘဲ ကျန်ခဲ့ကြတာ။ ဟားဟားဟား…”

“ဒါတော့ အမှန်ပဲ…”

ရှန်ဟိုင်း ကြယ်ပြာအိမ်ရာဝင်း…

စွမ်းအားကြီးသူသည် အထွတ်အထိပ်တွင် စိုးစံပြီး မည်သည့် အချိန်နှင့်နေရာများတွင် ဖြစ်ပါစေ လူများသည် စွမ်းအားကြီးသောသူများကို လေးစားကြသည်ဟူသော အတွေးအခေါ်သည် ထန်ရှု၏ အရိုးများတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပြီးဖြစ်သည်။

ထို့ကြောင့် သူသည် ကျင့်ကြံရာတွင် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် တွန်းအားပေးထားသည်။ ယခု သူသည် ကုတင်ထက်တွင် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ခန္ဓာကိုယ်အတွင်းမှ လှုပ်ရှားနေသော ကြယ်စွမ်းအားများကို တိတ်ဆိတ်စွာ လှည့်ပတ်နေသည်။ ကြယ်များ၏စွမ်းအားကို အဆက်မပြတ် စုပ်ယူနေစဉ် စကြာဝဠာအတွင်းရှိ ကြယ်မှုန်များနှင့်အတူ သူ၏အတွင်းမှ ကြယ်စွမ်းအားသည် ပဲ့တင်ထပ်သွားသည်။

ယခု သူသည် လီလောင်ရှန်း လက်ဆောင်ပေးသော ကျောက်စိမ်းပြားအား သူ၏လည်ပင်းတွင် ဝတ်ဆင်ထားသည်။ ခြေသည်းကိုးခုပါ ကြက်သွေးရောင်နဂါး၏နဂါးဝိညာဉ်မှ ထုတ်လွှတ်သော စွမ်းအင်သည် အားနည်းနေသည့်တိုင် ထန်ရှုအတွက် များစွာ အကျိုးရှိနေဆဲဖြစ်သည်။ အသက်ရှူထုတ်နှင့်ရှူသွင်းလိုက်သည့်အခါကြားတွင် နဂါးဝိညာဉ်စွမ်းအား၏အရိပ်အယောင်များကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည်။

နဂါးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာရှိပြီး ဖီးနစ်ငှက်များတွင် အစွမ်းထက်သော ဝိညာဉ်ရှိသည်။

ထန်ရှုကိုယ်တိုင်သည်လည်း ကောင်းကင်စကြာဝဠာပညာရပ် ကျင့်ကြံမှုနည်းစနစ်ကို လေ့ကျင့်နေပြီး ၎င်းစနစ်သည် လူတစ်ဦး၏ခန္ဓာကိုယ်အား နတ်ဆိုးတစ်ဦး၏ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာကြံခိုင်စေသည့်အဖြစ်သို့ ရောက်စေသည့် အမြင့်ဆုံး ကျင့်ကြံနည်းစနစ်ဖြစ်သောကြောင့် နဂါး၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေရှိနေသည်။

ထို့ကြောင့် နဂါးဝိညာဉ်၏စွမ်းအားအား သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီးနောက် ၎င်း၏ စွမ်းအားသည် သူ့ခန္ဓာကိုယ်အား အားဖြည့်ရုံသာမက ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကိုပါ ဆေးကြောပေးသည့်အပြင် ခန္ဓာကိုယ်ကိုလည်း တည်ငြိမ်စေသည်။ ကောင်းကင်စကြာဝဠာ ပညာရပ်ကျင့်စဉ်၏ ထူးခြားသော အကျိုးသက်ရောက်မှုနှင့်အတူ သူ၏ကိုယ်ကာယကြံ့ခိုင်မှုကို အလွန်လျင်မြန်သောနှုန်းဖြင့် မြှင့်တင်နိုင်ခဲ့သည်။

"ဟင် … ငါ့ရဲ့ဒန်တျန်အတွင်းက တွင်းနက်ဝင်ပေါက် ကျုံ့သွားပြီးတော့ အဲ့ဒီက ထွက်လာတဲ့ ကြယ်စွမ်းအားတွေက တိုးလာနေတာလား။ တွင်းနက်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့စိတ်ဝိညာဉ်အာရုံက အဲ့ဒီအထဲကို မဝင်ရောက်နိုင်ပေမယ့် ဒါက မရိုးရှင်းဘူးဆိုတာ ငါ ခံစားရတယ်။ အဲ့ဒါကို ဘယ်အတိုင်းအတာအထိ ငါ လေ့လာလို့ ရနိုင်မလဲ။”

