← Chapters

အဓိကဇာတ်ကောင် ရောက်ရှိလာသည်

Vol. 10 Ch. 496

အဓိကဇာတ်ကောင် ရောက်ရှိလာသည်

Vol. 10 Ch. 496

ဆောင်းဦး၏လေပြေလေညှင်းသည် ပုတီးစေ့ပမာဏရှိသော မိုးရေများအား အဆက်မပြတ် ရွာသွန်းစေသည်။

တစ္ဆေသဖွယ် အရိပ် ၃ခုသည် ထန်ရှုရှိသည့် ကားဂိုဒေါင်အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ မကြာမီတွင် ထိုလူသုံးဦးသည် နံရံပေါ်မှ ခုန်ဆင်းဝင်ရောက်လာပြီး စွန့်ပစ်ထားသော ကားခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ထန်ရှု၏အရှေ့တွင် ပေါ်လာသည်။

ထန်ရှု၏လက်ရှိခွန်အားဖြင့် အနှောင့်အယှက်လက္ခဏာ သေးသေးလေးကပင် သူ့အား သတိပေးနိုင်သည်။ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုက်ကျုံးကွေ့ နှင့် ထာဝရခန်းမ၏ကျွမ်းကျင်သူနှစ်ယောက်ကို တွေ့လိုက်ရသည်။

"ဒါဆို ဘယ်လိုဖြစ်သွားပြီလဲ။"

သူ၏လက်သီးတွေကို စုကာ အရိုအသေပေးရင်း ထိုက်ကျုံးကွေ့က

"ပြီးပြီ သူဌေး။ မှောင်ခိုကုန်တင်သင်္ဘောတစ်စင်းနဲ့ လျှို့ဝှက်ပို့ဆောင်မယ့်လူက စုစုပေါင်း ၆၆ ဦးရှိတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကို ငါတို့ သိပ်တော့ မရင်းနှီးသေးဘူး။ မြွေခေါင်းကတော့ ပြောတယ် ဒီနှစ်တွေထဲတော့ အဲ့ဒီလမ်းကြောင်းမှာ ဘာအစစ်အဆေးမှ မရှိဘူးတဲ့။ သင်္ဘောက တောင်တရုတ်ပင်လယ်ထဲ ရောက်သွားရင်တော့ ငါတို့ အထူးလမ်းကြောင်းအတိုင်း အာဖရိကမှာရှိတဲ့ မိုင်းတွင်းတွေကို ချောချောမွေ့မွေ့ ပို့ပေးမှာပါ။”

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"မင်းတို့ရဲ့ ဒီကိစ္စကို ကိုင်တွယ်ပုံက ငါ့ကို သက်တောင့်သက်သာ ဖြစ်စေတယ်။ ငါ မင်းတို့ကို ခေါ်ရတဲ့ အကြောင်းရင်းက ဖြေရှင်းစေချင်တဲ့ နောက်ထပ်ကိစ္စတစ်ခုကြောင့်ပဲ။”

"ကျေးဇူးပြုပြီး ငါတို့ကို ပြောပါ။" ထိုက်ကျုံးကွေ့က လေးစားစွာ ပြောသည်။

“ကြယ်တာရာကို လာပြီး ငါ့ရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုကို အာရုံကျနေတဲ့ အင်အားစုတွေတော့ ရှင်းသွားပြီဆိုပေမယ့် မစွန့်လွှတ်သေးတဲ့ အင်အားစုအချို့တော့ ရှိသေးတယ်။ သူတို့တွေက လာမည့်ရက်အနည်းငယ်အတွင်း ကြယ်တာရာကို ရောက်လာလိမ့်မယ်လို့ ငါ ခန့်မှန်းထားတယ်။ ဒါကြောင့် ပွဲကောင်းတစ်ပွဲ ကစားဖို့ တခြားအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ရလိမ့်မယ်။"

"တခြားအဖွဲ့က ဘယ်သူလဲ။” ထိုက်ကျုံးကွေ့ စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။

"ဂျပန်က ယာမာမိုတိုကလန်။" ထန်ရှု ဖြေသည်။

"သူဌေး … ငါတို့က ယာမာမိုတိုမိသားစုနဲ့ ဘာလို့ ပူးပေါင်းရမှာလဲ။ အဲ့ဒီမိသားစုအကြောင်းကို ငါ သိတယ်။ သူတို့တွေ ကိစ္စတွေကို ကိုင်တွယ်ပုံက ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ရွံရှာဖွယ်နည်းမျိုးစုံကို အသုံးပြုတယ်။ ငါ သူတို့နဲ့ တစ်ခါ ထိပ်တိုက်တွေ့ဖူးတယ်။ သူတို့လူတွေကို ငါသတ်ခဲ့ပေမဲ့ ညီအစ်ကိုအတော်များများလည်း သူတို့လက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။”ထိုက်ကျုံးကွေ့က အေးစက်စွာ ပြောသည်။

“ဒီယာမာမိုတိုတွေက တကယ်ကို ဖော်ရွေတဲ့လူတွေ မဟုတ်ဘူး။ ဒါပေမယ့် ဒီတကြိမ် သူတို့အဖွဲ့ကို ကြယ်တာရာဆီဦးဆောင်ခေါ်လာမယ့်သူက ယာမာမိုတိုမိသားစုရဲ့ သခင်မလေး ဖြစ်သလို ဂျပန်ကြယ်ဓားတစ်စင်းသင်တန်းကျောင်းရဲ့ အနာဂတ်ကျောင်းအုပ်လည်း ဖြစ်တယ်။ သူမက ကုဝါကိုယာမာမိုတိုလို့ ခေါ်ပြီး ငါ့လက်အောက်ခံ တစ်ယောက်ပဲ။”

"ကုဝါကို ယာမာမိုတိုလား…" ထိုက်ကျုံးကွေ့၏ အမူအရာ ပြောင်းလဲသွားသည်။

"ငါ သူ့အကြောင်း ကြားဖူးတယ် သူဌေး။ သူမက မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းကို ဝင်ရောက်ခဲ့ပြီး ကျောင်းရဲ့လက်ရှိ ကျောင်းအုပ်က မျက်နှာသာပေးတာခံရတဲ့၊ ယာမာမိုတိုကလန်ရဲ့ ထူးချွန်တဲ့ ဂျူနီယာတစ်ယောက်ပဲ။ ဥရောပနဲ့ တောင်အမေရိကတစ်လွှားက လုပ်ကြံသတ်ဖြတ်မှု တစ်ဒါဇင်ကျော်မှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကြားထဲမှာ သူမရဲ့ပုံရိပ်ကို လွန်ခဲ့သောနှစ်အနည်းငယ်က ငါ မြင်တွေ့ခဲ့ဖူးတယ်။”

“ကုဝါကိုက တကယ်ကို ကြောက်စရာကောင်းတယ်။ သူမက မင်းနဲ့ယှဉ်ရင် နည်းနည်းလေး အားနည်းနေသေးပေမယ့် မကြာခင် အမှီလိုက်လာမယ်ဆိုတာ သေချာတယ်။ အဲဒီ့အတွက် သူမမှာ အရည်အချင်းရှိတယ်လို့ ဆိုရမယ်။ ဒါကြောင့် မင်းတို့လည်း တာဝန်ထမ်းဆောင်ချိန်မှတစ်ပါး ကျင့်ကြံရေးမှာ ကြိုးစားအားထုတ်ရမယ်။ နောက်ပြီး သူမက ငါ့ရဲ့လက်အောက်ငယ်သားလည်း ဖြစ်တာမို့ သစ္စာစောင့်သိမှုနဲ့ပတ်သက်ပြီး မင်းရဲ့စိုးရိမ်ပူပန်မှုတွေကို ပယ်ဖျောက်လို့ရတယ်။  ဒီတစ်ခါတော့ သူမက ကလန်ရဲ့အမိန့်အတိုင်း ဒီကို လာရတာမို့ ငါတို့ပြမယ့်ပွဲမှာ သူမနဲ့ ပူးပေါင်းပေးရမယ်။"

"ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါ သူဌေး။" ထိုက်ကျုံးကွေ့က ပြောသည်။

