← Chapters

တာဝန်မှဖယ်ရှားခြင်း

Vol. 11 Ch. 521

တာဝန်မှဖယ်ရှားခြင်း

Vol. 11 Ch. 521

နောက်တစ်နေ့ မနက်စောစော အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီမှ ပထမဆုံး နေရောင်ခြည် ထွက်ပေါ်လာသောအချိန်တွင် ထန်ရှုသည် ထန်မိသားစုနေအိမ်မှ ထွက်လာခဲ့ပြီဖြစ်သည်။ ခြံအပြင်ဘက်တွင် အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် အိုးရန်လူလူသည် ဟမ်ဗီးကားကို မှီ၍ စောင့်နေပြီဖြစ်ပြီး ထန်ရှု ဂိတ်မှထွက်လာချိန်တွင် ခပ်ဖွဖွ ပြုံးပြသည်။

"နင်သာ နည်းနည်းနောက်ကျရင် နင့်ကို ငါ ပြန်ပေးဆွဲရတော့မယ်။ လေယာဉ်ပျံသန်းမှု လမ်းကြောင်းလျှောက်လွှာအတွက် ထွက်ခွာချိန်က တစ်နာရီခွဲလောက်ပဲ ကျန်တော့တာ နင်သိလား။ မြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့တဲ့သဘာဝအရ ဒီအချိန် လေဆိပ်ကို သွားရလာရတာ ခက်ခဲမယ်လို့ ထင်တယ်” အိုးရန်လူလူက အပြုံးဖြင့် ပြောသည်။

ထန်ရှုသည် မျက်ခုံးတွန့်သွားရင်း တံခါးဘေးတွင် စောင့်ကြပ်နေသော စစ်သားများကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဒီကနေ မြေအောက်ရထားနဲ့သွားရင် လေဆိပ်ကို ရောက်ဖို့ ဘယ်လောက်ကြာလဲ။"

“တစ်နာရီခွဲလောက် ကြာမယ်။”စစ်သားတစ်ဦးက ပြန်ဖြေသည်။

ထန်ရှုက မျက်မှောင်ကြုတ်သွားရင်း အိုးရန်လူလူဘက် လှည့်ကာ

"ငါ့ကို ပြောပါဦး။ ငါတို့ ရှန်ဟိုင်းလေဆိပ်ကို အချိန်မီရောက်နိုင်လား။"

"နင်က ငါ့ကို မေးနေတာလား။" အိုးရန်လူလူက နူးညံ့သော အပြုံးဖြင့် ပြန်မေးသည်။

ထန်ရှုက သူမကို မျက်လုံးပြူးပြပြီး ဆတ်ကနဲ ပြောလိုက်သည်။

“ငါ့ကို ဒီလိုအကြည့်မျိုး မကြည့်လို့ရမလား။ ငါ ရှန်ဟိုင်းကို ပြန်ဖို့ တကယ်ကို အလျင်လိုနေတာပါ။ မနက်ပိုင်း အတန်းမရှိပေမယ့် နေ့လည်ပိုင်းက အတန်းတွေ ရှိတယ်။ ငါ မနက်စောစောရောက်နိုင်ရင် ကျောင်းကို အရင် သတင်းပို့ဖို့ စီစဉ်ထားတာမို့လေ။”

အိုးရန်လူလူ၏နှုတ်ခမ်းလေးများ ကော့တက်သွားရပြီး သော့တစ်တွဲကို ထုတ်ယူလိုက်ကာ အပြုံးဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။

“ငါ့နဲ့အတူ လိုက်ခဲ့။ ဒါပေမယ့် ဒီဟမ်ဗီးကို စစ်ထူမိသားစုဆီ ပြန်ပို့ဖို့ကိုတော့ နင်တို့ထန်မိသားစုကိုပဲ ဒုက္ခပေးရတော့မယ်။"

ထန်ရှု ခေတ္တမျှ မင်သက်သွားပြီး အစောင့်စစ်သား နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လူလူနှင့်အတူ လမ်းကြားဝဆီသို့ လျှောက်လာခဲ့သည်။ နှစ်ယောက်သား အပြင်ဘက် လမ်းပေါ် သို့ ရောက်သောအခါ အလွန်ကောင်းမွန် ခန့်ညားလှသော ဟာလေဆိုင်ကယ်တစ်စီးကို တွေ့လိုက်ရသည်။

"မင်း ... ဒီပစ္စည်းကို ဘယ်လို ရခဲ့တာလဲ။" ထန်ရှုက ရေရွတ်လိုက်သည်။ လူလူတစ်ယောက် ဟာလေကြီးအား ပြင်ဆင်နေသည်ကို ကြည့်နေရင်း ထန်ရှု၏အမူအရာသည် အူကြောင်ကြောင် ဖြစ်နေသလိုပင်။

"ဟမ်ဗီးကားက စစ်ထူမိသားစုကနေ ယူလာတာ။ ဒီဟာလေက ငါ စီးတာလေ။ နင် ဘယ်လို ထင်လဲ။ ငါက ဖြစ်နိုင်တဲ့ နှစ်ဖက်စလုံးအတွက် အမြဲ ပြင်ဆင်ထားပါတယ်ဟ။ မဆိုးဘူး မဟုတ်လား။"

ထန်ရှုသည် ထူးဆန်းသော အမူအရာဖြင့် လူလူကို စိုက်ကြည့်ရင်း

"ဟမ့် … ဒါက မင်း ကြိုတင်စီစဉ်ထားတာပဲ မဟုတ်ဘူးလား။ ဒီအချိန်က တကယ့်အချိန်ဆိုတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုက သေချာပေါက်ရှိတယ်ဆိုတာ မင်း သေချာပေါက် သိတယ်။ ဒါကြောင့် ဒီဆိုင်ကယ်ကို မင်း ပြင်ဆင်ထားတာ မဟုတ်လား။"

"ဒါပေမယ့် ဒါက ငါ နင်နဲ့ နီးစပ်ချင်လို့ မဟုတ်ဘူးနော်။ နင် သိတဲ့အတိုင်း … ကောင်လေးတွေက သူတို့ကောင်မလေးတွေကို သူတို့နဲ့အတူ စီးဖို့ ဆွဲဆောင်ဖို့ အမြဲ ကြိုးစားပြီး ရံဖန်ရံခါ အပိုအကျိုးအမြတ်တွေ ရဖို့ ဘရိတ်ကို ဆောင့်နင်းကြတာ မဟုတ်လား။” အိုးရန်လူလူက ရယ်မောကာ ပြန်ဖြေသည်။

… ဟားဟားဟား ...

ထန်ရှု မရယ်ဘဲ မနေနိုင်တော့ချေ။ သူမ၏အငြင်းအခုံက ရယ်မြူးစရာ ကောင်းတာကို သူ တွေ့လိုက်ရသည်။

"ဟေး အဲ့လို ကြောင်နေလို့ မရဘူးလေ။ မြန်မြန်လုပ်ပါ။ ထပ်ပြီးနှောင့်နှေးနေရင် ယာဉ်ကြောပိတ်ဆို့မှုမှာ မပိတ်မိရင်တောင် ငါတို့ နောက်ကျလိမ့်မယ်။” အိုးရန်လူလူက အပြုံးဖြင့် ပြောသည်။

“အိုခေ…”

ထန်ရှုက လူလူ၏အနောက်မှာ ထိုင်လိုက်သည်။ သို့သော် သူ၏လက်များအား သူမ၏ခါးကို ဖက်ထားရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။

လူလူက မျက်လုံးပြူးပြကာ ထန်ရှု၏လက်များကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ခါးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် သူမသည် လက်ကိုင်ဘားပေါ်ရှိ ဆိုင်ကယ်စီးဦးထုပ်များကို ကောက်ယူကာ ထန်ရှုအား ဆောင်းပေးပြီး သူမလည်း ဆောင်းကာ ဆိုင်ကယ်ကို မောင်းထွက်လိုက်သည်။

… ဘယ်လို ပျော့ပျောင်းနူးညံ့လှတဲ့ ခန္ဓာကိုယ်လေးလဲ…

လူလူသည် သားရေကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားသော်လည်း ထန်ရှု၏လက်များသည် သူမထံမှ ထွက်သော အပူငွေ့အပြင် နူးညံ့သိမ်မွေ့မှုကိုပါ ခံစားမိနိုင်သေးသည်။ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် သူသည် ခန်းရှနှင့် ခန္ဓာကိုယ်ချင်း ရင်းနှီးခဲ့သော်လည်း သူမ၏ခါးသည် လူလူကဲ့သို့ ပျော့ပျောင်းနူးညံ့မှုကို မပိုင်ဆိုင်ခဲ့ပေ။

"ဆိုတော့ ဟန်နီ … ငါ့ရဲ့ခါးလေးကို ကိုင်ထားရတာ မကောင်းဘူးလား။"

အိုးရန်လူလူသည် ဆိုင်ကယ်စီးရင်း မျက်နှာကို အနည်းငယ်လှည့်ကာ အော်ပြောလိုက်သည်။

ထန်ရှုက ရယ်ရမလို ငိုရမလို ဖြစ်သွားရင်း

"ဘာကောင်းရမှာလဲ။ ဆိုင်ကယ်ကိုပဲ ကောင်းကောင်း မောင်းစမ်းပါ။ ဗရုတ်သုတ်ခအတွေးတွေနဲ့ ဦးနှောက်ကို မဖြည့်စမ်းပါနဲ့။”

“ဟာ.ဟာ.ဟ…”

****

ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းသည် မနက်၁၀နာရီခွဲတွင် ရှန်ဟိုင်းလေဆိပ်၌ ဆင်းသက်ခဲ့သည်။

ထန်ရှုသည် အိုးရန်လူလူနှင့်အတူ လေယာဉ်ပေါ်မှ ဆင်းလာသည်။ သူမ၏နားပူနားဆာလုပ်ကာ တောင်းဆိုမှုအောက်တွင် ထန်ရှုသည် သူမအား ရှန်ဟိုင်းတက္ကသိုလ်သို့ ခေါ်ဆောင်သွားခဲ့ရပြီး သူမနှင့်အတူ နေ့လယ်စာစားရန် ကတိပေးရုံမှတပါး သူ့တွင် အခြားရွေးချယ်စရာ မရှိပါပေ။

ရှန်ဟိုင်းတက္ကသိုလ်အဝင်ဝတွင် တက္ကစီရပ်ပြီးနောက် ကြယ်ပြာအိမ်ရာမှ သူ၏အိမ်သော့ကို လူလူအား ပေးပြီး ထန်ရှုသည် ကျောင်းဝင်းထဲသို့ အမြန်ပြေးသွားခဲ့သည်။

စာသင်ခန်းသို့ သူ ရောက်သောအခါ စာသင်ခန်းအတွင်း၌ လူအနည်းငယ်သာ ရှိနေသည်ကို တွေ့ရလေသည်။ ဒါဇင်ချီသော လူများစုဝေးနေကြပြီး ကျောင်းပိတ်ရက်များအတွင်း ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ် အကြောင်းအရာတို့အား စကားလက်ဆုံကျနေကြသည်။

"အိုး … နောက်ဆုံးတော့ အစ်ကိုကြီးထန်က ဒီကို ရောက်လာပြီပေါ့။"

ဟူချင်းစုန့်က သူ၏အရှေ့မြောက်သံဝဲနေသော လေယူလေသိမ်းဖြင့် ထန်ရှုအား  နှုတ်ဆက်လာသည်။ ရုတ်ခြည်းပင် စာသင်ခန်းထဲရှိ ဒါဇင်ချီသော ကျောင်းသားများ၏အကြည့်များသည် ထန်ရှုဆီသို့ ကျရောက်လာသည်။ သူတို့၏မျက်နှာများထက်တွင် ထူးဆန်းသော အမူအရာများ ရှိနေပြီး ထိုနောက်ကွယ်တွင် ဇာတ်လမ်းတစ်ခု ရှိနေကြောင်းကို လူတစ်ယောက်သည် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ထန်ရှုသည် လူတိုင်းအား အပြုံးဖြင့်  နှုတ်ဆက်လိုက်ပြီး ဟူချင်းစုန့်အနားသို့ လာထိုင်ရင်း သိလိုစိတ်ဖြင့် တီးတိုးမေးလိုက်သည်။

"တစ်ခုခုမှားနေသလိုမျိုး လူတိုင်းက ထူးထူးခြားခြား ငါ့ကို ကြည့်နေတယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ။ ဘာတွေ ဖြစ်သွားလို့လဲ။"

“မနက်ခင်းမှာ အတန်းခေါင်းဆောင်နေရာတွေအတွက် ငါတို့ ရွေးချယ်ပွဲ လုပ်ကြတယ်ကွ။ မင်းကတော့ အတန်းဥက္ကဌတာဝန်ကနေ ဖယ်ရှားခံခဲ့ရပြီး ငါကတော့ အခုပဲ အတန်းဥက္ကဌအဖြစ် ခန့်အပ်ခံထားရတယ်။ နောက်ပြီး မင်းကို မကောင်းတဲ့အကျင့်တွေ ရှိတဲ့ ဒါမှမဟုတ် တစ်စုံတစ်ရာလွှမ်းမိုးမှုရှိနေတဲ့ ပန်းသီးပုပ်တစ်လုံးဆိုပြီး ဆရာမဟန်ကိုယ်တိုင် အမည်ပေးထားတယ်။ လူတိုင်းက မင်းကို စံနမူနာ မယူကြဖို့လည်း သူမက မျှော်လင့်နေတယ်။”

"ဟင်…" ထန်ရှု မျက်မှောင်ကြုတ်သွားရင်း "ငါ ဘာမှားနေလို့လဲ။"

ဟူချင်းစုန့်က သူ၏လက်ချောင်းများကို မြှောက်လိုက်ပြီး

"ငါ မင်းကို ပြောပြမယ်။ ပထမဦးဆုံး မင်းက အမြဲတမ်း အတန်းလစ်တယ်။ အဲ့ဒါ ဟုတ်တယ်မဟုတ်လား။ ဒုတိယအနေနဲ့ မင်းက တာဝန်မဲ့တဲ့သူတစ်ယောက်ပဲ။ မင်းက အတန်းဥက္ကဌတစ်ယောက် ဖြစ်ပေမဲ့ တာဝန်မကျေဘူး။ ငါ ပြောတာတွေ မှန်တယ်မလား။ တတိယအနေနဲ့ စာသင်ခန်းထဲမှာ စည်းကမ်း မလိုက်နာတဲ့အပြင် စာသင်ချိန်အတွင်း ခွင့်ပြုချက်မရဘဲ ထွက်သွားတယ် ဟုတ်တယ်မဟုတ်လား။ စတုတ္ထအနေနဲ့…”

"တော်ပြီ…ရပ်…ရပ်တော့…"

ထန်ရှုက ရယ်ရခက် ငိုရခက်ဖြစ်နေသော အမူအရာဖြင့် ဟူချင်းစုန့်ကို စိုက်ကြည့်ရင်း သူ့နှလုံးသားအတွင်းတွင် ဟန်ကျင်းဝူအား နာကျည်းသောစိတ် ဝင်လာသည်။ အထက်တန်းကျောင်းတွင် သူမ၏အတန်းကို ပြန်တက်ပြီးနောက် သည်အရာမျိုးအား သူ ကြုံခဲ့ရသည်။ ယခု ထပ်မံဖြစ်ပျက်ခြင်းမှာ သူမ၏ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်လည်ဖြေဖျောက်ရန် သူမ၏ရာထူးနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေသည်မှာ သိသာပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤပြဿနာများ ရှိခဲ့သည်မှာ အမှန်ပင်။ သူသည် ကျောင်းသားတကယ် ဖြစ်ရန် မထိုက်တန်ပုံရပြီး အမှန်တကယ် အတန်းများအား အလွန် ပျက်လွန်းပေသည်။

…ဟန်ကျင်းဝူ…

သူမ၏နာမည်အား စိတ်တွင်းမှ တိတ်တဆိတ် အော်ဟစ်ရင်း နောင်တွင် သည်ကဲ့သို့ကိစ္စမျိုးဖြင့် ဟန်ကျင်းဝူအား အထောက်အပံ့ နောက်ထပ် မပေးမိစေဖို့ ကြိုးစားရန် ထန်ရှု ဆုံးဖြတ်လိုက်သည်။

လူတစ်ယောက်သည် တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားရမည်ဟု ဆိုရိုးရှိသည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် ချောချောမွေ့မွေ့ ပညာသင်ယူရသည့်ဘဝလေး ပိုင်ဆိုင်လိုပါက သူသည် အမှားများ မပြုလုပ်ဘဲ သူမနှင့် ချစ်ကြည်ရေး ယူရန် လိုအပ်နေပေပြီ။

…. အတန်းရဲ့ဆိုင်ရာပိုင်ရာ အာဏာရှိသူကြီးက သေချာပေါက် ဒီလိုကောင်းတဲ့လူ မဟုတ်ဘူးလေ ဟမ့်။ သူမရဲ့အကြောင်းပြချက်တွေက ကျိုးကြောင်းသင့်ပြီး တရားမျှတလွန်းနေတယ်။…

ထန်ရှုသည် စိတ်ထဲမှ ညည်းညူပြီး ဟူချင်းစုန့်၏ပခုံးကို ခပ်တင်းတင်းဖိလိုက်ကာ

"ဒါနဲ့ ယွဲ့ခိုင်နဲ့ကျန်တဲ့သူတွေ ဘယ်မှာလဲ။ စာသင်ခန်းထဲမှာ မင်းတို့ ဘယ်လိုကျန်နေခဲ့တာလဲ။"

“အဲ့ဒီကောင်တွေက ကောင်မလေးတွေကို လိုက်တာကလွဲပြီး ဘယ်သွားစရာနေရာ ရှိလို့လဲ။ သူတို့ရဲ့ပစ်မှတ်ကို မုဝမ်ရင်ထံကနေ ရွှေ့ပြောင်းပြီး အခြားကျောင်းသူတွေကို မျက်စိကျလာတယ်လေ။ အဲ့ဒီကောင်တွေက မိန်းမတစ်ယောက်ရဲ့ကိုယ်ပေါ်မှာ အနှေးနဲ့အမြန်ဆိုသလို သေသွားကြမယ့်ဟာတွေ။” ဟူချင်းစုန့်က စူပုတ်ပုတ်ဖြင့် ပြန်ဖြေသည်။

"အာ … မင်းရဲ့လေသံထဲမှာ ချဉ်တူးပြီး အစွန်းရောက်တဲ့ဟန် ရှိနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာပါလိမ့်။ ဟာဟ … မင်းရဲ့ပစ်မှတ်ကို ခုထိ မတွေ့သေးဘူးလို့ ငါ့ကို မပြောနဲ့နော်။" ရယ်ချင်ပက်ကျိဖြစ်နေသော ထန်ရှုက မေးလိုက်သည်။

“ငါ ပစ်မှတ်တစ်ခု မတွေ့သေးဘူးလို့ ဘယ်ကောင်က ပြောတာလဲ။ ငါ ကြိုက်တာက …” ဟူချင်းစုန့်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြစ်တင်လိုက်သည်။ သို့သော် သူ၏စကားသည် ရုတ်ခြည်းပင် တစ်ဝက်တစ်ပျက် ရပ်တန့်သွားပြီး မျက်နှာထက်ရှိ ဒေါသအမူအရာသည်လည်း ချက်ချင်းပင် အေးခဲသွားသည်။

ထန်ရှုက အားရပါးရ ရယ်မောလိုက်ရင်း မတ်တတ်ရပ်လိုက်ကာ

"ဘာပဲဖြစ်ဖြစ် ဒီမနက် ငါတို့ ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ သွားကြရအောင်။ သူတို့အားလုံးက ချိန်းတွေ့နေတာ ဒါမှမဟုတ် တစ်ခုခု လုပ်နေတာတွေ ရှိမှတော့ ငါတို့နှစ်ယောက်ကို ကံကြမ္မာတစ်ခုနဲ့ ချည်နှောင်ထားသလိုပဲ။ လာကွာ … ငါ မင်းကို နေ့လယ်စာ ကျွေးပါ့မယ်။"

ဟူချင်းစုန့်၏မျက်လုံးများ အရောင်လက်သွားပြီး ထရပ်ကာ အပြုံးဖြင့်

“ငါလည်း ဒါကို ပြောမလို့ပဲ။ မင်းထက် သာလွန်တဲ့ ကောင်းမွန်တဲ့ ကောင်းကင်ဘုံရယ်လို့ ရှိမှာမဟုတ်ဘူး … အစ်ကိုကြီးထန်။ ငါ မင်းကို လက်ထပ်လိုက်ရင်ရော ဘယ်လိုလဲ။ စိတ်ချပါ။ မင်း ငါ့ကို လက်ဝတ်ရတနာတွေ၊ ရွှေငွေ အသုံးအဆောင်တွေ ဆင်စရာမလိုဘူး။ မင်းက ငါ့ကို နေ့တိုင်း ကျွေးမွေးဖို့ပဲ လိုတယ်။ ငါက မင်းရဲ့ ချစ်ခင်ယုယစွာ မွေးထားတဲ့သူလေးပေါ့။"

“သေလိုက်လေ…” ဟူချင်းစုန့်အား ထန်ရှု ဆဲပေးလိုက်သည်။

နှစ်ယောက်သား ရယ်ရယ်မောမောဖြင့် စာသင်ခန်းမှ ထွက်ကာ ကျောင်းဝင်းအဝင်ပေါက်ဆီသို့ လျှောက်လာရင်း ဟူချင်းစုန့်က ဇဝဇေဝါဖြစ်သွားဟန်ဖြင့်

"အိုး … အစ်ကိုကြီးထန် … ငါ့ကို နေ့လယ်စာ ကျွေးတာက အရမ်းကြီး ထူးထူးခြားခြား မလိုဘူး မဟုတ်လား။ ငါတို့ ဘာလို့ အပြင်ကို သွားနေတာလဲ။"

"အို … ဒါဆို မင်း မသွားချင်ဘူးလား။" ထန်ရှုက အပြုံးဖြင့် ပြောသည်။

"ဘာပဲဖြစ်ဖြစ် ငါတို့နဲ့အတူ နေ့လည်စာ စားမယ့်သူလည်း ရှိသေးတယ်။"

“အာ … အဲ့ဒါ ဘယ်သူလဲ။” ဟူချင်းစုန့်က ဇဝဇေဝါဖြစ်စွာ မေးလိုက်သည်။

“ငါ့သူငယ်ချင်းတစ်ယောက်ပါ။” ထန်ရှု ပြန်ဖြေသည်။

“အဲ့ဒီလူက အမျိုးသားလား အမျိုးသမီးလား။” ဟူချင်းစုန့်က အံ့သြစွာ မေးလိုက်သည်။

“အမျိုးသမီးတစ်ယောက်။” ထန်ရှုက အပြုံးဖြင့် တုံ့ပြန်သည်။

“သူမက ဘယ်လိုပုံလဲ။” ဟူချင်းစုန့်၏မျက်လုံးများ အရောင်လက်ကာ မေးလာသည်။

"သူမက ပန်းလှလှလေးတစ်ပွင့်လိုပါပဲ …  စွဲမက်ဖွယ် ကောင်းပြီး ဆွဲဆောင်မှုရှိတယ် ချစ်စရာကောင်းတယ်။" ထန်ရှုက ထပ်မံ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီး ထန် … မင်းက ညီအစ်ကိုတွေကို အကောင်းဆုံး ဆက်ဆံတယ်ဆိုတာ ငါသိတယ်။ ဒါက ငါ ကြိုက်တဲ့ ပုံစံအတိအကျပဲ။ အိုခေ …  သဘောတူညီချက်တစ်ခု လုပ်ရအောင်။ ငါသာ သူမကို အောင်အောင်မြင်မြင် လူပျိုလှည့်နိုင်ရင် မင်း ငါ့ကို တစ်ဝိုင်း ပြုစုရမယ်။"

“အိုခေလေ … မင်းသာ သူမကို လူပျိုလှည့်နိုင်ရင် ငါ တစ်ပွဲ ဧည့်ခံမှာပေါ့။” ထန်ရှုက သူ၏မျက်လုံးများကို လှည့်ကာ တုံ့ပြန်လိုက်သည်။

ဟူချင်းစုန့်က တွေတွေကြီး စိုက်ကြည့်ရင်း သူ၏မျက်နှာထက်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

" မင်းက ငါ့ကို နောက်ပြောင်ချင်နေတာလား အစ်ကိုကြီးထန် … ငါ သိနေပြီနော်။ အဲ့ဒီအမျိုးသမီးက အတော်ရုပ်ဆိုးလို့ပဲ ဖြစ်ရမယ်။ နို့မဟုတ်ရင် သူမကို ငါ့ဆီ မင်း တွန်းပို့မှာမဟုတ်ဘူး ဟုတ်တယ်မလား။ အာ … မေ့လိုက်တော့။ မင်းအတွက်ပဲ သိမ်းထားလိုက်။"

ခေါင်းကို ယမ်းရင်း ထန်ရှုက မရယ်ချင့်ရယ်ချင် ရယ်လိုက်ကာ သူ၏ပုခုံးကို ပုတ်လိုက်သည်။

မနက်အစောကြီး ရှိသေးသည်မို့ သူတို့၂ယောက်သည် ကားမစီးတော့ဘဲ ကြယ်ပြာအိမ်ရာဝင်းသို့ ခြေလျင်သွားကြသည်။ ထန်ရှုသည် သူ့အိမ်သို့ ရောက်သောအခါ တံခါးခေါင်းလောင်းကို တီးလိုက်သည်။ အိမ်ရှေ့လျှပ်စစ်ဝင်းတံခါး ပွင့်သွားပြီး အိုးရန်လူလူ၏ရင်ခုန်စိတ်လှုပ်ရှားဖွယ် သွင်ပြင်သည် အိမ်တံခါးဝတွင် ပေါ်လာသည်။

"အစ်ကိုကြီး … ဒါက မင်းရဲ့အိမ်မဟုတ်ဘူးလား။ မင်း ဘာလို့ ခေါင်းလောင်းကို တီးနေတာလဲ..." ထန်ရှု၏အနောက်မှ လိုက်လာသော ဟူချင်းစုန့်သည် အိုးရန်လူလူကို မြင်လိုက်သဖြင့် ပြောလက်စ စကားများ ရုတ်တရက် ရပ်သွားသည်။ သူသည် ချက်ချင်းပင် မျက်လုံးများ ထွက်ကျလုမတတ်ပင် ငမ်းမိတော့သည်။

"ဘာမှားလို့လဲ။ ဒီအဆင့်က မင်းမျက်လုံးထဲကို တကယ် မဝင်နိုင်ဘူးလား။" ထန်ရှုက ရယ်ရင်း မေးသည်။

ဟူချင်းစုန့်က တံတွေးကို မြိုချလိုက်ပြီး ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။

“သူမက အထဲမှာ။ သေချာတယ်။ ငါသာ ဒီလိုအလှတရားလေးနဲ့ လက်ထပ်ရရင် ငါ့ရဲ့သက်တမ်းကို အနှစ် ၃၀ အဖြတ်ခံနိုင်တယ်။”

“ဟားဟားဟား…” သည်တစ်ကြိမ်တော့ ထန်ရှု ရယ်မောမိတော့သည်။

ထန်ရှု၏ကျယ်လောင်သော ရယ်သံကြောင့် ဟူချင်းစုန့်သည် လက်တွေ့ဘဝသို့ ဖျတ်ကနဲ ပြန်ရောက်လာကာ ရှက်ရွံ့ကာ အနေရခက်သွားပြီး အိုးရန်လူလူအား နောက်တစ်ကြိမ်ပင် ထပ်မကြည့်ရဲတော့ပါချေ။။

"ဒါနဲ့ လူလူ … ဒါက ငါ့ရဲ့အတန်းဖော် ဟူချင်းစုန့်ပါ။” ထန်ရှုက အပြုံးဖြင့် မိတ်ဆက်ပေးသည်။

ဟူချင်းစုန့်၏ရေရွတ်သံကို ကြားသော် အိုးရန်လူလူ၏ နှုတ်ခမ်းထောင့်သည် လှပစွာ ကွေးညွတ်သွားသည်။ သူမ၏လက်ကို ဆန့်ပေးပြီး ချစ်စရာကောင်းသော အပြုံးလေးဖြင့်

"ဟိုင်း … ငါက အိုးရန်လူလူပါ။ နင့်ကို ငါတို့အိမ်က ကြိုဆိုပါတယ်။ ဒါနဲ့ ငါ နင့်ကို လက်ထပ်လို့ မဖြစ်တာကို စိုးရွံ့မိပါရဲ့။ ဒီကောင်မလေးရဲ့နှလုံးသားကို နင့်ဘေးနားကလူက ယူသွားပြီးသားပါ။ ဒါပေမယ့် အခြေအနေတစ်ခုသာ ရှိရင် နင့်ကို ငါ့ရဲ့မိန်းကလေး သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်တယ် ... အဲ့ဒီအခြေအနေကတော့ ငါ့ရဲ့လူလို အရည်အချင်းရှိဖို့ လိုတယ်။"

…သူမရဲ့နှလုံးသားက ယူပြီးသွားပြီတဲ့လား…

…ငါ့လူဟုတ်လား…

ဟူချင်းစုန့်သည် မင်သက်သွားရင်း ထန်ရှုဘက်သို့ လှည့်ကာ မယုံကြည်နိုင်စွာ စိုက်ကြည့်မိသွားသည်။

***

All Chapters