ထန်ရှု၏မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။ သူသည် ထိုပဟေဠိကို တိတ်တဆိတ် တွေးတောနေရင်း သူ၏မရီဒျာန်များအတွင်းမှ ကြယ်စွမ်းအားကို လွတ်လပ်စွာ လှည့်ပတ်စေခဲ့သည်။

…ဘိ…

ရုတ်တရက် သူ၏ဒန်တျန်မှ မမြင်နိုင်သော စုပ်ယူမှုတစ်ခု ထွက်ပေါ်လာသည်။ တိတိပပဆိုရပါက ထိုစုပ်ယူမှုသည် တွင်းနက်ဆီမှ လွှတ်လိုက်ခြင်း ဖြစ်သည်။ ကြီးမားသော စုပ်ယူမှုစွမ်းအားသည် အရာအားလုံးကို ဝါးမြိုသွားသည့်အလားပင်။

ကောင်းကင်ဘုံလမ်း စကြာဝဠာသစ်ပင်မျိုးစေ့သည် သူ၏ဒန်တျာန်အတွင်းပိုင်းတွင် မလှုပ်မယှက် လွင့်မျောနေရာမှ ထိုစုပ်ယူမှုအားကြောင့် အလွယ်တကူ ပါသွားပြီး အတွင်းထဲသို့ မျိုချခံလိုက်ရသည်။

"ချီးတဲ့မှ…"

ထန်ရှု၏အမူအရာ သိသိသာသာ ပျက်သွားကာ မျက်နှာအရောင်ပင် ပြောင်းသွားရသည်။ ကောင်းကင်ဘုံလမ်းစကြဝဠာသစ်ပင်၏မျိုးစေ့သည် သူ့အတွက် အလွန်အရေးကြီးသည်။ ထိုမျိုးစေ့ကို ပိုင်ဆိုင်ထားခြင်းကြောင့် နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အလမ်းသည် အဆပေါင်း တစ်ဆယ်မီလီယံ တိုးလာနိုင်သည်။

ထို့နောက်တွင် ထန်ရှု၏မျက်နှာပေါ်မှ ဒေါသအမျက်သည် အေးခဲသွားရသည်။ ကောင်းကင်ဘုံလမ်းစကြာဝဠာသစ်ပင်၏မျိုးစေ့သည် တွင်းနက်ထဲသို့ မျိုချခံရပြီးနောက်တွင် ထိုအထဲမှ အသက်စွမ်းအားတစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ထိုအသက်စွမ်းအားသည် ထန်ရှု၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးသော နွေဦးနှင့်တူပြီး သူ၏မရီဒျာန်အတွင်းရှိ ကြယ်စွမ်းအားများကိုပင် စိတ်လှုပ်ရှားစေသည်။

သို့သော် ထိုအရာသည် အရေးကြီးဆုံး မဟုတ်သေးပေ။ အရေးကြီးဆုံးအရာက အသက်စွမ်းအားကိုယ်တိုင်ပင် ဖြစ်သည်။ အတိုင်းအဆမဲ့သော အသက်စွမ်းအား အများစုကို သူ၏ဝိညာဉ်သရဖူတွင် ပေါင်းစပ်လာသည်။ ထန်ရှုသည် အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်နယ်ပယ်အား ချိုးဖြတ်သွားစဉ်အခါက သူသည် ထိုဝိညာဉ်သရဖူကို “မြင်”ရန် သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးချခဲ့ရသော်လည်း ယခုအချိန်တွင် ထိုအရာအား ရှင်းရှင်းလင်းလင်း “မြင်” နိုင်ခဲ့ပေပြီ။

ထိုဝိညာဉ်သရဖူသည် အပ်တစ်ချောင်းအရွယ်အစားသာ ရှိပြီး ချဲ့ကြည့်ပါက ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သာမန်မျက်လုံးများကမူ တောက်ပသောအလင်းရောင်အနည်းငယ်ကိုသာ မြင်နိုင်သည်။ သို့သော် အသက်စွမ်းအားများက အရှိန်အဟုန်ပြင်းပြင်းဖြင့် ပေါင်းစပ်ပြီးသောအခါ သူ၏ဝိညာဉ်သရဖူသည် ရုတ်ခြည်းပင် ဆယ်ဆခန့် တိုးလာသည်။

