အပိုင်း(၁၀၈)
Vol. 8 Ch. 108
ကိုလူထွားနှစ်ယောက်မှာ ယင်ဟွေ့၏ စကားတို့အား ကြားလိုက်ရသောအခါတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏ စိတ်ထဲတွင် ဒေါသထွက်နေကြသော်လည်း ဘာမှတော့ပြောရဲခြင်းမရှိကြချေ။
ယင်ဟွေ့မှာ ကြယ်တစ်ပွင့် ဘုရင်နယ်ပယ် အဆင့်တစ်ယောက်ဖြစ်သည်။
သူ၏အဆင့်အတန်းနှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာတို့မှာထိုဆရာသခင်နယ်ပယ် နှစ်ယောက်အတွက် နှိုင်းယှဉ်၍ မရသော အရာပင်ဖြစ်သည်။
ကျောက်ကျစ်ရှင်း၏ မျက်နှာထက်တွင် စိတ်မရှည်မှုတို့ ရှိနေသည်။
သူကလက်ကို ဝေ့ယမ်းကာ ယင်ဟွေ့ကို ပြောလိုက်သည်။
“ဒါက ဒီသခင်လေးမှာ သင့်တော်တဲ့ သူတစ်ယောက်ကို ရှာမတွေ့သေးလို့ပဲ….အသုံးမကျတဲ့ သူတွေကိုက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျ ဖယ်ရှားပစ်မယ်….လောလောဆယ်တော့ ဒီသခင်လေးအနေနဲ့ မင်းရဲ့ အကူအညီကို လိုအပ်နေသေးတယ်”
“ဒီလိုဆိုရင်ရော…..
“နောက်ဆုံးတစ်ခေါက်တုံးက မင်းအနေနဲ့ ဒီသခင်လေးဆီက လမ်းညွှန်ကျောက်တုံးကို မျက်စိကျနေတာ မဟုတ်လား….ဒီတစ်ကြိမ် ဒီသခင်လေးကို ကူညီလိုက် …ငါတို့ပြန်ရောက်တဲ့ အခါမှာ မင်းကို ဒီသခင်လေးက အဲ့တာကို ဆုလာဘ်အနေနဲ့ ပေးမယ်”
“အပေးအယူဖြစ်တယ်”
ယင်ဟွေ့က ပြုံးလိုက်ပြီး ခေါင်းကိုမော့၍ ရှစ်ဖုန့်ကို ကြည့်လိုက်သည်။
“မင်းရဲ့ ဒန်တန်ကို မင်းကိုယ်တိုင် ခွဲချင်လား ဒါမှမဟုတ် ငါခွဲပေးတာကို မင်းလိုချင်လား”
ယင်ဟွေ့၏ လေသံက သာမန်ကာလျှံကာ ပုံစံသာဖြစ်သော်လည်း ဘယ်သိုင်းသမားအတွက်မဆို ဤစကားလုံးက အရမ်းကို ရက်စက်လွန်းသည်ဟုပြောနိုင်သည်။
သိုင်းပညာရှင်တို့အတွက် ၎င်းတို့၏ ဒန်တန်မှာ သူတို့၏ အခြေခံအုပ်မြစ်ဖြစ်သည် ဟုပြောနိုင်သည်။
သူတို့၏ ဒန်တန်သာကွဲကြေသွားရလျှင် သူတို့၏လက်ကျန်တစ်ဘဝလုံး၌ ကျင့်ကြံခြင်းကို ပြုလုပ်ဖို့အတွက် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပဲ ဒုက္ခိတတစ်ယောက်အဖြစ်သာ နိမ့်ပါးနေထိုင်သွားကြရလိမ့်မည်ဖြစ်သည်။
ယင်ဟွေ့ကိုကြည့်၍ ရှစ်ဖုန့်ကလည်း ပြုံး၍ ပြောလိုက်သည်။
“မင်းက မင်းသခင်ထက်တောင်မှာ ပိုပြီးတော့ ရက်စက်တဲ့ ပုံပဲ”
“မင်းရဲ့ ဒန်တန်ကို ခွဲလိုက်စမ်း ဟုတ်လား….ဟမ်”
“ဒီသခင်လေးက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ရှစ်ဖုန့်က စကားပြောပြီးသည့်နောက် ရုတ်တရက်သူ၏ ခန္ဓာကိုယ်အားဖျက်ကနဲ ရှေ့သို့တိုးလိုက်ကာ ယင်ဟွေ့၏ ရှေ့၌ ပေါ်လာသည်။
“ဟမ့် … မင်းက ကောင်းကင်နဲ့ မြေကြီးကြားက ကွာခြားချက် ကြီးမားမှုကို တကယ်မသိဘူးပဲ”
