← Chapters

ဆန့်ကျင်ဘက်သဘောထားများ

Vol. 10 Ch. 488

ဆန့်ကျင်ဘက်သဘောထားများ

Vol. 10 Ch. 488

သူမအား ခေါင်းညိတ်ပြကာ ကျန်းချီကျုံးက ဝိုင်အား တစ်ကျိုက် စုပ်သောက်လိုက်သည်။

“ရှောင်ရွှဲ့ … ငါ ကြယ်တာရာကို ပြန်ရောက်ရင် ကျင်းမန်ကျွန်းကို ခေါ်သွားဖို့ ဆရာသခင့်ကို ပြောမယ်။ သူ သဘောတူရင် မင်းတို့နေရာက အစားအသောက်ကို မြည်းစမ်းကြည့်ရမယ်။ ဒါပေမယ့် ဦးလေးကို ကိုယ်တိုင် ဧည့်ခံစရာမလိုဘူး။”

ရှောင်ရွှဲ့က ခပ်ဖွဖွပြုံးကာ ပြန်ဖြေသည်။

“အဲ့လိုဆိုရင် ဦးလေးလာတဲ့အခါ ကြိုဆိုဖို့ ရှောင်ရွှဲ့ ကြိုစီစဉ်ထားပါမယ်။”

“ကောင်းပြီ။” ချန်းကျီကျုံး ပေါ့ပါးစွာ ခေါင်းညိတ်သည်။

“ဦးလေး … ဘာမှ ညွှန်ကြားစရာ မရှိတော့ရင် ရှောင်ရွှဲ့ သွားတော့မယ်။ ဒီလို လူစည်ကားတဲ့နေရာတွေကို ရှောင်ရွှဲ့ လာလေ့မရှိလို့ပါ။”

“သွားပါ။” ချန်းကျီကျုံး အပြုံးဖြင့် တုံ့ပြန်သည်။ ဘေးတွင် ရပ်နေသော အိုးရန်လူလူသည် မျက်လုံး လှည့်ရုံသာ တတ်နိုင်တော့သည်။ ဂူရှောင်ရွှဲ့ သူမနှင့်အတူ ထမင်းစားရန် လာသည်ဟု ထင်နေခဲ့သော်လည်း ချန်းကျီကျုံး နှင့် တွေ့ရန်အတွက်သာ လာခြင်းဖြစ်ပေသည်။ ထန်ရှု ဒဏ်ရာရခဲ့စဉ် ပေကျင်းထန်မိသားစုအိမ်တော်၌ ချန်းကျီကျုံးနှင့် ဂူရှောင်ရွှဲ့တို့ ခေတ္တဆုံတွေ့ခဲ့သည်ကို သူမ သိသည်။ ထွက်ခွာသွားသော ဂူရှောင်ရွှဲ့ကို ကြည့်ပြီး အိုးရန်လူလူ ထိုင်ခုံပေါ်သို့ တုံ့ဆိုင်းစွာ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူမ၏အကြည့်အား ချန်းကျီကျုံးဆီသို့ ပြောင်းလိုက်ကာ စကားဆိုသည်။

"သူဌေးကြီးချန်း … ရှင်က ရှောင်ရွှဲ့ရဲ့ ပညာသင်ဘက်ဦးလေးမို့လို့ ဒီလို ငြီးငွေ့စရာကောင်းတဲ့ ဘဝနေထိုင်မှုမျိုးကို စွန့်လွှတ်ဖို့ သူမကို ဆွဲဆောင်သင့်တယ်။ စကားမစပ် … ရှောင်ရွှဲ့က ရှင့်ရဲ့ စကားကို နားထောင်တယ် မဟုတ်လား။”

“အဟားဟား … သူက ဆရာသခင်ရဲ့စကားကိုပဲ နားထောင်တာ။”ချန်းကျီကျုံးက အနေရခက်သော အပြုံးဖြင့် ပြုံးပြသည်။

အိုးရန်လူလူ အံ့ဩသွားပြီး တွေဝစွောစိုက်ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် "ရှင်တော့ ရှုံးပြီ။" ဟူသော အကြည့်အား ချက်ချင်း ပြမိသွားသည်။

ကျန်းယွဲ့မင်သည် တစ်စားပွဲတည်း၌ ရှိနေလေရာ သူ၏မျက်လုံးများထဲတွင် အံ့သြသွားသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ ဂူရှောင်ရွှဲ့၏ပုံရိပ်လေး ပျောက်ကွယ်သွားသည်နှင့် သူသည် ချက်ချင်းပင် သူ၏ဖန်ခွက်ကို ယူကာ ချန်းကျီကျုံးဆီသို့ လျှောက်လာသည်။ သူက အပြုံးဖြင့် “ညီအစ်ကိုချန်း … မင်းရဲ့ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းမှာ ထူးခြားကောင်းမွန်တဲ့ ဆေးပင်တွေ ရတတ်တယ်ဆိုတာ ငါ ကြားဖူးတယ်။ ဒါပေ့မဲ့ ငါ မင်းနဲ့ တစ်ကြိမ်တစ်ခါမှ မဆုံနိုင်ခဲ့ဘူး … ဘယ်လောက်တောင် ဆိုးလိုက်လဲ။ ဒါကြောင့် ဒီနေ့ ဆုံတုန်းလေး မင်းကို ဝိုင်တစ်ခွက်နဲ့ ဂါရဝပြုချင်ပါတယ်။"

…ဒီအခြေအနေကဘာလဲ…

ချန်းကျီကျုံး အံအားသင့်သွားသည်။ ချန်းကျီကျုံးထက် အဆများစွာမြင့်မားပြီး ထင်ရှားသော အဆင့်အတန်း ရှိသည့် ကျန်းယွဲ့မင်ကပင် သူ့ကို ဂရုစိုက်သည်တဲ့လား။ အသိသာဆုံးမှာ ထိုသူသည် နေရာမှ ထကာ သူ၏အနားတွင် ရပ်ကာ နှိမ့်ချသောပုံစံဖြင့် ဂုဏ်ပြုပေးခြင်းဖြစ်သည်...

ဒါကြီးက ယုတ္တိမတန်ဘူးမဟုတ်လား။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ချန်းကျီကျုံးက သတိပြန်ဝင်လာပြီး မြန်မြန်ပင်

"ယဉ်ကျေးလွန်းနေပါပြီ အစ်ကိုကျန်း။ မင်းရဲ့နာမည်ကျော်ကြားမှုက ငါ့နားထဲမှာ မိုးခြိမ်းသံလို ကျော်ကြားနေတာပါပဲ။ ဒီနေ့ မင်းနဲ့တွေ့ခွင့်ရလို့ ပျော်ရွှင်မှုတွေကို မချုပ်ကိုင်ထားနိုင်တော့ဘူး။ လာ … တစ်ခွက်သောက်လိုက်ကြရအောင်။"

"အစ်ကိုချန်း … ကမ်ပေ့။"

ကျန်းယွဲ့မင်၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုမို တောက်ပလာသည်။ သူနှင့် ချန်းကျီကျုံးက ဝိုင်တစ်ခွက်ကို အတူတူ သောက်ခဲ့သော်လည်း နေရာကနေ ချက်ချင်းမထွက်ခွာဘဲ အပြုံးဖြင့် ပြန်ပြောခဲ့သည်။

“ချစ်စွာသော အစ်ကိုချန်းရေ … ငါက ရှန်ဟိုင်းဒေသခံပါ။ မင်း ဒီနေရာကို ရောက်ရင် ဒေသခံတွေနဲ့ မိတ်ဖွဲ့သင့်တယ်။ ဒီည အားလား။ အဲဒီလိုဆိုရင် အစ်ကိုချန်းက ငါ့နေရာကို လာလည်ပြီး အဖော်လုပ် ညစာစားရတာ ကြိုက်လား။ အနည်းဆုံးတော့ ငါက မင်းအတွက် အိမ်ရှင်ကောင်း ဖြစ်စေရမယ်။"

ချန်းကျီကျုံး ချီတုံချတုံဖြစ်သွားပြီးမှ မချိပြုံး ပြုံးကာ

"အစ်ကိုကျန်း … မင်း ဖိတ်ခေါ်တာကို ဝမ်းသာပါတယ်။ ဒါပေမယ့် ငါက ဆရာသခင်နောက်ကို လိုက်ရဦးမှာဆိုတော့ ဒီနေ့ညနေ ငါ့အတွက် သူ ဘာအစီအစဉ်တွေ ရှိလဲဆိုတာ မသိရသေးဘူး။

မင်းရဲ့ဖိတ်ကြားချက်နဲ့ ပတ်သက်ပြီး တောင်းပန်ပါတယ်ဗျာ။ ငါ လိုက်လို့မရဘူး။"

ကျန်းယွဲ့မင်၏အမူအရာ အနည်းငယ် လှုပ်ရှားသွားကာ အပြုံးဖြင့်

"မင်းရဲ့လေးစားရတဲ့ ဆရာသခင်က ကိစ္စတချို့ ရှိမယ်ဆိုမှတော့ လောလောဆယ် လည်မယ့်အကြောင်းကို မေ့ထားကြတာပေါ့။ ရိုးရိုးသားသားပြောရရင် အရင်က သူနဲ့ တစ်ခွက်လောက် သောက်ဖို့ စီစဉ်ခဲ့သေးတယ်။ ဒါပေမယ့် သူက လှုပ်ရှားဆူညံနေတဲ့ မြင်ကွင်းတွေကို မကြိုက်တော့ ငါ ကံမကောင်းခဲ့ဘူး။ ကျေးဇူးပြုပြီး သူ့ကို ငါ့ရဲ့လေးစားမှုတွေကို ပြောပေးပါ။"

“အစ်ကိုကျန်း … ငါ့ဆရာကို မင်း သိတယ်လား…” ချန်းကျီကျုံးက သိလိုစိတ်ဖြင့် ပြောလိုက်သည်။

“ပြောရမယ်ဆိုရင် မင်းရဲ့လေးစားရတဲ့ ဆရာသခင်ထန်နဲ့ နည်းနည်း ခင်မင်ရင်းနှီးမှု ရှိတယ်။" ကျန်းယွဲ့မင်က ပြုံးပြီး ပြောလိုက်သည်။

ချန်းကျီကျုံးသည် လျှပ်တပြက်အတွင်း နားလည်သွားသည်။ ကျန်းယွဲ့မင်အပေါ် သူ၏ သဘောထား သိသိသာသာ ကောင်းမွန်လာပြီး

"အစ်ကိုကျန်း … ကျေးဇူးပြုပြီး မင်းရဲ့ နေရာဆီကို မြန်မြန် သွားပါ။ ဆရာသခင် ငါ့အတွက် အစီအစဉ်တွေ မရှိဘူးဆိုရင် ငါ လာလည်ပါ့မယ်။ ငါ အရမ်း အလုပ်များနေခဲ့ရင်တောင် ရှန်ဟိုင်းကို နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ရင် ကျီကျုံးက သေချာပေါက် အလည်အပတ် လာပါ့မယ်။"

ကျန်းယွဲ့မင်က ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့နေရာဆီ ပြန်နေပြီးနောက် ဝိုင်ဖန်ခွက်ထဲ ဝိုင်ဖြည့်ကာ ချန်းကျီကျုံးဆီသို့ အရင်ပေးလိုက်သည်။

သူတို့၏အပြုအမူက အနားတွင် ရှိနေသူအားလုံးကို အံ့သြတုန်လှုပ်စေခဲ့သည်။ အိုးရန်လူလူပင်လျှင် ထန်ရှုသည် ကျန်းယွဲ့မင်နှင့် ရင်းနှီးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပိုပြီး အရေးကြီးသည်က ကျန်းယွဲ့မင်သည် ထန်ရှုကြောင့် ချန်းကျီကျုံးအား ကောင်းမွန်စွာ ဆက်ဆံနေသည်ဆိုတာ သူမ ထင်ရှားစွာ မြင်နိုင်သည်။

…ဒီအကောင်တော့ကွာ ဒီလောက် သြဇာကြီးတဲ့ ဒေသခံ သူဌေးကြီးတွေကို ဘယ်လို သိလာပြန်တာလဲ…

အိုးရန်လူလူက သူမကိုယ်သူမ တိတ်တဆိတ် တီးတိုး ရွတ်မိသည်။ ထို့နောက် သူမသည် ဖန်ခွက်ကို မြှောက်ကာ အပြုံးဖြင့်

"ကဲ … အားလုံးပဲ … လူလူက တက်ရောက်လာသူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ လေးစားမှုကို လက်ခံပေးပါရှင်။"

ဖန်ခွက်ထဲရှိ ဝိုင်အကုန် သောက်လိုက်ကြပြီးနောက် ဝမ်ထောင်၏အကြည့်သည် ချန်းကျီကျုံးဘက်သို့ လှည့်လာပြီး သိလိုသော အမူအရာဖြင့်

"သူဌေးချန်း … ခင်ဗျားရဲ့ လေးစားရတဲ့ ဆရာသခင်က ဘယ်သူလဲဆိုတာ ငါ မသိသေးဘူး။ ဒီနေ့ သူရော လာသေးလား။”

"ငါ့ဆရာသခင်က ဖဲကြိုးဖြတ်ပေးတဲ့ ထန်ရှုလေ။" ချန်းကျီကျုံးက ပြုံးပြီး ပြောလိုက်သည်။

…ဘာရီး…

အိုးရန်လူလူနှင့် ကျန်းယွဲ့မင်တို့မှလွဲ၍ တစ်စားပွဲတည်းရှိ လူတိုင်းသည် မယုံနိုင်ကြည်နိုင်သော အကြည့်များ ရှိနေကြသည်။

"သူဌေးချန်း … မင်း ဘယ်လိုဟာသတွေ ပြောနေတာလဲ။ ဒီထန် … သူက အရမ်းငယ်သေးတာ။ သူက မင်းရဲ့ ဆရာသခင် ဖြစ်နိုင်ပါ့မလား။" ဝမ်ထောင် မယုံနိုင်စွာ မေးလိုက်သည်။

“မြို့တော်ဝန် ဝမ် … ငါတို့က ပင်လယ်ကို ၈ဂါလံပုံးနဲ့ ဘယ်တော့မှ မတိုင်းတာနိုင်ဘူးဆိုတဲ့ စကားရှိတယ်။ ထိုနည်းတူ လူတွေကိုလည်း သူတို့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ အကဲမဖြတ်နိုင်ဘူးတဲ့။ ငါ့ရဲ့ဆရာသခင်က ငယ်ရွယ်တယ်ဆိုပေမယ့် ကဏ္ဍစုံမှာ ငါ့ထက် များစွာ ကျွမ်းကျင်ပြီး အစွမ်းရှိပါတယ်။ ရှေးစကားတစ်ခွန်းကို ရွတ်ဆိုတာက တစ်စုံတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သူ ဖြစ်နိုင်တယ်လို့ ဆိုရိုးရှိတယ်မလား။ ငါ သူ့ကို ငါ့ဆရာသခင်အဖြစ် ခံယူလိုက်တဲ့ကိစ္စက အံ့သြစရာ မဟုတ်ဘူးမလား။”

ဝမ်ထောင် တွေတွေကြီး စိုက်ကြည့်နေပြီးမှ သူက ချက်ချင်းပင် အံသြစွာ ပြုံးလိုက်ပြီး

"ငါက တကယ် အမြင်ကျဉ်းလွန်းနေတာပဲ။ ဒါနဲ့ မစ္စတာထန်ဆီက မင်း ဘာတွေ သင်ယူနေတာလဲလို့ ငါ မေးရင် စိတ်မဆိုးဘူးမလား။"

"ကွန်ဖူး…" ချန်းကျီကျုံးက မဖုံးကွယ်ဘဲ ပြန်ဖြေသည်။

ဝမ်ထောင်က တစ်စုံတစ်ခုကို ရုတ်တရက် ရိပ်မိသွားပြီး ပြုံးပြီး

“တရုတ်ဝူရှုးဆိုတာ ငါတို့တိုင်းပြည်ရဲ့ အနှစ်သာရပဲ။ သူဌေးချန်းက ကြီးသူလေးစားဆိုတဲ့အယူအဆကို ဘေးဖယ်ထားနိုင်ပြီး 'ပညာကို တတ်မြောက်သူသည် ဆရာသခင်ဖြစ်နိုင်သည်' ဆိုတဲ့ အတွေးအခေါ်ကို အမှန်တကယ် ဘေးချထားတာနိုင်တာ  အလွန် ရှားတာပဲ။ လာ … ငါတို့ သောက်ရအောင်။"

"ကောင်းပါပြီ။" ချန်းကျီကျုံးက ပြုံးပြီး လိုက်လျောသည်။

သူ၏ဖန်ခွက်ထဲမှ နတ်ဘုရားဝတ်ရည်ဝိုင်များကို သောက်နေသဖြင့် ဝမ်ထောင်သည် ချန်းကျီကျုံးနှင့် စကားစမြည်ပြောဆိုခြင်းကို ရပ်လိုက်သည်။

အပေါ်ယံတွင်သာ စကားအလှ ပြောနေရသည့်တိုင် ဝမ်ထောင်၏စိတ်တွင်းတွင် ထိုဆရာသခင်ကိစ္စအား လက်သင့်မခံနိုင်ပါပေ။

ချန်းကျီကျုံးသည် သူ၏ကြွယ်ဝမှုနှင့် အအဆင့်အတန်းအရ ဝူရှူးကို လေ့ကျင့်လိုပါက သူ၏အဆင့်အတန်းကို နိမ့်ကျစေသော ဆရာသခင်အဖြစ် ခံယူရန်အထိ သွားရန်ထက် တစ်စုံတစ်ဦးကို တိုက်ရိုက် ငှားရမ်းထားနိုင်သည်။ သို့သော် အသက်၂၀အရွယ် လူငယ်လေးအား ဆရာသခင်အဖြစ် ပေါ့ပေါ့ပါးပါး သတ်မှတ်ထားခြင်းသည် ပြသနာတစ်ခုပါပေ။

ထန်ရှု၏အကြောင်းအား ယခင်က တစ်ခါမျှ မကြားခဲ့ဖူးရုံသာမက သူ မည်သည့်နေရာက လာသည်ကို မသိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလူငယ်သည် သုခဘုံနယ်မြေ၏ ဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားတွင် အမှန်တကယ် ပါဝင်လာပြီး ချန်းကျီကျုံး၏ဆရာသခင် ဖြစ်နေခြင်းက ၎င်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် တကယ့်အရည်အချင်းအချို့ ရှိကြောင်း သက်သေပြနေပေသည်။ ကံမကောင်းစွာဖြင့် ထိုအရာက သူ့အား ပိုကြီးမားသည့်အဆင့်သို့ ရောက်စေရန် မလုံလောက်ချေ။

သူ၏အတွေးတွင် တစ်စုံတစ်ခု ရောက်လာသဖြင့် အိုးရန်လူလူဆီသို့ ချက်ခြင်း ကိုယ်တစ်ချက်ကိုင်းကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူက အသံနှိမ့်ပြီး "လူလူ … ငါ မင်းကို တစ်ခုလောက် မေးလို့ရမလား။"

"ဘာများလဲ။" အိုးရန်လူလူက ထူးဆန်းသော အမူအရာဖြင့် ပြန်မေးသည်။

"ထန်ရှုက ချန်းကျီကျုံးရဲ့ဆရာသခင် ဖြစ်သလို မင်းရဲ့သူငယ်ချင်း ဖြစ်ပေမဲ့ ဒီနေ့ဖဲကြိုးဖြတ်ခြင်း အခမ်းအနားလိုမျိုး အရေးကြီးတဲ့ပွဲတစ်ခုမှာ ပါဝင်ဖို့ ဆိုတာက သူ့အတွက် မလုံလောက်ဘူး မဟုတ်လား။ သူ့မှာ တခြားထင်ရှားတဲ့အဆင့်အတန်းတွေ ရှိသေးလား။” ဝမ်ထောင်က မေးလိုက်သည်။

အိုးရန်လူလူက ဝမ်ထောင်၏မေးခွန်းအား မဖြေသေးဘဲ အချိန်အတော်ကြာ စဉ်းစားနေပြီး "ဦးလေးဝမ် … ဦးလေးနဲ့အဖေက သူငယ်ချင်းတွေပဲ။ သူငယ်ချင်းဟောင်းတွေလို့တောင် ပြောလို့ရတယ်မလား။"

အိုးရန်လူလူက မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ မေးနေမှန်း သူ မသိသော်လည်း ဝမ်ထောင်က ခေါင်းညိတ်ပြီး

"ဟုတ်တယ်လေ။ ဒါအမှန်ပဲ။ ငါတို့တွေရဲ့ ခင်မင်ရင်းနှီးမှုက ဟိုးတုန်းကတည်းက တည်ရှိခဲ့ပြီး ကိစ္စတော်တော်များများကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ မင်းတို့အိုးရန်မိသားစုနဲ့ ငါတို့ဝမ်မိသားစုကနေ တွဲဖက်ထိမ်းမြားပေးခဲ့တဲ့ အိမ်ထောင်ရေးတွေလည်း အများကြီး ရှိနေခဲ့တာပဲ။"

“ဒါဆိုရင် ဦးလေးကို ကျွန်မ ဘာမှ ဖုံးကွယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်မ ပြောမယ့်စကားကို တခြားတစ်ယောက်ယောက်ကို ယောင်လို့တောင် မပြောမိပါစေနဲ့။" အိုးရန်လူလူက တီးတိုးဆိုသည်။

ဝမ်ထောင်က ခေါင်းညိတ်ပြီး

"ကောင်းပြီ ငါ့ကို ပြောပြပါ။"

သူတို့နှစ်ယောက်တည်းသာ ကြားနိုင်သည့်အသံဖြင့် အိုးရန်လူလူက ထပ်မံတီးတိုးပြောလိုက်သည်။

"ထန်ရှုက ပေကျင်းထန်မိသားစုရဲ့ မျိုးဆက်ဖြစ်သလို ထန်မိသားစုအကြီးအကဲရဲ့မြေးအရင်းပါ။”

…ပေကျင်းရဲ့ထန်မိသားစု…

ဝမ်ထောင် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားက ရုတ်ခြည်းပင် ထရပ်လိုက်ပြီး

"မင်းဘာပြောတာလဲ။ သူ … သူ … သူ … သူက …”

အိုးရန်လူလူ အလျင်စလို ထလိုက်ပြီး သူ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ အတင်း ပြန်ထိုင်ခိုင်းလိုက်ရသည်။

“ဦးလေးဝမ် … ဒီလိုမျိုး ရှုပ်ထွေးအောင် လုပ်စရာ မလိုဘူးမလား။”

သို့တိုင် ဝမ်ထောင်၏မျက်နှာထက်မှ အံသြတုန်လှုပ်နေသည့် အမူအရာသည် အနည်းငယ်မှ လျော့မသွားပေ။ သူသည် ချန်းကျီကျုံးကို မော့ကြည့်လိုက်ပြီး မည်သည့်အကြောင်းကြောင့် ချန်းကျီကျုံးသည် ထန်ရှုအား သူ၏ဆရာသခင်အဖြစ် တရားဝင် အသိအမှတ် ပြုခဲ့သည်ကို နောက်ဆုံးတော့ သိလာသလိုလို ဖြစ်လာသည်။ ပေကျင်းမှ ထန်မိသားစု၏ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော မျိုးဆက်သစ်သည် ထူးထူးခြားခြား အရည်အချင်းမရှိသူ လုံးဝမဟုတ်ပေ။ ဝမ်မိသားစုနှင့် ဆက်ဆံရေးရှိခဲ့သော အင်အားစုအချို့ထံမှ ထန်နှင့်ယောင်တို့အကြား မကြာသေးမီက နယ်မြေအာဏာလုပွဲ၏ နောက်ဆုံးရလဒ်တွင် ယောင်မိသားစုသည် ထန်မိသားစု၏ ပြင်းထန်ရက်စက်သော ရိုက်ချက်ကို ခံခဲ့ရကြောင်း သူ ကြားသိခဲ့သည်။ ထိုပွဲတွင် ထန်မိသားစုဆီသို့ နောက်ကျမှ ရောက်လာသော ထန်ရှုအား ကျေးဇူးတင်ရပေမည်။ သူသည် ယောင်မိသားစုအား ကြီးမားသော ရှုံးနိမ့်မှုနှင့် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပွားစေသည့် အစွမ်းထက်နည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။

ယခုအချိန်တွင် သာမန်မိသားစုများမှ အင်အားစုများသည် အဆိုပါကိစ္စရပ်များကို သတိမပြုမိနိုင်သော်လည်း ပေကျင်းရှိ ထိပ်တန်းမိသားစုများသည် ဤကိစ္စရပ်ကို သိရှိခဲ့ကြသည်။ ယောင်မိသားစု၏ အကြီးအကဲဟောင်းသည် ထိုအကြောင်းစုံကို သိပြီးနောက် ဒေါသတကြီး ဖြစ်ခဲ့သည်ဟူသော ကောလဟလပင် ထွက်ခဲ့သည်။

ဝမ်ထောင်သည် သူ၏ဝိုင်ဖန်ခွက်ကိုယူကာ အိုးရန်လူလူ၏ စူးစမ်းသောအကြည့်အောက်တွင် ချန်းကျီကျုံးဆီသို့ သွားခဲ့သည်။ ထို့နောက် ထိုလူက ချန်းကျီကျုံးကို စိုက်ကြည့်ကာ

"သူဌေးချန် … ငါ အရင်က မစ္စတာထန်ကို တွေ့ဖူးပေမယ့် အခမ်းအနားပွဲကြားထဲမှာ ရောထွေးနေတဲ့ ကိစ္စတော်တော်များများကြောင့် သူ့ကို မနှုတ်ဆက်ခဲ့နိုင်ဘူး။ ဒီ့အတွက် သူဌေးချန်းကို ဝိုင်တစ်ခွက်နဲ့ ဂုဏ်ပြုပါမယ်။ သူနဲ့ တွေ့တဲ့အခါ ငါ့ရဲ့ခင်မင်လေးစားမှုကို ပြောပြပေးဖို့  မျှော်လင့်ပါတယ်။ နောင်အချိန်ရလို့ ရှိရင် သူ့ဆီ လာလည်ပါမယ်လို့။"

…ထပ်ပြီးတော့လား…

ချန်းကျီကျုံး အံ့သြတွေဝသွေားရသည့်နည်းတူ ကျန်သောသူများမှာလည်း ကျောက်ရုပ်ပမာ ဖြစ်ကုန်သည်။

ထိုအနားတွင် ရှိနေသူတိုင်းသည် ဝမ်ထောင်အား မယုံကြည်နိုင်စွာ ကြည့်မိပြန်ပြီး သူတို့ လိုက်မမီကြတော့ပါချေ။ မည်သည့်အတွက်ကြောင့် ထန်ရှုဟုခေါ်သော ထိုလူငယ်အား သူ ထပ်ပြီး ရည်ညွှန်းရပါသနည်း။ သည်တစ်ကြိမ်တွင် သူ၏သဘောထားသည် သိသိသာသာပင် ကွဲပြားနေပေတော့သည်။

သူ၏ဇဝဇေဝါဖြစ်နေမှုအား ကြိုးစားဖိနှိပ်လိုက်ပြီး ချန်းကျီးကျုံးက သူ၏ဝိုင်ဖန်ခွက်အား မြှောက်ကာ "မင်းရဲ့စကားကို ယဉ်ကျေးစွာနဲ့ ငါ ပြောလိုက်ပါမယ်။"

ဝိုင်သောက်ကြပြီးနောက် ဝမ်ထောင်က

"သူဌေးချန်း … ရှန်ဟိုင်းဟာ နိုင်ငံတကာ အဆင့်မီမြို့ကြီးဖြစ်တဲ့အတွက် တရုတ်ဆေးပညာကို အနောက်တိုင်းဆေးပညာနဲ့ အစားထိုးလုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် တရုတ်ဆေးပညာက အလွန်အမင်း အဖိုးတန်ပြီး ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့အသိပညာဆိုတာ ငါတို့အားလုံး သိကြတယ်။ မင်းရဲ့အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းကို ရှန်ဟိုင်းကို ချဲ့ထွင်လိုရင် ငါ့ဆီ တိုက်ရိုက်ဆက်သွယ်ပါ။ မင်း ဖုန်းဆက်လို့ရအောင် ငါ့ရဲ့ကိုယ်ပိုင်နံပါတ်ကို မင်းကို ပေးထားမယ်။ အစိုးရပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို ငါကိုယ်တိုင် ကူညီဆောင်ရွက်ပေးပါမယ်။"

“ဒါ…”

ဤကဲ့သို့အခမ်းအနားတွင် ဝမ်ထောင်သည် သူ၏စိတ်ကောင်းစေတနာအား လူသိရှင်ကြား ပြလိမ့်မည်ဟု ချန်းကျီကျုံး မထင်ထားမိခဲ့ပေ။ ဤကဲ့သို့ သူ့ဘာသာသူ ကတိကဝတ် ပေးလာသည်မှာ အလွန်ရှားချေသည်။

ချန်းကျီကျုံးက သူ၏စကားအား မယုံကြည်မှာကိုစိုးသဖြင့် ဝမ်ထောင်က

"သူဌေးချန်း … ငါ ဝမ်ထောင်က ငါ့စကားကို အမြဲ တည်တယ်။ မင်းရဲ့ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းက ဆေးဖက်ဝင်အပင်တွေနဲ့ တရုပ်ဆေးပညာ ပြန်လည် ဦးမော့လာနိုင်စေဖို့ ငါ အမြဲဆန္ဒရှိခဲ့တာ။”

ကျေးဇူးတင်သောအမူအရာဖြင့် ချန်းကျီကျုံးက ဝမ်ထောင်ကို ကြည့်လိုက်ပြီး

"ဒီကိစ္စအတွက် မင်းကို ငါအရင်ဆုံး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အနာဂတ်မှာ ဒီနေရာကို တိုးချဲ့ဖို့ စီစဉ်ထားရင် သေချာပေါက် ဆက်သွယ်ပါ့မယ်။”

လိမ္မာပါးနပ်ပြီး ဉာဏ်ပညာရှိသူတစ်ယောက်ပီပီ ဝမ်ထောင်၏စိတ်နေသဘောထား ပြောင်းလဲသွားခြင်းသည် သူ၏ဆရာသခင်ဖြစ်သူ ထန်ရှုကြောင့်ဟု သူ ပြောနိုင်ပေသည်။ ဝမ်ထောင်သည် အစိုးရဌာနမှ လူတစ်ယောက်ဖြစ်သည်ကို သူ သတိရပြီးနောက်တွင် သူ၏ဇဝဇေဝါဖြစ်မှုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ဆရာသခင်ဖြစ်သူ ထန်ရှုသည် ပေကျင်းထန်မိသားစု၏မျိုးဆက်ဖြစ်သည်။

***

All Chapters