“ငါ…”

ထန်ရှု မျက်လုံးပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသော်လည်း သူ၏ခံစားချက်အား စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ သို့သော် သူသည် ဤအသက်စွမ်းအားမှ မြှင့်တင်ပေးလိုက်မှုသည် သူ၏အသက်တာ သက်တမ်းတိုးခြင်းနှင့်အတူ ဆက်စပ်နေသော သူ၏စိတ်ဝိညာဉ်ခွန်အားကိုပါ အားကောင်းစေသည်ဟူသော အချက်အား နားလည်သဘောပေါက်ပြီး ဆုပ်ကိုင်နိုင်ခဲ့သည်။

ဤအသက်စွမ်းအားသည် အနည်းဆုံး နှစ်တစ်ထောင်အထိ သူ၏သက်တမ်းကို တိုးလာစေသည်ကို သူ ခံစားနိုင်ပေသည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရမည်ဆိုပါရင် သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ဆိုပါက သူ၏သက်တမ်းသည် နှစ်၂၀၀ ဖြစ်သည်။ သို့သော် ထိုအရှိန်အဟုန်ပြင်းသော အသက်စွမ်းအားက သူ့အား နောက်ထပ် နှစ်တစ်ထောင် ပေးခဲ့ပေသည်။ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်များသာ ဤကဲ့သို့သောကိစ္စမျိုးအား သိခဲ့ပါက ထိုသူတို့၏မျက်လုံးများသည် ပြူးကျယ်ကာ အားကျမှုအပြည့်ဖြင့် သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးဖြင့် လဲလှယ်လိုကြပေလိမ့်မည်။

လူတစ်ယောက်၏သေခြင်းတရားသည် ငြိမ်းသွားသော မီးခွက်နှင့်အလားတူပြီး လူတိုင်း၏မျှော်လင့်ချက်နှင့် ကြိုးစားအားထုတ်မှုတို့သည် အဆုံးသတ်တွင် အချည်းနှီးဖြစ်သွားကြသည်။ ထို့ကြောင့် အသက်ရှင်နေခြင်းသည် အဓိပ္ပါယ်အရှိဆုံးအရာ ဖြစ်တော့သည်။

ထန်ရှုသည် လေထဲတွင် လွင့်မျောနေပြီး အပြင်ဘက် မှောင်မိုက်နေသော ရှုခင်းကို ကြည့်ရန် ပြတင်းပေါက်ဆီသို့ တိတ်တဆိတ် ထွက်လာသည်။ ပျော်ရွှင်မှု၊ မျှော်လင့်ချက်နှင့် အကြောက်တရားတို့သည် သူ၏နှလုံးသားအတွင်းတွင် ရောထွေးနေသည်။ ကောင်းကင်ဘုံလမ်းစကြဝဠာသစ်ပင်၏မျိုးစေ့သည် ထိုနေရာတွင် ရှိနေသေးသည် သို့မဟုတ် မရှိတော့သည်ကို သူ မသိသဖြင့် နောက်ထပ် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ထပ်တိုးလာခဲ့သည်။

ရုတ်တရက် တစ်ခုခုကို ရိပ်မိသွားသည့်အလား သူ၏အခန်းထဲက ထွက်လာပြီး ပထမထပ်က ဧည့်ခန်းဆီကို ရောက်လာခဲ့သည်။ မီးဖိုချောင်မှ မွှေးပျံ့နေသော စားစရာများ၏ရနံ့ကို ရှူရှိုက်ရင်း ရောက်လာရာ မီးဖိုချောင်ထဲတွင် ပိန်ပိန်ပါးပါး ကလေးငါးယောက်သည် အလုပ်များနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အနက် ထန်ရှောင်မု၏မျက်နှာသည် ပေါင်မုန့်မှုန့်ဖြင့် ဖြူဖွေးနေသည်။

"မင်းတို့ ... တစ်ခုခု ချက်နေကြတာလား။"