ထန်ရှုက သူ့စိတ်ထဲတွင် ရှိနေသည့် အစီအစဉ်အား ဖြည်းဖြည်းချင်း ရှင်းပြအပြီးတွင် သူက “ယာမာမိုတိုကလန်မှာ ကုဝါကိုယာမာမိုတိုရဲ့ အဆင့်အတန်းကို ယခင်အတိုင်း ရှိနေစေဖို့ မင်းတို့  ဉာဏ်သတိနဲ့ တိတ်တဆိတ် လုပ်ရမယ်။ သူတို့အဖွဲ့ ကြယ်တာရာကို ရောက်တာနဲ့ ဖယ်ရှားရမယ့် လူစာရင်းကို မင်းကို ငါ ပေးမယ်။ ဒါပေမယ့် စာရင်းထဲမှာ မပါတဲ့ တခြားသူတွေကတော့ သေဆုံးတာတို့၊ ဒဏ်ရာအပြင်းအထန်ရတာတို့ မဖြစ်စေရဘူး။”

“ဟုတ်ကဲ့ပါ။” ထိုက်ကျုံးကွေ့က လက်သီးစုကာ အရိုအသေပြုရင်း ပြောလိုက်သည်။

****

ကမ္ဘာမြေကြီးပေါ် တစ်နေ့တာ၏ပထမဆုံး နေရောင်ခြည် ထွန်းလင်းကျရောက်လာချိန်တွင် အေးမြသော လေနုအေး အလယ်၌ ရော်ရွက်ဝါများ လွင့်မျောနေသော သာယာသည့် မနက်ခင်းတစ်ခု အစပြုခဲ့ပြီဖြစ်သည်။ ဆောင်းဦးတွင် ပွင့်သော ပန်းများစွာသည် ခြံဝင်းထဲရှိ လေထုအပြည့် သင်းပျံ့သော ရနံ့များ ထုတ်လွှတ်လျက် ရှိသည်။

“လေထုက အရမ်းကောင်းပြီး အတော် သန့်ရှင်းလတ်ဆတ်တဲ့လေပဲ။"

အခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် ခန်းရှသည် တံခါးဝတွင် ပေါ်ထွက်လာသည်။ သူမ၏လက်ကလေးများအား သက်တောင့်သက်သာ ဆန့်ထုတ်ပြီးနောက်တွင် သူမ၏အကြည့်များသည် နှင်းမှုန်များဖြင့် စိုစွတ်နေသော ဆံပင်ပိုင်ရှင် ထန်ရှုထံသို့ ရောက်လာသည်။

ထန်ရှုက ပြုံးလျက်

"မနေ့ညက မိုးရွာလိုက်တော့ မိုးစက်လေးတွေက လေထုကို ပိုပြီး သန့် ရှင်းလန်းဆန်းသွားစေတယ်။ ကောင်းကောင်း အိပ်ပြီးသွားပြီလား။ အခု ထွက်ခွာဖို့ အဆင်သင့်ပဲလား။"

မနေ့ညက ရင်ခုန်စရာကောင်းသည့် ချစ်ရည်လူးရသည့် မြင်ကွင်းကို ပြန်လည်အမှတ်ရရင်း ခန်းရှ၏ လွန်စွာလှပသောမျက်နှာလေးသည် နှင်းဆီရောင် သန်းသွားရသည်။ သူမက ခေါင်းညိတ်ပြပြီး

“ငါ ကောင်းကောင်း အနားယူခဲ့ပါတယ်။ ဒါနဲ့ မနေ့ညက ထာဝရခန်းမက တစ်ယောက်ယောက် ပြန်လာသေးတာလား။”

"ထိုက်ကျုံးကွေ့ ဒီကို ရောက်လာတာ။ ကိုယ်တို့ရဲ့စစ်ဆင်ရေးက အောင်မြင်စွာပြီးဆုံးခဲ့ပြီး ခမ်းနားသောထန်ကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်တဲ့သူအားလုံးကို သင်္ဘောတင်ပြီး ပြည်ပကို လွှတ်လိုက်တယ်။ ရက်အနည်းငယ်လောက်ဆိုရင် အဲ့ဒီလူတွေ အာဖရိကရဲ့ ဝေးလံခေါင်သီတဲ့ မိုင်းတွင်းဒေသကို ရောက်နေရော့မယ်။ အစောပိုင်းက ကိုယ်ပြောခဲ့သလိုပဲ ထိုက်ကျုံးကွေ့တို့တွေ ဒီမစ်ရှင်ကို အထစ်အငေါ့မရှိဘဲ ပြီးမြောက်ခဲ့တယ်။”

“သူတို့က တကယ့်ကို တော်ကြတာပဲ။” ခန်းရှက ချီးကျူးလိုက်သည်။

“သူတို့ထဲက ဘယ်သူမဆို သိုင်းဘိုးအေအဆင့်ထက် ပိုပြီးအားကောင်းတယ်။ နောက်ပြီး နိုင်ငံရပ်ခြားကနေ ရလာတဲ့ အတွေ့အကြုံတွေကလည်း သူတို့တွေကို အရည်အချင်းပြည့်မီတဲ့ အဖွဲ့တစ်ခု ဖြစ်လာစေခဲ့တယ်။ မနေ့ညက မစ်ရှင်မှာ အသေးအဖွဲကိစ္စကလွဲလို့ ဘာမှ မဖြစ်တဲ့အတွက် ချောချောမွေ့မွေ့လုပ်နိုင်တယ်လို့ သူတို့ကို ယုံကြည်ထားပြီးသား။”

ခန်းရှ၏မျက်လုံးများသည် အနည်းငယ် မှုန်မှိုင်းသွားဟန်ရှိသော်လည်း သူမသည် တစ်ခုခုကို စဉ်းစားနေသလိုမျိုး စကားပြန်မပြောဘဲ သူမ၏နေရာတွင် ငြိမ်နေခဲ့သည်။

"ဘာတွေ တွေးနေတာလဲ။" ထန်ရှုက မေးလိုက်သည်။

ခန်းရှက အာရုံပြန်ဝင်လာပြီး အပြုံးဖြင့်

"သူဌေး … ငါက နောက်အနှစ် ၂၀အတွက် စိတ်ကူးယဉ်နေတာ။ နင်က စိတ်ကူးကောင်းတွေ ရှိသလို သတ္တိကောင်းပြီး စွမ်းအားရှိတဲ့သူတစ်ယောက်ပါ။ နင့်ရဲ့ ဉာဏ်ပညာ၊စွမ်းရည်နဲ့ဆိုရင် နင့်ရဲ့အတွေးအမြင်က သာမန်လူတွေ စိတ်ကူးမယဉ်နိုင်တဲ့ အရာတစ်ခုပါပဲ။ နောင်အနှစ်၂၀လောက်ဆိုရင် နင် ဘယ်လောက် အစွမ်းထက်လာမလဲဆိုတာ ငါ တွေးတောင် မတွေးရဲတော့ဘူး။"

ထန်ရှုက ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ

"မင်း ကိုယ့်ကို မြှောက်နေမှန်း သိနေပေမယ့် ကြားရတာ ကျေနပ်နေတုန်းပဲဆိုတာ မင်း သိသင့်တယ်။ ဒါနဲ့ ဒီအတွေးကို ဘယ်လိုရခဲ့တာလဲ။"

“အဲ့ဒီကလေးတွေဆီကပဲ။” ခန်းရှက ပြောသည်။

ထန်ရှုက တိတ်ဆိတ်နေပြီး ဖြည်းဖြည်းချင်း ပြောသည်။ "အရည်အချင်းနဲ့ အကျင့်စရိုက်ကောင်းတွေရှိတဲ့ အိမ်ယာမဲ့ကလေးတွေ အများကြီး မွေးစားရမယ်။ ဒါပေမယ့် အနာဂတ်မှာ ကိုယ် ထွက်ခွာသွားတဲ့အခါ သူတို့တွေထဲက အနည်းငယ်လောက်ပဲ ကိုယ့်ရဲ့အနောက်က လိုက်နိုင်လိမ့်မယ်။ အနှစ် ၂၀ လောက် သူတို့ကို လေ့ကျင့်ပေးတာကို အသာထား အနာဂတ်မှာ သူတို့ အသက်ရှင်နေသရွေ့  နှစ် ၂၀၀ လောက် လေ့ကျင့်ပေးရလည်း ပြဿနာမရှိဘူး။”

"လူသားတစ်ယောက်က အသက် ၂၀၀နှစ်ထိ တကယ်အသက်ရှည်နိုင်ပါ့မလား။"

ခန်းရှက သိချင်သော အမူအရာဖြင့် မေးလိုက်သည်။

ထန်ရှုက လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးကို ပြုံးလိုက်ပြီး

“နှစ်ပေါင်း ၂၀,၀၀၀ ဒါမှမဟုတ် ဒီ့ထက်ပိုကြာအောင် နေထိုင်လာတဲ့ ကြောက်စရာကောင်းတဲ့လူတွေကို ကိုယ် တွေ့ဖူးတယ်။ လက်ရှိ မင်း ကြုံတွေ့နေရတဲ့ အရာထိကတော့ နည်းနေတုန်းပဲ။ ခဏစောင့်ပါ။ မင်း လုံ့လစိုက်ထုတ်ပြီး ကောင်းကောင်းကျင့်ကြံနိုင်သရွေ့ အနာဂတ်မှာ မင်း ကိုယ်နဲ့အတူ လိုက်နိုင်မယ်ဆိုတာ သေချာတယ်။"

"ငါတို့ ဘယ်နေရာကို သွားရမှာလဲ။" ခန်းရှ အမြန် မေးလိုက်သည်။

“နတ်ဘုရားနဲ့အင်မော်တယ်တွေ နေထိုင်ရာအရပ်ပေါ့။ ကောင်းပြီ … ကိုယ်တို့ ဒီအကြောင်းကို မပြောပါနဲ့ဦး။ အခု ဗိုက်ဆာနေပြီမို့ မနက်စာ အရင်စားရအောင်။ ပြီးရင် မင်းကို ကုမ္ပဏီဆီ လိုက်ပို့ပေးမယ်။ ကိုယ့်မှာလည်း တခြားလုပ်စရာတွေ ရှိသေးတယ်။"

"နင် ဘယ်သွားမလို့လဲ။" ခန်းရှက အံ့ဩသော အမူအရာဖြင့် မေးသည်။

"ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံ။" ထန်ရှုက နှုတ်ခမ်းကော့တက်သွားအောင် ပြုံးရင်း ပြန်ဖြေသည်။

****

…ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင်…

ဆေးရုံအဝင်ဝတွင် လူစီးကြောင်းများစွာဖြင့် စည်ကားနေသည်။ ထိုဆေးရုံတွင် လီဟွန်ဂျီသည် စိုးရိမ်တကြီး မျက်နှာထားဖြင့် အရှေ့လျှောက် အနောက်လျှောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ သူ၏ဘေးနားက သိုက်ရှင်းရွှယ်ခမျာလည်း ဂုဏ်ယူနေသော အမူအရာတစ်ခု သူမ၏မျက်နှာပေါ်တွင် ရှိနေသည့်တိုင် လက်ပတ်နာရီအား စိုးရိမ်တကြီးဖြင့် ခဏခဏ ငုံ့ကြည့်နေရသည်။

"ဆေးရုံအုပ်ကြီး … ဆရာသခင့်ဆီ ကျွန်မ ဖုန်းဆက်လိုက်ရမလား။"

သိုက်ရှင်းရွှယ် နောက်ဆုံးတွင် သည်အခြေအနေအား သည်းမခံနိုင်တော့ပေ။

လီဟွန်ဂျီ၏အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသော်လည်း အနည်းငယ် နေရခက်သွားသည်။ ထို့နောက် ခေါင်းယမ်းကာ

“အဲ့ဒါက မလိုအပ်ဘူးထင်တယ်။ ထန်ရှုက ဆေးရုံလာကုပေးမယ်လို့ ပြောရင် သူ့ကတိကို လိုက်နာမှာ သေချာပါတယ်။ ငါတို့ နည်းနည်း ထပ်စောင့်ရအောင်။ နောက်ပြီး အလုပ်ချိန်က နာရီဝက် လိုသေးတယ်။ အချိန်မီရောက်လာမယ်ဆိုတာ သေချာပါတယ်။”

“မနေ့ညက ဆရာသခင့်ဆီကို ဖုန်းဆက်ပြီး မနေ့က ကြယ်တာရာကို တကယ်ပြန်လာ၊ မလာ  အတည်ပြုခဲ့သေးတယ်။ သူ ဒီကို လာနေတာ ဖြစ်နိုင်တယ်။” သိုက်ရှင်းရွှယ်က ပြုံးပြီး ပြောသည်။

"အင်း…" လီဟွန်ဂျီ အနည်းငယ် စိတ်သက်သာသွားဟန် ရသော်လည်း သူ၏မျက်လုံးများက ကားလမ်းမကြီး အဆုံးနှစ်ဖက်အား စောင့်ကြည့်နေခဲ့သည်။

…ကျွီ...

