← Chapters

ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးခြင်း

Vol. 11 Ch. 501

ခွင့်ပြုချက်မရှိဘဲ ရိုက်ကူးခြင်း

Vol. 11 Ch. 501

နေ့လည်စာစားချိန်၌ ထန်ရှုသည် ကော်ဖီဆိုင်တွင် စားရန် ထွက်လာသည်။ သို့သော် လူနာစမ်းသပ်ခန်းမှ သူ ထွက်ခွာလာစဉ် အခန်းတံခါးဝတွင် လုံခြုံရေးအစောင့်နှစ်ဦးသာမက စင်္ကြံ လျှောက်လမ်းတွင် စည်းကမ်းထိန်းသိမ်းရန် ရဲအဖွဲ့ဝင် လေးဦးပါ ရှိနေသောကြောင့် သူ၏အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

"ငါတို့တွေ ဒီလိုချဲ့ကားဖို့ လိုသလား။" ထန်ရှုက သူ၏နှာခေါင်းကို ထိလိုက်ရင်း သိုက်ရှင်းရွှယ်ကို ပြုံးကာ ပြောသည်။

"တကယ်တော့ ဒီမနက်ခင်းမှာ ထူးခြားတဲ့ အခြေအနေတွေ ရှိနေတယ် ဆရာသခင်။ ဒါကြောင့် ဆေးရုံအုပ်နဲ့ ပြည်သူ့လုံခြုံရေးဗျူရိုအကြီးအကဲသန်တို့ စီစဉ်ထားတဲ့ နောက်ဆုံးနည်းလမ်းတစ်ခုပါ။" သိုက်ရှင်းရွှယ်က ပြောသည်။

"ထူးခြားတဲ့ အခြေအနေတွေလား။ ဘာတွေ ဖြစ်သွားလို့လဲ။" ထန်ရှုက ထူးဆန်းသွားသော အမူအရာဖြင့် မေးလိုက်သည်။

“ဒီမနက် ဆေးရုံဝင်ပေါက်မှာ သတင်းထောက်တွေ အများကြီးရှိတယ်။” သိုက်ရှင်းရွှယ်က အားတင်းပြုံးကာ ပြောသည်။

“မြို့နယ်ရုပ်မြင်သံကြားဌာနနဲ့ ပြည်နယ်ရုပ်သံဌာနက လူတွေတောင် လာကြတယ်။ ကျွန်မသိသလောက်တော့ သတင်းထောက်ဒါဇင်ပေါင်းများစွာက ဆရာသခင့်ကို အင်တာဗျူးချင်နေလို့ အထဲကို အတင်းဝင်လာတယ်။ နောက်ဆုံး လုံခြုံရေးအစောင့်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့လို့ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တယ်။ ဆေးရုံအုပ်က အဲ့ဒီအဖြစ်အပျက်ကို သိသွားတော့ သူနဲ့ အကြီးအကဲသန်တို့ တိုင်ပင်ပြီး သူတို့တွေကို ဆေးရုံထဲ ဝင်ခွင့်မပြုဘူးလို့ တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ပြီး သူတို့ကို မောင်းထုတ်ဖို့ ကိုယ်တိုင်လာခဲ့တယ်။”

"သတင်းထောက်တွေလား။" ထန်ရှု မျက်မှောင်ကြုတ်လိုက်ရင်း

"သူတို့မှာ တခြားလုပ်စရာမရှိဘူးလား။ ဘာ့ကြောင့်များ ငါ့ကို အင်တာဗျူးချင်ရတာလဲ။”

“ဆရာသခင့်ရဲ့ နာမည်က အခု အရမ်းကို ရေပန်းစားနေတယ်။ ကျွန်မတို့ရဲ့ဆေးရုံဆီကို တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်က အင်တာနက်ဆယ်လီတစ်ယောက် ရောက်လာတာကို ကြားသိရပြီး သူမက ဆရာသခင်နဲ့ ကျွန်မတို့ရဲ့ တရုတ်တိုင်းရင်းဆေးရုံကြီးက လူပင်လယ်အကြောင်း သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုလိုင်းမှကနေ  ထုတ်လွှင့်ခဲ့တယ်။ အဲ့ဒါကြောင့် အဓိကမီဒီယာ ကွန်ရက်တွေအားလုံးက မနေ့ကသတင်းကို ရသွားခဲ့တယ်။ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဝီချက်(WeChat)နဲ့ ကျူကျူ(QQ)တို့လို ဆိုရှယ်မီဒီယာကွန်ရက်များစွာမှာ မျှဝေခဲ့ကြလို့ ဆရာသခင်က ခေါင်းစဉ်တစ်ခုအဖြစ် အခုဆို အရမ်းကို ကျော်ကြားနေပြီ။"

"ရှင်းရွှယ် ဒါအမှန်ပဲလား။" ထန်ရှု ကမန်းကတန်း မေးလိုက်သည်။

“ထင်ပေါ်တာကို ငါ ဘယ်တုန်းကမှ မကြိုက်ဘူး။ ဒီဟာသာ အမှန်ဆိုရင် ငါက ဘယ်သွားသွား ဘာလုပ်လုပ် အာရုံစိုက်ခံရတော့မယ်။”

သိုက်ရှင်းရွှယ်က လက်ညိုး ထောင်လိုက်ပြီး

“ဆရာသခင် … ကျွန်မပြောသမျှ မှန်တယ်လို့ ပြောရဲပါတယ်။ ကျွန်မ ပြောတာကို မယုံရင် အင်တာနက်ထဲ ရှာကြည့်လို့ရတယ်။ ဝဘ်ဆိုက်များစွာမှာ ဆရာသခင့်ကို ထူးခြားကောင်းမွန်တဲ့ သမားတော်တစ်ယောက်အဖြစ် သတင်းခေါင်းကြီးပိုင်းတွေမှာ ထည့်ထားတယ်။"

ထန်ရှု သူ၏လက်ကိုင်ဖုန်းကို အမြန်ထုတ်လိုက်သည်။ အင်တာနက်တွင် ရှာကြည့်လိုက်သောအခါ သူသည် မချိပြုံး ပြုံးပြရုံသာ ရှိတော့သည်။ သည်အခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူးပါချေ။

ရုတ်တရက် သူ၏အမူအရာ အနည်းငယ်ပြောင်းသွားပြီး အမြန်ပြောလိုက်သည်။

" ရှင်းရွှယ် … ကော်ဖီဆိုင်မှာ သွားစားနှင့်။ ငါ ဖုန်းဆက်စရာ ရှိနေလို့။ ပြီးရင် မင်းဆီကို ငါ ချက်ချင်းလိုက်လာမယ်။"

“ကောင်းပါပြီ ဆရာသခင်။ ကျွန်မ ထမင်းဟင်း မှာထားပေးပါ့မယ်။" သိုက်ရှင်းရွှယ်က ခေါင်းတစ်ချက်ညိတ်ပြီး ပြန်ဖြေသည်။

မိနစ်ဝက်အကြာတွင် ထန်ရှုသည် စင်္ကြံလမ်းမှ ထွက်လာပြီး သီးခြားထောင့်နေရာတစ်ခုတွင် ထန်အကြီးအကဲကြီးဆီသို့ ဖုန်းခေါ်ဆိုခဲ့သည်။

"အာ ရှုအာ …  မင်းငါ့ကို ဖုန်းဆက်ဖို့ သတိတွေ ဘာတွေရလို့ပါလား။"

ထန်ကောရှန့်၏လေသံသည် ထန်ရှု၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့်အတွက် အလွန်ပျော်ရွှင်နေဟန် ရှိသည်။

"ကျွန်တော် ပြဿနာသေးသေးလေးနဲ့ ကြုံခဲ့တယ် အဘိုး။ ကျွန်တော်က ကြယ်တာရာတိုင်းရင်းဆေးရုံမှာ ဆေးကုသမှုလုပ်ပေးနေတုန်း တစ်ယောက်ယောက်က ကျွန်တော့်ကို သတင်းဖွလိုက်တယ်။ ကျွန်တော့်ဆီ ဆေးကုဖို့ လာတဲ့လူတွေက အများကြီးရှိနေတော့ မီဒီယာတွေမှာ သတင်းခေါင်းကြီးပိုင်းတွေ အများကြီး ဖြစ်သွားတယ်။ ကျွန်တော့်အထောက်အထားသာ ဖော်ထုတ်ခံလိုက်ရရင် ယောင်မိသားစုကလည်း သတင်းရရှိသွားလိမ့်မယ်။ အဲ့လိုသာဆို ကျွန်တော့်ရဲ့ ဆေးပညာကျွမ်းကျင်မှုနဲ့ အဖိုးရဲ့ပန်းနာရင်ကျပ်ရောဂါကို ပျောက်ကင်းစေဖို့ ပြဿနာမရှိဘူးဆိုတာ သူတို့ ခန့်မှန်းမိသွားနိုင်တယ်။ နောက်ပြီး အဖေ မေ့မျောနေတဲ့ အခြေအနေက ပြန်လည်ကောင်းမွန်လာတာကလည်း ကျွန်တော့်လက်ချက်ဆိုတာကို တွက်ဆသွားနိုင်တယ်။"

ထန်ကောရှန့်က တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်းက တကယ်ကို ထန်ကောရှန့်ရဲ့မြေး ပီသပါပေတယ်။ စေ့စေ့စပ်စပ်နဲ့ ဂရုတစိုက်ရှိတဲ့ ဦးနှောက်ပိုင်ရှင်ပဲ။ ဘာပဲဖြစ်ဖြစ် မင်း အဖိုးဆီ ဖုန်းမဆက်ခင်ကတည်းက ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ မင်း ဆေးကုသမှု လုပ်ပေးနေတဲ့အကြောင်း အဖိုး သိထားပြီးသားပါ။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးထိ ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ ငါ့ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို ကြာရှည် ဖုံးကွယ်ထားနိုင်မယ့်ပုံ မပေါ်ဘူး။”

"ဒါဆို အဖိုး ဘာလုပ်မှာလဲ။" ထန်ရှုကို မေးလိုက်သည်။

"ငါတို့ရဲ့မဟာဗျူဟာထဲက ပြောင်းလဲမှုတစ်ခုပဲ။ အဲ့ဒီမတိုင်ခင်က ထန်မိသားစုက ငါတို့ရဲ့ အင်အားကို လျှို့ဝှက်ဖွံ့ဖြိုးအောင်လုပ်ဖို့ နည်းဗျူဟာကို အသုံးပြုခဲ့တယ်။ ဒါက အလုပ်မဖြစ်တော့ဘူးဆိုမှတော့ ငါ့ရောဂါ ပြန်လည်ကောင်းမွန်လာတာကို ကြေညာပြီး ဖုံးကွယ်မထားတော့ဘဲ ထန်မိသားစုကို ဖော်ထုတ်ပြသလိုက်မယ်။ အနောက်သုခဘုံဆီ ပြန်လာဖို့ ငါ့ကို စောင့်ဆိုင်းရင်းနဲ့ ငါတို့ထန်မိသားစုဟာ စောင့်ကြည့်နေတဲ့လူတွေအများကြီးရဲ့ အဆက်မပြတ် ဖိနှိပ်မှုကို ခံနေရတာ နှစ်ပေါင်း ၂၀ကျော် ကြာ ရှိခဲ့ပြီ။ အခု သူတို့ကို ထိတ်လန့်တကြားဖြစ်အောင် လုပ်ပေးသင့်တယ်။”

"ကျွန်တော်တို့ထန်မိသားစုအတွက် အင်အားကို လျှို့ဝှက်ဖွံ့ဖြိုးအောင် လုပ်ပြီး စင်မြင့်ဆီ တန်းတန်းမတ်မတ် တက်သွားမယ်ပေါ့။ ထန်မိသားစုက ကိုယ့်ဘာသာကိုယ် ဒီလိုတိုးတက်အောင် လုပ်နေတာကို  ဟိုရန်လိုတဲ့ အင်အားစုတွေက ငြိမ်ထိုင်ကြည့်နေမှာ မဟုတ်တဲ့အတွက် အရမ်းအခက်အခဲဖြစ်သွားမှာကို ကျွန်တော် စိုးထိတ်တယ်။” ထန်ရှုက ဆိုသည်။

ထန်ကောရှန့် တစ်ဖန်တိတ်ဆိတ်သွားပြန်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ရှုအာ … အဖိုး မင်းကို တစ်ခုလောက် မေးချင်တယ်။”

“ကျေးဇူးပြုပြီး မေးပါ အဖိုး။” ထန်ရှုက ပြောသည်။

“ငါတို့ရဲ့မြှုပ်နှံငွေကို စုဆောင်းပေးရင် အခြားသူတွေ မသိအောင် မင်းက စွမ်းအားရှိတဲ့ အင်အားစုတစ်ခုကို လေ့ကျင့်ပေးနိုင်မလား။”

“ကျွန်တော် ငွေပမာဏကို အတိအကျ သိချင်တယ်အဖိုး။”

ထန်ကောရှန့် တစ်ချက်တွေးလိုက်ပြီး

“၅၀ဘီလီယံ။ ထန်မိသားစုရဲ့အများဆုံး စုဆောင်းနိုင်တဲ့ ပမာဏပဲ။ ခက်ခဲတာထက်ကိုပိုပြီး ငါ ကြောက်မိတယ်။”

“ကျွန်တော့်ကို ၄နှစ်အချိန်ပေးပါ။ ဒီပိုက်ဆံကို သုံးပြီး ထူးချွန်တဲ့ ကျွမ်းကျင်သူတစ်အုပ်စုကို လေ့ကျင့်ပေးမှာ ဖြစ်သလို ကျွမ်းကျင်တဲ့ ကျင့်ကြံသူ တစ်သုတ်အဖြစ်လည်း လေ့ကျင့်ပေးမှာ ဖြစ်တယ်။ နောက်ပြီး ကျွန်တော်လည်း အဲ့ဒီအထဲ မြှုပ်နှံနိုင်ပြီး ပမာဏ၂ဆ ဖြစ်လာမယ်။”

“ကောင်းတယ်။ အဲ့ဒါဆို ရက်အနည်းငယ်အတွင်း ပြန်လာခဲ့။ ထပ်ပြီး ပြောကြတာပေါ့။” ထန်ကောရှန့်က ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျွန်တော် ပေကျင်းကို ၅ရက်နေ့လောက် လာခဲ့မယ်။” ထန်ရှု ပြန်ပြောလိုက်သည်။

ဖုန်းချပြီးနောက် ထန်ရှု၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုတစ်ခု ရှိနေခဲ့လေသည်။ သူ့တွင် ငွေပြတ်လတ်နေသည်မဟုတ်သော်ငြား အချိန်တိုအတွင်း ၅၀ဘီလီယံ ရနိုင်ခြင်းသည် သူ့အတွက် ဆောင်ရွက်စရာအများအပြားအား လုပ်ဆောင်ရန် လုံလောက်ပေသည်။ သူ့တွင် အခြားကျွမ်းကျင်သောအရာ မရှိသည့်တိုင် ပိုက်ဆံအား အသုံးပြုပြီး ရင်းနှီးငွေများစွာ ရရှိအောင် ပြုလုပ်နိုင်ခြင်းသည် သူ၏အားသာချက်တစ်ခု ဖြစ်သည်။

အရည်အချင်း ရှိသူများနှင့် ကျွမ်းကျင်သူများကို ကျင့်ကြံမှုပေးရန် အရင်းအနှီးငွေပမာဏ ကြီးမားစွာ လိုအပ်ပြီး ထိုအရင်းအနှီးငွေကပင် သူ့အတွက် အခြေခံအကျဆုံး ပြဿနာဖြစ်သည်။

ထန်ရှုသည် အတွေးအား လက်စသတ်ကာ ကော်ဖီဆိုင်သို့ လာခဲ့သည်။

"အစစ အဆင်ပြေတယ်မဟုတ်လား နတ်ဆေးသမားတော်ထန်။"

"အာ … မင်းလည်း ဒီကို နေ့လည်စာ စားဖို့ လာတာပေါ့ နတ်ဆေးသမားတော်ထန်။"

"မင်းကို တကယ် လေးစားမိပါတယ် နတ်ဆေးသမားတော်ထန်။ မနေ့က မင်း နေ့လယ်စာ စားတာ ငါ မတွေ့မိဘူး။"

"ပင်ပန်းသွားရပြီ သမားတော်ထန်။"

“…”