ထန်ရှု အံ့သြသွားရရင်း မေးလိုက်သည်။

ထန်ရှောင်ကျင်းက နောက်လှည့်ကြည့်ကာ ပြန်ဖြေသည်။

"သူဌေး … ရေခဲသေတ္တာထဲမှာ ဟင်းအနည်းငယ်အပြင် ဗီရိုထဲမှာ ဂျုံမှုန့်နဲ့ တခြားဟင်းသီးဟင်းရွက်တွေ ရှိနေတာကို သတိပြုမိတယ်။ အဲ့ဒါကြောင့် ဟင်းနည်းနည်းချက်လိုက်တယ်။ ဒါနဲ့ သူဌေး ဗိုက်ဆာပြီလား။ ဗိုက်ဆာရင် လက်သွားဆေးပါ … ကျွန်မတို့ ချက်ချင်း စားကြရအောင်။"

သူမ၏အဖြေက ထန်ရှုအား တုန်လှုပ်သွားစေပြီး လက်ဆေးရန် ရေချိုးခန်းထဲသို့ လျှောက်လာခဲ့သည်။ ထမင်းစားခန်းထဲ ပြန်ရောက်သည့်အခါ ကလေးများက စားပွဲပေါ်သို့ စားစရာများအား တင်ထားပြီးဖြစ်သည်ကို သူ တွေ့လိုက်ရသည်။ စားစရာများက သာမာန်ဆန်သော်လည်း ထွက်ပေါ်လာသည့် ရနံ့သည် အတော်မွှေးကြိုင်ပေသည်။

“သူဌေး … ကျွန်မတို့ ငါးနှစ်သားအရွယ်မှာ အဘိုး မွေးစားတုန်းက အစားအသောက်က လူတွေအတွက် အရေးကြီးတယ်လို့ ပြောတယ်။ ချက်ပြုတ်တတ်အောင် သင်ပေးတယ်။ ချက်တတ်သွားတဲ့နောက်ပိုင်း နေ့တိုင်း ကိုယ့်ဘာသာ ချက်ကြတယ်။ မြည်းကြည့်ပါဦး။” ထန်ရှောင်မုက လေသံတိုးတိုးဖြင့် ပြောသည်။

တခဏမှာပင် ထန်ရှု သဘောပေါက်သွားသည်။ သူက တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး ဟင်းတွေကို မြည်းစမ်းကြည့်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အရမ်း ကောင်းတယ်။ မင်းတို့တွေ တော်တယ်ကွ။"

"သူဌေး ကြိုက်ရင် များများစားပါ။" ထန်ရှောင်မုက ပြုံးပြီး ပြောလိုက်သည်။

“နောက်ဆို သူဌေးအတွက် နေ့တိုင်း ချက်ပေးမယ်။”

"မဟုတ်ဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။ “မင်းတို့လုပ်ထားတဲ့ အစားအစာက တကယ်ကို အရသာရှိပေမယ့် မင်းတို့ရဲ့ အရေးကြီးဆုံး တာဝန်က သင်ယူပြီး ကျင့်ကြံဖို့ပဲ။ အဲ့ဒါကြောင့် ချက်ပြုတ်တာကို နောက်ပိုင်းတွင် အိမ်အကူတွေဆီ လွှဲလိုက်မှာ။ အိမ်အကူအချို့က မကြာခင် ဒီကို ရောက်လာလိမ့်မယ်။ မင်းတို့ရဲ့နေ့စဉ် လိုအပ်ချက်တွေကို ဂရုစိုက်ပေးလိမ့်မယ်။”

"ဒါပေမယ့် သူဌေး … ငါတို့အတွက် ပိုက်ဆံမဖြုန်းပါနဲ့။ ငါတို့က ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်။” ထန်ရှောင်မုက အသံတိုးတိုးဖြင့် ပြန်ပြောသည်။

"မင်းတို့ လုပ်နိုင်တာကို ငါ သိတယ်။ အဲ့ဒီအတွက်လည်း ငါ အရမ်း ဂုဏ်ယူတယ်။" ထန်ရှုက ပြောသည်။ "ဒါပေမယ့် မင်းတို့ရဲ့နောက်ပိုင်းလေ့လာမှုတွေနဲ့ ကျင့်ကြံမှုတာဝန်တွေက အရမ်းခက်ခဲတဲ့အတွက် မင်းတို့ရဲ့စိတ်နဲ့ စွမ်းအင်တွေကို တခြားအရာတွေပေါ်မှာ မဖြုန်းတီးနဲ့။ အနာဂတ်မှာ မင်းတို့ရဲ့လေ့လာမှုတွေ ပြီးသွားပြီး မင်းတို့ရဲ့ ကျင့်ကြံမှုက ငါ့ကို စိတ်ကျေနပ်စေနိုင်တဲ့ အဆင့်ကို ရောက်သွားပြီဆိုရင် မင်းတို့ စိတ်ကြိုက် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။"

