← Chapters

အပိုင်း(၁၀၆)

Vol. 8 Ch. 106

အပိုင်း(၁၀၆)

Vol. 8 Ch. 106

ရှစ်ဖုန့်နှင့် အရိပ်ရှစ်တို့ ပျံသန်းလာကြစဉ် လင်းယုန်တစ်ကောင်က ရုတ်တရက်ရှေးမှပျံသန်းလာပြီး အရိပ်ရှစ်၏ ပုခုံးပေါ်တွင် ဆင်းသက်လိုက်သည်။

အရိပ်ရှစ်က လင်းယုန်ငှက်၏ ခြေထောက်တွင်ချည်ထားသော ကျောက်စိမ်းပြားကိုယူလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုအလယ်တွင် ဖတ်ရန်အတွက်ထားလိုက်သည်။

အရိပ်ရှစ်မှာတစ်ချိန်လုံးသူ၏မျက်နှာအား အနက်ရောင်အဝတ်စဖြင့် ကာထားခြင်းဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် ၎င်း၏မျက်နှာထက်ရှိပြောင်းလဲမှုတို့ကို မမြင်နိုင်သော်လည်း မျက်လုံးတို့ကဖြည်းညှင်းစွာ ပြူးကျယ်လာပြီး အံ့အားသင့်သော အမူအယာတို့လှစ်ဟာပြနေသည်ကို  သူမြင်တွေ့နိုင်သည်။

အရိပ်အမှတ်ရှစ်က  ကျောက်စိမ်းပြားကို အဝေးတွင် ပြန်ထားလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ ရှစ်ဖုန့်အား ခံစားချက်တို့ပါဝင်သော သက်ပြင်းတစ်ခုကို ချပြလိုက်သည်။

“ဒီယွင်လိုင် အင်ပါယာကြီးမှာ ကပ်ဘေးတစ်ခု ကျရောက်လာတော့မှာကို ကြောက်မိတယ်”

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်ဘုံလေဂိုဏ်းရဲ့ နံပါတ်တစ် သန့်စင်သူ ဖုန်ယွင်ရှောင်နဲ့ ကျင်းဖမ်းအိမ်တော်က မင်းသားလေး တို့ဟာ အသတ်ခံခဲ့ရ တယ်”

“ကျွန်ုပ်တို့ အခုတင် သတင်းတွေရခဲ့တာ က တပ်ဖွဲ့တစ်သိန်းကို ဦးဆောင်ပြီးသွားတဲ့ ကျင်းဖမ်းအိမ်တော်က ကျွမ်းကျင်သူအားလုံးနဲ့ တပ်ဖွဲ့ အကုန်လုံးအပါအဝင် အဲ့ကို အတူလိုက်ပါသွားတဲ့ ကောင်းကင်ဘုံလေဂိုဏ်းက ကျွမ်းကျင်သူ အားလုံးတို့ဟာလည်း အသတ်ခံလိုက်ရတယ်တဲ့”

“စစ်သည်တစ်သိန်းနဲ့ ဘုရင်နယ်ပယ် ငါးဆယ်တို့ဟာ ဒီလိုမျိုးနဲ့ပဲ အသတ်ခံလိုက်ကြရတယ််”

“ကျင်းဖမ်း  အရှင်သခင်နဲ့ ဖုန်လောဟန်တို့ကပဲ နတ်ဆိုးသားရဲတောင်တန်းရဲ့ အတွင်းကနေ စိတ်မကောင်းစရာ အခြေအနေနဲ့ ထွက်လာနိုင်ခဲ့ တယ်”

“သူတို့တွေ နတ်ဆိုးသားရဲတောင်တန်းအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့ကြတယ်…ဒါမှမဟုတ် သူတို့တွေ ဘယ်လိုအရာနဲ့ မမျှော်လင့်ပဲကြုံကြိုက်ခဲ့ ရတယ််ဆိုတာကို ဘယ်သူကမှမသိကြဘူး”

အရိပ်ရှစ်၏ စကားတို့အားကြားလိုက်ရပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ သူ့ဟာသူတွေးတောလိုက်သည်။

“အဲ့နှစ်ယောက်က တကယ်ကို ကံကောင်းတာပဲ လီလျိုရှင်းပုံနဲ့ လီလျိုရှင်း မဟုတ်တဲ့သူရဲ့ သတ်တာကိုမခံလိုက်ကြရဘူး”

“အဲ့တာပြီးတဲ့နောက် နောက်ထပ် အဓိကကျတဲ့ ကိစ္စကြီးတစ်ခုက နတ်ဆိုးသားရဲတောင်တန်းဝန်းကျင်ဒေသမှာ ဖြစ်ပွားလာပြန်တယ်”

အရိပ်ရှစ်ကဆက်၍ပြောသည်။

“ခရမ်းရောင်မိုးကြိုးဂိုဏ်းရဲ့သခင်လေး ဖြစ်သူ လဲ့ရှောင်း…သွေးမိစ္ဆာဂိုဏ်းရဲ့ သခင်လေးဖြစ်သူ ရွှယ်ယိုတို့နဲ့ အတူ နှင်းတောင်ကြားရဲ့ မြင့်မြတ်သော မိန်းမပျို ရွှယ်ရီရီ တို့ဟာ နတ်ဆိုးသားရဲတောင်တန်းရဲ့ အစပ်နားမှာ တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရတယ်တဲ့”

“တစ်စုံတစ်ယောက်က ရွှယ်ယိုနဲ့ ရွှယ်ရီရီ တို့ရဲ့အလောင်းတွေကို ရှာတွေ့ခဲ့ ပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ တစ်ယောက်ယောက်ကြောင့် သွေးတွေဝါးမျိုခြင်းကို ခံလိုက်ရပြီး ခြောက်သွေ့ကုန်ကြတယ်”

“အဲ့တာက သွေးမိစ္ဆာဂိုဏ်းက သွေးဝါးမျိုနတ်ဆိုး ပညာရပ်နဲ့ ဆင်တူတယ်တဲ့”

အရိပ်အမှတ်ရှစ်က ဤအကြောင်းအရာကို ပြောနေရင်း ရုတ်တရက်တုန်လှုပ်သွားသည်။

သူကရှစ်ဖုန့်အား ထူးဆန်းသော အမူအယာဖြင့်ကြည့်၍ ပြောလိုက်သည်။

“သခင်လေးဖုန့် ကျွန်ုပ်တို့ ရရှိထားတဲ့သတင်းတွေကသာ မှန်ကန်မယ်ဆိုရင် အဲ့နေ့ကတုံးက သခင်လေးဟာ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ယင်ယန်တမာန်တော်တို့ကို သတ်ပစ်ခဲ့တယ်မလား”

“အဆုံးသတ်မှာ သခင်လေးအနေနဲ့ သူတို့ရဲ့သွေးတွေကို စုပ်ယူခဲ့ပုံရတယ်”

“ဖြစ်နိုင်တာက…..”

“အမှန်ပဲ”

“မင်းပြောတဲ့သူတွေအားလုံးကို တကယ်ကိုငါပဲသတ်ပစ်ခဲ့တာ”

ရှစ်ဖုန့်ကခေါင်ညိမ့်လိုက်သည်။

တကယ်တော့ရှစ်ဖုန့်ပြောခဲ့သောသူများထဲတွင် ဖုန်ယွင်ရှောင်နှင့် ကျင်းလင်းတို့လည်းပါသည်။

“ဘုရားရေ…ဒါက တကယ် ….တကယ်ကြီးကို  သူလုပ်ခဲ့တာပဲ”

“ဂိုဏ်းကြီးသုံးခုလုံးရဲ့ ဆက်ခံသူသုံးဦးလုံးကို သူသတ်ပစ်ခဲ့တယ်တဲ့”

“အရင်ကလည်း သူကောင်းကင်ဘုံလေဂိုဏ်းကို စော်ကားခဲ့ပြီးနေပြီ”

“သူမလုပ်နိုင်ဘူးဆိုတဲ့ အရာတွေရောရှိသေးရဲ့လား”

“ဒါကဆိုးတာပဲ “

အရိပ်ရှစ်က ပြောလိုက်သည်။

“အဲ့အချိန်တုံးက စန်းယွဲ့မြ်ု့မှာ ယင်ယန်တမာန်တော်တို့ရဲ့ အလောင်းတွေကို လူအများအပြားကတွေ့ခဲ့ပြီးပြီ”

“ကောင်းကင်ဘုံလေဂိုဏ်းကလည်း အဲ့တာကို သတင်းရပြီးပြီလို့ ကျွန်ုပ်ထင်တယ် ….အဲ့ဂိုဏ်းသုံးဂိုဏ်းကလည်း မကြာခင်မှာ သခင်လေးကို ရှာတွေ့သွားကြလိမ့်မယ်”

အရိပ်ရှစ်၏ စကားတို့အားကြားလိုက်ရပြီးသည့်နောက်တွင် ရှစ််ဖုန့်က မပြောင်းလဲသော အမူအယာဖြင့် ပြောလိုက်သည်။

“သူတို့ကငါ့ကို ရှာချင်နေကြတယ်ဆိုရင်လည်း လာပါစေ…”

“ဘယ်သူတွေလာပါစေ ငါသူတို့ကို သေခြင်းရဲ့ အရသာကို မြည်းစမ်းခိုင်းလိုက်မယ်”

“ငါက ကောင်းကင်ဘုံလေဂိုဏ်းနဲ့က ရန်သူဖြစ်ပြီးနေပြီ…ဂိုဏ်းလေးသုံးလေးဂိုဏ်းလောက်ပိုလာလို့လဲ ဂရုစိုက်မနေဘူး”

“ငါယွင်လိုင်အင်ပါယာကနေ ထွက်သွားမဲ့အချိန်ကြလာရင် အဲ့ဂိုဏ်းတွေ..တောင်ကြားတွေ..ကို တံခါးသွားခေါက်ပြီးတော့ အကုန်လုံးကို မျိုးဖြုတ်ပစ်အုံးမယ်”

အရိပ်ရှစ်မှာ သူ၏စိတ်ထဲတွင် ကျိတ်၍ ခါးသက်စွာ ပြုံးလိုက်မိသည်။

သူက၎င်းအား စေတနာထား၍ သတိပေးခဲ့သော်လည်း  ၎င်းက အရမ်းကို အရှက်မရှိ ကိုယ်ရည်သွေးရဲနေသေးသည်။

အရိပ်ရှစ်မှာ ဤပုဂ္ဂိုလ်က သူ့ဆရာသမားအား ပါဝင်ငြိစွန်းစေခြင်းမရှိစေခြင်း တစ်ခုကိုသာ မျှော်လင့်မိသည်။

ထို့နောက်တွင် သူတို့စကားပြောကြခြင်း မရှိကြတော့ချေ။

ရှစ်ဖုန့်သည်လည်း ငရဲဘုံကိုးခု ပညာရပ်ကို စတင်၍ အဆက်မပြတ် လှည့်ပတ်လိုက်ပြီး သူ့ဝန်းကျင်ရှိထုတ်လွှတ်နေသော အာဃာတချီတို့ကို စုပ်ယူ၍ ကျင့်ကြံမှုကို စတင်လုပ်ဆောင်လိုက်သည်။

ငရဲဝံပုလွေမှာ ကောင်းကင်ထက်တွင် နေ့တစ်ဝက်ခန့်ပျံသန်းခဲ့သည်။

သူတို့၏ အောက်တွင် မြင့်မားပြီး လူသူအများပျားပန်းခတ် လှုပ်ရှားနေသော မြို့တစ်ခုက သူတို့၏ မြင်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် မြို့မှာ သိပ်သည်းသော အနက်ရောင်အစက်အပြောက် အစုအဝေးများဖြင့် ပြည့်နေသည်။

မြို့၏ လူနေထူထပ်မှုက စန်းယွဲ့မြို့နှင့်နှိုင်းယှဉ်လိုက်လျှင် ဆီနှင့်ရေကဲ့သို့ပင် ဖြစ်သည်။

ဤမြို့အားကြည့်လိုက်လျှင် စန်းယွဲ့မြို့ဆိုသည်မှာ သူတောင်းစားများနေထိုင်သော မြို့နှင့်တူသည်ဟုပင် ခံစားသွားရလိမ့်မည်ဖြစ်သည်။

အဝေးမှကြည့်လျှင်ပင် ရှစ်ဖုန့်အနေဖြင့် ခမ်းနားပြီး ခံ့ညားထည်ဝါသော ကောင်းကင်နှင့်မြေကြီးကြားရှိ မိုးမျှော် အဆောက်အဦးတို့ကို မြင်တွေ့နိုင်သည်ဖြစ်သည်။

ထိုအချိန်တွင် အရိပ်ရှစ်က ပြောလိုက်သည်။

“ကျွန်ုပ်တို့ ရောက်ပါပြီ”

“ဒီမြို့ဟာ အင်ပါယာမြို့တော်ပဲဖြစ်ပါတယ်”

ထို့နောက်တွင် အရိပ်ရှစ်က မြင့်မားပီး ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“အဲ့တာကတော့ အင်ပါယာ နန်းတော်ပဲဖြစ်ပါတယ်”

“အင်ပါယာမြို့တော်မှာ ပျံသန်းခြင်းကိုတားမြစ်ထားပါတယ်…နတ်ဆိုးသားရဲကို အရင်ဆုံးဆင်းသတ်ခိုင်းလိုက်ရအောင်”

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီး ဝံပုလွေကို မြို့ဂိတ်ပေါက်ဆီသို့ဆင်းသက်ရန် အမိန့်ပေးလိုက်သည်။

“ဒါက ဆရာ့ရဲ့ တိုကင်ပြားပါ”

“သခင်လေးအနေနဲ့ ဒါကို အတူတကွ ယူဆောင်သွားမယ်ဆိုလို့ရှိရင်..အင်ပါယာမြို့တော်ကို အဝင်အထွက် လုပ်တဲ့အခါ ပိုမိုပြီး အဆင်ပြေချောမွေ့ လွယ်ကူပါလိမ့်မယ်”

အရိပ်ရှစ်က ရှစ်ဖုန့်ကို ပြောရင်းရွှေရောင် တိုကင်ပြားတစ်ခုကို လွှဲပေးလိုက်သည်။

ရွှေရောင်တိုကင်ပြား၏ ရှေ့ဘက််တွင် “နဂါး” ဟူသော စကားလုံးကို  ဝင့်ကြွားသော ဟန်ပန်ဖြင့် ထွင်းထုထားသည်။

ရှစ်ဖုန့်က အရိပ်ရှစ်ဆီမှ တိုကင်ပြားကိုယူလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းကို ပစ်ထည့်လိုက်သည်။

မကြာခင် ငရဲဝံပုလွေက မြို့ဂိတ်၏ အနီးနားတွင်ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်မြို့ဂိတ်၌ မဆင်းသက်ရသည့်အကြောင်းပြချက်မှာ မြို့ဂိတ်၌ လူများ၊ လှည်းများ၊ နတ်ဆိုးသားရဲများ၊ ကုန်စည်ဝန်စည်စလည်များဖြင့် ပြည့်ကြပ်နေနှင့်ပြီးဖြစ်သောကြောင့်ဖြစ်သည်။

“ငရဲဝံပုလွေ အပြင်မှာသွားပြီးကျတ်စားနေ”

“ငါမင်းကို လိုအပ်တဲ့အခါကြရင် ခေါ်လိုက်မယ်”

ရှစ်ဖုန့်က ငရဲဝံပုလွေကို ပြောလိုက်သည်။

“ဝေါင်း”

ငရဲဝံပုလွေက ၎င်း၏ အနက်ရောင််တောင်ပံတို့ကို ခတ်၍ ကောင်းကင်ထက်သို့ ထပ်မံပျံသန်းသွားသည်။

ရှစ်ဖုန့်အမိန့်အပေးခင် ယင်မိစ္ဆာက မြေကြီးသို့ တိုးဝင်သွားသည်။

“ကောင်းပြီ ငါ့ကို ဒီမှာပဲထားခဲ့ …လုံချန်ရဲ့ အိမ််တော်က ရှာရတာလွယ်ပါတယ်…”

ရှစ်ဖုန့်က အရိပ်ရှစ်ကို ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်ုပ် သွားပါတော့မယ်”

အရိပ်ရှစ်က လူအုပ်အတွင်းသို့ခုန်ဝင်လိုက်ပြီးနောက် မကြာခင် သူ့ကိုယ်သူဖုံးကွယ်လိုက်သည်။

ရှစ်ဖုန့်က လူအုပ်နောက်သို့လိုက်လိုက်ကာ မြို့ဂိတ်ဆီသို့ ဖြည်းညှင်စွာချည်းကပ်လိုက်သည်။

“ငါတို့တွေမတွေ့ခဲ့ရတာ တော်တော်လေးတောင် ကြာသွားခဲ့ပြီ”

“အမေ အဆင်ပြေပြေနဲ့ ကျန်းကျန်းမာမာ ရှိရဲ့လားဆိုတာကို ငါသိချင်မိတယ်”

သူအနေဖြင့် ယခင်ဘဝတွင် မိသားစုဟူသောချည်နှောင်မှုတို့မရှိခဲ့ပဲ ယခုဘဝမှသာ မိသားစုဟူသော နှောင်ကြိုးသံယောဇဉ်ကို ခံစားတွေ့ကြုံရခြင်းဖြစ်သည်။

သူယခင်ဘဝမှတ်ဉာဏ်တို့ကို ပြန်လည်မရသေးခင်နေ့ရက်များကို ပြန်စဉ်းစားကြည့်လိုက်လျှင် သူအနေဖြင်းဆင်းရဲနွမ်းပါးခဲ့သော်လည်း သူ့မိသားစုနှင့် ပက်သောသောခံစားချက်တို့က အရမ်းကိုနွေးထွေးမှုရှိလှသည်။

လင်အာလေးမှာ ငယ်ရွယ်လှသော်လည်း စဉ်းစားချင့်ချိန်နိုင်မှုတို့ရှိသည်။

သူမက အဝတ်အစားတို့အားမည်ကဲ့သို့လျှော်ဖွတ်ရမည် မည်ကဲ့သို့ ချက်ပြုတ်ရမည်တို့က သူမ ငယ်ရွယ်စဉ်ကတည်းက သင်ယူနိုင်ခဲ့၏။

အခြားသောကလေးသူငယ်များက သကြားလုံးများကို စားနေကြစဉ် သူမအနေဖြင့်အစားသောက်ကို လောဘကြီးတတ်သော သူလေးဖြစ်သော်လည်း မိသားစု၏ အခြေအနေတို့ကို သိရှိသောကြောင့် သူမအတွက် ဘာတစ်ခုကိုမျှ မဝယ်ယူခဲ့ချေ။

တစ်နေ့၌ ရှစ်ဖုန့်အနေဖြင့် ဤအသေးလေးအတွက် သကြားပန်းပွင့်ချောင်းတစ်ခုအား တစ်ကြိမ်ဝယ်ပေးခဲ့ဖူးသည်ကို မှတ်မှိသေးသည်။

အသေးလေးက ထိုအရာအားရက်အများကြီးစားသောက်လိုသောဆန္ဒကြောင့် တိတ်တိတ်ကလေး ချန်ရစ်သိမ်းဆည်းထား၏။

နောက်ဆုံးတစ်ဝက်သာကျန်ရစ်တော့သည့်အချိန်တွင် ၎င်းမှာ ကြွက်စားခြင်းကိုခံလိုက်ရလေသည်။

အသေးလေးမှာ ထိုအတွက် ရက်ပေါင်းများစွာ ဝမ်းနည်းနေခဲ့ရသည်။

“ဟူး”

သေးငယ်သောအပိုင်းအစလေးများအား ပြန်စဉ်းစားမိသောအခါတွင် ထိုအရာတို့မှာ ရယ်မောစရာ၊ မျက်ရည်ကျစရာ၊ခါးသီးမှု၊ပျှော်ရွှင်မှု ရသအစုံအလင်ဖြင့်ပင်ဖြစ်သည်။

ရှစ်ဖုန့်မှာ သူ၏ခေါင်းကိုခါယမ်းရင်း ညင်သာစွာသက်ပြင်းချမိသည်။

“အမေ…သားအမေ့ကို ထပ်ပြီးတော့ ဒုက္ခတွေတွေကို မခံစားစေရတော့ဘူး”

“အမေ့ရဲ့ နာကျည်းချက်တွေ အတွက် အမေ့သားက သူတို့ကို အဆတစ်ထောင်မက ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်”

“လင်အာ ကိုကြီးကိုစောင့်နေပါ”

“ကိုကြီး ညီမလေးကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျ ပြန်လာခေါ်ပြီးတော့ ကောင်းမွန်တဲ့ ဘဝမှာ ရှင်သန်နေထိုင်ခိုင်းမယ်…ကိုကြီး ညီမလေးကို ပျော်ရွှင်စွာနဲ့ ကြီးပြင်းလာခွင့် ပေးမယ်..သူတို့သာ ညီမလေးကို အနိုင်ကျင့်ရဲရင် ကိုကြီးသူတို့ကို အကြိမ် ထောင်ပေါင်းများစွာမက ပြန်ပေးဆပ်စေပြီးတော့ အကြိမ်ရာပေါင်းမက နုတ်နုတ်စင်းပစ်မယ်”

လူအုပ်၏နောက်သို့ လိုက်လာခဲ့ပြီးသည့်နောက်တွင်ရှစ်ဖုန့်မှာ အင်ပါယာမြို့အတွင်းသို့ အောင်မြင်စွာဖြင့် ဝင်ရောက်လာနိုင်ခဲ့သည်။

“အာ”

ခဏမျှလမ်လျှောက်ပြီးသည့်နောက်တွင် သူ၏ရှေ့၌ ရင်းနှီးသော အဖြူရောင်ပုံရိပ်တစ်ခုအားမြင်တွေ့လိုက်ရသောကြောင့် ရှစ်ဖုန့်၏ နှလုံးသားတို့ တဒိတ်ဒိတ် ခုန်သွားရသည်။

သူမမှာအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားသော ဆံကေသာတို့က ရေတံခွန်တစ်ခု စီးကျသကဲ့သို့ သူမ၏ ပခုံးထက်မှ ကျနေသည်။

သူမ၏ ပုံစံက သေးသွယ်ပြီး ကျစ်လစ်သော ခါးလေးကို ပိုင်ဆိုင်ထားသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters