← Chapters

ပြင်းထန်သောလှုံ့ဆော်မှု

Vol. 11 Ch. 520

ပြင်းထန်သောလှုံ့ဆော်မှု

Vol. 11 Ch. 520

… အဟွတ် … အဟွတ် …

ထန်ကောရှန့် ချောင်းခြောက်ဆိုးမိသွားသည်။ အဘိုးအိုသည် မချိပြုံးဖြင့်

“ငါ့မြေး … အဘိုးတို့ တစ်ခုလောက် ဆွေးနွေးလို့ ရမလား။ အဘိုးက မြေးကို ၅၀ဘီလီယံ ပေးတယ်ဆိုတာက ထန်မိသားစုကို တိုးတက်အောင် လုပ်ပေးဖို့နဲ့ ထန်မိသားစုအတွက် အင်အားကို တည်ဆောက်ပေးဖို့ မျှော်လင့်ပြီး ပေးခဲ့တာလေ။ မင်းရဲ့အခုလုပ်ရပ်က …  အလွန်အကျွံ သုံးဖြုန်းရာ ကျနေတယ်။”

ထန်ရှု ကြောင်အအ ဖြစ်သွားပြီး ထန်ကောရှန့်အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အဘိုး … ကျွန်တော် အလွန်အကျွံ ပိုက်ဆံတွေ ဖြုန်းတီးနေတယ်ဆိုတာ သေချာရဲ့လား။"

"မဟုတ်လို့လား။" ထန်ကောရှန့်က ပြန်မေးသည်။

ထန်ရှုက သူ၏လက်များကို ဖြန့်ပြီး ပြောလိုက်သည်။

"ကျွန်တော်က အလွန်အကျွံ ဖြုန်းတီးနေတယ်လို့ အဘိုးက ထင်တယ်ဆိုရင် ကျွန်တော်ပြောမယ့်စကားကို အဆုံးထိ နားထောင်ပေးပါလား။ လေလံပွဲအပြီးမှာ စစ်ထူမိသားစုရဲ့ အကြီးအကဲ စစ်ထူပေါ်ရန်နဲ့ အချိန်အတော်ကြာ သီးသန့်စကားပြောခဲ့ပြီး သူနဲ့ စီးပွားရေး သဘောတူညီချက်တစ်ခု ... မဟုတ်ဘူး … စီးပွားရေး သဘောတူညီချက် သုံးခု လုပ်ခဲ့တယ်။ ကျွန်တော့်ဖုန်းထဲက ဒီစာတိုနှစ်ခုကို ကြည့်လိုက်ပါဦး။ ဒါတွေက ကျွန်တော့်အကောင့်ထဲကို မကြာသေးမီက ရောက်လာတဲ့ ငွေလွှဲနှစ်ခုရဲ့ အကြောင်းကြားစာတွေပါ။ တစ်ခုစီက ၂.၅ဘီလီယံနဲ့ စုစုပေါင်း ၅ဘီလီယံ။ စစ်ထူမိသားစုကလည်း သုံးခဲ့တဲ့ ၃.၁ဘီလီယံကို ပြန်ထည့်ပေးမယ်လို့ ကတိပြုထားတယ်။”

ထန်ယွင်သဲ့က ထန်ရှု၏ဖုန်းကို အမြန်ဆွဲယူလိုက်ပြီး စာတိုများကို ဖတ်ပြပြီးနောက် သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်သွားသည်။ သူ၏သားဖြစ်သူသည် အရည်အချင်း ရှိသော ယောက်ျားတစ်ယောက်ဆိုသည်ကို သူ သိသည့်တိုင် တစ်ညတည်းဖြင့် သည်မျှ ငွေအမြောက်အမြား ရှာနိုင်သည်ဆိုခြင်းမှာ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေပြီဖြစ်သည်။

၅ ဘီလီယံ+ ၃.၁ဘီလီယံဆိုတော့ စုစုပေါင်း ၈.၁ဘီလီယံ…

သူ ဘယ်လိုစီးပွားရေးလုပ်ငန်းကိုများ အတိအကျ လုပ်ခဲ့တာလဲ။…

အံ့အားသင့်နေရသဖြင့် ထန်ကောရှန့်၏အမူအရာမှာ ထူးဆန်းနေသည်။ ဖုန်းကို ယူကာ စာတိုနှစ်ခုကို ဖတ်ပြီးနောက်တွင် ပုံမှန်မဟုတ်သော အခြေအနေအား တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ မနေနိုင်ပါချေ။ မိနစ်ဝက်ခန့် တိတ်ဆိတ်သွားပြီးနောက် ထန်ယွင်သဲ့သည် ထန်ရှုဆီသို့ ဖုန်းကို ပြန်ပေးရင်း မေးလိုက်သည်။

" ရှုအာ … ကောင်းကင်ကနေ ပိုင်မုန့်တစ်ခု ပြုတ်ကျမယ်ဆိုတာ ငါ မယုံနိုင်ဘူး။ ပြောပါဦး … သူတို့နဲ့ ဘာအရောင်းအဝယ် လုပ်ခဲ့တာလဲ။”

“သူတို့က လျှို့ ဝှက်မျိုးနွယ်စုက လူတွေပဲ။ ကျွန်တော်က အဆောင်တွေ လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိတယ်လေ။ အဲ့ဒါကြောင့် သူတို့တွေက ကျွန်တော့်ဆီကနေ စုစုပေါင်း အဆောင် ၂၀၀ကို ဝယ်ယူခဲ့ကြတာ။” ထန်ရှုက ပြောပြသည်။

ထန်ကောရှန့်၏မျက်လုံးများသည် သူငယ်အိမ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်နေသည်။ သူက ထန်ရှုကို မယုံကြည်နိုင်စွာ လက်ညှိုးထိုးမိပြီး

“မင်း … မင်းက တကယ်ပဲ အဆောင်တွေကို ပြုလုပ်နိုင်တာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီနေ့ခေတ်မှာ ဒီလိုဆန်းကြယ်တဲ့အရာတွေ ထုတ်လုပ်တဲ့ နည်းလမ်းတွေကို ဘယ်သူ သိတဲ့သူ ရှိသေးလို့လဲ။”

“အဘိုး … ဒီလိုအသေးအဖွဲကိစ္စတွေအတွက် ဘာမှ စိတ်ရှုပ်နေစရာမလိုပါဘူးဗျာ။ အရိုးသားဆုံးပြောရရင် ကျွန်တော် အဆောင်တွေ လုပ်နိုင်တာက အကန့်အသတ် မရှိပါဘူး။ မလိုလားတဲ့ ပြသနာတွေ ဖြစ်မှာစိုးလို့သာ ကျွန်တော့်ရဲ့အရည်အချင်းတွေကို အမြဲ ဖုံးကွယ်နေခဲ့ရုံပါ။ ဒါက ကျွန်တော့်ရဲ့အခြေအနေကို ဘယ်လို ဖော်ပြနိုင်တယ်ဆိုတာပါပဲ။"

ထန်ကောရှန့်နှင့် ထန်ယွင်သဲ့တို့ သားအဖသည် ထန်ရှု၏ရှင်းပြချက်ကို ကြားသောအခါ အကြည့်ချင်း ဖလှယ်မိကြပြီး အံ့အားသင့်နေရသဖြင့် မည်သည့်စကားကိုမှ မဆိုနိုင်ဖြစ်နေကြသည်။

အံ့မခန်း အရည်အချင်းများ ပိုင်ဆိုင်ထားသည့်တိုင် နှိမ့်ချစွာ ပြုမူနေထိုင်ခြင်းဆိုတာ ဘာလဲ။ ဒါပဲလေ။

ထန်ရှု တစ်ခုခုကို သတိရသွားသကဲ့သို့ သူ၏ခေါင်းကို ပွတ်သပ်ပြီး အပြုံးဖြင့်

“အာ … ဟုတ်သားပဲ။ ကျွန်တော် စစ်ထူမိသားစုရဲ့ ဘဏ္ဍာတိုက်ကိုလည်း သွားပြီးတော့ အဲ့ဒီက ကောင်းတဲ့ အရာတစ်ချို့ကို ရယူခဲ့သေးတယ်။ အဲ့ဒီရွှေနဂါးခေါင်းက ကျွန်တော့် ကားထဲမှာ။ အဘိုး … အဲ့ဒါကို လိုချင်လား။"

"ရွှေနဂါးခေါင်းလား။" ထန်ကောရှန့်က ရယ်မောလိုက်သည်။

"ငါ့မြေးဆီက တစ်ခုခုကို ငြင်းဖို့ အကြောင်းပြချက် ရှိမယ်လို့ အဘိုး မထင်ပါဘူး ဟုတ်တယ်မလား။ အပြင်သွားရအောင်။ ဘာပဲဖြစ်ဖြစ် ငါ အခု အသက်တစ်ချက်ရှုဖို့တော့ လိုနေပြီ။ ဒီရွှေနဂါးခေါင်းက ဘာလဲဆိုတာ သွားကြည့်ကြတာပေါ့။”

“ကျွန်တော်လည်း အသက်ရှူဖို့ လိုနေပြီ အဖေ။ ဒီကောင်လေး … သူက လူတွေကို ရိုလာကိုစတာမှာ စီးနေရသလို ရင်တလှပ်လှပ်ဖြစ်အောင် လုပ်နေတယ်။” ထန်ယွင်သဲ့က ပြုံးလျက် ပြောသည်။

မျိုးဆက်သုံးဆက်သည် ခြံရှေ့သို့ လျင်မြန်စွာ ရောက်လာကြသည်။ စိတ်အခြေအနေကောင်းနေသူ ထန်ကောရှန့်သည် ဆာ့ဖ်ကားရှိရာသို့ လာပြီး ထန်ရှု ကားတံခါးကို ဆွဲဖွင့်သည်ကို စောင့်ကြည့်နေသည်။ သူသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ အကြောဖြေလျှော့ရင်း ကားအတွင်းရှိ အရာများကို အလျင်စလို သွားမကြည့်ဘဲ မျှော်ကြည့်လိုက်သည်။ ထန်ကောရှန့်သည်  အသက်ပြင်းပြင်း တစ်ချက်ရှူပြီး “ဒီည လေရှုရတာ အရမ်းကောင်းတယ်။ ငါ ပေကျင်းမှာ နေလာတာ နှစ်အတော်ကြာခဲ့ပေမယ့် ကောင်းကင်မှာ ကြယ်တွေ အများကြီး မြင်ဖူးတာ ရှားတယ်။”

"ဒါ အမှန်ပဲ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ မီးခိုးမြူက ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ။ ဒီအရာက ဆက်ဖြစ်နေပြီး ကျွန်တော်တို့လူသားတွေသာ ဒီဆိုးရွားတဲ့ ပတ်ဝန်းကျင်ကို ဆင့်ကဲပြောင်းလဲဖို့ မတတ်နိုင်ခဲ့ရင် မြို့တော်မှာ နေထိုင်ဖို့ဆိုတာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ဘူး။”

ထန်ယွင်သဲ့က ပြုံးလျက်ပြောသည်။

“ဟားဟားဟား…” ထန်ကောရှန့်က ကျယ်လောင်စွာ ရယ်မောပြီး ကားအတွင်းရှိ အရာကို ခေါင်းငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏ ရယ်မောသံများ ရုတ်ခြည်း ရပ်တန့်သွားကာ သူ၏အရေးအကြောင်းများ ရှိသော အိုမင်းသော မျက်နှာသည် တမုမဟုတ်ချင်း တည်ကြည်စ ပြုလာသည်။ သူသည် ထိုအခြေအနေတွင် စက္ကန့်အနည်းငယ်ကြာအောင် ရှိနေပြီးမှ ရုတ်တရက် ရှေ့သို့ လှမ်းလာပြီး သူ့ကိုယ်သူ ရွှေနဂါးခေါင်းအနီး ကားထဲသို့ ထိုးဝင်လိုက်သည်။

“ဘယ်လောက်တောင် ကြီးလိုက်တဲ့ ရွှေနဂါးခေါင်းကြီးလဲ။”

ထန်ကောရှန့်မှ ချီးမွမ်းခြင်း မဟုတ်ဘဲ ထန်ယွင်သဲ့ဆီမှ ထွက်လာသော ချီးကျူးစကား ဖြစ်သည်။ သူ၏လက်သည် ကားတံခါးအား ကိုင်ထားပြီး သူ့အဖေဘေးနားက ရွှေနဂါးခေါင်းကို ကြည့်ကာ ချီးကျူးစကား ဆိုလိုက်ခြင်းဖြစ်သည်။

“ဒါပေမယ့် အဲ့ဒါကို ပစ္စည်းကောင်းလို့တော့ ပြောလို့ရနိုင်တယ်လို့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် ဒီရွှေနဂါးခေါင်းက ကျွန်တော် ရထားတဲ့ တခြားပစ္စည်းနှစ်ခုကလွဲပြီး စစ်ထူမိသားစုဘဏ္ဍာတိုက်ရဲ့ အကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုလို့ ပြောလို့ ရတယ်။  အဘိုးကရော ဘယ်လိုထင်လဲ။ ဒီရွှေနဂါးခေါင်းကို ရွှေစင်နဲ့ သွန်းလုပ်ထားတာ။ အဘိုး ကြိုက်ရင် အလှဆင်ပစ္စည်းတစ်ခုအနေနဲ့ ကျွန်တော် ထားခဲ့မယ်။"

ထန်ကောရှန့်က တုံ့ဆိုင်းစွာဖြင့် သူ့ခေါင်းကို လှည့်လိုက်သည်။ ညအချိန် ဖြစ်သော်လည်း ခြံတွင်းရှိ အလင်းရောင်နှင့် ကားပေါ်ရှိ မီးမှိန်မှိန်ကြောင့် သူ၏အမူအရာသည် ထန်ရှုကိုသာမက ထန်ယွင်သဲ့ကိုပါ အလွန်ထင်ရှားသိသာစေသည်။ သူက ထန် ရှုကို တုန်ရီနေသော နှုတ်ခမ်းများဖြင့် အက်ကွဲစူးရှစွာ မေးလိုက်သည်။

" ရှုအာ … ငါ တစ်ချိန်က ပြည်နယ်ရဲ့ လျှို့ဝှက်အခန်းအတွက် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ မင်းသိလား။"

"ဟင့်အင်း … ကျွန်တော် ဒါကို တစ်ခါမှ မသိခဲ့ဘူး။" ထန်ရှုက ခေါင်းယမ်းရင်းပြောသည်။

“ငါ အဲဒီမှာ အလုပ်လုပ်တုန်းက သိမ်းဆည်းထားတဲ့ လျှို့ဝှက်ဖိုင်တွေအားလုံးကို ဖတ်ခဲ့တယ်။ အဲ့ဒီအထဲက တစ်ခုက ဒီရွှေနဂါးခေါင်းအကြောင်းပဲ။ အချက်အလက်တွေက မဟာထန်မင်းဆက်ကနေ ဆင်းသက်လက်ကမ်းလာခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ထားခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော်ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်ဘဏ်ထဲက ဆုံးရှုံးသွားတဲ့ နိုင်ငံ့ဘဏ္ဍာတွေစာရင်းထဲမှာ ဒီရွှေနဂါးခေါင်းလည်း ပါတယ်။ ဒါကြောင့် ဒီရွှေနဂါးခေါင်းကို စစ်ထူမိသားစုက တစ်ချိန်လုံး လျှို့ဝှက်စုဆောင်းထားလိမ့်မယ်လို့  အရမ်းမျှော်လင့်မထားခဲ့မိဘူး။” ထန်ကောရှန့်က ရှင်းပြသည်။

"စစ်ထူမိသားစုရဲ့ဘိုးဘေးတွေက ဒီပစ္စည်းကို ရဖို့အတွက် ပမာဏ ကြီးကြီးမားမား ပေးခဲ့ရပြီး အဲဒါကို ရာစုနှစ်နဲ့ချီပြီး ပိုင်ဆိုင်ထားတာကြောင့် သူတို့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ခုလို့ ဆိုနိုင်တယ်။" ထန်ရှုက ရယ်ရယ်မောမော ပြောသည်။

“ဒါပေမယ့် အခု ကျွန်တော့်လက်ထဲမှာ ရှိနေပြီဆိုတော့ ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုလို့ အဓိပ္ပာယ် ရတယ်။ အဘိုးကို ဒီဥစ္စာ ကျွန်တော် ပေးမယ်။"

ထန်ကောရှန့်က သူ၏ရင်ဘတ်ကို ဖိကာ မချိပြုံး ပြုံးရင်း သက်ပြင်းတစ်ချက်ချလျက်

"အစကတော့ ငါ အသက်ရှုဖို့နဲ့ အာရုံကြောတွေ ဖြေလျှော့ဖို့ အခန်းထဲက ထွက်လာခဲ့တာ။ စိတ်က မငြိမ်မသက်ဘဲ ပိုလို့တောင် လှုပ်ရှားနေတယ်။ ရှုအာ … မင်းရဲ့စွမ်းရည်က တကယ်ကို … တော်ပါတယ်။ ဒီရွှေနဂါးခေါင်းက မင်းရထားတဲ့အရာမို့ မင်း ပိုင်တယ်။ ငါ လက်မခံနိုင်ဘူး။ လက်လည်း မခံရဲဘူး။"

"ဘာလို့ ဒီလို ပြောတာလဲ အဘိုး။" ထန်ရှုက မေးလိုက်သည်။

“ဒီရွှေနဂါးခေါင်းက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရာပါ။ ဒါပေမယ့် ငါတို့ထန်မိသားစုအတွက်တော့ ဒီဟာက သေနေတဲ့ အရာတစ်ခုကလွဲပြီး ဘာမှ မဟုတ်ပါဘူး။ အဲ့ဒါရဲ့တည်ရှိမှုကို ဖော်ထုတ်ခံရရင် ငါတို့အတွက် အကျိုးမရှိရုံတင်မကဘူး … ငါတို့ကို ဒုက္ခဖြစ်စေမယ့်အလားအလာ မြင့်မားပါတယ်။ အမှောင်ရိပ်ထဲကနေ ငါတို့ကို ကြည့်နေတဲ့သူတွေက ဒီလိုပစ္စည်းမျိုး တစ်စုံတစ်ခုကို အကြောင်းပြပြီး တိုက်ခိုက်ကြလိမ့်မယ်။ ထန်မိသားစုကို လူအများရဲ့ဝေဖန်မှုနဲ့ ဆဲဆိုတဲ့မုန်တိုင်းထဲကို ရောက်အောင် တွန်းပို့ကြလိမ့်မယ်။"

ထန်ရှု တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး

"ဒါဆိုရင် ကျွန်တော် ဒါကို အဝေးကို သယ်သွားလိုက်မယ်။ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်းကို ကျွန်တော် ဝယ်ထားပြီးပြီဆိုတော့ ပြန်လည်တည်ဆောက်မှုသာ ပြီးသွားရင် ဒီရွှေနဂါးခေါင်းကို နဂါးကိုးကောင်ကျွန်းကို ယူသွားပြီး ရဲတိုက်ထဲမှာ သိမ်းထားလိုက်ပါမယ်။”

ထန်ကောရှန့်က တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်ပြီး “ဒါက အကြံကောင်းဖြစ်လိမ့်မယ်။ မင်း အဲ့ဒါကို သယ်မသွားခင် အခြားသူတွေ မတွေ့အောင် သေချာဖုံးကွယ်ရမယ်။"

"ကျွန်တော့်ရဲ့အရည်အချင်းက တခြားကိစ္စတွေအတွက် မလုံလောက်ပေမယ့် ပစ္စည်းတွေ ဖွက်ထားဖို့ဆိုရင် ကျွန်တော့်လောက် ကမ္ဘာပေါ်မှာ ဘယ်သူမှ ကောင်းကောင်း မလုပ်နိုင်ဘူး။ စိတ်မပူပါနဲ့ … ဒီရွှေနဂါးခေါင်းကို ဘယ်သူကမှ ရှာတွေ့မှာ မဟုတ်ဘူး၊ စကားလုံးတစ်ဝက်တောင်မှ တခြားသူတွေကို ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။”ထန်ရှုက ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။

"ကောင်းပြီ။" ထန်ကောရှန့်သည် လေးပင်စွာ ခေါင်းညိတ်လိုက်ပြီး ကားပေါ်မှ ဆင်းလာကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒီလေလံပွဲမှာ ၃.၁ဘီလီယံ သုံးစွဲခဲ့တယ်လို့ မင်း ပြောခဲ့တယ်။ အရိုးသားဆုံးပြောရရင် မင်းကို ဘီလီယံ၅၀ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ငါ နောင်တရခဲ့ပြီး ငါ့ဆုံးဖြတ်ချက်က သတိလက်လွတ်ဖြစ်သွားတာလား၊ မဖြစ်တာလား မသေချာခဲ့ဘူး။ ဘယ်သူတွေးမိမှာလဲ … မင်းက ယွမ် ၃.၁ဘီလီယံကို ပြန်ယူခဲ့ရုံတင်မကဘူး အပိုငွေ ယွမ် ၅ဘီလီယံတောင် ရလာခဲ့သေးတယ်။ ပိုပြီးအရေးကြီးတာက မင်းမှာ ရွှေနဂါးဦးခေါင်းလို ရတနာတစ်ခုတောင် ရှိနေတယ်။ ဒါတကယ်ကို သိပ်ကောင်းတာပဲ။"

“ရိုးရိုးသားသား ပြောရရင် အခွင့်အရေးကို အရယူလိုက်ရုံပါ။ လျှို့ ဝှက်မျိုးနွယ်စုမှာ ပစ္စည်းအပြတ်ဆုံး ဖြစ်နေတဲ့အရာတွေက ကျွန်တော့်မှာ ရှိနေခဲ့တာကိုး။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။

ထန်ကောရှန့်က ခပ်ဖွဖွ ပြုံးရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား

" ရှုအာ … စစ်ထူမိသားစုရဲ့ဘဏ္ဍာတိုက်ကနေ ပစ္စည်းသုံးမျိုးကို မင်းရခဲ့တယ်လို့ ပြောလိုက်တာ မဟုတ်လား။ ဒီရွှေနဂါးခေါင်းအပြင် မင်း ဘာတွေ ရခဲ့သေးလဲ။

“အဲ့ဒါတွေက ရှေးဟောင်းပစ္စည်းတချို့ပါ။ ရှေးဟောင်းကြေးမီးအိမ်နဲ့ ကွမ်ရင်ပန်းအိုးပါ။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

“ရှေးဟောင်းပစ္စည်းဗဟုသုတနဲ့ပတ်သက်ပြီး ငါတော့ သိပ်မသိဘူး။ ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေရဲ့ ဈေးနှုန်းက အရမ်းဈေးကြီးတယ်ဆိုတာတော့ သိတယ်။ ဒီနေ့ မင်းမှာ ကြီးကျယ်တဲ့အရာ ငါးခု ရခဲ့တယ်လို့ အခုထိ ငါ တွက်ချက်ထားပေမယ့် မင်းမှာ အပိုငွေ ယွမ် ၅ဘီလီယံ ရှိသေးတယ် ... ငါ ထန်ကောရှန့်ရဲ့ မြေးအဖြစ် ထိုက်တန်ပါပေတယ်။ အံ့သြစရာကောင်းတယ်။" ထန်ကောရှန့်က ခေါင်းညိတ်ပြသည်။

"အဘိုး … ကျွန်တော့်ကို ကြီးကြီးကျယ်ကျယ် ထပ်ပြီးချီးမွမ်းရင် ဒီမှာ ကြာကြာမနေနိုင်တော့ဘူးနော်။" ထန်ရှုက ပြုံးစိစိဖြင့် ပြောသည်။

"စွမ်းဆောင်နိုင်တာက စွမ်းဆောင်နိုင်တာပဲလေ ဟုတ်တယ်မလား။ ဒါ ချဲ့ကားတာမှ မဟုတ်တာ။” ထန်ကောရှန့်က လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

သူ့ဖခင်နှင့် သားဖြစ်သူ စကားပြောနေသည်ကို ဘေးတွင် ရပ်ပြီး နားထောင်နေသည့် ထန်ယွင်သဲ့သည် ထိုအခိုက်အတန့်တွင် သူ၏စိတ်နှလုံးထဲ၌ ကျေနပ်စိတ်များ ဖြစ်ပေါ်နေသည်။ အတိတ်က စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်စဉ်က အောင်မြင်မှုများ ရရှိပြီးနောက် ခံစားရသည့် ကျေနပ်မှုထက် ဤခံစားချက်က ပို၍ ကြီးမားပေသည်။ သူလုပ်ခဲ့သမျှထဲတွင် အကောင်းဆုံးအရာအား ရှာကြည့်မည်ဆိုပါက ဇနီးကောင်းတစ်ယောက်နှင့် သားကောင်းတစ်ယောက် ရှိခြင်းဟု သူ နားလည်ထားသည်။

လက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လာပြီး သာမန်လူတစ်ယောက်၏ အခြေအနေကို ပြန်လည်ရောက်ရှိလုနီးပါးဖြစ်နေပါပြီ။ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် မဆုတ်မနစ် လေ့ကျင့်နေသရွေ့ သူ၏ဖွဲ့စည်းပုံအခြေခံသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အတိတ်ကာလကအတိုင်း အထွတ်အထိပ် အခြေအနေတွေကိုတောင် ပြန်လည်ရနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။

"ရှုအာ … သားအမေ ဘယ်လိုတွေးလဲဆိုတာ သားလည်း အသိသားပဲ။ စာလေ့လာတာက ဘဝရဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သူမ အမြဲတွေးခဲ့တယ်။ သူမရဲ့တစ်ခုတည်းသော ဆန္ဒကတော့ သားဟာ ကောင်းမွန်တဲ့ တက္ကသိုလ်တစ်ခုမှာ တက်ရောက်နိုင်ပြီး ဘွဲ့လက်မှတ် ကောင်းကောင်းကို ရယူနိုင်ဖို့ပဲ။ အလုပ်မှာ လုပ်သင့်တာကို လုပ်နိုင်သေးတယ်ဆိုပေမယ့်လည်း ရှန်ဟိုင်းတက္ကသိုလ်မှာ သားက ကျောင်းတက်နေပြီဆိုတော့ အဲ့ဒီမှာ ကောင်းကောင်း ဆက်လေ့လာပါ။ နောက်ပြီး ငယ်ရွယ်စဉ် သင်ယူလေ့လာခြင်းက သားကို အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ပေးပါလိမ့်မယ်။” ထန်ယွင်သဲ့က ထန်ရှု၏ပခုံးကို ပုတ်ကာ အပြုံးဖြင့် ပြောသည်။

"စိတ်ချပါ အဖေ။ ကျွန်တော် ဒါကို အမြဲ သတိရနေမှာပါ။”

"ဒါဆို ကောင်းပါတယ်။ ဒါနဲ့ ဒီတလော မင်းက မိန်းကလေးတော်တော်များများနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ အဖေ ကြားတယ်။ ပျော်ရွှင်စရာ တစ်ခုခုကို ရွေးချယ်တာပဲဖြစ်ဖြစ်၊ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ရွေးချယ်တာပဲဖြစ်ဖြစ်၊ သားရဲ့အမေက အရမ်းငယ်သေးတော့ သားရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ကူညီပေးနိုင်တယ်နော်။"

…အဟွတ် … အဟွတ်… ထန်ရှု သီးသွားတော့သည်။

***

All Chapters