← Chapters

ရှေးဟောင်းသင်္ချိုင်းတစ်ခုလား

Vol. 11 Ch. 507

ရှေးဟောင်းသင်္ချိုင်းတစ်ခုလား

Vol. 11 Ch. 507

“မနက်ဖြန် ခမ်းနားသော ထန်ကို အလည်သွားပါ။ ခန်းရှကိုတွေ့ရင် မင်းရဲ့နာမည်ကို ပြောပြဖို့ မမေ့ပါနဲ့။ သူမလည်း ငါတို့ထဲက တစ်ယောက်ပဲ။ သူမက ငါ့ကိုယ်စား ခမ်းနားသောထန်ရဲ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တယ်။ နတ်ဘုရားဝတ်ရည်ဝိုင်ကို နှစ်တိုင်း ပုလင်း ၂သောင်းကို နားလည်မှုနဲ့ ရောင်းပေးဖို့ သဘောတူညီမှုတစ်ခု လက်မှတ်ထိုးပေးလိမ့်မယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။

“မှတ်မိပါပြီ သူဌေး။ ဒါနဲ့ ဆေးလုံးကရော…” ကုဝါကိုက လေးစားစွာ မေးလိုက်သည်။

“မင်း စိတ်ချထားပါ။ မင်း ဂျပန်ပြန်ပြီး သိပ်မကြာခင် တစ်ယောက်ယောက်နဲ့ ကျင့်ကြံမှုရင်းမြစ်တွေကို ပို့ခိုင်းလိုက်မယ်။ ဘာပဲဖြစ်ဖြစ် မင်းအတွက် ငါ့ဆီမှာ ဆေးလုံးအချို့ ရှိပါသေးတယ်။ မင်း ပြန်တဲ့အခါ အဲ့ဒါတွေကို ယူသွားပြီး တစ်ယောက်တည်း ရှိတဲ့အချိန်မှ အသုံးပြုရလိမ့်မယ်။ ဒီဆေးလုံးတွေ အကူအညီနဲ့ မင်းရဲ့ကျင့်ကြံမှုက အတော် မြန်သွားလိမ့်မယ်ဆိုတာ မင်း ယုံကြည်လို့ရတယ်။”

ထိုသို့ပြောပြီး ထန်ရှုက သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်ကာ သူမအား ပေးလိုက်သည်။

အရောင်လက်နေသော မျက်လုံးများဖြင့် ကုဝါကိုက ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”

“ငါ့ကို ကျေးဇူးမတင်ပါနဲ့။” ထန်ရှုက လက်ကို ဝှေ့ယမ်းကာ

“မနက်ဖြန်ကျရင် ကောင်းကောင်းလုပ်ဆောင်ဖို့ မမေ့နဲ့ဦး။ အမှား မရှိစေနဲ့။ နောက်ပြီး မင်းပေးထားတဲ့စာရင်းထဲက လူ၂ယောက်လောက် ငါ ချန်ထားမယ်။ နို့မဟုတ်ရင် မင်း ဂျပန် ပြန်ရောက်တဲ့အခါ ရှင်းပြဖို့ အခက်အခဲအများကြီး ကြုံရလိမ့်မယ်။”

“ငါ နားလည်ပါတယ်။” ကုဝါကိုက တလေးတစား တုံ့ပြန်သည်။

ကုဝါကို ထွက်ခွာသွားပြီးနောက် ထန်ရှုက ထိုက်ကျုံးကွေ့အား ကြည့်ကာ အာရုံစူးစိုက်လိုက်ရင်း

“မနက်ဖြန်ည မင်းရဲ့ပွဲကို ငါကိုယ်တိုင် စောင့်ကြည့်မှာဆိုတော့ ပေါ့ပေါ့တန်တန် သဘောထားတာမျိုး၊ မလိုအပ်တဲ့ အမှားတွေ လုပ်မိတာမျိုး မဖြစ်စေနဲ့။ ကုဝါကိုက ငါတို့ထဲက တစ်ယောက်ဆိုတော့ အနာဂတ်မှာ မင်း သူမကို လုံး၀ စိတ်ချယုံကြည်နိုင်တယ်။”

