သွေးစွန်းသော ည
Vol. 11 Ch. 508
ညဝတ်စုံကို ဝတ်ဆင်ထားသော ကုဝါကိုသည် မျက်လုံးမှိတ်ကာ ငြိမ်သက်စွာ ထိုင်နေရာမှ ချက်ချင်းပင် သူမ၏မျက်လုံးများ ပွင့်လာကာ အိုနိုတာကာရာမာဆီသို့ အကြည့်ရောက်သွားသည်။
"ရှင် အလျင်လိုနေတာလား။" ကူဝါကို၏လေသံမှာ အနိမ့်အမြင့် အတက်အကျ မရှိသော လေသံ ဖြစ်သည်။
“မဟုတ်ဘူး။ ငါတို့ရဲ့လုပ်ဆောင်ချက်အစီအစဉ်ကို တတ်နိုင်သမျှ မြန်မြန်အကောင်အထည်ဖေါ်ဖို့ လိုတယ်။ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ စတင်လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်က မနက်၂နာရီ ဝန်းကျင်ပဲ။”
…အကောင်းဆုံးအချိန်လား…
ကုဝါကို တိတ်တဆိတ် လှောင်ရယ် ရယ်လိုက်မိသည်။ သူမနှင့် ထန်ရှု ကြံစည်ခဲ့သော အစီအစဉ်အတိုင်း အတိအကျ ဖြစ်လာပေပြီ။ သူမသည် မနက် ၂ နာရီတွင် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ရုံးချုပ်သို့ အပြေးအလွှားသွားကာ လျှို့ဝှက်အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းရလိမ့်မည်ဖြစ်သော်လည်း ထိုလုပ်ဆောင်ချက်အားလုံးသည် အပြင်လူများနှင့် ဆန့်ကျင်ဘက်လူများကို ဖယ်ရှားပစ်ရန် ရည်ရွယ်သည့် ရိုးရှင်းသော မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ စစ်ဆင်ရေး ရှုံးနိမ့်ပြီးနောက် ဂျပန်သို့ ပြန်လာခဲ့ရသည့်တိုင် သူမအား အပြစ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် အိုနိုတာကာယာမာသည် သူမ၏လူများထဲမှ တစ်ဦးမဟုတ်သည့်အပြင် ယနေ့ညသေဆုံးရမည့်စာရင်းတွင် ပါဝင်သူလည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသားသည် သေခြင်းတရားဆီသို့ အလျင်စလို စိတ်အားထက်သန်စွာ အပြေးသွားလိုနေသောကြောင့် သူမသည် သူ့အား မကြိမ်းမောင်းချင်ပေ။
ထို့ကြောင့် သူမသည် ဖြည်းညှင်းစွာ ထကာ
“ကားတွေကို အဆင်သင့် လုပ်ထားလိုက်။”
ဆာ့ဖ်ကားနှစ်စီးနှင့် မီနီဘတ်စ်တစ်စီး ခြံအပြင်ဘက်တွင် ရပ်ထားသည်။ လူတိုင်း ကားပေါ်တက်ပြီးနောက် ခမ်းနားသော ထန်လုပ်ငန်းစု၏ဌာနချုပ်ဆီသို့ မောင်းနှင်လာသည်။ ကူဝါကိုသည် အနောက်တွင် ထိုင်ကာ လိုက်ပါလာရင်း သူမ၏အေးစက်သော အကြည့်များသည် ရှေ့ထိုင်ခုံတွင် ထိုင်နေသော အိုနိုတာကာယာမာ၏ဦးခေါင်းနောက်ဘက်သို့ တစ်ချက်ရောက်သွားကာ ဂျပန်ပြန်မည့် အစီအစဉ်များကို တိတ်တဆိတ် တွေးတောနေသည်။
မိနစ်အနည်းငယ်ကြာသောအခါ ဝိညာဉ်တစ္ဆေအလား ပုံရိပ်တစ်ဒါဇင်ကျော်သည် ၎င်းတို့ထံ တိတ်တဆိတ် ချဉ်းကပ်လာသည်။
ထိုအချိန်တွင် ထက်ရှသော ဓားမြှောင်တစ်ချောင်းသည် ၎င်းတို့၏နေရာကို စောင့်ကြပ်ရန် အနောက်တွင် ကျန်ခဲ့သော ယာမာမိုတိုမိသားစုမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ နောက်ကျောကို စိုက်ဝင်သွားပြီးနောက် ကျန်သောသူများသည် အခြားယာမာမိုတို၏ ကျွမ်းကျင်သူများကို သတ်ပစ်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ။"
ယာမာမိုတိုမိသားစုမှ ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် စိတ်ဓာတ်ကျသည့် အမူအရာများ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် မတိုက်ခိုက်ဘဲ ခြေလှမ်းတစ်ဒါဇင် အမြန် ဆုတ်ခွာကာ ၎င်းတို့၏ဆာမူရိုင်းဓားများကို ဆုပ်ကိုင်လျက် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူများကို ချိန်ရွယ်ထားသည်။
“ပစ္စည်းလာယူတဲ့ လူတစ်ယောက်။” တည်ကြည်သောလူက လေသံအေးစက်စက်ဖြင့် ဖြေသည်။
ယာမာမိုတိုမိသားစုမှ ကျွမ်းကျင်ပညာရှင် နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့ထဲက တစ်ယောက်က အလျင်အမြန် မေးလိုက်သည်။
“ကုဒ်က ဘာလဲ။”
"သူဌေးထန် …" ထိုလူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထိုစကားကိုကြားပြီးနောက် ထိုပညာရှင်နှစ်ယောက်သည် ရုတ်တရက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့ထဲက တစ်ယောက်က ရှေ့ကို တိုးလာပြီး ခြံဝင်းထဲတွင် စုပုံထားသည့် သံသေတ္တာကြီး ခြောက်လုံးကို လက်ညှိုးထိုးပြပြီး
“ဒါ မှန်ကန်တဲ့ စကားဝှက်ပဲ။ ဆေးပင်တွေနဲ့ သတ္တုကျောက်ရိုင်းအားလုံးက အထဲမှာ ရှိနေတယ်။ မင်းတို့ အဲ့ဒါတွေ ယူသွားလို့ရတယ်။"
ထိုသို့ပြောပြီးနောက် ထိုသူနှင့် ယာမာမိုတို ပညာရှင်တစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဖုံးကွယ်ထားသည့် ချွန်ထက်သော ဓားမြှောင်တစ်ချောင်းစီကို ဆွဲထုတ်ကာ သူတို့ကိုယ်သူတို့ ဓားဖြင့် ထိုးခဲ့သည်။ သို့သော် သူတို့သည် အရေးကြီးသော နေရာများအား ရှောင်ရှားခဲ့ကြပြီး ၎င်းတို့၏ဒဏ်ရာများကို ချက်ချင်း ဂရုစိုက်ခဲ့ကြသည်။ သူတို့၏ပုံစံသည် အတော်လေးကို ဆိုးရွားသည်ဟု ထင်ရသော်လည်း အသက်အန္တရာယ်ကိုတော့ အနည်းဆုံး မထိခိုက်ခဲ့ပါချေ။
တည်ကြည်သည့်လူက ခေါင်းညိတ်ပြပြီး ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်ကာ
“ဒီဆေးက မင်းတို့ဒဏ်ရာတွေအတွက် ထိရောက်တယ်။ ခန္ဓာကိုယ်ပြင်ပနေရာကို လိမ်းပေးပါ။"
ထိုသို့ပြောပြီးနောက် အခြားသူများကို အမိန့်ပေးပြီး သံသေတ္တာခြောက်လုံးကို အမြန်ရွှေ့ကာ ညအမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
"အဲ့ဒီလူတွေက ဘယ်သူတွေလဲ တာရိုအနီကီ။ ငါ တကယ်ကို လန့်သွားတာပဲ။ ဒီလိုမှောင်မိုက်တဲ့ညမှာ ငါတို့ ဘယ်သူလဲဆိုတာ ခွဲခြားသိနိုင်ရုံတင်မကဘဲ သူတို့ရဲ့ ခွန်အားကလည်း တအား ကြောက်စရာ ကောင်းတယ်။ ငါတို့ သူတို့ကို မတိုက်ခိုက်နိုင်ဘူး။" ယာမာမိုတို၏ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကြွေပုလင်းကို ကောက်ယူကာ ဒဏ်ရာတွေပေါ် လိမ်းကျံပြီးနောက် သိလိုစိတ်ပြင်းပြသော အမူအရာဖြင့် မေးလိုက်သည်။
“အဲ့ဒီလူတွေကို ငါလည်း မသိဘူး။” အခြားသော ကျွမ်းကျင်သူတစ်ဦးက ပြန်ပြောလိုက်ရင်း “မမလေး ပြောဖူးတာတော့ ဒီလူတွေက ငါတို့တွေထဲကပဲတဲ့။ ငါ ထင်တာတော့ ဒီလူတွေက မြောက်ပိုင်း ကြယ်ဓားကျောင်းက ကျွမ်းကျင်သူတွေ မဟုတ်ခဲ့ရင် မမလေး လျှို့ဝှက်ပျိုးထောင်ထားတဲ့ လူတွေပဲ ဖြစ်ရမယ်။”
"ကြည့်ရတာ ငါတို့ မမလေးက တော်တော် အစွမ်းထက်တဲ့ပုံပဲ။"
“ဒါပေါ့။”
“…”
မနက် ၂ နာရီတွင် ခမ်းနားသော ထန်လုပ်ငန်းစု၏ ဌာနချုပ်အနီး ….
အဆောက်အဦးသည် အလင်းရောင်အောက်တွင် မှိန်ဖျော့ဖျော့ အဝါရောင်ဖြင့် ရှိနေသည်။ အနီးနားရှိ အမှောင်ထောင့်တစ်ခုတွင် ထာဝရခန်းမ၏ ကျွမ်းကျင်သူတစ်ဒါဇင်ကျော် ပုန်းအောင်းနေပြီး အခြားတစ်ဒါဇင်ကျော်သည် ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသော အလုပ်ကတ်များနှင့်အတူ လမ်းလျှောက်နေကြသည်။ ထိုသူများသည် နိုင်ငံတော် ပြည်တွင်းလုံခြုံရေး အဖွဲ့ဝင်များအဖြစ် ရှိနေသည်။ သူတို့၏တာဝန်သည် လွန်စွာ ရိုးရှင်းလှသည်။ အစီအစဉ် ပြီးဆုံးပြီးနောက် သူတို့အား ယာမာမိုတိုမိသားစုမှ ကျွမ်းကျင်ပညာရှင်များမှ မြင်အောင် ရှိနေရမည်ဖြစ်ပြီး သူတို့အကြောင်းအား မိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များထံ အစီရင်ခံတင်ပြစေရန် ဖြစ်သည်။
အဆောက်အဦး၏ခြောက်လွှာရှိ ပြတင်းပေါက်အနောက်တွင် လက်ပိုက်ကာ ရပ်နေသော ထန်ရှုသည် အဆောက်အဦးအနောက်ရှိ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူ၏ဘေးတွင် ထိုက်ကျုံးကွေ့သည် ညကြည့်မျက်မှန်တပ်ထားပြီး အဆောက်အဦးအောက်က အခြေအနေအား ဂရုတစိုက် အသေးစိတ် ကြည့်ရှုနေသည်။
"ကုဝါကို ပေါ်လာပြီ သူဌေး။"
ထိုက်ကျုံးကွေ့က မျက်မှန်ကို ဘေးတွင်ချလိုက်ပြီး ထန်ရှုကို သတင်းပို့လိုက်သည်။
ထန်ရှုက ခေါင်းညိတ်ပြပြီး
"သွားတော့။ အားလုံးက ဇာတ်ညွှန်းအတိုင်း သွားမှ ရမယ်။ မဟုတ်ရင် အဲ့ဒါက ငါ့ရဲ့ဂျပန်က အစီအစဉ်တွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ အသတ်ခံရမယ့်သူတွေကို ခွဲခြားသိဖို့ ရှင်းရှင်းလင်းလင်း မှတ်ထားပါ။ ကျန်တဲ့သူတွေကိုတော့ ဒဏ်ရာရစေပြီး လွတ်မြောက်စေလိုက်။”
“ကောင်းပါပြီ။”
ထိုက်ကျုံးကွေ့၏မျက်လုံးများထဲတွင် လူသတ်လိုသော အရိပ်အယောင် တစ်ချက်တောက်ပသွားသည်။ သူ၏လက်သီးတွေကို စုကာ အရိုအသေပြုပြီး ချက်ချင်း ထွက်သွားသည်။
မူလတွင် ထန်ရှုသည် လူကိုယ်တိုင် လာရန် ရည်ရွယ်ချက် မရှိသော်လည်း သည်လုပ်ငန်းခွင်၏ အခြေအနေအတွက် စိတ်မသက်မသာ ဖြစ်နေသောကြောင့် သူကိုယ်တိုင် လာခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီတွင် ကုဝါကိုသည် ကြယ်တာရာသို့ ရောက်လာသော အခြားနိုင်ငံမှ မိသားစုများ ကြုံတွေ့ရသော အဖြစ်အပျက်၊ ထူးဆန်းစွာ ပျောက်ကွယ်သွားမှုတို့နှင့် ပတ်သက်ပြီး ယာမာမိုတိုမိသားစုထံ အစီရင်ခံစာ တစ်စောင် ပေးပို့ထားပြီးဖြစ်ကြောင်း ထန်ရှုအား တင်ပြထားသည်။ အကယ်၍ သူမ ဦးဆောင်သော အဖွဲ့သည် မစ်ရှင်ကို မပြီးမြောက်နိုင်သည့်တိုင် လွတ်မြောက်နိုင်သည့် အခြေအနေ ရှိပါက ၎င်းတို့သည် အခြားနိုင်ငံများ၏ အဓိကအင်အားစုများထက် ပိုမိုအားကောင်းကြောင်း ပြသနေသေးသည်သာ ဖြစ်သည်။ သည်တင်မကဘဲ ကုဝါကိုသည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုနှင့် သဘောတူညီချက်တစ်ခုအား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သူမသည် နှစ်စဉ် နတ်ဘုရားဝတ်ရည်ဝိုင်ပုလင်းပေါင်း ၂၀,၀၀၀ သာ ရရှိခဲ့သော်လည်း ထိုအခြေအနေသည် အခြားနိုင်ငံများ၏ အင်အားစုများထက် များစွာ သာလွန်နေပေသေးသည်။
"မင်းတို့ ဘယ်သူတွေလဲ။"
ဟိန်းဟောက်သံတစ်ခုသည် ည၏တိတ်ဆိတ်မှုကို ချိုးဖျက်သွားပြီး အလုပ်ကဒ်များအား ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသည့် ထာဝရခန်းမ၏ ဒါဇင်ချီသော အဖွဲ့ဝင်များသည် ကုဝါကိုတို့အဖွဲ့ကို ဝိုင်းရန် အမှောင်ထောင့်များမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။
ကုဝါကိုက ထိတ်လန့်တုန်လှုပ်နေသောအကြည့်ကို ရည်ရွယ်ချက်ရှိရှိ ပြထားပြီး
“မကောင်းတော့ဘူး … ခြုံခိုတိုက်ခိုက်ခံရပြီ။ သူတို့တွေက နိုင်ငံတော်လုံခြုံရေးဌာနပဲဟ။ မြန်မြန်ပြန်ဆုတ်ကြ။”
ထိုအခိုက်အတန့်တွင် နောက်ဆုံးမှ ရောက်လာသော ထိုက်ကျုံးကွေ့က တင်းမာသောလေသံဖြင့်
"မင်းတို့ ရောက်လာပြီဆိုကတည်းက မင်းတို့အားလုံး နေရမယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို ထိဝံ့တဲ့ ဘယ်သူမဆို ဖမ်းဆီးခံရဖို့ ဒါမှမဟုတ် သတ်ဖြတ်ခံရဖို့တို့အတွက် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့ နိုင်ငံတော်က အမိန့်ထုတ်ထားတယ်။ သူတို့ကို ဖမ်းကြ။”
နောက်ဆုံးတွင် တိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်လာသည်။
ကုဝါကိုကိုယ်တိုင်ကလည်း သူမ၏ယုံကြည်ရသော လက်အောက်ငယ်သားများအား အခြေအနေအကြောင်း အသိပေးထားခြင်း မရှိသေးပေ။
မည်သို့ဖြစ်စေကာမူ သူမ ဦးဆောင်လာသော လူများသည် ထာဝရခန်းမမှ ကျွမ်းကျင်သူများအား သိသာစွာပင် ယှဉ်ပြိုင်နိုင်မည်မဟုတ်ချေ။ ၂ဖက်လုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစဉ်အတွင်း ယာမာမိုတိုကလန်မှ အဖွဲ့ဝင်၈ယောက် အသတ်ခံလိုက်ရပြီဖြစ်ပြီး ကျန်သောသူများသည် ဒဏ်ရာများ ရနေကြပြီဖြစ်သည်။
“လွတ်အောင် ပြေး…”
ကုဝါကိုသည် ထိုက်ကျုံးကွေ့ နှင့် တွဲဖက်ညီစွာ တိုက်ခိုက်နေရင်း သူမ၏လက်မောင်းအား ဒဏ်ရာ ရသွားသောအခါ လျင်မြန်စွာ ထွက်ပြေးတော့သည်။ ထိုက်ကျုံးကွေ့ နှင့် အခြားလူများသည် သူမ၏အနောက်သို့ ဟန်ဆောင်လိုက်သွားကြသည်။
ဤအခိုက်အတန့်တွင် အိုနိုတာကာရာမသည် ထိတ်လန့်မှုဖြင့် ဖြူဖျော့နေဟန်ရသည်။ သည်အဖြစ်အပျက်သည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုအား နိုင်ငံတော်လုံခြုံရေးဌာနမှ ကာကွယ်ပေးနေသည်ဟူသော ယခင်က သူတို့ ရရှိထားခဲ့သည့်သတင်းအား မှန်ကန်ကြောင်း သက်သေပြလိုက်သည့်အလားပင်။
…ထိုး … ခုတ်…
ထက်ရှသော ဓါးနှစ်လက် … တစ်လက်သည် သူ၏လက်မောင်းကို ထိုးစိုက်လာပြီး နောက်တစ်လက်သည် သူ၏နောက်ကျောတွင် သွေးများစွာ ထွက်သော ဒဏ်ရာများ ဖြစ်အောင် ခုတ်လာခဲ့ပေရာ သွေးများသည် ချက်ချင်းပင် သူ၏အဝတ်အစားများအား အနီရောင် ဆိုးပေးလိုက်သည့်နှယ် ဖြစ်လာ၏။
“ပြေး…”
ထိတ်လန့်ကြောက်ရွံ့စရာကောင်းသည့် အိုနိုတာကာရာမ၏ဖြစ်စဉ်ပါပင်။ စိတ်ပျက်အားငယ်စွာ ထွက်ပြေးဖို့ ကြိုးစားစဉ်တွင် သူ၏ယုံကြည်ရသော လူများမှာ သတ်ဖြတ်ခံနေရကြောင်း တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက သူ့အား သေလောက်အောင် ကြောက်ရွံ့သွားစေပြီး သူ၏ပြေးနေသော အရှိန်သည် ရုတ်တရက် တိုးမြင့်သွားခဲ့သည်။
…ဖောက်…
ထက်ရှသော ဓားမြှောင်တစ်ချောင်းသည် သူ့နောက်ကျောကို ထိုးဖောက်သွားရာ တစ်ခဏအကြာတွင် အိုနိုတာကာရာမတစ်ယောက် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထို့နောက် ထာဝရခန်းမ၏ ကျွမ်းကျင်သူနှစ်ဦးသည် သူ၏အရှေ့တွင် ပေါ်လာသည်။
“ထွက်သွား…”
အိုနိုတာကာရာမ၏ယုံကြည်ရသော လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုအထဲမှနှစ်ဦးသည် အလွန်အရေးကြီးသောအချိန်၌ အလျင်အမြန် ပြေးလာခဲ့သည်။ ထို၂ယောက်သည် ထာဝရခန်းမ၏ ကျွမ်းကျင်သူကို ခုခံတားဆီးရန် မကြိုးစားခဲ့သော်လည်း ၎င်းတို့အနက်မှ တစ်ဦးက အိုနိုတာကာရာမကို ဆုပ်ကိုင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး ကျန်တစ်ဦးမှာ အသက်စွန့်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်အစမှအဆုံးသည် နှစ်မိနစ်သာ ကြာသော သတ်ဖြတ်မှုတစ်ခုဖြစ်ခဲ့ပြီး အလောင်းတစ်ဒါဇင်ခန့် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်များသည် တစ်ကီလိုမီတာအထိ အနောက်မှ လိုက်ပြီးနောက် ရပ်တန့်လိုက်ကာ ယာမာမိုတိုကလန်မှ ကျန်ရှိသော ကျွမ်းကျင်သူများကို ထွက်ပြေးခွင့်ပြုလိုက်သည်။
“ရှုပ်ပွတာတွေကို ရှင်းပြီး ဒီနေရာက ထွက်ကြမယ်။”
ထိုက်ကျုံးကွေ့သည် ညကြည့်မျက်မှန်ကိုယူကာ ထန်ရှု ရပ်နေသည့် ပြတင်းပေါက်ကို ကြည့်လိုက်သည်။ ထန်ရှုက သူ့အား "OK" ဟု အချက်ပြသည်ကို မြင်သောအခါ သူက ညကြည့်မျက်မှန်များကို ချက်ချင်း ဆွဲချလိုက်ပြီး အမိန့်ပေးလိုက်သည်။
ထိုညသည် သွေးများဖြင့် ဆေးရောင်ခြယ်သခဲ့ပြီး လေထဲတွင် ဖျော့တော့သော သွေးနံ့များ ပျံ့လွင့်နေခဲ့သည်။ ကူဝါကိုနှင့် ကျန်အမျိုးသားများသည် ကြယ်တာရာ တောင်ပိုင်း မြို့ဆင်ခြေဖုံးရှိ ၎င်းတို့၏ယာယီအခြေစိုက်စခန်းသို့ ပြန်ရန် ကားပေါ်သို့ တက်ပြီးနောက် လေထဲမှ ရရှိသော သွေးနံ့သည် သူမအား တိတ်တဆိတ် စိတ်ကျေနပ်သွားစေသည်။
“အချက်ပြလိုက်။”
ကုဝါကိုသည် သူမ၏ဒဏ်ရာကို လက်နှင့်အုပ်ကာ နောက်ထိုင်ခုံတွင် ထိုင်နေစဉ် လေးနက်သော အသံဖြင့် အမိန့်ထုတ်လိုက်သည်။
ရုတ်ခြည်းပင် ရှေ့ထိုင်ခုံမှ လူငယ်သည် မီးရှူးမီးပန်း ပိုက်ကို ထုတ်ကာ ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ရာ မီးရှူးမီးပန်းများသည် အမြင့် ၁၀ မီတာခန့်ရှိ လေထုအလယ်တွင် ပေါက်ကွဲသွားခဲ့သည်။
"မစ္စ … တစ်ခုခုတော့ လွဲနေပြီ။"
ဆာ့ဖ်ကားနှစ်စီးနှင့် မီနီဘတ်စ်ကားသည် ခြံဝင်းတံခါးဝတွင် ရပ်တန့်သွားသောအခါ အချက်ပြမှုလုပ်ခဲ့သော လူငယ်သည် အမူအရာ ပြောင်းလဲသွားပြီး လျင်မြန်စွာ သတင်းပို့လာသည်။
ကုဝါကို ကားပေါ်မှ ဆင်းလိုက်သည်။ ဒုတိယဆာ့ဖ်ကားကို ကြည့်လိုက်သောအခါ အိုနိုတာကာရာမအား သူ၏လူယုံတစ်ဦးမှ တွဲကာ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမက ချက်ချင်း မျက်မှောင်ကြုပ်သွားပြီး ရှေ့ကို လှမ်းကာ
"အိုနို … ဒဏ်ရာက ဘယ်လိုလဲ။"
“ငါ မသေသေးပေမယ့် ဒဏ်ရာတွေက အတော် ပြင်းတယ်။ ဓားတစ်ချောင်းက ငါ့မြီးညှောင့်ရိုးကို စိုက်သွားတာ။ အဲ့ဒီဓားကို အလွယ်တကူ ဆွဲထုတ်လို့မရသလို သွေးထွက်တာလည်း မြန်တယ်။ ငါ ချက်ခြင်း ခွဲစိတ်ခံရဖို့လိုတယ် မိန်းကလေး။” အိုနိုတာကာရာမက ဖြေသည်။
ကုဝါကိုက ခေါင်းညိတ်ပြီး
“ဒီနေရာမှာ ပြဿနာရှိနေတယ်လို့ ငါ သံသယရှိတယ်။ တခြားအခြေစိုက်စခန်းကို ငါတို့ အရင် ရှာရမယ်။”
အိုနိုတာကာရာမ၏မျက်နှာသည် သိသိသာသာ ပျက်သွားပြီး
"ဒါပေမယ့် ... ငါ ကြာကြာ မထိန်းနိုင်တော့ဘူး။"
…ကျွီ…
ထိုအချိန်တွင် အိမ်ရှေ့တံခါး ပွင့်လာပြီး ယာမာမိုတိုမိသားစုမှ ဒဏ်ရာရထားသော ကျွမ်းကျင်သူတစ်ဦးသည် သူ၏ခေါင်းကို ပြူကြည့်လာသည်။ ကူဝါကိုနှင့် ကျန်သောသူများကို တွေ့ပြီးနောက် အိမ်ရှေ့တံခါးကို အမြန်ဖွင့်ကာ
“မမလေး … တစ်ယောက်ယောက်က ငါတို့ကို လျှပ်တပြက် ဝင်တိုက်ခိုက်ခဲ့တယ်။ ငါတို့ရဲ့ ဆေးဝါးတွေနဲ့ သတ္တုရိုင်းကျောက်တွေအားလုံးကို လုယူသွားတယ်။ အေနဲ့ ငါတို့ထဲက လူတချို့ အသတ်ခံလိုက်ရတယ်။”
"ဘာ…"
ကုဝါကိုသည် ရည်ရွယ်ချက်ဖြင့် မတည်ငြိမ်ဟန်ဆောင်ကာ အော်ဟစ်ပြီး အတွင်းထဲသို့ ခုန်ဝင်လာသည်။
"ယီးလို မျိုးမစစ်ကောင်တွေ…"
ဆဲဆိုသံသည် ကုဝါကိုဆီမှ ထွက်လာခြင်း မဟုတ်ပေ။ ကူဝါကို၏လူယုံနှစ်ဦးမှာ ဒဏ်ရာအချို့သာ ရခဲ့ပြီး ကြမ်းပြင်ပေါ်ရှိ လူသေအလောင်းများအားလုံးမှာ သူ၏ ယုံကြည်စိတ်ချရသော လူများဖြစ်ကြသည်ကို တွေ့ရသောကြောင့် အိုနိုတာကာရာမတစ်ယောက် မတည်ငြိမ်နိုင်တော့ပေ။
***