လီဟွန်ဂျီနှင့် သိုက်ရှင်းရွှယ်အနီးတွင် ကားတာယာ ဘရိတ်ဆွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ကားမောင်းသူနေရာ၏ပြတင်းပေါက်သည် အသာကျသွားကာ ထန်ရှုက

"ဆေးရုံအုပ်လီ၊ ရှင်းရွှယ် … မင်းတို့နှစ်ယောက် အပြင်မှာ ဘာလုပ်နေတာလဲ။ ကျွန်တော့်ကို စောင့်နေတာလား။"

"ဆရာသခင်…" သိုက်ရှင်းရွှယ် အံ့သြဝမ်းသာစွာ အော်လိုက်ရင်း မျက်လုံးများ တောက်ပလာသည်။

လီဟွန်ဂျီက အံ့အားသင့်သွားသော်လည်း ဝမ်းသာအားရဖြစ်သွားကာ

“ထန်ရှု နောက်ဆုံးတော့ မင်းရောက်လာပြီ။ ဒီနေ့ ငါတို့ဆေးရုံက ပြည့်ကျပ်နေရော။ သူတို့အားလုံးက မင်းကိုစောင့်နေတဲ့ လူနာတွေချည်းပဲ။ မင်းသာ မလာရင် သူတို့ ငါ့ကို အရှင်လတ်လတ် ကိုက်စားမှာကို စိုးရတယ်။"

"ဟားဟားဟား … အပိုတွေပြောပါနဲ့ဗျာ ဆေးရုံအုပ်လီ။ ကောင်းပြီ ကျွန်တော် ကားကို အရင် သွားရပ်လိုက်ဦးမယ်။ နှစ်ယောက်သား လူနာစမ်းသပ်ခန်းထဲမှာ ကျွန်တော့်ကို စောင့်နေလေ။" ထန်ရှုက ရယ်မောပြီး ပြောလိုက်သည်။

လီဟွန်ဂျီ အလျင်အမြန် ပြောလိုက်သည်။

"ထန်ရှု … ကားပါကင်မှာ ကားရပ်စရာနေရာ မကျန်တော့ဘူး။ မင်းရဲ့ကားကို လုံခြုံရေးအစောင့်တွေကိုသာ ပေးလိုက်တော့။ လူနာစမ်းသပ်ခန်းဆီ လမ်းလျှောက်သွားရင်း စကားပြောကြတာပေါ့။ ငါ မင်းကို တစ်ခု ပြောစရာရှိတယ်။ အထူးအကြောင်းပြချက်တွေကြောင့် မင်းရဲ့ အရင်ကအခန်းကို အသုံးပြုလို့မရတော့ဘူး။ ဒါပေမယ့် မင်းအတွက် ပိုကျယ်တဲ့ အခန်းတစ်ခုကို ငါ တစ်ယောက်ယောက်ကို သန့်ရှင်းရေးလုပ်ပြီး ပြင်ဆင်ခိုင်းထားတယ်။"

ထန်ရှု ကားပေါ်ကဆင်းပြီး ကားသော့ကို လုံခြုံရေးအစောင့်ကို ပစ်ပေးလိုက်ပြီးနောက် စိတ်ဝင်တစား မေးလိုက်သည်။

"အထူးအကြောင်းပြချက်ဟုတ်လား။ ဘယ်လို ထူးခြားတဲ့ အကြောင်းပြချက်တွေ ရှိနေတာလဲ။”

လီဟွန်ဂျီက အတွင်းဘက်သို့ ညွှန်ပြရင်း

“လူနာပြသတဲ့အဆောက်အအုံရဲ့ အရှေ့ဘက်ခြမ်းက အကြီးဆုံးလူနာပြသခန်းကို တစ်ချက်ကြည့်။ မကြာမီဆို တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းနှစ်ခုက အဲ့ဒီနေရာကို ရောက်ရှိတော့မယ်။ သူတို့အားလုံးရဲ့ တူညီတဲ့ အချက်တစ်ခုက မင်းက သူတို့ကို စစ်ဆေးပေးစေချင်တယ်။ ဆရာဝန်တစ်ယောက်ရဲ့ တရားဝင်အလုပ်ချိန်စဖို့က နာရီဝက် လိုသေးတယ်။ ဒီတန်းစီတာက တစ်နာရီအတွင်း ဘယ်လောက် ရှည်လာမယ်ဆိုတာ ဘယ်သူ သိပါ့မလဲ။”