“ဒါပေမယ့် သူဌေး … သူမက ဂျပန်တစ်ယောက်လေ။” ထိုက်ကျုံးကွေ့  ချီတုံချတုံဖြစ်စွာ ပြောလိုက်သည်။

“အဲ့ဒါအပြင် သူမက ယာမာမိုတိုကလန်ရဲ့ သခင်မလေးလေ။ ငါ …”

“မင်း စိုးရိမ်တာကို ငါ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါပေမယ့် သူမက ထာဝရခန်းမရဲ့ အရံအဖွဲ့ဝင်တွေထက် ပိုပြီး ယုံကြည်စိတ်ချရတယ်။ နောက်ပြီး သူမရဲ့ပုံရိပ်က ငါရဲ့အနာဂတ်အစီအစဉ်အတွက် အရမ်း အရေးကြီးတယ်လေ။ ကုဝါကိုကို ကောင်းကောင်း ပျိုးထောင်ပေးနိုင်ရင် အနာဂတ်ကျ ငါ ဂျပန်မှာ စိတ်ကြိုက်လုပ်နိုင်တယ်။”

ထိုက်ကျုံးကွေ့ ခဏတာ ငြိမ်သက်သွားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောသည်။

"သူဌေးက ဒီလိုပြောပြီဆိုမှတော့ သူ့ကို ငါတို့ထဲက တစ်ယောက်လို့  မှတ်ထားလိုက်ပါမယ်။ မနက်ဖြန်မှာ အမှားအယွင်း မရှိအောင် သေချာလုပ်မှာမို့ သူဌေး စိတ်ချပါ။"

သူ၏ပခုံးကို ပုတ်ကာ ထန်ရှုက အပြုံးဖြင့်

“ဒီနေရာကို သတိရပါ။ ငါတို့ အရင်ပြန်ကြရအောင်။ ဒီတစ်ခေါက်တော့ ကုဝါကိုက အဖိုးတန်ဆေးပင်တွေနဲ့ အဖိုးတန်သတ္တုကျောက်တွေ အများကြီးယူလာခဲ့တယ်။ ငါ အဲ့ဒါတွေကို တောင်တံခါးအိမ်ကို ပို့ရဦးမယ်။"

"ဟုတ်ကဲ့ပါ သူဌေး။" ထိုက်ကျုံးကွေ့က တလေးတစား ပြန်ပြောသည်။

***

အောက်တိုဘာ ၅ ရက်…

ထန်ရှုသည် နိုးလာပြီးနောက် ကိုယ်လက်သန့်စင် မျက်နှာဆေးကြောပြီး ပထမထပ်ရှိ ဧည့်ခန်းဆီသို့ လျှောက်လာခဲ့သည်။

ထူးဆန်းသည်မှာ ဆိုဖာပေါ်ရှိ သူ၏အမေဘေးတွင် ထိုင်နေသည့် လူတစ်ယောက် ရှိနေသည်။ ထိုသူမှာ ပြုံးနေသော လုံကျန့်ယု ဖြစ်သည်။

“အို … မင်းပဲ သခင်လေးလုံ။ ဘယ်ချိန်တုန်းက ပြန်ရောက်တာလဲ။"

ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

လုံကျန့်ယုက ထန်ရှုကို ပွေ့ဖက်ရန် ထလိုက်ပြီး အပြုံးဖြင့်

" ငါ မနေ့ညက ကြယ်တာရာကို ပြန်ရောက်တာ။ နဂါးကိုးကောင်ကျွန်း ပြန်လည်ပြုပြင်ရေး စီမံကိန်းက ချောချောမွေ့မွေ့ပဲ တိုးတက်နေတယ်။ စီမံကိန်းကို နောက်နှစ် ဇွန်လလောက်မှာ အပြီးသတ်နိုင်မယ်လို့ ငါ မျှော်လင့်ထားတယ်။ ဒီတစ်ခေါက် ပြန်လာတာက တောင်နံရံရွာလေးက စီမံကိန်းတွေ အဆင်မပြေလို့ ပြန်လာတာ။”

ထန်ရှုက အံ့အားသင့်သွားပြီး

“တောင်နံရံရွာလေးမှာ ပြဿနာတွေ ရှိလို့လား။ ဘာဖြစ်တာတဲ့လဲ။"

“ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ စီမံကိန်းနေရာမှာ မြေပြိုကျတာတွေ ဖြစ်ခဲ့တယ်လေ။ မနေ့ညက ဒီကို ရောက်တာနဲ့ အကြောင်းစုံ သိဖို့ အဲ့ဒီနေရာကို အပြေးသွားတော့ မြေအောက်သင်္ချိုင်းတစ်ခု ရှိနေတာ တွေ့ရတယ်။ ရှေးခေတ်သင်္ချိုင်းတစ်ခု ဒါမှမဟုတ် တခြားတစ်ခုခုလို့ ထင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ရဲ့သက်တမ်းက

နှစ်၁၀၀အောက် ဖြစ်နေတာကို တွေ့လိုက်ရတော့ ရှေးဟောင်းသင်္ချိုင်းတစ်ခု မဟုတ်ကြောင်း သိလိုက်ရတယ်။ နောက်ပြီး အထဲမှာ ဒါဇင်နဲ့ချီတဲ့ ခေါင်းတလားတွေကလွဲလို့ အဖိုးတန်တဲ့အရာ ဘာမှ မရှိဘူး။”

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"ဆုံးရှုံးမှုတွေကရော။"

"ဟင့်အင်း … ဒါက အရေးမကြီးသလို စီမံကိန်းကိုလည်း မနှောင့်နှေးစေပါဘူး။" လုံကျန့်ယု ခေါင်းယမ်းလိုက်သည်။

“ဒါပေမယ့် ကိစ္စမရှိပါဘူး။ ငါတို့တွေ လုပ်ငန်းကို အမီလိုက်နိုင်သေးတော့ နောက်ဆုံးသတ်မှတ်ရက်နဲ့ ဘတ်ဂျက်ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။”

“တောင်နံရံရွာလေးက တော်တော်ကောင်းတဲ့ နေရာတစ်ခုပါ။ ငါတို့တွေ အဲ့ဒါကို ကောင်းကောင်း ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အထူးသဖြင့် အရည်အသွေးနဲ့ ပတ်သက်ပြီး အမှားအယွင်း လုံးဝမရှိစေရဘူး။ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲရလဒ်တွေက လုံအုပ်စုအပေါ်မှာ တော်တော်လေးဆိုးကျိုးတွေ သက်ရောက်စေမှာဖြစ်သလို မြို့သစ်စီမံကိန်းကိုလည်း ထိခိုက်လာနိုင်တယ်။”

လုံကျန့်ယု၏မျက်နှာပေါ်ရှိ အပြုံးသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ခေါင်းညိတ်ကာ ပြောသည်။

"စိတ်ချနေပါ။ အဲ့ဒါကို ငါ ကောင်းကောင်း သိတယ်။ နောက်ပြီး ငါ့အဘိုးကြီးကလည်း ဒီတလော အဲ့ဒီကိစ္စကို အာရုံစိုက်နေတယ်။ စီမံကိန်းရဲ့ အရည်အသွေးကို သူကိုယ်တိုင် ကြီးကြပ်နေတယ်လို့တောင် ကြားခဲ့တယ်။ ဒါကြောင့် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ရင်း

"မင်း မနက်အစောကြီး ရောက်လာတာ ကိစ္စတစ်ခုခု ရှိသေးလား။"

“ဒီနေ့ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကို မင်း ထပ်သွားစရာ မလိုတော့ဘူးလို့ မနေ့ညက သိလိုက်ရတော့ မြို့သစ်စီမံကိန်းကို အတူတူကြည့်ဖို့ မင်းကို ငါနဲ့ ခေါ်သွားချင်တာ။ ဒါဇင်နဲ့ချီတဲ့ အိမ်ရာတွေရဲ့ အခြေခံအုတ်မြစ်ကို အခုအချိန်မှာ လုံးလုံးလျားလျား ချထားလိုက်ပြီလို့ ပြောလို့ရတယ်။ ပြီးတော့ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ မင်းက အဲဒါကို စစ်ဆေးဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ငါ့ကို မပြောနဲ့နော်။”

လုံကျန့်ယုက ပြုံးပြီး ပြောသည်။

"ဘာပဲဖြစ်ဖြစ် ငါ့အတွက် ကောင်းတာပဲလေ။" ထန်ရှုက စနောက်လိုသော လေသံဖြင့် ပြန်ပြောသည်။

“ခန်းရှက ငါ့ကိုယ်စား သူကိုယ်တိုင် အမြဲလည်ပတ်ပြီး ကြီးကြပ်တယ်။ နောက်ပြီး ငါ့မှာ ကိုင်တွယ်ဖြေရှင်းရမှာတွေ ရှိနေသေးလို့ မနက်ဖြန် ပေကျင်းကို သွားရဦးမယ်။ အဲ့ဒါကြောင့် တစ်ရက်တည်း အိမ်မှာ နေနိုင်တော့မှာကွ။ ဒီတစ်ခေါက် ပြန်ရောက်ကတည်းက အမေနဲ့ စကားကောင်းကောင်း မပြောရသေးဘူး။”

စုလင်းယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး

" ရှုအာ … ကျန့်ယုက သားကို လာရှာနေပြီဆိုတော့ သူနဲ့လိုက်သွားလိုက်ပါ။ နောက်ပြီး သားက အမြဲ စောစောထွက်တယ်ဆိုပေမယ့် နေ့တိုင်း ပြန်လာနေတာပဲ။ အခုက အားလပ်ရက်ဆိုတော့ သားအဖေက အမေတို့ကို ပေကျင်းကို အတူတူခေါ်သွားဖို့ စီစဉ်ထားတယ်။ သားလည်း မနက်ဖြန် ပေကျင်းကို သွားတော့မယ်ဆိုတော့ အမေတို့ သားအဘိုးဆီ သွားလည်ကြတာပေါ့။"

"အဲ့ဒါ အရမ်းကောင်းတယ်။ ပြီးရင် မနက်ဖြန် အတူတူ သွားကြမယ်။” ထန်ရှုက ထိုစကားကြားသော် ပြုံးကာ ပြောလိုက်သည်။

မနက်စာစားပြီးနောက် ထန်ရှုနှင့် လုံကျန့်ယုတို့သည် တောင်တံခါးအိမ်ရာမှ ထွက်သွားကြသည်။ ၎င်းတို့နှစ်ဦးသည် မြို့သစ်ဆောက်လုပ်ရေးနေရာသို့ တိုက်ရိုက်မသွားဘဲ လုံမိသားစုနေအိမ်သို့ သွားကာ လုံဟန်ဝမ်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။ သူနှင့် ခဏမျှ စကားစမြည်ပြောပြီးမှသာ မြို့သစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်သွားကြသည်။

"ဒါဆို မင်း ဘယ်လိုထင်လဲ။ အတိုင်းအတာက နည်းနည်းလေး သေးနေသေးလား။"

လုံကျန့်ယုသည် လင်ရိုဗာကား၏အပေါ်သို့ တက်ကာ ဝိုင်းကာထားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ညွှန်ပြရင်း ပြုံးလျက်ပြောသည်။

"အင်း … အဲဒါက သာမာန်ပါပဲ။ မင်း ငါ့ကို မေးရင် ဒီထက်အဆရာပေါင်းများစွာ ပိုကြီးတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို ငါမြင်ဖူးပြီးသားပါ။” သူ၏ဘေးတွင် ရပ်နေသည့် ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လုံကျန့်ယုက သူ့အား မျက်လုံးပြူးပြပြီး

"အာ … တော်လိုက်တော့။ ဒီမြို့သစ်ထက် အဆပေါင်းရာနဲ့ချီပိုကြီးတာဆိုရင် အင်ပါယာမြို့တော်သစ်ကို တည်ဆောက်တာနဲ့တူနေပြီ။ ဒါနဲ့ မင်း စိတ်မဆိုးရင် ငါ မင်းကို တစ်ခုလောက် မေးချင်တယ်။"

"အဲ့ဒါ ဘာလဲ။" ထန်ရှုက ပြုံးပြီး မေးသည်။

“မြို့သစ်စီမံကိန်းပြီးရင် မင်း ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ။ မင်းရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုက အနာဂတ် စတိုးဆိုင်တွေ ဒါမှမဟုတ် လူနေရပ်ကွက်တွေအတွက် အိမ်ခန်းတချို့ကို ကြိုတင်မှာထားမှာလား။ ငါ မင်းကို ပြောရဦးမယ်… ဒီမြို့သစ်က အိမ်တွေကို စရောင်းတာနဲ့ အတော် ရူးသွပ်စရာ ကောင်းလိမ့်မယ်။ မူလကြမ်းခင်းဈေးက အတော်မြင့်တယ်ဆိုနိုင်ပေမယ့် နှစ်အနည်းငယ်အကြာရင် ဈေးနှုန်းက နှစ်ဆ တိုးဖို့ အလားအလာ ရှိတယ်။”

"မင်းရဲ့လုံမိသားစုကရော ဘယ်လိုလဲ။ ဘယ်လောက် ကိုင်ထားမှာလဲ။" ထန်ရှုက ပြုံးရင်း မေးသည်။

“အနည်းဆုံး စတိုးဆိုင်ပေါင်း ၁၀၀လောက်နဲ့ တန်ဖိုးကြီးအိမ်တွေ ရာဂဏန်းလောက်ပေါ့။” လုံကျန့်ယုက ယုံကြည်မှုအပြည့်ဖြင့် ဖြေသည်။

"ဟမ် … မင်းမိသားစုက အဲ့ဒီငွေတွေ အများကြီးကို ခွဲထုတ်နိုင်မယ်ဆိုတာ သေချာလား။" ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

"ဒီ့အတွက် ဘဏ်တွေ မရှိဘူးလား။" လုံကျန့်ယုက ပြုံးပြီး ပြောသည်။

“နောက်ပြီး နဂါးကိုးကောင်ကျွန်းနဲ့ တောင်နံရံရွာလေး စီမံကိန်းတွေ ပြီးသွားပြီဆိုရင် ငါတို့မိသားစုက အရင်းအနှီးများစွာ ပြန်လည်ရရှိတော့မယ်လေ။ အချိန်တန်ရင် ဘဏ်ကို ချေးငွေပြန်ဆပ်ပြီး အသစ်တစ်ခု ရနိုင်ဦးမယ်။”

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ

"အာ … မင်းတို့မိသားစုမှာ ဒီအကြံအစည်ရှိတယ်ပေါ့။ ငါ့ကုမ္ပဏီကတော့ မြို့သစ်စီမံကိန်းက အိမ်ခြံမြေရဲ့ တက်လာမယ့် တန်ဖိုးကို မြင်တွေ့နေရပေမယ့် ခုချိန်ထိ ယူမယ့် အိမ်ခြံမြေအရေအတွက်ကို သေချာ မဆုံးဖြတ်ရသေးဘူး။ အဖွင့်ဈေးနှုန်းကို ကြေငြာတာကို စောင့်နေတယ်။ ပြီးရင် ခမ်းနားသောထန်က ငွေကြေး ဘယ်လောက် လိုက်နိုင်သလဲဆိုတာ ကြည့်ရဦးမယ်။”

“ရိုးရိုးသားသား ပြောရရင် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုက ငါ့ကို မနာလိုဖြစ်စေတယ်ကွ။ ဒါပေမယ့် ဟေ့ရောင်ရေ … ငါ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ မပါဝင်ဖြစ်တာ ငါ့အပြစ်ပါကွာ။” လုံကျန့်ယုက ပြုံးပြီး ပြောသည်။

“မင်း ငါတို့နဲ့ မပူးပေါင်းဖူးပေမယ့် ဈေးကွက်မှာ စာရင်းမသွင်းရသေးတဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေထဲက တစ်ခုမှာ မင်းညီငယ်ရဲ့ ရှယ်ယာပါဝင်မှု ရှိပါသေးတယ်ကွ။ ကဲ … မင်းတို့လုံမိသားစုက ငါ့ရဲ့ ခမ်းနားသောထန်မှာ ဘာတစ်ခုမှ ရင်းနှီးထားတာ မရှိသေးဘူးလို့ မင်း ဘယ်လို ပြောနိုင်မလဲ။" ထန်ရှုက မေးလိုက်သည်။