ဆရာဝန်များစွာက သူ့အား တစ်ယောက်ပြီးတစ်ယောက် လာရောက်နှုတ်ဆက်ကြရာ ထန်ရှုသည် တစ်ယောက်မှ မသိသော်လည်း ယဉ်ကျေးမှုအရ ပြန်လည်နှုတ်ဆက်နေရသည်။ အားလုံးကို နှုတ်ဆက်ပြီးသွားသောအခါ ထန်ရှုသည် သိုက်ရှင်းရွှယ်ဆီသို့ လာခဲ့သည်။

“ဆရာသခင် … ကျွန်မ ရှင့်အတွက် အစားအသောက် မှာပေးထားတယ်။ ဆေးရုံအုပ်လီကလည်း အစက ဆရာသခင့်အတွက် အထူးကောင်းမွန်တဲ့ အစားအသောက် မှာပေးချင်တာ။ ဒါပေမယ့် ဆရာသခင်ရဲ့အစီအစဉ်ကို ကျွန်မ တွေးပြီး လက်မခံလိုက်ဘူး။ အဲ့ဒီအတွက် ကျွန်မကို အပြစ်မတင်ဘူးမဟုတ်လား။” သိုက်ရှင်းရွှယ်က ထရပ်ကာ အပြုံးဖြင့် ဦးကြိုရင်း ပြောလိုက်သည်။

“အဆင်ပြေသလို လုပ်ပါ။”ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထိုအချိန်တွင် လူရိပ်တစ်ခုသည် ထန်ရှုအနားသို့ ရောက်လာသည်။ သူမသည် စွန်းဝမ်ကျင်း ဖြစ်ပြီး သူမ၏နေ့လည်စာပန်းကန်ကို သယ်လာကာ သိုက်ရှင်းရွှယ်၏ဘေးမှ ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“နတ်ဆေးသမားတော်ထန် … အစစအရာရာ အဆင်ပြေတယ်မဟုတ်လား။”

ထန်ရှုက သူမအား မော့ကြည့်လိုက်ပြီး အပြုံးဖြင့် တုံ့ပြန်သည်။

“အာ … ဟယ်လို … ခင်ဗျားအမေရဲ့အခြေအနေရော ကောင်းတယ်မဟုတ်လား။”

ကျေးဇူးတင်သော အမူအရာဖြင့် စွန်းဝမ်ကျင်းက ပြောလိုက်သည်။

“အမေက အခုဆို အရမ်းကျန်းမာနေပြီ။ ရှင့်ကို အမြဲပဲ ကျေးဇူးတင်နေတာပါ သမားတော်ထန်။ ရှင်သာ မရှိရင် ဖြစ်နိုင်တာက…”

ထန်ရှုက သူမ၏စကားအား ကြားဖြတ်ကာ

“ဒဏ်ရာတွေကို ချုပ်ပေးပြီး လူမမာတွေကို ကယ်တင်ကုသပေးတယ်ဆိုတာ သမားတော်တစ်ယောက် လုပ်ရမယ့်အလုပ်ပါ။ ကျွန်တော်က သမားတော်စစ်စစ်တစ်ယောက် မဟုတ်ပေမယ့် ကြယ်တာရာတိုင်းရင်းဆေးရုံမှာ ဆေးကုသပေးမယ်လို့ ဆေးရုံအုပ်လီကို ကတိပေးပြီးကတည်းက လူနာတွေကို ကယ်တင်ရမှာ ကျွန်တော့်အလုပ် ဖြစ်သွားပါပြီ။”

စွန်းဝမ်ကျင်း ခေါင်းညိတ်ရင်း သိုက်ရှင်းရွှယ်အား အားကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမက ထန်ရှုအား

“သမားတော်ထန် … အမေက ရှင့်အကြောင်း အမြဲပြောနေတာ။ ရှင် အချိန်အားရင် ကျွန်မတို့ဆီ လာလည်နိုင်ဖို့ မျှော်လင့်မိပါတယ်။”

“ဒီအကြောင်းကို နောက်တော့ ပြောကြတာပေါ့ ဟုတ်ပြီလား။”

ထန်ရှု အပြုံးယဲ့ယဲ့ပြုံးပြကာ သူ၏နေ့လည်စာအား စတင်စားလိုက်သည်။

နေ့လည်စာ စားပြီးနောက် ထန်ရှုသည် လူနာစမ်းသပ်ခန်းသို့ ပြန်သွားသော်လည်း ကျယ်ဝန်းသော ထိုအခန်းအတွင်းထဲရှိ မြင်ကွင်းက သူ့အား ကြက်သေ သေသွားစေသည်။ အခန်းထဲတွင် စားပွဲအသစ်တစ်ခု ရွှေ့ထားပြီး ကျေးဇူးတင်ဂုဏ်ပြုသော တံခွန်များအား တင်ထားသည်။ သူ၏အမြင်တွင်ပင် အရေအတွက်သည် ၂၀၀ကျော် ရှိပေမည်။

“နတ်ဆေးသမားတော်ထန် … ဒါတွေက လူနာတွေဆီကနေ မင်းဆီ ပို့လာကြတယ်။ ငါ့ရဲ့စီနီယာအစ်ကိုက ဒီမှာ ထားဖို့ ပြောလို့။” ချူကောရှုံးက ပြုံးကာ ပြောသည်။

"အာ … ဆေးရုံအုပ်လီက ကျွန်တော့်ကို ကောင်းကောင်း နားမလည်သေးဘူးပဲ။" ထန်ရှု ရယ်မိတော့သည်။ “ဒါတွေကို ဒီမှာထားတာမျိုးက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ နောက်ပြီး လူနာအများစုက  ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကဆိုတော့ ဒီလိုဟာတွေပြုလုပ်တာ သူတို့အတွက် ဝန်ပိစေပါတယ်။ ဒါကြောင့် အဲ့ဒါကို မေ့လိုက်ကြအောင်။ ဒါနဲ့  အဲ့ဒီဆင်းရဲတဲ့ လူနာတွေကို ကူညီဖို့ ဆေးရုံက ကယ်ဆယ်ရေး ရန်ပုံငွေတစ်ခု ထူထောင်ခဲ့တာ ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော် အဲ့ဒီကို ယွမ် ၁မီလီယံ လှူပြီး မိသားစု အခြေအနေ ခက်ခဲနေတဲ့ လူနာတွေကို ကူညီစီစဉ်ပေးဖို့ ဆေးရုံစီမံရေးရာကို အကူအညီတောင်းရမယ်။”

ချူကောရှုံးက သူ့အား လက်မထောင်ပြရင်း

"မင်းရဲ့ သနားကြင်နာတတ်တဲ့ နှလုံးသားနဲ့ မှော်ဆန်တဲ့ ဆေးပညာကျွမ်းကျင်မှုတွေက မရေမတွက်နိုင်တဲ့ မိသားစုတွေအတွက် ကောင်းချီးဖြစ်လာခဲ့တယ်လို့ ငါ ထင်တယ် သမားတော်ထန်။ ဒီအလင်းပြမှုအတွက် ငါ့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ လေးစားမှုကို ဖော်ပြနိုင်ဖို့ ငါလည်း ယွမ် ၁မီလီယံကိုလည်း လှူဒါန်းသွားမယ်။”

"မြင့်မြတ်သမားတော်ရဲ့ တပည့်တွေက တကယ်ကို ကြင်နာတတ်ပါပေတယ်။" ထန်ရှုက ပြုံးသည်။

"ခရီးတလျှောက် နေရာတိုင်းမှာ ကောင်းမြတ်တဲ့ အကျင့်တွေ ရှိဖို့နဲ့ လူနာတွေကို ကူညီဖို့က ငါတို့ သမားတော်တွေရဲ့ တာဝန်လို့ ငါ့ရဲ့ဆရာသခင်ဆီမှာ ဆောင်ပုဒ်ရှိတယ်။ အရင်တုန်းကတော့ ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို ငါ အရမ်းဂရုစိုက်မိခဲ့ပါတယ်။ ဒါပေမယ့် မင်းနဲ့တွေ့ပြီးတဲ့နောက် ငါ့ရဲ့ဆရာသခင်က ငါ့ကို ဆိုဆုံးမပြီး ရုတ်တရက် နိုးထစေခဲ့တယ်။ ငါ အများကြီး သင်ယူလေ့လာခဲ့ပြီးနောက်မှာ သမားတော်တစ်ယောက်က အစွမ်းထက်ပြီး ကျွမ်းကျင်တဲ့ ဆေးပညာ ပိုင်ဆိုင်ရုံတင်မကဘဲ အရေးကြီးတဲ့ အင်္ဂါရပ်နှစ်ရပ်ဖြစ်တဲ့ - ဆေးပညာကျင့်ဝတ်နဲ့ ကျွမ်းကျင်ပိုင်နိုင်မှုလည်း ရှိရမယ်ဆိုတာကို ပိုပြီး နားလည်ခဲ့တယ်။”

ချူကောရှုံးက ပြောပြသည်။

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာပြီး "ခင်ဗျားရဲ့စကားကို ကြားရလေလေ ခင်ဗျားရဲ့ လေးစားထိုက်တဲ့ ဆရာသခင်ကွေ့ချန်းချုံကို ပိုပြီး ဂုဏ်ပြုချင်လာလေပဲ။ နောက်ပိုင်း သူ့ဆီ လာလည်ခွင့်ရခဲ့ရင် ဝမ်းသာမိမှာပဲ။”

"ငါ့ရဲ့ဆရာသခင်သာ မင်းကို တွေ့ရရင် အရမ်းပျော်နေမှာ သေချာတယ်" ချူကောရှုံးက အလျင်အမြန် ပြောသည်။

လူနာစမ်းသပ်ခန်း၌ သူတို့နှစ်ယောက် စကားပြောနေစဉ် ထျန်းရှောင်မန်သည် အခန်းအပြင်ဘက်တံခါးတွင် မှီပြီး သူမ၏ဖုန်းကင်မရာအား သူတို့နှစ်ယောက်ကို  ချိန်ရွယ်ထားသည်ကို သတိမထားမိလိုက်ပေ။ ထို့ကြောင့် သူတို့ပြောသမျှအားလုံးသည် သူမ၏ တိုက်ရိုက်ချန်နယ်တွင် ထုတ်လွှင့်ပြီးဖြစ်သည်။ ရလဒ်အနေဖြင့် သူမ၏တိုက်ရိုက်ချန်နယ်သည် မှတ်ချက်များဖြင့် ဆူညံသွားခဲ့သည်။ များပြားလှသော သူမ၏ပရိသတ်များသည် ထို၂ယောက်၏ စိတ်ရင်းအား ခံစားမိကြပြီး ထိုသူတို့နှစ်ဦးအား အဆက်မပြတ် ချီးမွမ်းခဲ့ကြသည်။ လူအတော်များများက ဆုငွေနှင့် လှူဒါန်းမှုခလုတ်များကိုပင် နှိပ်ကြရာ မိနစ်အနည်းငယ်အတွင်းမှာပဲ စုစုပေါင်း ဆုငွေနှင့် လှူဒါန်းမှုငွေပမာဏသည် မနေ့က သူမ ရရှိခဲ့သည့် ပမာဏနှင့် ညီမျှနေခဲ့ပြီဖြစ်သည်။

“အားလုံးပဲ ဒီနေ့ အလှူငွေအားလုံးကို ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံရဲ့ ကယ်ဆယ်ရေးရန်ပုံငွေဆီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ ရှိနေတဲ့လူနာတွေကို ပိုမိုအကူအညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။" ထျန်းရှောင်မန်သည် အလျင်အမြန် နောက်ပြန်ဆုတ်ကာ ဖုန်းကင်မရာအား သူမဆီ ညွှန်ပြပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမ၏စကားသည် ချက်ချင်းပင် အုတ်အုတ်ကျက်ကျက်ဖြစ်သွားကာ ချီးမွမ်းခံရပြန်သည်။

အချို့သော ပရိသတ်များသည် ဗီဒီယိုဖိုင်၏ နောက်ဆုံးမိနစ်နှင့် ချီးကျူးစကားများကိုပင် ဓာတ်ပုံရိုက်ကူးကာ နေရာတိုင်းတွင် မျှဝေခဲ့ကြသည်။ ထိုပရိသတ်များ မသိလိုက်သည်မှာ ၎င်းတို့ ကြားဖြတ် တည်းဖြတ်ထားသော ဗီဒီယိုသည် နိုင်ငံနှင့် တစ်ကမ္ဘာလုံးအတွက် ကြီးမားသော အာရုံစိုက်မှုကို ဖြစ်စေခဲ့ခြင်းကိုပင်။

***

All Chapters