← Chapters

လမ်းပြခြင်း

Vol. 11 Ch. 528

လမ်းပြခြင်း

Vol. 11 Ch. 528

မတရားမှုများကို မြင်သည့်အခါ ကူညီပေးရန်အတွက် သင်၏ဓါးကို ဆွဲထုတ်လိုက်ခြင်းသည် ကျန်းဟူလောကတွင် မြင့်မြတ်သည့် စစ်သည်တော်၏ ပုံစံပင်ဖြစ်သည်။ ထန်ရှုသည် မြင့်မြတ်သောသူ မဟုတ်သော်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးအား မကြည့်နိုင်ပေ။

…ဖုန်းမြည်သံ…

ထန်ရှု၏အိတ်ကပ်အတွင်းမှ ဖုန်းမြည်သံခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။ ဖုန်းအား သူ ထုတ်ယူခါနီးတွင် မုဝမ်ရင်၏ဘေးတွင်ရှိသော ကျန်းဖေးရန်သည် သူမ၏ချယ်ရီရောင်သန်းနေသော နှုတ်ခမ်းသေးသေးလေးဖြင့် မုဝမ်ရင်၏လက်အား ဆုပ်ကိုင်လိုက်သည့် လျန်ခန်း၏လက်အား ပြေးကိုက်လိုက်သည်။

"ချီးပဲ ... မင်းက ခွေးတစ်ကောင်လား။"

နာကျင်မှုကြောင့် လျန်ခန်းသည် မုဝမ်ရင်ကို လွှတ်ပေးလိုက်ပြီး ကျန်းဖေးရန်၏ ချစ်စရာကောင်းသော မျက်နှာလေးအား လက်ပြန်ရိုက်လိုက်ရာ သူမသည် ကြမ်းပြင်ပေါ်သို့ ခွေကနဲ လဲကျသွားတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထန်ရှု မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်း မလှုပ်ရှားသေးဘဲ မြည်နေသောဖုန်းကို ထုတ်ကြည့်လိုက်ရာ ခန်းရှဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အဖြေခလုတ်ကို နှိပ်လိုက်ပြီး

"ခဏစောင့်နေပါဦး … ကိုယ် ဖြေရှင်းစရာတစ်ခု ရှိနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်။"

"ကောင်းပါပြီ။" ခန်းရှက ပြန်ပြောသည်။

ထန်ရှုက လှေကားဆီသို့ သွားကာ လက်ခုပ်လက်ဝါးတီးရင်း အော်ပြောလိုက်သည်။

“တကယ် အံ့သြစရာပဲ … အရမ်းမိုက်တယ်။ လေးစားဖို့ကောင်းတဲ့ အရပ်ခုနစ်ပေလောက်ရှိတဲ့ အမျိုးသားတစ်ဦးက ကျောင်းသူလေးတစ်ယောက်ကို ကြမ်းပြင်ပေါ်  လဲကျတဲ့အထိ မထင်မှတ်အောင် ပါးရိုက်လိုက်တယ်။ ငါ့အတွက် မယုံနိုင်စရာ အကောင်းဆုံးကတော့ ဘေးပတ်လည်က မျက်နှာတွေပဲ။ လူတိုင်းက ဒေါသတွေ ဖြစ်ပြနေကြပေမယ့် အားလုံးက တကယ်တော့ ငကြောက်တွေချည်းပဲ … ဘယ်သူကမှ ဘာမှ မပြောဝံ့သလို သူမအတွက် မရပ်တည်ပေးရဲကြဘူး ... ကျွတ် … ကျွတ် …  မိန်းမလှလေးကို ကယ်တင်ပြီး သူရဲကောင်းလုပ်ဖို့ အကောင်းဆုံးအခွင့်အရေးဆိုတာ မင်းတို့ နားမလည်ကြတာလား။ မိန်းမလှလေးနဲ့ နီးစပ်မယ့် ဒီရွှေအခွင့်အရေးကို အခြေအမြစ်မရှိတဲ့ အကြောက်တရားတွေကြောင့် မင်းတို့ တကယ် လက်လွတ်ချင်ကြတာလား။"

ရာနှင့်ချီသောမျက်လုံးများသည် ထန်ရှုဆီသို့ လျှပ်တစ်ပြက်အတွင်း ရောက်လာကြသည်။ လတ်တလောတွင် ထန်ရှုအား အာရုံစိုက်သူ အနည်းငယ်မျှသာ ရှိခဲ့သော်လည်း သူသည် ကျောင်းဝင်းအတွင်း အတော်လေး ရေပန်းစားနေသေးသောကြောင့် လူတိုင်းက သူ့ကို မှတ်မိနေကြသေးသည်။

ထို့အပြင် ထန်ရှု၏စကားကြောင့် ကျောင်းသားများ အားလုံး ရှက်ရွံ့ နောင်တရသွားကာ မျက်နှာများ နီရဲလာကြသည်။

ထိုအချိန်တွင် ခန္ဓာကိုယ် ကောင်းစွာကြံ့ခိုင်သော ကျောင်းသားတစ်ဦးသည် ရှေ့သို့ တက်လာကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ ထန်ရှု။ အဲ့ဒီရိုက်တာကို ရပ်တန့်ဖို့ဆိုတာက  ငါတို့တွေ မမီနိုင်လောက်အောင် နောက်ကျလွန်းနေပြီ။ လျန်ဆိုတဲ့ ဒီလူရှုပ်လူပွေတစ်ယောက်က မြင်ပြင်းကပ်စရာ ကောင်းတာကို ငါတို့ မြင်ဖူးပေမယ့် တစ်ယောက်ယောက်ကို ဒီလိုရိုက်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ငါ သိခဲ့ရင် သူမကို ပထမဆုံးကူညီပေးတဲ့သူက ငါ ဖြစ်မှာ သေချာတယ်။"

“ဟုတ်တယ် … ငါတို့ နောက်ကျလွန်းခဲ့တယ်။ ဒီငတိလျန်က ကျောင်းသူတစ်ယောက်ကိုတောင် ရိုက်နှက်ရဲပြီး အခြားသူတွေအပေါ်  သောက်ဂရုမစိုက် ပြုလုပ်တာကို တွေးကြည့်ရင် တကယ်ကို အရှက်မရှိတာပဲ။ မအေပေး … ငရှုပ်ကောင်…"

"လျန်ခန်းလို စီနီယာကျောင်းသားတစ်ယောက် ရှိတာ တကယ်ကို ရှက်မိတယ်။ ဒီနေ့ ဒီမှာ ဖြစ်ပျက်တာတွေကို ကျောင်းသားတွေနဲ့ ဆရာဆရာမတွေ အားလုံး သိအောင် သေချာပေါက် သတင်းဖြန့်ရ            မယ်။ တကယ်ကို စိတ်မကောင်းဘူး... သူ့မျက်နှာကို လက်သီးတစ်ချက်ထိုးပြီး အမှတ်တရကောင်းတွေ မပေးလိုက်ရတဲ့အတွက် တကယ်စိတ်မကောင်းဘူး။"

“ဒီကောင်က အရိုက်ခံရဖို့ ထိုက်တန်တယ်။ ငါတို့ရှန်ဟိုင်းတက္ကသိုလ်ရဲ့နံပါတ်တစ်နတ်သမီးလေးကို သူက ဘယ်လိုတောင် လက်ညှိုးထိုးရဲရတာလဲ။ ကောင်မလေးတွေကို လိုက်တုန်းက သူ့ရဲ့အရင် သဘောထားကို ပြန်စဉ်းစားမိသေးရဲ့လား။”

“…”

မတ်တတ်ရပ်နေသော ကျောင်းသားများစွာက ကျယ်လောင်စွာ ထောက်ခံအားပေးကြသည့် မြင်ကွင်းကြားတွင် မုဝမ်ရင်၊ လီရှင်းကျယ်နှင့် မိန်းကလေးနှစ်ဦး၏တွဲထူပေးခြင်းကို ခံနေရသည့် ကျန်းဖေးယန်တို့သည် တပြိုင်နက်တည်း ထန်ရှုထံသို့ ကျေးဇူးတင်စကားပြည့်ဝနေသော အကြည့်များဖြင့် တစ်ချက်ကြည့်လိုက်သည်။

"သူ့ကို ရိုက်…"

ရုတ်တရက် လူအုပ်ထဲက လူတချို့က အော်ဟစ်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျောင်းသား ဒါဇင်ပေါင်းများစွာက လျန်ခန်းဆီသို့ ပြေးလာပြီး သူ၏အစေအပါးများကိုပါ လက်သီးချက်များ ကျွေးကာ အလွယ်တကူ ရိုက်နှက်လိုက်ကြသည်။

ဤအခွင့်အရေးကို အသုံးချ၍ မုဝမ်ရင်တို့သုံးယောက်သည် လူအုပ်ထဲမှ ရုန်းထွက်ပြီး ထန်ရှုဆီသို့ အလျင်အမြန် ရောက်လာခဲ့ကြသည်။

"ထန်ရှု … ကျေးဇူးတင်ပါတယ်။" မုဝမ်ရင်က ခပ်တိုးတိုးလေသံဖြင့် ပြောသည်။

ထန်ရှု ပြုံးရုံသာပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက ကျန်းဖေးယန်ဘက်သို့ လှည့်ကာ

“မင်း အဆင်ပြေရဲ့လား။”

ကျန်းဖေးယန်သည် သူမ၏ရောင်ရမ်းနေသော ပါးပြင်ကို ထိလိုက်ကာ ခေါင်းခါပြရင်း အပြုံးဖြင့်

"ငါ အဆင်ပြေပါတယ်။ နောက်ပြီး ငါလည်း သူ့ကို ကိုက်လိုက်ရတယ်။ ဒီလျန်ခန်းက တကယ်ကို ရွံစရာကောင်းတဲ့အကောင်။ သူ ငါ့ကို ရိုက်မယ်ဆိုတာ ငါ သိရင် သူ့ရဲ့တတိယခြေထောက်ကို ပိတ်ကန်ပြီး ဒီတစ်သက် ကလေးရဖို့ မစွမ်းနိုင်လောက်အောင် လုပ်ပစ်လိုက်မှာ။”

“အာ…”

ထန်ရှု မည်မျှပင် ရဲရင့်ပါစေမူ ကျန်းဖေးယန်၏ ကြုံးဝါးသံကို ကြားလိုက်ရချိန်တွင် အကြောများစိမ့်အောင် အေးစက်သွားပြီး လည်ပင်းကို ကြုံ့သွားစေသည်။ ထိုအချိန်တွင် ပျားမ ကိုက်ပြီးနောက် အမျိုးသမီးများ၏နှလုံးသားသည် အဆိပ်အတောက် အရှိဆုံးဖြစ်သည်ဟူသော ဆိုရိုးစကားသည် လုံးလုံးလျားလျား မှန်ကန်ကြောင်း ထန်ရှု သိသွားခဲ့ပေသည်။

မုဝမ်ရင်၏လှပသော မျက်နှာလေးသည်လည်း နီရဲသွားရသည်။ သူမသည် ကျန်းဖေးယန်၏ပခုံးကို ဖက်ကာ

“ဖေးယန် … ကျေးဇူးတင်ပါတယ်။”

"ဘာကို ကျေးဇူးတင်နေတာလဲ ငါတို့က ညီမတွေပဲ။” ကျန်းဖေးယန်က ခေါင်းခါပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

“တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ချင်ရင် ငါတို့ ထန်ရှုကို ကျေးဇူးတင်ရမယ်။ သူသာ မရှိရင် လျန်ခန်းက ငါ့ကို ကောင်းကောင်း ရိုက်နေဦးမယ်။”

မုဝမ်ရင်၏အကြည့်များသည် အရောင်များလက်ကာ ထန်ရှုဆီသို့ ရောက်လာသည်။ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် သူမက

"ထန်ရှု … ဗုဒ္ဓဘုရားကို အနောက်အရပ်လွှတ်သလိုမျိုး လူတစ်ယောက်ကို ကူညီချင်ရင် အဆုံးစွန်အထိ အကူအညီပေးရမှာပဲ။ နင် ငါ့ကို ဒီပြဿနာကို အပြီးအပိုင် ကူညီဖြေရှင်းပေးလို့ ရမလား။”

"စိတ်အေးအေးထားပါ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

"ငါ လျန်ခန်းအကြောင်းတင် ပြောတာမဟုတ်ဘူး။ ကျောင်းသားတွေအားလုံးနဲ့ကိစ္စပဲ။” မုဝမ်ရင်က ခေါင်းယမ်းရင်း ပြောသည်။

"မင်း ဘာကို ဆိုလိုတာလဲ။" ထန်ရှုက ပဟေဠိ ဖြစ်သွားသော အမူအရာဖြင့် မေးလိုက်သည်။

မုဝမ်ရင်က သတ္တိမွေးလိုက်ပြီး အလေးအနက် ထားကာ ပြောလိုက်သည်။

“ငါက နင့်ရဲ့ရည်းစား ဖြစ်ပြီး ငါတို့တွေက အတွဲတွေ ဖြစ်ကြောင်း အပြင်မှာ ကြေညာလိုက်ရအောင်။ ဒါက ငါ့မှာ ရည်းစားရှိနေပြီး ဘယ်သူ့ကိုမှ လက်မခံနိုင်ကြောင်း ဝန်ခံရာလည်း ရောက်တယ်။ ဒါ -ဒါပေမယ့် … ဒါက နင့်အတွက် မတရားရာ ကျပြီး ပြသနာတွေ ဖြစ်လာနိုင်တယ်။”

ထန်ရှု တခဏ စဉ်းစားခန်း ဝင်သွားသည်။ စာကြည့်တိုက်တွင် ကျောင်းသားများစွာမှ မုဝမ်ရင်ကို တွေ့သောအခါတိုင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အကြိမ်များစွာကို သူ ပြန်သတိရမိသည်။ ထို့နောက် နောက်ဆုံးတွင် သူက ခေါင်းညိတ်ပြလိုက်ပြီး ပေါ့ပါးသောလေသံဖြင့်

“ကောင်းပြီလေ။ ငါလည်း ကျောင်းသူတွေဆီက အချစ်ဝန်ခံချက်တွေ အများကြီး ရနေတာဆိုတော့ ဒီလိုလုပ်တာက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိပါတယ်။”

မုဝမ်ရင်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ထပ်ကာထပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေသော မြင်ကွင်းဆီ အာရုံထားကာ အော်ဟစ်လိုက်သည်။

"အားလုံး ရပ်ကြတော့။ လျန်လူရှုပ် သေသွားရင် မင်းတို့အားလုံးပါ သေသွားကြလိမ့်မယ်။ နောက်ပြီး သူ  ဒဏ်ရာပြင်းပြင်း ရသွားရင်လည်း ကျောင်းက မင်းတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနေလိမ့်ဦးမယ်။”

လျှပ်တပြက်အတွင်း လျန်ခန်းနှင့် ၎င်း၏ အတန်းဖော်များကို ရိုက်နှက်နေသော ကျောင်းသားများစွာသည် ၎င်းတို့လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သဘောပေါက်သွားသဖြင့် ရိုက်နှက်နေခြင်းကို ရပ်တန့်ကာ ဆုတ်ခွာသွားသည်။

လူတွေ ရှင်းလင်းသွားသောအခါ လျန်ခန်းနှင့် သူ၏အတန်းဖော်သုံးဦးလုံးသည် ညိုမဲပွန်းပဲ့နေပြီး ခန္ဓာကိုယ်အနှံ့ သွေးများစွန်းထင်းနေသည်ထိ အရိုက်နှက်ခံထားရသည်ကို တွေ့မြင်ရလေသည်။ အဆိုးရွားဆုံး အခြေအနေမှာ လျန်ခန်း၏လက်တစ်ဖက်သည် သဘာဝမကျသော ပုံစံဖြင့် ကျိုးသွားခြင်းဖြစ်သည်။

ထန်ရှုသည် ခေါင်းယမ်းကာ သူ့ဆီသို့ လျှောက်လာခဲ့သည်။ လျန်ခန်း ရုန်းကန်နေသော်လည်း သူ၏လက်မောင်းကို ဆုပ်ကိုင်ပြီး ထန်ရှု ငုတ်တုပ်ထိုင်လိုက်သည်။ ထန်ရှုသည် သူ၏လက်ကို ဆွဲကာ အနည်းငယ် အားစိုက်ထုတ်ရုံဖြင့် ကျိုးသွားသော လက်မောင်းရိုးများကို မူလအနေအထားသို့ ပြန်ဖြစ်သွားအောင် ပြင်ပေးလိုက်သည်။

“အာားး…”

အသတ်ခံရသည့် ဝက်တစ်ကောင်လို အော်သံကြောင့် လူတိုင်း တုန်ရီသွားကြသည်။

"မင်း မသန်စွမ်း မဖြစ်ချင်ရင် မလှုပ်နဲ့။" ထန်ရှုက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“မင်းရဲ့အရိုးတွေကို နဂိုအနေအထားအတိုင်း ပြန်ရောက်အောင် ငါ ကူညီပေးခဲ့ရုံပဲ။ ဒါပေမယ့် နောက်နှစ်ရက်အတွင်း ပစ္စည်းအလေးတွေကို မရွှေ့နဲ့ဦး။ မင်းရဲ့ တခြားဒဏ်ရာတွေကို ကုသဖို့ကိုတော့ တက္ကသိုလ်ဆေးခန်းကို သွားလိုက်။"

ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိသွားချိန်တွင် လျန်ခန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး

"ယီးပဲ ထန်ရှု … မင်းရဲ့အယောင်ဆောင် သနားနေတာကို ငါ မလိုဘူး။ မင်း ဖင်ကြီးပဲ။ မင်းကြောင့်သာ မဟုတ်ရင် ဒီအဖေက ဘယ်လို အရိုက်ခံရမှာလဲ။”

"မင်း အဲ့ဒီစကားကို ထပ်ပြောရဲလား။" ထန်ရှု မျက်မှောင်ကြုတ်သွားသည်။

"ငါ ပြောတယ်။ ဒီအဖေကို မင်းက ယီးလို ဘာလုပ်ပေးနိုင်မလဲ။"

လျန်ခန်း ဒေါသတကြီး အော်လိုက်သည်။

ထန်ရှု ခေါင်းယမ်းရင်း သူ၏လက်ကို ဆန့်ကာ လျန်ခန်း၏ပြုပြင်ထားသည့် လက်မောင်းရိုးကို လိမ်ပြီး မျက်နှာကို တက်နင်းလိုက်ရာ နှာခေါင်းမှ သွေးများပါ စီးကျလာသည်။ ထန်ရှုက လျန်ခန်းကို ခနိုးခနဲ့လေသံဖြင့်

“မင်းက ငါ့မျက်လုံးထဲမှာ ပုပ်သိုးနေတဲ့ လူမိုက်တစ်ယောက်ကလွဲပြီး ဘာမှ မဟုတ်ဘူး။ မင်းက သူတပါးရဲ့ ကြင်နာမှုကို ပုတ်ခတ်ပြောတတ်တဲ့ ခွေးတစ်ကောင်သာသာပဲ။ မိန်းကလေးကို ချစ်စကားဆိုနေချိန်မှာ လက်သရမ်းတဲ့အပြင် ကျောင်းသူကို ရိုက်နှက်တဲ့ သတင်းက ပြန့်နှံ့သွားရင် မင်း နာမည်ပျက်ပြီး ရာဇဝတ်မှုတောင် ခံရမှာကိုလည်း ငါ စိုးရိမ်မိသေး။ ဒါပေါ့ … မင်းက တကယ်တော့ ကျောင်းသားအချင်းချင်း ရိုက်နှက်တာကို ခံခဲ့ရတာဆိုပေမယ့် အဲ့ဒါက မင်းက လူထုရဲ့ဒေါသကို ဖြစ်ပေါ်စေလို့ပဲ။ ဒီအကြောင်းကို ကျောင်းအာဏာပိုင်တွေ ကြားသိရရင် သူတို့ကို သက်သက်ညှာညှာနဲ့ ဆက်ဆံလိမ့်မယ်ဆိုတာ သေချာတယ်။”

ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် လှည့်၍ မုဝမ်ရင်၏ဘေးသို့ လျှောက်သွားလိုက်ပြီး

“မုဝမ်ရင်က ငါ့ကောင်မလေး။ ဒါပေမယ့် ငါက မင်းကို ရိုက်နှက်တဲ့ ပထမဆုံးလူတော့ မဟုတ်ဘူး။ မင်းကို မျက်နှာသာပေးလိုက်တာလို့ ဆိုနိုင်ပေမယ့် မင်းက အတော်ကို အရှက်မရှိလွန်းတော့ ဒါကို အလေးမထားဘူး။ အဲ့ဒီအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်။ အခုလည်း ငါတို့၂ယောက် အချစ်အကြောင်း ဘဝအကြောင်း ပြောနေကြတုန်းမို့ မင်းလို ငရှုပ်တစ်ယောက်အတွက်နဲ့ ငါတို့ရဲ့ အချိန်တွေကို ထပ်မဖြုန်းတီးတော့ဘူး။"

ချက်ခြင်းပင် သူသည် မုဝမ်ရင်၏လက်ကလေးကို ဆုပ်ကိုင်ကာ အပေါ်ထပ်သို့ တက်သွားသည်။

…သူ့ကောင်မလေးလား…

ထန်ရှု၏ခပ်ကြမ်းကြမ်း လုပ်ရပ်ကို တိတ်တဆိတ် အားပေးနေခဲ့သော ကျောင်းသားအားလုံးသည် ထန်ရှု၏အသိပေးကြေငြာချက်ကို ကြားလိုက်ကြသည့်အခါ စိတ်တိုသွားကြသည်။

လျန်ခန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကြရန် ထန်ရှု၏အသုံးချခြင်းကို သူတို့ ခံလိုက်ရဟန် ရှိသည်ဟု သူတို့၏ကောင်းမွန်သော ဦးနှောက်များဆီက အချက်ပြနေပြီး ထန်ရှု၏မှတ်ချက်စကားများသည် သူတို့အား ဝဖေန်နေသည့်အလား ဖြစ်လာသည်။

ဒုတိယထပ်တွင် …

ထန်ရှုက မုဝမ်ရင်၊ ကျန်းဖေးယန်နှင့် လီရှင်းကျယ်တို့ကို သူ ယခင်သုံးနေသော စားပွဲခုံဆီ ခေါ်သွားပြီး

"မင်းတို့ မိန်းကလေးတွေ ဒီမှာပဲ နေကြဦး။ ငါ့မှာ အသေးအဖွဲကိစ္စလေး လုပ်စရာရှိလို့ ဖုန်းခေါ်ဖို့ လိုတယ်။"

"သွားလေ။ ငါ ဒီမှာ စာအုပ်တစ်အုပ်ဖတ်နေလိုက်မယ်။" မုဝမ်ရင်က ညင်သာစွာ ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ပြီးနောက် ခန်းရှ၏ဖုန်းနံပါတ်ကို ခေါ်ဆိုမေးမြန်းခဲ့သည်။

“အိုကေ … ကိုယ် ဒီကကိစ္စကို အနည်းနဲ့အများဆိုသလို ဂရုစိုက်ပြီးပြီ။ မင်း ကိုယ့်ကို ဘာအတွက် လိုအပ်တာလဲ။"

"သူဌေး … ငါတို့ကုမ္ပဏီရဲ့အမှုဆောင်အရာရှိတွေက ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေ ထုတ်မယ့်ရက်ကို ဆွေးနွေးနေကြပြီ။ လောလောဆယ်မှာ ငါတို့မှာ ပစ္စည်းအရေအတွက်တွေ အများကြီးရှိနေတော့ အဲ့ဒါတွေကို နိုဝင်ဘာ ၁ ရက်မှာ ဈေးကွက်ထဲကို ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီရက်က သင့်တော်မယ်လို့ နင် ထင်လား။" ခန်းရှက မေးသည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်တွေကို စီစဉ်ပြီးပြီလား။" ထန်ရှုက မေးလိုက်သည်။

“အားလုံး ပြီးသွားပြီ။ ငါတို့တွေ ဝင်ငွေများများ ရှာနိုင်ခဲ့လို့ မြို့တိုင်းက နတ်ဘုရားဝတ်ရည်ဝိုင်ရဲ့ သီးသန့်အရောင်းဆိုင်တွေဘေးမှာ အဲ့ဒါအတွက် ဆိုင်တွေကို နေရာပေးထားတယ်။ မွမ်းမံပြင်ဆင်တာက လက်ရှိဆို နောက်ဆုံးအဆင့်မှာ ရှိနေပြီ။ အများဆုံး နောက်ရက်အနည်းငယ်ဆို ပြီးလိမ့်မယ်။”

"အရောင်းမြှင့်တင်ရေးနဲ့ အရောင်းဝန်ထမ်းတွေကရော ဘယ်လိုလဲ။" ထန်ရှုက မေးလိုက်သည်။

“သူတို့အားလုံးကို သူတို့ရဲ့ ဆိုင်ရာ ရာထူးအတွက် လေ့ကျင့်မှုတွေ လုပ်ပြီးပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက် မချရသေးတဲ့ နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်။” ခန်းရှမှ ပြောသည်။

"အဲ့ဒါက ဘာများလဲ။"

“ဒါက လုံခြုံရေးနဲ့ ပတ်သက်တယ်။ ငါတို့ရဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေ ဈေးကွက်ထဲ ဝင်ပြီဆိုတာနဲ့ ကုန်ပစ္စည်းအားလုံးကို လုဝယ်ဖို့ အရူးအမူးကိစ္စတွေ အလျင်စလို ဖြစ်လာမှာကို ငါ စိုးထိတ်တယ်။ ဒါကြောင့် အဲ့ဒီအချိန်ဆိုရင် လုံခြုံရေးပြဿနာတွေ ပေါ်လာမှာ သေချာတယ်။”

"မင်း လူအင်အား အတိအကျ ဘယ်လောက် လိုတာလဲ။" ထန်ရှုက မေးလိုက်သည်။

“ငါတို့ တွက်ချက်ထားရသလောက်ဆိုရင် မြို့အသီးသီးက နတ်ဘုရားဝတ်ရည်ဝိုင်အတွက် သီးသန့်အရောင်းဆိုင်တွေမှာ တာဝန်ကျတဲ့ လုံခြုံရေးအစောင့်တွေရဲ့အကူအညီနဲ့ဆိုရင် ငါတို့တွေ လိုအပ်တဲ့ လူအင်အားကို လျှော့ချနိုင်တယ်။ ဒါတောင် အနည်းဆုံး လူ၈၀လောက် လိုအပ်နေသေးတယ်။” ခန်းရှမှ ပြောကြားခဲ့သည်။

"အိုကေ … ရပြီ။" ထန်ရှုက ပြောသည်။

“ငါ အဖြေရှာလိုက်မယ်။ နောက်ပြီး မကြာမီကာလအတွင်း ရှန်ဟိုင်းမြို့အနီးတစ်ဝိုက်ရှိ စီးပွားရေးလုပ်ငန်းကြီးတိုင်းကို စစ်တမ်းကောက်ယူလိုက်မယ်။ အဲ့ဒါက မဖြစ်နိုင်ဘူးဆိုရင် ငါတို့ရဲ့ကိုယ်ပိုင်နေရာကို တည်ဆောက်မယ်။ ဒီမှာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူအချို့ကို ငါ သိထားတယ်။”

***

All Chapters