အပိုင်း( ၁၀၇)
Vol. 8 Ch. 107
ခဏမျှ လမ်းလျှောက်ပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ ရုတ်တရက်လန့်သွားမိသည်။
သူ၏ရှေ့တွင်ရင်းနှီးသော ပုံရိပ်တစ်ခုကို သူမြင်တွေ့လိုက်ရသည်။
သူမမှာ အဖြူရောင်ဝတ်စုံကို ဝတ်စင်ထားပြီး သူမ၏ ရှည်လျားသော ဆံကေသာတို့က ရေတံခွန်မှရေများကျဆင်းနေသကဲ့သို့ ပုခုံးထက်သို့ ကျနေသည်။
သူမမှာသေးသွယ်သောပုံစံရှိပြီး ကျစ်လစ်သော ခါးလေးကို ပိုင်ဆိုင်ထားသည်။
ထို့နောက်မကြာခင် ရှစ်ဖုန့်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ခြင်းသဘောပေါက်လိုက်သည်။
သူကသူ့ကိုယ်သူ အပြစ်ပေးသည့်အနေဖြင့် ရယ်လိုက်ပြီးပြောလိုက်သည်။
“နောက်ကျောဘက်ကကြည့်ရင် ဆင်တူတယ်လို့ထင်ရတယ်”
ဤမိန်းကလေးမှာ သာမန်လူတစ်ယောက်သာဖြစ်ပြီး ဘာသိုင်းပညာရပ်ကိုမှ ကျင့်ကြံထားခြင်းမရှိချေ။
“အဲ့မိန်းကလေး အခုဘယ်လိုတွေဖြစ်နေမလဲဆိုတာကို ငါသိချင်မိတယ်”
ထို့နောက်တွင် ရှစ်ဖုန့်မှာ လူအုပ်၏နောက်သို့ ဆက်လိုက်သွားလိုက်သည်။
“ဖယ်ကြစမ်း….မင်းတို့အားလုံး ရှေ့ကနေ ဖယ်ကြစမ်း…”
ရုတ်တရက် ရှစ်ဖုန့်မှာ ကျယ်လောင်သော အော်သံနှစ်ခုကို ကြားလိုက်ရသည်။
ထို့နောက်ချက်ခြင်း တုတ်ခိုင်သော ယောက်ျားနှစ်ယောက်က လူအုပ်ထဲမှ တစ်ဟုန်ထိုးထွက်လာသည်။
သူတို့၏ ကြီးမားသော လက်တို့ကို အသုံးပြု၍ သူတို့ရှေ့ရှိလူအုပ်အား ဘေးဘက်သို့ အတင်းအကျပ် ဝေ့ယမ်းတွန်းဖယ်နေသည်။
ထိုလူထွားနှစ်ယောက်၏ ပစ်မှတ်မှာ အစောပိုင်းက သူမှားယွင်းခဲ့သော ပုံရိပ်လေးဆီသို့ဖြစ်ကြောင်းကို ရှစ်ဖုန့်ပြောနိုင်သည်။
အဖြူရောင်နှင့် မိန်းကလေးက သူမနောက်ရှိ လှုပ်ရှားမှုတို့အား အာရုံခံမိပုံပေါ်သည်။
သူမလှည့်ကြည့်လိုက်သောအခါ သန်မာသောလက်လေးဖက်က သူမအားဖမ်းဆုပ်ရန်လာနေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
“အား”
သူမကထိန့်လန့်စွာဖြင့် အောဟစ်လိုက်ပြီး မျက်နှာလေးမှာလည်း ချက်ခြင်းဖြူဖျော့သွားသည်။
လူထွားနှစ်ယောက်၏ မျက်နှာထက်ရှိ လှောင်ပြုံးက အထိန့်တလန့်ဖြစ်နေသော အမျိုးသမီးတစ်ယောက်အား တွေ့လိုက်ရသော အခါတွင် ပိုမို၍ပင် ကြီးမားလာခဲ့သည်။
သူတို့ထဲကတစ်ယောက်က အမျိုးသမီး၏ လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။
သို့သော် သူတို့နှစ်ဦးသားက အမျိုးသမီးအား လှမ်း၍ ဆွဲလိုက်ရုံရှိသေးသည် အမျိုးသမီး၏ ပုံရိပ်မှာလှစ်ကနဲ နောက်သို့ဆုပ်သွားသည်ကို တွေ့လိုက်ရပြီး သူတို့အနေဖြင့် ထိုအချင်းအရာကြောင့် ဘာကို မှ အဆုပ်ကိုင်မိဖြစ်သွားရသည်။
အမျိုးသမီး၏ ရှေ့၌ အသက်ဆယ့်လေး ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက်က ရုတ်ရက်ပေါ်လာသည်။
“အား”
အမျိုးမီးမှာ လူနှစ်ယောက်ကသူမအား ဖမ်းတော့မည်ကိုမြင်လိုက်ရချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အကြောင်းပြချက် အချို့ကြောင့် နောက်သို့ဆုတ်သွားပြီး ထိုလူနှစ်ဦး၏ ဖမ်းဆွဲမှုကို ရှောင်းတိမ်းမိပြီးသားဖြစ်သွားသည်။
သူမရှေ့တွင်ပေါ်လာသောသူကို တွေ့လိုက်ရသော အခါတွင် အမျိုးသမီးမှာ ချက်ခြင်းတစ်စုံတစ်ခုကို သဘောပေါက်သွားပြီး အလျှင်အမြန်ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“မလိုပါဘူး မင်းထွက်သွားလို့ရပါပြီ”
ရှစ်ဖုန့်က လက်ကိုဝေ့ယမ်းပြလိုက်ပြီး အမျိုးသမီးကို ပြောလိုက်သည်။
“ထွက်သွားဟုတ်လား”
“မင်းက ဒီကသခင်လေးအတွက် ဘာတွေ တာဝန်ယူပေးမှာမို့လဲ”
ထိုအချိန်တွင် ရှစ်ဖုန့်၏ရှေ့ရှိ လူအုပ်ထဲမှ ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာသည်။
ထို့နောက်တွင် အသားမဲမဲ စဉ်းလဲသော မျက်လုံးတို့ဖြင့်လူတစ်ယောက်က လူအုပ်ကြားထဲမှ လျှောက်လှမ်းထွက်လာပြီး လူထွားနှစ်ယောက်၏ ကြားထဲတွင် ဝင်ရပ်လိုက်သည်။
“အဲ့လူက ဘယ်သူလဲ”
“အင်ပါယာမြို့က မိစ္ဆာကျားသုံးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ မျက်နှာမည်းကျား ကျောက်ကျစ်ရှင်း ပဲ “
“ငါကြားတာသူက သူ့အဖေရဲ့ စွမ်းအားအာဏာ ကို အမှီသဟဲပြုပြီးတော့ ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်နေတဲ့အပြင် တဏှာရာဂ စိတ်ကလည်းတော်တော်လေးကို ကြီးတာတဲ့”
“သူကအထူးသဖြင့် သာမန်အမျိုးသမီးလေးတွေကို အလစ်သုတ်ဖမ်းယူတာပဲ”
“အင်ပါယာမြို့အတွင်းမှာ မိန်းမငယ်လေးဘယ်လောက်များများဟာ သူရဲ့နည်းလမ်းပေါင်းစုံအောက် ကျူးလွန်ခံရတဲ့ သားကောင်တေွ ဖြစ်ခဲ့ရတယ်ဆိုတာကို ငါမသိဘူး”
“ရှူး….မင်းအသံကို တိုးတိုးပြောဟ … သူမင်းပြောတာကို ကြားသွားမှာ မကြောက်ဖူးလား”
“ဒီလူငယ်လေးကတော့ သူရဲ့ ကောင်းမွန်တဲ့ ကံဇာတာလေးတွေ ကုန်ဆုံးသွားတာပဲဖြစ်လောက်မယ် ..”
“ကျောက်ကျစ်ရှင်း အရင်က အဲ့လိုမျိုး အမျိုးသမီးလေးတွေကို အလစ်သုတ်ပြန်ပေးဆွဲတာကို ငါတွေ့ဖူးတယ်”
“သူတို့လေးတွေအတွက် ရပ်တည်ပေးခဲ့ကြတဲ့ သူတွေရဲ့ အဆုံးသတ်ဟာ မကောင်းမွန်ခဲ့ကြဘူး”
“ကျောက်ကျစ်ရှင်းမှာက သူ့အဖေ ဝန်ကြီးချုပ်တစ်ယောက်လုံးရှိနေတယ်”
ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုနေကြသူများက တီးတို့ပြောဆိုနေကြသည်။
“မင်း…..ဒူးထောက်လိုက်စမ်း ….ဒီကို ဖြည်းဖြည်းချင်း တွားသွားပြီးလာခဲ့ “
ကျောက်ကျစ်ရှင်းက ရှစ်ဖုန့်ကို လက်ညှိုးထိုးလိုက်ပြောလိုက်သည်။
သူကသူ့ခေါင်းအားမော်နေအောင်မော့ထားပြီး မျက်နှာထက်တွင် လှောင်ပြုံးကိုဆင်မြန်းထားသည်။
“သခင်လေး ….သခင်လေးအရင်ဆုံးပြေးသင့်တယ်…ကျွန်မကြောင့် သခင်လေးကို ပါဝင်ငြိစွန်းစေမိပြီ…ကျွန်မ….ဟူး..”
ရှစ်ဖုန့်၏ နောက်ဘက်ရှိ အမျိုးသမီးမှာလည်း ကျောက်ကျစ်ရှစ်ကို မှတ်မိနေပြီး သူမ၏ မျက်နှာထက်တွင် စိုးရိမ်မှု၊ ကူကယ်ရာမဲ့ မှုတို့ဖြင့် ပြည့်နှက်နေသည်။
“အမ်….ပြေးမယ်…ဟားဟား”
အမျိုးသမီး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ကျောက်ကျစ်ရှင်းမှာ ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသတစ်ပုဒ်အား ကြားလိုက်ရသည့်အလား ဟက်ဟက်ပက်ပက်ကို ရယ်မောတော့သည်။
သူကကျယ်လောင်စွာရယ်မော၍ ပြောလိုက်သည်။
“ဒီနေရာအားလုံးက ငါ့ပိုင်နက်နယ်မြေတွေကြီးပဲ….ပြေးမယ်ဟုတ်လား….မင်းတို့က ဘယ်နေရာကို ပြေးမှာတုံး”
“အလှလေး ငါ့ရဲ့ကြိုက်နှစ်သက်မှုကိုမင်းခံရတာက မင်းရဲ့အရင်ဘဝက ကျင့်ကြံခဲ့မှုကြောင့် ကောင်းချီးပေးခံရသလိုမျိုးပဲနော်”
“ဒီဘယ်ကမှန်းမသိတဲ့ ပေါက်လွတ်ပဲစားကောင်နဲ့ ငါတို့ခဏလောက်ကစားပြီးရင် ငါမင်းလေးကို အိမ်တော်ကို ပြန်ခေါ်သွားပြီးတော့ ကောင်းကောင်းလေး ဖူးဖူးမှုတ်ပေးပါ့မယ်”
“ဟီးဟီးဟီး…. ငါမင်းကို သက်တောင့်သက်သာနဲ့ သေဆုံးနိုင်အောင် သေချာပေါက်လုပ် ပေးမှာပါ”
“ဒီကောင့်ခေါင်းက တစ်ခုခုတော့မှားနေတယ်…မင်းအရင်ဆုံးသွားလိုက်ပါ ….ဒီနေရာကို ကျုပ်နဲ့ထားခဲ့လိုက်ရတယ်”
ရှစ်ဖုန့်က မျက်နှာမည်းကောင်စုတ်ကို လျစ်လျူရှုထားပြီး အမျိုးသမီးကိုပြောလိုက်သည်။
“ဒါက….”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရပြီးသည့်နောက်တွင် အမျိုးသမီးမှာ အနည်းငယ်တုန့်ဆိုင်းသွားသည်။
“မအေလိုးလေး….မင်းတို့ကငါ့ကို မရှိဘူးထင်နေတာလား…..ပြီးတော့မင်း ငါမင်းကို ဒူးထောက်ပြီးတော့ ဒီကို တွားသွားလာခဲ့လို့ ပြောခဲ့တာကို မင်းမကြားဘူးလား”
“မင်းနားပင်းနေတာလား ဒါမှမဟုတ် တစ်ခုခု အဆံချောင်နေတာလား”
ကျောက်ကျစ်ရှင်းမှာ၎င်းတို့နှစ်ယောက်က သူ့ကို ကြည့်မနေဘဲ တီးတိုးပြောနေကြသည်ကို မြင်လိုက်ရသော အခါတွင်ချက်ခြင်း သူ၏ ဂုဏ်သိက္ခာအား သေးသိမ်သွားစေသလိုခံစားလိုက်ရသည်။
သူကရှစ်ဖုန့်ကို လက်ညှိုးထိုးလိုက်ပြီး သူ့ဘေးရှိလူထွားနှစ်ယောက်ကို ပြောလိုက်သည်။
“ဒီသူတောင်းစားလေးကို သေလုနီးပါးဖြစ်သွားအောင် ရိုက်ကြစမ်း…ဒါပေမဲ့ ဒီသခင်လေးအတွက် သူ့ကို မသတ်ပစ်နဲ့”
အမိန့်အားလက်ခံပြီးသောအခါတွင် လူထွားနှစ်ယောက်မှာ ၎င်းတို့၏ တုတ်ခိုင်သောလက်တို့ကို ပင့်မြှောက်ပြီး ရှစ်ဖုန့်ထံဦးတည်လိုက်သည်။
သူတို့၏ ကိုယ်မှ စွမ်းအင်များက ပေါက်ကွဲထွက်လာသည်။
သူတို့နှစ်ဦးလုံးမှာ ဆရာသခင်နယ်ပယ်များဖြစ်ကြသည်။
သူတို့၏ မျက်လုံးထဲတွင်တော့ ဤလူငယ်လေး၏ ကျင့်ကြံမှုနယ်ပယ်မှာ ကြယ်သုံးပွင့် စစ်သည်တော်နယ်ပယ်သာဖြစ်သည်။
သူတို့နှစ်ယောက်က ရှစ််ဖုန့်အား ခွန်အားပြည့်ပင်မသုံးပဲ ထိုးလိုက်သည်။
ယင်းမှာသူတို့အနေဖြင့် ကျောက်ကျစ်ရှင်း၏ စရိုက်အားနားလည်ကြသောကြောင့်ဖြစ်၏။
၎င်းကလူများအား သေသည်အထိ ရိုက်နှက်ခြင်းကို မကြိုက်ပေ။
သူအနှစ်သက်ဆုံးမှာ လူများမသန်မစွမ်းဖြစ်သွားပြီး မြေပြင်ပေါ်တွင် ခွေးတစ်ကောင်ကဲ့သို့လဲနေလျက် သနားညှာတာခွင့်လွှတ်ပေးပါရန် အလိုလိုက်အကြိုက်ဆောင်ရန် တောင်းပန်ကြခြင်းကိုပင်ဖြစ်သည်။
“သခင်လေး..ကျွန်မတောင်းပန်ပါတယ်…ကျွန်မက သခင်လေးကို ထိခိုက်နစ်နာစေမိတဲ့သူပါ”
ရှစ်ဖုန့်၏ နောက်ရှိအမျိုးသမီးက ဖြစ်ပျက်လာမှုအား မလိုလားမှုအပြည့်ဖြင့်ပြောလိုက်သည်။
ဤလူထွားနှစ်ယောက်တိုက်ခိုက်ပြီးသော အချိန်၌ သူမရှေ့ရှိ လူငယ်လေး၏ ဝမ်းနည်းဖွယ် အဆုံးသတ်တို့နှင့် အိမ်မက်ဆိုးတို့အား ကြိုမြင်ပြီးဖြစ်ပုံရသည်ကို သူမမျက်နှာထက်တွင်တွေ့ရသည်။
ရှစ်ဖုန့်မှာ ထိုနှစ်ဦး၏ လက်သီးတို့အား စိတ်အနှောက်အယှက်ဖြစ်ခံ၍ ကြည့်ခြင်းပင် မရှိချေ။
သူကသူ့လက်ချောင်းကို လှစ်ကနဲလုပ်လိုက်ပြီုး မမြင်နိုင်သော ပုံရိပ်နှစ်ခုကို လက်သီးနှစ်လုံးထံသို့ ပို့လွှတ်လိုက်သည်။
လူထွားနှစ်ယောက်မှာ ကျောက်ကျစ်ရှင်းရှိရာဘက်သို့ လျှင်မြန်စွာ ဆုတ်ခွာသွားသည်။
“ဟမ်…အမှိုက်နှစ်ကောင်ရ…ဘာဖြစ်သွားတာလဲ”
ကျောက်ကျစ်ရှင်းမှာ သူ့ငယ်သားနှစ်ယောက်က ထိုငတိကို မထိခင် ပြန်လည်ဆုတ်ခွာလာရသည်ကို တွေ့ရသောအခါ ဒေါသထွက်စွာဖြင့် အော်လိုက်သည်။
လူထွားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ဘာတွေဖြစ်ပျက်ခဲ့ကြမှန်း သူတို့မသိကြချေ။
သူတို့လူငယ်လေးနားသို့ချည်းကပ်လိုက်သောအခါတွင် သူတို့၏ ကိုယ်မှာ ထိန်းချုပ်မှုမှ လွတ်သွားပုံရပြီး မတက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ကိုသာခံစားမိခဲ့သည်။
“ဘာတွေဖြစ်နေတာလည်း….”
လူအုပ်ထဲမှ အချို့က သူတို့ဘေးရှိလူများကို မေးလိုက်ကြသည်။
“ဘာဖြစ်နိုင်မှာလဲ …အဲ့လူငယ်လေးက သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားတာ ..သူ့ရဲ့ကျင့်ကြံမှုက ကြည့်လိုက်ရင် ကြယ်သုံးပွင့် စစ်သည်တော်နယ်ပယ် ဆိုပေမဲ့ တကယ်တမ်းမှာ သူက အဲ့ဆရာသခင်နယ်ပယ် အဆင့် လူထွားနှစ်ယောက်ထက် ပိုပြီးတော့ အများကြီး အစွမ်းထက်တယ်”
“ဒါပေမဲ့အဲ့တော့ဘာဖြစ်လဲ”
ထိုလူက အမှုမထားသလိုပဲပြောလိုက်သည်။
“အဲ့လူငယ်လေးအနေနဲ့ အဲ့ဆရာသခင်နယ်ပယ်နှစ်ယောက်ကို ရင်ဆိုင်နိုင်ပေမဲ့…ကျန်တဲ့သူအားလုံးကို တော့ ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိမှာမဟုတ်ပါဘူး”
“ဘာလို့လဲဆိုရင် ကျောက်ကျစ်ရှင်းရဲ့ အဖေက သူ့သားကို ကာကွယ်ဖို့အတွက် ကျွမ်းကျင်သူအများကြီးကို စီစဉ်ပေးထားတာကို လူတိုင်းကသိနေတာပဲ”
“ဟမ့် အသုံးမကျတဲ့ နှစ်ကောင်….ဘယ်နှစ်ကြိမ်အထိ မင်းတို့နှစ်ကောင်က အသုံးမကျ ဖြစ်နေအုံးမှာလဲ”
“နောက်ဆုံးကျရင် ငါပဲ ဝှက်ဖဲကို အသုံးပြုနေရတာပဲ…အခုဆိုရင် လူတိုင်းက ငါ့ဝှက်ဖဲကို သိနေကြမှာကိုတောင် ငါကြောက်မိတယ်”
ကျောက်ကျစ်ရှင်းက ဒေါသတကြီး နှာမှုတ်၍ လူထွားနှစ်ယောက်ကို အော်လိုက်သည်။
“ယင်ဟွေ့ ထွက်လာခဲ့ “
“ဟူး”
ရုတ်တရပ် သက်ပြင်းချသံ ခပ်ပျော့ပျော့ ထွက်လာသည်။
ထို့နောက်တွင် ကျောက်ကျစ်ရှင်း၏ နောက်ဘက်ရှိ လူအုပ်ထဲမှ ငွေရောင် ပုံရိပ်တစ်ခုက ဖျက်ကနဲ ပေါ်လာပြီး ကြည့်ရှုနေသူတို့၏ ပခုံထက်မှ စိမ်ပြေနပြေ ဖြည်းညှင်းစွာ ကိုယ်ဖော့ လျှောက်လမ််းလာသည်။
အစက သူတို့၏ ပခုံးပေါ်သို့ နင်းလျှောက်ခြင်းခံရသူတို့မှာ ဒေါသူပုန်ထကုန်ကြသည်။
သို့သော် ငွေရောင်ပုံရိပ်ဆီမှ ထုတ်လွှတ်နေသော စွမ်းအားကြီး ရောင်ဝါတို့အား မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ ပါးစပ်တို့ကို လျှင်မြန်စွာ ပိတ်ထားလိုက်ကြသည်။
ငွေရောင်ပုံရိပ်က အလွန်လျှင်မြန်စွာဖြင့် ကျောက်ကျစ်ရှင်း၏ နံဘေးတွင် ကျကျနနဆင်းသက်လိုက်သည်။
ငွေရောင်ဆံပင်နှင့် လူရွယ်က သူ့လက်ထဲရှိ ခရမ်းရောင် ငှှက်မွှေး ယပ်တောင်အား ပျင်းရိစွာဖြင့် ခပ်နေသည်။
သူကကျောက်ကျစ်ရှင်းကို ပြောလိုက်သည်။
“သခင်လေးကျောက်… သခင်လေးရှာထားတဲ့ ဒီနောက်လိုက်တွေက တော်တော်လေးကို အသုံးမကျတာပဲ…ဖယ်ထုတ်သင့်တဲ့ သူတွေကို ဖြစ်နိုင်သမျှ မြန်မြန် ဖယ်ထုတ်သင့်တယ်နော်”
“အသုံးမကျတဲ့ ကောင်တွေကို ရင်ဆိုင်မခိုင်းနေနဲ့….ကျုပ်ပဲ ကိုင်တွယ်လိုက်ပါ့မယ်…ကျုပ်ကို ဝန်ကြီးချုပ်ပြောခဲ့တဲ့ တစ်ခုတည်းသော တာဝန်က ..သခင်လေးကို လုံခြုံအောင် ကာကွယ်မှုပေးဖို့ပဲ”
ဆက်ရန်….
ဘာသာပြန်သူ-ARISE