ပြသနာများကို ဖြေရှင်းခြင်း
Vol. 10 Ch. 495
“ကုဝါကို ယာမာမိုတိုကို လွှတ်လိုက်တာ ကိုယ့်ကို စိတ်ပူစေတယ်။ သူမသာ လက်ဗလာနဲ့ ပြန်သွားရရင် ယာမာမိုတိုမိသားစုက သူမရဲ့ အဆင့်အတန်းကို ထိခိုက်လိမ့်မယ်။ နောက်ပြီး ကုဝါကိုက မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းမှာ နာမည်ပျက်ရုံတင်မကဘူး အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်ခံသွားရလိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် အနာဂတ်မှာ ယာမာမိုတိုမိသားစုနဲ့ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းတို့ရဲ့ ကုဝါကို ယာမာမိုတိုကို လက်ခံမှုအပေါ် အကြီးအကျယ် သက်ရောက်သွားတော့မှာ။”
"ဒါဆို နင် ဘယ်လို လုပ်မှာလဲ။" ခန်းရှ မေးလိုက်သည်။
"ကိုယ် စဉ်းစားနေတုန်းပဲ။ ဒါပေမယ့် အခုထိတော့ ဘာအတွေးမှ မရသေးဘူး။" ထန်ရှုက ဖြေသည်။
ခန်းရှ၏အမူအရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး အလျင်အမြန် ပြောလာသည်။
"သူဌေး … ငါတို့ရဲ့ အစီအစဉ်အရ နိုင်ငံတော် အထူးဌာနက အရာရှိတွေအဖြစ် လှုပ်ရှားမယ့်လူတွေ ရှိတယ် မဟုတ်လား။ အီတလီမာဖီးယားဂိုဏ်း ကူဘိုကလန်၊ အမေရိကန်ကုမ္ပဏီ ဘရောင်းစ်အုပ်စုနဲ့ မလှုပ်ရှားသေးတဲ့ အခြားအင်အားစုအချို့တွေနဲ့ပါ ဆက်ဆံရမယ်ဆိုတော့ နိုင်ငံတော် အထူးဌာနက အရာရှိတွေအဖြစ် ဆက်သရုပ်ဆောင်ပြီး ကုဝါကိုယာမာမိုတိုတို့ကိုပါ ဘာကြောင့် ဒီပြဇာတ်ထဲ ပါဝင်ဖို့ မလုပ်ခိုင်းရမှာလဲ။"
"ကိုယ်တို့တွေ ဘယ်လို လုပ်ကြမှာလဲ။" ထန်ရှု၏အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်လာကာ မေးလိုက်သည်။
ခန်းရှက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ငါတို့ကို လာရှုပ်ဖို့ ကြိုးစားတဲ့သူတွေ အကုန်လုံး ပျောက်ကွယ်သွားမယ်ဆိုရင် ကုဝါကို ယာမာမိုတို ခေါ်ဆောင်လာတဲ့သူတွေလည်း ဆုံးရှုံးမှုအချို့ ခံစားရနိုင်ပေမယ့် နောက်ဆုံးမှာ တရုတ်ပြည်က ထွက်ခွာသွားလိမ့်မယ်။ အဲ့ဒါတွေကို ဖယ်ရှားဖို့ ငါတို့အစိုးရအရာရှိတွေအဖြစ် ဆက်အယောင်ဆောင်လို့ ရတယ်။”
ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။ သူက လက်ခုပ်လက်ဝါးတီးလိုက်ပြီး
“ဟုတ်တယ်။ ဒါ သိပ်ကောင်းတဲ့ အကြံပဲ။ အစကတည်းက ယုစာရှာတို့ကို ကူဘိုကလန်နဲ့ ဘရောင်းအုပ်စုဆီ သတင်းပေးဖို့ စီစဉ်ထားတာ။ ဒီကိစ္စမှာ ငါတို့ရဲ့ အထူးဌာနက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်း သူတို့နိုင်ငံတွေဆီ ရောက်သွားပြီဆိုတာ သေချာတယ်။ ကူဝါကို ဦးဆောင်တဲ့ ဂျပန်အဖွဲ့လည်း သူတို့ရဲ့လူအချို့ကို ဆုံးရှုံးပြီး နောက်ဆုံး ထွက်ပြေးရမယ်ဆိုရင် ဒီအချက်ကို သက်သေအဖြစ် အသုံးပြုလို့ရလိမ့်မယ်။ ဒီအရာက ကိုယ်တို့ရဲ့ရန်သူတွေကို ဟန့်တားတဲ့နေရာမှာ သိပ်ကောင်းတဲ့ အခန်းကဏ္ဍက ပါဝင်လာလိမ့်မယ်။”
“ဒါဆို နင့်ရဲ့ပြဿနာတွေ ပြေလည်သွားပြီ။ ငါ့ကို ဘယ်လို ဆုချမှာလဲ သူဌေး။" ခန်းရှက ပြုံးစစ မေးလာသည်။
ထန်ရှုက သူမအား အသာဆွဲကာ နဖူးလေးအား နမ်းရှုံ့လိုက်ပြီး အပြုံးဖြင့်
"ဒါက မင်းအတွက် ဆုလာဘ်ပဲ။"
ထန်ရှု၏ခါးထက်တွင် လက်နှစ်ဖက်ကို ချိတ်ထားပြီး ခန်းရှက ချစ်စရာအပြုံးလေးဖြင့် ပြောလိုက်သည်။ “ဒါက လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်။ နင်နဲ့ ကလေးတစ်ယောက် ယူချင်တယ်လို့ ငါ ပြောခဲ့ဖူးတယ်နော်။"
ထန်ရှု တွေဝစွော ကြည့်နေမိသည်။ ထို့နောက် အခန်း၏အတွင်းဆုံးကျသောနေရာရှိ ကုတင်ဆီသို့ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် သူမကို ပွေ့ချီကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
နွေဦး၏အရောင်ကဲ့သို့ နွေးထွေးမှုသည် ပြည့်လျှံနေပြီး အခန်းထဲတွင် ချစ်ခြင်း၏ညည်းညူသံများဖြင့် သာယာနေခဲ့သည်။
တစ်နာရီ ကြာသွားပြီးနောက် ထန်ရှုသည် ကျေနပ်မောပန်းစွာ အိပ်ပျော်သွားသော ခန်းရှကို ကြည့်ကာ သူ၏အဝတ်အစားများအား ပြန်ဝတ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ပြီးနောက် ကစားပွဲအား ပိုမိုလက်တွေ့ကျအောင် မည်ကဲ့သို့ လုပ်ရမည်ကို တိတ်ဆိတ်စွာ စတင်တွေးတောနေသည်။
****
အချိန်များ ကုန်လွန်လာခဲ့ပြီဖြစ်သည်။
လုံစားသောက်ခန်းမ၏ အခန်းတစ်ခုထဲတွင် အက်ရှ်ဘာဖို့ဒ်သည် ဖုန်းကို ချပြီးနောက် အလက်ဆန်ဒရိုအား ကြည့်ရင်း ကြီးမားသော ဆေးပြင်းလိပ်ကို ဖွာရှိုက်နေသည်။ သူ၏မျက်လုံးများထဲတွင် သတိထားနေသည့် အကြည့်တစ်ခုရှိနေပြီး အသံဝါကြီးဖြင့် “အတည်ပြုပြီးပြီ။ ဒီကိစ္စကို တရုတ်အစိုးရ အရာရှိတွေက စွက်ဖက်နေတယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုအနီးမှာ အဲ့ဒီလူတွေကို ငါတို့ရဲ့လူတွေက တွေ့ခဲ့တယ်။ ငါတို့ အဖေ့ကို ဖုန်းဆက်ပြီး ဒီအခြေအနေတွေကို ပြောမှဖြစ်မယ်။"
အလက်ဆန်ဒရို၏မျက်နှာသည်လည်း အလားတူ ပြောင်းလဲသွားကာ ခေါင်းညိတ်ပြပြီး သူ၏လက်ကိုင်ဖုန်းအား အမြန်ယူလိုက်သည်။ မိနစ်အနည်းငယ်အကြာသော် သူသည် ဖုန်းချလိုက်ပြီး “အကိုကြီး … ငါ ခုလေးတင် အဖေနဲ့ ဖုန်းရတယ်။ ငါတို့ရဲ့ဘေးကင်းမှုကို မဆင်မခြင် မလုပ်ဘဲ နတ်ဘုရားဝတ်ရည်ဝိုင်ကိုတော့ ရအောင် ယူစေချင်နေတယ်။ အဲ့ဒီ တရုတ်အရာရှိတွေက ငါတို့ကို တိုက်ခိုက်ဝံ့ရင် ချက်ချင်း တန်ပြန်တိုက်ခိုက်ပြီးတာနဲ့ ကြယ်တာရာကနေ ဆုတ်ခွာရမယ်။ ပြီးရင် ငါတို့ရဲ့ အထူးလမ်းကြောင်းတွေကို သုံးပြီး တရုတ်ပြည်ကနေ ထွက်လာခဲ့ဖို့ ပြောတယ်။”
"ငါ သိပြီ။" အက်ရှ်ဘာဖို့ဒ် ခေါင်းညိတ်သည်။
“ဒီညတော့ ငါတို့အားလုံး ယုစာရှာ ပြောခဲ့တဲ့ မြစ်ဟောင်းဒေသလမ်းကို သွားကြမယ်။ နတ်ဘုရားဝတ်ရည်ဝိုင်ဖော်မြူလာကို ရပြီးရင် ငါတို့ ချက်ချင်း ဆုတ်ကြတာပေါ့။ အခုချိန်မှာ တရုတ်က ငါတို့အတွက် လုံခြုံတဲ့နေရာမဟုတ်တော့ဘူး။”
"နားလည်ပြီ … ငါလည်း အဲ့လို ထင်တယ်။” အလက်ဆန်ဒရိုက ထောက်ခံလိုက်သည်။
“သန်းခေါင် ၁၂ နာရီထိုးဖို့ နာရီဝက်ပဲ လိုတော့တယ်။” အက်ရှ်ဘာဖို့ဒ်က သူ၏နာရီကို လှမ်းကြည့်သည်။ “ဒီနေရာက မြစ်ဟောင်းလမ်းဒေသနဲ့ တော်တော်နီးနေပေမယ့် မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ မဖြစ်ရအောင် ကာကွယ်ဖို့ အခုပဲ သွားလိုက်တာ ပိုကောင်းပါတယ်။ ဟုတ်တယ် … ငါတို့လူတွေ ပြင်ဆင်ပြီးပြီလား။”
"အားလုံး အဆင်သင့်ပဲ။" အလက်ဆန်ဒရိုက ပြောသည်။ "အန္တရာယ်မရှိရင် သူတို့ သိုသိုဝှက်ဝှက် နေမှာဖြစ်ပေမယ့် အန္တရာယ်တစ်ခုခု ဖြစ်လာတာနဲ့ ချက်ချင်း တိုက်ခိုက်လိမ့်မယ်။"
“ကောင်းပြီ။”
မြစ်ဟောင်းဒေသရှိ စူပါမားကတ်၏ အလွန်မှောင်ရိပ်ကျသော ဝင်ပေါက်တစ်နေရာတွင် …
ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားနိုင်သည့် ကုတ်အင်္ကျီတစ်ထည်၊ အနက်ရောင်ဦးထုပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ယုစာရှာသည် အမှောင်ထောင့်တစ်နေရာဆီသို့ တိတ်ဆိတ်စွာ လမ်းလျှောက်လာခဲ့သည်။ ထိုနေရာသို့ရောက်ပြီးနောက် သူမသည် ရပ်လိုက်ပြီး ငြိမ်သက်စွာ နေခဲ့သည်။ သူမ၏နေရာနှင့် မဝေးလှသော အကွာအဝေးတစ်ခုတွင် ကူဘိုကလန်မှ လူဆယ်ဦးကျော်သည် သူမအား မှန်ပြောင်းဖြင့် တိတ်တဆိတ် စောင့်ကြည့်နေပြီး သူမ၏ လှုပ်ရှားမှုများအကြောင်း အက်ရှ်ဘာဖို့ဒ်ထံ သတင်းပို့ခဲ့သည်။
သန်းခေါင်၁၂ နာရီထိုးရန် ငါးမိနစ်ခန့်အလိုတွင် ကားနှစ်စီးသည် စူပါမားကတ်အဝင်ဝတွင် လျင်မြန်စွာ ရပ်တန့်သွားသည်။ လူခြောက်ယောက် သို့မဟုတ် ခုနစ်ယောက်ခန့် ကားပေါ်မှ ဆင်းလာပြီးနောက် အက်ရှ်ဘာဖို့ဒ်သည် ယုစာရှာအား ဟိုဟိုဒီဒီ လှည့်ရှာလိုက်သည်။
" ရှင် သိပ်ကြာတာပဲ။"
အမှောင်ထောင့်တွင် မတ်တပ်ရပ်နေသော ယုစာရှာသည် အက်ရှ်ဘာဖို့ဒ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် မကျေနပ်သည့် အကြည့်များနှင့် စိုးရိမ်မှုအနည်းငယ် ရှိနေခဲ့သည်။
****
"ငါတို့ သဘောတူထားတဲ့အချိန်ရောက်ဖို့ ငါးမိနစ်တောင် လိုသေးတာဆိုတော့ ငါတို့ နောက်မကျသေးပါဘူး။" အက်ရှ်ဘာဖို့ဒ်မှ ပြောလိုက်သည်။
"မစ္စယု … ငါတို့ လိုချင်တာကို ယူလာခဲ့သလား။"
ယုစာရှာသည် သူခိုးတစ်ယောက်အလား ဘေးပတ်လည်အား ကျီးကန်းတောင်မှောက် လှည့်ပတ်ကြည့်သည်။ ပတ်ဝန်းကျင်တွင် ထူးခြားချက်မရှိဟု အတည်ပြုပြီးနောက် သူမသည် စာရွက်တစ်ရွက်ကို အလျင်အမြန်ထုတ်ယူကာ အက်ရှ်ဘာဖို့ဒ်၏လက်ထဲသို့ ထည့်လိုက်ပြီး အလျင်စလို လေသံဖြင့်
“ဒါက နတ်ဘုရားဝတ်ရည်ဝိုင်ဖော်မြူလာပဲ။ အဲ့ဒါ စစ်၊ မစစ် စမ်းသပ်ဖို့ ရှင် စမ်းသပ်မှုတစ်ခု လုပ်နိုင်တယ်။ ဒါပေမယ့် ကျွန်မ ပြောနိုင်တာက ရှင့်ကို ကျွန်မ မလှည့်ဖြားသလို အဲ့ဒီလိုလုပ်ဖို့လည်း ကျွန်န သတ္တိမရှိဘူး။ ဒါပေမယ့် ဒီဖော်မြူလာက စစ်မှန်ရင် ကျွန်မတို့တွေ ထပ်မတွေ့တော့ဘူးလို့ ကျွန်မကို ကတိပေးပါ။”
ဝိုင်ဖောက်နည်းကို အလျင်အမြန် တစ်ချက်ကြည့်ရင်း အက်ရှ်ဘာဖို့ဒ်၏မျက်လုံးများထဲတွင် အပျော်ရိပ်များ ထင်ဟပ်လာသည်။ သူက ကျေနပ်စွာကြည့်ရင်း
“ငါ နားလည်ပါတယ်။ မင်းက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်နေသေးတယ်ဆိုတော့ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းချတဲ့ ဝန်ထမ်းတွေက ထောင်ချခံရလိမ့်မယ်။ စိတ်ချပါ … ငါတို့ မင်းကို ဘယ်တော့မှ ထုတ်ဖော်မှာ မဟုတ်ဘူး။"
အက်ရှ်ဘာဖို့ဒ်ကို လေးလေးနက်နက်ကြည့်ရင်း ယုစာရှာ၏အမူအရာမှာ အပြောင်းအလဲတစ်ခု ဖြစ်သွားသည်။ ခဏအကြာတွင် သူမ၏ပုံရိပ်သည် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
အက်ရှ်ဘာဖို့ဒ်က အလက်ဆန်ဒရိုကို လှည့်ကြည့်ပြီး "ငါတို့လူတွေကို အခုပဲ စုလိုက်။ ကြယ်တာရာကနေ ချက်ခြင်း ထွက်သွားကြရအောင်။"
“ကောင်းပါပြီ။”
အလက်ဆန်ဒရို၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။ သူ၏လက်ကိုင်ဖုန်းကို အမြန်ထုတ်လိုက်ပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ သို့သော် ဖုန်းခေါ်ဆိုမှုအသံ ပြီးသွားသည့်တိုင် မည်သူမှ ဖြေကြားခြင်းမရှိပေ။
"ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်သူမှ မဖြေကြဘူးလား။"
အက်ရှ်ဘာဖို့ဒ်၏အမူအရာ အနည်းငယ်ပြောင်းသွားပြီး “ဘယ်သူမှ မဖြေဘူးလား။ အာရင်တို ဘာလုပ်နေလဲ။ သူ ဒီအနီးနားမှာ ရှိနေတာမဟုတ်ဘူးလား။ သူတို့ကို သွားရှာ။ ချီးတဲ့မှ … ဒီကောင် သူ့ဖုန်း ထပ်ပျောက်တာ ဖြစ်နိုင်တယ်။ အိမ်ပြန်ရောက်လို့ကတော့ ဒင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။”
အလက်ဆန်ဒရိုသည် လျင်မြန်စွာ တုံ့ပြန်ပြီး လူအနည်းငယ်နှင့် ပြေးထွက်သွားသည်။ အနီးပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် မျက်ခုံးတွန့်ကာ ပြန်လာသတင်းပို့သည်။
“အကိုကြီး … ငါ သူတို့ကို မတွေ့ဘူးကွ။ ပြောရရင် သူတို့ ဒီအနီးနားမှာ ပုန်းနေသင့်တာကို သူတို့ရဲ့ အရိပ်အယောင်တောင် ငါ မမြင်ရဘူး။"
အက်ရှ်ဘာဖို့ဒ်က မျက်မှောင်ကြုတ်သွားရင်း
"အာရင်တိုက အစောပိုင်းက သူ ပုန်းနေတဲ့ နေရာကနေ ယုစာရှာရဲ့လှုပ်ရှားမှုတွေအကြောင်း ငါတို့ကို အဆက်မပြတ် သတင်းပို့နေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး သူတို့ရဲ့ အရိပ်အယောင်တွေက ရုတ်တရက် ပျောက်ကွယ်သွားတာလဲ။ သူတို့ကို ဆက်ရှာ။ ဒီအနီးအနားမှာ ရှိရမယ်။"
ယင်းနောက်တွင် မှန်ပြောင်းများဖြင့်ပါ နေရာများစွာကို နာရီဝက်ကျော်ကြာ ဆက်လက်ရှာဖွေခဲ့ကြသည်။ အာရင်တိုနှင့်အတူရှိသော အခြားလူတစ်ဒါဇင်တို့၏ ပုန်းအောင်းနိုင်ရာ နေရာများစွာကို ရှာဖွေသော်လည်း ရှာမတွေ့ခဲ့ကြပေ။
… ဝှစ်… ဝှစ်… ဝှစ်…
ထိုက်ကျုံးကွေ့ ဦးဆောင်သော လူတစ်စုသည် အလက်ဆန်ဒရိုတို့အုပ်စုအနီးသို့ တစ္ဆေသရဲများအလား တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူ၏ပါးစပ်တွင် ဓားမြှောင်တစ်လက်ကို ကိုက်လျက် ညအမှောင်တွင် ကျက်စားသော တစ္ဆေတစ်ကောင်အလား ထိုက်ကျုံးကွေ့ သည် အက်ရှ်ဘာဖို့ဒ်၏ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာသောအခါ အေးစက်ထက်ရှသော ဓားမြှောင်သည် အက်ရှ်ဘာဖို့ဒ်၏လည်ပင်းထက်သို့ ချက်ချင်းရောက်လာသည်။
“ငါတို့ ထပ်တွေ့ကြပြန်ပြီနော် မိတ်ဆွေဟောင်းကြီး။”
ထိုက်ကျုံးကွေ့၏အေးစက်သောလေသံသည် အက်ရှ်ဘာဖို့ဒ်၏နားထဲတွင် မြည်ဟီးသွားစေသည်။ တစ်ချိန်တည်းမှာပင် ထာဝရခန်းမ၏ ကျွမ်းကျင်သူများစွာသည် အလက်ဆန်ဒရိုနှင့် ကျန်သောသူများအား သေနတ်များဖြင့် ချိန်ထားပြီးဖြစ်သည်။
အက်ရှ်ဘာဖို့ဒ်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားရသည်။ ထိုက်ကျုံးကွေ့ဘက်သို့ သူ၏ခေါင်းကို စောင်းကာ ကြည့်လိုက်သောအခါ အံ့အားသင့်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဘုရားသခင် … မင်းက နတ်ဆိုး … မဟုတ် မဟုတ်ဘူး။ ဒါက ချစ်တဲ့ဇာယီ။ ဒီဟာ မင်းရဲ့နာမည်အရင်း မဟုတ်မှန်း ငါ သိပေမယ့် ငါ မင်းကို ခေါ်တဲ့ နာမည်တစ်ခုပဲ။ မင်း ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာတုန်း။ ငါတို့ကြားမှာ နားလည်မှု လွဲနေတာများ ရှိနေလား။”
“ငါတို့ကြားမှာ နားလည်မှုလွဲနေတာ မရှိပါဘူး အက်ရှ်ဘာဖို့ဒ်။ ဒါပေမယ့် မင်းက ငါ့သူဌေးရဲ့ပစ္စည်းကို ခိုးယူပြီး သူ့ကို စိတ်အနှောင့်အယှက်ပေးနေတယ်။ အဲ့ဒါကြောင့် မင်းကို အပြစ်ပေးရတော့မယ်။ ငါ့ရဲ့အရင်စည်းမျဉ်းတွေအရဆိုရင် မင်းကို နေရာမှာတင် တန်းသတ်ပစ်လိုက်မှာပဲ။ ငါ့ဘယ်လက်မောင်းမှာ မင်း ချန်ထားခဲ့တဲ့ ကျည်ဆန်ကို ငါ ခုထိ မမေ့သေးဘူး။”
“မလုပ် … မလုပ်ပါနဲ့ ဇာယီ။” အက်ရှ်ဘာဖို့ဒ်က အလျင်စလို ပြောလိုက်သည်။
“အစတုန်းက ငါတို့ကြားမှာ ရန်သူလိုဆက်ဆံရေး မရှိပါဘူး။ ငါ လုပ်ခဲ့တယ်ဆိုတာကလည်း မင်းက ကူဘိုကလန်က ကျွမ်းကျင်သူတွေအများကြီးကို သတ်လိုက်တာကိုးကွ။ နောက်ပြီး ဒီပြသနာကလည်း ငါတို့ကြားမှာ ရှင်းလင်းနေပြီလို့ ငါထင်တာပဲ။ ဒါနဲ့ မင်းရဲ့သူဌေးက ဘယ်သူများလဲ။ ငါ သူနဲ့ စကားပြောလို့ရနိုင်မလား။ ငါတို့တွေ စကားပြောလိုက်ရင် အရာရာ ဖြေရှင်းလို့ရလိမ့်မယ်လို့ ငါထင်တယ်။”
“မရဘူး။ ဘာအမှား ဘာနားလည်မှုလွဲတာမှ မရှိတော့ဘူး။” ထိုက်ကျုံးကွေ့က သရော်လိုက်သည်။
“မင်း စိတ်ချပါ။ ငါတို့သူဌေးက ကြင်နာတတ်တော့ မင်းတို့ကို မသတ်ခိုင်းထားပါဘူး။ ဒါပေမယ့် မင်းတို့တွေ ငါတို့နဲ့ ခရီးတစ်ခု လိုက်ခဲ့ရလိမ့်မယ်။ ဒါပေါ့ မင်း ခုခံရင်တော့ ငါ သတ်ခွင့်ရှိသေးတာပေါ့။”
****
ယနေ့ည ကြယ်တာရာတွင် ထာဝရခန်းမ၏ အဖွဲ့ဝင်များက ရန်သူများစွာကို ဖမ်းဆီးသည့် အဖြစ်အပျက်များသည် နေရာများစွာတွင် ဖြစ်ပွားခဲ့သည်။ အရာအားလုံး ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့ပြီး တိုက်ပွဲကြောင့် ကျဆုံးခဲ့သူ အနည်းငယ်မှလွဲ၍ ကျန်သောသူများမှာ အလဲထိုးခံရခြင်း၊ ချုပ်နှောင်ခံရခြင်းတို့ တွေ့ကြုံရသည်။ ထို့နောက် ထိုသူများအား ကြိုတင်ပြင်ဆင်ထားသည့် ကွန်တိန်နာတင်ကားပေါ်သို့ ပစ်တင်ခဲ့သည်။
မြစ်ဟောင်းဒေသရှိ မော်တော်ယာဉ်ကားဂိုဒေါင်တွင် ထန်ရှုသည် ခြံဝင်းထဲတွင် ထိုင်ကာ ပြဿနာအချို့ကို စဉ်းစားနေရင်း သူ၏လက်ကိုင်ဖုန်း မြည်လာခဲ့သည်။
"ဘယ်လို ဖြစ်သွားပြီလဲ ထိုက်ကျုံးကွေ့။" အဖြေခလုတ်ကိုနှိပ်ပြီးနောက် ထန်ရှုက တိုက်ရိုက် မေးလိုက်သည်။
"ပြီးပြီ သူဌေး…" ထိုက်ကျုံးကွေ့က ပြောသည်။
“စာရင်းထဲမှာ ပါတဲ့သူတွေအားလုံးကို ငါတို့ ဖမ်းထားပြီးပြီ။ စာရင်းထဲမပါတဲ့ သူတွေကိုလည်း ဖမ်းပြီး အားလုံးကို ဆိပ်ကမ်းကို ပို့လိုက်ပြီ။ ဒီညတော့ တရုတ်ပြည်ကနေ ထုတ်သွားလိုက်မယ်။”
"အဲ့ဒီသွားရာလမ်းမှာ သူတို့ရဲ့ လုံခြုံရေးကို အာရုံစိုက်ပြီး ကလန်ကဆန်လုပ်သူတွေကို သတ်ဖို့ သူတို့ကို ပြောလိုက်။" ထန်ရှုက ပြောလိုက်သည်။
"ကောင်းပါပြီ။" ထိုက်ကျုံးကွေ့က လေးလေးစားစား ပြန်ပြောသည်။
“ကားပစ္စည်းဆိုင်ကို လာခဲ့ဦး။ ကိုင်တွယ်ဖြေရှင်းစရာ ရှိနေလို့ မင်းကို ငါ လိုအပ်သေးတယ်။ နောက်ပြီး တခြားသူတွေ အခြေတကျ နေထိုင်ဖို့ ဆိတ်ငြိမ်တဲ့ နေရာကို ရှာ။ အပြင်လူတွေရဲ့အာရုံကို မဆွဲဆောင်မိစေနဲ့။” ထန်ရှု မှာကြားသည်။
"သူဌေး … သင်္ဘောပေါ်တက်ဖို့ လူတွေကို ငါ အရင် တင်ပေးလိုက်ဦးမယ်။ ပြီးတာနဲ့ လာခဲ့မယ်။" ထိုက်ကျုံးကွေ့က ပြောသည်။
"ကောင်းပြီ။" ထန်ရှုက ပြောသည်။
***