“ငါ့ရှေ့မှာတောင် မင်းက ခုခံရဲသေးတယ်လား”
ယင်ဟွေ့ ကအေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။
ရှစ်ဖုန့်ချည်းကပ်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူ့လက်ထဲတွင်ကိုင်ထားသော ခရမ်းငှက်မွှေးယပ်တောင်ဆီမှ ရုတ်တရက် သိပ်သည်းသော ခရမ်းရောင် အလင်းတို့ကို ထုတ်လွှတ်လာသည်။
၎င်းက ရှစ်ဖုန့်၏ ဝမ်းဗိုက်ဆီသို့ ရိုက်ချလိုက်သည်။
သူ၏လုပ်ဆောင်ချက်တို့က သာမန်ကာလျှံကာသာဖြစ်သည်ဟု ထင်ရပုံရသော်လည်း ခရမ်းရောင်အလင်းကိုထုတ်လွှတ်နေသော ငှက်မွှေးယပ်တောင်အတွင်းတွင် ဘုရင်နယ်ပယ်တစ်ယောက်၏ စွမ်းအားတို့ကို အောင်မြင်စွာဖြင့် စုစည်းထားပြီးဖြစ်သည်။
၎င်းအားတစ်ချက်လွဲယမ်းလိုက်ရုံဖြင့် ဘုရင်နယ်ပယ်အဆင့်အောက်တွင်ရှိနေသော ဘယ်သိုင်းပညာရှင်ကိုမဆို၎င်းတို့၏ဒန်တန်အား ကွဲကြေသွားစေရန်လုံလောက်သည်ဖြစ်သည်။
“ဖောက်”
ရုတ်တရက် ငါးပူစီဖောင်းတစ်ခုအားနင်းလိုက်အခါတွင် ထွပ်ပေါ်လာသော အသံကဲ့သို့ ကြွပ်ဆပ်သော အသံတစ်ခုကထွက်ပေါ်လာသည်။
လူအုပ်ထဲရှိ လူအချို့မှာ ထိုအသံကို ကြားနိုင်ကြပြီး သူတို့၏ခေါင်းများကို စိတ်မကောင်းစွာဖြင့်ခါယမ်းလိုက်သည်။
ယင်းမှာ လူတစ်ယောက်၏ ဒန်တန် ကွဲကြေသွားသော အသံပင်ဖြစ်သည်။
လူတစ်ယောက်၏ ဒန်တန်ကွဲကြေသွားသည်နှင့် ထိုလူမှာ ဒုက္ခိတတစ်ယောက် ဖြစ်သွားလိမ့်မည်ဖြစ်သည်။
“အား…အား….အား…အား…”
ထို့နောက်တွင် စိတ်မချမ်းမြေ့စရာကောင်းသော အော်ဟစ်သံတို့က လမ်းမပေါ်မှ ထွက်ပေါ်လာသည်။
“ဘာတွေဖြစ်သွားတာလဲ”
လူအများအပြားမှာ သွေးပျက်ဖွယ်အော်ဟစ်နေသော သူအား ကြက်သေသေစွာဖြင့်ကြည့်နေမိကြသည်။
ကျိုးကြောင်းဆီလျော်စွာပြောရလျှင် သွေးပျက်ဖွယ်အော်ဟစ်နေသောသူမှာ မိန်းကလေးအားကာကွယ်ပေးသော ထိုလူငယ်လေးဖြစ်သင့်သည်။
သို့သော် သူတို့ ယခုမြင်တွေ့နေရသော သွေးပျက်ဖွယ်အော်ဟစ်နေရသည့်သူမှာ ဘုရင်နယ်ပယ်ဖြစ်သည့် ယင်ဟွေ့ပင်ဖြစ်သည်။
လူအများစုမှာ ခရမ်းရောင်ယပ်တောင်က လူငယ်လေး၏ ဝမ်းဗိုက်ကို ထိုသွားပြီးနောက်တွင် ကြွပ်ဆပ်သောအသံက နောက်မှလိုက်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာ မြင်ရကြားရခဲ့သည်။
“ဒါ…ဒါပေမဲ့…ဒါက…ဒါကဘယ်လိုဖြစ်နိုင်….တကယ်တမ်းဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ”
လူအများစုမှာ သူတို့ဘေးရှိလူများကို မေးနေကြသည်။
လူအများစုမှာ တူညီသော အရာကိုသာ မြင်တွေ့ခဲ့ကြရသော်လည်း အဘယ့်ကြောင့် ငွေရောင်ကျွမ်းကျင်သူက ဤကဲ့သို့ ဖြစ်သွားရသည်ကို သူတို့ မသိကြချေ။
“ငါ…ငါ..ငါ…ငါ..”
စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီးနောက် ယင်ဟွေ့မှာ မှင်တွေစွာဖြင့်ထရပ်လိုက်သည်။
သူကခေါင်းကိုငုံ၍ သူ၏ ဒန်တန်ကို ကြည့်နေကာ သူမျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
သူကတည်ညိမ်သော ပုံစံဖြင့် လူငယ်လေးအားကြည့်လိုက်ပြီး ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
“မင်းပဲ…မင်းငါ့ဒန်တန်ကို တကယ်ကြီး ဖျက်ဆီးရဲတယ်…မင်းဆိုးဆိုးဝါးဝါးကို သေရမယ်…ငါမင်းကို သေတဲ့အထိတိုက်ခိုက်မယ်”
ဒေါသအမျက်ခြောင်းခြောင်းထွက်စွာဖြင့်အော်ဟစ်ပြီး ရှစ်ဖုန့်အားယင်ဟွေ့က လူရူးတစ်ယောက်လိုထိုးလိုက်သည်။
“ဟမ့်..မင်းက ဒန်တန်ပျက်ဆီးသွားတဲ့ အမှိုက်တစ်ကောင်ပဲ …ဒါတောင် အခုထိ မာနလာကြီးပြနေသေးတယ်”
ရှစ်ဖုန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။
သူကသူ့ညာလက်ကို အနည်းငယ်မြောက်လိုက်ကာ ယင်ဟွေ့၏ပါးကို ရိုက်လိုက်သည်။
“ဖြန်း”
ကြွပ်ဆပ်သော ပါးရိုက်သံတစ်ခုထွက်ပေါ်လာပြီး ယင်ဟွေ့၏ တစ်ကိုယ်လုံးမြေပြင်ပေါ်သို့ ပစ်ကျသွားသည်။
“တစ်ယောက်ယောက်ရဲ့ ဒန်တန်ကို ခွဲဖို့အတွက် မလိုမုန်းထားအာဃာတရားတွေကို တွေးပြီးမင်းတေးထားမယ်ဆိုရင် မင်းဆီကိုလည်း တစ်နေ့ကျ အဲ့လိုအရာမျိုးက ပြန်လာလိမ့်မယ်ဆိုတာကိုလည်းမင်းသိထားသင့်တယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“မင်း”
ယင်ဟွေ့က အံကို တင်းတင်းကြိတ်လိုက်ပြီး ရုတ်တရက်သူ့ခေါင်းကို မော့လိုက်သည်။
ထိုအချိန်တွင် သူ့မျက်နှက်ထက်၌ နက််ရှိုင်းစွာ အမြစ်တွယ်နေသကဲ့သို့ လက်ငါးချောင်းရာကြီးရှိနေသည်။
သူကရူးသွပ်စွာအော်ဟစ်လိုက်သည်။
“မင်းက ငါ့ဒန်တန်ကို ဖျက်ဆီးပစ်ပြီးတော့ ငါ့ကို ဒုက္ခိတသိုင်းသမား တစ်ယောက်ဖြစ်အောင်လုပ်ခဲ့တယ်”
“မင်းဆိုးဆိုးဝါးဝါးကို သေရလိမ့်မယ်ကွ”
ရှစ်ဖုန့်က ထိုလူအား ထပ်ပြီးအာရုံစိုက်၍ စိတ်အနှောက်အယှက်ဖြစ်မခံတော့ပေ။
ဤကဲ့သို့ဆိုးဝါးသောသူမျိုးက သူ့ပါးစပ်ကိုဟလိုက်သည်နှင့် လူတစ်ယောက်၏ ဒန်တန်ကို ဖျက်ဆီးပစ်ချင်နေသည်။
၎င်းအတွက် စိတ်မကောင်းဖြစ်နေဖို့မလိုအပ်ပေ။
၎င်းအနေဖြင့် သူ့ဒန်တန်ပျက်ဆီးသွားပြီး အမှိုက်လို သိုင်းသမားတစ်ယောက်ဖြစ်ရသည့်ဘဝကို ခံစားကြည့်သင့်သည်။
ရှစ်ဖုန့်မှာ ၎င်းအားသတ်ပစ်ဖို့ ပို၍ပင်စိတ်မပါချေ။
သူအနေဖြင့် မော်ကြွားဝင့်ဝါနေသော ဘုရင်နယ်ပယ်တစ်ယောက်ကို ဒုက္ခိတတစ်ယောက်ဖြစ်သွားအောင်လုပ်ရခြင်းကို ပို၍သဘောကျသည်။
ထိုခံစားချက်မှာ သေသည်ထက်ပင်ပို၍ ဆိုးဝါးသော အရာဖြစ်သည်။
“ဟမ့်..မင်းကထွက်ပြေးချင်တာလား”
ရှစ်ဖုန့်မှာ တစ်ခြားဖက်တွင်ရှိနေသော ကျောက်ကျစ်ရှင်း ကတစ်စုံတစ်ခု မှားယွင်းနေကြောင်းသဘောပေါက်သွားသည်ကို တွေ့လိုက်ရသည်။
သူက လူအုပ်ထဲမှ ခိုးထွက်ပြီး ထွက်ပြေးရန်ပြင်ဆင်နေသည်။
“သူ့ကိုဖမ်းထားစမ်း”
ရှစ်ဖုန့်က အော်ငေါက်လိုက်သည်။
သူပြောပြီးမကြာခင် ကျောက်ကျစ်ရှင်းနောက်ကို လိုက်ခဲ့သော လူထွားနှစ်ယောက်က သူ့ကိုဖမ်းဆွဲလိုက်သည်။
“မင်း…မင်းတို့..ဘာလုပ်ကြတာလဲကွ”
သူ့ငယ်သားနှစ်ယောက်က သူ့အားရုတ်တရက်ဖမ်းဆွဲလိုက်သည်ကို တွေ့ရသောအခါ ကျောက်ကျစ်ရှင်းက ဒေါသတကြီးအောဟစ်လိုက်သည်။
လူထွားနှစ်ယောက်မှာ ပို၍ပင်တုန်လှုပ်နေကြသည်။
ကျောက်ကျစ်ရှင်းအားဖမ်းဆွဲထားချိန်၌ သူတို့၏ကိုယ်အား သူတို့ မထိန်းချုပ်နိုင်သည်ကို သူတို့ သဘောပေါက်လိုက်မိကြသည်။
လူထွားနှစ်ယောက်က ကျောက်ကျစ်ရှင်းအားလွှတ်ပေးရန် သူတို့ကိုယ်သူတို့ အကောင်းဆုံးကြိုးစားတွန်းလှန်ကြသော်လည်း ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။
“ဒီကိုခေါ်လာခဲ့..”
ရှစ်ဖုန့်က ပျော့ပြောင်းသောလေသံဖြင့်ပြောလိုက်သည်။
လူထွားနှစ်ယောက်က ကျောက်ကျစ်ရှင်းကို ဆွဲ၍ ရှစ်ဖုန့်ထံခေါ်လာကြသည်။
“ဘာဖြစ်သွားတာလဲ..ဘာလို့ကျောက်ကျစ်ရှင်းရဲ့ လက်ပါးစေနှစ်ယောက်က ရုတ်တရက်ကြီး သစ္စာဖောက်ရတာလဲ”
“ငါလည်းမသိဘူလေ”
“ငါပိုပြီးတော့စိတ်ရှုပ်ထွေးလာပြီ”
“ဒီလူငယ်လေးက တကယ့်ကို ဘယ်သူလဲ”
“သူကကျောက်ကျစ်ရှင်းကို ရင်ဆိုင်ပြီးတော့ ဘုရင်နယ်ပယ်တစ်ယောက်ကို တောင် တိတ်တဆိတ် ဒုက္ခတဖြစ်စေခဲ့တယ်”
“သူ့အသွင်အပြင်ကို ကြည့်ရတာတော့ အသက်ဆယ့်ငါးဆယ့်ခြောက်လောက်ပဲ ရှိအုံးမယ်..ဒီကလေးရဲ့ နောက်ခံက သေချာပေါက် မရိုးရှင်းဘူး…သူကကလန်ကြီးတစ်ခုခု ဒါမှမဟုတ်ရင် ဂိုဏ်းကြီးတစ်ခုခုကပဲ ဖြစ်မယ်”
“စောင့်ကြည့်ကြတာပေါ့ ..သူကျောက်ကျစ်ရှင်းကို ဖမ်းမိရင်တောင် အများဆုံး သင်ခန်းစာပေးရုံ ဒဏ်ရာကြီးကြီးမားမားတစ်ချို့လောက်ပဲပေးမှာပဲ..သူကျောက်ကျစ်ရှင်းကို ရော ဒုက္ခိတတစ်ယောက်ဖြစ်အောင်လုပ်ရဲမှာတဲ့လား”
“အမှန်ပဲ”
ရှစ်ဖုန့်ရှေ့သော ခေါ်လာခံရသော ကျောက်ကျစ်ရှင်းက သူ့ကို အော်လိုက်သည်။
“မင်းဘာလိုချင်လဲ…ငါဘယ်သူလဲမင်းသိလား…မင်းအတွက် ဘာကကောင်းလဲဆိုတာကို သိတယ်ဆိုရင် ငါ့ကို တက်နိုင်သမျှ အမြန်ဆုံးလွှတ်ပေးလိုက်…မဟုတ်ရင် မင်းသေချာပေါက် နောင်တရရလိမ့်မယ်”
“ဟမ့်”
ရှစ်ဖုန့်က အေးစက်စွာပြုံးလိုက်ပြီး လူထွားနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“သူ့ကို ပါးရိုက်ကြစမ်း”
“ဖြန်း..ဖြန်း…ဖြန်း…ဖြန်း…”
လူထွားနှစ်ယောက်က ကျောက်ကျစ်ရှင်း၏ ပါးစပ်နှင့်ပါးတို့အား ရိုက်ကြသည်။
ရှစ်ဖုန့်က လှည့်လိုက်သော အခါတွင် အဖြူရောင်နှင့် အမျိုးသမီးက သူ့နောက်၌ ရပ်နေသေးသည်ကို တွေ့လိုက်ရသည်။
သူကသူမဆီလျှောက်သွားပြီးမေးလိုက်သည်။
“မင်းဘာလို့ထွက်မသွားသေးတာလဲ”
“သခင်လေး ..သခင်လေးအနေနဲ့ ဘယ်လိုပြဿနာ အကြီးစားမျိုးကို ဖြစ်စေခဲ့ပီလဲဆိုတာသိလား”
“အဲ့လူက ဝန်ကြီးချုပ်ရဲ့သားပဲ …သူတို့ကို ဒီလိုလုပ်လိုက်ပြီးမှ သူတို့က သခင်လေးကို ဘယ်လိုလုပ်လွှတ်ပေးမှာလဲ”
“မြန်မြန်ထွက်ပြေးပါတော့ ..ဒါတွေက ကျွန်မကြောင့်ဖြစ်ရတာ…ကျွန်မဒီမှာနေခဲ့ပြီးတော့ ဖြစ်လာသမျှကို တာဝန်ယူပါ့မယ်”
အမျိုးသမီးကပြောလိုက်သည်။
အမျိုးသမီး၏ စကားအားကြားလိုက်ရသောအခါ ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။
“မင်းလို အမျိုးသမီးမျိုးဆီမှာ သစ္စာစောင့်သိမှုဆိုတာမျိုးရှိလိမ့်မယ်လို့ ငါမသိခဲ့ဘူး…မင်းသာဒီမှာနေခဲ့ ပြီးတော့ အပြစ်တွေကို ခံယူမယ်ဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို မကြောက်ဖူးလား”
“အကျိုးဆက်တွေ…”
အမျိုးသမီးက တီးတိုးရေရွတ်လိုက်သည်။
ဘာအကျိုးတွေဖြစ်ပျက်လာမလဲဆိုသည်အား သူမနေဖြင့် အစကတည်းက နားလည်သည်။
သူမ၏မျက်နှက်ထက်တွင် ကြိတ်မှိတ်သည်းခံသော အသွင်အပြင်ပေါ်နေပြီး သူမကခါးသီးစွာပြောလိုက်သည်။
“အဲ့တော့ဘာဖြစ်လဲ ..ကျွန်မအခုထွက်ပြေးသွားလဲ မကြာခင် ဒါမှမဟုတ်နောက်ပိုင်းကျ သူတို့က ပြန်မိမှာပဲ..ကျွန်မတို့လိုသာမန်လူတန်းစားတွေက…သူတို့လို အထက်တန်းလွှာတွေရဲ့ လက်ထဲကနေ ဘယ်လိုလုပ် လွတ်နိုင်မှာတဲ့လဲ…”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE