← Chapters

မျက်မမြင်အဘွားအို

Vol. 11 Ch. 523

မျက်မမြင်အဘွားအို

Vol. 11 Ch. 523

သူ၏လုပ်ငန်းအား နောက်ပိုင်းတွင် ပိုမိုကြီးမားစေချင်သောကြောင့် ယုံကြည်စိတ်ချရသော လူယုံအဖွဲ့တစ်ဖွဲ့ ဖွဲ့မည်ဟူသော စိတ်ကူးသည် ထန်ရှု၏ အတွေးထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ ဟူချင်းစုန့်အား ထိုအကြောင်း ပြောပြရန်အတွက်မူ စောလွန်းသေးသည်ဟု သူ ထင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ စကားစမြည် ပြောဆိုလာရင်း ထိုနေရာသို့ ရောက်လာသောအခါ ဖုံးကွယ်ထား၍ မရတော့ပေ။ တစ်ခဏမျှ တွေးတောဆင်ခြင်ပြီးနောက် နောက်ဆုံးတွင် သူသည် စိတ်ပိုင်းဖြတ်ကာ ပြောပြလိုက်သည်။

“ခမ်းနားသော ထန်ဆိုတဲ့ စီးပွားရေးလုပ်ငန်းစု ရှိသေးတယ်…”

ဟူချင်းစုန့်သည် မျက်ခုံးတွန့်ကာ နာမည်ကို ပြန်စဉ်းစားနေရင်း ရုတ်တရက် ကုလားထိုင်မှ ထမိသွားသည်။ စားပွဲပေါ်တွင် လက်ထောက်ပြီး ရှေ့သို့ကိုင်းလိုက်ကာ ထန်ရှုကို စိုက်ကြည့်ရင်း

"မင်းက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ သူဌေးကြီးလို့ ပြောလိုက်တာလား။ နတ်ဘုရားဝတ်ရည်ဝိုင်ကို ထုတ်လုပ်တဲ့ ခမ်းနားသော ထန် လုပ်ငန်းစုလား။"

"ဟုတ်တယ်။" ထန်ရှုက ခေါင်းညိတ်သည်။

သည်နေ့ ကြားရသော ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် သတင်းများကြောင့် ဟူချင်းစုန့်တစ်ယောက် အလွန်အမင်းကို ထုံကျင်နေရပြီဖြစ်သည်။ ထို့ကြောင့် သူ သတိပြန်ဝင်လာသောအခါ ထန်ရှုကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

"မင်းရဲ့ဒီညီလေးက မင်းအတွက် အကောင်းဆုံး လုပ်ပေးဖို့ ဆန္ဒရှိတယ် အစ်ကိုကြီးထန်။ ကုန်းနှီးက မြင်းနောက်ကို အမြဲလိုက်သလိုပဲ မင်းရဲ့နောက်ကို ငါ အမြဲလိုက်နေမယ်။ မင်းက ငါ့အတွက်တော့ နတ်ဘုရားပဲ။”

"ဟားဟားဟား … မင်းက သေတော့မှာမို့ ရယ်စရာတွေ ပြောနေတဲ့အတိုင်းပါပဲလား။" ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

"ကဲ … စကားစကို ဖြတ်ပြီး မင်းရဲ့နေ့လည်စာကို စားလိုက်ဦး။ ငါတို့ နေ့လည်အတန်းတက်ရမှာတွေ ရှိသေးတယ်။"

ဟူချင်းစုန့်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "အိုကေ … စားကြရအောင်။ ဆရာမဟန်က မင်းကို သတိပေးထားသေးတာမို့ ဒီနေ့နေ့လည် ငါတို့ နောက်ကျလို့မရဘူး။ ဘာပဲဖြစ်ဖြစ် မင်းက တကယ်ကို အံ့သြစရာကောင်းတယ်။ မင်းက ကျောင်းသားအများစုရဲ့ တစ်သက်တာမှာ အမီလိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ သန်းနဲ့ချီချမ်းသာတဲ့ စူပါငွေထုပ်ကြီးပဲ။ ငါကတော့ ကျောင်းတက်ပြီး စာသင်လေ့လာနေရတဲ့ ကလေးတစ်ယောက်သာသာပဲ။ ဒီဟူကြီးက မင်းကို တကယ် လေးစားပါတယ်ကွာ။"

ထန်ရှုက သူ့ကို အမှန်အတိုင်း ပြောလိုက်ပါက သူတို့၏ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိမည်ကို စိုးရိမ်နေမိသော်လည်း ဟူချင်းစုန့်အား ယခုတွေ့လိုက်ရချိန်တွင် သူ၏စိုးရိမ်မှုသည် အပိုသက်သက်သာ ဖြစ်နေသည်ဟု ခံစားခဲ့ရသည်။

ကောင်းမွန်နေသော စိတ်အခြေအနေကြောင့် သူက ပြုံးပြီး ပြောလိုက်သည်။

"အရာတော်တော်များများကို သင်ယူထားရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းတဲ့အရာတွေ ဖြစ်လာလိမ့်မယ်။"

“ငါ နားလည်ပါပြီ။” ဟူချင်းစုန့်က ခေါင်းညိတ်ပြသည်။

ဤအခိုက်အတန့်တွင် အိုးရန်လူလူသည် ဟူချင်းစုန့်ကို ဂရုတစိုက် အကဲခတ်နေသည်။ ထို့နောက် သူမသည် သုခဘုံနယ်မြေ၏ အထူးဧည့်သည်ကတ်ကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ဟူချင်းစုန့်၏အရှေ့တွင် တင်ထားကာ

"ဒါက နင့်အတွက်။ နောက်ဆို ငါ့ရဲ့ သုခဘုံနယ်မြေမှာ နင့်ကို ထမင်းလာစားဖို့ ဖိတ်ခေါ်ပါတယ်။"

"သုခဘုံနယ်မြေဟုတ်လား။ အဲ့ဒါက ဘာလဲ။" ဟူချင်းစုန့်က စိတ်ဝင်တစား မေးလိုက်သည်။

“အဲ့ဒါက ပြီးပြည့်စုံတဲ့ အစားအသောက်နဲ့ ဖျော်ဖြေရေးတွေ ရှိတဲ့ တောင်ပေါ်အပန်းဖြေစခန်းပေါ့။ ဒီအဖွဲ့ဝင်ကတ်ရဲ့အိုင်ဒီနံပါတ်နဲ့ဆိုရင် ရှန်ဟိုင်းတက္ကသိုလ်မှာ နင် ပညာသင်ကြားနေသမျှ ကာလပတ်လုံး သုခဘုံနယ်မြေရဲ့ကုန်ကျစရိတ်အားလုံး ကင်းလွတ်ခွင့်ရလိမ့်မယ်။” လူလူက အသာအယာ ပြောလိုက်သည်။

“ဆိုတော့ မင်းက သုခဘုံနယ်မြေရဲ့ပိုင်ရှင်ပေါ့။” ဟူချင်းစုန့်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

“ဒါပေါ့…” လူလူက ခေါင်းတစ်ချက်ညိတ်ကာ တုံ့ပြန်သည်။

လျှပ်တစ်ပြက်အတွင်း ဟူချင်းစုန့်၏ ခန္ဓာကိုယ်ခွန်အားကို တစ်စုံတစ်ရာမှ စုပ်ယူလိုက်သည့်အလား ခံစားရသည်။ သူ၏မျက်လုံးများက ထန်ရှုနှင့် အိုးရန်လူလူအား စူးစူးစိုက်စိုက် ကြည့်ရင်း အားငယ်သော အမူအရာဖြင့် ပြောလိုက်တော့သည်။

“ငါ့ဘဝရဲ့ ဆယ်စုနှစ် နှစ်စုလောက်က ရှုံးသွားပြီးပြီဆိုတာကို ရုတ်တရက် နားလည်လိုက်ရသလိုပဲ။ ငါတို့တွေက သက်တူရွယ်တူဆိုပေမယ့် မင်းတို့နှစ်ယောက်က စီးပွားရေးလုပ်ငန်းကို တကယ်လုပ်ကြပြီး မင်းတို့ရဲ့အသက်မွေးဝမ်းကြောင်းကို စတင်နေခဲ့ကြပြီ။ မသိနားမလည်တဲ့ငါက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မပြီးမြောက်သေးဘူး။”

လူလူက နူးညံ့သောအပြုံးဖြင့်

"ငါက မကြာခင် အသက် ၂၄နှစ် ပြည့်တော့မှာဆိုတော့ နင့်ထက် အသက် နည်းနည်းကြီးတယ်။ ဒါကြောင့် အဲ့ဒါကို စိတ်မပူပါနဲ့ … နင် အပတ်တကုတ် လေ့လာပါ။ နှစ်အနည်းငယ်အတွင်း လူ့အဖွဲ့အစည်းထဲကို နင် ဝင်ရောက်လာတဲ့အခါ နင် ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ကောင်းမွန်တဲ့ အချိန်တွေ ရောက်လာပြီး အောင်မြင်မှုတွေလည်း ရရှိမှာပါဟယ်။”

ဟူချင်းစုန့်က သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အလေးအနက်ထားကာ ပြောလိုက်သည်။

“ငါ အဲဒါကို ကောင်းကောင်း တုံ့ပြန်ပါ့မယ်။ ဒီနေ့က ငါ့အတွက် တကယ်ကို တုန်လှုပ်ချောက်ချားစေတဲ့နေ့ပဲ။ နောင်တစ်ချိန် ငါ အစ်ကိုကြီးထန်ရဲ့အနောက်ကို လိုက်ရင်တောင် ငါ့ဆီမှာ လူမှုဆက်ဆံရေး အတွေ့အကြုံ မရှိရင် အခြေအနေ ကောင်းမွန်မှာ မဟုတ်တာကို နားလည်သွားပြီ။ ဒါကြောင့် တက္ကသိုလ် တက်နေတဲ့အချိန်မှာ အလုပ်တစ်ခု လုပ်ပြီး လူမှုဆက်ဆံရေး အတွေ့အကြုံတွေ အရင်ယူဖို့အတွက် အပြင်ထွက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။”

"ဒါ သိပ်ကောင်းတယ်။" အိုးရန်လူလူက လက်မထောင်ကာ ပြုံးရွှင်စွာ အားပေးလိုက်သည်။

ထို့နောက် သုံးယောက်သား ထမင်းဆက်စားကြသည်။ လူလူသည် ထန်ရှုနှင့် နှစ်ယောက်တည်း မနေလိုက်ရသော်လည်း ဟူချင်းစုန့်၏ အလန့်တကြား ဖြစ်သောအမူအရာသည် သူမအား ရယ်မောစေခဲ့သည်။ ထို့အပြင် သူ၏တည့်တိုးဆန်သော ပင်ကိုယ်စရိုက်ကိုလည်း သူမ နှစ်သက်သည်။

သို့သော် သူတို့သုံးယောက် နေ့လည်စာ စားပြီးခါနီးတွင် ထာဝရခန်းမ၏အပြင်ဘက်မှ ရိုက်နှက် ကြိမ်းမောင်းသံများအား ဆက်တိုက်ကြားလိုက်ရသည်။ ဆူညံသံများသည် အပြင်ဘက်ရှိ စားပွဲများမှ ဧည့်သည်များအား ထရပ်စေကာ ရှောင်ဖယ်သွားစေသည်။

"မင်းတို့ ထမင်းဆက်စားနေ။ ငါ သွားကြည့်လိုက်မယ်။" ထန်ရှု မျက်မှောင်ကြုပ်သွားရင်း သူ၏စားလက်စ တူအစုံကို ချလိုက်ကာ အပြင်ကို ထွက်လာသည်။

ကောင်တာရှေ့တွင် ထာဝရခန်းမ၏ လုံခြုံရေးအစောင့်လေးဦးသည် ပြသနာ ဖြစ်ပွားစေသော အမျိုးသားနှင့်အမျိုးသမီးများကို ထိန်းချုပ်ထားပြီးဖြစ်သည်။ သက်ပြင်းများ အဆက်မပြတ်ချနေသော လမ်းလျှောက်တုတ်ဖြင့် မျက်မမြင်အဘွားကြီးတစ်ဦးလည်း ရှိသေးသည်။ သူမသည် တုံးတိတိ အရာဝတ္ထုတစ်ခု ထိမှန်ခြင်း ခံခဲ့ရဟန်ရှိကာ မျက်ခုံးမွှေးများအထိ သွေးများ စီးကျနေသော ပွင့်ဟဒဏ်ရာတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းကို သူမ၏နဖူးသည် ထင်ရှားသော သက်သေဖြစ်သည်။

“ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ။” ထန်ရှုက ထိုအနားသို့ လျှောက်သွားကာ ချီနန်အား မေးလိုက်သည်။

မျက်မမြင်အဘွားကြီးကို လက်ညှိုးထိုးပြရင်း ချီနန်က အားတင်းထားရသောအပြုံးဖြင့် ပြောလိုက်သည်။ “ဒီအဒေါ်ကြီးရဲ့ ပါးစပ်က အရမ်း … ဆိုးတယ်။ တိုတိုပြောရင် သူမ ပြောဆိုတာကို ကြားရတာ တော်တော် စိတ်မချမ်းမြေ့စရာလို့ဆိုရမယ်။ သူမ ရောက်လာတုန်းက ဒီမှာ ထမင်းစားတော့မယ်လို့ လူတိုင်းက ထင်နေကြတယ်။ ဒါပေမယ့် သူမက အပေါ်ထပ်ကို တန်းတက်သွားပြီး သီးသန့်အခန်းတိုင်းကို လှည့်ပတ်လိုက်တယ်။ ဒီဧည့်သည်တွေ ဆင်းလာပြီးနောက်မှာတော့ ဒီနေ့ဟာ သူတို့ သေဆုံးရမယ့်နေ့ဖြစ်ပြီး သူတို့သေဆုံးပြီးရင် ဘာလုပ်ရမယ်ဆိုတာ မိသားစုဝင်တွေကို ချက်ချင်း ဆက်သွယ်ပြောရမယ်လို့ သူတို့ထဲက အများအပြားကို ကျိန်ဆဲခဲ့တယ်။”

အဝလွန်နေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် လုံခြုံရေးအစောင့်၏ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားသည်ကို ခံရစဉ်ကတည်းက ဒေါသထွက်နေပုံရသည်။ သူသည် အတင်းအကြပ် ရုန်းကန်ရင်း ခေါင်းကို မော့ကာ အော်ပြောလိုက်သည်။

“အဲ့ဒါ အမှန်ပဲ။ အဲ့ဒီစိတ်ပျက်စရာကောင်းတဲ့ အဘွားကြီးက အဲ့ဒီလို ပြောခဲ့တာ။ သူမပြောတာက တစ်ခါနှစ်ခါဆိုရင်တောင် ငါတို့ သည်းခံနိုင်သေးတယ်။ ဒါပေမယ့် သူမက အဲ့ဒီစကားတွေကို ထပ်ကာထပ်ကာ ပြောနေပြီး ငါတို့ကို သေတဲ့အထိ အဆက်မပြတ် ကျိန်ဆဲနေခဲ့တာ။ ငါတို့က သူမကို ထွက်သွားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မသွားဘူးဆိုပြီး ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ငါတို့ မှာထားတဲ့ ပန်းကန်တွေထဲကိုတောင် တံတွေး ထွေးချလိုက်သေးတယ်…"

ထန်ရှုသည် စိတ်အတွင်းထဲက အားတင်းပြုံးလိုက်သည်။ သူသည် အနီးနားရှိ စားပွဲတစ်ခုမှ တစ်ရှူးဘူးကို ကောက်ယူလိုက်ပြီး မျက်မမြင်အဘွားကြီး၏အရှေ့တွင် ထိုင်ချလိုက်ကာ

"အဘွား … လူတွေကို ကျိန်ဆဲပြီး သူတို့စားမယ့်အစားအစာထဲကို တံတွေး ထွေးထည့်တာ အတော် မှားတာပဲ။ အခု ဒီမှာ ခဏနေပါ။ အဘွားရဲ့နဖူးက သွေးတွေ ထွက်နေတော့ ကျွန်တော် အရင်သုတ်ပေးမယ်။ နောက်မှ ပတ်တီးစည်းဖို့ နီးစပ်ရာ ဆေးခန်းကို ခေါ်သွားလိုက်မယ်။"

မျက်မမြင်အဘွားကြီး၏ မျက်နှာပေါ်မှ ပူပန်သောက ရောက်ကာ မထီတရီဖြစ်နေသောအမူအရာသည် တခဏချင်း ပြောင်းလဲသွားသည်။ သူမသည် ထန်ရှု၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး အကြိမ်ပေါင်းများစွာ ဆိတ်ဆွဲလိုက်သည်။ ထို့နောက် လက်ကို လွှတ်လိုက်ပြီးနောက် သူမသည် ရုတ်တရက် လက်ခုပ်လက်ဝါးတီးကာ အပြုံးဖြင့်

“သူတို့ အသက်ရှင်နေနိုင်သွားပြီ။ သူတို့တစ်မိသားစုလုံး နောက်ဆုံးတော့ အသက်ဆက်ရှင်နိုင်သွားပါပြီ။”

အဝလွန်သည့် သက်လတ်ပိုင်း အမျိုးသားက ဒေါသတကြီး အော်ပြောလိုက်သည်။

“ဟေး … အကျင့်မကောင်းတဲ့ အဘွားကြီး ခင်ဗျားကများ ပြောနေသေးတယ်…”

ထန်ရှုက သူ၏လက်ကို မြှောက်ကာ ထိုသူ၏စကားအား ဟန့်တားလိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးသည်။ "အဘွား … အဘွားပြောတာကို ကျွန်တော် နားမလည်ဘူး။ ကျွန်တော်တို့ကို ရှင်းပြပေးပါလား။"

မျက်မမြင်အဘွားအိုက ထန်ရှုကို လက်ညှိုးထိုးပြီး “နင်က ငါ့ထက် ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ပိုသိပါတယ်။ အခုချိန် နင် မမြင်နိုင်ပေမယ့် သေချာပေါက် နင် နားလည်တယ်။ ငါဆိုတဲ့ ဒီမျက်မမြင် အဘွားကြီးက နောက်ထပ်နှစ်အနည်းငယ်လောက်တော့ အသက်ရှင်ချင်ပါသေးတယ်။ ဒီသေမျိုးကမ္ဘာနဲ့ လောကီရေးရာကနေ ထွက်ခွာဖို့ ငါ တွန့်ဆုတ်နေသေးတာမို့ ကောင်းကင်ဘုံရဲ့ နက်နဲတဲ့ အရာတွေကို ထုတ်ဖော်ပြလို့မရဘူး။ မိသားစုတစ်စုလုံးရဲ့အသက်ဘဝတွေက သတ်မှတ်ပြဌာန်းထားပြီးသားမို့ သူတို့တွေက ဒီစားသောက်ဆိုင်ရဲ့အဝင်ဝကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်လို့မရဘူး။ အနီရောင်ဖယောင်းတိုင်တွေ၊ ခွေးသွေးနဲ့ ထောင်ပေါင်းများစွာသော အမြောက်သံတွေက သူတို့မိသားစု မနက်ဖြန် ဒီစားသောက်ဆိုင် အဝင်ပေါက်ကနေ ထွက်သွားတဲ့အခါ သူတို့ကို နှုတ်ဆက်ဖို့ ပျံ့ နှံ့သွားလိမ့်မယ်။”

ကောင်းကင်ဘုံလျှို့ဝှက်ချက်များတဲ့လား…

ထန်ရှုသည် မျက်မမြင်အဘွားအို၏ လက်ကောက်ဝတ်အား အမြန်ဆုပ်ကိုင်လိုက်ရာ သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ မျက်မမြင်အဘွားကြီး၏ခန္ဓာကိုယ်အတွင်းတွင် အတက်အကျ ပြင်းထန်သော အထူးစွမ်းအင် လှိုင်းတစ်ခုကို သူ ရှင်းလင်းစွာ ခံစားမိသဖြင့် စက္ကန့်အနည်းငယ်အတွင်း သူ့မျက်နှာအရောင်သည် ပြောင်းလဲသွားရသည်။ သန်မာသည့် စွမ်းအင်များက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်စီးဆင်းနေသောကြောင့် အတွင်းတွင် ရေစီးကြောင်းတစ်ခုအလား ဖြစ်နေသည်။

“အဘွားက …” ထန်ရှု တီးတိုး မေးလိုက်သည်။

မျက်မမြင်အဘွားကြီးက ပြုံးပြီး

“ငါက အသက်အရမ်းကြီးတော့ ကိုယ့်နာမည်ကို မေ့နေပြီ။ နင် ငါ့ကို ဒီလိုပဲ … မျက်မမြင်အဘွားကြီးလို့ ခေါ်လို့ရတယ်။ ဒီဘဝမှာ အသက်ဘဝနဲ့ ကံကြမ္မာဆိုတဲ့ ကံကြမ္မာကို ခိုးယူခြင်း၊ အသက်ကို ဉာဏ်စောင့်ခြင်း၊ ကံကြမ္မာ လုယက်ခြင်းနဲ့ အသက်ကို ဆုံးရှုံးခြင်းဆိုတာ ဘာတွေလဲဆိုတာ ငါ နားလည်ခဲ့တယ်။ ငါ့ဘဝရဲ့ နောက်ဆုံးနှစ်အနည်းငယ်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ကံကြမ္မာတစ်ခုကို ရှာတွေ့နိုင်လိမ့်မယ်လို့ နည်းနည်းတော့ မျှော်လင့်မိခဲ့တယ်။ ကောင်လေး … မင်းရဲ့ကံကြမ္မာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။”

ထန်ရှုက ချီနန်အား ခေါင်းမော့ကြည့်ပြီး "ဒီမိသားစုအားလုံးကို ပြန်ခေါ်သွားပါ။ အရသာရှိတဲ့ ဟင်းပွဲတွေနဲ့ သောက်စရာတွေကို ဖြည့်တင်းပေးပြီး လိုအပ်သမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ။ မနက်ဖြန်မနက်မရောက်ခင် ဆိုင်ကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်လို့မရဘူး ဆိုတာကို သတိရပါ။"

"အမိန့်တိုင်းပါ။" ချီနန် ချက်ချင်း ခေါင်းညိတ်သည်။

ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ်က

“မင်းတို့ ဘာတွေ လုပ်နေတာလဲ။ အခု ၂၁ ရာစုကို ရောက်နေပြီ။ လူ့အဖွဲ့အစည်းကို ဥပဒေနဲ့ အုပ်ချုပ်တယ်။ မင်း ငါတို့ကို တရားမဝင် ထိန်းသိမ်းရဲရင် ငါ မင်းတို့ကို သေချာပေါက် တရားစွဲမယ်။"

"အမှန်ပဲ။ မင်းက ငါတို့ကို တရားမဝင် ထိန်းသိမ်းနေတာ။ မင်း လုပ်နေတဲ့အရာက အယူသီးမှုသက်သက်ပဲ။ ငါတို့က ဒီမှာ ဧည့်သည်တွေ … မင်းတို့ရဲ့ အကျဉ်းသားတွေ မဟုတ်ဘူး။” နောက်ထပ် လူလတ်ပိုင်း အမျိုးသမီး တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုအချိန်တွင် ဘေးမှ ရပ်ကြည့်သူများကြားတွင် လူငယ်လေးတစ်ယောက်ကလည်း အားပေးထောက်ခံလိုက်သေးသည်။

“ဒီနေရာက စားသောက်ဆိုင်ဖြစ်ပြီး သူတို့တွေက ဧည့်သည်တွေပါ။ သူတို့ရဲ့ လွတ်လပ်မှုကို ကန့်သတ်တဲ့ လုပ်ရပ်မျိုး လုပ်လို့မရဘူး မဟုတ်လား။ နောက်ပြီး ဒီမျက်မမြင်အဘွားကြီးဆိုတာ လိမ်ညာတဲ့သူတစ်ယောက်၊ လူလိမ်တစ်ယောက်ပဲ ဖြစ်မယ်။ သူမ ပြောခဲ့တာတွေက ပရိယာယ်တစ်ခုပဲ။ ဒါမှမဟုတ် မင်းတို့ ထာဝရခန်းမရဲ့လူတွေက သူမနဲ့ ကြံရာပါတွေလား။”

ချီနန်က ထိုသူများကို လျစ်လျူရှုထားပြီး ထိုမိသားစုကို ခေါ်ဆောင်သွားရန် လုံခြုံရေး အစောင့်လေးဦးကို ညွှန်ကြားခဲ့သည်။ ထန်ရှုက မျက်မမြင်အဘွားကြီးကို ဆွဲထူကာ သူ၏စားပွဲဆီသို့ တွဲခေါ်သွားလိုက်သည်။ ထို့နောက် သူက အပြုံးဖြင့် မေးသည်။

“အဘွား … အဘွားက ဗေဒင်ပညာရပ်မှာ တကယ်ကို အံ့သြစရာ ကောင်းတဲ့ ဆရာတစ်ဆူပဲ။ ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို ပေါက်ကြားလို့ မရဘူးလို့ အဘွား ပြောခဲ့ပေမယ့် အဘွား အဲ့ဒါကို တကယ် လုပ်နေတယ်။ နောက်ပြီး အဘွားရဲ့သက်တမ်းကို စုပ်ယူနိုင်တာတောင် ထိုမိသားစုကို ဆက်လက်အသက်ရှင်ဖို့ အခွင့်အလမ်း ပေးခဲ့တယ်။”

မျက်မမြင်အဘွားကြီးက ပြုံးပြီး “ဒီမျက်မမြင်အဘွားကြီးက တကယ်ပဲ ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို ပေါက်ကြားခဲ့တယ်။ အဲ့ဒါကြောင့် ငါက တာအိုကို အောင်မြင်ပြီးတာတောင် ကောင်းကင်ဘုံတာအိုရဲ့ အပြစ်ပေးခံနေရတုန်းပဲ။ အဲ့ဒါက စိတ်ဝင်စားစရာ ကောင်းပြီး ပျော်စရာလည်း ကောင်းတယ်။ ငါ ဘာလို့ ဒီလို လုပ်ရဲတာလဲဆိုတာ နင် သိလား။"

"ဘာကြောင့်များလဲ။" ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

"အဲ့ဒါ နင့်ကြောင့်ပဲ။" မျက်မမြင်အဘွားကြီးက ပြန်ဖြေသည်။

"ကျွန်တော့်ကြောင့်လား။" ထန်ရှု စိတ်ရှုပ်သွားသည်။

မျက်မမြင်အဘွားအိုက ခေါင်းတညိတ်ညိတ်ဖြင့် “ဟုတ်တယ် … နင့်ကြောင့်ပဲ။ ငါ အတော် စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကို တွေ့ခဲ့တယ်။ ဒီအဖြစ်အပျက်ရဲ့အကြောင်းရင်းထဲမှာ နင့်ကို ပါဝင်နေစေသရွေ့ ကောင်းကင်ဘုံရဲ့ပြစ်ဒဏ်က ငါ့ကို နည်းနည်းလေးတောင်မှ ပစ်မှတ် မထားနိုင်ဘူးလို့ ထင်တာပဲ။"

"အဘွားရဲ့ ဂမ္ဘရီပညာနဲ့ ကျွန်တော့်ကံကြမ္မာကို ထိုးထွင်းသိမြင်နိုင်ပါ့မလား။" ထန်ရှုက မေးလိုက်သည်။

မျက်မမြင်အဘွားကြီးက သူ့လက်ကို အလျင်စလို ဝှေ့ယမ်းပြီး

“ဟင့်အင်း … ဟင့်အင်း … မလုပ်ဘူး။ ငါ့အတွက် ဘေးဆိုးတစ်ခု မသယ်လာပါနဲ့။ ကမ္ဘာပေါ်က လူအားလုံးရဲ့ဘဝတွေနဲ့ကံကြမ္မာကို ကြည့်ဖို့ ငါ မကြောက်ပေမယ့် နင့်အကြောင်းကိုတော့ ငါ မကြည့်ရဲဘူး။ မဟုတ်ရင် ငါ့အသက်လေး ချက်ခြင်း ဆုံးရှုံးသွားမှာ ကြောက်တယ်။”

"ဒါပေမယ့် အဲ့ဒါ ဘာဖြစ်လို့လဲ။" ထန်ရှုက ထပ်မေးသည်။

“ငါလည်း မသိဘူး။ နင့်ရဲ့ကံကြမ္မာက ထူးဆန်းလွန်းတယ်။ ကောင်းကင်ဘုံတာအိုမှာ ရာစုနှစ်တစ်ခုကျော် ငါ မြုပ်နှံထားတာတောင် အဲ့ဒါကို နားမလည်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအကြောင်းကို မေ့ထားလိုက်ရအောင်လား။ တခြားအကြောင်းအရာတွေကို ပြောရင်ရော ဘယ်လိုလဲ။”

"ဘာများလဲ။" ထန်ရှုက မေးလိုက်သည်။

"ငါ နိုင်ငံအတွင်းထဲမှာ နေရတာ ငြီးငွေ့နေပြီ။ ငါ့ကို နိုင်ငံခြား ပို့ပေးပါလား။ ငါက သမုဒ္ဒရာကို အမြဲ ကြိုက်တဲ့သူဆိုတော့ ဒီအဘွားကြီးက သမုဒ္ဒရာထဲက တစ်နေရာရာကို ပို့ပေးရင် အရမ်းကောင်းတယ်လို့ ခံစားရလိမ့်မယ်။ အဲ့ဒီနေရာက ဘယ်မှာ ရှိတယ်ဆိုတာ မမြင်ရဘူး။ အဲ့ဒီနေရာက အခြားကမ္ဘာ၊ အခြားနေရာ၊ နယ်ပယ် ဒါမှမဟုတ် အဲ့ဒီလိုနေရာမျိုးပဲ။ ဒါကြောင့် ငါ့ဘာသာ သွားလို့လည်း မရဘူး။”

ထန်ရှု ကြက်သေ သေသွားသည်။ ဤမျက်မမြင်အဘွားကြီးသည် နဂါးကိုးကောင်ကျွန်းရှိ အခြေအနေကို ကြိုတင်ဟောကိန်း ထုတ်ထားပြီးသားဖြစ်ကြောင်း ထင်ရှားသည်။ ပြီးတော့ သူမ ပြောခဲ့သည်များက လုံးဝမမှားပါချေ။

နဂါးကိုးကောင်ကျွန်းသည် ဤကမ္ဘာမြေပေါ်တွင် အမှန်ပင်ရှိသော်လည်း ပြန်လည်တည်ဆောက်မှု ပြီးသွားပါက သူသည် ထိုနေရာတွင် ကြီးမားသော အခင်းအကျင်းတစ်ခုကို ခင်းကျင်းလိုက်သည်နှင့် ထိုနေရာသည် အာကာသအသစ်၊ ကမ္ဘာသစ်တစ်ခုနှင့် တူညီနေမည်ဖြစ်သည်။

***

All Chapters