လုံကျန့်ယုက ပြုံးလိုက်ပြီး

"ငါ့ရဲ့အသုံးမကျတဲ့ ညီလေးက မင်းနဲ့စတွေ့ကတည်းက ကောင်းမွန်တဲ့ ကံကြမ္မာကို တကယ်ပဲ ရခဲ့တယ်လို့ ပြောနိုင်တယ်။ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းသုံးမျိုးဖြစ်တဲ့ နတ်ဘုရားဝတ်ရည်ဝိုင်၊ အမာရွတ်ပျောက်ခရင်မ်နဲ့ အသားအရည်လှ လိမ်းဆေးတွေလိုပဲ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်စီးပွားရေးကလည်း ကြီးထွားလာလိမ့်မယ်လို့ ငါ ပြောနိုင်တယ်။ ဒါနဲ့ မင်းရဲ့ကုမ္ပဏီက ဒီတလော ပြဿနာအချို့နဲ့ ကြုံတွေ့နေရတယ်လို့ ငါ ကြားတယ်။ ငါ့အကူအညီ လိုသေးလား။"

“အသေးအဖွဲ ပြဿနာလေးတစ်ခုပါ။ မင်းရဲ့စိုးရိမ်မှုနဲ့ မထိုက်တန်ပါဘူး။ ရက်အနည်းငယ်အတွင်း ငါဖြေရှင်းနိုင်မှာပါ။” ထန်ရှုက ပြုံးသည်။

“အဲ့ဒါကို ငါသိတယ်။ မင်းရဲ့အရည်အချင်းတွေကို ငါ သိတယ်။ မင်း ရှင်းထုတ်နိုင်မယ်ဆိုတာ သေချာတယ်။" လုံကျန့်ယု ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ငါ့အကူအညီလိုရင် ငါ့ကို ဖုန်းဆက်လိုက် ဟုတ်ပြီလား။"

"နားလည်ပြီ။"

****

ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုတွင်…

ကုဝါကို ယာမာမိုတိုသည် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ခန်းရှနှင့်တွေ့ဆုံပြီးနောက် ခမ်းနားသော ထန်လုပ်ငန်းစု၏ အဆောက်အဦးမှ ထွက်လာခဲ့သည်။ ခမ်းနားသောထန် စီးပွားရေး လုပ်ငန်းစုမှ နှစ်စဉ် နတ်ဘုရားဝတ်ရည်ဝိုင် ပုလင်းပေါင်း ၂သောင်းကို မှာယူနိုင်သည်ဟူသော စာချုပ်အား သူမနှင့် ခန်းရှတို့ကြားတွင် ချောမောစွာ ရေးထိုးနိုင်ခဲ့သည်။

အဆောက်အဦးအတွင်း အပေါ်ထပ်တွင် ခန်းရှသည် ပြုံးရွှင်သောမျက်နှာဖြင့် အထွေထွေမန်နေဂျာ၏ ရုံးခန်းထဲမှ ပြတင်းပေါက်အရှေ့တွင် ရပ်နေသည်။ ထို့နောက် သူမသည် ဘေးခန်းထဲမှ ထွက်လာသော ထိုက်ကျုံးကွေ့အား ကြည့်ကာ

"နင် ဘာတွေ့လိုက်လဲ။"

“သူဌေးပေးထားတဲ့စာရင်းထဲက တစ်ယောက်က မင်းနဲ့ ကုဝါကို ယာမာမိုတိုကြားက စေ့စပ်ညှိနှိုင်းမှုအကြောင်း ပြောတာကို ခလုပ်တစ်ချက် နှိပ်လိုက်တယ်။ ဒါကြောင့် နောက်ကွယ်က သူတို့ရဲ့ သူဌေးက မင်းတို့စကားဝိုင်းရဲ့ အကြောင်းအရာကို နားထောင်ပြီးသားဖြစ်သွားမယ်။"

“သူတို့ ထွက်သွားပြီးမှ သူတို့ရဲ့သူဌေးကို ပြန်အကြောင်းကြားမယ်လို့ အစက ထင်နေခဲ့တာ။ ဒါပေမယ့် သူတို့တွေ ဒီလောက် တိုက်ရိုက်ကျပြီး သတ္တိရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကြည့်ရတာ ယာမာမိုတိုကလန်ခေါင်းဆောင်ဖြစ်ဖို့သွားရမယ့် ကုဝါကိုယာမာမိုတိုရဲ့ခရီးလမ်းက အတော်လေး ခက်ခဲမယ့်ပုံပဲ။"

“ယာမာမိုတိုကလန်မှာ အဖွဲ့ဝင်တွေ အများကြီး ရှိတယ်။ သူတို့တွေက အလွန်အားကောင်းပြီး ဩဇာကြီးမားကြတော့ ကလန်တွင်း တိုက်ခိုက်မှုက အလွန်ပြင်းထန်တယ်။ ကုဝါကိုအတွက် ယာမာမိုတိုကလန်ရဲ့ အကြီးအကဲ ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ နောက်ပြီး ဂျပန်နိုင်ငံက အမျိုးသားလူမျိုးကြီးဝါဒရဲ့ အုတ်မြစ်တစ်ခု ဖြစ်နေတော့ အမျိုးသမီးတွေက သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာဆို အဆင့်အတန်း နိမ့်ကျတယ်။ ဒီအခြေအနေကလည်း ကုဝါကိုအတွက် ယာမာမိုတိုရဲ့ နောက်ထပ်အကြီးအကဲ ဖြစ်လာဖို့ အခက်အခဲကိုလည်း တိုးစေတယ်။”

"သူမရဲ့စွမ်းရည်ကို မယုံပေမယ့် သူဌေးရဲ့ အကဲဖြတ်မှုကို ငါ ယုံကြည်တယ်။" ခန်းရှက ပြုံးကာ ပြောလိုက်သည်။

"သူဌေးက သူမကို ယာမာမိုတိုရဲ့ အနာဂတ်အကြီးအကဲ ဖြစ်စေချင်သလို မြောက်ပိုင်းကြယ်ဓားတစ်စင်းရဲ့ အနာဂတ် ဆရာသခင်ဖြစ်စေချင်မှတော့ သူမ သေချာပေါက် အောင်မြင်လိမ့်မယ်။"

ထိုက်ကျုံးကွေ့က ခေါင်းညိတ်လိုက်ပြီး

" အကြီးအကဲ ခန်း … တခြားဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် တစ်ခုခု ပြင်ဆင်ထားဖို့ လိုတာမို့ ငါ သွားတော့မယ်။ ငါတို့တွေက လက်ရှိမှာ ဇာတ်ညွှန်းရေးထားတဲ့ ပြဇာတ်တစ်ခုကို အကောင်အထည်ဖော်နေတာမို့ အထွတ်အထိပ်ကို ယနေ့ညမှသာ ဖျော်ဖြေရမယ်။"

"ကြိုးစားထား။ မင်း ကောင်းကောင်းလုပ်နိုင်ပြီး သူဌေးကို ကျေနပ်အောင် လုပ်နိုင်ဖို့ ငါ ဆုတောင်းပါတယ်။” ခန်းရှက ပြုံးပြီး ပြောသည်။

"လုပ်မှာပါ။"

****

ည၏မှိန်ပျပျအလင်းရောင်များကြားတွင် ကြယ်တာရာတောင်ပိုင်း ဆင်ခြေဖုံးရှိ ပျက်စီးနေသော လူနေအဆောက်အအုံဝင်းအတွင်း၌ ဂျပန်မှ ကျွမ်းကျင်ပညာရှင်ဒါဇင်များစွာသည် ထောင့်ပေါင်းစုံတွင် ပုန်းခိုနေကြသည်။ အိမ်အတွင်းတွင် ကုဝါကို ယာမာမိုတိုသည် သူမ၏ညခရီးသွားဝတ်စုံအား ဝတ်ဆင်ထားပြီး သူမ၏ဆာမူရိုင်းဓားကို လေးနက်သော အမူအရာဖြင့် သုတ်နေသည်။ သူမနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်တွင် လက်ရှိ ဆေးလိပ်သောက်နေသော အိုနိုတာကာရာမာသည် အလင်းတစ်ချက် လက်သွားသော မျက်လုံးများဖြင့် ရှိနေသည်။

“မိန်းကလေး အချိန်နီးပြီ။ ငါတို့ လှုပ်ရှားရတော့မယ်။"

***

All Chapters