"ဒါဆိုလည်း ကောင်းပါပြီ။" ထန်ရှောင်မုက ခေါင်းညိတ်ပြီး နူးညံ့စွာ ပြန်ဖြေသည်။

…တီ…တီ…

ကားဟွန်းသံသည် အိမ်ခြံဝင်းအပြင်ဘက်တွင် ထွက်ပေါ်လာသည်။

ထန်ရှု၏မျက်နှာသည် တွေဝသွေားဟန်ဖြင့် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကြည့်လိုက်ရာ ခြံဝင်းတံခါးအပြင်ဘက်တွင် ကားတစ်စီးကို ချက်ခြင်း "မြင်" ကာ ကားအတွင်း၌ အိုးရန်လူလူက ဟွန်းတီးနေသည်။

ထန်ရှု အိမ်သော့ကို ထုတ်ယူပြီးနောက် ခလုတ်ကို နှိပ်ပေးလိုက်သဖြင့် နှစ်မိနစ်အကြာတွင် အိုးရန်လူလူသည် သူမ၏ လက်ကိုင်အိတ်ကို ကိုင်ဆောင်ကာ ဧည့်ခန်းထဲသို့ ဝင်လာသည်။ မွှေးကြိုင်သောအနံ့ကို ရှူရှိုက်ရင်း သူမ ပထမဆုံး လုပ်လိုက်သောအရာမှာ ထမင်းစားခန်းဆီသို့ ချက်ချင်း ပြေးသွားခြင်းပင် ဖြစ်တော့သည် ။

“ပွတာပဲ … ဒါ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုရမလား။ ငါ့ကို           ပန်းကန်နဲ့ တူတစ်စုံ ပေးပါ။ ငါ လက်ကို အရင် သွားဆေးလိုက်ဦးမယ်။"

ထိုသို့ပြောပြီးနောက် အိတ်ကို ထိုင်ခုံပေါ်ပစ်ချကာ ရေချိုးခန်းဆီသို့ လျှောက်သွားခဲ့သည်။

ထန်ရှုက သူ၏မျက်လုံးများကို လှန်လိုက်ပြီး စိတ်တွင်းထဲ ရေရွတ်လိုက်မိသည်။

…ဒီကောင်မလေးက တကယ်ကို သူ့ကိုယ်သူ အပြင်လူလို့ လုံးဝ မတွေးထားတာပဲ။…

မကြာမီ အိုးရန်လူလူသည် ထမင်းစားခန်းသို့ ပြန်လာပြီး စားပွဲပေါ်ရှိ စားသောက်ပွဲများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ထန်ရှု … နင် အိမ်အကူတစ်ယောက် ငှားထားတာ ငါ မသိလိုက်ဘူး။ ဒီစားစရာတွေက သာမန်ပုံစံတွေ ဆိုပေမယ့် တကယ်ကို အနံ့ အရမ်းမွှေးတယ်။ ငါ အဲဒါတွေကို အရင်မြည်းကြည့်ရမယ်။"

ထန်ရှုက သူမ၏လက်ကို ရိုက်လိုက်ပြီး ဆတ်ကနဲ ပြောလိုက်သည်။

“လာတာဖြင့် နောက်ကျနေပြီ။ မင်းက ဘယ်လိုဖြစ်ပြီး မစားလာရသေးတာလဲ။ ခဏလောက် စောင့်ဦး။ ကလေးတွေ အကုန်ချက်လို့ မပြီးသေးဘူး။”

"ကလေးတွေ … ဘာကလေးတွေလဲ။" အိုးရန်လူလူ ထိတ်လန့်သွားပြီး ထန်ရှုအား အမူအရာပျက်စွာဖြင့် တွေတွေကြီး စိုက်ကြည့်နေသည်။

***

All Chapters