← Chapters

ပြောင်းလဲနိုင်သော အရာများ

Vol. 10 Ch. 494

ပြောင်းလဲနိုင်သော အရာများ

Vol. 10 Ch. 494

အက်ရှ်ဘာဖို့ဒ်၏ ခက်ထန်ကြမ်းတမ်းသော မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးတစ်ခု လွှမ်းခြုံသွားသည်။ သူသည် မျိုးနွယ်စု၏ခေါင်းကိုင်ဖခင် ဖြစ်လာသောအခါ ဘာလုပ်မည်ကိုပင် စိတ်ကူးယဉ်နေပြီ ဖြစ်သည်။ အတိတ်တစ်ချိန်က ၎င်းတို့မျိုးနွယ်စုသည် အီတလီရှိ တရားမဝင်စီးပွားရေးလုပ်ငန်းများစွာကို ချုပ်ကိုင်ထားခဲ့ပြီး ၎င်းတို့သည် စွန့်စားရသော စီးပွားရေးလုပ်ငန်းများလည်း ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တရားမဝင် စီးပွားရေး လုပ်ငန်းအရေအတွက်ကို လျှော့ချတော့မည့် ရည်ရွယ်ချက်ကြောင့် သမ္မာအာဇီ၀ စီးပွားရေး လုပ်ငန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။

ထို့ကြောင့် ၎င်းတို့သည် "အထူး" သတင်းလမ်းကြောင်းမှတစ်ဆင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးဝိုင်အဖြစ် ကျော်ကြားသော နတ်ဘုရားဝတ်ရည်ဝိုင်ကို အကဲဖြတ်ပြီးနောက် ၎င်းတို့သည် အီတလီဈေးကွက်တွင်ရောင်းချရန်အတွက် သီးသန့်အခွင့်အရေးများရရှိရန် ကြိုးပမ်းမှုအနေဖြင့် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသို့ ချက်ချင်း ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့သည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသည် ၎င်းတို့နှင့် လုံးဝ မပူးပေါင်းလိုသောကြောင့် ရလဒ်မှာ ၎င်းတို့အား စိတ်ပျက်စေခဲ့သည်။

သူတို့အဖေ၏အမိန့်သည် အာဏာရှင်အမိန့်သဖွယ် ဖြစ်သောကြောင့် သူတို့အတွက် ရွေးချယ်စရာ မရှိခဲ့ချေ။ ထို့ကြောင့် သူသည် နတ်ဘုရားဝတ်ရည်ဝိုင်၏ ဖော်မြူလာကို ရိုးရိုးသားသားနည်း သို့မဟုတ် ကလိမ်ကကျစ်နည်းဖြင့် အရယူရပေမည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုသည် ၎င်းတို့နှင့် မပူးပေါင်းလိုသောကြောင့် ထိုဝိုင်ကို ၎င်းတို့ကိုယ်တိုင် ထုတ်နိုင်အောင်လုပ်ရတော့မည်ဖြစ်သည်။

အက်ရှ်ဘာဖို့ဒ်သည် ဂုဏ်ယူဝင့်ကြွားတတ်သူ ဖြစ်သော်လည်း အထူးလိမ္မာပါးနပ်သူတစ်ဦး ဖြစ်သည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အရောင်းကိန်းဂဏန်းမှတစ်ဆင့် နတ်ဘုရားဝတ်ရည်ဝိုင်ထံမှ ရလာသည့် အမြတ်အစွန်းများစွာကို အနံ့ခံနိုင်သည်။ အကယ်၍ ၎င်းတို့ ကူဘိုကလန်အတွက် ဤဝိုင်စပျစ်ရည်ကို ရရှိနိုင်မည်ဆိုပါက နှစ်များစွာအတွင်း သူတို့၏ကြွယ်ဝမှုသည် အဆများစွာ တိုးတက်လာမည်ဖြစ်ပြီး အနာဂတ်တွင် မျိုးနွယ်စု၏ ခွန်အားကိုတောင် ပိုပြီး မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုသို့သောရလဒ်သည် မျိုးနွယ်စု၏အကြီးအကဲရာထူး အရွေးခံရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

…ဒေါက်…ဒေါက်...

တံခါးခေါက်သံထွက်လာသည်။ အက်ရှ်ဘာဖို့ဒ်သည် ရှေ့သို့ ခြေလှမ်းလှမ်းပြီး တံခါးကို ကိုယ်တိုင် ဖွင့်လိုက်သည်။ ယုစာရှာအား အပြင်တွင် ရပ်နေသည်ကို မြင်ပြီးနောက်တွင် သူ၏ ကြမ်းတမ်းသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး

"မင်္ဂလာပါ မစ္စယု။ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ။"

ယုစာရှာသည် အခန်းထဲသို့ ဝင်လာပြီးနောက် သူမ တန်းစကားစလိုက်သည်။

“ကျွန်မမှာ ပြဿနာတချို့ ရှိတယ်။ နတ်ဘုရားဝတ်ရည်ဝိုင်အတွက် ဖော်မြူလာကို လောလောဆယ် ရှင့်ဆီ လွှဲလို့မရနိုင်သေးဘူး။ ဒါပေမယ့် ရှင် ကျွန်မအကောင့်ထဲကို ပိုက်ဆံလွှဲပြီးတာနဲ့ ရှင့်ကို ပေးမယ်ဆိုတာ စိတ်ချပါ။"

အက်ရှ်ဘာဖို့ဒ်၏မျက်နှာသည် ပြောင်းလဲသွားသည်။ သူ တော်တော် စိတ်ပျက်သွားသော်လည်း သူ့ကိုယ်သူ ထိန်းသိမ်းပြီး

“အဲ့ဒါက ဘယ်လိုပြဿနာမျိုးလဲဆိုတာ သိလို့ရနိုင်မလား။”

ယုစာရှာက တခဏလောက် နှုတ်ဆိတ်နေခဲ့ပြီးမှ အဖြေပေးသည်။

"မနေ့ညက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာက တရုတ်နိုင်ငံအထူးဌာနက တစ်ယောက်ယောက်ကို ဆက်သွယ်ခဲ့တယ်နဲ့တူတယ်။ အခုဆိုရင် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစု တစ်ခုလုံးက နိုင်ငံရဲ့အကာအကွယ်အောက်မှာ ရှိနေတယ်။ ကျွန်မသာ နတ်ဘုရားဝတ်ရည်ရဲ့ ဖော်မြူလာကို ကြိုပြီးသာ မရယူထားခဲ့ရင် အဲ့ဒါကို ရနိုင်စရာ အကြောင်း မရှိတော့ဘူး။”

…တရုတ်အစိုးရ…

အက်ရှ်ဘာဖို့ဒ်၏မျက်လုံးများထဲတွင် စိုးရွံ့မှု အရိပ်အယောင်များ ရှိနေသည်။ တရုတ်နိုင်ငံ၏ အခြေအနေကို သူ ကောင်းကောင်း သိပေသည်။ သည်ကိစ္စတွင် အစိုးရသာ ပါဝင်လာပါက အတော် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယုစာရှာ၏ ရဲရင့်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကြောင့် နတ်ဘုရားဝတ်ရည်ဝိုင်၏ ဖော်မြူလာကို အချိန်မီ ရယူထားလိုက်နိုင်သဖြင့် တိတ်တဆိတ် ဝမ်းမြောက်သွားရသည်။

"မစ္စယု … ငါတို့ ကူဘိုကလန်က ဒီနောက်ပိုင်းရက်တွေအတွင်းမှာ ဘယ်လို ဖြစ်တည်မှုမျိုးရှိလဲဆိုတာ မင်းသိနိုင်မယ်လို့ ငါ ယုံကြည်တယ်။ ငါ မင်းကို မခြိမ်းခြောက်ချင်ပေမယ့် ငါတို့ကို လှည့်စားတဲ့သူရဲ့ ကံကြမ္မာကိုတော့ မင်း သိသင့်တယ်။ မင်းရဲ့အကောင့်နံပါတ် ပေးပါ။ မင်းဆီကို ပိုက်ဆံလွှဲပေးဖို့ တစ်ယောက်ယောက်ကို ငါ ခိုင်းလိုက်မယ်။"

တခဏလောက် စဉ်းစားပြီးနောက် ယုစာရှာသည် သူမ၏ဘဏ်အကောင့်နံပါတ်အား အက်ရှ်ဘာဖို့ဒ်ကို သေချာစွာ ပြောပြသည်။ သို့သော် သူမ ပေးသော ဘဏ်အကောင့်နံပါတ်သည် တရုတ်ဘဏ် မဟုတ်ဘဲ ဆွစ်ဇာလန်ရှိဘဏ်တစ်ခုမှ ဖြစ်သည်။

မိနစ်များစွာကြာပြီးနောက် လက်ပ်တော့တစ်လုံး၏ အရှေ့တွင် ထိုင်နေသော လူလတ်ပိုင်းတစ်ဦးသည် အက်ရှ်ဘာဖို့ဒ်အား မော့ကြည့်ကာ

"ဘော့စ် … ဒီဆွဇ်ဘဏ်အကောင့်က အသစ်ဆိုတာ အတည်ပြုလိုက်ပြီ။ ဒါပေမယ့် နာမည်နဲ့ အချက်အလက်တွေက သူမရဲ့အချက်အလက်တွေနဲ့ တော်တော်များများတော့ တူတယ်။”

“ဒါက အတော်ကို စမတ်ကျတဲ့ အကွက်ရွှေ့မှုတစ်ခုပဲ မစ္စယု” အက်ရှ်ဘာဖို့ဒ်က ခပ်သော့သော့ရယ်မောရင်း ပြောသည်။

“ဆွစ်ဇာလန်ဘဏ်တစ်ခုဆိုတာ ၎င်းတို့ရဲ့ဖောက်သည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို ထုတ်ပြနိုင်တယ်ဆိုပေမယ့် အများစုကိုတော့ လျှို့ဝှက်ထားဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ အဲ့ဒီအကောင့်ကို ငွေလွှဲလိုက်တယ်။ မင်းရဲ့အကောင့်မှာ ရုတ်တရက် ငွေအမြောက်အမြား ရှိလာတာကို အခြားသူတွေ မသိနိုင်တော့ဘူးပေါ့။ ခမ်းနားသောထန်လုပ်ငန်းစုမှာ ဆက်အလုပ်လုပ်နေရင်တောင် မင်းသာ မထုတ်ဖော်ရင် အန္တရာယ်ရှိမှာမဟုတ်ဘူး။”

"ကျွန်မတို့ တရုတ်တွေရဲ့ရှေးဆိုရိုးစကား ရှိတယ်။ အချိန်ကြာရှည်စွာ ခံနိုင်တဲ့ သင်္ဘောတစ်စင်းကို လုပ်ရတာ ပိုကောင်းတယ်တဲ့။"

ယုစာရှာက ပြန်ပြောသည်။

သူမကို လက်မထောင်ပြပြီး အက်ရှ်ဘာဖို့ဒ်က တခြားဘက်သို့ လှည့်ကာ

"ပိုက်ဆံကို သူမဆီ လွှဲပေးလိုက်ပါ။"

"ဟုတ်ကဲ့ပါ။" လက်ပ်တော့အရှေ့တွင် ထိုင်နေသည့် သက်လတ်ပိုင်းအမျိုးသားက အကောင့်နံပါတ်များကို ချက်ချင်းရိုက်ထည့်လိုက်ပြီး အွန်လိုင်းဘဏ်စနစ်ဖြင့် ငွေလွှဲသည့်လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ နှစ်မိနစ်အကြာတွင် ယုစာရှာ၏ဘဏ်အကောင့်ထဲသို့ ဒေါ်လာ ၁၀မီလီယံ ဝင်လာခဲ့ပြီဖြစ်သည်။

“မစ္စယု … ပိုက်ဆံကို မင်းဆီ လွှဲပြီးပြီ။ မင်း ငါ့ကို နတ်ဘုရားဝတ်ရည်ဖော်မြူလာကို ဘယ်တော့ ပေးမှာလဲ။" အက်ရှ်ဘာဖို့ဒ်က မေးလိုက်သည်။

“ဒီနေရာကို ဒီနေ့ လာဖို့တောင် ကျွန်မမှာ အတော် စွန့်စားရတာ။ ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်တွေကို နိုင်ငံတော်အထူးဌာန လူတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာဆိုတော့ ကျွန်မအတွက် မလွယ်ဘူး။ ဒါကြောင့် နေ့ခင်းဘက်တွင် တွေ့ဆုံတာမျိုးက မဖြစ်လောက်ဘူး။ ဒါပေမယ့် ဒီည ၁၂ နာရီမှာ ကြယ်တာရာရဲ့ မြစ်ဟောင်းဒေသမှာ ရှိမယ်။ နတ်ဘုရားဝတ်ရည် ဖော်မြူလာနဲ့ အတူ စူပါမားကတ်အဝင်ဝမှာ ကျွန်မ စောင့်နေမယ်။"

“ငါ့လူတွေကို တိတ်တဆိတ် နောက်ကလိုက်ခိုင်းရင် မင်း စိတ်မဆိုးဘူးမလား။ နောက်ပြီး ငါတို့တွေက မင်းကို ဒေါ်လာ ၁၀မီလီယံ ပေးထားပြီးသား ဖြစ်နေတယ်။ မင်း သိတဲ့အတိုင်းပဲ မင်းသာ ထွက်ပြေးသွားရင် ငါတို့အတွက် အတော် ဒုက္ခများလိမ့်မယ်။”

“ရှင် လိုက်ချင်သပဆိုရင် ကျွန်မနောက်ကို လိုက်ခိုင်းလိုက်ပါ။”

ယုစာရှာက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မ ရှင့်ကို သတိပေးရဦးမယ်။

ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို ကျွန်မ ပြန်ရောက်တာနဲ့ တရုတ်အရာရှိတွေရဲ့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်မှုအောက်မှာ နေရလိမ့်မယ်။ ရှင့်ကိုယ်ရှင် မဖော်ထုတ်ချင်ရင် ကျွန်မရဲ့နောက်ကို လိုက်ဖို့ လူတွေ မလွှတ်တာ အကောင်းဆုံးပဲ။”

"နားလည်ပြီ။ ဖြစ်နေတဲ့ အခြေအနေနဲ့ ဘာလုပ်ရမယ်ဆိုတာ ငါ သိပါတယ်။” အက်ရှ်ဘာဖို့ဒ်က ပြောလိုက်သည်။

ယုစာရှာက နောက်မှ ဘာမှ ထပ်မပြောတော့ချေ။ သူမက အခန်းထဲကနေ ချက်ခြင်းထွက်သွားပြီး လုံစားသောက်ခန်းမအဝင်ဝတွင် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုနေရာနှင့် ဆယ်ကီလိုမီတာ အကွာရှိ အခြားသော ကြယ် ၅ပွင့် ဟိုတယ်တွင်လည်း အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ ဤတစ်ကြိမ် ဝယ်ယူသူသည် ကူဘိုကလန်မှ မဟုတ်ဘဲ အမေရိကန်မှ ဘရောင်းစ်အုပ်စု၏တာဝန်ခံ ဖြစ်သည်။ ချမ်းသာသော ဘရောင်းစ်အုပ်စုကဲ့သို့ ကုမ္ပဏီတစ်ခုသည်ပင် မြင့်မားသောဈေးနှုန်းကို သေချာပေါက် ကမ်းလှမ်းခဲ့ပေသည်။ နတ်ဘုရားဝတ်ရည်ဝိုင်၊ အသားအရည်လှလိမ်းဆေး နှင့် အမာရွတ်ဖျောက် ခရင်မ်တို့၏ဖော်မြူလာများကို ဝယ်ယူရန် ဒေါ်လာ ၂၀မီလီယံ ကမ်းလှမ်းခဲ့သည်။

****

နေဝင်ရီတရောအချိန်သို့ ရောက်လာပြီဖြစ်သည်။ ကြယ်တာရာရှိ မြစ်ဟောင်းဒေသ၏မြစ်လမ်းမှ ကားဂိုဒေါင်တစ်ခုအတွင်း၌ ထာဝရခန်းမ၏ ကျွမ်းကျင်သူတစ်ရာကျော်သည် တိတ်တဆိတ် ရောက်ရှိနေကြသည်။ နေရာတစ်ခုလုံးသည် လူများစွာ ပြည့်နေသည့်တိုင် မည်သူမှ စကားမပြောကြချေ။ ဤလူများထဲတွင် ထာဝရခန်းမ၏အဓိကအဖွဲ့ဝင် ကျွမ်းကျင်သူ တစ်ဒါဇင်ခန့်မှလွဲ၍ ကျန်သောသူများမှာ အရံအဖွဲ့ဝင်များ ဖြစ်သည်။ ၎င်းတို့သည် အဓိက ကျွမ်းကျင်သူများကဲ့သို့ စွမ်းအား ကောင်းနိုင်မည် မဟုတ်သည့်တိုင် သာမန်လူများထက် အဆများစွာ ပိုမိုအားကောင်းနေသေးသည်။

"သူဌေး … ထိုက်ကျုံးကွေ့ သတင်းပို့ပါတယ်။ အမိန့်လက်ခံဖို့ အဆင်သင့်။"

ရဲရင့်ပြီး အစွမ်းထက်သော ထိုက်ကျုံးကွေ့သည် နောက်ဆုံးတွင် ထန်ရှု၏အရှေ့တွင် ရပ်ကာ လေးလေးစားစား တင်ပြလိုက်သည်။

ထန်ရှုက သူ့ကို ခေါင်းညိတ်ပြပြီး

"မင်းတို့ရဲ့ ပြိုင်ဘက်တွေကလည်း အရမ်း သန်မာတဲ့အတွက် ဒီတစ်ခေါက်တာဝန်က အတော် ခက်ခဲလိမ့်မယ်။ မင်းတို့ကို ပေးလိုက်တဲ့ တာဝန်က ကြယ်တာရာကို ရောက်နေတဲ့ အီတလီမာဖီးယားဂိုဏ်း ကူဘိုကလန်က လူတွေနဲ့ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ ဘရောင်းစ်အုပ်စုက လူတွေကို ဖမ်းဖို့ပဲ။ အဲ့ဒီလူတွေအားလုံးကို ဖမ်းဆီးပြီး အထူးနည်းလမ်းတွေနဲ့ နိုင်ငံခြားကို ပို့မယ်။ ပြီးရင် ငါတို့ရဲ့အာဖရိက မိုင်းတွင်းဧရိယာထဲမှာ ဖိအားပေး အလုပ်လုပ်ခိုင်းလိုက်။ နောက်ပြီး သူတို့ကို စောင့်ကြည့်ဖို့ လူတချို့ကိုပါ လွှတ်ထား။ သူတို့တွေ ထွက်ပြေးဖို့ ကြိုးစားရင် မင်း သူတို့ကို သတ်နိုင်တယ်။”

“ပြီးပြီလို့သာ တွေးထားလိုက်ပါ သူဌေး။” ထိုက်ကျုံးကွေ့က အသံဝါကြီးဖြင့် ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြီး အချက်အလက်နှစ်ရွက်ကို ထုတ်ကာ ထိုက်ကျုံးကွေ့ထံ လွှဲပေးရင်း

“ဒီတစ်ခုက ကြယ်တာရာကို ရောက်နေတဲ့ အီတလီ မာဖီးယားဂိုဏ်းဝင်တွေရဲ့ အချက်အလက်။ နောက်တစ်ခုက အမေရိကန်ကုမ္ပဏီဘရောင်းစ်အုပ်စုက လူတွေရဲ့အချက်အလက်။ ဒီစာရွက်တွေထဲမှာ အမည်ဖော်ပြထားတဲ့ လူတွေကို ဖမ်းရမယ်။ သူတို့ထဲကမှ အချို့ကို မစုံစမ်းရသေးရင်တော့ ဒီစာရွက်ထဲ အချက်အလက်တွေ ရှိမှာမဟုတ်ဘူး။ သူတို့အားလုံးကို ရှာပြီး အာဖရိကမှာရှိတဲ့ သတ္တုတွင်းဧရိယာဆီ ဆွဲခေါ်ရမယ်။”

“ဟုတ်…” ထိုက်ကျုံးကွေ့က တလေးတစား ပြန်ပြောသည်။

ထန်ရှုသည် ပတ်ဝန်းကျင်ရှိလူအားလုံးကို တစ်ချက်အမြန်ဝေ့ကြည့်လိုက်ပြီး

“မင်းတို့ထဲက အယောက်နှစ်ဆယ်လောက် ငါ့ဆီ လာခဲ့။ သီးခြားလုပ်ဆောင်ရမယ့် အစီအစဉ်တွေရှိတယ်။”

ကြံ့ခိုင်သော လူအယောက် ၂၀ သည် ထိုက်ကျုံးကွေ့၏အမိန့်အောက်တွင် ချက်ခြင်း ရပ်လိုက်သည်။

ထို့နောက် ထန်ရှုက နေ့လည်ခင်းတွင် လုပ်ထားသည့် အထောက်အထားအတုအချို့ကို ဝေငှပြီးနောက် လေးနက်သောအသံဖြင့်

"မင်းတို့ရဲ့အလုပ်က အရမ်းရိုးရှင်းပါတယ်။ မင်းတို့အားလုံးက နိုင်ငံတော်အထူးဌာနက လူတွေပုံစံ ဟန်ဆောင်ပြီး ခမ်းနားထည်ဝါသော ထန်လုပ်ငန်းစုအနီး  ပေါ်လာရမယ်။ တကယ်လို့များ မင်းတို့တွေ  သံသယရှိသူတွေနဲ့ တွေ့ခဲ့ရင် ရန်သူကို သတိပေးသလို မဖြစ်စေနဲ့။ ဒီဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ရဲ့ မျက်နှာတွေ မှတ်ထားကြ။ ဒီလေးယောက်ပေါ်လာရင် သူတို့ကို စစ်ဆေးမေးမြန်း။ စစ်ဆေးမေးမြန်းမှုက ရိုးရိုးရှင်းရှင်းနဲ့ပေါ့ပေါ့ပါးပါး ဖြစ်ရမယ်ဆိုတာကို မမေ့နဲ့။ ပြီးရင် သူတို့ကို လွှတ်ပေးလိုက်။”

“ဟုတ်ကဲ့ပါ…” ထို့နောက် ကျွမ်းကျင်သူ ၂၀သည် ထန်ရှု၏အမိန့်စကားအား ဦးထိပ်ထားကာ မှတ်သားလိုက်သည်။

စည်းစနစ်တကျဖြင့် သူတို့အားလုံး ကားဂိုဒေါင်မှ ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း ထန်ရှုက မထွက်သွားဘဲ ကားပြင်ဆိုင်ဘေးရှိ အခန်းတစ်ခုသို့ လျှောက်လာသည်။

“အားလုံး စနစ်တကျ စီစဉ်ပြီးပြီလား။" ခန်းရှက အပြုံးဖြင့် မေးလိုက်သည်။

"အင်း … အားလုံး ပြီးခဲ့ပြီ။" ထန်ရှုက ခေါင်းညိတ်သည်။ "ပိုက်ထဲမှာ ငါးတွေ ဆွဲဖို့ ၁၂နာရီတိတိ အချိန်ထိ စောင့်ကြတာပေါ့။"

"နင် သူတို့နောက်ကို လိုက်မသွားဘူးလား။" ခန်းရှက မေးသည်။

"ဒီလောက်အသေးအဖွဲကိစ္စအတွက် ကိုယ် သူတို့နောက်ကို လိုက်နေရသေးရင် သူတို့ကို အသုံးမကျဘူးဆိုရလိမ့်မယ်။" ထန်ရှုက ခေါင်းခါလိုက်သည်။

"စိတ်အေးအေးထားပါ။ ထာဝရခန်းမရဲ့ အဓိကအဖွဲ့ဝင်တွေဆိုတာ လူမော်လူဇော်တွေပဲ။ သူတို့ ဒီပြဿနာကို လွယ်လွယ်ကူကူ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုတာ သေချာတယ်။ သူတို့တွေ ဒါမျိုးကို အကြိမ်ကြိမ် လုပ်ထားပြီးသားပါ။ ဒါပေမယ့် ကိုယ်စဉ်းစားနေတာက အခု နောက်ထပ်ကိစ္စတစ်ခု။”

"အဲ့ဒါ ဘာလဲ။" ခန်းရှက စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။

"ဒါက ဂျပန်ကလူတွေအကြောင်းပဲ။" ထန်ရှုက ဖြေသည်။

“ဟုတ်သားပဲ … ဂျပန်က ယာမာမိုတို မိသားစုအကြောင်း။ သူတို့လည်း ခမ်းနားသောထန် လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူတွေကို စေလွှတ်ခဲ့ပေမယ့် ငါက ငြင်းခဲ့တယ်။” ခန်းရှမှ ပြောသည်။

“ဒါပေမယ့် အခုအချိန်အထိ သူတို့ဆီက တခြားလှုပ်ရှားမှုတွေ မရှိသေးဘူး။”

“သူတို့ဘက်က အခြေအနေကို ငါ သိပြီးပြီ။ ယာမာမိုတိုမိသားစုရဲ့ သခင်မလေး ကုဝါကို ယာမာမိုတိုက ကိုယ့်ရဲ့ လက်အောက်ခံ တစ်ဦးပဲ။ ပြီးခဲ့တဲ့ နှစ်ရက်က သူမကို ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ ဦးဆောင်ပြီး ကြယ်တာရာကို လာဖို့ တာဝန်ပေးအပ်တာ ခံရတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကူဘိုကလန်နဲ့ ဘရောင်းစ်တို့လို အတူတူပါပဲ။ သူတို့က ကိုယ်တို့ ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေကို သိမ်းသွင်းပြီး ထုတ်ကုန်တွေရဲ့ ဖော်မြူလာတွေကို ခိုးယူဖို့ ပြင်ဆင်နေတာ။”

"အိုး… နင်က ကုဝါကိုယာမာမိုတိုကို ငါတို့ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ် ဘယ်တုန်းက ပြောင်းလဲခဲ့တာလဲ သူဌေး။” ခန်းရှ အံ့အားသင့်စွာ မေးသည်။

“လအနည်းငယ်လောက် ရှိသွားပြီ။” ထန်ရှုက ပြောသည်။

"သူမက ယုံကြည်ရလို့လား။" ခန်းရှက စိုးရိမ်တကြီးဖြင့် မေးပြန်သည်။

"ဒီလိုမေးလိုက်မိလို့ ငါက ခွဲခြားဆက်ဆံတာ ဒါမှမဟုတ် တစ်ခုခု အဲ့ဒီသဘော မဟုတ်ပါဘူး။ ဒါပေမယ့် သူ့လူတွေက …. ငါ စိုးထိတ်တာ…"

“အင်း … အဲဒါကို စိတ်မပူပါနဲ့။ သူ့အသက်က ကိုယ့်လက်ထဲမှာ ရှိတာဆိုတော့ ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်ဝံ့ဘူး။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။

“နောက်ပြီး သူမမှာ ဂျပန်မြောက်ပိုင်း ကြယ်ဓားတစ်စင်းရဲ့အနာဂတ်ကျောင်းအုပ်ဆိုတဲ့ တခြားပုံရိပ်လည်း ရှိတယ်။ ပြီးတော့ သူ့ကို ကောင်းကောင်း ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက် ကိုယ့်မှာ ရှိတယ်။ ဂျပန်နိုင်ငံက အဖွဲ့အစည်းအချို့ရဲ့ အခွင့်အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကို ထိန်းချုပ်ဖို့ သူမကို ရှေ့တန်းတင်ပြီး သုံးရမယ်။”

ထန်ရှုအကြောင်းအား ကောင်းကောင်းသိထားသူပီပီ သူ ကျင့်သုံးသည့်နည်းလမ်းကို သူမ ရိပ်ဖမ်းသံဖမ်းပင် မသိသော်လည်း စိုးရိမ်စရာမလိုသည်ကို ခန်းရှ သိသည်။

"သူဌေး … ကုဝါကိုယာမာမိုတိုက ငါတို့ထဲက တစ်ယောက်ဆို … နင် ဘာကို စိတ်ပူနေတာလဲ။"

***

All Chapters