ထန်ရှု အတွင်းသို့ လှမ်းကြည့်လိုက်ရာ လူတန်းရှည်နှစ်ကြောင်းသည် မီတာ ၂၀ မှ ၃၀ အရှည်စီ ရှိနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏နှုတ်ခမ်းများ အကြိမ်အနည်းငယ်ခန့် မဲ့ရွဲ့သွားရသည်။ လူနာပြရမည့်အဆောက်အဦး အပြင်ဘက်တွင် တန်းစီနေသော လူအရေအတွက်သည် ရာချီနေခဲ့လေပြီ။ ထိုတန်းစီသူများ၏သုံးပုံတစ်ပုံသာ ဆရာဝန်နှင့် တွေ့ချင်သည်ဆိုရင်တောင်ပင် အရေအတွက်က လူတစ်ရာကျော် ရှိနေဆဲဖြစ်သည်။ လူနာပြရမည့်အဆောက်အဦးအတွင်းရှိ ကော်ရစ်ဒါတလျှောက်တွင် ရှိနေသော လူဦးရေများသာ ပေါင်းထည့်လိုက်မည်ဆိုပါက ... ထိုသူတို့အားလုံးကို ဆွေးနွေးကုသရန် အချိန်မည်မျှကြာနိုင်မည်ကို ထန်ရှု တွေးပင် မတွေးဝံ့တော့ချေ။

"ဆေးရုံအုပ်လီ … ကျွန်တော် ဒီနေ့ လူနာစမ်းသပ်မှုကို မပြီးနိုင်လောက်ဘူး။ ဒီလူနာတွေကို တခြားဆရာဝန်တွေကိုပါ မျှဖို့ နည်းလမ်းတွေကို ဘယ်လို စဉ်းစားထားသေးလဲ။ ဒါပေါ့ … တကယ်ပဲ ခက်ခဲတဲ့ ရောဂါဝေဒနာရှင်တွေ ရောက်လာတယ်ဆိုရင် သူတို့ကို ကျွန်တော့်ဆီ လွှဲပေးလို့ရတယ်။”

"ငါလည်း အဲ့ဒီလို စဉ်းစားဖူးတယ်။" လီဟွန်ဂျီက မချိပြုံး ပြုံးရင်း “ဒါပေမယ့် အများစုက မင်းကို ကြည်ညိုလေးစားတာကြောင့် နိုင်ငံတိုင်းက လာပြီး အကုသခံချင်တယ်။ သူတို့ထဲက တချို့တွေဆို မင်းကို စောင့်နေဖို့ ငါတို့ ကြယ်တာရာဆေးရုံမှာ တစ်လကျော်လောက် နေခဲ့ရတာ။"

တခဏလောက် စဉ်းစားပြီးနောက် ထန်ရှုက အံကို တင်းတင်းကြိတ်ကာ

"အဲ့ဒီလိုဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမယ့် ခင်ဗျားရဲ့အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုတယ်။ မြင်တဲ့အတိုင်းပဲ လက်ရှိတန်းစီနေတဲ့လူနာတွေက အများကြီး ရှိနေပြီဖြစ်လို့ ဒီလိုင်းမှာရှိတဲ့ လူနာတွေအတွက် တန်းစီတာကို စပြီးပိတ်လိုက်မယ်။ နောက်ကျမှ ရောက်လာတဲ့ လူနာတွေက အရေးပေါ် အခြေအနေမဟုတ်ခဲ့ရင် ဒီနေ့ ဆေးစစ်ဖို့ အစီအစဉ်ထဲ ပါမှာ မဟုတ်ဘူး။ မဟုတ်ရင် ဒီနေ့ ကျွန်တော် သေလောက်အောင် မောပန်းသွားလည်း သူတို့ကို ပြီးအောင် ကုသနိုင်မှာ မဟုတ်ဘူး။”

***

All Chapters